← Chapters

သူတို့သေချာပေါက် အပြင်ကိုထွက်မှာပဲ

Vol. 48 Ch. 662

သူတို့သေချာပေါက် အပြင်ကိုထွက်မှာပဲ

Vol. 48 Ch. 662

သိုင်းပညာရှင်တစ်ဦးသည် အန္တရာယ်နှင့် ရင်ဆိုင်ရသည့်အချိန်တွင် အလိုအလျောက် တုံ့ပြန်မှုက မည်သည့်အရာဖြစ်မည်နည်း။ ယင်းက ခုခံရန်ဖြစ်သည်။

ကျန်းရှောင်နူ၏ လက်သည်းမှ အရှိန်အဝါ တည်ရှိမှုက ကြောက်မက်ဖွယ် ကောင်းလွန်းပြီး သူမရှေ့ရှိ ကောင်းကင်ဧကရာဇ်ကိုတောင် သေခြင်းတရား၏ အငွေ့အသက် ခံစားမိစေ၏။ သူက အလိုလိုပင် နောက်ဆုတ်လိုက်မိပြီး တစ်ချိန်ထဲ၌ သူ၏နတ်ဘုရားဒိုင်းကို ထုတ်ဖော်ကာ ပြန်လည်တိုက်ခိုက်ရန် ပြင်ဆင်နေသည်။

ဖုန်းလန်၏ အမှောင်ထု တာအိုပုံစံက ရောက်ရှိလာပြီး ပတ်ဝန်းကျင်ကို လွှမ်းခြုံသွား၏။ သို့သော် ကျန်းရှောင်နူသည် ကျန်သည့် ကောင်းကင်ဧကရာဇ် နှစ်ဦးကို အလွယ်တကူ ပိတ်ထားနိုင်၏။ တောင်ပံတစ်ချက် ခတ်လိုက်ပြီးနောက် ပုံရိပ်ယောင်တစ်ခု  အသွင်ပြောင်းလဲသွားပြီး နောက်ထပ် ကောင်းကင်ဧကရာဇ် တစ်ဦးဆီသို့ ပျံသန်းသွားတော့သည်။ သုံးယောက်လုံးက ကောင်းကင်ဧကရာဇ် အဆင့်နိမ့်များ ဖြစ်ကြသည်။ သူတို့က ဖုန်းလန်၏ အမှောင်ထု တာအိုပုံစံကို ပယ်ဖျက်နိုင်သည့် အရည်အချင်းရှိပြီး မြူနက်များကို လွင့်ပျယ်အောင် လုပ်နိုင်သော်ငြား ကျန်းရှောင်နူ၏ ချွန်ထက်သော လက်သည်းများကို ရင်ဆိုင်ရာတွင် ဘယ်တော့မှ ပိတ်ဆို့နိုင်မှာ မဟုတ်ပေ။ ထို့ကြောင့်ရလဒ်က သတ်မှတ်ပြီးသား ဖြစ်နေသည်။

ရွှေရောင်မျောလွင့်နဂါးနှင့် ကျန်းရီတို့က တစ်ပြိုင်နက်ထဲ လှုပ်ရှားသည်။ ရွှေရောင်မျောလွင့်နဂါးက နောက်ဘက်ရှိ ဗာဂျရာနယ်ပယ် သိုင်းပညာရှင်များဆီသို့ ပျံသန်းသွားပြီးနောက် ဖုန်းလန်၏ ညွှန်ကြားမှုဖြင့် တစ်ယောက်ပြီးတစ်ယောက်ကို သတ်ဖြတ်လိုက်တော့သည်။

တစ်ဖက်တွင်မူ ကျန်းရီက ကျန်ရှိသော ကောင်းကင်ဧကရာဇ်ဆီသို့ ပျံသန်းသွားပြီးနောက် သူ၏မီးနဂါးဓားဖြင့် မီးနဂါးအကောင်ရေတစ်သောင်းကို ထုတ်ဖော်လိုက်တော့သည်။ ဖုန်းလန်နှင့် ကျန်သည့်သူများ ဤနေရာတွင် ရှိနေလျှင် သူကဘုံကိုးဘုံ၏ နဂါးမီးလျံများကို ထုတ်ဖော်ရဲမှာ မဟုတ်သော်ငြား မီးနဂါးဖြင့် သူ၏ဝိညာဉ်ဓား (၃၆)စင်းကို ထုတ်ဖော်ခဲ့၏။

