ရှင်က မတုံးအပါဘူး
Vol. 11 Ch. 187
အဆုံးတွင် နတ်ဆေးသမားတော် ရှန်းဟယ်သည် ဖက်ထုပ် ပန်းကန်ကြီး ၃ ပန်းကန်နှင့် ငါးချိုချဉ် ပွဲဝက်ကို စားသောက်ပြီးတော့ သူ့ပန်းကန်လုံးနှင့် ထမင်းစားတူတွေကို စိတ်ကျေနပ်စွာ အောက်ချလိုက်သည်။
“လူကြီးမင်း ဒီည ဒီအခန်းမှာ နေမယ်ဆိုရင်ရော ဘယ်လိုလဲ” ရှန်းယောင်က သူနှင့် ကျီချန်တို့ ယာယီနေထိုင်တဲ့ အခန်းကို ညွှန်ပြပြီး တိုးတိုးလေး ရှင်းပြလိုက်သည်၊ “အခန်းက နည်းနည်းတော့ ကျဉ်းတယ်၊ လူကြီးမင်း ကျွန်တော်နဲ့ ချန်ချန်တို့နဲ့အတူ နေဖို့ ဒုက္ခပေးရပါဦးမယ်။”
“မင်းနဲ့ အာ့ထောင်က လင်မယားတွေ မဟုတ်ဘူးလား။ မင်း ဘာဖြစ်လို့ အတူမနေရတာလဲ” နတ်ဆေးသမားတော် ရှန်းဟယ်က ဒေါသတကြီး ပြောလိုက်သည်၊ “ဒါမှမဟုတ် မင်း ငါ့ကို လုံးဝ မကြိုဆိုချင်လို့ တမင်တကာ ဒီလို စီစဉ်ထားတာလား။”
“အဲ့လို မဟုတ်ပါဘူး။ ကျွန်တော်…”
“မင်း ဘာပြောချင်သေးလို့လဲ” ရှန်းယောင် ရှင်းပြခါနီးမှာ ကျီကျောက်က ပဲနီလေးစွပ်ပြုတ်ချို တစ်ပန်းကန် သယ်လာပြီး သူတို့ဆီ လျှောက်လာခဲ့သည်။ နောက်တော့ သူမသည် ကျီချန်၏ ခေါင်းလေးကို ပွတ်သပ်ပြီး ပြောလိုက်သည်၊ “ချန်ချန် ဒီည အစ်မနဲ့ ယောက်ဖတို့နဲ့အတူ အိပ်မယ်မလား။”
“ဟုတ်ကဲ့” ကျီချန်က ဝမ်းသာအားရ ခေါင်းညိတ်လိုက်သည်။
“ကောင်မလေး မင်းက ပိုပြီး ဉာဏ်ကောင်းတယ်” နတ်ဆေးသမားတော် ရှန်းဟယ်က ပဲနီလေးစွပ်ပြုတ်ချိုပန်းကန်ကို ကောက်ယူပြီး တစ်ကျိုက်တည်း သောက်ချလိုက်ကာ အခန်းထဲသို့ အမြန်ပြန်သွားခဲ့သည်၊ “ငါက အိပ်ရေးဆတ်တဲ့သူပဲ။ ကိစ္စ အထွေအထူးမရှိရင် ငါ့ကို လာပြီး မနှောင့်ယှက်နဲ့။”
“ဟုတ်ကဲ့”
နာရီဝက်လောက်ကြာတော့ ကျီကျောက်သည် စောင်အထူ ၂ ထည် ကုတင်ပေါ် တင်လိုက်သည်။
“ဆောင်းဝင်ပြီဆိုတော့ ညဘက်ဆို အအေးပိုလာမှာကို ကျွန်မ စိုးရိမ်တယ်။ စောင် ၂ ထည်လုံးကို နွေးအောင် လုပ်ထားပြီးပြီ” ကျီကျောက်က ခပ်ပြုံးပြုံး ရှင်းပြပေးသည်၊ “ချန်ချန် အစ်မနဲ့ တစ်စောင်တည်း အိပ်ချင်လား၊ ဒါမှမဟုတ် ယောက်ဖနဲ့ တစ်စောင်တည်း အိပ်ချင်လား။”
