အန္တရာယ်များကို ရှင်းလင်းခြင်း...
Vol. 66 Ch. 942
ဧကရာဇ်ရွှမ်ဟွမ်က ဘာမှမပြောဘဲ တည်ငြိမ်စွာဖြင့် သူ၏ ညာလက်ကို ဖိချလိုက်သည်။ ပြိုင်ဘက်ကင်းမဟာသူတော်စင်နှစ်ယောက်ကို ပိတ်လှောင်ထားသော ရွှမ်ဟွမ်အကျဉ်းထောင်က စတင်ပြိုကွဲလာပြီး အတွင်းမှ ဟန်ရှောင်နှင့် ယလင်းတို့ကလည်း စတင်ပျက်စီးလာကြတော့သည်။
" အရင် မင်းတို့ အသက်ရှင်ခဲ့ပေမယ့် ဒီတစ်ခါတော့ မရတော့ဘူး။ " ဧကရာဇ်ရွှမ်ဟွမ်၏ အကြည့်များက အေးစက်သွားသည်။
ဟန်ရှောင်နှင့် ယုလင်းတို့က အသည်းအသန် ရုန်းကန်နေကြသော်လည်း ခဏအတွင်း သူတို့၏ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်များက ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွားကြသည်။
" သေသွားပြီလား။ " လင်းယွမ်က အသက်ပြင်းပြင်း ရှူလိုက်မိသည်။
ပြိုင်ဘက်ကင်းမဟာသူတော်စင်နှစ်ယောက်က ထိုကဲ့သို့ သေဆုံးသွားခဲ့သည်။ လင်းယွမ်က ဟန်ရှောင်နှင့် တိုက်ခိုက်ဖူးသောကြောင့် ပြိုင်ဘက်ကင်းမဟာသူတော်စင်၏ စွမ်းအားကို ကောင်းကောင်းသိနေသည်။ သူ၏ စွမ်းအားထက် များစွာ သာလွန်ပြီး စွမ်းအားအပြည့်အဝ ထုတ်သုံးလျှင် သူ့ကို အချိန်တိုအတွင်း ဖိနှိပ်နိုင်လေသည်။
သို့သော် ထိုပြိုင်ဘက်ကင်းမဟာသူတော်စင်က ဧကရာဇ်ရွှမ်ဟွမ်၏ လက်ထဲတွင် အသက်ရှူချိန် နှစ်ကြိမ် သုံးကြိမ်ပင် ခုခံနိုင်စွမ်းမရှိပေ။
" အနှိုင်းမဲ့မဟာသူတော်စင်ရဲ့ စွမ်းအားက ပြိုင်ဘက်ကင်းမဟာသူတော်စင်ထက် ဒီလောက်တောင် သန်မာတာလား။ " လင်းယွမ်က ယုံကြည်ရန် ခက်ခဲနေသည်။
ဧကရာဇ်ရွှမ်ဟွမ်က အလွှာဆယ့်သုံးသို့ မရောက်သေးဘဲ အလွှာဆယ့်နှစ်တွင်သာ ရှိသည်။ သို့သော် ပြိုင်ဘက်ကင်းမဟာသူတော်စင်များက သူ၏ ရှေ့တွင် ပုရွက်ဆိတ်များကဲ့သို့ ဖြစ်နေသည်။
" မဟုတ်သေးဘူး။ အနှိုင်းမဲ့မဟာသူတော်စင်တစ်ယောက်က ဒီလောက်ထိ မသန်မာနိုင်ဘူး။ " လင်းယွမ်က စိတ်ထဲမှ တွေးလိုက်သည်။ အနှိုင်းမဟာသူတော်စင်များက ပြိုင်ဘက်ကင်းမဟာသူတော်စင်များထက် ပိုမိုသန်မာသည်မှာ မှန်သော်လည်း စွမ်းအားကွာခြားမှုက ထိုမျှအထိ မကြီးမားနိုင်ပေ။
" အဲ့ဒါ အချိန်စက်ဝန်းကြောင့်လား။ " လင်းယွမ်က ဧကရာဇ်ရွှမ်ဟွမ်ကို ကြည့်လိုက်သည်။
