ဧကရာဇ်ရွှမ်ဟွမ်၏ ဘဝဇာတ်ကြောင်း...
Vol. 66 Ch. 943
ရွှမ်ဟွမ်စကြာဝဠာ၏ အပြင်ဘက်တွင် ဧကရာဇ်ရွှမ်ဟွမ်က ဂရုတစိုက် အာရုံခံလိုက်ပြီး နောက်ထပ်ဓားချက်သုံးချက်ကို ထပ်မံခုတ်ပိုင်းလိုက်သည်။ ထိုဓားချက်သုံးချက်ပြီးနောက် အခြားပြိုင်ဘက်ကင်းမဟာသူတော်စင်သုံးယောက်၏ ကြောင်းကျိုးဆက်နွယ်မှုအားလုံး ပျောက်ကွယ်သွားပြီး ပြန်လည်ဝင်စားရန်ပင် အခွင့်အရေးမရခဲ့ပေ။
ဓားချက်ငါးချက် ခုတ်ပိုင်းပြီးနောက် ဧကရာဇ်ရွှမ်ဟွမ်၏ လက်ထဲမှ ဓားက ပျောက်ကွယ်သွားပြီး သူက ရွှမ်ဟွမ်စကြာဝဠာထဲသို့ ပြန်လည်ဝင်ရောက်သွားခဲ့သည်။
ရွှမ်ဟွမ်စကြာဝဠာ၏ အနက်ရှိုင်းဆုံးနေရာတွင် လင်းယွမ်၏ အမူအရာက လေးနက်နေသည်။
" ဟန်ရှောင်နဲ့ ယုလင်းတို့ရဲ့ ကြောင်းကျိုးဆက်နွယ်မှုတွေ လုံးဝ ပျောက်ကွယ်သွားပြီ။ " လင်းယွမ်က စိတ်ထဲမှ တွေးလိုက်သည်။
သူက ထိုပြိုင်ဘက်ကင်းမဟာသူတော်စင်နှစ်ယောက်နှင့် တိုက်ခိုက်ဖူးသောကြောင့် ကြောင်းကျိုးဆက်နွယ်မှုများ ဖြစ်ပေါ်ခဲ့ပြီး လင်းယွမ်က ထိုဆက်နွယ်မှုများမှတစ်ဆင့် သူတို့ ရှိမရှိကို သိနိုင်လေသည်။ သို့သော် ၎င်းက ရှိမရှိကိုသာ သိနိုင်ပြီး သူတို့၏ တည်နေရာများကိုမူ အတိအကျ မဆုံးဖြတ်နိုင်ပေ။
ယခု သူတို့နှင့် ပက်သက်သော ကြောင်းကျိုးဆက်နွယ်မှုများက လုံးဝ ပျောက်ကွယ်သွားသောကြောင့် သူတို့ သေဆုံးသွားပြီဖြစ်ကြောင်း သိနိုင်လေသည်။
လင်းယွမ်၏ အတွေးများပျံ့လွင့်နေစဉ် ဧကရာဇ်ရွှမ်ဟွမ်က ပေါ်လာပြီး လင်းယွမ်ဆီသို့ လျှောက်လာသည်။
" မင်းမှာ မေးစရာမေးခွန်းတွေအများကြီးရှိနေမယ်ဆိုတာ ငါသိပါတယ်။ " ဧကရာဇ်ရွှမ်ဟွမ်က လင်းယွမ်ကို ပြုံး၍ ကြည့်လိုက်သည်။ " မစိုးရိမ်နဲ့။ ငါ အားလုံး ရှင်းပြပေးလို့ရတယ်။ "
သူက ခဏရပ်တန့်သွားပြီး ဆက်ပြောလိုက်သည်။ " ငါ လုံးဝ ပျောက်ကွယ်မသွားခင်အထိပေါ့။ "
ဧကရာဇ်ရွှမ်ဟွမ်က တည်ငြိမ်နေပြီး မည်သည့်အော်ရာမှ ထွက်ပေါ်နေခြင်းမရှိပေ။ အကယ်၍ လင်းယွမ်သာ သူ့ကို မသိနေလျှင် သာမန်လူတစ်ယောက်ဟုသာ ထင်မိပေလိမ့်မည်။
" ပျောက်ကွယ်သွားမှာလား။ " လင်းယွမ်က ထိုစကားကို တွေးနေမိသည်။
