ထူးဆန်းသော လက်ဆယ်ချောင်းတောင်တန်း
Vol. 48 Ch. 659
ကျန်းရီက ရှေ့ဆက်သွားသော်ငြား ကောင်းကင်စိတ်အာရုံကို ထပ်မလွှတ်ရဲတော့ချေ။ သူက နှေးသွားပြီး သူ့နားတစ်ဝိုက်ရှိ တောင်တန်းများဆီ ဖြတ်ပြီးဝင်သွားလိုက်၏။
ကျန်းရီသည် သူ့ရှေ့ရှိ တောင်တန်းများကို စူးစမ်းတာ ရပ်တန့်လိုက်သည်။ မိုးကြိုးမီး ရှိသည့်နေရာကိုသာ သူမြင်ရန် လိုအပ်သည်။ မိုးကြိုးမီးက အပြာရောင် ကျောက်စိမ်းတုံးဟု ဆိုလိုတာပဲ ဖြစ်သည်။ သူက ထိုနေရာတွင် ရပ်တန့်ပြီး ကျောက်တုံးများကို ယူလိုက်မည်။
အရှေ့အရပ်အစား အရှေ့တောင်အရပ်ဆီသို့ ဦးတည်ပျံသန်းနေ၏။ သူက ပင်မလမ်းနှင့် ဝေးနိုင်သမျှ ဝေးဝေးတွင် နေနေသည်။ တစ်ချိန်ထဲတွင် သူ့စိတ်ထဲတွင် မြေပုံတစ်ချပ် စတင်ရေးဆွဲတော့သည်။
မိုးကြိုးမီး ရှိသည့်နေရာကို မှတ်တမ်းတင်ထား၏။ သို့မှသာ တစ်စုံတစ်ယောက်က သူ့နောက် လိုက်လာလျှင်တောင် ထွက်ပြေးရန်အတွက် ဘေးကင်းသည့်နေရာကို ချက်ချင်း ထွက်ပြေးနိုင်မှာပဲဖြစ်သည်။ မိုးကြိုးမီး ရှိသည့်နေရာတိုင်းက အလုံခြုံဆုံးဖြစ်ပြီး မဟာအရှင် ဆယ်ဦးတောင် မိုးကြိုးမီးနား မကပ်ရဲချေ။
ကျန်းရီက လမ်းတောက်လျှောက် မိုးကြိုးမီးကို ဆက်တိုက် ရှာတွေ့နေသည်။ တစ်ခါတစ်ရံတွင်သူက တောင်ထဲမှ မိုးကြိုးမီးလုံးအချို့ ပေါ်ထွက်လာပြီး မီးလုံးလေးများအဖြစ် ကွဲထွက်သွားတာကို တွေ့နေရသည်။
ကျောက်တုံးခြောက်ဆယ် ရှစ်ဆယ် တစ်ရာ
ကျန်းရီသည် အပြာရောင်ကျောက်စိမ်း တစ်ရာကျော်ကို စုဆောင်းခဲ့ပြီး လေးနာရီအတွင်း မိုးကြိုးမီးလုံး တစ်ဒါဇင်ခန့်ကို တွေ့ကြုံခဲ့ရသည်။ မိုးကြိုးမီးက လေးလံသည့် တောင်တန်းဧရိယာအတွင်း၌ ပေါ်လာတတ်ပြီး မိုးကြိုးမီးများနှင့်အတူ အပြာရောင် ကျောက်စိမ်းတုံးများက အမြဲတမ်း ယှဉ်တွဲပါလာလေ့ရှိသည်။
“အား”
ကျန်းရီက သူ့ရှေ့ရှိ တောင်ထဲကနေ ရုတ်တရက် ပေါ်ထွက်လာတဲ့ အပြာရောင် ကျောက်စိမ်းတုံးကို မြင်တွေ့ရသည့်အချိန် ရပ်တန့်လိုက်သည်။ ပြီးနောက် တောင်အချို့ကလည်း အပြာရောင် ကျောက်စိမ်းတုံးများ ပစ်ထုတ်နေသည်။ သို့သော် မိုးကြိုးမီးလုံးနှစ်လုံးက တောင်နားတစ်ဝိုက်၌ လှည့်လည်သွားလာနေပြီး ကောင်းကင်ထဲတွင် ပျောက်ကွယ်သွားတော့၏။
