← Chapters

အခန်း (၄၁၅-၄၁၇)

Vol. 28 Ch. 415-417

အခန်း (၄၁၅-၄၁၇)

Vol. 28 Ch. 415-417

အခန်း (၄၁၅) နတ်ပိုးချည်ဂူ။ နတ်ပိုးချည် နတ်ဘုရားစွမ်းအင်ပန်းချီ။ (၆)

"အဲဒီသမင်က ဘယ်ကရောက်လာတာလဲဟ။" ချမ်ရွေ့မှာ ခဏတာ မှင်သက်သွားပြီးနောက် သူ၏သူငယ်အိမ်များ ကျုံ့သွားကာ "မကောင်းတော့ဘူး" ဟု ရေရွတ်လိုက်သည်။

နောက်တစ်စက္ကန့်တွင် သမင်ပျိုသည် ဆယ်ကိုက်အကွာသို့ ရောက်ရှိလာစဉ် ၎င်း၏ခန္ဓာကိုယ်မှာ လျင်မြန်စွာ တွန့်လိမ်ကာ ပြောင်းလဲသွားပြီး အန္တရာယ်ကင်းလှသော သတ္တဝါလေးအသွင်မှ ဆယ်ပေကျော်မြင့်သည့် ရွှေရောင်အမွေးရှိသော မျောက်ဝံကြီးအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

ဤမျောက်ဝံကြီးမှာ အသက်ရှိသော သတ္တဝါမဟုတ်ဘဲ ဖောက်ထွင်းမြင်ရသော ပုံရိပ်ယောင်တစ်ခုသာ ဖြစ်သည်။

"ဝှစ်"

ရွှေရောင်မျောက်ဝံကြီး၏ လက်ဖဝါးသည် လျှပ်စီးကဲ့သို့ လျင်မြန်စွာ ထွက်ပေါ်လာပြီး ချမ်ရွေ့၏ ပခုံးကို လှမ်းဆုပ်ကိုင်လိုက်သည်။

ဤအပြောင်းအလဲမှာ ရုတ်တရက်လွန်းလှသဖြင့် အရင်က ကျင့်ကြံနေသော ချမ်ရွေ့အနေဖြင့် ဝိညာဉ်လမ်းစဉ်ဂိုဏ်း၏ တားမြစ်နယ်မြေအတွင်းသို့ တစ်စုံတစ်ယောက် ကျူးကျော်ဝင်ရောက်ကာ သူ့ကို တိုက်ခိုက်လိမ့်မည်ဟု လုံးဝ မထင်မှတ်ထားခဲ့ပေ။

"ဂျွတ် ဂျွတ်"

မျောက်ဝံကြီး၏ လက်သည် ချမ်ရွေ့၏ ပခုံးကို မြဲမြံစွာ ဆုပ်ကိုင်ထားပြီး ဖိအားပေးလိုက်ရာ သူ၏အရိုးများမှာ ထိုဖိအားအောက်တွင် တဂျွတ်ဂျွတ် မြည်လာတော့သည်။

"ဘယ်သူလဲ။ ဘာကောင်လဲကွ။"

ချမ်ရွေ့မှာ ထိတ်လန့်ခြင်းနှင့်အတူ ဒေါသလည်း ထွက်သွားသည်။ သူသည် အားကုန်ဟစ်အော်ရန် ကြိုးစားရင်း သူ၏ ချီသွေးအင်အားများကို အပြည့်အဝ ထုတ်ဖော်ကာ ခုခံရန် အားထုတ်လိုက်သည်။

သို့သော် ဧရာမမျောက်ဝံ ပုံရိပ်ယောင်၏ အခြားလက်တစ်ဖက်လည်း ရောက်ရှိလာပြီး ကျယ်ပြန့်သော လက်ဖဝါးကြီးဖြင့် သူ၏မျက်နှာကို အုပ်မိုးကာ ပါးစပ်နှင့် နှာခေါင်းကို ပိတ်ဆို့ထားသဖြင့် အသံတစ်စုံတစ်ရာ ထွက်မလာနိုင်တော့ချေ။

"ကျွန်တော့်မှာ ရန်လိုတဲ့စိတ်မရှိဘူး။ ခင်ဗျားကိုလည်း မထိခိုက်စေချင်ဘူး။ အကယ်၍ ခင်ဗျား အော်ဖို့ ကြိုးစားမယ်ဆိုရင် အဲဒီလိုမဖြစ်ခင် ကျွန်တော် တားဆီးလို့ရတယ်။ တစ်ခုခု မိုက်မဲတာမျိုး မလုပ်မိဖို့ မျှော်လင့်ပါတယ်။"

အေးစက်သောအသံတစ်ခု ထွက်ပေါ်လာရာ အစွမ်းကုန် ရုန်းကန်နေသော ချမ်ရွေ့မှာ မသိစိတ်မှပင် ရပ်တန့်သွားတော့သည်။

ချမ်ရွေ့က အားနည်းသူ မဟုတ်ပါပေ။ အကယ်၍ စူးချန်ခုန်း၏ ကြိုတင်စီစဉ်ထားသော ရုတ်တရက် တိုက်ခိုက်မှုကြောင့်သာ မဟုတ်ပါက သူ့ကို ဖမ်းဆီးထိန်းချုပ်ဖို့က အတော်လေး ဆူညံသွားပေလိမ့်မည်။

ချန်ရွေ့က လူအမဟုတ်ပါ။ တောင်အနောက်ဘက် ကွန်းခိုရာနယ်မြေသို့ ရုတ်တရက် ကျူးကျော်ဝင်ရောက်လာသော ဤလျှို့ဝှက်ဆန်းကျယ်သူမှာ သူ့ကို အလွယ်တကူ ထိန်းချုပ်နိုင်ခဲ့သည်။ သူ့ကို သတ်ဖြတ်ရန်ဖို့လည်း ခက်ခဲမည်မဟုတ်ရာ အနှီကျူးကျော်သူ၏ ရည်ရွယ်ချက်ကို အရင်ဆုံး သိရှိရန်သာ ကြိုးစားရပေမည်။

ချမ်ရွေ့ ရုန်းကန်တာ ရပ်သွားသည်ကို မြင်သောအခါ စူးချန်ခုန်း၏ အာရုံကြောင့် ပုံရိပ်ယောင် မျောက်ဝံကြီးမှာ ခေါင်းကို အုပ်ထားသော လက်ကို ဖယ်ရှားပေးလိုက်သည်။ သို့သော် အခြားလက်တစ်ဖက်ကမူ ချမ်ရွေ့၏ ပခုံးပေါ်တွင် ဖိထားဆဲဖြစ်ရာ သူ့ကို မလှုပ်နိုင်အောင် ချုပ်နှောင်ထားဆဲပင်။

