← Chapters

ကိုယ် မင်းကို ပွေ့ဖက်ပေးချင်တယ်

Vol. 11 Ch. 194

ကိုယ် မင်းကို ပွေ့ဖက်ပေးချင်တယ်

Vol. 11 Ch. 194

“ရန်ဖြစ်နေတာကို ရပ်လိုက်၊ ရန်ဖြစ်နေတာကို ရပ်လိုက်” အမျိုးသမီးဖမ်းဝူသည် ထိတ်လန့်တကြားနဲ့ သူတို့ကို ဖျောင်းဖျဖို့ ကြိုးစားခဲ့သည်။

ကံမကောင်းစွာဖြင့် ကျီရှစ်နှင့် ကျီဟွေ့တို့သည် ဒေါသစိတ်ကြောင့် အမြင်ကွယ်နေကြပြီဖြစ်သည်။

“ခင်ဗျား ဟိုးအရင်ကတည်းက သူမနဲ့ ဆက်ဆံရေးရှိမှန်း ကျွန်တော် မသိဘူးလို့ မထင်နဲ့ဗျ” ကျီဟွေ့က ဒေါသတကြီး တံတွေးထွေးလိုက်သည်၊ “ခင်ဗျား သူမနဲ့ အတူအိပ်ခဲ့ရုံသာမကဘဲ ရှီလျို့ရွာက အိမ်ထောင်သည်အမျိုးသမီး တော်တော်များများ ခင်ဗျားနဲ့ မလွတ်ကင်းမှန်း ကျွန်တော် သိပြီးသားဗျ။”

“ခွေးကောင်၊ မင်း အဓိပ္ပါယ်မရှိတဲ့စကားတွေကို ထပ်ပြောရဲရင် ငါ မင်းလျှာကို ဖြတ်ပစ်မယ်ကွ။”

“ဘာလဲ။ ခင်ဗျား လုပ်တုန်းက လုပ်ပြီးတော့ အခုကျ မဝန်ခံရဲတော့ဘူးလား” ထိုအချိန်တွင် ကျီဟွေ့သည် သူ့စိတ်အာရုံ တစ်ခုလုံး အမှောင်ဖုံးနေခဲ့ပြီဖြစ်သည်။ သူ့မျက်လုံးတွေက နီရဲနေပြီး တံခါးအပြင်ဖက်မှာ ရပ်နေသော လူအုပ်ထဲရှိ အမျိုးသားတစ်ယောက် လက်ညှိုးထိုးကာ လှောင်ရယ်ရယ်လိုက်သည်၊ “ဦးလေးတာ့ချန်၊ ခင်ဗျားသားက ခင်ဗျားနဲ့ မတူမှန်းကို သတိမထားမိဘူးလား။ အဲ့တာက ဘာဖြစ်လို့လဲဆိုတာကို ခင်ဗျား စဉ်းစားကြည့်ဖူးလား။ ပြီးတော့ ဦးလေးဝေ၊ အဒေါ်ဝေက ဘာဖြစ်လို့ အဆိပ်သောက်သေတာလဲဆိုတာကို သိလား။ ပြီးတော့၊ ခင်ဗျား၊ ခင်ဗျား၊ ခင်ဗျား… ခင်ဗျားတို့တွေက ကျီရှစ် မွေးထားတဲ့ ခွေးအုပ်ကြီးနဲ့ တူတယ်။ သူက အရှေ့ကိုသွားလို့ပြောရင် ခင်ဗျားတို့ အနောက်ကို မသွားရဲကြဘူး။ ဒီလောက်နှစ်တွေအကြာကြီး ခင်ဗျားတို့က ဉာဏ်မရှိတဲ့ အရူးတွေလို သူ့စကားကို နားထောင်ခဲ့ကြတယ်။ ခင်ဗျားတို့အားလုံး တစ်ယောက်ထက် တစ်ယောက် ပိုမိုက်တာပဲ။”

ကျီဟွေ့၏ ထုတ်ဖော်ချက်ကိုကြားတော့ ရှီလျို့ရွာသားများအားလုံး ကြက်သေသေကုန်ကြသည်။

သူတို့အထဲမှာ အသက်အကြီးဆုံးဖြစ်တဲ့ ဦးလေးဝေက ကျီရှစ်ရဲ့ မျက်နှာကို ဂရုတစိုက်ကြည့်ပြီး “ကျီရှစ်၊ ကျီဟွေ့ပြောတာတွေအကုန် အမှန်တွေလား” ဟု မယုံကြည်နိုင်စွာ မေးမြန်းလိုက်သည်။

