← Chapters

သူ့မြို့ထဲကတကယ်ကြီးထွက်သွား

Vol. 48 Ch. 665

သူ့မြို့ထဲကတကယ်ကြီးထွက်သွား

Vol. 48 Ch. 665

“ကောင်းကင်မိုးကြိုးမြို့ထဲက မိုးနဲ့မြေရဲ့ စွမ်းအင်အဆီအနှစ်က အပြင်လောကထက်ပိုပြီး သိပ်သည်းတယ်။ ဒါပေမဲ့ နည်းနည်းလေး ပိုသိပ်သည်းတယ် ဆိုရုံလောက်ပဲ။ ကျွတ် ကျွတ် ကောင်းကင်မိုးကြိုးကျွန်းက အပြင်ဘက် အကျဆုံးမှာရှိပြီး ရှန်းစီကျွန်းလယ်မှာဆို မိုးနှင့်မြေ အတွင်းအားက ဆယ်ဆပိုသိပ်သည်းမှာ သေချာတယ်။ နဂါးကိုးကောင်ရဲ့ နတ်ဘုရား ကွယ်ပျောက်ခြင်း အစီအရင်က တကယ်ကောင်းကင်ကို ဖီဆန်နိုင်တာပဲ”

မျက်တောင်တစ်ခတ်စာအတွင်း နှစ်ပတ်တာ ကုန်ဆုံးသွား၏။ ကျန်းရီ၏ ဖွဲ့စည်းပုံကလည်း နဂါးညိုးရော်မြက်ပင်ကြောင့် ပြန်ဖွဲ့တည်ပြီးဖြစ်ကာ ကျင့်ကြံခြင်းအရှိန်က အင်မတန် မြန်ဆန်လွန်းနေသည်။ ကျင့်ကြံရန်အတွက် ဧကရီနန်းတော်ထဲသို့ မဝင်ရောက်နိုင်တာ နှမြောစရာကောင်း၏။ မဟုတ်လျှင် သူ၏ကျင့်ကြံသည့်အရှိန်က အစတစ်ရာ တိုးသွားလိမ့်မည်။

ဧကရီနန်းတော်က ကြီးမားလွန်းသည်။ ခြံဝန်းက သေးလွန်း၏။ ထားစရာနေရာမရှိပေ။ ခြံဝန်းအထက်တွင် ပေါလောပေါ်နေခွင့် ပေးထား၍ မရသည် မဟုတ်ပါလော။ ထိုကဲ့သို့ လွန်ကျူးသည့် လှုပ်ရှားမှုက လုမျိုးနွယ်စု၏ သိုင်းပညာရှင်များကို သေချာပေါက် ဒေါသထွက်စေပြီး မမှန်းဆနိုင်သော နောက်ဆက်တွဲများစွာ သယ်ဆောင်လာနိုင်မှာဖြစ်သည်။

“ငါက ရှန်းစီကျွန်းထဲမှာ ဧကရီနန်းတော်ကိုသုံးပြီး ကျင့်ကြံခဲ့မယ်ဆိုရင် ငါ့ရဲ့ကျင့်ကြံခြင်းအရှိန်က ဘယ်လောက်တောင် မြန်လာလိမ့်မလဲ”

ရှန်းစီကျွန်းအကြောင်း တွေးနေစဉ် ကျန်းရီက စိတ်ကူးထဲ နစ်သွားပြန်သည်။ သူကမျက်လုံးဖွင့်ပြီးနောက် ကောင်းကင်စိတ်အာရုံဖြင့် ပတ်ဝန်းကျင်ကိုကြည့်လိုက်ရာ ဖုန်းလန်က သန့်စင်ပြီးသွားတာကို တွေ့လိုက်ရ၏။ သူမက လက်ရှိတွင် အခန်းထဲ၌ထိုင်လျက် စာအုပ်တစ်အုပ် ဖတ်နေသည်။ ရာသီဥတုကိုကြည့်ပြီး ကောင်းကင်မှောင်လာရန် စောနေသေးကြောင်း တွေ့လိုက်ရသည်။ သူကကောင်းကင်သိမြင် နားလည်ခြင်းကို ထုတ်ဖော်လိုက်ပြီး မြို့ထဲ၌ ထူူးထူးခြားခြား ဖြစ်ရပ်မရှိတာကို တွေ့လိုက်ရ၏။ လူအများစုက မိုးကြိုးတောင်တန်းသို့သွားပြီဖြစ်ကာ မြို့ကအေးစက်ပြီး ရွှင်ပြမှုကင်းမဲ့နေသည်။