ထိုအခါမှသာ ချမ်ရွေ့သည် ပုံရိပ်ယောင် မျောက်ဝံကြီး၏ နောက်ကွယ်တွင် ရပ်နေသော မျက်လုံးမှေးမှေးနှင့် ဖြူဖျော့သော မျက်နှာရှိသည့် လူငယ်တစ်ဦးကို ရှင်းလင်းစွာ မြင်လိုက်ရသည်။

"ဒါ... ဒါက ဘယ်လို သိုင်းပညာမျိုးလဲ။ ဧကန္တ... မူလနယ်ပယ်အဆင့် သိုင်းပညာရှင်များလား။ ဒါမှမဟုတ် သဘာဝစွမ်းအင်တွေကို အသုံးချနိုင်တဲ့ ထိပ်တန်း မူလနယ်ပယ်အဆင့် ပညာရှင်တွေထဲက တစ်ယောက်လား။"

ချမ်ရွေ့မှာ အနည်းငယ် ကြောက်ရွံ့သွားမိသည်။ အဘယ်ကြောင့်ဆိုသော် ပုံရိပ်ယောင် မျောက်ဝံကြီးမှာ အလွန်နက်နဲပြီး လျှို့ဝှက်ဆန်းပြားသော သိုင်းပညာရပ်တစ်ခုကို ကိုယ်စားပြုနေသောကြောင့် ဖြစ်သည်။ သူ့အမြင်တွင်မူ ဤသည်မှာ မူလနယ်ပယ်အဆင့်သို့ ရောက်ခါစ ပညာရှင်တစ်ဦး မဟုတ်ဘဲ အဆင့်မြင့်မားသော ပညာရှင်တစ်ဦး၏ လက်ချက်ဖြစ်ဖို့ သေချာသလောက် ရှိနေသည်။

ပြင်ပမှ သဘာဝစွမ်းအင်များကို အသုံးချနိုင်ခြင်းမှာ မူလနယ်ပယ်အဆင့် ပညာရှင်တိုင်း လုပ်ဆောင်နိုင်သော အရာမဟုတ်ပေ။

မူလနယ်ပယ်အဆင့်သို့ ရောက်ခါစ ပညာရှင်အများစုမှာ သဘာဝစွမ်းအင်ဖြင့် မိမိကိုယ်ကိုယ် သန့်စင်ကာ သန်မာအောင် ပြုလုပ်နိုင်သော်လည်း ၎င်းကို တိုက်ရိုက်အသုံးချရန်မှာ ကြီးမားသော ပါရမီနှင့် နားလည်သဘောပေါက်ရန် အချိန်အတော်ကြာ လိုအပ်ပါသည်။

ဥပမာအားဖြင့် အရင်က ချီးခါထူသည် မူလနယ်ပယ်အဆင့် သို့ ရောက်ရှိပြီးကာစ ဖြစ်သော်လည်း သဘာဝစွမ်းအင် အသုံးချမှုကို မတတ်မြောက်သေးရာ သူ၏အဆင့်မှာ မူလနယ်ပယ်အဆင့်အတွင်း၌ သာမန်မျှသာ ဖြစ်သည်။

"အရှင်... အရှင်က ဘယ်သူလဲ။ ဘာဖြစ်လို့ ဝိညာဉ်လမ်းစဉ်ဂိုဏ်းရဲ့ နယ်မြေထဲကို ကျူးကျော်ဝင်ရောက်လာတာလဲ။" သိုင်းပညာရှင်တစ်ဦးအနေဖြင့် အတွေ့အကြုံများလှသော ချမ်ရွေ့က အသံကို နှိမ့်ချ၍ မေးလိုက်သည်။ စူးချန်းခုန်းကို ဒေါသထွက်စေပြီး အသက်ခံရမည်ကို စိုးရိမ်သဖြင့် အသံကျယ်ကျယ် မပြောရဲပေ။

"ကျွန်တော်က ရန်ပြုဖို့ မဟုတ်ပါဘူး။ အဖိုးအိုချီရှစ်ကို လာတွေ့တာပါ။ သူ ဒီမှာ တံခါးပိတ်ကျင့်ကြံနေတာ မဟုတ်လား။"

စူးချန်ခုန်းက ကျယ်ဝန်းလှသော ဂူအတွင်းဘက်သို့ ကြည့်ရင်း ပြောလိုက်သည်။

ဤစကားကို ကြားသောအခါ ချမ်ရွေ့မှာ အံ့သြသွားပြီး အလျင်အမြန် ပြန်ဖြေလိုက်သည်။ "ကျွန်တော့်ရဲ့ ဆရာက အထဲမှာ ကျင့်ကြံနေတာပါ။ အခုက အရေးကြီးတဲ့ အချိန်ကို ရောက်နေလို့ သူ့ကို နှောင့်ယှက်လို့ မရပါဘူး။"

ချမ်ရွေ့မှာ နတ်ပိုးချည်ဂူကို စောင့်ကြပ်နေသူ ဖြစ်သကဲ့သို့ အခြားသော သရုပ်မှန်တစ်ခုလည်း ရှိသေးသည်။ ၎င်းမှာ သူသည် အဖိုးအိုချီရှစ်၏ တပည့်တစ်ဦး ဖြစ်နေခြင်းပင်။

စူးချန်ခုန်း မျက်မှောင်ကြုတ်လိုက်သည်။ ခေတ္တမျှ စဉ်းစားပြီးနောက် သူသည် ဂူဝင်ပေါက်တွင် ရပ်ကာ စမ်းသပ်သည့်အနေဖြင့် လှမ်းခေါ်လိုက်သည်။ "တပည့်ငယ်စူးဟေးလိုင်က သမားတော်ကြီးဟွားရှန်ရဲ့ လမ်းညွှန်မှုနဲ့ အကြီးအကဲချီရှစ်ကို တွေ့ခွင့် တောင်းပါတယ်။"

"စူးဟေးလိုင်..တစ်ခါတုန်းက ငါ့ဆရာဆီမှာ သွေးကြောပြန်ဆက်ဖို့ လာရှာတဲ့ လူငယ်လေးလား။"

စူးချန်ခုန်း၏ စကားများကြောင့် ချမ်ရွေ့မှာ စဉ်းစားမိသွားပြီး စူးချန်ခုန်း မည်သူမည်ဝါဖြစ်ကြောင်းကို ခန့်မှန်းမိသွားသည်။ တစ်ဖက်တွင်လည်း စူးချန်ခုန်းသည် သူ၏ ရည်ရွယ်ချက်ကို ပွင့်လင်းစွာ ပြောဆိုကာ အဖိုးအိုချီရှစ်နှင့် တွေ့ဆုံရန် ကြိုးစားနေခြင်း ဖြစ်သည်။

အရင်က စူးဟေးလိုင် အမည်ရှိသူတစ်ဦးသည် သွေးကြောပြတ်တောက်မှုကို ကုသရန် အဖိုးအိုချီရှစ်ကို လာရောက်ရှာဖွေခဲ့ကြောင်း ဟေးလျန်ယွမ်ထံမှ ချမ်ရွေ့ ကြားသိခဲ့ရသည်။