ဖုန်း ဖုန်း ဖုန်း

ကောင်းကင်ဧကရာဇ် သိုင်းပညာရှင်တစ်ဦးနှင့် ရင်ဆိုင်ရသည့်အချိန်တွင် မီးနဂါးများက အစွမ်းမထက်လောက်သော်ငြား သူတို့က ခြိမ်းခြောက်နိုင်ကြသည်။ ကောင်းကင်ဧကရာဇ်၏ စိတ်ဝိညာဉ်က မမာကြောပေ။ ယခုအချိန်တွင် အမှောင်ထု တာအိုပုံစံဖြင့် လွှမ်းခြုံခံလိုက်ရကာ သူကမမြင်မကြားသည့် အခြေအနေသို့  ကျရောက်နေ၏။ တစ်ခဏတာအတွက် သူလုပ်နိုင်သည့်အရာ ဆုံးရှုံးသွားပြီဖြစ်သည်။ ထို့ကြောင့် ထိုနေရာတွင် ရပ်လျက်သားဖြင့် နတ်ဘုရားဒိုင်းကို ထုတ်ဖော်လိုက်တော့သည်။ မီးနဂါး အကောင်ရေတစ်သောင်းကျော်က တစ်ဝီဝီ ပေါ်ထွက်လာသည့် အချိန်တွင် တိုက်ခိုက်ခံရပြီးနောက် သူ၏နတ်ဘုရားဒိုင်းသည် ရောင်ခြည်တောက်ပစွာ ဖြာထွက်လာသော်ငြား  ယင်းက ပြိုကွဲသွားမှာမဟုတ်တာ သိသာ၏။

ကောင်းကင်ဧကရာဇ်က မီးနဂါး၏ စွမ်းအားကို ခံစားမိသည့်အချိန်၌ ရင်ထဲအနည်းငယ် ဆောက်တည်ရာ ရသွားသည်။ သို့သော် အနက်ရောင်မြူကိုခွင်းလျက် လာနေသော အနီရောင်အလင်းကို မြင်တွေ့သည့်အချိန်၌ ခေါင်းမွှေးများ ထောင်ထကုန်၏။ သူက ထိုအရာကဘာမှန်း စစ်ဆေးရန် အချိန်မရခင် ဝိညာဉ်ဓား (၃၆)လက်က သူ၏စိတ်ဝိညာဉ် ပင်လယ်တွင်းသို့ မျက်ခုံးနှစ်ဖက်ကြားကနေ ဝင်ရောက်သွားတော့သည်။

“ငါတော့သွားပြီ”

သူ့၌ စိတ်ဝိညာဉ် ခုခံခြင်းစွမ်းရည် မရှိသလို စိတ်ဝိညာဉ် ခုခံခြင်း အသုံးအဆောင်လည်း မရှိပေ။ ထိုဝိညာဉ်ဓားများက စိတ်ဝိညာဉ်တိုက်ကွက်များ ဖြစ်ကြောင်း သိရှိပြီးနောက် သူ၏စိတ်က စိတ်ပျက်အားငယ်လာတော့သည်။ အံ့ကြိတ်လျက် သူ့လက်ထဲရှိ တိုက်ပွဲဝင်ဓား ဆေဘာကို ကြမ်းတမ်းစွာ လွှဲခုတ်လိုက်တော့၏။ သူကရွှေရောင်အလင်းတန်းများ ပစ်ထုတ်လိုက်ပြီးနောက် တစ်စုံတစ်ယောက်ကို သူနှင့်အတူ ဆွဲချချင်နေသည်။

ရွှေရောင်အလင်းက အလွန်အစွမ်းထက်ပြီး အချို့က ကျန်းရီ၏ခန္ဓာကိုယ်ကို ထိသွားသည်။ မီးတိမ်သံချပ်ကာက ပိုင်ရှင်ကိုချက်ချင်း ကာကွယ်ပေးပြီး ကျန်းရီက သူ၏အနည်းငယ် ထုံထိုင်းမှုကိုသာ ခံစားလိုက်ရသော်ငြား ဒဏ်ရာပြင်းပြင်းထန်ထန် မရပေ။