" အဲ့ဒါကို နောက်ဆုံးမှ ပြောကြတာပေါ့။ " ဧကရာဇ်ရွှမ်ဟွမ်က လက်ဝှေ့ရမ်းလိုက်ပြီး သူတို့၏ ပတ်ဝန်းကျင်က ပြောင်းလဲသွားကာ နန်းတော်တစ်ခုသို့ ရောက်သွားကြသည်။
လင်းယွမ်က အထက်မှ ရွှမ်ဟွမ်ဟူသော စကားလုံးများကို မြင်လိုက်ရသည်။ သားရေချပ်မြေပုံပေါ်တွင် ရွှမ်ဟွမ်နန်းတော်က ဂူဗိမာန်ပြီးလျှင် ဒုတိယအရေးပါဆုံးနေရာဖြစ်သည်။ သို့သော် မြေပုံမှအချက်အလက်များအရ ရွှမ်ဟွမ်နန်းတော်က အချိန်လေဟာနယ်၏ အနက်ရှိုင်းဆုံးတွင် တည်ရှိနေသဖြင့် ရှာဖွေရန် အလွန်ခက်ခဲလှသည်။
ဧကရာဇ်ရွှမ်ဟွမ်က ခန်းမထဲသို့ ဝင်လာပြီး ကျောက်စိမ်းစားပွဲတစ်ခုရှေ့တွင် ရပ်လိုက်သည်။ သူက တစ်ဖက်တွင် ထိုင်လိုက်ပြီး လင်းယွမ်ကို ပြုံး၍ ကြည့်လိုက်သည်။
" ထိုင်ပါဦး။ "
" ဟုတ်ကဲ့ပါ။ " လင်းယွမ်က ပြောလိုက်သည်။
ဧကရာဇ်ရွှမ်ဟွမ်က လင်းယွမ် တစ်သက်လုံး မြင်ဖူးခဲ့သမျှတွင် အစွမ်းထက်ဆုံးသက်ရှိတစ်ယောက်ဖြစ်သည်။ ဖရိုဖရဲဟင်းလင်းပြင်တွင်ဖြစ်စေ ရင်းမြစ်ကမ္ဘာတွင်ဖြစ်စေ သူက အလွှာဆယ့်သုံးအောက်တွင် အသန်မာဆုံး သက်ရှိဖြစ်သည်။
" ငါ ဘယ်သူလဲဆိုတာ မင်းသိနေလောက်ပြီထင်ပါတယ်။ " ဧကရာဇ်ရွှမ်ဟွမ်က ပြုံး၍ ပြောလိုက်သည်။
" အရှင်မင်းကြီး..." လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
" ဟားဟားဟား..." ဧကရာဇ်ရွှမ်ဟွမ်က ရယ်မောလိုက်သည်။ "ငါ့ခေတ်တုန်းက မွေးရာပါပါရမီနဲ့ တိုးတက်နှုန်းမှာ ဖရိုဖရဲဟင်းလင်းပြင်က အထူးသက်ရှိတွေတောင် ငါ့ကို မမီခဲ့ဘူး။ "
ထိုသို့ပြောရင်း ဧကရာဇ်ရွှမ်ဟွမ်က လင်းယွမ်ကို ကြ့်ပြီး သက်ပြင်းချလိုက်သည်။ " ဒါပေမယ့် မင်းနဲ့ယှဉ်ရင်တော့ ငါက တကယ်ကို သာမန်ပါပဲ။ "
သူ၏ လက်ရှိအခြေအနေနှင့် လင်းယွမ်၏ ခန္ဓာကိုယ်ထဲမှ လျို့ဝှက်ချက်များစွာကို မြင်နိုင်ခဲ့သည်။ ဥပမာ လင်းယွမ်က လွှမ်းမိုးခြင်းအဆင့်သာ ရှိပြီး သူ၏ ကြောက်စရာကောင်းသော အတွင်းစကြာဝဠာတို့ဖြစ်သည်။
" အရှင်မင်းကြီးက သာမန်မဟုတ်ပါဘူး။ " လင်းယွမ်က ပြန်ပြောလိုက်သည်။
