← Chapters

ကုသိုလ်မှတ်များ အသုံးပြုမှု

Vol. 48 Ch. 663

ကုသိုလ်မှတ်များ အသုံးပြုမှု

Vol. 48 Ch. 663

တစ်ကိုယ်တော် ဝံပုလွေဟုသော အမည်က တစ်ညအတွင်း ကောင်းကင်မိုးကြိုးမြို့အတွင်း လူသိများသွားသည်။ အမျိုးမျိုးသော အဖွဲ့မှူးများကတောင် သူ့ကိုသတိပြုမိလာ၏။ ဆိုရလျှင် ပါ့တောက်နှင့် အဖွဲ့မှူးလုံ၏ ကောင်းကင်ဧကရာဇ်များက အားမနည်းပေ။ ကျန်းရီက သူတို့ကို သတ်ဖြတ်နိုင်လျှင် ယင်းကခွန်အားကို ရည်ညွှန်းနေတာပဲဖြစ်သည်။

မြို့အရှေ့ဘက်ဂိတ် အပြင်ဘက်ရှိ ကျန်းရီ၏ တိုက်ပွဲက သတင်းပြန့်သွားပြီးနောက် လုမျိုးနွယ်စု၏ စစ်သားများ ပါးစပ်မှ ကောလဟာလများ ထွက်ပေါ်လာ၏။ တိုက်ပွဲ၏ အခြေအနေ အမှန်ကို မည်သူကမှ မရှာဖွေနိုင်ရာ ယင်းက ပိုဆန်းကြယ်နေစေတော့သည်။ အထူးသဖြင့် ကျန်းရီ၏ သွင်ပြင်က ဗာဂျရာနယ်ပယ် ဒုတိယအဆင့်တွင်သာ ရှိနေချိန်တွင် လူတိုင်းကို ပိုဆန်းကြယ်မှု ခံစားရစေ၏။

ကျန်ရှိသည့် အဖွဲ့မှူးများက အနည်းငယ်သာ အာရုံစိုက်၏။ ကောင်းကင်မိုးကြိုးမြို့ထဲတွင် အဖွဲ့မှူး၏ရာထူးကို ရယူရန်အတွက် သူတို့လမ်းတောက်လျှောက်၌ အလောင်းပင်လယ် သွေးပင်လယ်ကို မည်သူက မဖြတ်ကျော်ခဲ့ရဘဲ နေမည်နည်း။ သူတို့ထဲမှ မည်သူကများ စစ်မှန်သော ကျွမ်းကျင်သူမဟုတ် တိုက်ပွဲအတွင်း ဆာလောင်သူ မဟုတ်သနည်း။

တစ်ညထဲ၌ ပါ့တောက်နှင့် အဖွဲ့မှူးလုံတို့က သူတို့သည် ကျန်းရီကို သေချာပေါက် သတ်မည်ဖြစ်ကြောင်း အားလုံးကို သိစေခဲ့သည်။ ထို့ကြောင့် ကျန်သည့်အဖွဲ့မှူးများက ကျန်းရီကိုခေါ်ရန် လူမပို့တော့ချေ။ ဘေးထွက်ရပ်ပြီး ပွဲကိုသာ ကြည့်ကြမှာပဲဖြစ်၏။ အဖွဲ့မှူးများထဲမှ တစ်ယောက်ကတောင်  ဒိုင်ကိုင်ပြီး ကျန်းရီ လမည်မျှကြာကြာ အသက်ရှင်နိုင်မည်ဆိုတာ လောင်းကြေးထပ်နေ၏။ ကျန်းရီ ပြန်ရောက်လာပြီးနောက် သူ့ခြံဝင်း၏ အရံအတားကို ဖွင့်ကာ အထဲတွင်နေလျက် အပြင်ဘက်ရှိ ရုတ်ရုတ်သဲသဲဖြစ်မှုကို လျစ်လျူရှုထားလိုက်သည်။

သူသည် အားလုံးကို သွားခွင့်ပေးလိုက်၏။ သူလေဟာနယ် အသုံးအဆောင်ကို ပိုင်ဆိုင်ထားသည့် အချက်အလက်ကိုသိကာ တစ်စုံတစ်ယောက်က သူ့ကိုစစ်ဆေးရန် အရန်အတားကို ဖြတ်ကျော်လာလျှင်တောင် ကိစ္စမရှိပေ။

