← Chapters

အခန်း (၁၆၃-၁၆၄)

Vol. 17 Ch. 163-164

အခန်း (၁၆၃-၁၆၄)

Vol. 17 Ch. 163-164

အခန်း။ ၁၆၃

အဝါရောင်နဂါးတောင်သည် အဝါရောင်နဂါးမြို့နယ်၏ သဘာဝအလှအပများ ထိန်းသိမ်းထားရာ နယ်မြေတစ်ခုဖြစ်ပြီး ကမ္ဘာပျက်ကပ်မတိုင်မီက တောရိုင်းတိရစ္ဆာန် အမြောက်အမြား ကျက်စားရာ နေရာတစ်ခုလည်း ဖြစ်သည်။

ဝံပုလွေအုပ်များကိုပင် တွေ့ရှိရတတ်သည်ဟု သတင်းများထွက်ပေါ်ခဲ့ဖူးသည်။ သို့သော် ကမ္ဘာပျက်ကပ်ကြီး ဖြစ်ပွားပြီးနောက် ထိုစိမ်းလန်းစိုပြည်သော တောင်တန်းကြီးပေါ်တွင် ဘယ်လိုသော ထူးဆန်းသည့် ပြောင်းလဲမှုများ ဖြစ်ပေါ်နေမည်ကို လုချွမ်းလုံးဝ မခန့်မှန်းနိုင်သေးပေ။

"ကျန်းနန်ခရိုင်ထဲမှာတော့ ရှာစရာ ဘာမှမကျန်တော့ဘူး။ အဝါရောင်နဂါးတောင်ကတော့ ငါ့ကို အံ့အားသင့်စရာတစ်ခုခု ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ရတာပဲ"

လုချွမ်းသည် ဆုံးဖြတ်ချက်ချပြီးသည်နှင့် ဇွန်ဘီရုပ်သေးတပ်ကြီးကို စတင်ပြင်ဆင်တော့သည်။

အဝါရောင်နဂါးမြို့နယ်သည် ခရီးသွားလုပ်ငန်းကို အခြေခံ၍ ဖွံ့ဖြိုးလာသော မြို့လေးတစ်မြို့ ဖြစ်သည်။ ခေတ်မီအထပ်မြင့် အဆောက်အအုံများနှင့် ရှေးဟောင်းပုံစံ တည်းခိုခန်းများ ရောယှက်တည်ရှိနေပြီး ကမ္ဘာပျက်ကပ်မတိုင်မီက အလွန်သန့်ရှင်းစင်ကြယ်ကာ စည်ကားခဲ့သော နေရာတစ်ခုဖြစ်သည်။ သို့သော် ယခုအခါတွင်မူ ဤမြို့လေးမှာ လုံးဝစွန့်ပစ်ခံထားရပြီ ဖြစ်သည်။

လမ်းမများပေါ်တွင် သွေးကွက်များနှင့် ရုပ်အလောင်းများ ပြန့်ကျဲနေပြီး ဆိုင်ခန်းတံခါးများမှာ ဟောင်းလောင်းပွင့်လျက် ဖုန်မှုန့်များ ဖုံးလွှမ်းနေသည်။ ဇွန်ဘီများသည် လမ်းမများပေါ်တွင် အဓိပ္ပာယ်မဲ့စွာ လှည့်လည်သွားလာနေကြသည်။

မူလက အဖြူရောင်နံရံနှင့် အနက်ရောင်အမိုးပြားများဖြင့် လှပခဲ့သော ရှေးဟောင်းပုံစံ တည်းခိုခန်းတစ်ခုမှာ ယခုအခါ မည်းနက်နေသော သွေးကွက်များဖြင့် စုတ်ပြတ်နေပြီဖြစ်သည်။ ထိုတည်းခိုခန်းအတွင်း၌ မုတ်ဆိတ်ဗရပွနှင့် အလယ်အလတ်အရွယ် အမျိုးသားတစ်ဦးသည် အလုံပိတ်ထားသော တံခါးကို ကြည့်ကာ ကြောင်တောင်တောင် ဖြစ်နေသည်။

ဂလု... ဂလု...

သူ၏ ဗိုက်ထဲမှ ဆာလောင်မွတ်သိပ်မှုကြောင့် မြည်ဟီးသံများ ထွက်ပေါ်လာသည်။ သူသည် ဤတည်းခိုခန်းထဲတွင် ပုန်းအောင်းနေခဲ့သည်မှာ မည်မျှကြာပြီဖြစ်ကြောင်းကိုပင် မမှတ်မိတော့ပေ။

ဗိုက်ထဲမှ မြည်ဟီးနေသော ဆာလောင်မှုအသံကို နားထောင်ရင်း ချန်ထိုသည် ဘာမှမတတ်နိုင်ဘဲ သက်ပြင်းချလိုက်မိသည်။ ထို့နောက် သူ၏ အင်္ကျီအတွင်းအိတ်ထဲမှ ဖိသိပ်ထားသော ဘီစကစ်အိတ်ကို ထုတ်လိုက်သည်။

သို့သော် ထုပ်ပိုးထားသော အိတ်အတွင်း၌ လက်မအရွယ်ခန့်သာရှိသော အပိုင်းအစလေး တစ်ခုသာ ကျန်တော့သည်။

"တောက် ဒီလိုဘဝမျိုးက ဘယ်တော့မှ အဆုံးသတ်မှာလဲ"

မှောင်မည်းခြောက်ကပ်နေသော အိမ်အတွင်း၌ နေ့စဉ်ရှင်သန်နေရခြင်းမှာ စိတ်ပိုင်းဆိုင်ရာအရ ပြိုလဲလုနီးပါးပင်။