စူးဟေးလိုင်ရဲ့ သွေးကြောတွေက ပြတ်နေတာ မဟုတ်ဘူးလား။ ဒါပေမဲ့ အခု သူ့ရှေ့မှ လူငယ်လေးက မူလနယ်ပယ်အဆင့် ပညာရှင်အများစုတောင် မလုပ်နိုင်တဲ့ နည်းလမ်းတွေကို သုံးပြီး ချီသွေးအဆင့် အထွတ်အထိပ်မှာ ရှိတဲ့ သူ့ကို အလွယ်တကူ အနိုင်ယူသွားခဲ့သည်။ ဒါက သွေးကြောပြတ်နေတဲ့သူရဲ့ အခြေအနေနဲ့ ဘယ်လိုမှ မကိုက်ညီနေပါ။

စူးချန်းခုန်းသည် ဂူဝတွင် ရပ်ကာ အကြိမ်အနည်းငယ် လှမ်းခေါ်သော်လည်း မည်သည့် တုံ့ပြန်မှုမျှ မရှိပေ။

ချမ်ရွေ့က မပြောဘဲ မနေနိုင်တော့ဘဲ ပြောလိုက်သည်။ "ကျွန်တော့်ဆရာက တံခါးပိတ်ကျင့်ကြံနေတာပါ... အခုလောလောဆယ် အပြင်လူတွေကို တွေ့လို့မရပါဘူး"

သို့သော် စူးချန်ခုန်းမှာ မျက်မှောင်ကြုတ်နေဆဲပင်။ အမှန်တကယ် တံခါးပိတ်ကျင့်ကြံနေလျှင်ပင် ခေတ္တခဏ ရပ်နားဖို့ ဖြစ်နိုင်သေးသည်။ အပြင်လူ ရောက်လာသည့်အခါ ပြင်ပကိစ္စများကို လုံးဝ လျစ်လျူရှုထားဖို့ မဖြစ်နိုင်သလောက်ပင် ဖြစ်ရာ တစ်ခုခု မှားယွင်းနေသည်ဟု မသိစိတ်မှ ခံစားမိနေသည်။

"ကျူးကျော်မိလို့ ခွင့်လွှတ်ပါ"

နောက်ထပ် တွေဝေမနေတော့ဘဲ စူးချန်ခုန်းသည် နတ်ပိုးချည်ဂူအတွင်းသို့ လှမ်းဝင်လိုက်သည်။ ချမ်ရွေ့၏ ခန္ဓာကိုယ်တစ်ဝက်ကို ချုပ်ကိုင်ထားသော ပုံရိပ်ယောင် မျောက်ဝံကြီးသည် သူ့ကိုပါ ဂူအတွင်းပိုင်းသို့ ဆွဲခေါ်သွားလေသည်။ ချန်ရွေ့မှာ စိုးရိမ်တကြီး ဖြစ်နေသော်လည်း တားဆီးဖို့ အစွမ်းမရှိပေ။

ဂူအတွင်းသို့ ကိုက်အနည်းငယ် ဝင်ရောက်ပြီးနောက် တောင်၏ ဗဟိုချက်သို့ ရောက်ရှိလာသည်။ ဂူအတွင်းပိုင်းမှာ အလွန်ကျယ်ဝန်းပြီး သူတို့၏ရှေ့တွင် တင်းကျပ်စွာ ပိတ်ထားသော ကျောက်တံခါးကြီးတစ်ခု ပေါ်လာသည်။

ချမ်ရွေ့က ပြောလိုက်သည်။ "ကျွန်တော့်ဆရာက တကယ်ပဲ အထဲမှာ ကျင့်ကြံနေတာပါ။ ဒီကျောက်ဂူကို အတွင်းဘက်ကပဲ ဖွင့်လို့ရပါတယ်။ သူ ကျင့်ကြံလို့ ပြီးစီးမှသာ သူ့အလိုအလျောက် ပြန်ထွက်လာမှာပါ။"

"အထဲမှာ ဘာအသံမှ မကြားရဘူး။ ပြီးတော့... လူသားတစ်ယောက်ဆီက ထွက်ပေါ်တဲ့ သဘာဝစွမ်းအင် အရိပ်အယောင်လည်း မတွေ့ရဘူး။"

စူးချန်ခုန်းသည် နားကို ကျောက်တံခါးတွင် ကပ်၍ နားထောင်သော်လည်း အတွင်း၌ မည်သည့် လှုပ်ရှားမှုမျှ မရှိပေ။ ထို့အပြင် သူ၏ အာရုံကို စုစည်းကြည့်သော်လည်း လူရှိနေသည့် အငွေ့အသက်ကို မခံစားရချေ။

စူးချန်ခုန်း၏ တောက်ယင်နည်းပညာမှာ အဆင့်မြင့်လှသဖြင့် အတားအဆီးများ ရှိနေစေဦးတော့ လူ့ခန္ဓာကိုယ်အတွင်းမှ စွမ်းအင်စီးဆင်းမှုကို မြင်တွေ့နိုင်စွမ်း ရှိသည်။ ထိုအတားအဆီးများက အလွန်ထူထပ်လွန်းမှသာ စွမ်းအင်ကို ဖုံးကွယ်နိုင်မည် ဖြစ်သည်။

ဒါဆို အဖိုးအိုချီရှစ်က အထဲမှာ မရှိတာလား။ ဒါမှမဟုတ်...

အခန်း (၄၁၆) နတ်ပိုးချည်ဂူ။ နတ်ပိုးချည် နတ်ဘုရားစွမ်းအင်ပန်းချီ။ (၇)

"ခွင့်လွှတ်ပါ။"

စူးချန်းခုန်းက ဤသို့တွေးရင်း အသံခပ်အုပ်အုပ် အော်ပြောလိုက်သည်။ ယခုအချိန်တွင် အဘိုးအိုချီရှစ်၏ အခြေအနေကို သူ ရှင်းရှင်းလင်းလင်း သိရန် လိုအပ်နေပြီဖြစ်သည်။

ပုံရိပ်ယောင် မျောက်ဝံကြီးသည် ၎င်း၏ ဘယ်ဘက်လက်သီးကို ဝှေ့ယမ်းကာ ထူထဲလှသော ကျောက်တံခါးကြီးကို အရှိန်အဟုန်ဖြင့် ထိုးနှက်လိုက်သည်။

"ဝုန်း"

ပေါက်ကွဲသံနှင့်အတူ တစ်ပေခန့်ထူသော ကျောက်တံခါးကြီးမှာ လက်သီးချက်အောက်တွင် အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားပြီး အတွင်းဘက်သို့ သွားရာလမ်း ပေါ်လာလေ၏။

စူးချန်ခုန်းသည် ပုံရိပ်ယောင် မျောက်ဝံကြီး ကို ချမ်ရွေ့အား ဆက်လက်ဖမ်းဆီးခိုင်းထားပြီး ထိုလမ်းအတိုင်း ဖြည်းညှင်းစွာ လှမ်းဝင်ရောက်လာခဲ့သည်။