“ဟမ့်”

အနားရှိခြံဝန်း၌ လူစိမ်းများ ထပ်တိုးလာတာကို သတိပြုမိလိုက်၏။ ထိုလူများက အဖွဲ့မှူးလုံနှင့် ပါ့တောက်တို့ နေရာချထားသည့် ကင်းထောက်များဆိုတာ သိသာသည်။ ကောင်းကင်သိမြင် နားလည်ခြင်းကို ရုတ်သိမ်းပြီးနောက် ဖုန်းလန်ကို အကြောင်းကြားကာ အပြင်သို့ထွက်လာ၏။

ထင်သည့်အတိုင်းပင် သူအပြင်သို့ ရောက်သည်နှင့် ကောင်းကင်စိတ်အာရုံ များစွာကရောက်လာပြီး သူ့ကိုချုပ်ထားတော့သည်။ သူက ထိုလူများကို စိတ်အနှောက်အယှက် ဖြစ်ခံမနေတော့ဘဲ မြန်ဆန်သည့်အရှိန်ဖြင့် ပြေးသွားကာ မြို့၏အရှေ့ဘက်ခြမ်းဆီသို့ တန်းတန်းမတ်မတ် ပြေးသွား၏။

ဝှစ် ဝှစ် ဝှစ်

သူ၏ရုတ်တရက် ပြေးလွှားမှုက ကင်းထောက်များကို ထိတ်လန့်သွားစေပြီး သူတို့ကချက်ချင်း သတင်းပြန်ပို့တော့သည်။ ခဏအကြာတွင် မြို့အတွင်းဘက်ရှိ ခြံဝန်းများမှ ကောင်းကင်ဧကရာဇ် တစ်ဒါဇင်ကျော်က တစ်ဟုန်ထိုး ပြေးထွက်လာပြီးနောက် မြို့အရှေ့ဘက်ဂိတ်ဆီသို့ ဦးတည်သွားတော့သည်။

ပါ့တောက်နှင့် အဖွဲ့မှူးလုံက မလှုပ်ရှားပေ။ သူတို့အဆင့်အတန်းရှိ လူများက ကျန်းရီမြို့ထဲတွင် ရှိနေသေးလျှင် ကြောက်လန့်အောင် လုပ်နိုင်မှာမဟုတ်ပေ။ သူတို့က သူ့ကိုအနှောက်အယှက်ပေးရန် လက်အောက်ငယ်သားများပို့ရန်သာ လိုသည်။ ကျန်းရီက ထိုကောင်းကင်ဧကရာဇ်တစ်စုကို သတ်ဖြတ်ခဲ့လျှင် သူတို့သေချာပေါက် လှုပ်ရှားမည်။ မဟုတ်ပါက လက်အောက်ငယ်သားများ ဆွဲထုတ်ခံခဲ့ရလျှင် သူတို့က အမိန့်ပေးစရာ လူမရှိသည့် အဖွဲ့မှူးများ ဖြစ်လာလိမ့်မည်။

ကောင်းကင်ဧကရာဇ် တစ်ဒါဇင်ခန့်က အင်မတန်မြန်ဆန်သည့်အရှိန်ဖြင့် မြို့အရှေ့ဘက်ဂိတ်သို့ ပြေးသွားပြီး ကျန်းရီထွက်လာမှာကို စောင့်နေလျက် ခြုံခိုတိုက်ခိုက်ဖို့ ပြင်နေကြသည်။ သို့သော် (၁၅)မိနစ်စောင့်ပြီးနောက် ကျန်းရီက မြို့အရှင်အိမ်သို့သာသွားပြီး မိုးကြိုးကျောက်တုံး အချို့ကိုအပ်ကာ ကိုယ်ပိုင်ခြံဝန်းသို့ ပြန်လာသည်ဖြစ်ကြောင်း သတင်းရလိုက်၏။