ကျန်းရီသည် သူရရှိထားသော မိုးကြိုးကျောက်တုံးများအားလုံး ထုတ်ယူလိုက်သည်က လူတိုင်းကို လုံခြုံမှုနှင့် ပျော်ရွှင်ကြည်နူးသည့် စိတ်ခံစားချက် ရစေ၏။ ကျန်းရီအတွက် ခရီးတစ်ခေါက် ထွက်ခဲ့ခြင်းက မိုးကြိုးကျောက်တုံး (၁၄၀၀)ကျော် ရလာခဲ့သည်။ သူတို့သည် တစ်ရက်လျှင် မိုးကြိုးကျောက်တုံး ခြောက်တုံးသာပေးရန် လိုအပ်ပြီး တစ်လလျှင် (၂၇၀)ပေးရန်လိုအပ်၏။ တစ်နှစ်လုံးအတွက် သူတို့က မိုးကြိုးကျောက်တုံး (၃၂၀၀)ကျော် ပေးရန်လိုအပ်သည်။

တစ်နည်းဆိုရလျှင် တစ်ရက်အတွင်း ကျန်းရီက သူတို့အတွက် လဝက်နီးပါး မိုးကြိုးကျောက်တုံးများ ဖူလုံအောင် ရခဲ့တာပဲဖြစ်သည်။ သူတို့က ကောင်းကင်မိုးကြိုးမြို့ထဲတွင် နှစ်ဝက်ခန့် ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်မည်ဟု ဆိုလိုတာပဲဖြစ်သည်။ နောက်တစ်ခေါက်သူတို့ အပြင်ထွက်သည့်အချိန်၌ သူတို့က မိုးကြိုးကျောက်တုံးများ လုံလောက်အောင် စုဆောင်းမည်ဖြစ်ကာ သူတို့၏အလုပ်ကို လျှင်လျင်မြန်မြန် ချောချောမွေ့မွေ့ အဆုံးသတ်နိုင်မည်ဖြစ်ပြီး အပြစ်သားကျွန်း၌ ဆက်လက်နေထိုင်ရန် အရည်အချင်း ရရှိလိမ့်မည်။

လွန်ခဲ့သည့်တစ်ရက်က လူတိုင်းသည် မသက်မသာ ဖြစ်နေခဲ့ကြပြီး အချိန်မရွေး အသတ်ခံရမှာကို စိုးရိမ်ပူပန်ခဲ့ကြသည်။ သို့သော် ကျန်းရီထွက်ခဲ့သည့် ခရီးတစ်ခေါက်က ထိုပြဿနာရပ်များ အားလုံးကို ဖြေရှင်းလိုက်၏။ ဖုန်းလန်သည် သူမ၏ ရှေးဟောင်းနတ်ဘုရား လက်စွပ်ထဲမှ သေရည်ခရားအချို့ကို ထုတ်ပြီးနောက် အောင်ပွဲခံတော့သည်။ လူတိုင်းက များများသောက်လိုက်မိသောကြောင့် မူးကုန်၏။ ကျန်းရီအတွက် စိတ်အေးလက်အေး နေထိုင်ရန်က ရှားပါးလွန်းသောကြောင့် သူသည် ကျန့်ဝူရွှမ်းနှင့် ချမ်ဝမ်ကွမ်းတို့ကို ကမ်းပေ့လုပ်ပြီးနောက် သူတို့က အိပ်ပျော်သွားကြသည်။

ကျန်းရီသည် နောက်နေ့နံနက်စောစော ထလာပြီးနောက် လူတိုင်းကို သူတို့ငြိမ်းငြိမ်းချမ်းချမ်း ကျင့်ကြံနိုင်အောင် ကောင်းကင်ဧကရာဇ် နန်းတော်ထဲသို့ ပြန်ပို့ပေးသည်။ သူက အပြင်ထွက်ရန် မရည်ရွယ်ဘဲ ကောင်းကင်မိုးကြိုးမြို့ထဲတွင် ကျင့်ကြံရန် ရည်ရွယ်ထား၏။ သို့သော် မိုးကြိုးကျောက်တုံးများကို ရှေးဦးစွာလွှဲအပ်ရန် လိုအပ်၏။

သူသည် ခြံဝင်းထဲမှထွက်လာပြီး မြို့အရှင်၏အိမ်ဆီသို့ တန်းတန်းမတ်မတ် သွားလိုက်ပြီး ကျောက်လှေကားပေါ် တက်သွားလေ၏။

“အဲဒီမှာပဲ”