ယခုအချိန်တွင် ဧကရာဇ်ရွှမ်ဟွမ်၏ အခြေအနေက အလွန်ထူးဆန်းနေပြီး အလွှာဆယ့်နှစ်နှင့် အလွှာဆယ့်သုံးကြားတွင် ရှိနေသကဲ့သို့ ဖြစ်သည်။
ဟန်ရှောင်နှင့် ယုလင်းတို့ ပျောက်ကွယ်သွားသောအခါ ဧကရာဇ်ရွှမ်ဟွမ်က သူ၏ လက်ကို ပြန်ရုတ်သိမ်းလိုက်ပြီး လင်းယွမ်ကို ပြုံး၍ ကြည့်လိုက်သည်။
" ငါ သွားပြီး အန္တရာယ်အချို့ကို ရှင်းလိုက်ဦးမယ်။ ချက်ချင်းပြန်လာခဲ့မယ်။ "
" ကောင်းပါပြီ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။ သူက ဧကရာဇ်ရွှမ်ဟွမ်ပျောက်ကွယ်သွားသည်ကို ကြည့်နေမိသည်။
ရွှမ်ဟွမ်စကြာဝဠာ၏ အပြင်ဘက်တွင် ဖရိုဖရဲအရှင်သခင်များက စကြာဝဠာအတွင်း၌ ဘာဖြစ်နေသည်ကို မသိကြဘဲ ဟန်ရှောင်နှင့် ယုလင်းတို့ ဝင်သွားသည့်အကြောင်းကိုသာ ဆွေးနွေးနေကြသည်။ အဝေးတွင် လမ်းစဉ်တစ်သောင်းမျက်လုံးကဲ့သို့ အထူးတည်ရှိမှုများက လေးနက်စွာ စောင့်ကြည့်နေကြသည်။
ထိုအချိန်တွင် ခန့်ညားသော အမျိုးသားတစ်ယောက်က စကြာဝဠာ၏ ဝင်ပေါက်တွင် ပေါ်လာသည်။ သူ၏ နောက်မှ ရွှမ်ဟွမ်စကြာဝဠာက ကျယ်ပြန့်လာပြီး ဖရိုဖရဲဟင်းလင်းပြင်ကို စတင်လွှမ်းခြုံလာသည်။
" အဲ့ဒါဘယ်သူလဲ။ သူက ဘယ်လိုလုပ်ထွက်လာတာလဲ။ "
" ပြိုင်ဘက်ကင်းမဟာသူတော်စင်နှစ်ယောက်က ဘယ်ရောက်သွားတာလဲ။ " ဖရိုဖရဲအရှင်သခင်အချို့က နားမလည်နိုင်ဖြစ်နေကြသည်။
" တကယ်ပဲ ရွှမ်ဟွမ်လား။ " ဓားကျိုးက ရေရွတ်လိုက်သည်။
လွန်ခဲ့သော စကြာဝဠာခေတ်သန်းသုံးဆယ်မှ ရွှမ်ဟွမ်ကို ကိုယ်တိုင် ပြန်မြင်လိုက်ရသောအခါ သူတို့က အနည်းငယ် မတည်မငြိမ်ဖြစ်သွားကြသည်။ အထူးတည်ရှိမှုများအနေဖြင့် သူတို့က အဖြစ်အပျက်များစွာကို မြင်တွေ့ဖူးပြီး အလွှာဆယ့်သုံး အချိန်သက်ရှိ ထွက်ပေါ်လာသည်ကိုပင် ကြုံတွေ့ခဲ့ဖူးသည်။
သို့သော် အချိန်စက်ဝန်းကို ချိုးဖျက်ထွက်လာခြင်းမှာ အလွန်ရှားပါးသည်။ ၎င်းက အလွန်ခက်ခဲပြီး ပေးဆပ်ရမည့်တန်ဖိုးက အလွန်ကြီးမားလှသည်။ ၎င်းမှာ အချိန်စက်ဝန်း၏ အတားအဆီးကို ဖြတ်ကျော်ခြင်းမျိုးမဟုတ်ဘဲ အခြားနည်းလမ်းတစ်ခုဖြင့် ထွက်လာခြင်းဖြစ်သည်။