“ချန်ချန်က ညဘက်အိပ်တဲ့အခါ စောင်ကို အမြဲတမ်း ကန်ထုတ်တတ်တယ်။ တကယ်လို့ သူသာ မင်းနဲ့အတူ အိပ်မယ်ဆိုရင် မင်း စိတ်ပူနေမှာကို ကိုယ် စိုးရိမ်တယ်” ရှန်းယောင်က အမြန်ပြောလိုက်သည်၊ “သူ့ကို ကိုယ်နဲ့အတူ အိပ်ခိုင်းလိုက်မယ်။ ဒါ့အပြင် ကိုယ် ညတိုင်း သူ့ကို စောင်ခြုံပေးနေကြဆိုတော့ အဆင်ပြေတယ်။”
“ဒါဆိုရင်လည်း ကောင်းပြီလေ” ကျီကျောက်က အသာလေး ခေါင်းညိတ်ပြီး ရှန်းယောင်ကို ကျေးဇူးတင်သည့် အပြုံးတစ်ပွင့် ပေးလိုက်သည်၊ “ဒီကာလအတွင်း ချန်ချန်ကို ဂရုစိုက်ပေးလို့ ကျေးဇူးပါ။ သူ အရင်ကထက်စာရင် အများကြီး ပိုရဲရင့်လာတယ်။”
“ချန်ချန်က အမြဲတမ်း ရဲရင့်တဲ့ ကောင်ငယ်လေးပါ” ရှန်းယောင်က ပြုံးပြီး သူ့ဆံပင်လေးတွေကို ညင်သာစွာ ဆွဲဖွလိုက်သည်။
“ချန်ချန် ကောင်းသောညပါ” ကျီကျောက်က သူ့နဖူးကို ညင်သာစွာ နမ်းပြီး စောင်ခြုံပေးလိုက်သည်၊ “မနက်ဖြန်မနက်ကျရင် အစ်မ နင် အကြိုက်ဆုံး ပင်လယ်ရေညှိပုစွန်ဝူတန် ချက်ပေးမယ်။”
“ဟုတ်” ကျီချန်သည် နာခံမှုရှိစွာ သူ့မျက်လုံးတွေကို မှေးမှိတ်လိုက်သည်။ သို့သော် သူ အိပ်ပျော်ခါနီးအချိန်မှာ သူ အနည်းငယ် စိတ်ရှုပ်ထွေးသလို ခံစားလိုက်ရသည်၊ အဘယ်ကြောင့်ဆိုသော် သူ အိပ်စက်သည့်အခါ အလွန်နာခံမှုရှိပြီး စောင်ကို ဘယ်တော့မှ မကန်ထုတ်တတ်ပေ။
ကျီချန် အိပ်မောကျသွားပြီးနောက် ကျီကျောက်သည် ရှန်းယောင်၏ လက်ကို ဂရုတစိုက်ကိုင်ပြီး သူ့မျက်ဝန်းကို စိုက်ကြည့်ကာ နူးညံ့သိမ်မွေ့သောလေသံဖြင့် မေးလာခဲ့သည်၊ “ရှင် အဆင်ပြေလား။”
“ကိုယ် အဆင်ပြေတယ်။”
“အဲဒီတုန်းက… ရှင့်ကို ကယ်တင်ဖို့ သမားတော်ကို ရှာပေးတဲ့သူက ရှင့်အတန်းဖော် စွင်းဟယ်ပဲလား” ကျီကျောက်သည် မမေးဘဲ မနေနိုင်ခဲ့ပေ။ သူ ခေါင်းညိတ်ပြတာကိုမြင်တော့ သူမ ချက်ချင်းဆိုသလို ဒေါသအကြီးအကျယ်ထွက်သွားခဲ့သည်၊ “အဲဒီလူက ဘာဖြစ်လို့ ဒီလောက် ရက်စက်ရတာလဲ။”
