အဝါရောင်ပုတီးစေ့ကို ခွဲခြေလိုက်ခြင်း...
Vol. 66 Ch. 940
" မယှဉ်နိုင်ဘူး။ " လင်းယွမ်က စိတ်ထဲတွင် လေးလံသွားသည်။
ယခုအချိန်တွင် သူက ဟန်ရှောင်ကို အသည်းအသန် ခုခံနေရသည့်အပြင် ၎င်းကလည်း ယာယီသာဖြစ်သည်။ အချိန်ကြာလာသည်နှင့်အမျှ သူက ထိုပြိုင်ဘက်ကင်းမဟာသူတော်စင်၏ ဖိနှိပ်ခြင်းကိုခံရပေလိမ့်မည်။
" ပြင်ပကမ္ဘာကို ဖောက်ခွဲလိုက်ရမလား။ " လင်းယွမ်က ထိုနည်းလမ်းကို စဉ်းစာမိပြီး ယုလင်းကို ကြည့်လိုက်သည်။
သူ၏ စိတ်ထဲတွင် မျှော်လင့်ချက်သိပ်မရှိပေ။ အကယ်၍ ဟန်ရှောင်တစ်ယောက်တည်းဆိုလျှင် သူက ပြင်ပကမ္ဘာကို ဖောက်ခွဲပြီး လွတ်မြောက်ရန် အခွ့်အရေးရနိုင်လေသည်။ သို့သော် ဟန်ရှောင်၏ ဘေးတွင် ယုလင်းလည်း ရှိနေသည်။
ပြိုင်ဘက်ကင်းမဟာသူတော်စင်နှစ်ယောက်၏ ရှေ့တွင် ပြင်ပကမ္ဘာကို ဖောက်ခွဲလျှင်တောင် လွတ်မြောက်ရန် မလွယ်ကူပေ။
" ငါ့ရဲ့ ဒီရုပ်ခန္ဓာဆုံးရှုံးရရင် ဒီရတနာတွေအားလုံးကိုလည်း ငါဖျက်ဆီးပစ်မယ်။ " လင်းယွမ်က စိတ်ထဲမှ ဆုံးဖြတ်လိုက်သည်။
သူက ယခုအချိန်တွင် မဟာသူတော်စင်များကို ဘာမှမလုပ်နိုင်သော်လည်း ရတနာများကို ဖျက်ဆီးပစ်နိုင်သည်။ ထိုအချိန်တ်ိင် ရုတ်တရက် လင်းယွမ်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။
သူ၏ အတွင်းစကြာဝဠာထဲတွင် ရွှမ်ဟွမ်ဂူဗိမာန်က လွင့်မျောနေပြီး ဂူဗိမာန်စိတ်ဝိညာဉ် ပေါ်လာသည်။
" မင်း ဟန်ရှောင်နဲ့ ယုလင်ကို တောင့်ခံနိုင်လား။ " ဂူဗိမာန်စိတ်ဝိညာဉ်က မေးလိုက်သည်။
" မဖြစ်နိုင်လောက်ဘူး။ " လင်းယွမ်က ပြန်ပြောလိုက်သည်။ ဟန်ရှောင်က သူ့ကို ဖိနှိပ်ရာတွင် အစွမ်းကုန်မသုံးသေးသောကြောင့် တောင့်ခံနိုင်ခြင်းဖြစ်သည်။
" အင်း..." ဂူဗိမာန်စိတ်ဝိညာဉ်က တိတ်ဆိတ်သွားသည်။
အကယ်၍ လင်းယွမ်သာ မခုခံနိုင်တော့လျှင် ရွှမ်ဟွမ်စကြာဝဠာအတွင်းရှိ အရာအားလုံးက ဧကရာဇ်ရွှမ်ဟွမ်၏ ရန်သူများ လက်ထဲသို့ ကျရောက်သွားပေလိမ့်မည်။ အထူးသဖြင့် ဧကရာဇ်ရွှမ်ဟွမ်၏ အဓိကလက်နက်သုံးခုနှင့် အဝါရောင်ပုတီးစေ့တို့ ဖြစ်သည်။
