ဧကရာဇ်ရွှမ်ဟွမ်....
Vol. 66 Ch. 941
ပြိုင်ဘက်ကင်းမဟာသူတော်စင်နှစ်ပါးလား။ " အခြားနေရာတစ်ခုတွင် အမွှာရင်းမြစ်မဟာသူတော်စင်က အနည်းငယ် အံ့အားသင့်သွားပြီးနောက် စိတ်သက်သာရာရသွားခဲ့သည်။
" နဂါးငွေ့တန်း မင်းကို ကျေးဇူးတင်ရမယ်ထင်တယ်။ " အမွှာရင်းမြစ်က စိတ်ထဲမှ တွေးလိုက်သည်။
အကယ်၍ လင်းယွမ်သာမရှိလျှင် သူက ယခုအချိန်တွင် ရွှမ်ဟွမ်စကြာဝဠာထဲ၌ ဆက်လက်ရှာဖွေနေဦးမည်ဖြစ်သည်။ သူက လင်းယွမ်၏ လက်အတွင်းမှ အသည်းအသန် လွတ်မြောက်ခဲ့ခြင်းဖြစ်သည်။ သို့သော် ပြိုင်ဘက်ကင်းမဟာသူတော်စင်များနှင့် ရင်ဆိုင်ရလျှင် သူက မည်မျှရုန်းကန်သည်ဖြစ်စေ လွတ်မြောက်မည်မဟုတ်ပေ။ ထိုသို့သာဆိုလျှင် သူ၏ ကံကြမ္မာက ယခုထက် ဆိုးရွားသွားပေလိမ့်မည်။
" နဂါးငွေ့တန်းက ဟန်ရှောင်တို့ကို ဒီလောက်ကြာအောင် တောင့်ခံနိုင်တာလား။ ထူးဆန်းတယ်။ "
" ငါ့အထင် ဟန်ရှောင်က နဂါးငွေတန်းကို ဖိနှိပ်ချင်လို့ အချိန်ဆွဲနေတာထင်တယ်။ "
" အဲ့ဒီလိုဆိုရင်တောင် ဒါက တကယ်ရှားပါးတဲ့ကိစ္စပဲ။ ဘာလို့လဲဆိုတော့ နဂါးငွေ့တန်းက ဖရိုဖရဲဆင့်ကဲပြောင်းလဲခြင်းစွမ်းအားကိုတောင် မပိုင်ဆိုင်သေးလို့ပဲ။ "
ဓားကျိုး၊ ရှေးဟောင်းယဇ်ပလ္လင်နှင့် လမ်းစဉ်တစ်သောင်းမျက်လုံးတို့က ရွှမ်ဟွမ်စကြာဝဠာ၏ အခြေအနေကို ခန့်မှန်းနေကြသည်။ ပြိုင်ဘက်ကင်းမဟာသူတော်စင်အဆင့်တွင် သီးခြားနေရာတစ်ခုကို ဖန်တီးနိုင်သောကြောင့် သူတို့က ထိုးဖောက်ကြည့်ရှုရန် မဖြစ်နိုင်ပေ။
ထွက်ပေါ်လာသော စွမ်းအားလှိုင်းများအပေါ် အခြေခံ၍ အခြေအနေကို ခန့်မှန်းနိုင်လေသည်။ သူတို့က စကြာဝဠာခေတ်ပေါင်းများစွာကို ဖြတ်သန်းခဲ့ကြသောကြောင့် ထက်မြက်သော ဉာဏ်ရည်ကို ပိုင်ဆိုင်ထားကြပြီး သဲလွန်စလေးများဖြင့် အဖြေများစွာကို ဖော်ထုတ်နိုင်ကြသည်။
ထိုအချိန်တွင် ရွှမ်ဟွမ်စကြာဝဠာတစ်ခုလုံးက လုံးဝ အေးခဲသွားသည်။ ထိုအေးခဲမှုက လေဟာနယ်ကိုသာမက အချိန်ကိုပင် လွှမ်းမိုးသွားခဲ့သည်။ ဥပမာ ရွှမ်ဟွမ်စကြာဝဠာက ယခင် စီးဆင်းနေသော ရေတစ်ခုဆိုလျှင် ယခု၎င်းက ခိုင်မာသော ရေခဲအဖြစ်သို့ ပြောင်းလဲသွားပြီးဖြစ်သည်။
စွမ်းအားလှုပ်ခတ်မှုများနှင့် နိယာမအရှိန်အဝါများအားလုံး လုံးဝ တိတ်ဆိတ်သွားပြီး အနည်းငယ်မျှပင် အပြင်သို့ မထွက်လာနိုင်တော့ပေ။
" ဘာဖြစ်တာလဲ။ " ဓားကျိုး၊ ရှေးဟောင်းယဇ်ပလ္လင်နှင့် လမ်းစဉ်တစ်သောင်းမျက်လုံးတို့က တုန်လှုပ်သွားကြပြီး တူညီသော အတွေးတစ်ခု ပေါ်လာကြသည်။
" ရွှမ်ဟွမ်လား...."