“မဟုတ်ဘူး၊ လုံးဝ မဟုတ်ဘူးဗျ” ကျီရှစ်က အလျင်စလို ကတ်သီးကတ်ဖဲ့ပြောလာခဲ့သည်၊ “ကျီဟွေ့က ဒီလို အဓိပ္ပါယ်မရှိတဲ့ကိစ္စတွေကို ဖန်တီးရတာ ကြိုက်တဲ့ အရူးပဲလေ။ ဦးလေးဝေ၊ ခင်ဗျား ကျွန်တော့်ကို ယုံကြည်သင့်တယ်။ ကျွန်တော် တကယ်မလုပ်ခဲ့ဘူးဗျ။”

“ငါ့မျက်လုံးကို တည့်တည့်ကြည့်ပြီး အဲ့စကားကို ပြောချေ” ဦးလေးဝေက သူ့လက်ထဲက လမ်းလျှောက်တုတ်ကို ဆောင့်ချပြီး ဒေါသတကြီး မေးခွန်းထုတ်လိုက်သည်။

ထိုအချိန်တွင် လူဆိုးထိန်းအုပ်စုက အပြေးရောက်လာခဲ့ကြသည်။

“ဒီနေရာမှာ ဘယ်သူ ရန်ဖြစ်နေတာလဲ” ဓားရှည်ကြီးကို ကိုင်ဆောင်ထားသော လူဆိုးထိန်းက ခံ့ညားသည့်အသွင်ရှိသည်။

ထိုအချိန်တွင် ရှန်းမုန့်ဟူသည် အရှေသို့ အပြေးတက်လာပြီး ကိစ္စရပ်များကို လိုရင်းတိုရှင်း ရှင်းပြပေးခဲ့သည်။

နောက်တော့ ကျီဟွေ့၊ ကျီရှစ်နှင့် အမျိုးသမီးဖမ်းဝူကို လူဆိုးထိန်းများက ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

“သရဲခြောက်တယ်ဆိုတာက အခြေအမြစ်မရှိတဲ့ ကိစ္စပဲ” လူဆိုးထိန်းတွေ ထွက်သွားပြီးနောက် ရှန်းမုန့်ဟူက လည်ချောင်းရှင်းပြီး အနီးနားရှိ ရွာသူရွာသားများကို ရှင်းပြခဲ့သည်။ “အခု လူတိုင်းလည်း မြင်ကြမှာပါ။ အမျိုးသမီးဖမ်းဝူက တခြားသူတွေ သူမရဲ့ အိမ်ထောင်ရေးဖောက်ပြန်မှုကို ရှာတွေ့မှာ စိုးရိမ်လို့ပဲ၊ ဒါကြောင့် သူမ မြေကမ္ဘာဘုရားကျောင်းမှာ သရဲခြောက်တယ်လို့ တမင်တကာ မဟုတ်မမှန်သတင်းဖြန်ခဲ့တာပဲ။ ပြောရရင် ငါတို့ခရိုင်တရားသူကြီးမင်းက ငါတို့ရှန်းဟယ်ရွာက မြေကမ္ဘာဘုရားကျောင်း ပြန်လည်ပြုပြင်တည်ဆောက်မှာကို အရမ်းသဘောတူတယ်။”

“ဒါကြောင့် မနက်ဖြန်ကစပြီး မြေကမ္ဘာဘုရားကျောင်းကို ပြုပြင်တည်ဆောက်မှုကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ ငါ ကြေငြာတယ်။ လာဘပွဲတော်ပြီးရင် လူတိုင်း အနားယူနိုင်တယ်။ ခင်ဗျားတို့မှာ တခြားအကြံတွေ ရှိကြလား။”

“မရှိပါဘူး။”

“ဟုတ်ကဲ့၊ ကျွန်တော်တို့ သူကြီးပြောတာကို နားထောင်ပါ့မယ်။”

“ကျွန်တော်တို့ရွာလူကြီး ဦးလေးဟူကျစ်က အယုံကြည်ရဆုံးပဲ။”

ထိုအချိန်တွင် ဦးလေးဝေ ဦးဆောင်သော ရှီလျို့ရွာသားများသ်ည ခေါင်းငိုက်စိုက်ချကာ စိတ်ပျက်လက်ပျက် ထွက်ခွာသွားကြသည်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ရှန်းမုန့်ဟူက အများကြီး မပြောခဲ့ဘူး။