“အဲဒီတုန်းက မတော်တဆမှုက အရမ်းရုတ်တရက်နိုင်လွန်းတယ်။ တကယ်တော့ ကိုယ် ကြမ်းတမ်းတဲ့ တောင်ပေါ်လမ်းကို လျှောက်ဖို့ ရည်ရွယ်ချက် မရှိခဲ့ဘူး။” အခုချိန် ဒဏ်ရာရခဲ့သည့် ထိုအချိန်က အကြောင်းကို ပြန်တွေးကြည့်လိုက်မိချိန်မှာတော့ ရှန်းယောင်၏ စိတ်အခြေအနေဟာ အံ့အားသင့်ဖွယ်ကောင်းစွာ အေးဆေးတည်ငြိမ်သွားပေမယ့် အဆိုပါ ငြိမ်းအေးသွားမှုအောက်တွင် ဒေါသစိတ်က ဘယ်လောက်တောင် နက်ရှိုင်းလဲဆိုတာကို သူကိုယ်တိုင်ပဲ သိပေသည်။
“စွင်းဟယ်က ကိုယ့်မိသားစုဆီကနေ ရောက်လာတဲ့စာကို မတော်တဆ ကျပျောက်သွားတယ်လို့ပြောခဲ့ပြီး စာထဲမှာ ကိုယ့်အမေက အပြင်းဖျားနာနေတဲ့အကြောင်း ရေးထားတယ်လို့ပြောတယ်။ ကိုယ်လည်း အရမ်းစိတ်ပူသွားတာနဲ့ ကြမ်းတမ်းတဲ့ တောင်ပေါ်လမ်းကနေ ဖြတ်ပြီး ပြန်ရင် အိမ်ကို မြန်မြန်ပြန်ရောက်လိမ့်မယ်ဆိုတဲ့ သူ အကြံပေးတဲ့စကားကို နားထောင်ခဲ့တယ်။ အိမ်ပြန်ခရီးလမ်းမှာ မတော်တဆဖြစ်လိမ့်မယ်လို့ ဘယ်သူက ထင်မိမှာလဲ။”
ရှန်းယောင်က ခါးသီးစွာ ရယ်မောလိုက်သည်။ နောက်တော့ သူ့ကိုယ်သူ လှောင်ပြောင်သလို ရယ်မောလိုက်သည်၊ “အဲ့တာကိုကြည့်ရင် ဒီမတော်တဆမှုကို ဟိုးအရင်ကတည်းက ကြိုတင်စီစဉ်ထားခဲ့တာ ဖြစ်လိမ့်မယ်။”
“ပိုရယ်စရာကောင်းတာက အဲဒီတုန်းက သူပြန်လာပြီး ကိုယ့်ဒဏ်ရာကို ကုသပေးဖို့ သမားတော်တစ်ယောက် ဖိတ်ကြားပေးခဲ့တယ်၊ ကိုယ်က သူ့ရဲ့ အကြံဆိုးတွေကို လုံးဝ သတိမပြုမိခဲ့ဘူး။ ကိုယ်က သူ့ကို အရမ်းကျေးဇူးတင်ခဲ့မိတယ်” ရှန်းယောင်၏ မျက်လုံးတွေက နီမြန်းလာခဲ့သည်၊ “အာ့ထောင် ကိုယ် အရမ်းတုံးအနေတာလား။”
“ရှင်က မတုံးအပါဘူး” ကျီကျောက် အမြန် ခေါင်းခါလိုက်သည်၊ “ရှင်က လူဆိုးတစ်ယောက်ရဲ့ ထောင်ချောင်ထဲကို မတော်တဆ ကျရောက်သွားခဲ့တာပါ။”