လမ်းကို ဖြတ်ကျော်လိုက်သောအခါ စူးချန်ခုန်း၏ ရှေ့တွင် မြင်တွေ့လိုက်ရသည်မှာ ဧရာမလိုင်ဂူကြီးတစ်ခုပင် ဖြစ်သည်။ ဤဂူမှာ သဘာဝအလျောက် ဖြစ်ပေါ်နေခြင်းလား သို့မဟုတ် လူတို့ပြုလုပ်ထားခြင်းလား ဆိုတာ မရှင်းလင်းသော်လည်း ကျောက်စက်ပန်းဆွဲများ တွဲလောင်းကျနေသည်ကို ကြည့်ခြင်းဖြင့် နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်ကြောင်း သိသာလေသည်။

သူတို့၏ရှေ့တွင် ပေအနည်းငယ် ကျယ်ဝန်းသော ရေကန်ငယ်တစ်ခုရှိပြီး ၎င်း၏အတွင်း၌ ဆေးဖက်ဝင်အပင်များစွာဖြင့် ဖော်စပ်ထားပုံရသည့် စိမ်းဖန့်ဖန့်ဆေးရည်များ ရှိနေသည်။

ရေကန်၏ဘေး၌ ထွက်ပေါ်နေသော ကျောက်ဆောင်တစ်ခု၏ အောက်တွင် အဘိုးအိုတစ်ဦးသည် ငြိမ်သက်စွာ ကျင့်ကြံနေသည်။ သူ၏ ခန္ဓာကိုယ်မှာ ပိုးချည်မျှင်များနှင့်တူသော မီးခိုးဖြူရောင် ချည်မျှင်များဖြင့် ရစ်ပတ်ထားပြီး ဘေးပတ်ပတ်လည်တွင် ပိုးအိမ်အကျိုးအပဲ့များနှင့် တူသောအရာများ ပြန့်ကျဲနေသည်။

ဖြူဖွေးသော ဆံပင်များရှိသည့် ထိုအဘိုးအိုသည် ခေါင်းငိုက်စိုက်ကျလျက် ထိုင်နေပြီး စူးချန်ခုန်း ဝင်ရောက်လာသည်ကိုပင် မည်သည့် တုံ့ပြန်မှုမျှ မပြဘဲ လုံးဝ လှုပ်ရှားခြင်း မရှိချေ။

"ဆရာ..." ချမ်ရွေ့၏ မျက်နှာတွင် ဝိညာဉ်လွင့်ထွက်သွားသကဲ့သို့ ပြင်းထန်သော ဝမ်းနည်းပူဆွေးမှုများ ပေါ်ပေါက်လာသည်။

"ဆုံးသွားပြီ..."

စူးချန်ခုန်းသည်လည်း စကားတစ်ခွန်းမျှ မဆိုဘဲ ငြိမ်သက်နေသော အဘိုးအိုအနားသို့ တိုးသွားကာ နှာခေါင်းထိပ်တွင် လက်ချောင်းဖြင့် စမ်းသပ်ကြည့်လိုက်သည်။ အေးစက်သော အထိအတွေ့ကိုသာ ခံစားရပြီး အရေပြားတွင် မည်သည့် အငွေ့အသက်မျှ မရှိတော့ပေ။

စူးချန်ခုန်းသည် ခေတ္တမျှ တိတ်ဆိတ်သွားပြီး အခြေအနေအားလုံးကို နားလည်သွားတော့သည်။

ကျင့်ကြံရင်း သေဆုံးသွားသော ဤအဘိုးအိုက လူအိုကြီးချီရှစ် ဖြစ်သည်မှာ သေချာပါသည်။

အရင်က ဟေးလျန်ယွမ်က အဘိုးအိုချီရှစ် တံခါးပိတ်ကျင့်ကြံနေသည်ဟု ပြောခဲ့ခြင်းမှာ စူးချန်ခုန်းကို လိမ်လည်ခဲ့ခြင်း မဟုတ်ပေ။ သို့သော် အဘိုးအိုချီရှစ်၏ ဤကျင့်ကြံမှုမှာ သေခြင်းရှင်ခြင်း အကူးအပြောင်း ဖြစ်နေပြီး အသက်ရှင်လျက် ပြန်ထွက်လာရန် အခွင့်အလမ်း အလွန်နည်းပါးကြောင်း သူ သိရှိထားပုံရသည်။

ဤကဲ့သို့သော ကိစ္စရပ်မျိုးကို စူးချန်ခုန်းကဲ့သို့သော ပြင်ပလူကို ရှင်းပြနေရန် မလိုအပ်ပေ။ မူလနယ်ပယ်အဆင့် သိုင်းပညာရှင်တစ်ဦးမှာ အလွန်အရေးပါသော အင်အားဖြစ်ရာ ဝိညာဉ်လမ်းစဉ်ဂိုဏ်းအနေဖြင့် အဘိုးအိုချီရှစ်၏ သေဆုံးမှုကို ပေါ့ပေါ့တန်တန် ထုတ်ဖော်၍ မရပေ။ အကယ်၍ မူလနယ်ပယ်အဆင့် ပညာရှင်တစ်ဦး ဆုံးရှုံးသွားကြောင်း သိရှိသွားပါက ဂိုဏ်း၏ အင်အား သိသိသာသာ လျော့နည်းသွားခြင်းဖြစ်ပြီး ပြိုင်ဘက်ဂိုဏ်းများ၏ ရန်လိုမှုကို ဖိတ်ခေါ်သကဲ့သို့ ဖြစ်သွားပေလိမ့်မည်။

"ကျွန်တော့်ဆရာက လွန်ခဲ့တဲ့ တစ်နှစ်က တံခါးပိတ်ကျင့်ကြံခဲ့တာပါ။ အကယ်၍ နှစ်ဝက်အတွင်းမှာ အဆင့်မတက်နိုင်ရင် သူ့အလောင်းကိုသာ လာသိမ်းလိုက်တော့လို့ ပြောခဲ့တယ်... ဒါပေမဲ့... ဒါပေမဲ့ ကျွန်တော်တို့ကတော့ ဆရာ အဆင့်တက်ပြီး ပြန်ထွက်လာနိုင်လိမ့်ဦးမယ်ဆိုတဲ့ မျှော်လင့်ချက်လေး ထားနေခဲ့တာ..."