ရှန်းမိသားစုအိမ်ခြံဝင်းသို့ ပြန်လာသော ကျီကျောက်သည် အလွန်စိတ်ချမ်းသာနေခဲ့သည်။ သူမသည် တေးသွားတစ်ခုကိုပင် ပျော်ရွှင်စွာ ညည်းဆိုနေခဲ့သည်။

“အာ့ထောင် ဒီနေ့ စိတ်ချမ်းသာနေတာလား” ကုတင်ပေါ် ခပ်မတ်မတ်မှီထိုင်ကာ စာဖတ်နေသည့် ရှန်းယောင်က ကျီကျောက်၏ သီချင်းဆိုသံကိုကြးတော့ မပြုံးဘဲ မနေနိုင်ပေ။

“ဟုတ်တယ်” ကျီကျောက်က ဝမ်းသာအားရ ခေါင်းညိတ်လိုက်သည်၊ “ကျွန်မ စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတဲ့ ကြမ်းပိုနှစ်ကောင်ကို ဖြေရှင်းပြီးလို့ အရမ်းစိတ်ချမ်းသာနေတယ်။”

“ကိုယ် အမေ့ဆီကနေ အခုလေးတင် ကြားလိုက်ရတယ်” ရှန်းယောင်က သူမကို သိချင်စိတ်ပြင်းပြစွာ ကြည့်လိုက်သည်၊ “ဒါပေမယ့် ကိုယ် အရမ်းသိချင်နေတယ်။ အာ့ထောင်၊ အဲဒီလူသုံးယောက်ကြားက ဆက်ဆံရေးကို မင်း ဘယ်လိုသိတာလဲ။”

“ဒါက မတော်တဆမှုတစ်ခုပဲ” ကျီကျောက် ချိုမြိန်စွာ ပြုံးလိုက်သည်။ ကျီကျောက်က သစ်အယ်သီးကို အခွံခွာရင်း ရှင်းပြလိုက်သည်၊ “ဒေါ်လေးကွေ့ဟွားက ကျီဟွေ့နဲ့ အမျိုးသမီးဖမ်းဝူကို အနောက်ဖက်တောင်ပေါ်မှာ မကြာခဏ တွေ့ခဲ့တယ်လို့ပြောကတည်းက သူတို့တွေရဲ့ ဆက်ဆံရေးက မရိုးရှင်းလောက်ဘူးလို့ ကျွန်မ ခံစားခဲ့ရတယ်လေ။”

“တကယ်တော့ ကျီဟွေ့ အရင်တစ်ခေါက် ပြဿနာရှာကတည်းက ကျွန်မ ပြင်ဆင်ပြီးသားလေ။ ကျွန်မ ရှီလျို့ရွာက အတင်းအဖျင်းတွေအကြောင်းသိရဖို့ ပိုက်ဆံ နည်းနည်း သုံးခဲ့တယ်။ ပြောရရင် ကျွန်မ ကျီရှစ်ကို အရင်ကတည်းက သဘောမကျဘူး။ ကျွန်မ ကလေးအရွယ်တုန်းက သူက ကျွန်မကို ထိတွေ့လုနီးပါးပဲ။”

တကယ်တော့ ဒါတွေဟာ မူလပိုင်ရှင်ရဲ့ နှလုံးသားထဲမှာ ဖုံးကွယ်ထားတဲ့ နာကျင်စရာ အမှတ်တရတွေပါပဲ။

မူလပိုင်ရှင် ငယ်စဉ်အခါက ကျီရှစ်နှင့် အမျိုးသမီးရှဲ့တို့ဟာ မရှင်းမလင်းဆက်ဆံရေးမျိုး ရှိခဲ့သည်။ အမျိုးသမီးရှဲ့က မူလပိုင်ရှင်ကို အကြိမ်ကြိမ် အနိုင်ကျင့်ခဲ့ခြင်းမှာ ကျီရှစ်သည် မူလပိုင်ရှင်ထံ မုန့်များ မကြာခဏဆိုသလို ယူလာပေးခြင်းကြောင့် ဖြစ်သည်။