“သေစမ်း”

ကောင်းကင်ဧကရာဇ် အားလုံးက ဒေါသတကြီး ကျိန်ဆဲလိုက်ကြပြီး မြို့ထဲသို့ ပြန်သွားလိုက်ကြသည်။ သူတို့၌ ထူးခြားသော အဆင့်အတန်းရှိနေလေရာ အရူးများပမာ မြို့အပြင်၌ မစောင့်နေနိုင်ချေ။ ကျန်းရီ၏ လှုပ်ရှားမှုတိုင်းက အားလုံး၏ အမြင်အောက်တွင် ရှိနေသောကြောင့် ကျန်းရီမြို့ပြင်သို့ ထွက်သွားပြီးနောက် လိုက်လျှင်လည်း နောက်ကျမှာမဟုတ်ပေ။

နှစ်နာရီကြာသွား၏။ ကောင်းကင်ဧကရာဇ်များ၏ နားထဲသို့ အရေးကြီး သတင်းတစ်ခု ရောက်လာသည်။ ကျန်းရီက ပေါ်လာပြီးနောက် မြို့အရှေ့ဘက်ဂိတ်ဆီသို့ တန်းတန်းမတ်မတ် ထွက်သွားသည်။

ထျန်း

ကောင်းကင်ဧကရာဇ်များအားလုံး ဒေါသထွက်သွားပြီး ယခင်ဒေါသများက မပျောက်သေးခင် ကျန်းရီက မြို့အပြင်သို့ ထွက်ရဲသည်လော။ သူတို့က သူ့ကို သင့်တော်သည့် လူတစ်ယောက်အဖြစ် မည်ကဲ့သို့ နေထိုင်သင့်ကြောင်း သင်ခန်းစာသေချာပေါက် ပေးရမည်။

ဝှစ်

(၁၈)ယောက်က မြို့ဂိတ်ဝဆီသို့ အမြန်ဆုံးအရှိန်ဖြင့် တစ်ဟုန်ထိုးထွက်လာပြီး သူတို့မြို့အပြင်သို့ ရောက်သည့်အချိန်၌ ကျန်းရီကသူတို့ဆီ ဦးတည်လာကြောင်း အာရုံခံမိလိုက်သည်။ အားလုံးက ပျော်ရွှင်သွားကြပြီး လက်နက်များထုတ်ကာ ကျန်းရီကို သတ်ဖြတ်ရန် အဆင်သင့် ပြင်လိုက်၏။

အဆုံးတွင်မူ ကျန်းရီက မြို့အရှေ့ဘက်ခြမ်းရှိလမ်း၌ ရပ်တန့်သွားပြီးနောက် လမ်းကြားလေးထဲသို့ဝင်ကာ အေးအေးလူလူဖြင့် လမ်းလျှောက်လျက် ကိုယ်ပိုင်ခြံဝန်းသို့ ပြန်သွားတော့သည်။

“ယီး ယီး ယီး ဒီခွေးသားက ငါတို့ကို လှည့်စားနေတာပဲ”

“ငါသူ့ကို လည်ပင်းညှစ်သတ်မယ်။ သေအောင် လည်ပင်းညှစ်ပစ်မယ်”

“လည်ပင်းညှစ်မှာလား။ သူသာ ငါ့လက်ထဲမှာဆိုရင် သူသေဖို့ တောင်းပန်လာအောင် ငါလုပ်နိုင်တယ်”

ကောင်းကင်ဧကရာဇ်များ အားလုံးက အပြန်အလှန် ကျိန်ဆဲကြ၏။ သို့သော် သူတို့ခြံဝန်းထဲသို့တောင် မရောက်ခင် ကျန်းရီကထပ်မံ ပေါ်ထွက်လာပြန်၏။ သူသည် ယခင်နှစ်ခေါက်ထက် ပိုမြန်ဆန်နေ၏။ မြို့အရှေ့ဘက်ဂိတ်ဆီသို့ တန်းသွားသေးသည်။

