← Chapters

နေ့ခင်းကြောင်တောင်လုယက်ခြင်း

Vol. 48 Ch. 664

နေ့ခင်းကြောင်တောင်လုယက်ခြင်း

Vol. 48 Ch. 664

“ကုသိုလ်မှတ်တစ်သန်းက ကျွန်းပေါ်ဝင်ဖို့ဖြစ်ပြီး မြို့ထဲမှာနေဖို့က ကုသိုလ်မှတ် သန်းတစ်ရာတဲ့လား”

ကျန်းရီက သူ့မျက်နှာကို ပွတ်လိုက်ပြီး မျက်လုံးအပြူးသားဖြင့် အမျိုးသမီးကြီးကို ကြည့်နေလျက် မေးလိုက်တော့သည်။

“အကြီးအကဲ ကျွန်တော်ကို နောက်နေတာတော့ မဟုတ်ဘူးမလား”

သူ့အသက်ကိုစွန့်စားကာ တစ်နေ့လုံး မြို့ပြင်ထွက်ပြီး ဖုန်းလန်နှင့် ကျန်သည်သူများတို့နှင့်အတူ ပူးပေါင်းကာ ကောင်းကင်ဧကရာဇ်များစွာကို သတ်ဖြတ်ခဲ့ပြီး မိုးကြိုးကျောက်တုံး တစ်ထောင်ကျော်သာ ရခဲ့သည်။ ထိုအရာအားလုံးကို ကုသိုလ်မှတ်ဖြင့် လဲလှယ်ခဲ့လျှင် သူက ကုသိုလ်မှတ် တစ်ထောင်စွန်းစွန်းသာ ရမှာပဲဖြစ်သည်။

“မင်းကိုလိမ်ဖို့ လိုအပ်လို့လား”

အမျိုးသမီးကြီးက ဒေါသမထွက်သွားဘဲ ညင်သာစွာ ပြောလိုက်၏။

“အပြင်ထွက်ပြီး ဒီအကြောင်းကိုသိတဲ့ ဘယ်သူမဆို မေးလို့ရတယ်။ ရှန်းစီကျွန်းကို ဘေးချိတ်ထားလိုက်အုံး။ နဂါးဖြူကျွန်းရဲ့ မြို့တွေကို ဝင်ရောက်နိုင်ဖို့ ကုသိုလ်မှတ်တွေ အများကြီးလိုတယ်။ ကုသိုလ်မှတ်မရှိဘဲ အပြင်လောကမှာ စွန့်စားသွားလာနေရင် အချိန်မရွေး အသတ်ခံရမှာပဲ။ မင်းက ကောင်းကင်မိုးကြိုးမြို့ကို ဝင်ဖို့အတွက် နဂါးဖြူမျိုးနွယ်စုထဲ ဝင်ရုံပဲရှိသေးတယ်။ ဒါပေမဲ့ အဲ့ဒီမြို့ကရော မိုးကြိုးကျောက်တုံး လိုမှာမဟုတ်ဘူးလား။ နဂါးဖြူမျိုးနွယ်စုက မြို့ငယ်လေးတစ်ရာ ပါဝင်ပြီး အဓိကမြို့ကြီး ဆယ်မြို့ရှိပြီး ဧရာမမြို့တစ်မြို့ရှိတယ်။ မင်းက မြို့ငယ်လေးထဲမှာ နေထိုင်ချင်တယ်ဆိုရင် အနည်းဆုံး ကုသိုလ်မှတ် တစ်သိန်းလိုအပ်တယ်။ အဓိကမြို့ကြီးတွေဆိုရင် ကုသိုလ်မှတ် ငါးသိန်း၊ ဧရာမမြို့ကြီးဆိုရင် ကုသိုလ်မှတ် တစ်သန်းလိုအပ်မှာ။ ကုသိုလ်မှတ်တွေရဲ့ အရေးပါပုံကို မင်းအခု သိသင့်ပြီမလား”

ကျန်းရီက အထုခံလိုက်ရသလို ဖြစ်သွားသည်။

မူလက မိုးကြိုးကျောက်တုံးများ လုံလောက်အောင် ရနေလျှင် သူကလအနည်းငယ်ခန့် အပြင်ထွက်ပြီးနောက် စိုးရိမ်ပူပန်မှုမှ ကင်းလွတ်နိုင်ပြီဟု ထင်ခဲ့တာပဲဖြစ်သည်။ လုံလောက်ရန် ဝေးကွာလွန်းလိမ့်မည်ဟု သူမထင်ထားပေ။