ချမ်ရွေ့က ပြောရင်း ရှိုက်ကြီးတငင် ငိုကြွေးတော့သည်။

အဘိုးအိုချီရှစ်မှာ ဝိညာဉ်လမ်းစဉ်ဂိုဏ်းတစ်ခုလုံးတွင် အသက်အကြီးဆုံး ဖြစ်သည်။ မူလနယ်ပယ်အဆင့် သိုင်းပညာရှင် ဖြစ်သော်လည်း လူသားတို့၏ သက်တမ်းမှာ ကန့်သတ်ချက် ရှိစမြဲ ဖြစ်သည်။

ပုံမှန်အားဖြင့် နှစ်ပေါင်း ၁၅၀ မှ ၂၀၀ အထိသာ နေထိုင်နိုင်ကြသည်။

အဘိုးအိုချီရှစ်မှာ အသက် ၂၀၀ အထိ ရောက်ရှိနေပြီဖြစ်ရာ လွန်ခဲ့သော တစ်နှစ်က သူ၏ အချိန်ကုန်ဆုံးတော့မည်ကို သိရှိသဖြင့် သက်တမ်းတိုးရန်အတွက် အဆင့်သစ်တစ်ခုသို့ တက်လှမ်းနိုင်ရန် မျှော်လင့်ချက်ဖြင့် နတ်ပိုးချည်ဂူအတွင်းသို့ ဝင်ရောက်ကျင့်ကြံခဲ့ခြင်း ဖြစ်သည်။

သို့သော် ယခင်ကပင် မအောင်မြင်ခဲ့သော အဆင့်တက်လှမ်းမှုကို သက်တမ်းကုန်ခါနီးအချိန်တွင် လုပ်ဆောင်ဖို့က ဘယ်လိုမှ မလွယ်ကူပါပေ။

အဘိုးအိုချီရှစ်၏ ကြိုးပမ်းမှုမှာ မအောင်မြင်ခဲ့ဘဲ သက်တမ်းစေ့သွားကာ နတ်ပိုးချည်ဂူအတွင်း၌ပင် သေဆုံးသွားခဲ့ရသည်။

ဂိုဏ်းချုပ်ဟေးလျန်ယွမ်နှင့် ချမ်ရွေ့တို့သည်လည်း အဘိုးအိုချီရှစ်မှာ သတ်မှတ်ထားသော အချိန်ထက် များစွာ ကြာမြင့်သည်အထိ ထွက်မလာသဖြင့် ကျင့်ကြံရင်း သေဆုံးသွားပြီဖြစ်ကြောင်း ရင်ထဲတွင် သိရှိထားကြပြီး ဖြစ်သည်။

သို့သော် ဟေးလျန်ယွမ်၊ ချမ်ရွေ့နှင့် အခြားသူများသည် အဘိုးအိုချီရှစ် မသေသေးဘဲ အဆင့်တက်ရန် အချိန်ပိုယူနေခြင်းသာ ဖြစ်လိမ့်မည်ဟူသော သဲ့သဲ့မျှော်လင့်ချက်ဖြင့် ကျောက်တံခါးကို မဖျက်ဆီးခဲ့ကြခြင်း ဖြစ်သည်။ အံ့ဖွယ်တစ်ခုခု ဖြစ်လာလိမ့်မည်ဟု ဆုတောင်းနေခဲ့ကြခြင်း ဖြစ်သည်။

ယနေ့ စူးချန်ခုန်း အတင်းအကြပ် ဝင်ရောက်လာချိန်အထိ ထိုမျှော်လင့်ချက်လေးမှာ တည်ရှိနေခဲ့ခြင်း ဖြစ်သည်။

"ကောင်းကောင်း အနားယူနိုင်ပါစေ..." ငိုကြွေးနေသော ချမ်ရွေ့ကို ကြည့်ရင်း စူးချန်ခုန်းက သက်ပြင်းချကာ နှစ်သိမ့်စကား ပြောလိုက်သည်။

စူးချန်ခုန်းမှာလည်း အလွန်ပင် စိတ်ပျက်သွားမိသည်။ အဘိုးအိုချီရှစ် ကွယ်လွန်သွားပြီဖြစ်ရာ သူ၏ သွေးကြောများကို ပြန်ဆက်ပေးရန်မှာ မဖြစ်နိုင်တော့ဘဲ ဤခရီးမှာ အချည်းနှီး ဖြစ်သွားခဲ့ရပြီ။

"သခင်လေးစူး... အခု ဆရာ့ရဲ့ သေဆုံးမှုကို သိသွားပြီဆိုတော့ ဒီသတင်းကို အပြင်မှာ မဖြန့်ဖို့ ကျွန်တော် တောင်းဆိုပါတယ်။ ပြီးတော့... ကျွန်တော့်ကို လွှတ်ပေးလို့ ရမလား။ ဒီနေရာကနေ အရင်ဆုံး ထွက်သွားကြရအောင်"

ချမ်ရွေ့က သူ၏ဝမ်းနည်းမှုကို ထိန်းချုပ်ကာ စူးချန်ခုန်းကို ပြောလိုက်သည်။

စူးချန်ခုန်းမှာ အဘိုးအိုချီရှစ်ကို ရှာဖို့ရောက်လာခြင်းဖြစ်ပြီး ယခု အဘိုးအိုချီရှစ်က ကွယ်လွန်သွားပြီဖြစ်ရာ သူ ဤနေရာတွင် ဆက်နေရန် အကြောင်းမရှိတော့ပေ။

အလွန်အမင်း စိတ်ပျက်နေသော စူးချန်ခုန်းသည် ချမ်ရွေ့ကို လွှတ်ပေးပြီး တိတ်တဆိတ် ထွက်ခွာရန် ပြင်ဆင်စဉ် ကျောက်ဂူအတွင်းဘက်သို့ ဝေ့ဝဲကြည့်လိုက်ရင်း ရုတ်တရက် တစ်စုံတစ်ခုကို တွေ့ရှိသွားသည်။

သူ၏ အကြည့်မှာ ရေကန်ငယ်၏ အောက်ခြေရှိ စိမ်းဖန့်ဖန့်ဆေးရည်များအောက်သို့ ရောက်သွားသည်။ ထိုနေရာတွင် ထွင်းထုထားသော ပုံစံများနှင့် ပန်းချီကားအချို့ ရှိနေသည်။

စူးချန်ခုန်းသည် မီးခိုးဖြူရောင် ပိုးအိမ်ပုံစံများကို ဝိုးတဝါး မြင်တွေ့လိုက်ရသည်။ ၎င်းတို့မှာ ရိုးရှင်းသော အသွင်အပြင်ရှိသော်လည်း အလွန်နက်ရှိုင်းသော 'နတ်ဘုရားစွမ်းအင်' များ ကိန်းအောင်းနေသည်။

ထိုပုံစံများက စူးချန်ခုန်း၏ အကြည့်ကို မမျှော်လင့်ဘဲ ဆွဲဆောင်သွားခဲ့ရာ သူ မှင်တက်သွားရတော့သည်။ သူ၏ မြင်ကွင်းထဲတွင် ထိုပိုးအိမ်များမှာ လှုပ်ရှားနေသကဲ့သို့ ဖြစ်လာပြီး ပိုးကောင်ကလေးများမှာ ပိုးအိမ်ကို ဖောက်ထွက်ကာ လိပ်ပြာများအဖြစ်သို့ ကူးပြောင်းလျက် လှပစွာ ပျံသန်းနေကြသကဲ့သို့ ခံစားလိုက်ရသည်။