လက်တစ်ဖက်မြှောက်ရုံနှင့် ပြိုင်ဘက်ကင်းမဟာသူတော်စင်နှစ်ယောက်ကို ချေမှုန်းနိုင်ခြင်းမှာ လင်းယွမ်ကိုယ်တိုင်ပင် ဖရိုဖရဲအဆင့်သို့ ရောက်ရှိလျှင်တောင် ထိုသို့လုပ်နိုင်မည်ဟု အာမမခံနိုင်ပေ။ ယခုအချိန်တွင် သူက ဖရိုဖရဲယင်ယန်ထိုက်ကျိ၏ စွမ်းအားကို မသိရသေးသဖြင့် မသေချာခြင်းဖြစ်သည်။
" ငါ့ရဲ့ လက်ရှိအခြေအနေက ထူးခြားနေလို့ ပြိုင်ဘက်ကင်းမဟာသူတော်စင်တွေကို သတ်နိုင်တာပဲ။ ပုံမှန်ဆိုရင်တော့ ဒါက မဖြစ်နိုင်ပါဘူး။ " ဧကရာဇ်ရွှမ်ဟွမ်က ပြောလိုက်သည်။ " ငါ လွှမ်းမိုးခြင်းအဆင့်မှာတုန်းက မဟာသူတော်စင်တွေကို ယှဉ်ဖို့မပြောနဲ့ ဖရိုဖရဲအရှင်သခင်တွေနဲ့ တွေ့ရင်တောင် ထွက်ပြေးခဲ့ရတာ။ "
လင်းယွမ်က တည်ငြိမ်စွာ နားထောင်နေသည်။ သူက ကမ္ဘာပေါင်းများစွာသို့ ဆင်းသက်ခဲ့သည့်အပြင် အလွှာဆယ့်သုံးအမွေအနှစ်များကို ဆက်ခံပြီးမှ ထိုအဆင့်သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။ အခြားသူများအတွက်မူ ထိုသို့လုပ်ရန် မဖြစ်နိုင်သလောက်ပင်ဖြစ်သည်။
" ထူးခြားတဲ့အခြေအနေလား။ " လင်းယွမ်က ဧကရာဇ်ရွှမ်ဟွမ်ကို ကြည့်လိုက်သည်။
" ဟုတ်တယ်။ ငါအလွှာဆယ့်သုံးကို တက်လှမ်းဖို့ ကြိုးစားရင်း အချိန်စက်ဝန်းထဲမှာ ပိတ်မိနေတာ မင်းသိလောက်မယ်ထင်တယ်။ " ဧကရာဇ်ရွှမ်ဟွမ်က ပြောလိုက်သည်။ " ဒါပေမယ့် ငါက အခု အချိန်စက်ဝန်းထဲက လွတ်မြောက်လာခဲ့ပြီ။ ဒါက ပုံမှန်ဖြတ်ကျော်တာဘဲ အတင်းအကျပ် ချိုးဖျက်လာတာမလို့ ဒါက ကြာရှည်မခံဘဲ မကြာခင်ပျောက်ကွယ်သွားတော့မှာပဲ။ "
အလွှာဆယ့်နှစ် သက်ရှိများက အချိန်စက်ဝန်းထဲတွင် ပိတ်မိနေချိန်တွင် အပြင်လောက၌ အမှတ်အသားတစ်ခုချန်ခဲ့ပြီး ၎င်းကို အသက်သွင်းနိုင်လျှင် အချိန်စက်ဝန်းမှ အတင်းအကျပ် ထွက်လာနိုင်လေသည်။ သို့သော် ထိုလုပ်ရပ်မျိုးကို ဘယ်သူမှ လုပ်ချင်ကြမည်မဟုတ်ပေ။
ပထမအချက်မှာ ၎င်းက အလွန်ခက်ခဲလွန်းခြင်းဖြစ်သည်။ အချိန်စက်ဝန်းက ဖရိုဖရဲဟင်းလင်းပြင်နှင့် သီးခြားဖြစ်သောကြောင့် အပြင်ဘက်တွင် အမှတ်အသားရှိနေရုံနှင့် လွတ်မြောက်ရန် မသေချာပေ။ အချိန်စက်ဝန်း၏ ကမ္ဘာကို တုန်လှုပ်စေနိုင်သော စွမ်းအားမျိုးကို လိုအပ်သည်။