“ဒီအပြာရောင် ကျောက်စိမ်းတုံးတွေက အလိုလို ပေါ်ထွက်နိုင်တယ်လား”
ကျန်းရီ၏မျက်လုံးက လက်သွားကာလျှင်မြန်စွာ ပျံသန်းသွားလိုက်၏။ သူက လက်နှစ်ဖက်ဖြင့် အပြာရောင် ကျောက်စိမ်းတုံးများကို အလွယ်တကူ ဆွဲယူပြီး ကရုတစိုက် လေ့လာလိုက်သည်။ တောင်ပေါ်ကနေ သူတူးထုတ်လာသည့် အရာများနှင့်မခြားကြောင်း တွေ့လိုက်ရ၏။
“သိပ်ထူးဆန်းတာပဲ”
သူက လှည့်ပတ်ကြည့်လိုက်ပြီး မိုးကြိုးမီးများ မရှိတော့ကြောင်း သေချာသွားသည်။ ပြီးနောက် ဆက်လက် ပျံသန်းလိုက်၏။ သို့သော်သူသည် အလွန်ဝေးသည့်နေရာကို ရွေးချယ်ခဲ့မိသောကြောင့် ဘယ်သူမှ မတွေ့ရသဖြင့် ၎င်းကဘာမှန်း မသိသေးချေ။
ဖုန်း ဖုန်း ဖုန်း ဖုန်း
မလှမ်းမကမ်းတွင် မိုးကြိုးများ ရှိနေပြီး မိုးကြိုးများက မရပ်မနား ပစ်ချနေလေ၏။ သို့သော် သူတို့က ကျန်းရီနှင့် အတော်လှမ်းနေသေးသည်။ သူက ခဏတစ်ဖြုတ် စဉ်းစားပြီးနောက် မိုးကြိုးလုံးများ ရှိရာဘက်ဆီသို့ ပျံသန်းသွား၏။ မိုးကြိုးလုံးများ ရှိသည့်နေရာက မိုးကြိုးကျောက်တုံးများရှိပြီး ထိုနေရာတွင် လူတစ်သောင်းကျော် ရှိမည်ဟု သူခံစားမိသည်။
ဖုန်း
ရုတ်တရက်တွင် ကောင်းကင်ထဲ၌ မိုးကြိုးပစ်ချလာပြီး လျှပ်စီးများစွာက သွယ်တန်းလာတော့၏။ ကောင်းကင်နှင့်မြေကြီး၏ စွမ်းအင်ပါဝင်သည့် မိုးကြိုးက ကျန်းရီကို ကြောက်လန့်လုနီးပါး ဖြစ်သွားစေခဲ့သည်။ သူ့ကို ပြင်းထန်သည့် ဖိအားက ပိချလာ၏။ ကံကောင်းသည်မှာ မိုးကြိုးက တောင်လေးရှေ့၌ ပျောက်ကွယ်သွာပြီး ယင်းက ကျန်းရီနှင့် ကီလိုမီတာ အနည်းငယ် ဝေးနေသေးသည်။
“ဘုရားရေ ဒီကိုဘယ်သူမှမလာတာ အံ့သြစရာ မရှိဘူးပဲ။ မိုးကြိုးနား ကပ်နေမိရင် မိုးကြိုးဒဏ်ကနေ ဘယ်သူမှ ရှင်သန်နိုင်မှာ မဟုတ်ဘူး”
ကျန်းရီက ခေါင်းကျုံ့လိုက်ပြီး ကောင်းကင်ကို ကြောက်လန့်တကြား ကြည့်လိုက်၏။ ကောင်းကင်က အပြာရောင် တောက်ပနေပြီး တိမ်များကင်းစင်နေ၏။ သို့သော် ရံဖန်ရံခါ ကောင်းကင်ကိုခွင်းလျှက် လျှပ်စီးများ ကျလာသည်။ မည်သည့်အရပ်သို့ သွားရမည်မှန်း မသိတော့ချေ။
