တောင်ထဲမှာ ဘာရှိလဲ
Vol. 48 Ch. 657
“တိုက်ခိုက်မလား။ ပြန်မလား”
ယင်းကနောက်ထပ် ပြဿနာတစ်ရပ်ဖြစ်သည်။ အဆင့်နိမ့် ကောင်းကင်ဧကရာဇ် လေးယောက်ရှိ၏။ ကျန်းရီက ရွှေရောင်မျောလွင့်နဂါး၊ ဖုန်းလန်နှင့် ကျန်းရှောင်နူကို ထုတ်ခဲ့လျှင် သူအပါအဝင် လူလေးယောက် ဖြစ်သွားမည်။ အားလုံး၏ ပေါင်းစည်းထားသော တိုက်ပွဲဝင် စွမ်းရည်က အဆင့်နိမ့် ကောင်းကင်ဧကရာဇ် တစ်ယောက်ကို ယှဉ်နိုင်ပေ၏။ တိုက်ခိုက်သည့် အချိန်တွင် မည်သူနိုင်မည်ဆိုတာ သိရန်က စောလွန်းသေးသည်။ ပြဿနာက ကျန်းရီသည် မစွန့်စားရဲတာဘဲဖြစ်၏။
ဖုန်းလန်နှင့် ကျန်းရှောင်နူက သူ့အတွက် အရေးပါလွန်းသည်။ သူတို့ထဲမှတစ်ယောက် သေသွားခဲ့လျှင် သူ့လက်ကျန်ဘဝ၌ အဆုံးမရှိ အပြစ်မကင်းမှုကို ခံစားနေရမည်။ ထို့ကြောင့် ရှေးဦးစွာ ပြေးပြီးမှ လိုအပ်သည့် အချိန်ကျမှသာ တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်တော့၏။
သူက ကောင်းကင်ရှောင်တိမ်းခြင်းကို မထုတ်ဖော်ရဲချေ။ သူက ကျွန်တစ်ယောက်ဖြစ်၏။ ကောင်းကင်မိုးကြိုးကျွန်းထဲမှ ခွင့်ပြုချက်မရှိဘဲ ထွက်သွားခဲ့လျှင် လုမျိုးနွယ်စုလိုက်တာ ခံရနိုင်သည်။ ပြီးနောက်သူသည် အပြစ်သားကျွန်းပေါ်၌ နေထိုင်ခွင့် ရတော့မှာမဟုတ်ပေ။ ထို့အပြင် အနား၌ မိုးကြိုးမီးများစွာ ရှိနေသည်။ ကောင်းကင်ရှောင်တိမ်းခြင်း၏ သွားနိုင်သည့်နေရာက တိုတောင်းနေလျှင် မိုးကြိုးမီးပစ်တာ ခံရနိုင်သည်။ ထို့ကြောင့်သူသည် ရှေ့သို့ပျံသန်းသွားရန် အကောင်းဆုံး ကြိုးစားရမည်။ အရှိန်က အဆင်ပြေပြီး ဆက်တိုက် နေရာရွှေ့ပြောင်းခြင်းနှင့် မခြားပေ။ ဆက်တိုက် နေရာရွှေ့ပြောင်းခြင်းက အချိန်အနည်းငယ် ပိုကုန်၏။
ဝှစ်
သူသည် မိုးကြိုးမီးလုံးနားဆီသို့ တန်းတန်းမတ်မတ် ပျံသန်းသွား၏။ မိုးကြိုးမီး၏ အပူရှိန်က အလွန်မြင့်မားလွန်းလှရာ တစ္ဆေမီးလျှံများထက် ပိုမြင့်လောက်သည်။ ဖုန်းလန်တောင် ခပ်ဝေးဝေးကနေ အပူဒဏ်ကို မခံနိုင်လေရာ သူ့နောက်ရှိ ကောင်းကင်ဧကရာဇ် လေးဦးက အပူဒဏ် ခံနိုင်လိမ့်မည်ဆိုတာ မယုံပေ။