လုမျိုးနွယ်စု၏ စစ်သားနှစ်ယောက်က ဒုတိယအလွှာ၏ဝင်ပေါက်တွင် စောင့်ကြပ်နေရာ ကျန်းရီကိုဟန့်တားပြီး လေးနက်သောအသံဖြင့် ပြောလိုက်၏။

“တံဆိပ်ပြား”

ကျန်းရီက မှင်သက်သွားပြီးနောက် မြန်မြန်ဆန်ဆန် သဘောပေါက်သွား၏။ သူက ခြံဝင်းတံဆိပ်ပြားကိုထုတ်ပြီး စစ်သားက တစ်ချက်ကြည့်ပြီးနောက် လက်ဝှေ့ယမ်းလိုက်၏။

“ဒါဆိုဝင်လို့ရပြီ။ ပထမခန်းမက မိုးကြိုးကျောက်တုံးတွေ ပေးဖို့အတွက်ပဲ။ ဒုတိယခန်းမက မင်းရဲ့အမှတ်တွေကို လဲလှယ်ဖို့အတွက် အနောက်ဘက်က ခန်းမထဲကို ဝင်ရဲရင် ချွင်းချက်မရှိ အသတ်ခံရမယ်”

ကျန်းရီသည် နာခံလျက် ကျောက်တံခါးကိုဖြတ်လျှောက်လာရာ လမ်းကြောင်းရှည်ကြီးကို တွေ့လိုက်ရ၏။ လမ်းကြောင်းဘေးတစ်ဖက်၌ တံခါးများကို တွေ့လိုက်ရပြီး သူကပထမဆုံး တံခါးဆီသို့ ဦးတည်သွားလိုက်သည်။

တံခါးက မပိတ်ထားပေ။ အထဲ၌ ခန်းမတစ်ခု ရှိနေလေ၏။ ခန်းမထဲ၌ စားပွဲရှည်ကြီးတစ်ခု ရှိနေပြီး ထိုနေရာ၌ တိုက်ပွဲဝင်သံချပ်ကာ ဝတ်ထားသည့် လုမျိုးနွယ်စု၏ အကြီးအကဲက နောက်တွင် ထိုင်နေလေသည်။ ခေါင်းငုံ့ထားလျက် စာအုပ်တစ်အုပ်ကို ဖတ်နေလေရာ ကျန်းရီဝင်လာချိန်တွင် ခေါင်းမမော့ခဲ့ပေ။

“တစ်ကိုယ်တော်ဝံပုလွေက လူကြီးမင်းကို နှုတ်ဆက်ပါတယ်”

ကျန်းရီက လက်နှစ်ဖက်ဆုပ်လျက် နှုတ်ဆက်လိုက်သည်။ ထိုလူက ခေါင်းမမော့သေးပေ။ သူက လက်ဆန့်ထုတ်ပြီးနောက် ပြောလိုက်၏။

“တံဆိပ်၊ ရက်အရေအတွက်၊ မိုးကြိုးကျောက်တုံး”

ကျန်းရီက တံဆိပ်ပြားကိုပေးပြီး မိုးကြိုးကျောက်တုံး (၉၀၀)ကို ထုတ်လိုက်၏။

“ရက်တစ်ရာစာတန်တဲ့ မိုးကြိုးကျောက်တုံးကို တစ်ခါထဲ ပေးလို့ရမလား”

နောက်ဆုံးတွင် အကြီးအကဲက ခေါင်းမော့လိုက်၏။ သူက ကျန်းရီအကြောင်း စိတ်အနှောက်အယှက် ဖြစ်ခံမနေတော့ဘဲ တံဆိပ်ပြားနား၌ သူ၏အတွင်းအားကို လှည့်ပတ်လိုက်ပြီးနောက် လက်တစ်ဖက်က ရှေးဟောင်းနတ်ဘုရား လက်စွပ်အတွင်း မိုးကြိုးကျောက်တုံးများကို သိမ်းဆည်းလိုက်သည်။ တံဆိပ်ပြားက ရောင်ခြည်များ ထပ်မံဖြာထွက်လာပြီးနောက် ကျန်းရီကို တံဆိပ်ပြား ပစ်ပေးလိုက်၏။

“ဟုတ်ပြီ ရက်တစ်ရာကြာပြီးမှ မိုးကြိုးကျောက်တုံးပေးဖို့ ပြန်လာခဲ့”

