← Chapters

အခွင့်အရေးအတွက် ရည်ရွယ်ချက်မရှိ စောင့်ဆိုင်းခြင်း

Vol. 48 Ch. 661

အခွင့်အရေးအတွက် ရည်ရွယ်ချက်မရှိ စောင့်ဆိုင်းခြင်း

Vol. 48 Ch. 661

ကျွတ်

ကြည်လင်သည့် အရိုးကျိုးသံ အသံတစ်သံက ထွက်ပေါ်လာလေသည်။ အနက်ရောင်မြူသည် လူတိုင်းကို မလွှမ်းခြုံခင် ကောင်းကင်ဧကရာဇ် ဖေးကော၏ ဦးခေါင်းခွံ့က ကျန်းရှောင်နူ ချေတာခံလိုက်ရ၏။ လူတိုင်းက ဖေးကောသူ၏ နတ်ဘုရားဒိုင်းကို ထုတ်ဖော်ထားတာ မြင်ခဲ့သည်။ သို့သော် နတ်ဘုရားဒိုင်းက ဖီးနစ်လက်သည်းရှေ့၌ ပူပေါင်းပမာ တစ်ချက်ဆုပ်ကိုင်ရုံဖြင့် ပေါက်ကွဲသွားသည်။

အနက်ရောင်မြူက ပတ်ဝန်းကျင်ကို လွှမ်းခြုံပြီးဖြစ်သည်။ သို့သော် အားလုံး၏စိတ်ထဲ ထိုမြင်ကွင်းက ပြည့်နှက်နေပြီဖြစ်သည်။ မြေပြင်က အနက်ရောင်မြူဖြင့် လွှမ်းခြုံခံလိုက်ရပြီး အစိမ်းရောင်တောင်ပံ အစိမ်းရောင်ဆံနွယ်တို့ဖြင့် မိန်းမလှလေးတစ်ဦးက ပျံဝဲနေ၏။ သို့သော်သူမ၏ အရှိန်အဝါက သူတို့ကို ထိတ်လန့်ကြောက်ရွံ့မှုကို ခံစားရစေသည်အထိ ကြောက်မက်ဖွယ်ကောင်း၏။ သူက ပုံရိပ်ယောင်တစ်ခုအသွင် ပြောင်းလဲသွားပြီး သူတို့ဆီ ပျံသန်းလာ၏။ အစိမ်းရောင် ရောင်ခြည်နှင့် ရောနှောနေသော လက်သည်းက သေမင်း၏ လက်နက်ကဲ့သို့ပင်။ ကောင်းကင်ဧကရာဇ် ဖေးကော၏ နတ်ဘုရားဒိုင်းကို အလွယ်တကူ ဖြိုခွဲသွား၏။ ပြီးနောက် ဖေးကော၏ ဦးခေါင်းခွံ့ကို တစ်ချက်ထဲဖြင့် အပိုင်းပိုင်းအစစဖြစ်အောင် ချေလိုက်သည်။

ဖျက်ဆီးခြင်း

သူတို့ကြားထဲ၌ အကွာအဝေး တိုတောင်းသောကြောင့် ဖြစ်ဟန်တူသည်။ ကျန်းရှောင်နူက ရုတ်တရက် ပေါ်လာသောကြောင့် သို့မဟုတ် ဖေးကောတုံ့ပြန်တာ နှေးလွန်းသောကြောင့် ဖြစ်နိုင်သည်။ သို့သော် ကျန်းရှောင်နူ၏အရှိန်က မြန်ဆန်လွန်းသည် ဆိုတာမငြင်းနိုင်ပေ။ လူတိုင်းထက် မြန်ဆန်ပြီး သူမ၏ လက်သည်းများက ချွန်ထက်လှသည်။ နတ်ဘုရားဒိုင်း ရှိနေလျှင်တောင် မကွာဟသွားပေ။