အပြစ်သားကျွန်းအတွင်းရှိ မြို့များမှအပ မည့်သည့်နေရာမှ မလုံခြုံပေ။ သူက လူတစ်စုကိုခေါ်ပြီး ငြိမ်းငြိမ်းချမ်းချမ်း ကျင့်ကြံချင်လျှင် နေထိုင်ရန်အတွက် မြို့တစ်မြို့ရှာရန် လိုအပ်၏။

နှစ်ဝက်အတွင်း သူတို့၏ တာဝန်ကို ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့လျှင်တောင် ကုသိုလ်မှတ်များ ရယူနိုင်မည့် နည်းလမ်းနှင့် မြို့ထဲတွင် နေထိုင်နိုင်မည့် နည်းလမ်းတစ်ခုကို စဉ်းစားရအုံးမှာပဲဖြစ်သည်။ အပြင်လောကတွင် ငြိမ်းငြိမ်းချမ်းချမ်း ကျင့်ကြံဖို့က မဖြစ်နိုင်ပေ။ မည်သည့်နေရာတွင် သိုင်းပညာရှင်တစ်ဦးက မည်သည့်နေရာတွင် ပေါ်လာပြီး သူတို့ကိုသတ်မည်မှန်း မသိသောကြောင့်ဖြစ်သည်။

ကျန်းရီ၏စိတ်က လျင်မြန်စွာ ပြောင်းလဲလိုက်ပြီးနောက် ကိစ္စရပ်များကို တွေးလိုက်သည်။ သူကလက်သီးနှစ်ဖက်ဆုပ်လျက် မေးလိုက်၏။

“အကြီးအကဲ ကုသိုလ်မှတ်တွေရဖို့ တစ်ခြားနည်းလမ်း ရှိသေးလား”

“ရှိတာပေါ့”

အမျိုးသမီးကြီးက ခေါင်းညိတ်ပြီး ပြောလိုက်လေ၏။

“အရင်ဦးဆုံး ဒီမှာကုသိုလ်မှတ်တွေရဖို့ နည်းလမ်းတွေအများကြီးရှိတယ်။ အရင်ဆုံး အဲ့ဒါကို ကောင်းကင်ဘုံ ကျောက်တုံးတွေနဲ့ လဲလှယ်လို့ရတယ်။ ရတနာတွေ၊ နတ်ဆိုးသားရဲအလောင်းတွေ၊ ဝိညာဉ်ဆေးပင်တွေ တစ်ခြားပစ္စည်းတွေနဲ့ လဲလှယ်လို့ရတယ်။ ဒုတိယအချက်ကတော့ ကောင်းကင်မိုးကြိုးကျွန်းထဲမှာ မိုးကြိုးကျွန်း မြေနဂါးကျောက် ရက်စက်ခြင်းပင်လယ်နဲ့ တစ်ခြားနေရာတွေမှာ အလုပ်သမားအဖြစ် နေလို့ရတယ်။ မင်းရဲ့တာဝန် ပြီးသွားပြီဆိုတာနဲ့ ကောင်းကင်မိုးကြိုးမြို့ထဲမှာ နေတာမျိုးက မင်းဒီမှာ ဆက်နေချင်တယ်ဆိုရင်တောင် မိုးကြိုးကျောက်တုံး နှစ်ဆပေးရလိမ့်မယ်။ တတိယအချက်က လုမျိုးနွယ်စုရဲ့ တပ်ဖွဲ့ထဲကိုဝင်ပြီး နှစ်တိုင်းကုသိုလ်မှတ် ငါးထောင်ရနိုင်မယ်။ မြို့ထဲမှာ အခမဲ့နေလို့ရမယ်။ ကောင်းကင်ဧကရာဇ် သိုင်းပညာရှင်တွေက တစ်နှစ်ကို ကုသိုလ်မှတ် တစ်သောင်းရတယ်။ စတုတ္ထအချက်ကတော့ မြို့အသီးသီးမှာပြထားတဲ့ တာဝန်တွေကို လက်ခံလို့ရတယ်။ အဲ့ဒီတာဝန်တွေက သိုင်းပညာရှင်တစ်ယောက်ကို လိုက်ပြီးသတ်ဖြတ်ရတာလည်း ဖြစ်နိုင်တယ်။ ပြီးရင် ကုသိုလ်မှတ် ရလိမ့်မယ်။ ကုသိုလ်မှတ်ရဖို့ နည်းလမ်းတွေ အများကြီး ရှိသေးတယ်။ မင်းတစ်ခြားမြို့တွေကို သွားတာနဲ့ သိလိမ့်မယ်”