ကျန်းရီသည် တံဆိပ်ပြားကို လက်ခံလိုက်ပြီးနောက် ကြောင်တောင်တောင်ဖြင့် မျက်တောင်ခတ်လိုက်လေ၏။ ပြီးသွားပြီလား။ မှတ်တမ်းတင်ဖို့ မလိုဘူးလား။ မှားသွားရင် ဘယ်လိုလုပ်မလဲ။ သူက ခဏတာ တွေဝေနေလေရာ အကြီးအကဲက ကျန်းရီကို စိန်းစိန်းဝါးဝါးကြည့်ပြီး စိတ်မရှည်သော လေသံဖြင့် မေးလိုက်လေ၏။

“ဘာကိစ္စရှိသေးလဲ”

ကျန်းရီက အံ့ကြိတ်လျက် မေးလိုက်တော့သည်။

“အကြီးအကဲ ရက်တစ်ရာအတွင်း မိုးကြိုးကျောက်တုံး ထပ်ပေးစရာ မလိုဘူးမလား”

အကြီးအကဲ၏ အမူအရာက သုန်မှုန်သွားကာ အေးစက်စက်အသံဖြင့် ပြောလိုက်၏။

“မင်းရဲ့နားက တစ်ခုခုများ မှားနေသလား။ ရက်တစ်ရာအတွင်း ပြန်လာလို့ ငါပြောခဲ့လို့လား။ ထွက်သွား”

“အော်”

ကျန်းရီက အနေခက်လျက် နှာခေါင်းကိုပွတ်ကာ ထွက်လာလိုက်သည်။ ဝင်ပေါက်တွင်ရပ်ပြီး ဒုတိယခန်းမကို ကြည့်လိုက်၏။ နောက်ဆုံးတွင် သူ၏သိချင်စိတ်ကြောင့် အထဲသို့ လျှောက်ဝင်သွားလိုက်သည်။

လုထုံနှင့်ဟူစန်း နှစ်ယောက်လုံးက ရှန်းစီလူမျိုးစုထဲတွင် ကုသိုလ်မှတ်များက အလွန်အသုံးဝင်သည်ဟု ဆိုခဲ့သည်။ သို့သော်၎င်းကို ရှင်းရှင်းလင်းလင်း မပြောပြခဲ့ပေ။ အကြောင်းအရာတစ်ခုက အစပိုင်း၌ ဖြတ်တောက်ခံရသည့်အချိန်တွင် စိတ်ဝင်စားမှုကို ပိုရစေ၏။

ဒုတိယခန်းမ၏ ပြင်ဆင်မှုများက ပထမခန်းမနှင့် သိပ်မကွာခြားပေ။ သို့သော် ခေါင်းမော့ထားသော အမျိုးသမီးကြီး တစ်ယောက်ရှိနေကာ ကျန်းရီဝင်လာချိန်၌ ချက်ချင်းပြုံးသွားတော့၏။ သူမက ဦးစွာမေးလိုက်တော့၏။

“လူငယ်လေး ကုသိုလ်မှတ်အတွက် လဲလှယ်ချင်တာလား”

ကျန်းရီသည် သူမျက်နှာသာ ပေးခံရသည်ဟု ရုတ်တရက် ခံစားမိသွား၏။ လုမျိုးနွယ်စုများ အားလုံးက အေးစက်ပြီး မျက်နှာသေဖြင့် ဖြစ်နေကာ အလွန်ရင့်သီးစွာ ပြုမူတတ်ကြ၏။ သို့သော် ထိုသို့တိုင် သူကသူတို့ကို ရန်မစနိုင်ပေ။ ထိုအမျိုးသမီးကြီးသူ့ကို ကောင်းကောင်းမွန်မွန် ပြောဆိုနေတာကို မြင်သည့်အခါ သူကလက်နှစ်ဖက်ကိုဆုပ်လျက် တလေးတစား ပြောလိုက်တော့သည်။

“အကြီးအကဲ လဲလှယ် မလဲလှယ် မဆုံးဖြတ်ခင် ကုသိုလ်မှတ်တွေရဲ့ အသုံးပြုမှုအကြောင်း ပိုသိချင်ပါတယ်”

“ခစ် ခစ်”

ဖော်ရွေပုံပေါ်သော အမျိုးသမီးကြီးက အနည်းငယ်ပြုံးလျက် ပြောလိုက်တော့သည်။

“ရှန်းစီလူမျိုးစုမှာ လည်ပတ်နေတဲ့ ငွေကြေးတွေက ကောင်းကင်ဘုံကျောက်တုံးတွေ မဟုတ်ဘူး။ ကုသိုလ်မှတ်တွေပဲ။ လူငယ်လေးက လူမျိုးစုနဲ့ ရင်းနှီးပုံမရဘူး။ ဟုတ်တယ်မလား”