ကျန်းရီက တောင်ထွတ်လေးပေါ်၌ ရပ်နေပြီး အချိန်အတော်ကြာ စောင့်ကြည့်နေ၏။ လျှပ်စီးလုံးများကို အကွာအဝေးကို အကြမ်းဖျင်းသာ ခန့်မန်းမိပြီး ယင်းက အတော်ကွာဝေးကာ ကီလိုမီတာ ငါးထောင်အတွင်း ရှိလောက်သည်။
“သွားကြမယ်”
သူကအံ့ကြိတ်ပြီးနောက် ရှေ့သို့ဆက်လက် ချီတက်သွားသည်။ သို့သော် ခပ်မြင့်မြင့် မပျံရဲချေ။ မမြင့်လွန်း မနိမ့်လွန်း ပျံသန်းနေ၏။ မိုးကြိုးမီးများ ပေါ်ထွက်လာနိုင်သောကြောင့်ဖြစ်၏။ သူက တက်နိုင်သမျှ တောင်တန်းများနား ကပ်ပြီးနေရန် ကြိုးစားလိုက်၏။ ယင်းကပိုပြီး လုံခြုံသည်။
နှစ်နာရီကျော် ခရီးနှင်လာပြီးနောက် ကျန်းရီသည် အပြာရောင်ကျောက်စိမ်း တစ်ရာကျော် စုဆောင်းခဲ့ပြီးဖြစ်သည်။ မြေမျက်နှာသွင်ပြင်က နောက်ဆုံး၌ ပြောင်းလဲသွားပြီး အခြားသူအချို့များကို ရှာတွေ့ပြီးနောက် မိုးကြိုးလုံးများ မည်သည့်နေရာကို ရိုက်ခတ်နေသည်ဆိုတာ နားလည်သွား၏။
သူ့ရှေ့တွင် လူသူကင်းမဲ့နေသော တောင်တန်းမရှိတော့ဘဲ ကွင်းပြင်ကြီး တွေ့လိုက်ရသည်။ ပိန်းပိတ်အောင် နက်မှောင်နေသည့် ကျောက်တုံးများ နေရာအနှံ့ ရှိနေ၏။ ယင်းက သဲကန္တရနှင့်တူသည်။ ကီလိုမီတာ များစွာအကွာ၌ ဧရာမ တောင်ကြီးဆယ်လုံးရှိသည်။ သူတို့က ချွန်ထက်သော ဓားဆယ်လက်ပမာ ကောင်းကင်ဆီသို့ ထိုးတက်နေလေ၏။ အနည်းဆုံး ငါးကီလိုမီတာခန့် မြင့်မားပြီး အလွန်မကျယ်ဝန်းချေ။ လက်ဆယ်ချောင်း ထောင်ထားသည်နှင့် တူနေ၏။
တောင်ဆယ်လုံးသည် တစ်တန်းထဲ တည်ရှိနေပြီး တစ်လုံးနှင့်တစ်လုံး ငါးကီလိုမီတာကွာ၏။ မလှမ်းမကမ်းကနေ ကြည့်မိသောအခါ လက်ဆယ်ချောင်း ထောင်ထားသည်နှင့် မခြားပေ။ ကျန်းရီက အမြင်အာရုံ ကောင်းသောကြောင့် ထိုတောင်များနား ဝိုင်းနေသည့် လူများစွာကို တွေ့ခဲ့ရသည်။ သို့သော်သူက အတော်လေး လှမ်းနေသောကြောင့် သူတို့သည် ပုရွက်ဆိတ်လေးများနှင့် တူနေတော့၏။
ဖုန်း
တောင်ပေါ်သို့ လျှပ်စီးပစ်ချလာသည်။ နောက်တစ်စက္ကန့်၌ နောက်ထပ် လျှပ်စီးလုံးကျလာပြီး ယခုအခေါက်တွင်မူ နောက်ထပ်တောင်ကို ရိုက်မိသွားသည်။