ခန့်ညားသော အမျိုးသားက မည်သည့်အော်ရာမှ ထုတ်လွှတ်ခြင်းမရှိဘဲ လေထဲတွင် ရပ်နေသည်။ သို့သော် သူပေါ်လာသည်နှင့် ရွှမ်ဟွမ်စကြာဝဠာအတွင်း အပြောင်းအလဲများစွာ စတင်ဖြစ်ပေါ်လာသည်။
မဟာတာအို၏ နိယာမများက ဆူပွက်လာပြီး ဟန်ရှောင်နှင့် ယုလင်းတို့၏ ဖန်တီးထားသော နိယာမများကို လျင်မြန်စွာ ပြန်လည်ဖိနှိပ်လာတော့သည်။ သို့သော် ဟန်ရှောင်နှင့် ယုလင်းတို့က ၎င်းတို့ကို ဂရုမစိုက်နိုင်တော့ပေ။ သူတို့က လုံးဝ မပေါ်လာသင့်သည့် လူတစ်ယောက်ကို မြင်လိုက်ရသောကြောင့် မယုံကြည်နိုင်သော မျက်လုံးများဖြင့် ကြည့်နေသည်။
" ရွှမ်ဟွမ်လား.... မင်းက အလွှာဆယ့်သုံးကို တက်လှမ်းဖို့ ကြိုးစားနေတာမဟုတ်ဘူးလား။ " ဟန်ရှောင်က အလွန်သတိထားနေပြီး သူ၏ အသံက တုန်ယင်နေသည်။
သူတို့၏ ရှေ့မှ ခန့်ညားသော အမျိုးသားက စိတ်အသိအပိုင်းအစမဟုတ်ဘဲ လွန်ခဲ့သော စကြာဝဠာခေတ် သန်းသုံးဆယ်ကျော်က ပြိုင်ဘက်ကင်းမဟာသူတော်စင်များကို အလွယ်တကူ ချေမှုန်းခဲ့သော ဧကရာဇ်ရွှမ်ဟွမ်ဖြစ်ကြောင်း သူတို့သိလိုက်ကြသည်။
ဧကရာဇ်ရွှမ်ဟွမ်က အလွှာဆယ့်သုံးသို့ တက်လှမ်းရန် ပြင်ဆင်ချိန်တွင် ဖြစ်လာနိုင်သော ခြိမ်းခြောက်မှုများကို ဖယ်ရှားရန်အတွက် ပြိုင်ဘက်ကင်းမဟာသူတော်စင်များကို လိုက်လံသုတ်သင်ခဲ့ပြီး ထိုထဲတွင် ဟန်ရှောင်နှင့် ယုလင်းတို့လည်း ပါဝင်လေသည်။
နောက်ဆုံးတွင် ဟန်ရှောင်နှင့် ယုလင်းတို့က အခြားရွေးချယ်စရာမရှိတော့ဘဲ ဧကရာဇ်ရွှမ်ဟွမ်၏ လက်မှ လွတ်မြောက်ရန် လူပြန်ဝင်စားခြင်းကို ရွေးချယ်ခဲ့ရသည်။
" မင်း အလွှာဆယ့်သုံးကို ရောက်သွားပြီလား။ " ယုလင်းက တုန်လှုပ်နေသည်။ ဧကရာဇ်ရွှမ်ဟွမ်ကို မြင်လိုက်ရချိန်တွင် သူ၏ စိတ်ထဲ၌ ပထမဆုံး ပေါ်လာသော အတွေးမှာ ဧကရာဇ်ရွှမ်ဟွမ်က အလွှာဆယ့်သုံးသို့ ရောက်သွားပြီဟူသော အတွေးပင်ဖြစ်သည်။