ဘန်း
ကီလိုမီတာအနည်းငယ် ခရီးနှင်ပြီးနောက် အပြာရောင် မီးလုံးများသည် သူသည် (၁၂)ကီလိုမီတာခန့်ဝေးသော ဧရာမ တောင်တန်းထဲ၌ ပေါ်လာ၏။ မီးလုံးများက အလွန်ကြမ်းတမ်းလှရာ အနားရှိ ဝေဟင်ကို လင်းထိန်သွားစေ၏။ ဧရာမ မိုးကြိုးမီးက ပိုသေးငယ်သည့် မီးလုံးလေးများအဖြစ် ကွဲထွက်သွားပြီး ပေါ်လာသည်နှင့် အနားတွင် မျောလွင့်နေတော့သည်။ သူ့နောက်ရှိ လူလေးယောက်ကလည်း ကြောင်အနေလျက် လေထဲတွင် ရပ်တန့်လိုက်တော့သည်။
“သေစမ်း”
ကျန်းရီက ထိတ်လန့်သွား၏။ ဤနေရာရှိ တောင်တန်းသည် အဘယ်ကြောင့် မီးလုံးများ ထုတ်နေရသနည်း။ မိုးကြိုးမီးလုံးက သူ့အောက်ရှိ တောင်တန်းဒေသထဲမှ ရုတ်တရက် ထွက်ပေါ်လာခဲ့လျှင် မိုးကြိုးမီးပေါ်ရှိ လျှပ်စီးကြောင်း သူရှော့ရိုက်ခံရမည် မဟုတ်ပါလော။
သူက အကွာအဝေး တစ်ချို့အတွက် ဝေဟင်ထဲ ဆက်လက်ပျံသန်းနေပြီးနောက် ရှေ့ဆက်သွားလိုက်သည်။ သူ့နောက်ရှိ လူလေးယောက်က အံ့သြစွံ့အနေသော်ငြား အံ့ကြိတ်လျက် လိုက်လာရသည်။
သူတို့၏ ခန္ဓာကိုယ်ကို ကာကွယ်ပေးနေသော နတ်ဘုရားဒိုင်းများ ရှိနေသည့်တိုင် သူတို့၏ အတွင်းအားက ပြင်းထန်သည့် အပူချိန်က လျှင်မြန်စွာ ကုန်ဆုံးနေသည်။ တစ်စုံတစ်ခု လွဲချော်သွားလျှင် သူတို့၏ နတ်ဘုရားဒိုင်း ပြိုကွဲသွားနိုင်ပြီး သူတို့သည် ပူလောင်သည့် မီးလျှံများကြောင့် အဝိုင်းခံရပြီး သေသည်အထိ လောင်ကျွမ်းခံရပေလိမ့်မည်။
“သူ့မှာ နတ်ဘုရားဒိုင်း မရှိဘူး။ ဒါပေမဲ့ ဒီလောက်မြင့်မားတဲ့ အပူချိန်ကို ဘာကြောင့်ခံနိုင်ရည် ရှိနေတာလဲ”
ရှေ့ရှိမိုးကြိုးမီးလုံးက နီးကပ်သည်ထက် နီးကပ်လာစဉ် လူလေးယောက်က သံသယတို့ တိုးလာလေ၏။ လူတစ်ယောက်၏ ကောင်းကင်စိတ်အာရုံက ကျန်းရီဆီသို့ ရောက်သွားပြီးနောက် သူကအော်ပြောလိုက်သည်။
“မဟုတ်ဘူး သူက မီးဒဏ်ခံနိုင်တဲ့ ရတနာတစ်ချို့ရှိတာ သေချာတယ်။ တွေ့လား သူချွေးတောင် ထွက်မနေဘူး။ အပူဒဏ်ကို မကြောက်တာ သိသာတယ်”
“တိုက်ခိုက်ကြ သူ့ကိုတားကြဟေ့”