ဖုန်း ဖုန်း ဖုန်း
ကျန်းရီက၎င်းကို အနီးကပ် ကြည့်တော့မည့်အချိန်၌ အနားရှိတောင်က ရုတ်တရက် အက်ကွဲသွားတော့၏။ လူလေးယောက် ပေါ်လာကာ ကျန်းရီဆီသို့ လျှပ်စီးပမာ တိုးဝင်လာတော့၏။
“ပါ့တောက်ရဲ့လူတွေ”
ကျန်းရီ၏အကြည့်က အေးစက်သွားပြီး ပျောက်ကွယ်သွားတော့သည်။ နောက်တစ်စက္ကန့်၌ သူသည် ၃၃ကီလိုမီတာအကွာသို့ ရောက်နေပြီဖြစ်ကာ အရပ်တစ်ခုအဖြစ် အသွင်ပြောင်းပြီး နောက်လှည့်ပြေးတော့သည်။
“ဟေ့ကောင် ရာရာစစ ပြေးရဲတယ်ပေါ့”
ကောင်းကင်ဧကရာဇ် ဖေးကော်နှင့် ကျန်သည့်သူများက အော်ဟစ်လိုက်ကြပြီး ရူးနေသော နဂါးလေးကောင်ပမာ လိုက်လာကြတော့၏။ သူတို့က ကျန်းရီကို အချိန်အတော်ကြာ စောင့်ဆိုင်းနေ၏။ ကံဆိုးသည်မှာ ကျန်းရီက သူတို့ပုန်းနေသည့် တောင်တန်းနားကို မဖြတ်သွားခဲ့ပေ။ မဟုတ်လျှင် သူတို့က ကျန်းရီကို တစ်ချက်ထဲဖြင့် သတ်ဖြတ်နိုင်ရန် ယုံကြည်ချက်ရှိ၏။ ကျန်းရီက ကြာရှည်စွာ စောင့်ဆိုင်းနေခဲ့သော်ငြား မလှုပ်ရှားခဲ့ပေ။ ရွေးချယ်စရာမရှိဘဲ ရှေ့ထွက်ကာ သူ့နောက်လိုက်ရတော့၏။
ဝှစ်
ကျန်းရီသည် သူ၏ညာဘက်ခြမ်းဆီသို့ တန်းတန်မတ်မတ် ပျံသန်းသွားပြီး အားကုန်ထုတ်သုံးနေ၏။ ထိုဘက်ခြမ်းတွင် မိုးကြိုးမီးလုံးရှိကြောင်း သူမှတ်မိသည်။ မိုးကြိုးမီးနား ကပ်နိုင်သည်နှင့် သူဘေးကင်းသွားလိမ့်မည်။ ထင်သည့်အတိုင်းပင် သူ့နောက် ခဏတစ်ဖြုတ် လိုက်ပြီးနောက် သူတို့သည် ကောင်းကင်နတ်ဘုရားဒိုင်းကို ထပ်မံဖွင့်ရပြန်သည်။ မြေကပူလာသည်နှင့် သူတို့က အပူဒဏ်ကို ခံနိုင်မှာမဟုတ်ပေ။ လေးယောက်သားက ရူးသွပ်စွာ ပျံသန်းနေပြီး တက်နိုင်သမျှ အကောင်းဆုံး တိုက်ခိုက်ကြ၏။ သို့သော် ကျန်းရီက မိုးနှင့်မြေ တစ်သားထဲ အခြေအနေသို့ ထပ်မံဝင်ရောက်သွားရာ ထိုမျှအကွာအဝေးကနေ သူ့ကို ထိအောင် မတိုက်ခိုက်နိုင်ကြပေ။
“ရပ်လိုက်”
ကောင်းကင်ဧကရာဇ် ဖေးကော်က ရွေးချယ်စရာမရှိဘဲ ရပ်တန့်လိုက်ရသည်။ ရှေ့ရှိအပူချိန်က မြင့်လားလွန်းနေရာ မိုးကြိုးမီးဆိုလျှင် ပြောနေရန် မလိုတော့ချေ။ အနားကပ်သွားလျှင် သူတို့အန္တရာယ် တွေ့ပေလိမ့်မည်။