ချီ ချီ

လူတိုင်းက လေခွင်းခံရသည့်အသံကို ကြားနေရ၏။ ပြီးနောက် ကောင်းကင်ကနေ လူရိပ်လေးရိပ် တစ်ဆက်ထဲ ပြုတ်ကျလာ၏။ ကောင်းကင်ထဲတွင် အနက်ရောင်မြူကလည်း ဖြည်းဖြည်းချင်း ပျောက်ကွယ်သွား၏။ အကြောင်းမှာ ဖုန်းလန်သည် အံ့သြနေသောကြောင့် အမှောင်ထု တာအိုပုံစံကို ထုတ်ဖော်ရန် မော့လျော့သွားသောကြောင့်ဖြစ်သည်။

ရွှီ ရွှီ

ရွှေရောင်မျောလွင့် ဧကရာဇ်ကလည်း အေးစက်သော လေထုကို ရှုရှိုက်မိပြီးနောက် ကောင်းကင်ကနေ အသက်မဲ့စွာ ပြုတ်ကျလာသော လူရိပ်လေးရိပ်ကို စိုက်ကြည့်လိုက်၏။ ဦးခေါင်းခွံ့များ ကြေနေကာ လူနှင့်မတူသည့်အလောင်းများ ဖြစ်သွားစေသည်။ သူ၏မျက်လုံးထဲ၌ အကြောက်တရားများ ပေါ်နေပြီး လေထဲ၌ ထောင်လွှားစွာရပ်နေသော ကျန်းရှောင်နူကို တစ်ချက်ကြည့်ပြီးနောက် သူ့တစ်ကိုယ်လုံး အေးစက်လာတာကို ခံစားမိလိုက်သည်။

“အမ်”

ကျန်းရီကလည်း ထိတ်လန့်သွား၏။ ကျန်းရှောင်နူသည် မင်ရည်ငှက်မွေး နတ်ဘုရားသိုင်းကို ဒုတိယအဆင့်ရောက်အောင် ကျင့်ကြံခဲ့ပြီး သူမ၏ခွန်အား ဆယ်ဆတိုးလာပြီဖြစ်ကာ အဆင့်နိမ့် ကောင်းကင်ဧကရာဇ်နှင့် ယှဉ်နိုင်နေပြီဟု ဆိုခဲ့သည်။ မထင်ထားဘဲ ကျန်းရှောင်နူသည် ကောင်းကင်ဧကရာဇ် လေးယောက်လုံးကို ဖျတ်ခနဲ သတ်ဖြတ်နိုင်လောက်သည့် အခြေအနေထိ အမှန်တကယ် ကြမ်းတမ်းလာတော့သည်။ ယင်းက ခြုံခိုတိုက်ခိုက်တာဖြစ်ပြီး သူတို့၏အကွာအဝေးက နီးနေသောကြောင့် ဖြစ်သည့်တိုင် အမှန်တကယ် ထိတ်လန့်ဖွယ် ကောင်းနေသေး၏။

“မင်း ဆိုးလိုက်တဲ့ ကောင်မလေး”

သို့သော် သူက စိတ်ပျက်လက်ပျက် ပုံစံဖြင့် ပြောလိုက်၏။

“အခြေအနေအတိုင်း လှုပ်ရှားမယ်လို့ သဘောတူထားတာ မဟုတ်ဘူးလား။ ဘာကြောင့် တစ်ယောက်ထဲ တက်သွားတာလဲ။ သူတို့က ထူးခြားတဲ့ တိုက်ကွက်တချို့ ဒါမှမဟုတ် ခုခံခြင်းရတနာတွေ ပိုင်ဆိုင်ထားမယ်ဆိုရင် ဘယ်လိုလုပ်မလဲ။ မင်းဒီလိုအန္တရာယ်များအောင် ဆောင်ရွက်နေမယ်ဆိုရင် မင်းကို ဝင်ပါခွင့် မပေးတော့ဘူး”

ကျန်းရှောင်နူက ပြန်ရောက်လာသည်။ သူမ၏ ခန္ဓာကိုယ်ပေါ်၌ အစိမ်းရောင် ရောင်ခြည်များ ဖျတ်ခနဲ ပေါ်လာပြီးနောက် မူလသွင်ပြင်ကို ပြောင်းလဲသွားတော့သည်။ ကံဆိုးသည်မှာ နောက်ကျောကို ကာပေးထားသော အဝတ်အစားများက ပြဲကုန်ပြီဖြစ်သည်။ ချက်ချင်းပင် ဖုန်းလန်က သူမဝတ်ဆင်ရန်အတွက် ခြုံထည်တစ်ခု ထုတ်ပေးလိုက်၏။ အပေါ်ဝတ်ရုံရှည်တစ်ခု ထုတ်ပေးလိုက်တော့သည်။