ကောင်းကင်ဧကရာဇ် ဖေးကောက အော်ဟစ်လိုက်တော့သည်။ သူ၏လက်ထဲ၌ လွန်းတစ်ခု ပေါ်လာလေ၏။ သူက ထိုအထဲသို့ အတွင်းအားကိုထည့်ပြီး ရုတ်တရက် ပစ်လိုက်သည်။ ဝှီးကနဲ လေကိုခွင်းသည့်အသံဖြင့် လွန်းသည် ခပ်ဖျော့ဖျော့ ပုံရိပ်တစ်ခုအသွင် ပြောင်းလဲသွားပြီး ကျန်းရီ၏ နောက်ကျောဆီသို့ တိုးဝင်သွား၏။ လေဆာသဖွယ် မြန်ဆန်လွန်းလှရာ မျက်တောင်တစ်ခတ်အတွင်း သူ့ဆီရောက်သွားသည်။
“ဟူး”
လွန်းကသူ့ကိုမထိခင် ကျန်းရီက သူ့ရှေ့ရှိ လေအဝှေ့ကြောင့် ဒဏ်ရာရသွားသည်။ သူ့ခန္ဓာကိုယ်ထဲ၌ ဝှက်ထားသော မီးတိမ်သံချပ်ကာက သူ့ကို ကာကွယ်ပေးရန် ချက်ချင်းပေါ်လာ၏။ သူ့နားတစ်ဝိုက် အဖြူရောင်အလင်းတန်း ပေါ်ထွက်လာပြီးနောက် သူပျောက်ကွယ်သွားတော့သည်။
“နေရာရွှေ့ပြောင်းသွားတာလား”
ထိုလူလေးလေးယောက်က ထိတ်လန့်အံ့အားသင့်သွားပြီးနောက် ချက်ချင်းပင် မီးတိမ်သံချပ်ကာကို မြင်တွေ့သည့်အချိန် မျက်လုံးများက ပိုတောက်ပလာ၏။ အနီရောင်အလင်းက မျက်စိကြိမ်းစေလောက်ပြီး မီးတိမ်သံချပ်ကာ၏ အရှိန်အဝါက မယုံနိုင်စရာကောင်းလောက်အောင် သန်မာသည်။ သူတို့က တစ်ပြိုင်နက်ထဲ အော်ဟစ်လိုက်ကြ၏။
“အတုအယောင် နတ်ဘုရား အသုံးအဆောင်”
“လိုက်ကြဟေ့”
သူတို့သည် ထိုခုခံခြင်း အတုအယောင် နတ်ဘုရား အသုံးအဆောင်ကြောင့် အားတက်သွားကြသည်။ ကျန်းရီနောက်သို့ ရူးသွပ်စွာ လိုက်နေသော မျက်လုံးနီ မကောင်းဆိုးဝါးလေးကောင် ဖြစ်သွားတော့၏။ မှော်စွမ်းရည်မျိုးစုံ တာအိုပုံစံ တိုက်ကွက်များနှင့် သူတို့၏ ရတနာအသီးသီးကို ချက်ချင်း ထုတ်ဖော်လိုက်တော့၏။
ဝှစ် ဝှစ် ဝှစ်
ကျန်းရီက မျက်လုံးမှိတ်ထားပြီး မိုးနှင့်မြေ တစ်သားထဲ အခြေအနေသို့ ဝင်ရောက်လိုက်ရာ သူတို့တိုက်ကွက်များ တိုက်ခိုက်မှုကို သိရှိပြီး ရှောင်တိမ်းနိုင်၏။ တိုက်ခိုက်ခံရပြီးနောက် တိုက်ကွက်များ၏ ရိုက်ခတ်မှုကြောင့် သူက ပြေးသည်ကလည်း နှေးသွားတော့သည်။ ကံကောင်းသည်မှာ သူ့၌ မီးဝိညာဉ်သံချပ်ကာ ရှိနေပြီး သက်ရောက်ခံရသည့် အာနိသင်က သူ့ဆီရောက်သည့် အချိန်၌ လျော့ကျသွားတာပဲဖြစ်သည်။
ဖုန်း ဖုန်း ဖုန်း