“အစ်ကိုဖေး အခုဘာလုပ်မလဲ”
လူသုံးယောက်က ပြဿနာ တက်နေသော်ငြား သူတို့က အကြံကုန်နေပြီဖြစ်သည်။ ဖေးကော်ဆီ ပြန်လှည့်လာရ၏။ ဖေးကော်က လွန်းများကို ဆုပ်ကိုင်ထားလျှက် သက်ပြင်းချလိုက်၏။
“ငါတို့ ဘာလုပ်နိုင်အုံးမှာလဲ။ အဲဒီအမျိုးယုတ်က မိုးကြိုးမီးကို မကြောက်ဘူး။ သူမိုးကြိုးမီးတွေနားမှာ ပုန်းနေအုံးမယ်ဆိုရင် အစ်ကိုပါ့တောက်တောင် သူ့ကိုဘာမှ မလုပ်နိုင်ဘူး။ သွားမယ်။ ပြန်သွားကြပြီး လမ်းကနေ ခြုံခိုတိုက်ခိုက်ကြမယ်။ သူကမြို့ကို ပြန်လာမှာပဲ”
“ဟုတ်ပြီ”
သူတို့က ခေါင်းညိတ်ပြီး ပြန်လာလေ၏။ သဲကန္တာရမှ ပြန်လာပြီးနောက် ပင်မလမ်းကို ရှာတွေ့ပြီး ကောင်းကင်မိုးကြိုးမြို့ဆီသို့ သွားလိုက်တော့သည်။
“သူတို့သွားပြီလား”
ကျန်းရီ၏ ကောင်းကင်စိတ်အာရုံသည် ထိုလူများဆီ ရောက်သွား၏။ သူတို့ပြန်လှည့်သွားတာကို မြင်သောအခါ ဖြည်းဖြည်းချင်း လိုက်သွားသည်။ အားလုံးသဲကန္တာရမှ ထွက်သွားပြီးနောက် သူကသက်ပြင်းချလိုက်၏။
“အဲဒီဘက်ကို စစ်ကြည့်ရမယ်”
သူ့ရှေ့၌ သဲကန္တာရရှိနေသည်။ ကျန်းရီက ခဏတစ်ဖြုတ် လေ့လာပြီး မိုးကြိုးမီး လက္ခဏာကို မတွေ့ရချေ။ သူက ကောင်းကင်စိတ်အာရုံ ဖျက်ဆီးခံရမှာကို ကြောက်စရာမလိုပေ။ မိုးကြိုးမီးလုံးနားနှင့် အလွန်နီးကပ်နေချိန် သူ့နားမည်သူမျှ ကပ်ရဲမှာမဟုတ်။ သူအင်မတန် ဘေးကင်း၏။
တောင်ကြားထဲတွင် တင်ပြင်ခွေချိတ် ထိုင်ပြီးနောက် ညင်သာသော လေပြေပမာ ခပ်ဝေးဝေးရှိ သဲကန္တာရဆီသို့ ကောင်းကင်စိတ်အာရုံကို ဖြန့်ထုတ်လိုက်သည်။ မကြာမီ၌ ပုံရိပ်(၁၂)ရိပ်က သူ၏ခေါင်းထဲတွင် ပေါ်လာသည်။
ဧရာမ တောင်ကြီးဆယ်လုံးနား၌ လူများစွာရှိနေ၏။ ယနေ့နံနက်တွင် မြို့ကထွက်သွားသော လူအယောက်တစ်သောင်းက ထိုနေရာတွင် ရှိလောက်၏။ သူတို့က ထောင့်နားနီးနီး မသွားဘဲ ကီလိုမီတာ ငါးရာခွာထား၏။ တစ်တောင်ဆီ၌ လူတစ်ထောင်ဝန်းကျင်ဆီရှိကာ သူတို့၏အကြည့်က မြင့်မားနေသော တောင်ထွတ်ပေါ်၌သာ ရှိနေသည်။
ချီ ချီ