" မင်း အဲ့ဒီပုတီးစေ့ကို.... ခွဲပစ်လိုက်တော့။ " ဂူဗိမာန်စိတ်ဝိညာဉ်က ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။
" အဲ့ဒီပုတီးစေ့ကို ခွဲရမှာလား။ " လင်းယွမ်က မျက်မှောင်ကြုတ်သွားသည်။ " ဒါဆို ဧကရာဇ်ရွှမ်ဟွမ်ရဲ့ ရတနာ ထွက်ပေါ်လာမှာမဟုတ်ဘူးလား။ "
ထိုအဝါရောင်ပုတီးစေ့ကို ခွဲလိုက်သည်နှင့် ဧကရာဇ်ရွှမ်ဟွမ် ဒိုင်မန်းရှင်းအက်ကြောင်းထဲမှ ရရှိခဲ့သော ရတနာကို ရရှိလိမ့်မည်ဟု ဂူဗိမာန်စိတ်ဝိညာဉ်က ပြောခဲ့လေသည်။ ဧကရာဇ်ရွှမ်ဟွမ်က ထိုရတနာကို ထိန်းချုပ်ရန် အလွှာဆယ့်သုံးကို အချိန်မတိုင်မီ တက်လှမ်းခဲ့ရသည်။
" ဘာမှမဖြစ်ဘူး။ အဲ့ဒါကို တိုက်ရိုက်ပဲခွဲပစ်လိုက်တော့။ " ထိုသို့ပြောပြီးနောက် ဂူဗိမာန်စိတ်ဝိညာဉ်က ပျောက်ကွယ်သွားသည်။
အပြင်ဘက်တွင် လင်းယွမ်က အနည်းငယ် နားမလည်နိုင်ဖြစ်နေသည်။ သို့သော် ဂူဗိမာန်စိတ်ဝိညာဉ်က ထိုသို့ပြောသောကြောင့် သူက တွန့်ဆုတ်မနေတော့ဘဲ အဝါရောင်ပုတီးစေ့ကို ထုတ်ယူလိုက်သည်။ အားနည်းသော အချိန်အော်ရာတစ်ခု ဝန်းရံနေသော အဝါရောင်ပုတီးစေ့က လင်းယွမ်၏ လက်ထဲတွင် ပေါ်လာသည်။
" အဲ့ဒါဘာလဲ။ " ဟန်ရှောင်နှင့် ယုလင်းတို့က ထိုပုတီးစေ့ကို မြင်သောအခါ တစ်စုံတစ်ခုကို အာရုံခံမိလိုက်သည်။
ထိုခဏတွင် လင်းယွမ်က အဝါရောင်ပုတီးစေ့ကို ကိုင်ပြီး အသာအယာ ဖိညှစ်လိုက်သည်။
ခရက်....
ပုတီးစေ့က အသံတစ်ခုထွက်ပေါ်လာပြီး ကွဲကြေသွားသည်။ အချိန်က ရပ်တန့်သွားသကဲ့သို့ အဝါရောင်ပုတီးစေ့ ကွဲကြေသွားသည်နှင့် အချိန်စွမ်းအားမျှင်များက စုစည်းလာသည်။
အချိန်လေဟာနယ်အတွင်း မြင်ကွင်းများတစ်ခုပြီးတစ်ခု ပေါ်လာပြီး နောက်ဆုံးတွင် အဆုံးမရှိ ထပ်ခါတလဲလဲ ဖြစ်ပျက်နေသော စက်ဝန်းတစ်ခုသဖွယ်ဖြစ်ပေါ်လာသည်။
ထိုမြင်ကွင်းများထဲတွင် ခမ်းနားထည်ဝါသော ကောင်းကင်နယ်မြေတစ်ခုရှိပြီး အင်နော်တယ်နန်းတော်များနှင့် ကျောက်စိမ်းမျှော်စင်များ ရှိနေသည်။ အမြင့်ဆုံးနတ်ခန်းမထဲတွင် လူတစ်ယောက်က ပလ္လင်တစ်ခုပေါ်တ်ိင် ညာဘက်လက်ကို ခေါင်းအောက်တွင် ခုကာ အိပ်စက်နေသကဲ့သို့ ရှိနေသည်။