ဒုတိယအချက်မှာ အချိန်စက်ဝန်းမှ အတင်းအကျပ် ထွက်လာခြင်းက ဖရိုဖရဲဟင်းလင်းပြင်၏ နိယာမများကို.ဆန့်ကျင်ခြင်းဖြစ်သောကြောင့် ဖရိုဖရဲဟင်းလင်းပြင်တစ်ခုလုံး၏ တန်ပြန်မှုကို ခံရပေလိမ့်မည်။ အလွှာဆယ့်သုံးအောက် သက်ရှိများက ထိုတန်ပြန်မှုကို မခံနိုင်ကြဘဲ ပျောက်ကွယ်သွားရပေလိမ့်မည်။
" အရှင်မင်းကြီးက ဘာလို့ အချိန်စက်ဝန်းက အတင်းအကျပ်ထွက်ဖို့ ရွေးချယ်ခဲ့တာလဲ။ " လင်းယွမ်က မေးလိုက်သည်။
ဂူဗိမာန်စိတ်ဝိညာဉ်ပေးခဲ့သော အဝါရောင်ပုတီးစေ့က ဧကရာဇ်ရွှမ်ဟွမ်ချန်ခဲ့သော အမှတ်အသား ဖြစ်သည်မှာ ထင်ရှားသည်။ ၎င်းကို ခွဲလိုက်သည်နှင့် အချိန်စက်ဝန်းထဲမှ ဧကရာဇ်ရွှမ်ဟွမ်က ၎င်းကို အာရုံခံမိပြီး လွတ်မြောက်လာခဲ့ခြင်းဖြစ်သည်။ သို့သော် သူက ဘာကြောင့်ထိိုသို့လုပ်ရသည်ကို လင်းယွမ်က နားမလည်နိုင်ပေ။
ဂူဗိမာန်စိတ်ဝိညာဉ်က ပြောဖူးသည်မှာ လင်းယွမ်က ရွှမ်ဟွမ်ပုတီးစေ့ကို ချက်ချင်း ခွဲပစ်နိုင်သည်။ သို့သော် ဂူဗိမာန်စိတ်ဝိညာဉ်က ထိုသို့မလုပ်စေလိုခဲ့ပေ။ ထို့ကြောင့် ဂူဗိမာန်စိတ်ဝိညာဉ်က ပုတီးစေ့၏ ရည်ရွယ်ချက်ကို နားလည်ထားသည်။ သို့သော် ဧကရာဇ်ရွှမ်ဟွမ်က ဘာလို့ ထိုကဲသို့ အမိန့်မျိုး ပေးခဲ့ရတာလဲ။
" သိပ်မတွေးနဲ့။ ငါအချိန်စက်ဝန်းထဲက အတင်းအကျပ် ချိုးဖျက်ထွက်လာခဲ့ဖို့ ရွေးချယ်ခဲ့တာက မင်းအတွက်မဟုတ်ဘူး။ ဧကရာဇ်ရွှမ်ဟွမ်က တစ်စုံတစ်ခုကို သတိရသွားသည်။ " ငါ အချိန်စက်ဝန်းကို မဖြတ်ကျော်ချင်တော့လို့ပဲ။ "
" အချိန်စက်ဝန်းကို မဖြတ်ကျော်ချင်ဘူးလား။ " လင်းယွမ်က မှင်သက်သွားသည်။
" တကယ်တော့ ငါ့ကို ပိတ်လှောင်ထားတဲ့ အချိန်စက်ဝန်းကို ချိုးဖျက်ဖို့ မခက်ခဲဘူး။ ငါ့ရဲ့ စီနီယာအမကို မေ့ပစ်လိုက်ဖို့ပဲလိုတယ်။ " ဧကရာဇ်ရွှမ်ဟွမ်က အဝေးသို့ ငေးကြည့်နေသည်။
" ဒါပေမယ့် ငါ့ရဲ့ စီနီယာအမကို မေ့ပစ်ရမှာလား။ ငါ အဲ့ဒီလိုမလုပ်ချင်ဘူး။ စကြာဝဠာခေတ် သန်းသုံးဆယ်ကျော်အတွင်းမှာ ငါ့ရဲ့ မှတ်ဉာဏ်တွေကို အကြိမ်ကြိမ် ဖျက်ဆီးခံခဲ့ရပေမယ့် ငါကတော့ သူမကို မမေ့ပစ်ချင်ဘူး။ "
လင်းယွမ်က နားထောင်နေသော်လည်း စီနီယာအမဟူသည်ကို မေးမြန်းခြင်းမရှိပေ။