“သခင်လေး”

ကျန်းရှောင်နူက မကျေမချမ်း နှုတ်ခမ်းစူတော့၏။

“သူတို့ကို သတ်နိုင်မယ်လို့ ညီမခံစားမိလို့ပါ။ ဒါ့ကြောင့် လှုပ်ရှားလိုက်တာ”

“ခံစားမိတယ်လား”

ကျန်းရီက မျက်စောင်းထိုးလိုက်၏။

“မှားယွင်းအကဲဖြတ်မိရင် ဘယ်လိုလုပ်မလဲ။ ဆိုးလိုက်တာ”

“မဟုတ်ပါဘူး”

ကျန်းရှောင်နူက မျက်နှာလေးကို မော့ထားလျက် ပြန်ပြောလိုက်သည်။

“ကျွန်မတို့မျိုးနွယ်စုရဲ့ အာရုံက သိပ်ကိုစူးရှတာ။ ဥပမာအနေနဲ့ အရင်တုန်းက ဖုန်းမျိုးနွယ်စုရဲ့ ဘိုးဘေးကို မသတ်နိုင်ဘူးလို့ ခံစားမိတာကြောင့် ထွက်ပြေးခဲ့တာလေ။ သူတို့ကို သတ်နိုင်တယ်လို့ ခံစားမိသ၍ သူတို့သေချာပေါက် သေမှာပဲ”

“အမ်”

ကျန်းရီနှင့် ဖုန်းလန်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိသည်။ နှစ်ယောက်လုံးက စိတ်ထဲ၌ စိုးရိမ်ကြောင့်ကြမှု ဖြစ်ပေါ်လာသည်။ ကျန်းရှောင်နူရဲ့ မျိုးနွယ်စုက မကြမ်းလွန်းဘူးလား။ သူ့လက်သည်းက တားမြစ်လို့မရဘူးပဲ။

အရှိန်ကရော သိပ်ကိုကြောက်ဖို့ ကောင်းမနေဘူးလား။ ဒီလိုဖြုံလောက်တဲ့ မျိုးနွယ်စုက အရှေ့ပိုင်း တော်ဝင်နယ်မြေမှာ အရမ်းနာမည်ကြီးနိုင်တာပေါ့။ ဘာကြောင့်များ ဖုန်းမျိုးနွယ်စုရဲ့ မှတ်တမ်းထဲမှာ ရှိမနေရတာလဲ။

သို့သော် ယင်းက လူတိုင်းအတွက် ပျော်ရွှင်စရာဖြစ်၏။ ကျန်းရှောင်နူ၏ခွန်အား တိုးလာသောကြောင့် ဖြစ်၏။ ကျန်းရီက ကျန်းရှောင်နူကို ကူကယ်ရာမဲ့စွာ တစ်ချက်ကြည့်ပြီးနောက် တိုက်ပွဲ၏ အကြွင်းအကျန်များကို စုဆောင်းရန် လျှောက်သွားလိုက်သည်။ သူက လွန်းကို ကောက်ယူလိုက်ပြီးနောက် ရွှေရောင်မျောလွင့်နဂါး၏ အကြည့်အောက်၌ ဖုန်းလန်ကို ပေးလိုက်သည်။

“ဖုန်းအာ ပြန်ရောက်ပြီဆိုတာနဲ့ ဒီရတနာကို သန့်စင်လိုက်။ ဒါက သာလွန်သူတော်စင် အသုံးအဆောင်ဖြစ်လောက်ပြီး မင်းရဲ့ အမှောင်တာအိုပုံစံရဲ့ ခြုံခိုတိုက်ကွက်နဲ့ တွဲဖက်အသုံးပြုနိုင်တယ်။ မင်းအတွက် ကောင်းကျိုးရစေမှာ”