“ဒီနှစ်တွေမှာ ကိုယ့်ကိုယ်ကိုယ်အတွက် ဝမ်းနည်းစိတ်တွေကို မျိုသိပ်ထားခဲ့ရတယ်။ ကိုယ့်မိသားစုရဲ့ မျှော်လင့်တောင့်တမှုတွေနဲ့ မျှော်လင့်ချက်တွေကို ချိုးနှိမ်ဖို့ ကိုယ့်ကိုယ်ကိုယ် နာကျင်အောင်လုပ်ဖို့ကိုတောင် မတွန့်ဆုတ်ခဲ့ဘူး။ တရားမျှတမှု မရှိတဲ့အတွက် မိုးကောင်းကင်ကို မုန်းတီးခဲ့ပြီး ကိုယ့်ရဲ့ ကံဆိုးမိုးမှောင်ကျမှုကို ပိုလို့တောင် မုန်းတီးခဲ့တယ်။ ဒါပေမယ့် မတော်တဆမှုလို့ထင်ခဲ့တဲ့ အဖြစ်အပျက်က ရည်ရွယ်ချက်ရှိရှိ ကြိုတင်ကြံစည်ထားတဲ့ လူသတ်မှုတစ်ခုဖြစ်နေလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။”
“ရှန်းယောင် ဒီအကြောင်းကို ကျွန်မတို့ အခုရှာတွေ့ခဲ့တာက အချိန်မနှောင်းသေးပါဘူး” ကျီကျောက်က သူ့လက်ဖဝါးကို အသာညှစ်ပြီး တိုးတိုးလေး နှစ်သိမ့်ပေးခဲ့သည်၊ “လူကြီးလူကောင်းတစ်ယောက်အတွက် လက်စားချေဖို့ဆိုတာ ဘယ်တော့မှ နောက်ကျတယ်ဆိုတာ မရှိဘူးဆိုတဲ့ ဆိုရိုးတစ်ခုရှိတယ်။”
“အင်း”
ကျီကျောက်က ခဏလောက်စဉ်းစားပြီး ရုတ်တရက် သူ့ရှေ့ကို လျှောက်လာကာ မှီတွယ်လိုက်ကာ သူ့ပါးပြင်ပေါ် ညင်သာစွာ နမ်းရှိုက်လိုက်သည်၊ “အခု အရေးကြီးဆုံးက ရှင့်ခြေထောက်ကို ကုသဖို့ပဲ။ ကျွန်မတို့ တခြားအကြောင်းတွေကို တွေးနေစရာ မလိုဘူး။”
“စိတ်ကို အေးအေးထားပြီး ရှင့်မျက်လုံးကိုမှိတ် ကောင်းကောင်း အိပ်စက်အနားယူလိုက်ပါ” ကျီကျောက်က တိုးတိုးလေး အကြံပေးသည်၊ “မနက်ဖြန်ကလည်း နောက်ထပ် နေ့ရက်ကောင်းတစ်ခုပဲ ဖြစ်လိမ့်မယ်။”
ရှန်းယောင်သည် အစတုန်းက ဒီည သူ အိပ်ပျော်ဖို့ ခက်ခဲလိမ့်မယ်လို့တွေးမိခဲ့သော်လည်း ဆန့်ကျင်ဖက် ဖြစ်ခဲ့၏။
ကျီကျောက်၏ လက်တွေကို သူ့လက်ဖဝါးကြီးတွေနှင့် ဆုပ်ကိုင်လိုက်ပြီးနောက်တွင် သူ့စိတ်နှလုံးဟာ အေးချမ်းသွားပြီး တကယ့်ကို ကောင်းကောင်းအိပ်ပျော်သွားခဲ့သည်။
နောက်နေ့မနက်မှာတော့ တံခါးရှေ့မှာ ကျနေတဲ့ နှင်းတွေ ထူထပ်နေခဲ့သည်။