“တစ်မှတ်အတွက် ကောင်းကင်ဘုံကျောက်တုံး ဘယ်လောက်လဲ”

ကျန်းရီက ရှာဖွေဖော်ထုတ်ရန် ကြိုးစားလိုက်ပြီး အမျိုးသမီးကြီး ပြောသည့်အရေအတွက်ကြောင့် ချက်ချင်း စွံ့အသွား၏။ ဟူစန်းသည် မိုးကြိုးကျောက်တုံး တစ်တုံးကို ကောင်းကင်ဘုံကျောက်တုံး ရှစ်ရာကျသင့်ပြီး ဆိုလိုသည်က ကုသိုလ်မှတ်တစ်မှတ်က ကောင်းကင်ဘုံကျောက်တုံး ရှစ်ရာဖြစ်သင့်သည်။ ဤနေရာ၌ ကောင်းကင်ဘုံကျောက်တုံး တစ်ထောင်တောင်းနေ၏။ လုမျိုးနွယ်စုက ဓားပြများသာဖြစ်ပြီး နေ့ခင်းကြောင်တောင် ဓားပြတိုက်ခြင်းသာဖြစ်သည်။

“ဟုတ်ပါပြီ အကြီးအကဲရဲ့ မျှဝေပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ မိုးကြိုးကျောက်တုံးတွေ ပိုရှိလာခဲ့ရင် ကုသိုလ်မှတ်တွေနဲ့ လာလဲပါ့မယ်”

ကျန်းရီက လက်နှစ်ဖက်ဖြင့် အရိုအသေပေးပြီးနောက် နှုတ်ဆက်သွားတော့သည်။

အမျိုးသမီးကြီးက ပြုံးပြီးခေါင်းညိတ်ကာ ဘာမှမပြောတော့ပေ။ သူမ၏ ကျန်းရီထွက်သွားတာကို မြင်သောအခါ မျက်နှာက ချက်ချင်း အေးစက်သွားပြီးနောက် ပျက်ရယ်ပြုလိုက်၏။

“ပါ့တောက် မင်းဆီကနေ ကောင်းကင်ကျောက်တုံးတစ်သောင်း လက်ခံလိုက်ပြီဆိုမှတော့ ငါလုပ်သင့်တာကို လုပ်ပြီးပြီ။ ဒီကလေး မြို့ထဲက ထွက်မထွက်ဆိုတာက မင်းရဲ့ကံပေါ်ပဲ မူတည်သွားပြီ။ ကလေးရေ ငါ့ကိုအပြစ်မတင်လေနဲ့။ ပါ့တောက်ရဲ့လက်ထဲမှာ မသေရင်တောင် တစ်နှစ်ကြာပြီးတဲ့နောက် ကုသိုလ်မှတ် လုံလုံလောက်လောက် မရှိရင် တူညီတဲ့ ကံကြမ္မာကို ခံစားရအုံးမှာပဲ”

ကျန်းရီသည် လေးလံသော စိတ်ခံစားချက်များဖြင့် ခြံဝန်းထဲသို့ ပြန်လာလေ၏။ လမ်းတစ်လျှောက် သူ့ကိုကြည့်နေသည့် ထူးဆန်းသော မျက်ဝန်းများ ရှိသော်ငြား သူက နားမကြားသူပမာသာ ပြုမူခဲ့၏။

ခြံဝန်းထဲသို့ ပြန်လာပြီးနောက် စာပို့သည့် တံဆိပ်ပြားတစ်ခုကိုထုတ်ကာ စာပို့လိုက်၏။ ခဏအတွင်း၌ ဟုစန်က ရောက်လာသည်။ ထိုတံဆိပ်ပြားကို ဟုစန်သူ့ကိုပေးထားတာ ဖြစ်ပြီး ကျန်းရီက အချက်အလက်ကို စုံစမ်းချင်သည့် အချိန်တိုင်း၌ ၎င်းကိုအသုံးပြုနိုင်ကြောင်း ပြောခဲ့သည်။