ချန်ထိုသည် အဝါရောင်နဂါးမြို့နယ်တွင် ဤတည်းခိုခန်းလေးကို ဖွင့်လှစ်ထားသူဖြစ်ပြီး ကမ္ဘာပျက်ကပ်မတိုင်မီက စီးပွားရေးမှာ အလွန်ပင် ကောင်းမွန်ခဲ့သည်။

သို့သော် မမျှော်လင့်ဘဲ တစ်နေ့တွင် လမ်းမများပေါ်၌ ဆူညံပွက်လောရိုက်မှုများ စတင်ဖြစ်ပွားခဲ့ပြီးနောက် ကားချင်းတိုက်မိသံများ အဆက်မပြတ် ထွက်ပေါ်လာခဲ့သည်။

သွေးများဖြင့် ဖုံးလွှမ်းနေသော ခရီးသွားတစ်စုသည် အကြောင်းရင်းမရှိဘဲ ပတ်ဝန်းကျင်ရှိလူများကို ရက်စက်စွာ ကိုက်ခဲဝါးမြိုနေကြသည်ကို ချန်ထို မြင်တွေ့ခဲ့ရသည်။

သူသည် ဆိုင်တံခါးပင် မဖွင့်ရသေးမီမှာပင် တံခါးများကို အလုံပိတ်လိုက်ရသည်။ ခေတ္တအကြာတွင် တံခါးကို ပြင်းထန်စွာ ထုရိုက်သံများ ထွက်ပေါ်လာခဲ့သည်။

ချန်ထိုသည် တံခါးဖွင့်ပေးရန် ဦးစွာစဉ်းစားခဲ့သော်လည်း အပြင်ဘက်မှ ထွက်ပေါ်လာသော သွေးပျက်ဖွယ် အော်ဟစ်သံများကြောင့် သူ၏ ဆံပင်များပင် ထောင်ထသွားခဲ့ရသည်။

သူသည် ပါးစပ်ကို ပိတ်ကာ အသံတိတ်လျက် အိမ်အတွင်း၌သာ ပုန်းအောင်းနေခဲ့တော့သည်။

တင်းကျပ်စွာ ပိတ်ထားသော တံခါးများက အပြင်ဘက်မှ လေလွင့်ဇွန်ဘီများကို တားဆီးပေးထားနိုင်ခဲ့သည်။

ဟိန်းဟောက်သံများ လျော့ပါးသွားချိန်မှသာ ချန်ထိုသည် သက်ပြင်းချနိုင်ခဲ့သည်။ တည်းခိုခန်းအတွင်း စုဆောင်းထားသော ရိက္ခာများကို အမှီပြု၍ သူသည် လပေါင်းများစွာ အပြင်သို့ ခြေတစ်လှမ်းမျှ မလှမ်းဘဲ အောင်းနေခဲ့ခြင်း ဖြစ်သည်။

သူ မတ်တတ်ရပ်ရန် ကြိုးစားလိုက်စဉ် အချိန်အတော်ကြာ အစာဝအောင် မစားခဲ့ရသဖြင့် ခေါင်းထဲ၌ မူးဝေသွားသည်။ လက်မအရွယ် ဘီစကစ်အပိုင်းအစလေးမှာ သူ၏ ဗိုက်

ဟောင်းလောင်းဖြစ်မှုကို မဖြည့်ဆည်းပေးနိုင်ပေ။

သူသည် အားနည်းနေသော ခန္ဓာကိုယ်ကို နံရံတွင် မှီ၍ ဂိုဒေါင်ဘက်သို့ တရွတ်တိုက် လျှောက်လှမ်းသွားရသည်။

"တောက် ဒီလိုဖြစ်မယ်မှန်း သိရင် ရိက္ခာတွေ အများကြီး ပိုစုထားခဲ့ရမှာ"

ရိက္ခာများ ပြတ်လပ်လုနီးပါး ဖြစ်နေသော ဂိုဒေါင်ကို ကြည့်ရင်း ချန်ထို ငိုချင်စိတ် ပေါက်လာသည်။ ကျယ်ပြောလှသော ဂိုဒေါင်အတွင်း၌ ဘီစကစ်အနည်းငယ်နှင့် ချောကလက်အချို့သာ ကျန်ရှိတော့ပြီး သောက်သုံးရေပင် ရှားပါးနေပြီဖြစ်သည်။

"ကမ္ဘာပျက်ကပ်က ဒီလောက်အထိ ကြာမယ်မှန်း သိခဲ့ရင် အစတည်းက ဇွန်ဘီကို အကိုက်ခံပြီး အသေခံလိုက်တာကမှ ပိုကောင်းဦးမယ်"

ဝုန်း... ဝုန်း... ဝုန်း

ဂါးးးး...