ကျန်းရီသည် ရှေးဟောင်းနတ်ဘုရား လက်စွပ်လေးကွင်းကို သိမ်းဆည်းလိုက်၏။ သူတို့သေပြီး ဖြစ်သောကြောင့် သူတို့ကိုယ်ပေါ်၌ ဝိညာဉ်အမှတ်အသား မရှိတော့ရာ အထဲကို လွယ်လင့်တကူ စစ်ဆေးကြည့်နိုင်သည်။ တစ်ချက်ကြည့်ပြီးနောက် ချက်ချင်း ပျော်ရွှင်သွား၏။

ရှေးဟောင်းနတ်ဘုရား လက်စွပ်လေးကွင်းထဲ၌ ရတနာများစွာရှိ၏။ အထဲ၌ သူတော်စင်လက်နက် တစ်ဒါဇင်ခန့် ရှိပြီး ကောင်းကင်ကျောက်တုံး တစ်သောင်းနီးပါးရှိသည်။ ထို့အပြင် မိုးကြိုးကျောက်တုံး များစွာလည်းရှိနေပြီး အနည်းဆုံး သုံးရာ၊ လေးရာရှိ၏။

“ရိတ်သိမ်းမှုကြီးပဲ”

ကျန်းရီက ရယ်မောကာ ပြုံးလိုက်တော့၏။

“တစ်ရက်အတွင်း မိုးကြိုးကျောက်တုံး တစ်ထောင်ကျော်ကို ရလာခဲ့တာ။ ငါတို့တွေ လေးလ၊ ငါးလစာလောက် ဖူလုံသွားပြီပဲ။ မြို့ထဲမှာ ငြိမ်းငြိမ်းချမ်းချမ်း နေကြရအောင်။ မိုးကြိုးကျောက်တုံးတွေအတွက် နောက်တစ်ခေါက် အပြင်ထွက်တဲ့အချိန် နှစ်ကုန်ပိုင်းလောက် ဖြစ်မှာပဲ။ ဒါဆို အပြစ်သားကျွန်းမှာ ဆက်နေသွားလို့ရပြီ”

“မိုးကြိုးကျောက်တုံး တစ်ထောင်ကျော်လား။ ဒါတွေကို ဘယ်လိုများ ရလာတာလဲ သခင်လေး”

ယခုအခေါက်တွင် ဖုန်းလန်၊ ကျန်းရှောင်နူနှင့် ကျန်သည့်သူများ အံ့သြရမည့်အလှည့် ဖြစ်သွားသည်။ ကျန်းရီက ရှင်းပြမနေဘဲ ပြုံးရုံသာပြုံးလိုက်၏။

“သွားကြမယ်။ ပြန်ရောက်ပြီးမှ ရှင်းပြတာပေါ့”

ကျန်းရီ၏ ဧကရီနန်းတော်က ဖျတ်ခနဲ ပေါ်လာလျက် သုံးယောက်သားကို ထည့်လိုက်သည်။ ပြီးနောက် ဘုံးကိုးဘုံ၏ နဂါးမီးလျံများကိုထုတ်ကာ အလောင်းသုံးခုကို မီးရှို့ပစ်လိုက်သည်။

ဝှစ်

သူကမြို့ဂိတ်ဆီသို့ လျင်မြန်စွာ ပျံသန်းနေ၏။ သို့သော် မြို့ဂိတ်နား မရောက်သေးခင် အပြင်ဘက်၌ စောင့်နေသည့် လူတစ်စုကြောင့် သူရပ်တန့်လိုက်၏။ ထိုလူများက သူ့အရိပ်ကို မြင်သောအခါ အားလုံးရောက်ချလာသည်။

လူတစ်စုက သူပြန်ရောက်လာမှာကို စောင့်ဆိုင်းနေကြတာပဲဖြစ်သည်။ မြို့ဂိတ်အပြင်ဘက်တွင်လည်း အဖြူရောင် တိုက်ပွဲဝင် ဝတ်စုံကိုဝတ်ဆင်ထားသော လုမျိုးနွယ်စု၏ စစ်သည်တစ်စုက ရှိနေ၏။ သို့သော် မည်သူကမှ မလှုပ်ရှားပေ။ သူတို့က ပွဲတစ်ပွဲကို ကြည့်နေသည့်အလား စိတ်ဝင်စားနေသည့် အကြည့်များသာ ရှိနေလေ၏။