ကောင်းကင်ဘုံကျောက်တုံး တစ်ထောင်ကို ထုတ်ပေးပြီးနောက် ကျန်းရီသည် သူလိုချင်သည့် အချက်အလက်များ ရခဲ့၏။ ထိုအမျိုးသမီးကြီးက လိမ်ပြောခဲ့တာမဟုတ်။ အပြစ်သားကျွန်းထဲရှိ မြို့များအားလုံးက ညမထွက်ရဖြစ်သည်။ မြို့ထဲတွင် ခြံဝန်းတစ်ခု မရှိခဲ့ဘဲ အပြင်ဘက်တွင် လှည့်လည်သွားရဲပါက အညှာအတာမရှိ အသတ်ခံရပေမည်။

ထို့အပြင် မြို့လေးများထဲရှိ ခြံဝန်းလေးများကတောင် ဝယ်ယူရန်အတွက် ကုသိုလ်မှတ်တစ်သိန်း လိုအပ်သည်။

ကုသိုလ်မှတ် လုံလုံလောက်လောက်မရှိပါက လူတစ်ယောက်သည် တောအုပ်ထဲတွင်သာ လှည့်လည်သွားလာနေရပြီး အချိန်မရွေး သတ်ဖြတ်ခံရနိုင်၏။ အပြစ်သားကျွန်းအတွင်းရှိ ကျွန်းများနှင့် ပင်လယ်ဒေသများက အသက်ရှင်နေထိုင်ရန်အတွက် လုယက်သတ်ဖြတ်ကြသည်။ ဓားပြများ နေထိုင်ရာဖြစ်သည်။ သူ့ကဲ့သို့ ဆူဖြိုးသော ငါးတစ်ကောင်သည် အဆုံးမရှိ အလိုက်ခံရမှာ သေချာသည်။

ကျန်းရီသည် ဟူစန်းထံမှ အကျိုးရှိသည့် အချက်အလက် ရခဲ့၏။ မိုးကြိုးတောင်ကြားအတွင်း၌ မိုးကြိုးကျောက်တုံး များစွာရှိကြောင်း သိလိုက်ရသည်။ သို့သော် ၎င်းအတွက် မည်သူကမှ မတူးဖော်ရဲချေ။ မီးဝိညာဉ်ပုလဲရှိသည့် သူသာလျှင် သွားတူးခဲ့တာဖြစ်ပြီး သာမာန် သိုင်းပညာရှင်များက မိုးကြိုးတောင်ကြားနား ကပ်တောင်မကပ်ရဲကြချေ။ အဖွဲ့မှူးဆယ်ဦးကတောင် မိုးကြိုးတောင်ကြားကို အဆိပ်ရှိသည့် မြွေတစ်ကောင် သို့မဟုတ် ကင်းမြှီးကောက်တစ်ကောင်ပမာ တွေးထင်ထားပြီး ရှောင်တိမ်းနေလေ၏။

ထို့ကြောင့် ကျန်းရီသည် သူ့နောက်လိုက်သည့်သူများကို တိမ်းရှောင်ပြီး မိုးကြိုးတောင်ကြားထဲ ဝင်နိုင်သ၍ သူသည် မိုးကြိုးကျောက်တုံး ပမာဏများစွာ တူးထုတ်နိုင်လေမည်။

ကောင်းကင်မိုးကြိုးကျွန်းက ကြီးမားပြီး မိုးကြိုးတောင်ကြားက ကျွန်း၏ သုံးပုံနှစ်ပုံနီးပါးကို နေရာယူထားသည်။ သူက မိုးကြိုးကျောက်တုံး အားလုံးနီးပါးကို တူးထုတ်နိုင်ခဲ့လျှင် ကျောက်တုံးသိန်းချီ မရှိလျှင်တောင် အနည်းဆုံးတော့ သောင်းချီလောက်တော့ ရှိလောက်သည်။ သူက မိုးကြိုးကျောက်တုံး တစ်သောင်းကျော် ရသ၍ သူအစီအစဉ် ထပ်မစခင် ကောင်းကင်မိုးကြိုးမြို့ပေါ်၌ နှစ်ပေါင်းများစွာ ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်မှာပဲဖြစ်သည်။

ပြဿနာသည် မိုးကြိုးတောင်ကြားသို့ ဘေးကင်းစွာ ရောက်ရန်အတွက် သူမည်ကဲ့သို့ သွားရမည်နည်း။