ထိုစဉ် တည်းခိုခန်း၏ အပြင်ဘက် လမ်းမပေါ်မှ ထူးဆန်းသော တုန်ခါမှုများနှင့်အတူ အလွန်ကျယ်လောင်လှသော ဟိန်းဟောက်သံများ ထွက်ပေါ်လာသည်။ ၎င်းမှာ သာမန်ဇွန်ဘီများ၏ အသံနှင့် မတူဘဲ ပိုမိုပြင်းထန်ကာ အရှိန်အဝါ ကြီးမားလှသည်။

ချန်ထိုသည် ကားအင်ဂျင်သံကို ကြားလိုက်ရချိန်တွင် သူ့ကိုယ်သူ အစာငတ်လွန်း၍ စိတ်ချောက်ခြားနေခြင်းလားဟုပင် သံသယဖြစ်မိသွားသည်။ သို့သော် ထိုအသံမှာ တဖြည်းဖြည်း ပိုမိုကျယ်လောင်လာသည်။

အားအင်ချည့်နဲ့နေသော ခန္ဓာကိုယ်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ သူသည် လှေကားထစ်များကို နှစ်ထစ်ချင်း ကျော်တက်ကာ အပေါ်ထပ်သို့ အပြေးတက်သွားတော့သည်။ အစာရေစာ ပြတ်လပ်နေသော်လည်း မျှော်လင့်ချက်ရောင်ခြည်ကြောင့် သူ၏ ခန္ဓာကိုယ်အတွင်းမှ မမျှော်လင့်ထားသော ခွန်အားများ ရုတ်တရက် ပေါက်ကွဲထွက်လာခြင်း ဖြစ်သည်။

ဒုတိယထပ် ပြတင်းပေါက်မှတစ်ဆင့် အပြင်သို့ လှမ်းကြည့်လိုက်သောအခါ မြို့အဝင်ဘက်မှ မောင်းနှင်လာသော ကားတန်းကြီးကို အဝေး၌ အမှန်တကယ် မြင်တွေ့လိုက်ရသည်။

"ငါ သိတယ် ကယ်ဆယ်ရေးတွေ ရောက်လာမယ်ဆိုတာ ငါ သိသားပဲ"

"သုံးလကျော်ပြီ... ငါ ဘယ်လိုတွေ ခံစားခဲ့ရလဲ မင်းတို့သိကြလား အီးဟီး..."

ချန်ထိုသည် ဝမ်းသာလွန်း၍ မျက်ရည်များ ပိုးပိုးပေါက်ပေါက် ကျလာတော့သည်။ သူသည် အပြင်ဘက်ရှိ လေလွင့်ဇွန်ဘီများကိုပင် မကြောက်တော့ဘဲ ပြတင်းပေါက်ကို ဝုန်းခနဲ ဖွင့်ချလိုက်သည်။

"ကယ်ကြပါဦး ကယ်ကြပါဦး ကျွန်တော် ဒီမှာပါ"

"ဟေး ဒီမှာ လူရှိသေးတယ် ကျွန်တော့်ကို ကယ်ကြပါဦး"

လွန်ခဲ့သော သုံးလကျော်အတွင်း အိမ်ထဲ၌ အသက်ပင် ပြင်းပြင်းမရှူရဲဘဲ ပုန်းအောင်းနေခဲ့သော ချန်ထိုသည် ယခုအခါတွင်မူ သူ၏ အဆုတ်ကွဲမတတ် အော်ဟစ်နေတော့သည်။

သူ၏ ရှေ့သို့ တရွေ့ရွေ့ မောင်းနှင်လာသော ဤကားတန်းကြီးမှာ သူ၏ ဘဝအတွက် နောက်ဆုံးသော မျှော်လင့်ချက် ရောင်ခြည်ပင်။

သူသည် အော်လွန်းသဖြင့် မူးဝေလာပြီး မျက်စိထဲ၌ ကြယ်စင်များ မြင်နေရသော်လည်း လက်များကို ရူးသွပ်စွာ ဝှေ့ယမ်းပြနေဆဲပင်။

"ဟားဟားဟား အသုံးမကျတဲ့ သောက်တိရစ္ဆာန်တွေ... လာခဲ့ကြစမ်း၊ ကိုက်ရဲရင် တက်ကိုက်လိုက်ကြ။ ငါ့ကယ်ဆယ်ရေးတွေ ရောက်လာပြီကွ။ မင်းတို့ကို ငါ မကြောက်တော့ဘူး"

ချန်ထိုသည် အောက်ဘက်ရှိ ဇွန်ဘီများကို ကြည့်ကာ လပေါင်းများစွာ စုပြုံနေခဲ့သော မကျေနပ်ချက်များကို အားရပါးရ ဆဲဆိုရင်း ဖောက်ထုတ်လိုက်တော့သည်။ ကားတန်းကြီးမှာ ပိုမိုနီးကပ်လာသည်နှင့်အမျှ သူ၏ အပြုံးမှာလည်း ပိုမိုကျယ်ပြန့်လာခဲ့သည်။

"ကျွန်တော် ဒီမှာပါ... မြန်မြန်လာကြပါ..."

သို့သော်... အမှန်တရားက ရက်စက်လှသည်။

ချန်ထို ကယ်ဆယ်ရေးအဖွဲ့ဟု ထင်မှတ်နေသော ထိုကားတန်းကြီးမှာ အမှန်စစ်စစ်တွင် လူသားများ မဟုတ်ကြပေ။

ကားများကို မောင်းနှင်နေသူများမှာ လုချွမ်းထိန်းချုပ်ထားသော လျှပ်စီး ၁ အပါအဝင် ဇွန်ဘီရုပ်သေးများသာ။

ကားတန်းကြီး အနီးသို့ ရောက်ရှိလာချိန်တွင် ချန်ထိုသည် ကားမောင်းသူနေရာမှ လူရိပ်များကို ရှင်းလင်းစွာ မြင်လိုက်ရသည်။ သို့သော် မြင်လိုက်ရသော မြင်ကွင်းကြောင့် သူသည် သူ့ကိုယ်သူပင် မယုံကြည်နိုင်တော့ချေ။