" ရွှမ်ဟွမ်ရဲ့ စိတ်နှလုံးနတ်ဆိုး သက်ရောက်မှုက ဒီလောက်ကြီးမားလိမ့်မယ်လို့ ငါမမျှော်လင့်ထားဘူး။ " လမ်းစဉ်တစ်သောင်းမျက်လုံးက ပြောလိုက်သည်။
ဧကရာဇ်ရွှမ်ဟွမ်၏ စိတ်နှလုံးနတ်ဆိုးက အလွန်ကြီးမားပြီး အချိန်စက်ဝန်းမှ လွတ်မြောက်နိုင်ခြေ အလွန်နည်းပါးကြောင့် သူ ယခင်က လင်းယွမ်ကို ပြောပြခဲ့ဖူးသည်။
" ဖရိုဖရဲဟင်းလင်းပြင်..." ဧကရာဇ်ရွှမ်ဟွမ်က အပြင်သို့ ရောက်သည်နှင့် အသက်ပြင်းပြင်းရှူလိုက်သည်။
သူ၏ ပတ်ဝန်းကျင်မှ ဖရိုဖရဲစွမ်းအားများအားလုံးက သူ၏ ပါးစပ်ထဲသို့ စုပ်ယူခြင်းခံလိုက်ရသည်။ ဧကရာဇ်ရွှမ်ဟွမ်က လမ်းစဉ်တစ်သောင်းမျက်လုံးကဲ့သို့ အထူးတည်ရှိမှုများကို တစ်ချက်ကြည့်လိုက်သော်လည်း ဂရုမစိုက်ဘဲ သူ၏ ညာလက်ကို ဆန့်ထုတ်လိုက်သည်။
" ဓား.... လာခဲ့စမ်း..." ရွှမ်ဟွမ်စွမ်းအားများ စုစည်းလာပြီး ဓားရှည်တစ်လက်၏ ပုံရိပ် ထွက်ပေါ်လာသည်။ ထိုဓားရှည်က ခင်းယွမ်ရရှိထားသော ဓာနှင့် ဆင်တူသော်လည်း ပုံရိပ်ယောင်အခြေအနေတွင်သာ ရှိနေသည်။ သို့သော် ပုံရိပ်ယောင်ဖြစ်သော်လည်း ကြောက်စရာကောင်းသော ထက်ရှမှုက ၎င်းအတွင်း စုစည်းနေသည်။
" ပြတ်တောက်စမ်း.... " ဧကရာဇ်ရွှမ်ဟွမ်က ဖရိုဖရဲဟင်းလင်းပြင်၏ အနက်ရှိုင်းဆုံးနေရာများဆီသို့ ဓားချက်နှစ်ချက် ခုတ်ပိုင်းလိုက်သည်။
ဟင်းလင်းပြင်နယ်မြေတစ်ခုတွင် ပြိုင်ဘက်ကင်းမဟာသူတော်စင် ဟန်ရှောင်က လေးနက်သော အမူအရာနှင့် အဝေးသို့ လှမ်းကြည့်လိုက်သည်။ " ရွှမ်ဟွမ်လား။ "
စကြာဝဠာခေတ်သန်းပေါင်းများစွာ ရှင်သန်ခဲ့သော ပြိုင်ဘက်ကင်းမဟာသူတော်စင်တစ်ယောက်အနေဖြင့် ဟန်ရှောင်က အသက်ကယ်နည်းလမ်းများစွာ ရှိပြီး အဓိကခန္ဓာလေးခုနှင့် ကိုယ်ပွား ၅၈ခု ရှိသည်။
အဓိကခန္ဓာကိုယ်လေးခုနှင့် ကိုယ်ပွား ၅၈ခုထဲတွင် တစ်ခုအသက်ရှင်နေလျှင် ဟန်ရှောင်က လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာသည်။ သူက အသက်ကယ်နည်းလမ်းများကိုလည်း မရေတွက်နိုင်အောင် ထားရှိခဲ့သည်။ အကယ်၍ ခန္ဓာကိုယ်နှင့်ကိုယ်ပွားများအားလုံး ပျက်စီးသွားလျှင်တောင် အသက်ကယ်နည်းလမ်းများဖြင့် ပြန်လည်ရှင်သန်လာနိုင်သည်။