ပါ့တောက်နှင့် အဖွဲ့မှူးလုံ၏လူများက သူ့ကိုသေချာပေါက် ရှာကြမှာပဲဖြစ်သည်။ မြို့ပြင်သို့မထွက်ခင် အပြင်ဘက်၌ သိုင်းပညာရှင်တစ်စု သူ့ကိုစောင့်နေပြီမှန်း ကျန်းရီသိ၏။ အပြင်ထွက်ပြီး မိုးကြိုးတောင်ကြား ရောက်ခဲ့လျှင်တောင် မိုးကြိုးကျောက်တုံးများ တူးဖော်ပြီးနောက် မြို့ထဲသို့ မည်ကဲ့သို့ ပြန်လာမည်နည်း။ ပါ့တောက်နှင့် အဖွဲ့မှူးလုံက သူ့ကိုစောင့်ဆိုင်းနေရန် မြို့ဂိတ်၌ လူများချထားမှာ သေချာ၏။ သူက ကူကယ်ရာမဲ့သွားပေမည်။

ဟူစန်းကို အပြင်ပို့ပြီးနောက် သူကခြံဝန်း၏ အရန်အတားကို အသက်သွင်းကာ အတွေးနက်နေတော့သည်။ ဧကရီနန်းတော်ထဲ၌ ကျန်သည့်သူများရှိနေပြီး ခြံဝန်းက အေးစက်ကာ လူသူမရှိပေ။ ကျန်းရီက တစ်ညလုံးထိုင်နေပြီး ညအချိန် ရောက်သည့်အချိန်၌ အတွေးပေါ်လာတော့၏။

စုစန် ပြောခဲ့သည်က ညအချိန်၌ မိုးကြိုးများ အဆက်မပြတ်ပစ်သည်။ ညအချိန်တွင် တောင်တန်က မိုးကြိုးမီးများ နေရာအနှံ့ရှိနေပြီး မြို့၏အရှေ့ဘက်ခြမ်း အပြင်ဘက်၌ မည်သူမှ မနေရဲချေ။ ကျန်သည့်သူများ မနေရဲသော်ငြား သူကနေရဲသည်။ သူက မီးကိုမကြောက်ပေ။ မိုးကြိုးမီးက အပူချိန် အလွန်မြင့်မားသော်ငြား သူအနားမသွားသ၍ အဆင်ပြေနေမည်။ မိုးကြိုးမီး ပြန့်ကားလာသည့်အချိန်၌ နေရာရွှေ့ပြောင်းနိုင်သည်။ မြို့အပြင်ရှိ ညအချိန်က ကျန်သည့်သူများအတွက် ငရဲဖြစ်နေသော်ငြား သူ့အတွက်မူ နောက်ဖေးခြံဝန်းပမာ ဖြစ်နေ၏။

“အာ နောက်ထပ် လဝက်အတွင်းမှာ အပြင်ထွက်ပြီး မိုးကြိုးတောင်ကြားထဲက မိုးကြိုးကျောက်တုံးတွေ အားလုံးကို တူးထုတ်လိုက်မယ် ဟီး ဟီး ပါ့တောက်နဲ့ အဖွဲ့မှူးလုံကို အရင်ဆုံး လဝက်လောက် စောင့်ခိုင်းထားပြီး ငါအပြင်မထွက်ခင် သူတို့စိတ်တိုလွန်းလို့ သွေးအန်အောင် လုပ်ပစ်မယ်”

ကျန်းရီက ဆုံးဖြတ်ချက် ချပြီးနောက် လဝက်တာ ပထမဆုံး ကျင့်ကြံပြီး သူ၏အတွင်းအားအဆင့်ကို အနည်းငယ်မြင့်လိုက်၏။ ဤနည်းဖြင့်သူက ပိုမြန်ဆန်လာပြီး အသက်ရှင်နိုင်ချေ ပိုတိုးလာလိမ့်မည်။

သူက ညလယ်တွင် မြို့ပြင်သို့ သွားမည်ဖြစ်ကာ မိုးကြိုးကျောက်တုံးများကို ဦးစွာတူးထုတ်မည်။ ပါ့တောက်နှင့် အဖွဲ့မှူးလုံ၏လူများက မြို့ဂိတ်ကို ပိတ်ဆို့ခဲ့လျှင် သူမြို့သို့ ပြန်လာမှာမဟုတ်။ မိုးကြိုးတောင်ကြားအတွင်း လအနည်းငယ် အချိန်ကုန်ခဲ့မည်။ သူကမိုးကြိုးကျောက်တုံးများ အားလုံးကို လွှဲပြီးပြီဖြစ်သောကြောင့် ငါးလခန့် တောင့်ခံနိုင်မှာပဲဖြစ်သည်။ ပါ့တောက်နှင့် ကျန်သည့်သူများက မြို့ဂိတ်ဝ၌ လေး၊ ငါးလ စောင့်ဆိုင်းနေမည်ဆိုတာ သူမယုံကြည်ပေ။