ကားမောင်းခန်းအတွင်း၌ လူသားစစ်သားများအစား သွေးရောင်လွှမ်းသော သူငယ်အိမ်များဖြင့် စိုက်ကြည့်နေသည့် ကြောက်မက်ဖွယ် ဇွန်ဘီများကိုသာ တွေ့လိုက်ရသည်။

မဖြစ်နိုင်ဘူး ဒါ လုံးဝ မဖြစ်နိုင်ဘူး။

စိတ်အာရုံ မှားယွင်းတာပဲ ဖြစ်ရမယ်။

ဒါ ငါ့ရဲ့ စိတ်ကူးယဉ်မှုတွေပဲ ဖြစ်ရမယ်။

ချန်ထိုသည် သူ၏ နောက်ဆုံးကျန်ရှိသော အားအင်များ ဆုတ်ယုတ်သွားသကဲ့သို့ ခံစားလိုက်ရကာ မြေပြင်ပေါ်သို့ ခွေခေါက်လဲကျသွားတော့သည်။

သူ၏ စိတ်ထဲ၌ ဘာမှမရှိတော့ဘဲ ဗလာဖြစ်သွားရသည်။

ဇွန်ဘီတွေက ကားတောင် မောင်းတတ်နေပြီဆိုတော့ ဒီကမ္ဘာကြီးကတော့ ကယ်တင်လို့ မရတော့ဘူးပဲ။

အကုန်လုံး ပြီးသွားပြီ...

လူသားမျိုးနွယ်မှာ ဘာမျှော်လင့်ချက်မှ မရှိတော့ဘူး...

လပေါင်းများစွာ ကြံ့ကြံ့ခံခဲ့သော ချန်ထို၏ စိတ်ဓာတ်မှာ ဤခဏ၌ အပြီးတိုင် ပြိုလဲသွားခဲ့ပြီး သူ၏ မျက်ဝန်းများမှာ မျှော်လင့်ချက်မဲ့စွာဖြင့် ဟောင်းလောင်းဖြစ်သွားတော့သည်။

လုချွမ်းသည် ကားမောင်းခန်းအတွင်းရှိ ဇွန်ဘီရုပ်သေးများကို ထိန်းချုပ်ကာ လမ်းဘေးဝဲယာရှိ မြင်ကွင်းများကို အဆက်မပြတ် စစ်ဆေးနေသည်။ လမ်းပေါ်တွင် တွေ့သမျှသော ဇွန်ဘီများကိုလည်း ကားတန်းကြီးဖြင့် ကြိတ်ခြေဖျက်ဆီးပစ်လိုက်သည်။

တိတ်ဆိတ်နေသော မြို့ငယ်လေးအတွင်းသို့ အင်ဂျင်သံများဖြင့် ဟိန်းဟောက်ဝင်ရောက်လာသော ကားတန်းကြီးကြောင့် ပုန်းအောင်းနေသည့် ရှင်သန်သူအများအပြား ထွက်ပေါ်လာကြသည်။

အချို့က အပေါ်ထပ်မှ အော်ဟစ်အကူအညီတောင်းကြပြီး အချို့ကမူ ကားပေါ်သို့ ခိုလိုက်ရန် လမ်းပေါ်သို့ ပြေးထွက်လာကြသည်။ သို့သော် ကားတန်းကြီး အနီးသို့ ရောက်လာချိန်တွင်မူ ထိုသူအားလုံး၏ မျက်ဝန်းများမှာ ခြွင်းချက်မရှိဘဲ စိတ်ပျက်အားငယ်မှုများဖြင့် ပြည့်နှက်သွားကြတော့သည်။

ကားတန်းကြီး၏ ဆူညံသံများကြောင့် အနီးအနားရှိ ဆင့်ကဲဇွန်ဘီအချို့လည်း ရောက်ရှိလာကြသည်။ သို့သော် ထိုအဆင့်နိမ့် ဆင့်ကဲဇွန်ဘီများသည် ကားတန်းအနီးသို့ ချဉ်းကပ်လာသည်နှင့် လုချွမ်း၏ ဇွန်ဘီရုပ်သေးတပ်ဖွဲ့၏ သတ်ဖြတ်ခြင်းကို ချက်ချင်း ခံလိုက်ရသည်။

မကြာမီမှာပင် ကားတန်းကြီးသည် အဝါရောင်နဂါးတောင်၏ ခြေရင်းသို့ ဆိုက်ရောက်လာခဲ့သည်။

မျက်စိရှေ့တွင် မြင်တွေ့နေရသော အဝါရောင်နဂါးတောင်မှာ မီတာ တစ်ထောင်ကျော် မြင့်မားကာ စိမ်းလန်းစိုပြည်လျက်ရှိသည်။

အပြင်ပန်းကြည့်ရုံဖြင့်မူ အလွန်ပင် သာယာလှပလှသည်။ သို့သော် တောင်ခြေရှိ အလှပြကွင်းပြင်တွင်မူ အလောင်းပုံကြီးများနှင့် အရိုးစုများ ပြန့်ကျဲနေသည်။

တောင်တက်လှေကားထစ်များမှာလည်း သွေးညိုရောင်များဖြင့် စွန်းထင်နေပြီး လေထဲတွင် ပုပ်စော်နံသော အနံ့အသက်များမှာ အဝေးအထိ လွင့်ပျံ့နေသည်။

ဂါးးးးး…

တောင်ပေါ်ရှိ အခြေအနေကို ရှင်းလင်းစွာ မမြင်ရသေးသော်လည်း ရံဖန်ရံခါ ထွက်ပေါ်လာသော သားရဲဟိန်းသံများက အဝါရောင်နဂါးတောင်အတွင်း၌ ကိန်းအောင်းနေသော အန္တရာယ်များကို အထင်အရှား သက်သေပြနေသည်။