ရှန်းတာ့ရှန်က ဂေါ်ပြားကို ဝှေ့ယမ်းပြီး ခြံဝင်းထဲမှ နှင်းတွေကို လေးလေးနက်နက် ဖယ်ရှားရှင်းလင်းနေသည်။
မီးဖိုချောင်ထဲတွင် ကျီကျောက်က ဝမ်တန်လေးတွေကို ပြုလုပ်နေခဲ့သည်။
သူမ၏ လက်အရှိန်က မြန်လွန်းလို့ သူမ၏ လှုပ်ရှားမှုတွေကို ဘယ်သူမှ ရှင်းရှင်းလင်းလင်း မမြင်ရဘူး။
“အာ့ထောင် မနေ့တုန်းက နင့်အဒေါ်ကွေ့ဟွား လူလွှတ်ပြီး တည်သီးတွေ အများကြီး ပို့ပေးလိုက်တယ်။ ခဏနေကျရင် နင် စားကြည့်ချင်လား” ကျောက်လန်ဟွာက သူမရဲ့ နားရွက်ကိုအုပ်ပြီး မီးဖိုချောင်ထဲ ဝင်လာခဲ့သည်။ ကျောက်လန်ဟွာက ရွှင်မြူးစွာ ပြောလာခဲ့သည်၊ “ဆောင်းရာသီရောက်ပြီဆိုတော့ မီးဖိုချောင်ထဲမှာ နေရတာက ပိုပြီး သက်တောင့်သက်သာရှိတယ်။ အပြင်နဲ့ မတူဘူး။ လေအေးတွေက အရမ်းအေးလွန်းလို့ နားရွက်တွေတောင် အေးခဲသွားလုမတတ်ပဲ။”
“အမေ သမီး အမေ့ကို မနေ့ညက နောက်ကျတဲ့အထိ အိပ်လို့ရတယ်လို့ပြောခဲ့တယ်မလား” ကျီကျောက်က နှမ်းအနှစ်ပူပူလေးတစ်ခွက်ကို မြန်မြန်လောင်းထည့်ပြီး လက်ကမ်းပေးလိုက်သည်။ “ဒါကို အခုလေးတင်မှ မီးဖိုပေါ်ကနေ ချထားတာ။ အမေ့လက်ကို နွေးထွေးသွားအောင် အရင်ကိုင်ထားပြီးမှ သောက်လိုက်ချေ။”
“ရပါတယ်ဟယ်။ မနက်တိုင်း ဒီအချိန်ဆို အိပ်ရာထနေကျဆိုတော့ ထနေကျအချိန် မထဖြစ်ဘူးဆိုရင် ငါ နေရထိုင်ရ မသက်မသာဖြစ်နေလိမ့်မယ်။ ငါ ဒါကို ကျင့်သားရနေပြီ” ကျောက်လန်ဟွာက နှမ်းအနှစ်ပူပူလေး ထည့်ထားသည့် ပန်းကန်လေးကို ကိုင်ရင်း ခပ်ပြုံးပြုံး ပြောလာခဲ့သည်။
“သမီး ဒုတိယမရီးအတွက် အရိုးစွပ်ပြုတ်ခေါက်ဆွဲ ပြင်ပေးထားတယ်၊ ကြက်ဥပြုတ်တစ်လုံးကိုပါ အထူးထည့်ပေးထားသေးတယ်” ကျီကျောက်က မီးဖိုပေါ်ရှိ မြေအိုးလေးကို ညွှန်ပြပြီး ခပ်ပြုံးပြုံး ပြောလိုက်သည်၊ “ဒီမနက်စောစောတုန်းက သမီး ကျွမ်းကျွမ်းကို တစ်ချက်သွားကြည့်ထားတယ်။ သူက အတော်လေးထွားပေမယ့် ကံမကောင်းတာက ဒုတိယမရီးရဲ့ နို့ရည်က နည်းနည်း မလုံလောက်ဘူး။”