ကလီစာများအနည်းငယ် နာကျင်သွားသည်ကို ခံစားမိသော်ငြား အပြင်ဒဏ်ရာ ပြင်းပြင်းထန်ထန် မရပေ။

ဖုန်း

ဝိညာဉ်ဓားက ဆက်လက်တိုက်ခိုက်ရာ ကောင်းကင်ဧကရာဇ်၏ စိတ်ဝိညာဉ်ကို ကြေမွသွားစေ၏။ ပြီးနောက် သူ၏ခန္ဓာကိုယ်က အသက်မဲ့လျက် ပြုတ်ကျသွားတော့သည်။

အနက်ရောင်မြူများက ဖြည်းဖြည်းချင်း လွင့်ပျယ်သွားပြီး ဖုန်းလန်သည် ရွှေရောင်အလင်းများကို ရှောင်တိမ်းရန်အတွက် အမှောင်ထုတာအိုပုံစံကို ရပ်တန့်ရတော့သည်။ သို့သော် တိုက်ပွဲက ယခုအချိန်တွင် အဆုံးသတ်နှင့်ပြီးသားဖြစ်သည်။

ကျန်းရှောင်နူသည် ကောင်းကင်ဧကရာဇ်နှစ်ယောက်ကို သတ်ဖြတ်ခဲ့ပြီး ကျန်းရီက တစ်ယောက်ကို သတ်ဖြတ်ခဲ့သည်။ ရွှေရောင်မျောလွင့်နဂါးက အမြင့်ဆုံးအဆင့် ဗာဂျရာနယ်ပယ် သိုင်းပညာရှင် (၁၂)ယောက်ကို ရင်ဆိုင်ပြီး သိုးအုပ်တစ်အုပ်အတွင်းသို့ ဝင်သွားသည့် ဆာလောင်နေသော မြေခွေးတစ်ကောင်ပမာ (၁၂)ယောက်လုံးကို အေးအေးလူလူ သတ်ဖြတ်ခဲ့၏။

ဝှစ်

ကျန်းရီက ကျန်းရှောင်နူကို ချက်ချင်း ထိန်ထားလိုက်၏။ ကျန်းရီသည် ကျန်းရှောင်နူ၊ ဖုန်းလန်နှင့် ရွှေရောင်မျောလွင့် နဂါးတို့ကို ဧကရီနန်းတော်ထဲသို့ ထည့်လိုက်၏။ သူက ကောင်းကင်စိတ်အာရုံ ဖြန့်ကျက်မှုများစွာကို ခံစားလိုက်မိသည်။ မြန်မြန်ဆန်ဆန်ပင် ပျံသန်းပြီး လက်နက်များနှင့် ရွှေရောင်နတ်ဘုရား လက်စွပ်များကို သိမ်းလိုက်၏။ ခန္ဓာကိုယ်များကိုတောင် မီးမရှို့တော့ဘဲ မြို့ဂိတ်ဆီသို့ ထက်မြသော ဓားတစ်စင်းနှယ် တစ်ဟုန်ထိုး ဝင်သွားတော့၏။

“အမ်”

ထိုကောင်းကင်စိတ်အာရုံများကို လုမျိုးနွယ်စု၏ စစ်သားများက ထုတ်လွင့်တာပဲဖြစ်သည်။ သူတို့သည် အစက ဘာမှကြည့်ကောင်းတာ မြင်ရမှာမဟုတ်ဟု ထင်ခဲ့သည်။ သို့သော် အနက်ရောင် တိမ်တိုက်များကို မြင်တွေ့သည့်အချိန်၌ သိချင်စိတ်တို့ ပေါ်ထွက်လာ၏။