“ပြေး”

ကျန်းရီက သတိဝင်သွားပြီး အစွမ်းကုန် ပြေးတော့သည်။ သူက ချက်ချင်း လှည့်ပြေးလာပြီး သူ့မျက်နှာထက်တွင် အကြောက်တရားများ ပြည့်နေတာကို လုမျိုးနွယ်စု၏ စစ်သားများ တွေ့သောအခါ ရယ်မောလိုက်ကြသည်။

“ဟေ့ကောင် မင်း ပြေးနိုင်မှာမဟုတ်ဘူး။ ချက်ချင်း အညံ့ခံလိုက်။ မင်းရဲ့အသက်ကို ချမ်းသာပေးမယ်”

“အဟုတ်ပဲ ညရောက်လာရင် အပြင်ဘက်မှာ မိုးကြိုးမီးတွေ ပြည့်သွားလိမ့်မယ်။ ငါတို့ဆီက ထွက်ပြေးနိုင်ရင်တောင် သေခြင်းတရားပဲ မင်းကိုစောင့်ကြိုနေမှာ”

“ဟား ဟား ဟား သူ့ကိုပြေးခွင့်ပေးလိုက်ပါ။ ဒီအရှိန်နဲ့ ဘယ်လောက်များ ပြေးနိုင်မှာလဲ။ ဘယ်လောက်များ ခံမှာလဲ”

“အစ်ကိုလုံ သူ့ကိုသေတဲ့အထိ ဆော့ကစားရင်ရော။ ကျုပ်ရဲ့တိုက်ပွဲဝင် ဓားသွားရဲ့ ဆာလောင်မှုကို ဖိနှိပ်ဖို့က ခက်နေတာ”

လူ(၁၂)ယောက်ခန့်ရှိပြီး သူတို့ထဲမှ (၃)ယောက်က ကောင်းကင်ဧကရာဇ် နယ်ပယ်ဖြစ်ပြီး ကျန်သည့်သူများက ဗာဂျရာနယ်ပယ် အမြင့်ဆုံးအဆင့်တွင် ရှိကြသည်။ အော်လိုက်သည့်သူက ဗာဂျရာနယ်ပယ် အမြင့်ဆုံးအဆင့်တွင်ရှိသူဖြစ်၏။ ကောင်းကင်ဧကရာဇ် သုံးဦးက စကားမပြောဘဲ တိုက်ခိုက်ရန် အချက်မပြ။ သူတို့က တိတ်တဆိတ် ပျံသန်းလာပြီး သူတို့ကြားရှိ အကွာအဝေးက နီးလာတော့၏။

မိုင်နှစ်ဆယ်၊ မိုင်သုံးဆယ်

ကျန်းရီသည် မိုးကြိုးတောင်ကြားဆီသို့ ပျံသန်းလာသည်။ သူသည် မြို့ဂိတ်အပြင်ဘက်ရှိ ပုံရိပ်များကို ဝေဝါးဝါးသာ မြင်နိုင်တော့၏။ သူနှင့်လိုက်သူများကြားရှိ အကွာအဝေးက နှစ်မိုင်သာကွာပြီး တစ်ဖက်လူက အချိန်မရွေး တိုက်ခိုက်နိုင်၏။

ကောင်းကင်ဧကရာဇ်ထဲမှ တစ်ယောက်က နောက်ဆုံးတွင် စကားပြောလာပြီး အေးစက်စက် ပြောလိုက်၏။

“ဟေ့ကောင် လှည့်ပြန်ဖို့အတွက် ကောင်းကင်က မှောင်နေပြီ။ ကောင်းကင်က မှောင်လာပြီဆိုတာနဲ့ မိုးကြိုးမီးတွေက မိုးကြိုးပစ်မချရင်တောင် တောင်တန်းဒေသနားမှာ မိုးကြိုးမီးက လှည့်သွားနေမှာပဲ။ မိုးကြိုးမီးက မင်းကိုထိပြီဆိုတာနဲ့ ပြာဖြစ်သွားလိမ့်မယ်။ ပထမရွေးချယ်မှုက အဲဒီမိန်းမလှကိုလွှဲပေး။ အဖွဲ့မှူးယဲ့က စိတ်ကောင်းဝင်နေရင် မင်းကို ကာကွယ်ပေးဖို့တောင် ဆုံးဖြတ်လိမ့်မယ်။ ဒုတိယရွေးချယ်မှုက သေလိုက်တော့”