" မဟုတ်သေးဘူး။ မင်းက အလွှာဆယ့်သုံးကို မရောက်သေးဘူး။ အချိန်သက်ရှိတစ်ယောက် ထွက်ပေါ်လာတိုင်း ဖရိုဖရဲဟင်းလင်းပြင်ရဲ့ အချိန်လေဟာနယ်အလွှာတွေမှာ တုန်ခါမှုတွေ ဖြစ်ပေါ်လေ့ရှိတယ်။ အဲ့ဒါကို ငါတို့ သေချာပေါက်သိမှာပဲ။ " ယုလင်းက စိတ်ထဲတွင် ကြောက်လန့်နေသော်လည်း သူ၏ စဉ်းစားနိုင်စွမ်းကို ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်သည်။
" ဟုတ်တယ်။ မင်းက အလွအာဆယ့်သုံးကို မရောက်သေးဘူး။ " ဟန်ရှောင်ကလည်း ထိုအချက်ကို သတ်ပြုမိသွားသည်။ သူက မနီးမဝေးမှ ခန့်ညားသော အမျိုးသားကို ကြည့်လိုက်သည်။ စကြာဝဠာခေတ်သန်းသုံးဆယ်ကျော်ကြာအောင် ထိုလူက သူတို့အတွက် စိတ်နှလုံးနတ်ဆိုး ဖြစ်နေခဲ့သည်။
ထို့ကြောင့်ပင် သူတို့နှစ်ယောက်က အလွှာဆယ့်သုံးကို ကြိုးစားရန် မဝံ့ရဲကြဘဲရှိနေပြီး သူတို့အပေါ်ရှိ စိတ်နှလုံးနတ်ဆိုး၏ လွှမ်းမိုးမှုကို လျှော့ချရန် ရွှမ်ဟွမ်မျိုးနွယ်၏ အမှတ်အသားများကို ဖျက်ဆီးရန်ကြိုးစားနေခဲ့ကြခြင်းဖြစ်သည်။
" စကြာဝဠာခေတ်တွေ အများကြီး ကုန်လွန်သွားခဲ့ပြီ။ မင်းတို့ အမှိုက်နှစ်ကောင်ကတော့ အခုထိ မပြောင်းလဲသေးဘူးပဲ။ " ဧကရာဇ်ရွှမ်ဟွမ်က ပြုံး၍ ရေရွတ်လိုက်သည်။
" ဧကရာဇ်ရွှမ်ဟွမ်လား။ " လင်းယွမ်က သူ၏ ဘေးမှ ခန့်ညားသော အမျိုးသားကို ကြည့်ပြီး စိတ်လှုပ်ရှားသွားသည်။
သူက ဧကရာဇ်ရွှမ်ဟွမ်လား။ ရွှမ်ဟွမ်မျိုးနွယ်၏ တည်ထောင်သူလား။ အနှိုင်းမဲ့မဟာသူတော်စင်တစ်ယောက်မဟုတ်သော်လည်း ၎င်းထက် အားမနည်းသော ပြိုင်ဘက်ကင်းမဟာသူတော်စင်တစ်ယောက် ဖြစ်သည်။
လင်းယွမ်၏ စိတ်ထဲတွင် အတွေးများစွာ ပေါ်လာသည်။ အလွှာကိုးသို့ ရောက်ချိန်တွင် သူက ရွှမ်ဟွမ်လျို့ဝှက်နယ်မြေသို့ ဝင်ရောက်ခဲ့ပြီး ရွှမ်ဟွမ်မျိုးနွယ်၏ အမွေအနှစ်များက သူ့အတွက် အလွန်အရေးပါခဲ့သည်။ ယခု သူက ဧကရာဇ်ရွှမ်ဟွမ်နှင့် အမှန်တကယ် တွေ့ဆုံလိုက်ရသည်။
" ဒီပုတီးစေ့ကို ခွဲလိုက်တာက ဧကရာဇ်ရွှမ်ဟွမ်ကို ဆင့်ခေါ်ဖို့လား။ " လင်းယွမ်က အတွေးများ လှုပ်ရှားသွားပြီး ကြီးမားသော သံသယတစ်ခုက သူ၏ စိတ်ထဲတွင် ပေါ်လာသည်။ ၎င်းက အမှန်ဆိုလျှင် ဂူဗိမာန်စိတ်ဝိညာဉ်က ဘာကြောင့် ၎င်းကို မခွဲရန် တားခဲ့ရတာလဲ။