သို့သော် အဝါရောင်ပုတီးစေ့ ကွဲကြေသွားသည့် အခိုင်အတန့်တွင် ထိုလူက တသ်သုံတစ်ခုကို အာရုံခံမိသွားပြီး မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။ ထို့နောက် ပလ္လင်ပေါ်မှ လူက တိတ်ဆိတ်စွာ ပျောက်ကွယ်သွားသည်။
ရွှမ်ဟွမ်စကြာဝဠာ လင်းယွမ်၏ ဘေးတွင် ခန့်ညားသော လူတစ်ယောက် ပေါ်လာသည်။ ထိုသူက ရွှေရောင်အလင်းတန်းများ ဝန်းရံနေပြီး စကြာဝဠာခေတ်ပေါင်းများစွာအတွင်း ထွက်ပေါ်ခဲ့သော မဟာသူတော်စင်များထဲတွင် ဧကရာဇ်အရှိန်အဝါ အရှိဆုံးသူ ဖြစ်ပေလိမ့်မည်။
သူက လင်းယွမ်၏ ဘေးတွင် လက်နှစ်ဖက်နောက်ပစ်၍ တိတ်ဆိတ်စွာ ရပ်နေသည်။ သူက ဟန်ရှောင်နှင့် ယုလင်းတို့ကို မကြည့်ဘဲ လင်းယွမ်ကို တစ်ချက်ကြည့်လိုက်သည်။
" မင်း မင်းက..." ဟန်ရှောင်နှင့် ယုလင်းတို့က ကြောက်ရွံ့တုန်လှုပ်သွားကြပြီး ချက်ချင်း လှည့်ထွက်ပြေရန် ပြင်လိုက်ကြသည်။
ရွှမ်ဟွမ်စကြာဝဠာ၏ အပြင်ဘက်တွင် ဖရိုဖရဲအရှင်သခင်များက တုန်လှုပ်နေကြပြီး အချိန်အတော်ကြာမှ ပြန်လည်တည်ငြိမ်သွားကြသည်။
" ပြိုင်ဘက်ကင်းမဟာသူတော်စင်တွေလား။ "
" အတွေးတစ်ချက်နဲ့ ဖရိုဖရဲဟင်းလင်းပြင်ရဲ့ နိယာမတွေကို အစားထိုးနိုင်တာ သေချာပေါက် ပြိုင်ဘက်ကင်းမဟာသူတော်စင်တွေဖြစ်ရမယ်။ "
ဖရိုဖရဲအရှင်သခင်များက လျင်မြန်စွာ ဆွေးနွေးနေကြသည်။ ပြိုင်ဘက်ကင်းမဟာသူတော်စင်များအတွက် သူတို့လျှောက်သော လမ်းစဉ်က လုံလောက်အောင်ကျယ်ပြန့်နေပြီဖြစ်သည်က ဖော်ပြနေသည်။ လမ်းစဉ်ပေါင်းများစွာက ပန်တိုင်းတစ်ခုတည်းကိုသာ ဦးတည်နေပြီး အဆင့်ခွဲခြားထားခြင်းမရှိပေ။
သို့သော် ချောမွေ့သော လမ်းနှင့် ကြမ်းတမ်းသော လမ်းတွင် နှစ်ခုလုံးက အဆုံးသတ်ကို ရောက်နိုင်သော်လည်း လျှောက်လှမ်းရပုံချင်းက များစွာ ကွာခြားလှသည်။
ရိုးရှင်းစွာ ပြောရလျှင် ပြိုင်ဘက်ကင်းမဟာသူတော်စင်ဖြစ်လာရန် ပါရမီ သို့မဟုတ် အရည်အချင်းနှင့် မသက်ဆိုင်ပေ။ ၎င်းမှာ ထိုသူလျှောက်လှမ်းနေသော လမ်းစဉ်စွမ်းအားက ခိုင်မာပြီး ကျယ်ပြန့်မှု ရှိမရှိအပေါ် မူတည်လေသည်။