“ဒါကြောင့် သမီးတို့ ဒုတိယမရီးကို နို့များများထွက်အောင် ဟင်းရည်များများ ပြင်ဆင်ပေးသင့်တယ်။ ဒါက သေချာပေါက် အထောက်အကူဖြစ်လိမ့်မယ်လို့ သမီးယုံကြည်တယ်။”
“ကောင်းပြီ” ကျောက်လန်ဟွာက ကမန်းကတန်း ခေါင်းညိတ်လိုက်သည်၊ “ငါတို့မိသားစု နှစ်သစ်ကူးအတွက် ပြင်ဆင်ထားတဲ့ ဝက်ကို ပေါ်တဲ့အခါကျရင် နင့်ဒုတိယမရီးအတွက် စတူးလုပ်ပေးဖို့ ဝက်လက်တွေနဲ့ ဝက်ခြေထောက်တွေကို အကုန်သိမ်းထားလိုက်မယ်။”
“နှစ်သစ်ကူးအတွက် ဝက်ပေါ်မှာလား” ကျီကျောက်က မြန်မြန်မေးလိုက်သည်၊ “အမေ သမီးမိသားစုက နှစ်သစ်ကူးအတွက် ဝက်ကို ဘယ်အချိန်ပေါ်မှာလဲ။ အဲ့အချိန်ကျရင် ရှန်းယောင်နဲ့ သမီး အိမ်ပြန်လာပြီး ကူပေးရမလား။”
“မလိုဘူး၊ မလိုဘူး။ နင်တို့ဆိုင်ကိုပဲ အာရုံစိုက်ထားစမ်းပါဟယ်” ကျောက်လန်ဟွာ မြန်မြန် လက်ခါလိုက်သည်၊ “နင့်အဖေနဲ့ ငါ အဲ့ကိစ္စကို ကိုင်တွယ်နိုင်ပါတယ်။ ဒါ့အပြင် နင့်ဒုတိယအစ်ကိုလည်း နောက်နှစ်ရက်လောက်ဆို အိမ်ပြန်လာလိမ့်မယ်။”
“အမေ အိမ်မှာ သမီးနဲ့ ရှန်းယောင်ရဲ့ အကူအညီလိုရင် အချိန်မရွေး လှမ်းခေါ်လိုက်ပါ” ကျီကျောက်က လေးလေးနက်နက် ပြောလိုက်သည်၊ “သမီး လပြက္ခဒိန် ၁၂ လပိုင်းအတွင်းမှာ အချိန်အတိုင်းအတာ တစ်ခုလောက် ပိတ်ဖို့ စီစဉ်ထားတယ်၊ နှစ်သစ်ကူးပြီးမှ ဆိုင်ကို ပြန်ဖွင့်မှာလေ။”
“ဒါက ဆိုင်ရဲ့ စီးပွားရေးကို မထိခိုက်စေဘူးလား။”
“ဟင့်အင်း၊ လပြက္ခဒိန် ၁၂ လပိုင်းကိုရောက်ရင် လူတိုင်း နှစ်သစ်ကူးအတွက် ပြင်ဆင်ဖို့ အလုပ်ရှုပ်နေကြမှာလေ။ အဲ့အချိန်ဆို ဆိုင်ရဲ့ စီးပွားရေးကလည်း သဘာဝအတိုင်း အလုပ်ပါးတဲ့ရာသီကို ဝင်သွားမှာပဲ မဟုတ်လား” ကျီကျောက်က အပြုံးတစ်ပွင့် ရှင်းပြခဲ့သည်၊ “ဒါ့အပြင် နတ်ဆေးသမားတော် ရှန်းဟယ်ကလည်း ၃ လအတွင်းမှာ သူ ရှန်းယောင်ရဲ့ ခြေထောက်ကို သေချာပေါက် ကုသပေးနိုင်လိမ့်မယ်လို့ပြောခဲ့တယ်။ ဒါကြောင့် နောက်သုံးလမှာ အိမ်မှာနေပြီး ကူညီပေးဖို့ သမီး စီစဉ်ထားတယ်။”