ထိုသို့တိုင် သူတို့၏ ကောင်းကင်စိတ်အာရုံ ရောက်သွားသည့်အချိန်တွင် တိုက်ပွဲက အဆုံးသတ်နေပြီဖြစ်သည်။ ကျန်းရီကလည်း စစ်ပွဲရှိ အကြွင်းအကျန်များကို စုဆောင်းနေလေ၏။ ယခုအချိန်တွင် ကျန်းရီက ပုံရိပ်ယောင်အဖြစ် ပြောင်းလဲသွားကာ မြို့အရှေ့ဘက်ဂိတ်ဆီသို့ ပျံသန်းနေလေ၏။ စစ်သည်တော်များကလည်း ပင့်သက်ရှိုက်မိနေကြပြီး ကျန်းရီကို မီးဝင်းဝင်းတောက်သည့် မျက်လုံးများဖြင့် စိုက်ကြည့်နေကြကာ သူ့အကြောင်း တစ်စုံတစ်ခုကို ရှာဖွေရန် ကြိုးစားနေကြ၏။ အချိန်တိုအတွင်း ထိုမျှများပြားသည့် လူများကို အဘယ့်ကြောင့် ရှင်းထုတ်နိုင်ခဲ့သနည်း။ ယင်းက နှမြောစရာ ကောင်းလှသည်။

သူတို့က ကျန်းရီ၏ ဒန်တန်အတွင်းရှိ ထူးဆန်းသော ကြယ်စာလုံး ကိုးလုံးမှအပ သူတို့သည် ထူးခြားတာ မတွေ့ရပေ။ ကျန်းရီ၏ အရှိန်အဝါ တည်ရှိမှုအရ သူသည် ဒုတိယအဆင့် ဗာဂျရာနယ်ပယ် သိုင်းပညာရှင် တစ်ဦးမျှသာဖြစ်၏။

ဝက်လိုနေပြီး ကျားကိုစားနေတယ်။

ထိုစကားလုံးက အားလုံး၏စိတ်ထဲ၌ ပေါ်လာတာပဲဖြစ်သည်။ ယခုအချိန်တွင် အလယ်အဆင့် ကောင်းကင်ဧကရာဇ် အဖွဲ့မှူးတစ်ဦးကတောင် ကျန်းရီကို သတိပြုမိသွားသည်။ ကျန်းရီက အဆင့်နိမ့် ကောင်းကင်ဧကရာဇ် သုံးဦးကိုတောင် ချက်ချင်း သတ်ဖြတ်နိုင်စွမ်း ရှိခဲ့လျှင် ဆိုလိုသည်က ကျန်းရီ၏ခွန်အားသည် ကောင်းကင်ဧကရာဇ် အလယ်အဆင့်တွင် ရှိနေတာဖြစ်၏။ ထိုထက်တောင် မြင့်နိုင်သည်။

ဝှစ်

ကျန်းရီသည် မြို့ဂိတ်သို့ ရောက်နေပြီဖြစ်ကာ မြို့ထဲသို့ လျင်မြန်စွာ ဝင်လိုက်လေ၏။ လူတိုင်းက မျက်မှောင်ကြုတ်ထားပြီးနောက် ကျန်းရီတွင် မည်ကဲ့သို့သော အရည်အချင်းရှိကြောင်း နားမလည်နိုင် ဖြစ်နေကြသည်။ သူ၏ အရှိန်အဝါ တည်ရှိမှုကို ထိုကဲ့သို့ နိမ့်ပါးသည့် အဆင့်အထိ မည်ကဲ့သို့ ဖိနှိပ်နိုင်သနည်း။

ကျန်းရီမြို့ထဲသို့ ဝင်ရောက်ပြီးနောက် ခြံဝင်းထဲသို့ ပြန်သွားလိုက်သည်။ အနီရောင် ဆံပင်များက မျက်စိဖမ်းစားနိုင်စွမ်းရှိလွန်းကာ မှတ်မိခံရတာ မြန်သည်။ သူတို့မြင်သည့် လူတိုင်းက အံ့သြသွားကြ၏။

မြို့ထဲတွင် သတင်းက ပြန့်နေပြီးသားဖြစ်သည်။ ပါ့တောက်နှင့် အဖွဲ့မှူးလုံ၏လူများက ကျန်းရီကို လိုက်နေကြသည်။ သို့သော် ကျန်းရီက ပြန်ရောက်လာပြီး ကျန်သည့်သူများက ရောက်မလာပေ။ ရလဒ်က သိသာနေပြီဖြစ်သည်။