ဟန်ရှောင်နှင့် ယုလင်းတို့၏ အမူအရာများက ပျက်ယွင်းသွားကြသည်။ သူတို့က ထိတ်လန့်နေကြသော်လည်း ဧကရာဇ်ရွှမ်ဟွမ်က သူတို့ကို အမှိုက်ဟု ခေါ်လိုက်သောအခါ လွန်ခဲ့သော စကြာဝဠာခေတ်သန်းသုံးဆယ်ကို ပြန်ရောက်သွားသကဲ့သို့ ခံစားလိုက်ကြရသည်။
ထိုအချိန်တွင် သူတို့ကလည်း ဖရိုဖရဲဟင်းလင်းပြင်ကို လွှမ်းမိုးခဲ့ကြသော ပြိုင်ဘက်ကင်းမဟာသူတော်စင်များ ဖြစ်ကြပြီး အလွှာဆယ့်သုံးသို့ တက်လှမ်းရန် အရာအားလုံးကို စုစည်းနေကြချိန်ဖြစ်သည်။
သို့သော် ထိုခေတ်တွင် ရွှမ်ဟွမ်ဟူသော မွန်းစတားကောင် ထွက်ပေါ်လာခဲ့သည်။ သူက သဘာဝစကြာဝဠာတွင် မွေးဖွားလာသော ပုရွက်ဆိတ်လေးတစ်ကောင်သာ ဖြစ်သည်။ သို့သော် ထိုပုရွက်ဆိတ်လေးက ဖရိုဖရဲအဆင့်မှ ဖရိုဖရဲအဆင့် အထွတ်အထိပ်၊ ထိုမှတစ်ဆင့် ပြိုင်ဘက်ကင်းမဟာသူတော်စင်အဆင့်ထိ လျင်မြန်စွာ ကြီးထွားလာခဲ့သည်။
ဟန်ရှောင်၊ ယလင်းနှင့် ထိုခေတ်မှ ပြိုင်ဘက်ကင်းမဟာသူတော်စင်များက ဧကရာဇ်ရွှမ်ဟွမ်၏ အရိပ်အောက်တွင် ရှင်သန်ခဲ့ရသည်။
" ရွှမ်ဟွမ်... စကြာဝဠာခေတ်သန်းသုံးဆယ် ကြာသွားခဲ့ပြီ။ ယုလင်းနဲ့ ငါက တစ်ကြိမ် လူပြန်ဝင်စားခဲ့ပြီး အထွတ်အထိပ်ကို ပြန်ရောက်လာခဲ့တာပဲ။ အရင်ထက် ပများကြီး ပိုသန်မာလာခဲ့ပြီ။ " ဟန်ရှောင်က ကျယ်လောင်စွာ ပြောလိုက်သည်။
ယုလင်းကလည်း လျင်မြန်စွာပင် ပြန်လည်တည်ငြိမ်သွားသည်။
" အဲ့လိုလား။ " ဧကရာဇ်ရွှမ်ဟွမ်က ပြုံးပြီး သူ၏ ညာလက်ကို မြှောက်လိုက်သည်။
" ပြေး။ " ဟန်ရှောင်နှင့် ယုလင်းတို့က ထိတ်လန့်သွားကြပြီး ဝင်ပေါက်ဆီသို့ ထွက်ပြေးကြတော့သည်။ ယခုအချိန်တွင် ရွှမ်ဟွမ်စကြာဝဠာတစ်ခုလုံးက မူလအတိုင်း ပြန်ဖြစ်သွားသောကြောင့် သူတို့က အချိန်လေဟာနယ်ကို ဆုတ်ဖြဲ၍ မရတော့ ဝင်ပေါက်မှတစ်ဆင့် ထွက်ပြေးရန်သာ ရှိတော့သည်။
အတွင်းစကြာဝဠာထဲတွင် ဂူဗိမာန်စိတ်ဝိညာဉ်က ဝမ်းနည်းစွာ ထိုင်ပြီး ရေရွတ်လိုက်သည်။ " အရှင်မင်းကြီး..."