"အဝါရောင်နဂါးတောင်က တကယ့်ကို သက်ရှိတွေနဲ့ ပြည့်နှက်နေတာပဲ။ ငါ့အတွက် အမဲလိုက်ကွင်း ဖြစ်လာဖို့ အကောင်းဆုံးပဲ"

"ငါ့ရဲ့ တပ်သားတို့ ဒီဆင့်ကဲသားရဲတွေကို မင်းတို့ရဲ့ အစွမ်းကို ပြလိုက်စမ်း"

လုချွမ်း၏ စိတ်အမိန့်အတိုင်းပင် ဇွန်ဘီရုပ်သေး အမြောက်အမြားသည် အဝါရောင်နဂါးတောင်အတွင်းသို့ အလုံးအရင်းဖြင့် စတင်ဝင်ရောက်သွားကြတော့သည်။

အခန်း။ ၁၆၄

ဂြွတ်... ဂြွတ်...

အရိုးကိုက်ဝါးသံများမှာ တောင်စဉ်တောင်တန်းတစ်လျှောက် ပဲ့တင်ထပ်နေသည်။ နှစ်မီတာခန့် မြင့်မားသော တောဝက်ကြီးတစ်ကောင်မှာ ဝါးမြိုခြင်းခံထားရပြီး ခန္ဓာကိုယ်တစ်ဝက်သာ ကျန်ရှိတော့သည်။ စီးကျလာသော သွေးများက ပတ်ဝန်းကျင် မြေပြင်တစ်ခုလုံးကို ရဲရဲနီစေခဲ့ပြီ။

ထိုတောဝက်အလောင်းပေါ်တွင် မတ်တတ်ရပ်နေသည်မှာ ကိုယ်လုံးအရှည် လေးမီတာကျော်နှင့် ပခုံးအမြင့် နှစ်မီတာရှိသော နက်မှောင်သော ဧရာမဝံပုလွေကြီးတစ်ကောင်ပင်။ မူလက သာမန်တောရိုင်းဝံပုလွေတစ်ကောင်သာ ဖြစ်သော်လည်း သွေးရောင်လွှမ်းနေသောလညတွင် ဆင့်ကဲပြောင်းလဲပြီးနောက် ခန္ဓာကိုယ်မှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ကြီးထွားလာခဲ့ခြင်း ဖြစ်သည်။

၎င်း၏ အနက်ရောင်အမွေးအမှင်များမှာ ချွန်ထက်သော ဆူးချွန်များသဖွယ် ဖြစ်နေပြီးပြင်းထန်လှသော ကိုက်အားကြောင့် တောဝက်၏ မာကျောသော အရိုးများမှာ မှုန့်မှုန့်ညက်ညက် ကြေမွနေရသည်။

အစာကို စားသောက်နေစဉ်မှာပင် ထိုဆင့်ကဲဝံပုလွေကြီး၏ ဝါထိန်သော သူငယ်အိမ်များမှာ သတိကြီးစွာဖြင့် ပတ်ဝန်းကျင်ကို အကဲခတ်နေဆဲပင်။

ဝူးးး….

ထိုစဉ် လုချွမ်းထိန်းချုပ်ထားသော ဇွန်ဘီရုပ်သေးတပ်မဟာကြီးသည် အဝါရောင်နဂါးတောင်အတွင်းသို့ ဒီရေအလား တိုးဝင်လာခဲ့သည်။ ဧရာမ ဇွန်ဘီလူအုပ်ကြီးမှာ ကမ္ဘာပျက်ကပ်မတိုင်မီက ခရီးသွားဧည့်သည်များအလား တောင်ပေါ်လမ်းများတွင် ပြည့်နှက်သွားပြီး တိတ်ဆိတ်နေသော အဝါရောင်နဂါးတောင်ကို ချက်ချင်းပင် ဆူညံသွားစေတော့သည်။

အစာစားနေသော ပထမအဆင့် ဆင့်ကဲဝံပုလွေကြီးသည် ခြေဖဝါးအောက်မှ မြေပြင်တုန်ခါမှုကို ခံစားလိုက်ရသည်။ ထူးဆန်းသော အရှိန်အဝါများက ၎င်း၏ နယ်မြေအတွင်းသို့ ကျူးကျော်လာခြင်းကြောင့် ဝံပုလွေကြီးမှာ အလွန်အမင်း ဒေါသထွက်သွားပြီး အသံလာရာဘက်သို့ ဝုန်းခနဲ ပြေးထွက်သွားတော့သည်။

တောအုပ်အတွင်း ပြေးလွှားနေသော ထိုဝံပုလွေကြီး၏ အရှိန်မှာ လျှပ်စီးလက်သကဲ့သို့ လျင်မြန်လှသည်။ ခေတ္တအကြာတွင် ဝံပုလွေကြီးသည် တောင်တက်လမ်းသို့ ရောက်ရှိသွားရာ သူ၏ မျက်စိရှေ့တွင် မြင်တွေ့လိုက်ရသည်မှာ အဆုံးမဲ့သော ဇွန်ဘီပင်လယ်ကြီးပင်။

ဤမျှများပြားလှသော ရန်သူများနှင့် ရုတ်တရက် ထိပ်တိုက်တွေ့လိုက်ရသဖြင့် ခက်ထန်လှသော ဆင့်ကဲဝံပုလွေကြီးပင်လျှင် ထိုနေရာ၌တင် အံ့အားသင့်ကာ မှင်သက်ရပ်တန့်သွားတော့သည်။