အခန်း (၄၁၇) နတ်ပိုးချည်ကျင့်စဉ်။ ဆေးဘက်ဝင်အပင်တစ်ရာ၏ အဆီအနှစ်။ (၁)

"ဒါက... နတ်ဘုရားစွမ်းအင်ပန်းချီလား"

စူးချန်ခုန်း၏ ဗဟုသုတအရ ရေကန်အောက်ခြေတွင် ထွင်းထုထားသော ပုံစံမှာ 'နတ်ဘုရားစွမ်းအင်ပန်းချီ' တစ်ခုဖြစ်ကြောင်း သူ ချက်ချင်း မှတ်မိသွားသည်။

စူးချန်ခုန်းမှာ ထိုနေရာတွင် ငိုင်၍ရပ်နေသည်ကို မြင်သောအခါ ချမ်ရွေ့သည် အခွင့်ကောင်းယူကာ တိုက်ခိုက်ရမလားဟု တွေဝေသွားမိသည်။ သို့သော် ထိုအတွေးကို ချက်ချင်းပင် စွန့်လွှတ်လိုက်သည်။ စူးချန်ခုန်းမှာ သတ်ဖြတ်လိုစိတ် မရှိပေ။ အကယ်၍ သူသာ အရင်လှုပ်ရှားလိုက်ပါက စူးချန်ခုန်းကို သူဘာမှလုပ်နိုင်မှာ မဟုတ်ဘဲ တစ်ဖက်လူကို ဒေါသထွက်အောင် ဆွပေးသကဲ့သို့သာ ဖြစ်သွားပေလိမ့်မည်။

စူးချန်ခုန်းသည် သတိပြန်ဝင်လာပြီး ချမ်ရွေ့ဘက်သို့ လှည့်ကြည့်ကာ မေးလိုက်သည်။ "ဒီရေကန်အောက်မှာ နတ်ဘုရားစွမ်းအင်ပန်းချီတစ်ခု ရှိနေတာလား။"

ဤစကားကို ကြားသောအခါ ချမ်ရွေ့သည် ရေကန်ထဲသို့ ငုံ့ကြည့်လိုက်ရာ ပိုးအိမ်ပုံစံကို မြင်တွေ့လိုက်ရသည်။ သူသည် ခေတ္တမျှ တုံ့ဆိုင်းသွားသော်လည်း နောက်ဆုံးတွင် ခေါင်းညိတ်ပြလိုက်သည်။ "အင်း... ဟုတ်ပါတယ်။ ဒါက နတ်ဘုရားစွမ်းအင်ပန်းချီကားပဲ။ နတ်ပိုးချည်ကျင့်စဉ်ရဲ့ နတ်ဘုရားစွမ်းအင်ပန်းချီပါ"

"နတ်ပိုးချည်ကျင့်စဉ်"

စူးချန်းခုန်း၏ ရင်ထဲတွင် လှုပ်ရှားသွားသည်။

အရင်က သမားတော်ဟွားရှန် ပြောပြခဲ့သည်မှာ အဘိုးအိုချီရှစ်တွင် ပြတ်တောက်သွားသော ခြေလက်များနှင့် သွေးကြောများကို ပြန်ဆက်ပေးနိုင်သည့် စွမ်းရည်ရှိသည်ဟူ၍ ဖြစ်သည်။ သို့သော် ဤအရာမှာ ဆေးပညာနယ်ပယ်ထက် ကျော်လွန်နေသည်မှာ သိသာပါသည်။ ဆေးပညာသည် မည်မျှပင် ကျွမ်းကျင်စေကာမူ ပြတ်တောက်သွားသော အင်္ဂါများကို ပြန်လည်ကောင်းမွန်အောင် မလုပ်ဆောင်နိုင်ပေ။ ထို့ကြောင့် ၎င်းမှာ အလွန်အားကောင်းသော ကုသနိုင်စွမ်းနှင့် ပြန်လည်ကောင်းမွန်နိုင်စွမ်းရှိသည့် သိုင်းပညာရပ်တစ်ခု ဖြစ်ရပေမည်။

အဘိုးအိုချီရှစ် ကျင့်ကြံခဲ့တာက ဒီ 'နတ်ပိုးချည်ကျင့်စဉ်' များ ဖြစ်နေမလား။

"ဒီနတ်ပိုးချည်ကျင့်စဉ်က ပြတ်တောက်သွားတဲ့ သွေးကြောတွေကို တကယ်ပဲ ပြန်ဆက်ပေးနိုင်တာလား။"

စူးချန်ခုန်းက ချမ်ရွေ့ကို စိုက်ကြည့်ရင်း ချက်ချင်း မေးမြန်းလိုက်သည်။

ချန်ရွေ့မှာ အဘိုးအိုချီရှစ်၏ တပည့်တစ်ဦးဖြစ်ရာ ဤနတ်ပိုးချည်ကျင့်စဉ်၏ ထူးခြားအံ့ဖွယ်ကောင်းပုံများကို သူ သေချာပေါက် သိရှိထားပေလိမ့်မည်။

ချမ်ရွေ့သည် တွေဝေသွားသော်လည်း စူးချန်ခုန်း၏ စိတ်အားထက်သန်သော အကြည့်များကို မြင်သောအခါ နောက်ဆုံးတွင် ခေါင်းညိတ်ဝန်ခံလိုက်သည်။ "အင်း... နတ်ပိုးချည်ကျင့်စဉ်ပါ။ ဒီကျင့်စဉ်ကို ကျွန်တော်တို့ဂိုဏ်းကို တည်ထောင်သူက မမျှော်လင့်ဘဲ ရခဲ့တာ။ သူက အဲဒါကို အရမ်းကို နက်နဲတဲ့အဆင့်အထိ ကျင့်ကြံခဲ့ပြီး ဒီနတ်ပိုးချည်ဂူထဲမှာ နတ်ဘုရားစွမ်းအင်ပန်းချီကို ချန်ထားခဲ့တာပဲ။ နတ်ပိုးချည်ကျင့်စဉ်ကို အဆင့်မြင့်တဲ့အထိ ကျင့်ကြံနိုင်ရင် 'နတ်ပိုးချည်ချီစွမ်းအင်အစစ်' တွေကို ထုတ်နိုင်ပြီး ချီစွမ်းအင်တွေကို ချည်မျှင်တွေအဖြစ် စုစည်းနိုင်တယ်။ လျှို့ဝှက်ဆန်းကျယ်တဲ့ အစွမ်းတွေ အများကြီးရှိတယ်... အဆင့်မြင့်တဲ့ နယ်ပယ်ကို ရောက်သွားရင်တော့ ပြတ်တောက်နေတဲ့ သွေးကြောတွေကို ပြန်ဆက်ပေးဖို့ဆိုတာ မခက်ခဲတော့ဘူး"

"ငါ ထင်တဲ့အတိုင်းပဲ။"