" ငါ့ရဲ့ စီနီယာအမအကြောင်းပြောဖို့ မေ့သွားတယ်။ " ဧကရာဇ်ရွှမ်ဟွမ်က ပြောလိုက်သည်။ " ငါက မျိုးနွယ်စုတစ်စုမှာ မွေးဖွားခဲ့ပြီး ငယ်ငယ်ကတည်းက မိဘတွေဆုံးရှုံးခဲ့ရတယ်။ ဒုက္ခအများကြီး ရောက်ခဲ့ပြီး အငတ်ဘေးနဲ့လည်း ခဏခဏ ကြုံတွေ့ခဲ့ရတယ်။ တကယ်တော့ ငတ်သေမှာထက် တခြားသူတွေရဲ့ အစာအဖြစ်ခံရမှာကို ပိုကြောက်ခဲ့တယ်။ "
" နောက်တော့ ငါက ပြင်ပလောကမှာ ရှင်သန်နိုင်မယ့်နည်းလမ်းကို ရှာချင်လို့ ငါ့ရဲ့ မျိုးနွယ်စုက ထွက်လာခဲ့တယ်။ ဒါပေမယ့် ဘာတွေ့ရတဲ့အပြင် မိစ္ဆာကျင့်ကြံသူတစ်ယောက်ရဲ့ ဖမ်းဆီးခြင်းခံခဲ့ရတယ်။ သူက ကျင့်စဉ်တစ်ခုအတွက် ငါ့ရဲ့ စိတ်ဝိညာဉ်နဲ့ အနှစ်သာရတွေကို သန့်စင်ချင်ခဲ့တယ်။ "
" နောက်တော့ ငါ စီနီယာအမနဲ့ တွေ့ခဲ့တယ်။ သူမက ချင်းရွှမ်ဂိုဏ်းက တပည့်တစ်ယောက်ပဲ။ သူမက အဲ့ဒီမိစ္ဆာကျင့်ကြံသူကို သတ်ပြီး ငါ့ကို ကယ်ထုတ်ခဲ့တယ်။ စီနီယာအမ ငါ့ကို ပထမဆုံး ပြောခဲ့တဲ့ စကားတွေကို အခုထိ မှတ်မိနေတုန်းပဲ။ သူတောင်းစားလေး မကြောက်နဲ့တော့။ အဲ့ဒီမိစ္ဆာကြီး သေသွားပြီး အခုမင်းအသက်ရှင်ပြီတဲ့။ "
" စီနီယာအမသာ နည်းနည်းလေး နောက်ကျခဲ့ရင် ငါ သေသွားလောက်ပြီ။ နောက်တော့ သူမက ငါ့ကို ချင်းရွှမ်ဂိုဏ်းကို ခေါ်သွားခဲ့တယ်။ အဲ့ဒီမှာ ငါ့ရဲ့ ပါရမီက တော်တော်ကောင်းနေတော့ ဂိုဏ်းထဲဝင်ပြီး သူမရဲ့ စီနီယာမောင်လေးဖြစ်လာခဲ့တယ်။ "
" စီနီယာအမက တကယ် ကြင်နာတ်တဲ့သူပဲ။ သူမက ငါ့ရဲလ ရိုးတွင်းခြင်ဆီကိ သန့်စင်ပေးခဲ့ပြီး ကျင့်ကြံရာမှာလည်း အများကြီး ကူညီပေးခဲ့တယ်။ "
လင်းယွမ်က တိတ်ဆိတ်စွာ နားထောင်နေသည်။
" အဲ့ဒီအချိန်ကစပြီး ငါစီနီယာအမကို ကျေးဇူးပြန်ဆပ်ဖို့နဲ့ သူမကို ဘယ်သူကမှ အနိုင်ကျင့်အောင် ကာကွယ်ပေးမယ်လို့ ငါ ကျိန်ဆိုခဲ့တယ်။ "
" ငါ ဆက်ပြီးကျင့်ကြံလာတာနဲ့ ငါ့ရဲ့ ပါရမီနဲ့အရည်အချင်းက ပိုပြီး သန်မာလာပြီး ချင်းရွှမ်ဂိုဏ်းမှာ အသန်မာဆုံး ဖြစ်လာခဲ့တယ်။ အဲ့ဒီစကြာဝဠာမှာ အသန်မာဆုံး အင်အားစုဖြစ်အောင်လည်း ဦးဆောင်နိုင်ခဲ့တယ်။ "
" နောက်တော့ ငါနဲ့ စီနီယာအမနဲ့က တာအိုလက်တွဲဖော်တွေ ဖြစ်လာခဲ့တယ်။ အဲ့ဒီနေ့က ငါ့ဘဝအတွက် အပျော်ဆုံးနေ့ပဲ။ "