ဤမျှများပြားလှသော ဇွန်ဘီများကို မြင်လိုက်ရသောအခါ ဧရာမဝံပုလွေကြီး၏ ဝါထိန်သော မျက်လုံးများမှာ ချက်ချင်းပင် စိုးရိမ်ထိတ်လန့်သွားတော့သည်။ ၎င်းသည် နောက်သို့ ဖြည်းဖြည်းချင်း ဆုတ်ခွာသွားပြီးနောက် ကိုယ်ကိုလှည့်ကာ အမြန်ဆုံး ထွက်ပြေးရန် ကြိုးစားတော့သည်။

"ဟဲဟဲ... ငါ အပိုင်ကြံထားတဲ့ သားကောင်က ဘယ်တော့မှ လွတ်အောင် မပြေးနိုင်ဘူးကွ"

ဘုန်း... ဘုန်း...

လေထုကို ခွဲထွက်သွားသော အသံများနှင့်အတူ မီးလျှံ ၁ နှင့် မီးလျှံ ၂ တို့၏ လက်ထဲမှ ဧရာမ မီးလုံးကြီးနှစ်လုံး ထွက်ပေါ်လာသည်။ လေထဲတွင် ဝဲပျံလာသော မီးလုံးကြီးများကို ကြည့်ရင်း ဆင့်ကဲဝံပုလွေကြီး၏ စိတ်ထဲ၌ ကြောက်ရွံ့မှုများ အလိုလိုပင် ဖြစ်ပေါ်လာခဲ့သည်။

ဝုန်း...

ပြင်းထန်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး ဝံပုလွေကြီးမှာ ဘာမှပင် မလုပ်ရသေးမီမှာပင် မီးလုံးကြီး၏ တိုက်ရိုက်ထိမှန်ခြင်းကို ခံလိုက်ရသည်။ ထိုခဏချင်းမှာပင် ၎င်း၏ ခန္ဓာကိုယ်မှာ လွင့်စင်သွားလုနီးပါးဖြစ်ကာ တောက်လောင်နေသော မီးလျှံများကြောင့် အမွေးအမှင်အများစုမှာ လောင်ကျွမ်းသွားပြီး ခန္ဓာကိုယ်မှ မီးခိုးမည်းများ ထွက်လာတော့သည်။

အူး... ဝူး...

ပြင်းထန်သော ဒဏ်ရာများကြောင့် ဆင့်ကဲဝံပုလွေကြီးမှာ နာကျင်စွာဖြင့် အူလိုက်သည်။ ၎င်းသည် အဝေးသို့ ထပ်မံထွက်ပြေးရန် ကြိုးစားသော်လည်း လုချွမ်းသည် လျှပ်စီး ၁ ကို ၎င်း၏ ဘေးနားသို့ ရောက်ရှိသွားအောင် အမိန့်ပေးထားပြီးသား ဖြစ်သည်။

ဆင့်ကဲဝံပုလွေကြီးသည် တစ်ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ဗီဇအရ လျှပ်စီး ၁ ကို ကိုက်ခဲရန် အရှိန်ဖြင့် ခုန်အုပ်လိုက်သည်။ သို့သော် လျှပ်စီး ၁ ၏ အရှိန်မှာ ပို၍ပင် လျင်မြန်လှသည်။ အေးစက်သော ဓားအလင်းတန်း တစ်ချက် လက်သွားပြီးနောက် ဝံပုလွေကြီး၏ ခါးအလယ်တည့်တည့်သို့ ဓားချက်မှာ ထိမှန်သွားတော့သည်။

ဝံပုလွေတို့၏ သဘာဝအရ ခေါင်းက ကြေးနီဖြစ်ကာ ဦးနှောက်က သံမဏိဖြစ်သော်လည်း ခါးကတော့ တို့ဖူးလို နုနယ်သည်။

အသက်ရှူရာ နေရာကို တိကျစွာ အုတ်လိုက်သဖြင့် ဆင့်ကဲဝံပုလွေကြီးမှာ ချက်ချင်းပင် အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေသို့ ရောက်ရှိသွားသည်။ လျှပ်စီး ၁ မှာတော့ ရပ်တန့်မသွားဘဲ သံမဏိဓားရှည်ကို ဆက်လက်ဝှေ့ယမ်းကာ အဆုံးသတ် တိုက်ကွက်များကို ဆက်တိုက် ဆင်နွှဲနေတော့သည်။

ဗုန်း…..

အသက်မဲ့သွားသော ဧရာမ ဆင့်ကဲဝံပုလွေကြီး၏ ခန္ဓာကိုယ်သည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားပြီး သွေးများမှာလည်း တားမနိုင်ဆီးမရ စီးကျလာတော့သည်။ တောင်ပေါ်သို့ ခြေချရုံရှိသေးသော်လည်း ရိတ်သိမ်းမှုတစ်ခု ရရှိလိုက်ပြီဖြစ်ရာ လုချွမ်းသည် ဤလုပ်ဆောင်ချက်အပေါ် အလွန်ကျေနပ်သွားမိသည်။

အဝါရောင်နဂါးတောင်သည် မဖွံ့ဖြိုးသေးသော သဘာဝဘေးမဲ့တောနယ်မြေများ ကျယ်ပြန့်စွာရှိနေပြီး တောရိုင်းတိရစ္ဆာန်များစွာ ခိုအောင်းနေသည့် နေရာဖြစ်သည်။

"ဟင်း... ဒီလို မဖွံ့ဖြိုးသေးတဲ့ တောင်တန်းဒေသတွေကို ငါ သဘောအကျဆုံးပဲ။ ငါ့စိတ်ကြိုက် အမဲလိုက်လို့ ရပြီ"

လုချွမ်းသည် တင့်ကားဇွန်ဘီတစ်ကောင်အား ဝံပုလွေအလောင်းကို ကိုင်တွယ်စေပြီးနောက် သူ၏စစ်တပ်ကို တောင်ပေါ်သို့ ဆက်လက်ဦးဆောင်သွားခဲ့သည်။

ရှပ်... ရှပ်... ရှပ်...