ဘန်း

တစ်နာရီခန့် ကြာပြီးနောက် ကောင်းကင်က အပြည့်အဝ မှောင်သွားချိန်၌ မြို့၏အရှေ့ဘက်ခြမ်းရှိ ခြံဝင်းထဲ၌ ပစ္စည်းများ ပစ်ပေါက်သည့် အသံတစ်သံ ပေါ်ထွက်လာသည်။ တောရိုင်းကောင် တစ်ကောင်ပမာ လူက လက်ဖက်ရည်ခွက်ကိုကောက်ပြီး သူတို့ကို ကြမ်းတမ်းစွာ ပေါက်ကွဲပစ်လိုက်သည်။

ကောင်းကင်က နက်မှောင်နေပြီဖြစ်ကာ ပါ့တောက်၏ ကောင်းကင်ဧကရာဇ် လေးဦးက ပြန်ရောက်မလာသေးပေ။ သူတို့ဘယ်တော့မှ ပြန်လာတော့မှာ မဟုတ်ဆိုတာ ပြောရန်မလိုပေ။ သူက ကျွမ်းကျင်သူလေးယောက်ကို ရုတ်တရက် ဆုံးရှုံးသွား၏။ ပါ့တောက်သည် အစကတည်းက အဖွဲ့မှူး ဆယ်ယောက်ထဲတွင် အဆင့်နိမ့်ပြီး သူကသူတို့ထဲတွင် အားအနည်းဆုံးဖြစ်၏။ တစ်စုံတစ်ယောက်ကတောင် အဖွဲ့မှူးအနေဖြင့် သူ၏ရာထူးကို ယူသွားနိုင်သည်။ သူမည်ကဲ့သို့ ဒေါသမထွက်ဘဲ နေမည်နည်း။

ခြံဝင်းက အလွန်သေးပြီး ကျန်းရီနေထိုင်သည့် ခြံဝင်းကဲ့သို့ ဖြစ်သော်ငြား  ဤနေရာ၌ အလွန်ခမ်းနားသည်။ ကြမ်းပြင်ပေါ်၌ အဝတ်အစားများကို ဖော်ထားသော အလှလေးနှစ်ဦးက ဒူးထောက်နေသည်။ သူတို့နှစ်ယောက်က ပါ့တောက် ဒေါသထွက်နေတာကို မြင်သောအခါ ကြောက်လန့်မှုကြောင့် တုန်ယင်နေ၏။ ပါ့တောက် စိတ်အခြေအနေ မကောင်းချိန်၌ သူကသူတို့ကို ညင်းပမ်းသည်ဖြစ်ကာ ယခုအခေါက်တွင်လည်း ချွင်းချက်မဟုတ်ပေ။

ခန်းမထဲတွင် နောက်ထပ် ကောင်းကင်ဧကရာဇ်တစ်ဦး ရှိနေ၏။ သူကလည်း တိတ်တဆိတ် ရပ်နေပြီး ပါ့တောက်ကို ဒေါသထွက်သွားစေမှာကို သူကြောက်နေမိ၏။ ပါ့တောက်၏ ထိန်းမရသည့် စိတ်နေစိတ်ထားက ကောင်းကင်မိုးကြိုးမြို့ထဲတွင် လူသိများသည်။

ပါ့တောက်သည် အိမ်ထဲရှိ လက်ဖက်ရည်ခွက်များ လက်ဖက်ရည်အိုးများကို ဖျက်ဆီးပြီး ဒေါသပေါက်ကွဲပြီးနောက် ကောင်းကင်ဧကရာဇ် သိုင်းပညာရှင်သည် ညင်သာသောအသံဖြင့် သတင်းပို့လိုက်၏။

“အစ်ကိုကြီးပါ့တောက် အဖွဲ့မှူးလုံကလည်း အမြင့်ဆုံးအဆင့် ဗာဂျရာနယ်ပယ် သိုင်းပညာရှင် (၁၂)ယောက်နဲ့ ကောင်းကင်ဧကရာဇ် သုံးယောက်ကိုပို့လိုက်တာ။ သူတို့ကို အနောက်ဘက်မြို့ဂိတ် အပြင်ဘက်မှာ တစ်ကိုယ်တော်ဝံပုလွေက ခေါ်သွားတယ်လို့ ကောလဟာလရှိတယ်။ တစ်ယောက်ယောက်က အနက်ရောင်မြူတွေ တက်လာတာကို တွေ့လိုက်ရပြီး အနက်ရောင်မြူ ပျောက်သွားတာနဲ့ သူတို့အားလုံး သေကုန်ပြီ”