လူလေးယောက်ထံမှ အစွမ်းထက်သော တိုက်ကွက်များသည် သူ့နားရှိ တောင်တန်းများကို တစ်စစီဖြစ်စေသည်။ လူတစ်ယောက်က ဓားအရိပ်ရာချီတောင် ပစ်ထုတ်လိုက်ရာ သူ့ရှေ့ရှိတောင်ကို အပေါက်တစ်ရာ ပေါက်သွားစေပြီး တောင်ကို နဂျီကောင်သိုက်အဖြစ် ပြောင်းလဲသွားစေ၏။ သို့သော် တောင်က မပြိုလဲသွားပေ။ ယင်းက အင်မတန် ကြောက်မက်ဖွယ်ကောင်းပြီး ထူးဆန်းလှ၏။
ထို့အပြင် လွန်းလေးများကလည်း ဝေဟင်ကို ထိုးဖောက်လျက် ကျန်းရီဆီသို့ ဝင်လာနေစဉ် သူတို့က မြန်ဆန်လွန်းလှရာ ကျန်းရီသည် မိုးနှင့်မြေ တစ်သားထဲ အခြေအနေထဲတွင် ရှိနေခြင်းကြောင့်သာ မဟုတ်လျှင် ပြေးနိုင်မှာမဟုတ်ပေ။ လွန်းလေး ဖြတ်သန်းသွားသည့် အချိန်တိုင်း၌ အရုပ်ဆိုးသော အမာရွတ်များသဖွယ် လေဟာနယ် အက်ကြောင်းများဖြင့် ကျန်ရစ်ခဲ့သည်။ ထိုလွန်းကြောင့် ထိသွားသည့်သူက သူသာဖြစ်သွားခဲ့လျှင် မည်သို့ဖြစ်မည်မှန်း မမှန်းဆနိုင်ပေ။
ကျန်းရီက မျက်လုံမှိတ်ထားလျက် ကောင်းကင်ထဲသို့ လျှင်မြန်စွာ ပျံသန်းနေသည်။ သူက ရုတ်တရက် အထက်သို့သွားပြီး အောက်ကိုရွှေ့၏။ ရုတ်တရက် ဘေးဘယ်ညာသွား၏။ တစ်ခါတစ်ရံတွင် မြေကြီးထဲ ဆင်းသက်ကာ ရုတ်တရက်လှည့်ပြီး ကောင်းကင်ပေါ်သို့ ပျံတက်၏။
သူပျံသန်းနေသည့် လမ်းကြောင်းက အလွန်ထူးဆန်းပုံပေါ်သည်။ သို့သော်သူက လူအုပ်ကြီး၏ တိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်ရန်အတွက် ဖြစ်သည်။ သူက တည်ငြိမ်နေပုံပေါ်ပြီး သူ၏ခြံဝင်းလေးထဲတွင် လမ်းလျှောက်နေသည့်ပုံပေါ်၏။ လေးယောက်သားက ဒေါသကြောင့် တုန်ယင်လာသော်ငြား ထိုလူကို ဘာမှမလုပ်နိုင်ကြပေ။
အကြောင်းမှာ အပူချိန်က ပိုမိုမြင့်မားလာ၏။ သူတို့သည် ပျက်စီးသွားသော နတ်ဘုရားဒိုင်းများကြောင့် အရှင်လတ်လတ် မီးရှို့မခံချင်လျှင် သူတို့က ဒိုင်းသို့ အတွင်းအားများ ဆက်တိုက် ထည့်ပေးနေရမည်။ တစ်ချိန်ထဲတွင် သူတို့တိုက်ခိုက်ရန် လိုအပ်၏။ သူတို့မြန်မြန်ဆန်ဆန် မလှုပ်ရှားနိုင်တာ သဘာဝကျသည်။ မဟုတ်လျှင် ကျန်းရီကိုသတ်ဖြတ်ရန် အခွင့်အရေး မရခင် ဤနေရာ၌ အသက်ဆုံးရှုံးသွားနိုင်သည်။