မကြာမီမှာပင် ဘေးပတ်ဝန်းကျင်ရှိ တောအုပ်အတွင်းမှ ပြင်းထန်သော အသံများ ထွက်ပေါ်လာသည်။ တောင်ပေါ်မှ တစ်စုံတစ်ရာသည် သူတို့ရှိရာသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာသကဲ့သို့ပင်။ ထို့နောက်တွင်မူ စူးရှသော အော်ဟစ်သံများကို လုချွမ်း ကြားလိုက်ရသည်။

နောက်တစ်စက္ကန့်တွင် မီးခိုးရောင် ဧရာမ ဆင့်ကဲမျောက်ကြီးတစ်ကောင်သည် တောအုပ်အတွင်းမှ ခုန်ထွက်လာသည်။ ၎င်းသည် အရပ် ၃ မီတာခန့် မြင့်မားပြီး အလွန်ပင် ထွားကျိုင်းသန်မာလှသည်။ အရေးကြီးဆုံးအချက်မှာ ထိုမျောက်ကြီးသည် မြေကြီးမှ နုတ်ယူထားသော သစ်ပင်ပင်စည် တစ်ခုကို လက်နက်အဖြစ် ကိုင်ဆောင်ထားခြင်းပင်။

၎င်းသည် အချင်း ၃၀ စင်တီမီတာခန့်ရှိသော ထိုသစ်လုံးကို ဝှေ့ယမ်းလိုက်ရာ လေတိုးသံများပင် ထွက်ပေါ်လာပြီး ရှေ့ဆုံးမှ သာမန်ဇွန်ဘီရုပ်သေးအချို့မှာ လွင့်စင်ထွက်သွားတော့သည်။

လုချွမ်းသည် မျောက်ကြီး၏ ပြင်းထန်လှသော အရှိန်အဝါကို ကြည့်ရင်း ၎င်းသည် ဒုတိယအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ချက်ချင်း သိလိုက်ရသည်။

လုချွမ်းသည် စိတ်အမိန့်ဖြင့် ဇွန်ဘီရုပ်သေးတပ်ဖွဲ့ကို ချက်ချင်း နေရာပြန်ချလိုက်ကာ ဒုတိယအဆင့်ရှိ တင့်ကားဇွန်ဘီများဖြစ်သော ဆန်းဖန်နှင့် စစ်ဖန်းတို့ကို ရှေ့ဆုံးသို့ ထုတ်လိုက်သည်။

ဤမျောက်ကြီး၏ အသိဉာဏ်မှာ ဝံပုလွေထက် သိသိသာသာ မြင့်မားပုံရသည်။ တင့်ကားဇွန်ဘီနှစ်ကောင်၏ အရှိန်အဝါကို အာရုံခံမိသည်နှင့် မျောက်ကြီး၏ ကြွက်သားများမှာ ဝုန်းခနဲ ဖောင်းကားလာတော့သည်။

၎င်းသည် သစ်ပင်ပင်စည်ကို အင်အားအပြည့်ဖြင့် ဝှေ့ယမ်းကာ တောင်တက်လမ်းပေါ်ရှိ ဇွန်ဘီရုပ်သေးများဆီသို့ ရိုက်ချလိုက်တော့သည်။

သို့သော် ဆန်းဖန့်နှင့် စစ်ဖန့်တို့မှာ ယခုအခါ ဒုတိယအဆင့်ရှိ တင့်ကားဇွန်ဘီများ ဖြစ်နေကြပြီဖြစ်ရာ ခွန်အားပိုင်းတွင် ဤမျောက်ကြီးထက် လျော့နည်းခြင်းမရှိပေ။

ဝုန်း…

ရှေ့ဆုံးမှ တင့်ကားဇွန်ဘီနှစ်ကောင်သည် မျောက်ကြီးရိုက်ချလိုက်သော သစ်လုံးကို ထိပ်တိုက်ဖမ်းဆွဲလိုက်ကြသည်။ ဆင့်ကဲမျောက်ကြီး၏ သူငယ်အိမ်များမှာ ကျုံ့သွားကာ ၎င်း၏တိုက်ကွက်ကို ဤမျှအလွယ်တကူ တားဆီးနိုင်လိမ့်မည်ဟု ထင်မထားခဲ့ပေ။

ထိုခဏ၌ပင် ဧရာမဇွန်ဘီ ၁ က စတင်လှုပ်ရှားတော့သည်။ ၎င်း၏ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကြောင့် ဒုတိယအဆင့်ရှိ မျောက်ကြီးပင် ဆံပင်များ ထောင်ထသွားရသည်။

ဒုတိယအဆင့် ဧရာမဇွန်ဘီ၏ အစွမ်းကို ရိပ်မိသွားသော မျောက်ကြီးသည် ကိုင်ထားသော သစ်လုံးကို ချက်ချင်းလွှတ်ချကာ နောက်သို့ ခုန်ဆုတ်လိုက်သည်။