အဘိုးအိုချီရှစ်က ပြတ်တောက်နေသော သွေးကြောများကို ပြန်ဆက်ပေးနိုင်ခြင်းမှာ ဆေးပညာကြောင့်မဟုတ်ဘဲ နတ်ပိုးချည်ကျင့်စဉ်ကို ကျွမ်းကျင်စွာ တတ်မြောက်ထားသောကြောင့် ဖြစ်သည်။

အဘိုးအိုချီရှစ်မှာ ကျင့်ကြံရင်း သေဆုံးသွားပြီဖြစ်ရာ သူ၏သွေးကြောများကို ပြန်ဆက်ပေးရန် မတတ်နိုင်တော့ပေ။ ဒါဆိုရင် ဘာလို့ ကိုယ့်ဘာသာကိုယ် မကျင့်ရမှာလဲ။ တကယ်လို့ သူသာ နတ်ပိုးချည်ကျင့်စဉ်ကို ကျွမ်းကျင်အောင် ကျင့်ကြံနိုင်ပါက ကိုယ့်ရဲ့ ပြတ်တောက်နေသော သွေးကြောများကို ကိုယ်တိုင် ပြန်ဆက်နိုင်မှာ မဟုတ်လား။

အမှန်တော့ စူးချန်ခုန်းမှာလည်း စိုးရိမ်စရာတွေ ရှိနေပါသည်။ သူ၏ သွေးကြောများမှာ လုံးဝပြတ်တောက်နေသဖြင့် ဆေးလုံးများ၏ အဆီအနှစ်များကို မစုပ်ယူနိုင်သလို သိုင်းပညာများကိုလည်း မလေ့ကျင့်နိုင်ပေ။ သူ၏ ဝူချင်းရှီ ကျင့်ကြံမှုမှာ 'စိတ်စွမ်းအင်' ဖြင့် လေ့ကျင့်ခြင်းအပေါ်တွင်သာ အခြေခံထားခြင်း ဖြစ်သည်။

ပြတ်တောက်နေသော သွေးကြောများဖြင့် နတ်ပိုးချည်ကျင့်စဉ်ကို ကျင့်ကြံနိုင်ခြင်း ရှိ၊ မရှိမှာ မေးခွန်းထုတ်စရာ ဖြစ်နေဆဲပင်။

သို့သော် မည်သို့ပင်ဖြစ်စေ ကြိုးစားကြည့်မှသာ သိနိုင်ပေလိမ့်မည်။

"အစ်ကိုချမ်... ကျွန်တော် ဒီမှာ ခဏလောက် နေဖို့ လိုလိမ့်မယ်"

ရေကန်အောက်ခြေတွင် ထွင်းထုထားသော နတ်ဘုရားစွမ်းအင်ပန်းချီကို စိုက်ကြည့်ရင်း စူးချန်ခုန်းက ပြောလိုက်သည်။

ချမ်ရွေ့၏ ရင်ထဲတွင် ထိတ်လန့်သွားပြီး စူးချန်ခုန်း၏ ရည်ရွယ်ချက်ကို ချက်ချင်း နားလည်သွားသည်။ သူက နတ်ပိုးချည်ကျင့်စဉ်ကို ကိုယ်တိုင်ကျင့်ကြံပြီး သွေးကြောစနစ်ကို ပြန်လည်တည်ဆောက်ဖို့ ကြံစည်နေတာလား။

ဒါပေမယ်ါ စူးချန်ခုန်းရဲ့ သွေးကြောစနစ်က ပျက်စီးနေတာ မဟုတ်ဘူးလား။ သူက ဘယ်လိုလုပ်ပြီး နတ်ပိုးချည် ချီစွမ်းအင်ကို ကျင့်ကြံနိုင်မှာလဲ။

ထို့အပြင် နတ်ပိုးချည်ဂူထဲတွင် နတ်ဘုရားစွမ်းအင်ပန်းချီသာရှိပြီး ၎င်းနှင့်သက်ဆိုင်သော ကျင့်စဉ်စာသားများ မရှိပေ။ နတ်ဘုရားစွမ်းအင်ပန်းချီတစ်ခုတည်းအပေါ် အခြေခံပြီး ကျင့်ကြံခြင်းကို စတင်ရန်မှာ အလွန်ခက်ခဲရာ အောင်မြင်မှုရရှိရန်ဆိုသည်မှာ ပြောနေစရာပင် မလိုတော့ပေ။

အရေးအကြီးဆုံးအချက်မှာ နတ်ပိုးချည်ကျင့်စဉ်သည် ကျင့်ကြံရန် အလွန်ခက်ခဲပြီး ကျင့်ကြံသူအတွက် အလွန်တင်းကျပ်သော သတ်မှတ်ချက်များ ရှိနေခြင်း ဖြစ်သည်။

ဝိညာဉ်လမ်းစဉ်ဂိုဏ်း၏ နှစ်ပေါင်းတစ်ထောင် သမိုင်းကြောင်းအတွင်း နတ်ပိုးချည်ကျင့်စဉ်ကို အောင်မြင်စွာ ကျင့်ကြံနိုင်သူ သုံးဦးသာ ရှိခဲ့သည်။ တစ်ဦးမှာ နတ်ဘုရားစွမ်းအင်ပန်းချီကို ချန်ထားခဲ့သော ဂိုဏ်းတည်ထောင်သူ၊ နောက်တစ်ဦးမှာ လွန်ခဲ့သော နှစ်ငါးရာက ဂိုဏ်းချုပ်နှင့် နောက်ဆုံးတစ်ဦးမှာ အဘိုးအိုချီရှစ် ဖြစ်သည်။

နတ်ပိုးချည်ကျင့်စဉ်မှာ ထူးခြားလွန်းလှသည်။ ဝိညာဉ်လမ်းစဉ်ဂိုဏ်းအတွင်း၌ အဘိုးအိုချီရှစ်မှလွဲ၍ ဂိုဏ်းချုပ် ဟေးလျန်ယွမ်၊ အကြီးအကဲများနှင့် အခြားသူများသည်လည်း အရင်က ကျင့်ကြံရန် ကြိုးစားခဲ့ဖူးသော်လည်း တိုးတက်မှု အလွန်နှေးကွေးသဖြင့် နောက်ဆုံးတော့ လက်လျှော့ခဲ့ကြရသည်။ အဘိုးအိုချီရှစ် တစ်ဦးတည်းသာ နတ်ပိုးချည်ကျင့်စဉ်အတွက် ထူးခြားသော ပါရမီရှိသဖြင့် အောင်မြင်မှု ရရှိခဲ့ခြင်း ဖြစ်သည်။