“ဟုတ်ပါတယ် အကြီးအကဲ”

ကျန်းရီက ခေါင်းညိတ်ပြီး ပြောလိုက်၏။

“မျိုးနွယ်စုထဲဝင်တာ ပထမဆုံးအကြိမ်ပါ။ ကျွန်တော်က အလုပ်သမားအဖြစ် ဝင်နေတာမို့ ကောင်းကင်ဘုံကျောက်တုံးတွေ လုံလုံလောက်လောက် မရှိတာကြောင့် အလုပ်သမားအဖြစ် ဝင်ခဲ့တာပါ”

“ဒီတော့ ဒီလိုကိုး”

အမျိုးသမီးကြီးက အနည်းငယ်ပြုံးလျက် ရှင်းပြလိုက်သည်။

“ရှန်းစီမြို့ရဲ့နယ်မြေက နဂါးကိုးကောင်က ပုလဲလုံးကို လုနေတဲ့ပုံစံရှိတယ်။ ဗဟိုက ရှန်းစီကျွန်းဖြစ်ပြီး ဧရာမ နဂါးကိုးကောင်ရဲ့ နတ်ဘုရား ချုပ်ငြိမ်းခြင်း အစီအရင်က ရှန်းစီမြို့ထဲမှာရှိနေတာ။ ဒီမဟာအစီအရင်တွေက ရန်သူတွေကို ကာကွယ်သတ်ဖြတ်နိုင်ရုံတင်မကဘူး ဆန်းကြယ်တဲ့ စွမ်းရည်ရှိတယ်။ မိုးနဲ့မြေရဲ့ အတွင်းအားကို စုဝေးပေးနိုင်တယ်”

“ဝိညာဉ်စုစည်းခြင်း အစီအရင်လား”

ကျန်းရီက မျက်လုံးလက်သွားတော့သည်။ ကျင့်ကြံခြင်း ရတနာအားလုံးက အထဲ၌ ဝိညာဉ်စုစည်းခြင်း အစီအရင်ရှိကြသည်။ အပြစ်သားကျွန်း တစ်ခုလုံးကို ဝိညာဉ်စုစည်းခြင်း အစီအရင်က လွှမ်းခြုံပေးထားလျှင် ယင်းက အမှန်တကယ် ကြီးမားမှာပဲဖြစ်သည်။ နဂါးကိုးကောင်၏ နတ်ဘုရားချုပ်ငြိမ်းခြင်း အစီအရင်ကို ထိုအချိန်က တည်ဆောက်ခဲ့ကြသည့်သူများသည် ပညာရှင်ကြီးများ ဖြစ်ရမည်။

အမျိုးသမီးကြီးက ခေါင်းညိတ်ပြီးနောက် ပြောလိုက်၏။

“ရှန်းစီလူမျိုးစုက အပြင်လောကထက် မိုးနှင့်မြေအတွင်းအား ပိုသိပ်သည်းတယ်။ ရှန်းစီကျွန်းနား နီးကပ်လေ မိုးနှင့်မြေ အတွင်းအား သိပ်သည်းမှုက ဆယ်ဆဖြစ်လေပဲ။ မင်းမှာ ကျင့်ကြံရေး ရတနာတစ်ခု ပိုင်ဆိုင်ထားရင် မင်းရဲ့ကျင့်ကြံခြင်းအရှိန်က (၁၂)ဆတိုးသွားမယ် (၁၂)ဆ အဆ(၁၀၀) အဆ(၁၀၀၀)တောင် တိုးသွားနိုင်တယ်”

“ဟိုက်ရှားဘား”