ဖရိုဖရဲအရှင်သခင်များင အချိန်လေဟာနယ်ကို ဖြတ်ကျော်ပြီး ထွက်ပေါ်လာသော ပုံရိပ်နှစ်ခုကို ခဏမြင်တွေ့ခဲ့ကြရသည်။ ဟန်ရှောင်နှင့် ယုလင်းတို့က ရွှမ်ဟွမ်စကြာဝဠာထဲသို့ လျို့ဝှက်စွာ ဝင်ရောက်ရန် ရည်ရွယ်ချက်မရှိကြပေ။ ထို့ကြောင့် သူတို့ကိုသူတို့ ဖုံးကွယ်ခြင်းမရှိခဲ့ပေ။
" ပြိုင်ဘက်ကင်းမဟာသူတော်စင်နှစ်ယောက်က ဒီစကြာဝဠာထဲဝင်သွားတာပေါ့။ "
" ဒီစကြာဝဠာက တကယ် ကြီးမားတဲ့နောက်ခံရှိတဲ့ပုံပဲ။ "
" ဒါပေမယ့် နဂါးငွေ့တန်းမဟာသူတော်စင်က တကယ်ကံဆိုးတာပဲ။ "
ဖရိုဖရဲအရှင်သခင်များက ရွှမ်ဟွမ်စကြာဝဠာအတွင်းရှိ အခြေအနေကို တွေးမိသွားကြသည်။ ဟေးယောင်၊ အမွှာရင်းမြစ်၊ လူရိုင်းမဟာသူတော်စင်နှင့် အခြားသူများကို ဖိနှိပ်ပြီးနောက် လင်းယွမ်က ထိုစကြာဝဠာကို သိမ်းပိုက်ထားခဲ့ပြီဖြစ်သည်။
လင်းယွမ်ပြသခဲ့သော တိုက်ခိုက်ရေးစွမ်းအားကြောင့် အခြားသူများက ဝင်ရောက်ရန် မဝံ့ရဲကြတော့ပေ။ စကြာဝဠာအတွင်း ရှိနေခဲ့သော ဖရိုဖရဲအရှင်သခင်များက လင်းယွမ် သူတို့ကို နှင်ထုတ်ခြင်းမရှိခဲ့သော်လည်း သူတို့က သူတို့အဆင့်ကို သိသောကြောင့် အပြင်ပိုင်းဒေသများတွင်သာ လှည့်လည်သွားလာရဲကြသည်။
ယခု ပြိုင်ဘက်ကင်းမဟာသူတော်စင်နှစ်ယောက် ရောက်ရှိလာချိန်တွင် ထိုအခြေအနေက လုံးဝပျက်စီသွားခဲ့သည်။ နဂါးငွေ့တန်းက စွမ်းအားကြီးသော်လည်း သူက ပြိုင်ဘက်ကင်းမဟာသူတော်စင်အဆင့်သို့ မရောက်ရှိသေးတယ်။
ထိုအခြေအနေတွင် ပြိုင်ဘက်ကင်းမဟာသူတော်စင်နှစ်ယောက် ဝင်ရောက်သွားခဲ့ပြီဖြစ်သောကြောင့် နဂါးငွေ့တန်းမဟာသူတော်စင်၏ အဆုံးသတ်ကို ခန့်မှန်းစရာမလိုတော့ပေ။ အကယ်၍ သူက ကံကောင်းပြီး လွတ်မြောက်နိုင်ခဲ့လျှင်တောင် ထိုစကြာဝဠာအတွင်းမှ သူရရှိခဲ့သော အကျိုးအမြတ်များကို သေချာပေါက်ထားခဲ့ရမည်ဖြစ်သည်။ အကယ်၍ ကံဆိုးလျှင် နဂါးငွေ့တန်းမဟာသူတော်စင်က တိုက်ရိုက်သတ်ဖြတ်ခြင်း ခံရပေလိမ့်မည်။
အဝေးတစ်နေရာတွင် လူရိုင်းမဟာသူတော်စင်၏ ကိုယ်ပွားက သူ၏ မိတ်ဆွေများနှင့် တွေ့ဆုံခဲ့သော်လည်း နဂါးငွေ့တန်းမဟာသူတော်စင်နှင့် ညှိနှိုင်းပေးမည့်သူ မရှိခဲ့ပေ။ ထိုအချိန်တွင် လူရိုင်းမဟာသူတော်စင်က သတင်းတစ်ပုဒ်ကို ရရှိခဲ့သည်။