" လွန်ခဲ့တဲ့ စကြာဝဠာခေတ် သန်းသုံးဆယ်က မင်းငါ့ရဲ့ ခန္ဓာအားလုံးကို သတ်ပြီး အသက်ကယ်နည်းလမ်းအားလုံးကို ဖျက်ဆီးခဲ့လို့ ငါ လူပြန်ဝင်စားဖို့ကလွဲပြီး ရွေးချယ်စရာမရှိခဲ့ဘူး။ ဒါပေမယ့် မင်းအခု ငါ့ကို လူပြန်ဝင်စားအောင် ဖိအားပေးနိုင်ဦးမှာလား။ " ဟန်ရှောင်က ထိုနေရာတွင် တိတ်ဆိတ်စွာ ထိုင်နေသည်။
ထိုအချိန်တွင် ကြောင်းကျိုးဆက်နွယ်မှုနှင့် အချိန်လေဟညနယ်ကို ဖြတ်ကျော်၍ ဓားအလင်းတစ်ခုက ဟန်ရှောင်ထံသို့ ခုတ်ပိုင်းလာခဲ့သည်။
" ဘာလဲ..." ဟန်ရှောင်က မတုန့်ပြန်နိုင်မီ သူ၏ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်က ဓားအလင်းအောက်တွင် ပျက်စီးသွားခဲ့သည်။
တစ်ချိန်တည်းတွင် အချိန်လေဟာနယ်ဝင်္ကဘာတစ်ခု၏ အနက်ရှိုင်းဆုံးနေရာတွင် ရှိနေသော ဟန်ရှောင်၏ တတိယမြောက် အဓိကခန္ဓာကိုယ်ကလည်း ထိုအတိုင်း ဓားအလင်းအောက်တွင် ပျက်စီးသွားခဲ့သည်။
စတုတ္ထမြောက် အဓိကခန္ဓာကိုယ်ကလည်း ခုတ်ပိုင်းခံလိုက်ရသည်။ ထိုက်ယွမ်အပျက်အစီးအတွင်းမှ ပထမဆုံးကိုယ်ပွားကလည်း ခုတ်ပိုင်းခံလိုက်ရသည်။ အထူးနေရာတစ်ခုတွင် ပုန်းအောင်းနေသော ဒုတိယကိုယ်ပွားကလည်း ဓားအလင်းကြောင့် ပျက်စီးသွားခဲ့သည်။
ခဏအတွင်း ပြိုင်ဘက်ကင်းမဟာသူတော်စင် ဟန်ရှောင်၏ အဓိကခန္ဓာကိုယ် သုံးခုနှင့် ကိုယ်ပွား ၅၈ခုလုံးက ဓားအလင်း၏ ခုတ်ပိုင်းခြင်း ခံခဲ့ရသည်။ ဖရိုဖရဲဟင်းလင်းပြင်အတွင်း ဟန်ရှောင်ချန်ထားခဲ့သော အသက်ကယ်နည်းလမ်းများစွာကလည်း အလားတူပင် ပျက်စီးသွားခဲ့သည်။
ပြိုင်ဘက်ကင်းမဟာသူတော်စင် ယုလင်းကလည်း တူညီသော ကံကြမ္မာကို ကြုံတွေ့ခဲ့ရသည်။ သူ၏ အဓိကခန္ဓာကိုယ်များ၊ ကိုယ်ပွားများနှင့် အသက်ကယ်နည်းလမ်းများအားလုံးက ဓားအလင်းအောက်တွင် ခုတ်ပိုင်းခံရပြီး ပျက်စီးသွားခဲ့သည်။
" ဘာဖြစ်တာလဲ။ "
" ဒီလိုအချိန်လေဟာနယ်လှုပ်ရှားမှုက..."
" အဲ့ဒါဘယ်သူလဲ။ ရွှမ်ဟွမ်လား။ "
ပြိုင်ဘက်ကင်းမဟာသူတော်စင်နှစ်ယောက် ကျဆုံးသွားခြင်းက ဖရိုဖရဲဟင်းလင်းပြင်မှ မဟာသူတော်စင်များအားလုံးက ချက်ချင်း ထိတ်လန့်သွားကြသည်။ အလွှာဆယ့်သုံးသို့ တက်လှမ်းရန် တံခါးပိတ်ကျင့်ကြံနေကြသော ပြိုင်ဘက်ကင်းမဟာသူတော်စင်များက တုန်လှုပ်သွားကြသည်။
" ဒီအော်ရာက... ရွှမ်ဟွမ်လား..."