မီတာငါးရာ၊ မီတာတစ်ထောင်၊ မီတာထောင့်ငါးရာ
နောက်ဆုံးတွင် မလိုက်ရဲတော့ချေ။ ရှေ့ရှိ တောင်တန်းနားတစ်ဝိုက်၌ မိုးကြိုးမီးလုံးက လှည့်ပတ်သွားလာနေလေသည်။ အနားပိုကပ်သွားလျှင် အပူဒဏ်ကို မဖြေရှင်းနိုင်မှာ သေချာ၏။ အပူဒဏ်ကြောင့် ကျန်းရီ၏မျက်နှာထက်တွင် ပူလောင်သည့် အရိပ်အယောင်ကို မရှိတာကို မြင်တွေ့သောအခါ သူတို့က မီးတိမ်သံချပ်ကာကို ပိုလိုချင်လာကြသည်။ သူတို့အမြင်တွင် ကျန်းရီ၏ မီးဒဏ်ခံနိုင်မှု မြင့်မားရခြင်းမှာ ထိုအတုအယောင် နတ်ဘုရား အသုံးအဆောင်နှင့် သေချာပေါက် သက်ဆိုင်ရပေမည်။
ဝှစ်
ကျန်းရီက သူတို့ကို ကရုမစိုက်တော့ဘဲ အလင်းစီးကြောင်းအသွင် ပြောင်းလိုက်၏။ အရှေ့ဘက်သို့ ဆက်လက် ပျံသန်းပြီးနောက် မကြာမီ၌ သူတို့မြင်ကွင်းရှေ့မှ ပျောက်ကွယ်သွားတော့သည်။
“အစ်ကိုဖေး အခုဘာလုပ်မလဲ”
လူလေးယောက်က အနေခက်နေကြသည်။ လူတစ်ယောက်က လွန်းများ ထုတ်ဖော်နေသေးသော ကောင်းကင်ဧကရာဇ် ဖေးကောဘက် လှည့်လိုက်၏။ သူက လက်ဝှေ့ယမ်းကာ ပြောလိုက်တော့၏။
“နောက်တစ်ခေါက်ပေါ့။ သူ့ကိုရှေ့မှာ စောင့်နေကြမယ်။ အဲ့ဒီနတ်ဘုရား အတုအယောင် လက်နက်ကို ရရမယ်။ ဒါကိုရသ၍ ငါက ကောင်းကင်မိုးကြိုးမြို့မှာ နံပါတ်(၁၁) အရှင်သခင် ဖြစ်ပြီပဲ။ ပြီးရင် မိုးကြိုးတောင်တန်းတွေကို သိမ်းပိုက်ပြီး ကောင်းကောင်းမွန်မွန် နေကြမယ်”
“ကောင်းပြီလေ”
ကျန်သည့်သူ သုံးယောက်ကလည်း စိတ်လှုပ်ရှားသွား၏။ သူတို့က ဖေးကောနှင့် အလွန်ရင်းနှီးသည်။ သူ၏ခွန်အားက ပါ့တောက်ထက် အနည်းငယ်သာ အားနည်းသည်။ အတုအယောင် နတ်ဘုရား အသုံးအဆောင်ကို သူရနိုင်သ၍ သူ၏ပေါင်းစည်းထားသော တိုက်ပွဲဝင်ခွန်အားက အလယ်အဆင့် ကောင်းကင်ဧကရာဇ်နှင့် ယှဉ်နိုင်မှာ သေချာသည်။ သူက ကောင်းကင်မိုးကြိုးမြို့ထဲ၌ (၁၁)ယောက်မြောက် မဟာအရှင် ဖြစ်လာခဲ့လျှင် သူတို့က အဆင့်အတန်း မြင့်မားလာလိမ့်မည်။
သူတို့က ချက်ချင်း ပျံသန်းသွားရာ မိုးကြိုးမီးကို ဖြတ်သန်းသွားချိန် အပူချိန်က သိပ်မပြင်းတော့ပေ။