" ပြိုင်ဘက်ကင်းမဟာသူတော်စင်နှစ်ယောက်က အဲ့ဒီစကြာဝဠာထဲ ဝင်သွားတာလား။ " လူရိုင်းမဟာသူတော်စင်၏ အမူအရာက ဝမ်းသာခြင်းထက် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွားသည်။ " အားလုံးရှုပ်ထွေးကုန်ပြီ။ "
လင်းယွမ်၏ လက်ထဲမှ သူ၏ အဓိကတိုက်ခိုက်ရေးခန္ဓာကိုယ်ကို ပြန်လဲလှယ်ရန်အတွက် တန်ဖိုးတစ်ခု လိုအပ်သော်လည်း အနည်းဆုံးတော့ ထိုစျေးနှုန်းက သတ်မှတ်ချက်ရှိနေသေးသည်။ နဂါးငွေ့တန်းမဟာသူတော်စင် သတ်မှတ်ထားသော စျေးနှုန်းက ဖရိုဖရဲသလင်းကျောက် တစ်ဆယ်ဘီလီယံ ဖြစ်သည်။
သို့သော် ယခု ပြိုင်ဘက်ကင်းမဟာသူတော်စင်နှစ်ယောက် ထပ်ရောက်လာပြီဖြစ်သောကြောင့် အခြေအနေက လူရိုင်းမဟာသူတော်စင် ထိန်းချုပ်နိုင်သည်ထက် ကျော်လွန်သွားခဲ့ပြီဖြစ်သည်။
ပြိုင်ဘက်ကင်းမဟာသူတော်စင်နှစ်ယောက်က စကြာဝဠာအတွင်း လင်းယွမ်ကို ဖိနှိပ်မည်ဖြစ်သောကြောင့် မဟာသူတော်စင်များ၏ ရုပ်ခန္ဓာများက ပြိုင်ဘက်ကင်းမဟာသူတော်စင်နှစ်ယောက်၏ လက်ထဲသို့ ကျရောက်သွားပေလိမ့်မည်။
နဂါးငွေ့တန်းမဟာသူတော်စင်က သူတို့၏ ရုပ်ခန္ဓာများကို ဖရိုဖရဲသလင်းကျောက် တစ်ဆယ်ဘီလီယံနှင့် လဲလှယ်ပေးရန် လိုသော်လည်း ပြိုင်ဘက်ကင်းမဟာသူတော်စင်နှစ်ယောက်က ထိုသို့ လုပ်မည်ဟုမဆိုလိုပေ။
" နဂါးငွေ့တန်းမဟာသူတော်စင် မင်းသေချာပေါက် လွတ်မြောက်ရမယ်။ " လူရိုင်းမဟာသူတော်စင်က ရွှမ်ဟွမ်စကြာဝဠာကို ကြည့်ပြီး တွေးလိုက်သည်။ နဂါးငွေ့တန်းမဟာသူတော်စင်က ပြိုင်ဘက်ကင်းမဟာသူတော်စင်နှစ်ယောက်၏ လက်ထဲမှ လွတ်မြောက်ရန် သူ မျှော်လင့်နေမိသည်။
လူရိုင်းမဟာသူတော်စင်တစ်ယောက်တည်းသာမဟုတ်ဘဲ ဟေးယောင်နှင့် ထျန်းလုမဟာသူတော်စင်တို့ကလည်း စိုးရိမ်မှုရှိနေကြသည်။ ပြိုင်ဘက်ကင်းမဟာသူတော်စင်များ ဝင်ရောက်လာခြင်းက အခြေအနေကို ပိုမိုရှုပ်ထွေးသွားစေခဲ့ပြီဖြစ်သည်။
ယခင် သူတို့၏ ရုပ်ခန္ဓာများကို ရရှိရန် ဖရိုဖရဲသလင်းကျောက် တစ်ဆယ်ဘီလီယံပေးရန်သာ လိုအပ်ခဲ့သည်။ သို့သော် ယခု နောက်ထပ် ဘယ်လောက်ပေးရမလဲ သို့မဟုတ် သူတို့၏ ရုပ်ခန္ဓာများ ပြန်ရမလား မသေချာတော့ပေ။