“ကျွန်မ ရှင့်ကို သူတို့အကြောင်းကိုပြောပြရင် မယုံကြည်မှာကို ကျွန်မကြောက်တယ်။ အမျိုးသမီးရှဲ့ ကျွန်မကို အဲဒီလို ဆက်ဆံရတဲ့ အကြောင်းရင်းက မနာလိုသဝန်တိုလို့လေ” ကျီကျောက်က ရေနွေး တစ်ငုံသောက်ပြီး တိုးသဲ့စွာ သက်ပြင်းချလိုက်သည်၊ “အဖိုးက ကျွန်မ အရမ်းချစ်တယ်၊ ဒါကြောင့် သူမက ဒါကို စိတ်မကျေနပ်ဖြစ်နေနှင့်ပြီ။ နောက်တော့ ကျီရှစ်က ကျွန်မအတွက် ဘီစကစ်မုန့်တွေနဲ့ အစာသွပ်မုန့်တွေကို ယူလာပေးလေ့ရှိတယ်။ ပထမတော့ အဖွားက လူကြီးတွေ ကျွန်မကို သဘောကျတာကို ဘာဖြစ်လို့ စိတ်ဆိုးမှန်းကို နားမလည်ခဲ့ဘူး။ သူမရဲ့ ဒေါသက တစ်ရက်ထက် တစ်ရက် ပိုဆိုးလာခဲ့တယ်။”

“ဒီလို တစ်ရက် အဖိုးက ခရီးရှည်တစ်ခုထွက်ပြီး အိမ်ပြန်မလာတာ ရက်အတော်ကြာတယ်။ အဲ့ရက်အတောအတွင်း ကျီရှစ်က အိမ်ကို မကြာခဏဆိုသလို ရောက်လာတယ်။ သူတို့က ကျွန်မ အရှေ့မှာတောင် အချင်းချင်း ပွေ့ဖက်ထားကြတယ်။”

“တစ်ရက် ကျီရှစ်က ကျွန်မကို ပွေ့ချီပြီး နမ်းတော့မယ်အချိန်မှာ အဖိုးက အပြေးပြန်ရောက်လာခဲ့တယ်…”

မူလပိုင်ရှင်၏ နှလုံးသားထဲတွင် နက်နက်ရှိုင်းရှိုင်း သိမ်းဆည်းထားသော မှတ်ဉာဏ်များသည် အလွန်ဝမ်းနည်းဖွယ်ကောင်းလှသည်။

“တစ်နည်းအားဖြင့် အဖိုးက ကျွန်မကို မွေးစားခဲ့ရုံတင်မကဘူး၊ ကျွန်မကို ကယ်တင်ပေးခဲ့တယ်။”

“အာ့ထောင်…” ရှန်းယောင်က သူမလက်ကို ရင်နာနာဖြင့် ဆုပ်ကိုင်ထားပြီး နှစ်သိမ့်ပေးသည်။

“ဒါတွေအားလုံး အတိတ်မှာ ကျန်ရစ်ခဲ့ပြီပဲလေ” ကျီကျောက်က သူ့ကို တောက်ပစွာ ပြုံးပြလိုက်ပြီး “ရှန်းယောင် ရှင် ညစာကို ဘာစားချင်လဲ။ ကျွန်မ ရှင့်အတွက် ချက်ပေးမယ်” ဟု ဆက်ပြောလာခဲ့သည်။

“အာ့ထောင် ကိုယ် မင်းကို ပွေ့ဖက်ပေးချင်တယ်” ရှန်းယောင်က သူမကို စိုက်ကြည့်ပြီး “ကိုယ် ဖက်လို့ရမလား” ဟု ရိုးသားစွာ ပြောလာခဲ့သည်။

“ဒါပေါ့” ကျီကျောက် နာခံမှုရှိစွာ တုံ့ပြန်ခဲ့သည်။ ထို့နောက် သူမသည် ရှန်းယောင်၏ ရင်ဘတ်ကြွက်သားများအပေါ် ညင်သာစွာ မှေးမှီပြီး မျက်လုံးမှိတ်ကာ အနားယူလိုက်သည်။

ရှန်းယောင်က လက်ဆွဲပြီး သူမ၏ သွယ်လျလျခါးလေးကို ပွေ့ဖက်ထားလိုက်သည်။ သူမ၏ နားထင်နားမှ ထွက်လာသော သင်းရနံ့ကို ရှုရှိုက်ရင်း တိုးသဲ့စွာ ပြောလိုက်သည်၊ “အာ့ထောင် ကိုယ် အခုကစပြီး မင်းကို ကောင်းကောင်း ကာကွယ်ပေးမယ်။”