ဝှစ်
ကျန်းရီက အမှန်တကယ် အလွန်နှေးလာပြီး မိုးကြိုးမီးနား ချဉ်းကပ်လာစဉ် ပိုတောင်နှေးကွေးလာ၏။ ယခုအချိန်တွင် ကောင်းကင်စိတ်အာရုံကို မထုတ်ဖော်ရဲချေ။ မလှမ်းမကမ်းကနေသာ ၎င်းကိုလေ့လာနေရာ မိုးကြိုးမီးက တောင်တန်းများနား လှည့်လည်သွားလာနေတာကို တအံ့တသြ တွေ့လိုက်ရ၏။
“ဘာကြောင့်များ မိုးကြိုးမီးက ပျောက်ကွယ်သွားရတာလဲ။ ဘာကြောင့် တောင်နားမှာ သွားနေရတာလဲ။ သူတို့က အသက်ဝင်နေတာလား။ မဟုတ်ရင် အလိုအလျောက် ဘယ်လိုလုပ် လှည့်ပတ်သွားလာနိုင်ပ့ါမလဲ။ ဒီနေရာမှာ ထူးခြားတဲ့ မြေအနေအထား တစ်ခုခု ရှိတာကြောင့်လား။ သဘာဝ မိုးကြိုးစက်ကွင်း ရှိတဲ့ပုံပဲ”
ကျန်းရီ၏ မျက်လုံးများက တလက်လက် တောက်နေ၏။ သူအဝေးကြီးသို့ ရောက်နေပြီမှန်း သိလိုက်သည်။ မိုးကြိုးမီးက သူ့ဆီလျှပ်စီး ပစ်ထုတ်ရန် မဖြစ်နိုင်ချေ။ သူက ပျံသန်းတာ ရပ်လိုက်၏။ ထိုအစား မိုးကြိုးမီးနားတွင်ရပ်ကာ ကရုတစိုက် လေ့လာလိုက်သည်။
မကြာမီ၌ ပုံသဏ္ဍာန်တစ်ခုကို ရှာတွေ့သွား၏။ မိုးကြိုးမီးလုံးက တောင်ငါးတောင်နား၌ လှည့်လည်သွားလာနေသည်။ ဟိုဟိုဒီဒီ သွားနေသော်ငြား တောင်တန်းများမှ ခပ်ဝေးဝေးသို့ မသွားပေ။
“တောင်ထဲမှာ ဘာတွေရှိလဲ”
ကျန်းရီက သိချင်သွားပြီး မိုးကြိုးကျောက်တုံးများ တူးဖော်ရမည့်နည်းကို ဟုစမ်းအား မမေးခဲ့မိသည့်အတွက် အနည်းငယ် နောင်တရသွားသည်။ မိုးကြိုးမီးများသည် မိုးကြိုးကျောက်တုံးနှင့် သက်ဆိုင်ရမည်ဟု အလိုလိုခံစားမိ၏။ တောင်တန်းထဲတွင် မိုးကြိုးကျောက်တုံးများ ရှိလောက်သည်။
“ကောင်းကင်စိတ်အာရုံနဲ့ စစ်ဆေးကြည့်ရင်ရော”
ကျန်းရီ၏ မျက်လုံးများက လက်သွား၏။ သူ့စိတ် မပြင်ဆင်နိုင်တော့ပေ။ မိုးကြိုးမီးများက တောင်တစ်တောင်မှ တောင်တစ်တောင်သို့ သွားနေတာကို သူကြည့်နေနိုင်သော်ငြား ကောင်းကင်စိတ်အာရုံသည် မိုးကြိုးမီး၏ လျှပ်စီးကြောင်း ဖျက်ဆီးခံခဲ့ရသည့် ခံစားချက်က ကြောက်မက်ဖွယ်ကောင်းလွန်းသည်။ ယခုအချိန်ထိတိုင် သူကအကြောက်တရား ရှိနေသေးဆဲဖြစ်သည်။
***