ကျန်းရီ၏ ခန္ဓာကိုယ်က တုန်ယင်သွား၏။ ဤနဂါးကိုးကောင်၏ နတ်ဘုရားချုပ်ငြိမ်းခြင်း အစီအရင်သည် အမှန်တကယ်ပင် ကောင်းကင်ကို ဖီဆန်နေပြီး နတ်ဘုရားချီးမြှင့်ခြင်းကျွန်းနှင့် နီးကပ်လေ မိုးနှင့်မြေ အတွင်းအား ပိုသိပ်သည်းလေ ဖြစ်နေသည်လော။ သူက ကျွန်းပေါ်တွင် ကျင့်ကြံပြီး ဧကရီနန်းတော်ဖြင့် ၎င်းကိုအသုံးပြုကာ သူ၏ ပြစ်မျိုမှည့်မထင် ဖွဲ့စည်းပုံဖြင့်ဆိုလျှင် အပြင်လောကရှိ သာမန်လူတစ်ဦးထက် ကျင့်ကြံနှုန်း အဆတစ်ထောင် ပိုမြန်မည်လော။ ယင်းက ကောင်းကင်ကို ဖီဆန်နေသည့် ကျင့်ကြံခြင်း အရှိန်မျိုးပေလော။

ရှန်းစီမြို့ကျွန်းက သိုင်းပညာရှင်များအတွက် အမှန်တကယ်ပင် ထူထောင်ရာနေရာ ဖြစ်နေသည်။

“ခစ် ခစ်”

အမျိုးသမီးကြီးက ကျန်းရီ၏စိတ်ကူးယဉ်နေသော အမူအရာကိုမြင်ပြီးနောက် ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

“လူငယ်လေး မင်းကိုတစ်ခု ပြောစရာရှိသေးတယ်။ အပြင်လောကမှာထက် ရှန်းစီမြို့ထဲမှာ တာအိုပုံစံတွေကို ဆင်ခြင်ရတာ ပိုလွယ်ကူတယ်။ ဒါက ဖြီးဖြန်းပြောဆိုနေတာ မဟုတ်ဘူး။ တကယ်ရှိနေတာပဲ။ ငါတို့တွေက နှစ်ပေါင်းများစွာ လည်ပတ်လာပြီး ရှန်းစီကျွန်းစုက ဗာဂျရာနယ်ပယ်နဲ့ ကောင်းကင်ဧကရာဇ် သိုင်းပညာရှင် နှစ်ဆယ်ရာခိုင်နှုန်းကျော် ပိုမွေးထုတ်ပေးနိုင်တာ”

ဟူး ဟူး

ကျန်းရီ၏ရင်ထဲ လှိုင်းလုံးများ ရိုက်ခတ်လာတော့သည်။ ဤရှန်းစီကျွန်းက အမှန်တကယ်ပင် ကျင့်ကြံခြင်းနေရာဖြစ်ပြီး နဂါးကိုးကောင်တောင် ထိုပုလဲကို လိုချင်နေကြသည်။ ရှန်းစီကျွန်းပေါ်ဝင်ရန် နည်းလမ်းတစ်ခု ရှာမည်ဟု ဆုံးဖြတ်ချက် ချလိုက်၏။ ထိုနေရာတွင် နေရန်သာလိုပြီး တစ်နှစ်၊ နှစ်နှစ်အတွင်း ဗာဂျရာနယ်ပယ် အမြင့်ဆုံးအဆင့်သို့ ရောက်နိုင်မည်ဟု ယုံကြည်ချက်ရှိသည်။

နှမြောစရာက အမျိုးသမီးကြီး၏ နောက်ထပ် ပြောစကားက ကျန်းရီ၏ ပြင်းပြနေသော စိတ်နှလုံးကို ချက်ချင်း ချုပ်ငြိမ်းသွားစေသည်။

“လူငယ်လေး ရှန်းစီကျွန်းထဲ ဝင်ချင်တယ်ဆိုရင် ကောင်းကင်ကျောက်တုံးနဲ့ ခွန်အားက အသုံးမဝင်ဘူး။ ကုသိုလ်မှတ်တွေနဲ့ပဲ ဝင်နိုင်တာ။ ကျွန်းပေါ်ဝင်ဖို့ဆိုရင် ကုသိုလ်မှတ် တစ်သန်းလိုတယ်။ မြို့ထဲမှာ နေချင်တယ်ဆိုရင် ကုသိုလ်မှတ် သန်းတစ်ရာလိုတယ်။ အမှန်ပဲ မင်းကိုပြောဖို့ တစ်ခုမေ့နေတာ။ မိုးကြိုးကျောက်တုံး တစ်တုံးက ကုသိုလ်မှတ် တစ်မှတ်နဲ့ပဲ လဲလှယ်လို့ရတယ်”

ဖုတ်

ကျန်းရီ၏ ခန္ဓာကိုယ်က တုန်ယင်သွားပြီးနောက် မြေပြင်ပေါ် ဖင်ထိုင်ရက်သား ကျသွားတော့သည်။

***

All Chapters