သူ့အသံက အရမ်းနူးညံ့ပေမယ့် ကျီကျောက်က သူ့စကားများ၏ ခိုင်မာမှုကို ကြားနေရသည်။

နှစ်ရက်ကြာပြီးနောက် ရှန်းတာ့လန်သည် ရထားလုံး တစ်စီး ငှားပြီး အကြီးဆုံးမရီးရှန်းနှင့် ဖုန့်ချွင်းယန်တို့ကို အိမ်ပြန်ခေါ်လာခဲ့သည်။

တစ်ချိန်တည်းမှာပင် ကျီဟွေ့နှင့် ပတ်သက်သည့် နောက်ဆုံးရသတင်းများကို ဖောက်သည်ချလာခဲ့သည်။

“ကျီရှစ်က ဆင်းရဲတဲ့ အမျိုးသမီး တော်တော်များများကို အနိုင်ကျင့်ခဲ့တယ်။ ပိုပြီးကြောက်စရာကောင်းတာက လူဆိုးထိန်းတွေက သူ့အိမ်နောက်ဖေး မြေလွတ်မှာ မိန်းကလေး သုံး၊ လေးယောက်ရဲ့ အလောင်းတွေကို တူးဖော်ခဲ့မိတယ်” အကြီးဆုံးအစ်ကိုရှန်းက အံတင်းတင်းကြိတ်ပြီး ပြောလာခဲ့သည်၊ “ငါ့ဘဝမှာ ဒီလောက် ရက်စက်တဲ့လူမျိုးကို တစ်ခါမှ မတွေ့ဖူးဘူး။”

“ဟုတ်ပါ့ဟယ်” အကြီးဆုံးမရီးရှန်းက မနေနိုင်ဘဲ ညည်းညူမိသည်၊ “ဒီလို ရိုးစင်းပြီး ရိုးသားတဲ့လူက နောက်ကွယ်မှာ အရမ်းရက်စက်နေလိမ့်မယ်လို့ ဘယ်သူထင်မိမှာလဲ။ ဘာပဲဖြစ်ဖြစ် ခရိုင်တရားသူကြီးက ဒီကိစ္စကို တင်းတင်းကြပ်ကြပ် စုံစမ်းစစ်ဆေးရမယ်လို့ အမိန့်ထုတ်ထားတယ်။”

“လူသားတွေရဲ့ နှလုံးသားက မှန်းဆလို့ မရဘူး” ကျီကျောက်က မြေပဲဘီစကစ်ကို တစ်ကိုက်ကိုက်ရင်း ပြောလာခဲ့သည်၊ “ကံကောင်းတာက လူဆိုးတွေလည်း သူတို့ပြုတဲ့ကံ သူတို့ပြန်ခံရမှာပဲလေ။”

“ဒါနဲ့ စကားမစပ်၊ အဖေ၊ ခရိုင်တရားသူကြီးက ရှီလျို့ရွာနဲ့ ကျွန်တော်တို့ ရှန်းဟယ်ရွာကို တစ်ရွာတည်းအဖြစ် ပေါင်းစည်းဖို့ ရည်ရွယ်ထားတယ်လို့ကြားခဲ့ရတယ်” အကြီးဆုံးအစ်ကိုရှန်းက နောက်ထပ် အတင်းအဖျင်း တစ်ခုကို အမှတ်ရပြီး ပြောပြလာခဲ့သည်၊ “တကယ်လို့ ရွာတွေကို ပေါင်းစည်းမယ်ဆိုရင် မြေတွေကို ပြန်လည် ပိုင်းခြားကြလိမ့်မယ်။”

“တကယ်လား” ကျောက်လန်ဟွာ၏ မျက်လုံးများ တောက်ပလာခဲ့သည်။

“တကယ်တော့ ရှီလျို့ကျေးရွာက လူနည်းပြီး လယ်မြေတွေ ပိုများတယ်။ ဒီလောက်နှစ်တွေကြာလာတာတောင် သူတို့ရွာက သိပ်မဖွံ့ဖြိုးဘူး။ ရှီလျို့ရွာသားတွေက ပျင်းရိပြီး အလုပ်မလုပ်ချင်တာကြောင့် အဲ့လို ဖြစ်နေကြတာလေ” ရှန်းတာရှန်က လေးနက်တဲ့ အသွင်အပြင်နှင့် ပြောလာခဲ့သည်၊ “ဟိုးအရင်က ငါတို့ရှန်းဟယ်ရွာလည်း မလွယ်ကူခဲ့ဘူး။”

All Chapters