သို့သော် ၎င်းသည် လုချွမ်း၏ ဇွန်ဘီရုပ်သေးစစ်တပ်၏ အစွမ်းကို အထင်သေးခဲ့ပုံပင်။ မျောက်ကြီး မြေပြင်ပေါ်သို့ ပြန်အကျတွင်ပင် မီးလုံးကြီးနှစ်လုံးက ၎င်းကို တိုက်ရိုက်ထိမှန်သွားပြီး ပြင်းထန်သောအပူရှိန်ကြောင့် ဆင့်ကဲသားရဲကြီးမှာ နာကျင်စွာ အော်ဟစ်တော့သည်။

လုချွမ်း၏ အမိန့်ပေးမှုအောက်တွင် ဆင့်ကဲဇွန်ဘီရုပ်သေးများသည် တစ်ဦးနှင့်တစ်ဦး အချိတ်အဆက်မိမိဖြင့် ဟန်ချက်ညီစွာ တိုက်ခိုက်နေကြသည်။ ဤမျောက်ကြီးသည် ဒုတိယအဆင့်သို့ ရောက်ရှိနေပြီး ခွန်အားနှင့် တိုက်ခိုက်ရေးစွမ်းရည်ရှိသော်လည်း လုချွမ်း၏ စနစ်ကျသော စစ်တပ်ကို ယှဉ်နိုင်စွမ်းမရှိပေ။

သူ့ရှေ့မှ နဂါးကောင်များမှာ သူယခင်က တွေ့ဖူးသမျှနှင့် မတူကြောင်း သိရှိသွားသောအခါ မျောက်ကြီးသည် တောအုပ်အတွင်းသို့ ထွက်ပြေးရန် ပြင်တော့သည်။

သို့သော် ထိုအချိန်တွင် ငွေရောင်အလင်းတန်းအချို့ လေထဲတွင် ဝဲပျံသွားသည်။ ဒုတိယအဆင့်ရှိ အလွန်လျင်မြန်သောဇွန်ဘီများမှာ တိုက်ပွဲဖြစ်ပွားနေစဉ်ကတည်းက မျောက်ကြီး၏ နောက်ကျောဘက်သို့ တိတ်တဆိတ် ပိတ်ဆို့ထားပြီး ဖြစ်သည်။

စိတ်ဓာတ်များ ပြိုလဲနေသော မျောက်ကြီးသည် အနောက်သို့ ကန်းကန်းဖောက် ပြေးထွက်သွားရာ တောအုပ်အတွင်းရှိ ချောင်းမြောင်းနေမှုကို သတိမထားမိလိုက်ပေ။

ငွေရောင်အလင်းတန်းများ လက်သွားပြီးနောက် ၎င်း၏ ခန္ဓာကိုယ်ပေါ်တွင် ကြောက်မက်ဖွယ် ဒဏ်ရာများစွာ ပေါ်ပေါက်လာခဲ့သည်။ အထူးသဖြင့် ခြေကျင်းဝတ်မှ သွေးကြောမကြီးကို လျှပ်စီး ၃ နှင့် လျှပ်စီး ၄ တို့က ဖြတ်တောက်ပစ်လိုက်သဖြင့် ၄ မီတာနီးပါး မြင့်သော ခန္ဓာကိုယ်ကြီးမှာ ဒူးထောက်ကျသွားတော့သည်။

နာကျင်မှုကြောင့် မျောက်ကြီးသည် ဒေါသတကြီး အော်ဟစ်လိုက်သော်လည်း ဧရာမဇွန်ဘီ ၁ က အမြင့်သို့ ခုန်တက်ကာ ၎င်း၏ သန်မာလှသော လက်သည်းများဖြင့် မျောက်ကြီး၏ ရင်ဘတ်ကို ထိုးဖောက်လိုက်တော့သည်။

လုချွမ်း၏ ဇွန်ဘီစစ်တပ်မှာ စနစ်တကျ ရှိလှသည်။

တင့်ကားဇွန်ဘီသည် လမ်းကြောင်းရှင်းလင်းခြင်းနှင့် ခံစစ်အတွက် တာဝန်ယူကာ ဧရာမဇွန်ဘီများက ရှေ့တန်းတိုက်စစ်အဖြစ် အဓိက အင်အားသုံး တိုက်ခိုက်သည်။

အလွန်လျင်မြန်သောဇွန်ဘီများသည် ဘေးတိုက်နှင့် အနောက်ဘက်မှ ချောင်းမြောင်း တိုက်ခိုက်သည်။

မီးလျှံဇွန်ဘီသည် ဆင့်ကဲရွှေရောင်မြွေဟောက်၏ အရေခွံကို ဝတ်ဆင်ထားပြီး အလယ်ပိုင်းမှနေ၍ အဝေးပစ် စွမ်းအင်များဖြင့် ပစ်ကူပေးသည်။

တိုက်ပွဲအပြီးတွင် မြေပြင်ရိတ်သိမ်းသူများက စစ်မြေပြင်ကို ရှင်းလင်းကာ သားရဲအလောင်းများကို တောင်ခြေရှိ ကားတန်းကြီးထံသို့ သယ်ယူပို့ဆောင်ပေးကြသည်။ အစုအဖွဲ့လိုက် တိုက်ခိုက်ရေးဗျူဟာကြောင့် လမ်းခရီးတွင် တွေ့သမျှသော ပထမနှင့် ဒုတိယအဆင့်ရှိ ဆင့်ကဲသားရဲအားလုံးမှာ လုချွမ်း၏ သားကောင်များ ဖြစ်ကုန်ကြတော့သည်။

All Chapters