“အနားမလာနဲ့။ ကျုပ်ကိုစဉ်းစားခွင့်ပေးအုံး”

ကျန်းရီက ကြောက်လန့်တကြား အော်လိုက်၏။ သို့သော်သူက ပျံသန်းတာ မရပ်သွားပေ။ ကောင်းကင်ဧကရာဇ် သုံးဦးက နှာမှုတ်လျက် ပုံရိပ်ယောင် သုံးခုအသွင် ပြောင်းလဲသွားကာ ကျန်းရီကို ဝိုင်းလိုက်ကြသည်။ ဗာဂျရာနယ်ပယ် အမြင့်ဆုံးအဆင့်တွင် ရှိသူများကလည်း လိုက်လာ၏။ သူတို့၏လက်နက်များက လင်းလာပြီးနောက် တိုက်ခိုက်ရန် ပြင်လိုက်တော့သည်။

ကျန်းရီ၏အရှိန်က အတော်လေး နှေးနေသေးပြီး ကောင်းကင်ဧကရာဇ် သုံးဦး တစ်ဟုန်ထိုး ရောက်လာပြီးနောက် သူအဝိုင်းခံလိုက်ရသည်။ သူတို့ထဲမှ တစ်ယောက်က စိတ်မရှည် လက်မရှည် ပြောလိုက်တော့၏။

“မင်းကို နောက်ဆုံးတစ်ခေါက် မေးမယ်။ လူလွှဲပေးမှာလား။ မလွှဲပေးဘူးလား”

ကျန်းရီက ရပ်တန့်လိုက်၏။ သူ၏မျက်လုံးထဲ အကြောက်တရားများ ပြည့်နေသည်။ သူက အံ့ကြိတ်လျက် ပြောလိုက်တော့၏။

“လူလွှဲပေးမယ်ဆိုရင် ကျုပ်ကိုမသတ်ဖို့ အာမခံလား”

သုံးယောက်သား လက်လှုပ်ရှားလိုက်တာကို မြင်သည့်အချိန် ဧကရီနန်းတော်က ကျန်းရီ၏ လက်ထဲ၌ ပေါ်လာပြီး လေထဲ၌ လူရိပ်သုံးရိပ်က ပေါ်လာ၏။ ဖုန်းလန်နှင့် ရှောင်နူကို တပ်မက်မှုအပြည့်ဖြင့် ကြည့်နေစဉ် ကောင်းကင်ဧကရာဇ်သုံးဦး၏ မျက်လုံးက လက်လာတော့သည်။ ထိုစဉ် ကျန်းရှောင်နူက အသွင်ပြောင်းလိုက်၏။ သူမ၏ အလှတရားကနေ သူတို့၏စိတ်ကို ပြောင်းလဲသွားစေသည့် အရာဖြစ်သည်။

သူတို့၏ သူမကို ပုံစံပြောင်းသွားစေနိုင်သည့်အရာ ဖြစ်သည်။

သို့သော် နောက်တစ်စက္ကန့်၌ သုံးယောက်၏ အမူအရာသည် ပြောင်းလဲသွား၏။ အကြောင်းမှာ မြူနက်များက ဖုန်းလန်နား ဝိုင်းလာသောကြောင့်ဖြစ်၏။ ကောင်းကင်က ချက်ချင်း နက်မှောင်လာသည်။

တစ်ချိန်ထဲနီးပါး၌ ကျန်းရှောင်နူက ကောင်းကင်ထဲ ပျံသန်းလာ၏။ သူမ၏ ဖီးနစ်လက်သည်းများက အစိမ်းရောင် ရောင်ခြည်ဖြင့် ရောနေလျက် ရှေ့ရှိ ကောင်းကင်ဧကရာဇ်ကို သေခြင်းတရား၏ အရှိန်အဝါ အငွေ့အသက်ကို ခံစားသွားရစေသည်။

***

All Chapters