အလင်းက တောင်ထွတ်ပေါ်၌ ရုတ်တရက် ဖြတ်ခနဲ ပေါ်လာပြီး တောင်ထဲကနေ အပြာရောင်ကျောက်တုံး တစ်ရာကျော် ပြုတ်ကျလာ၏။ အောက်ရှိ မရေမတွက်နိုင်သော သိုင်းပညာရှင်များက အပြာရောင်အလင်းဆီသို့ ရုတ်တရက် ပျံသန်းသွားကြပြီး သူတို့က အကြော်အိုးများနှင့် တူနေတော့သည်။ ပျော်ရွှင်မှုဖြင့် အပြာရောင်ကျောက်တုံးကို ဆုပ်ကိုင်ပြီးနောက် သူတို့က လက်ထဲရှိ ရှေးဟောင်းနတ်ဘုရား လက်စွပ်များကို ချက်ချင်းထည့်လိုက်ကြသည်။
ဘန်း
ထိုလူများက အပြာရောင် အလင်းစီးကြောင်းဆီသို့ တစ်ဆက်ထဲ ပျံသန်းသွားကြသည်။ အစွမ်းထက်သော ဗာဂျရာနယ်ပယ် သိုင်းပညာရှင်တစ်ဦးက ခြေထောက်ကို လွှဲယမ်းကာ ကျန်သည့်နှစ်ယောက်ကို ကန်ချောက်လိုက်ပြီး သူ့အတွက် ကျောက်တုံးယူလိုက်၏။ အကန်ခံလိုက်ရသည့်လူက ရွေးချယ်စရာမရှိတော့ဘဲ မြေကြီးပေါ်ကနေ နာကျင်နေသည့်ပုံဖြင့် တွားသွားလာပြီး ဗာဂျရာနယ်ပယ် သိုင်းပညာရှင်ကို ခါးသက်စွာ ကြည့်လိုက်၏။
ဖုန်း ဖုန်း ဖုန်း
တိုက်ခိုက်မှုများ ဆက်လက် ဖြစ်ပွားနေ၏။ သို့သော် မည်သူကမှ သူ၏အဖော်များကို သတ်ဖြတ်ရန် မကြိုးစားချေ။ လက်ထဲ၌ အပြာရောင်ကျောက်တုံး ရသည်နှင့် ကျန်သည့်သူများက လုယူတာ ရပ်တန့်ရမည်။ တစ်ဖက် သိုင်းပညာရှင်များသည် နောက်ထပ် တောင်များတစ်ဝိုက်၌လည်း ငြိမ်ဆိမ်စွာ စောင့်နေပြီး ခိုးယူတာမျိုးမရှိပေ။
“မိုးကြိုးကျောက်တုံးတွေ ဟား ဟား ဟား ဒါတွေက တကယ်မိုးကြိုး ကျောက်တုံးတွေပဲ”
ကျန်းရီက အပျော်လွန်သွားသည်။ ထိုအပြာရောင်ကျောက်တုံးများက ခုနတုန်းက တူးထုတ်လိုက်သည့် အပြာရောင် ကျောက်စိမ်းတုံးများဆိုတာ သိနေသည်။ လူတစ်သောင်းက ယင်းအတွက် ယှဉ်ပြိုင်နေလေရာ မိုးကြိုးကျောက်တုံးပဲဖြစ်ရမည်။ မိုးကြိုးကျောက်တုံးများအတွက် ထိုလူများသည် ခွေးများသဖွယ် တိုက်ခိုက်နေသော်ငြား သူက လူသူကင်းမဲ့သော တောင်တန်းထဲတွင် အေးအေးလူလူ တူးထုတ်နိုင်၏။
လေးနာရီအတွင်း မိုးကြိုးကျောက်တုံးတစ်ရာ တူးထုတ်ခဲ့၏။ တောင်တန်းဒေသက အကန့်အသတ် မဲ့ပုံရသည်။ နောင်တွင် မိုးကြိုးကျောက်တုံးများအကြောင်း စိုးရိမ်ပူပန်စရာ လိုတော့မှာမဟုတ်ချေ။
***