ကျင့်စဉ်စာသားများ မရှိသည်ကို ထားဦးတော့ အကယ်၍ ရှိခဲ့လျှင်ပင် စူးချန်ခုန်းအား ပေးလိုက်ပါက သူ အောင်မြင်လိမ့်မည်ဟု အာမမခံနိုင်ချေ။ အထူးသဖြင့် စူးချန်ခုန်းမှာ သွေးကြောများ လုံးဝပြတ်တောက်နေသည်ဟု ယူဆရသူ ဖြစ်နေသောကြောင့် ဖြစ်သည်။ ဤမသင့်လျော်သော အခြေအနေများအားလုံးကို ပေါင်းစပ်ကြည့်ပါက နတ်ပိုးချည်ကျင့်စဉ်ကို ကျင့်ကြံပြီး မိမိ၏ သွေးကြောများကို ပြန်လည်ပြုပြင်နိုင်မည့် အလားအလာမှာ မဖြစ်နိုင်သလောက်ပင်။

ချမ်ရွေ့သည် စကားလုံးများကို ဂရုတစိုက် ရွေးချယ်ပြီးနောက် လည်ချောင်းကို ရှင်းကာ ပြောလိုက်သည်။ "ဆရာစူး... ခင်ဗျားရဲ့ သွေးကြောတွေကို ပြန်ဆက်ချင်နေတာကို ကျွန်တော် နားလည်ပါတယ်။ ဒါပေမဲ့ ဒီနတ်ပိုးချည်ဂူထဲမှာ နတ်ဘုရားစွမ်းအင်ပန်းချီတစ်ခုပဲ ရှိတာပါ။ ကျွန်တော်တို့ အရင်ဆုံး ဂိုဏ်းချုပ်ဆီကို သွားတွေ့ရင် ဘယ်လိုလဲ။ ခင်ဗျားက အခြေအနေအားလုံးကို ရှင်းပြရင် ဂိုဏ်းချုပ်က စည်းမျဉ်းကို လျှော့ပေါ့ပြီး နတ်ပိုးချည်ကျင့်စဉ်ရဲ့ ကျင့်စဉ်အပြည့်အစုံလမ်းညွှန်ကို ပေးကောင်း ပေးနိုင်ပါတယ်..."

ချမ်ရွေ့သည် စူးချန်ခုန်းကို ဟေးလျန်ယွမ် နှင့် အခြားသူများဆီသို့ ခေါ်သွားကာ အခြေအနေကို ထိန်းချုပ်ဖို့ ကြိုးစားနေခြင်း ဖြစ်သည်။

စူးချန်ခုန်းသည် ခေတ္တမျှ စဉ်းစားပြီးနောက် ထိုအတွေးကို ချက်ချင်းပင် ပယ်ချလိုက်သည်။

အဘယ်ကြောင့်ဆိုသော် သူက အပြင်လူတစ်ဦးသာ ဖြစ်သည်။ နတ်ပိုးချည်ကျင့်စဉ်မှာ ဝိညာဉ်လမ်းစဉ်ဂိုဏ်း၏ အလွန်လျှို့ဝှက်သော ပညာရပ်ဖြစ်ပြီး သင်ယူခွင့်ရသူမှာ အလွန်နည်းပါးသည်။ ဂိုဏ်းကြီးတိုင်းသည် သူတို့၏ သိုင်းပညာကျမ်းစာများနှင့် နည်းစနစ်များကို အလွန်တန်ဖိုးထားကြရာ အပြင်လူတစ်ယောက်ကို အလွယ်တကူ လက်ဆင့်ကမ်းပေးလိမ့်ဖို့က မည်သို့မျှ မဖြစ်နိုင်ပေ။

ထို့အပြင် စူးချန်ခုန်းအနေဖြင့် ယနေ့ည သူပြုလုပ်ခဲ့သော လုပ်ရပ်မှာ မသင့်တော်ဘဲ အနည်းငယ် ရှက်ဖွယ်ကောင်းနေသည်ကိုလည်း သတိပြုမိသည်။ ဝိညာဉ်လမ်းစဉ်ဂိုဏ်း၏ တားမြစ်နယ်မြေအတွင်းသို့ အတင်းအဓမ္မ ကျူးကျော်ဝင်ရောက်ခဲ့ခြင်း ဖြစ်ရာ အကယ်၍ သူသာ ဟေးလျန်ယွမ်ကို သွားတွေ့ပါက ဒေါသတကြီးဖြင့် ဓားထုတ်ကာ တိုက်ခိုက်လာမည်မှာ ပုံမှန်သာ ဖြစ်ပေလိမ့်မည်။ နတ်ပိုးချည်ကျင့်စဉ်ကို ပေးဖို့ဆိုသည်မှာ ဝေးလေစွ။

စူးချန်ခုန်းမှာ သူ၏ သွေးကြောစနစ်ကို ပြန်လည်ကောင်းမွန်လာစေရန် အလွန်အမင်း ဆန္ဒပြင်းပြနေ၏။ အခြားသော ကိစ္စများအားလုံးမှာ သူ၏ သွေးကြောများ ပြန်ကောင်းလာပြီးမှသာ စဉ်းစားရမည့် အရာများ ဖြစ်သည်။

ကျင့်စဉ်စာသားများ မရှိဘဲ နတ်ဘုရားစွမ်းအင်ပန်းချီတစ်ခုတည်းကိုသာ အားကိုးခြင်းမှာ အခြားသူများအတွက် ကျင့်ကြံရန် အလွန်ခက်ခဲပေလိမ့်မည်။ သို့သော် စူးချန်ခုန်းအတွက်မူ ထိုအရာက လုံလောက်နေပြီ ဖြစ်သည်။

အရင်တုန်းက စူးချန်ခုန်းသည် ဧရာမဝေလငါး နတ်ဘုရားစွမ်းအင်ပန်းချီကိုသာ အားကိုးပြီး ဧရာမ ဝေလငါးကျင့်စဉ်ကို ပြိုင်ဘက်ကင်း အဆင့်တစ်ခုအထိ ကျင့်ကြံနိုင်ခဲ့ဖူးသည်။ ယခုအခါ သူ၏ ပါရမီမှာ အရင်ကထက်ပင် ပိုမိုမြင့်မားနေပြီ ဖြစ်သည်။ နတ်ဘုရားစွမ်းအင်ပန်းချီတစ်ခုတည်းကို အားကိုးပြီး နတ်ပိုးချည်ကျင့်စဉ်ကို ကျင့်ကြံဖို့က မျှော်လင့်ချက်မရှိသည့် ကိစ္စတော့ မဟုတ်ပေ။

စူးချန်ခုန်းအတွက် အကြီးမားဆုံးသော စိုးရိမ်မှုမှာ သူ၏ သွေးကြောများ လုံးဝပျက်စီးနေခြင်းကြောင့် နတ်ပိုးချည်ကျင့်စဉ်ကို ကျင့်ကြံနိုင်ခြင်း ရှိ၊ မရှိသာ ဖြစ်သည်။

ဤသို့တွေးရင်း စူးချန်ခုန်းက ချမ်ရွေ့ကို ပြောလိုက်သည်။ "မလိုတော့ပါဘူး အစ်ကိုချန်... ခင်ဗျားကိုတော့ အခက်တွေ့အောင် လုပ်မိတော့မယ်။ တောင်းပန်ပါတယ်။"

All Chapters