" စကြာဝဠာခေတ် သန်းသုံးဆယ်ကြာတာတောင် အချိန်စက်ဝန်းကို မဖြတ်ကျော်နိုင်သေးဘူးဆိုတော့ အလွှာဆယ့်သုံးကို တက်လှမ်းဖို့ မျှော်လင့်ချက် တော်တော်နည်းသွားပြီ။ ဒါပေမယ့် ဘယ်လောက်နည်းနည်း ဒါက မျှော်လင့်ချက်တစ်ခုပဲ။ အနာဂတ်မှာ အပြောင်းအလဲတွေ ရှိလာနိုင်ပါသေးတယ်။ "
" အပြောင်းအလဲတွေ မရှိရင်တောင် အချိန်စက်ဝန်းထဲမှာ ပိတ်မိနေတော့ အရှင်မင်းကြီးက အသက်ရှင်နေဦးမှာပါ။ အသက်ရှင်နေသရွေ့တော့ မျှော်လင့်ချက်ရှိပါသေးတယ်။ " ဂူဗိမာန်စိတ်ဝိညာဉ်က ခေါင်းငိုက်စိုက်ကျသွားသည်။
" ဒါပေမယ့် ဘာလို့မျှော်လင့်ချက်ကို စွန့်လွှတ်လိုက်ရတာလဲ။ ဘာလို့လဲ..." ဂူဗိမာန်စိတ်ဝိညာဉ်၏ ခန္ဓာကိုယ်က တုန်ယင်နေသည်။
" ပြေး ပြေး...." ဟန်ရှောင်နှင့် ယုလင်းတို့က အဝေးသို့ ထွက်ပြေးနိုင်ရန် သူတို့၏ ခန္ဓာနှင့် စိတ်ဝိညာဉ်ကိုပင် လောင်ကျွမ်းလိုက်ကြသည်။
ဝုန်း...
အချိန်လေဟာနယ်က အကျဉ်းထောင်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ရွှမ်ဟွမ်စွမ်းအားများ လွှမ်းခြုံကာ ပြိုင်ဘက်ကင်းမဟာသူတော်စင်နှစ်ပါးကို အတွင်း၌ ပိတ်လှောင်သွားသည်။
" ရွှမ်ဟွမ် " ဟန်ရှောင်က ဟိန်းဟောက်ကာ ပတ်ဝန်းကျင်မှ အချိန်လေဟာနယ်ကို ပေါက်ကွဲစေပြီး ရွှမ်ဟွမ်အကျဉ်းထောင်ကို ဖျက်စီးရန် ကြိုးစားလိုက်သော်လည်း အနည်းငယ်မျှ လှုပ်ခါနိုင်ခြင်းမရှိပေ။
ယုလင်းက မျက်နှာပျက်နေပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ သူတို့က မူလနေရာသို့ ပြန်ရောက်နေသည်ကို တွေ့လိုက်ရသည်။ ဧကရာဇ်ရွှမ်ဟွမ်က တည်ငြိမ်စွာ ရပ်နေပြီး သူတို့ကို အေးစက်စွာ ကြည့်နေသည်။
" ရွှမ်ဟွမ် မင်း အလွှာဆယ့်သုံးကို မရောက်သေးဘဲနဲ့ အချိန်စက်ဝန်းကို အတင်းအကျပ် ချိုးဖျက်ထွက်လာတာက ကိုယ့်သေတွင်းကိုယ်တူးတာပဲ။ " ယုလင်းက ဧကရာဇ်ရွှမ်ဟွမ်ကို လေးနက်စွာ ကြည့်လိုက်သည်။