“အမ်”

ပါ့တောက်၏ မျက်လုံးများက ဖျတ်ခနဲ လက်သွားကာ လေးနက်သောအသံဖြင့် ပြောလိုက်သည်။

“အဲဒီကောင်မှာ ဘာတိုက်ပွဲဝင်ခွန်အား ရှိနေတာလဲ။ သူက ဝက်လိုအယောင်ဆောင်ပြီး ကျားတွေကို စားနေတာများလား။ သူက အစွမ်းထက်တဲ့ တည်ရှိမှု ဖိနိပ်ခြင်းသိုင်းကို ပိုင်ဆိုင်ထားတာလား။ တစ်မြို့လုံး မှားယွင်းနေတာများလား။ ဒါမှမဟုတ် သူက ထူးခြားတဲ့စွမ်းရည် ရှိနေတာလား”

ပါ့တောက်က ရေရွတ်ပြောလိုက်ပြီးနောက် ဒေါသတကြီး လက်ယမ်းလိုက်၏။

“သူက ကျားအစစ်ဖြစ်ဖြစ် ကျားအတုပဲဖြစ်ဖြစ် ငါကရုမစိုက်ဘူး။ သူ့ကိုစောင့်ကြည့်ဖို့ တစ်ယောက်ယောက် ပို့ထားလိုက်။ သူမြို့ပြင်ထွက်ရဲရင် ငါကိုယ်တိုင် ဖြေရှင်းမယ်။ သူ့ကို ကျားသေတစ်ကောင်အဖြစ် ပြောင်းပစ်မယ်”

ကောင်းကင်ဧကရာဇ် သိုင်းပညာရှင်က ခါးသက်စွာပြုံးပြီး ပြောလိုက်တော့၏။

“တစ်ကိုယ်တော်ဝံပုလွေက ဖေးကောနဲ့ အဖွဲ့မှူးလုံရဲ့ လူတွေကို သတ်လိုက်တာ။ သူက မိုးကြိုးကျောက်တုံးတွေ တော်တော်များများ ရထားမှာပဲ။ မြို့ထဲမှာပုန်းနေပြီး အပြင်မထွက်မှာ စိုးရိမ်မိတယ်”

“သူတို့သေချာပေါက် အပြင်ထွက်မှာပဲ”

ပါ့တောက်က ပြောလိုက်၏။

“ရှန်းစီလူမျိုးစုမှာ ငြိမ်းငြိမ်းချမ်းချမ်း နေချင်တယ်ဆိုရင် ကုသိုလ်မှတ်တွေ လုံလောက်အောင် ရှိရမယ်။ အဲဒီကောင်က အမှတ် ပိုလိုချင်တယ်ဆိုရင် သူကအပြင်ထွက်ပြီး မိုးကြိုးကျောက်တုံးတွေ သေချာပေါက် ရှာမှာပဲ။ ဒီတစ်ခေါက်တော့သူ ချိုမြိန်တဲ့အရသာ ရပြီးသားဆိုတော့ အပြင်ထွက်စွန့်စားဖို့ သူ့ကိုယ်သူ အတိမ်းခံနိုင်မှာ မဟုတ်ဘူး။ မြို့ပြင်ထွက်တာနဲ့ ငါ့ကိုချက်ချင်း သတင်းပို့”

“ဟုတ်ကဲ့”

ကောင်းကင်ဧကရာဇ် သိုင်းပညာရှင်က လက်သီးနှစ်ဖက်ဆုပ်လျက် ထွက်ခွာသွားသည်။ ပါ့တောက်၏ အမူအရာက သုန်မှုန်သွားပြီးနောက် အမျိုးသမီးနှစ်ဦးကို ဆွဲဖမ်းလိုက်ကာ သူတို့၏ အဝတ်အစားများကို ကြမ်းတမ်းစွာ ဆုတ်ဖြဲလျက် သူတို့ကို သိုးငယ်လေးများပမာ အသွင်ပြောင်းလဲသွားစေတော့သည်။ လက်တစ်ဖက်စီ၌ အမျိုးသမီးတစ်ယောက်စီကိုသယ်လျက် အခန်းထဲသို့ ဝင်သွားတော့သည်။

***

All Chapters