ဧကရီနန်းတော်ကို တစ်ချက်ကြည့်ပြီး လူအားလုံးသူ့ကို စောင့်နေတာကို မြင်လိုက်ရ၏။ သူကအမြတ်အားလုံးကို အပြင်ပို့လိုက်ပြီး ဘာမှမသိပ်မပြောခဲ့ပေ။ ရက်တစ်ရာကျော် တန်ဖိုးရှိ မိုးကြိုးကျောက်တုံးများ လွှပြီးပြီဖြစ်ကြောင်း ပြောခဲ့သည်။ ထို့ကြောင့် လူတိုင်းက ငြိမ်းငြိမ်းချမ်းချမ်း ကျင့်ကြံနေထိုင်နိုင်ပြီး သူတို့ကို အတွေးမလွန်ရန် ပြောခဲ့၏။ တိုက်ခိုက်ရမည်ဆိုလျှင် အကြောင်းကြားမှာပဲဖြစ်သည်။

ကျန့်ဝူရွှမ်း၊ ချမ်ဝမ်ကွမ်း၊ ယွင်ဖေးနှင့် ကျန်းရှောင်နူတို့က စိတ်ချသွားပြီး ကျင့်ကြံရန်အတွက် ဧကရီနန်းတော်ထဲသို့ ပြန်သွား၏။ ဖုန်းလန်ကလည်း လွန်းပုံသဏ္ဍာန် သာလွန်သူတော်စင် လက်နက် အသုံးအဆောင်ကို သန့်စင်ရန်အတွက် အခန်းထဲ၌ ထိုင်နေစဉ် ရွှေရောင်မျောလွင့်နဂါးက ကျင့်ကြံရန်အတွက် ခြံဝန်းထောင့်ဆီသို့သွား၏။ ကျန်းရီနှင့် ချင်ယွီတို့သာ ကျန်တော့သည်။

“ချင်ယွီလေး ငါ့အတွင်းအား ကျင့်ကြံဖို့အတွက် လဝက်လောက် တံခါးပိတ်ကျင့်ကြံတော့မယ်။ ဒီတစ်ပတ်အတွင်း မင်းပျင်းနေတော့မှာလား”

ကျန်းရီက ချင်ယွီ လုပ်စရာဘာမှမရှိတာကို မြင်သောအခါ မျက်မှောင်ကြုတ်ပြီး ပြောလိုက်၏။

“ဧကရီနန်းတော်ထဲ ဝင်နှင့်ပါ့လား။ ဖုန်းအာက သာလွန်သူတော်စင် အသုံးအဆောင်ကို သန့်စင်ပြီးတဲ့အချိန်ကျ ငါအထဲပို့ပေးမယ်။ ယွင်ဖေးကလည်း ရှိနေတာဆိုတော့ ပျင်းမှာမဟုတ်ဘူး”

ချင်ယွီက ခေါင်းညိတ်လိုက်ပြီး သူမမျက်ဝန်းများက ချစ်စိတ်ပြင်းပြမှုများအဖြစ် ပြောင်းလဲသွားသည်။ နုနယ်သော ခန္ဓာကိုယ်က အနည်းငယ်မှီလာလျက် လက်များက ကျန်းရီ၏ မာကြောသော ရင်ဘက်ကြွက်သားများကို ပွတ်သပ်လိုက်၏။ ပြီးနောက် ကျန်းရီကို ညို့ငင်သော မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။

“သခင်လေး ဒီတစ်လော သခင်လေးကို မတွေ့ရဘူး။ ချင်ယွီက သိပ်လွမ်းနေတာ။ ဘာကြောင့်များ သခင်လေးကို ရင်ထဲက တောင့်တမှုတွေကို ဖြေလျော့ပေးဖို့အတွက် ကောင်းကောင်း စားခိုင်းမှာလား”

“မိန်းမပျက်လေး”

ကျန်းရီသည် ညှို့ငင်ဖမ်းစားနိုင်စွမ်းရှိသော ချင်ယွီကို ငုံ့ကြည့်ပြီးနောက် ပြုံးကာပြောလိုက်တော့သည်။

“ရေသွားမချိုးသေးဘူးလား”

***

All Chapters