" ဧကရာဇ်ရွှမ်ဟွမ်လား။ ဟင်းလင်းပြင်နယ်မြေ သောင်းချီကို အုပ်စိုးခဲ့တဲ့ ပြိုင်ဘက်ကင်းမဟာသူတော်စင်လား။ "
" သူက အလွှာဆယ့်သုံးကို တက်လှမ်းဖို့ ကြိုးစားနေတာမဟုတ်ဘူးလား။ "
ရှေးဟောင်းပြိုင်ဘက်ကင်းမဟာသူတော်စင်အချို့က ဧကရာဇ်ရွှမ်ဟွမ်နှင့် တစ်ခေတ်တည်း မဟုတ်ကြသော်လည်း သူ့အကြောင်းကို ကြားဖူးနေကြသဖြင့် အံ့အားသင့်နေကြသည်။
ဖရိုဖရဲဟင်းလင်းပြင်၏ သမိုင်းတစ်လျှောက်တွင် ပြိုင်ဘက်ကင်းမဟာသူတော်စင်များ ကျရှုံးခြင်းက အမှန်တကယ် ရှိခဲ့သော်လည်း ၎င်းက အလွန်ထူးခြားသော အခြေအနေတွင်သာ ဖြစ်ပြီး သူတို့က တိုက်ပွဲပေါင်းများစွာကို ပြင်းထန်စွာ တိုက်ခိုက်ပြီးမှ ကျဆုံးသွားခဲ့ခြင်းဖြစ်သည်။
သူတို့က အမှန်တကယ် ကျဆုံးသွားခြင်း ရှိမရှိ မည်သူမှမသိနိုင်ပေ။ အကြောင်းမှာ ပြိုင်ကင်းမဟာသူတော်စင်တစ်ယောက်က နောက်ဆုံးအခိုက်အတန့်တွင် ပြန်လည်ဝင်စားရန် ရွေးချယ်နိုင်သောကြောင့်ဖြစ်သည်။ ပြန်လည်ဝင်စားခြင်းက ပြိုင်ဘက်ကင်းမဟာသူတော်စင်၏ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်အပါအဝင် အရာအားလုံးကို ဆုံးရှုံးရမည်ဖြစ်သော်လည်း ကြောက်ကျိုးဆက်နွယ်မှုအားလုံးကို ဖြတ်တောက်နိုင်မည်ဖြစ်သည်။
ပြိုင်ဘက်ကင်းမဟာသူတော်စင်များဖြစ်သော ဟန်ရှောင်နှင့် ယုလင်းတို့က ဧကရာဇ်ရွှမ်ဟွမ်၏ လိုက်လံသုတ်သင်ခြင်းခံရမှုမှ လွတ်မြောက်ရန် ထိုနည်းလမ်းကို အသုံးပြုခဲ့ကြသည်။ သို့သော် ယခု သူတို့၏ ကြောင်းကျိုးဆက်နွယ်မှုအားလူံးက လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။
" ရွှမ်ဟွမ်က စာရင်းဟောင်းတွေ ရှင်းနေတာလား။ သူက ရွှမ်ဟွမ်မျိုးနွယ်ကို ဆန့်ကျင်ခဲ့တဲ့ ပြိုင်ဘက်ကင်းမဟာသူတော်စင်တွေအားလုံးကို ရှင်းပစ်နေတာလား။ "
ပြိုင်ဘက်ကင်းမဟာသူတော်စင်များက အလွန်တုန်လှုပ်သွားကြသော်လည်း ရှေ့သို့ မထွက်ဝံ့ကြပေ။ လွန်ခဲ့သော စကြာဝဠာခေတ်သန်းသုံးဆယ်က ဧကရာဇ်ရွှမ်ဟွမ်မှာ အနှိုင်းမဲ့မဟာသူတော်စင်၏ စွမ်းအားကို ပိုင်ဆိုင်ခဲ့ပြီး အချိန်ရှိလျှင် ပြိုင်ဘက်ကင်းမဟာသူတော်စင်များအားလုံး၏ အသိအမှတ်ပြုမှုကို ခံရမည်ဖြစ်သည်။