ဝှစ် ဝှစ် ဝှစ်

လူတိုင်းက သူတို့ရင်ထဲရှိ ဒေါသကို မြိုသိပ်လျက် မြို့အရှေ့ဘက်ဂိတ်ဆီသို့ ပြေးကြသည်။ ထင်သည့်အတိုင်းပင် ကျန်းရီက ကွေ့ပတ်လျှောက်သွားတာပဲဖြစ်သည်။ ကွေ့ပတ်လျှောက်သွားပြီး မြို့ပြင်ရှိ လူအားလုံးကို အရူးလုပ်ပြီးနောက် အေးအေးလူလူ ပြန်လျှောက်သွား၏။

“ရူးနေတာ ဒါရူးနေတာပဲ”

ကောင်းကင်ဧကရာဇ် (၁၈)ယောက်လုံးသည် ကောင်းကင်မိုးကြိုးမြို့ထဲ၌ နာမည်ကျော်ကြားသည်ဟူ၍ သတ်မှတ်၍ရသည့် လူများဖြစ်သည်။ သို့သော် ထိုလူများအားလုံးက ကျန်းရီ အကြိမ်ပေါင်းများစွာ လှည့်စားတာ ခံခဲ့ရ၏။ မရေမတွက်နိုင်သည့် လူများစွာက မြို့ထဲတွင်ပွဲကိုကြည့်နေစဉ် လုမျိုးနွယ်စု စစ်သည်များကလည်း တသိမ့်သိမ့် ရယ်မောနေလေ၏။

ယင်းက သူတို့အားလုံးကို အရှက်ကွဲမှုကို ခံစားရစေကာ ကျန်းရီအပေါ် သူတို့၏ မကျေမချမ်း ဖြစ်မှုများက အကန့်အသတ်သို့ ရောက်သွားသည်။ မြို့ထဲတွင်ကျန်းရီ အေးအေးလူလူ လမ်းလျှောက်နေတာကို သူတို့အများစု အာရုံခံမိသည့်အချိန်၌ သူတို့ကသူ့ကို အသက်ရှင်လျက် ဝါးစားပစ်ချင်လာကြသည်။

ကောင်းကင်က တဖြည်းဖြည်း မှောင်လာ၏။ လူတိုင်းက ခြံဝန်းထဲသို့ အေးအေးဆေးဆေး ပြန်သွားကြတော့သည်။ ကျန်းရီက ညအချိန်တော့ မထွက်လောက်ဘူးမလား။ မြို့အပြင်ဘက်ရှိ လူတစ်စုကလည်း ပြန်ရောက်လာကြ၏။ ကောင်းကင်မိုးကြိုးမြို့ တစ်မြို့လုံးက ဆူညံလာတော့၏။

“ဟုတ်ပြီ ဖုန်းအာ ဧကရီနန်းတော်ထဲဝင်ပြီး အချိန်မရွေး တိုက်ခိုက်ဖို့ ပြင်ထားလိုက်။ မြို့ပြင်ကိုထွက်တော့မယ်”

ကျန်းရီသည် ခြံဝန်းထဲ၌ သူ၏အစီအစဉ်ကို ဖုန်းလန်ဆီ ရှင်းပြခဲ့ပြီးဖြစ်သည်။ သို့သော် ဖုန်းလန်က ဘာမှမပြောခဲ့ပေ။ ကျန်းရီက ဆုံးဖြတ်ချက် ချပြီးဖြစ်ကာ တိုက်ခိုက်ရန် လိုလာလျှင် အန္တရာယ်ရှိလာသည်နှင့် တိုက်ခိုက်ရန်အတွက် သူမကိုခေါ်မည်ဖြစ်ကြောင်း ကတိပေးခဲ့၏။

သူတို့အသက်ရှင်နိုင်ရန်အတွက် ပိုကောင်းသည့် အဓိပ္ပာယ်ရောက်အောင် တိုက်ပွဲတစ်ပွဲဆိုလျှင် ဖုန်းလန်ကမည်ကဲ့သို့ ပြောနိုင်တော့မည်နည်း။ အလွန်ဆုံးမှ ကျန်းရီအတွက် ကောင်းကင်ရှောင်တိမ်းခြင်းကိုသုံးပြီး ဤနေရာကနေ ထွက်သွားကာ လောကကြီး၌ ဆက်လက်လှည့်လည် သွားလာဖို့သာဖြစ်သည်။

ကျန်းရီက ဖုန်းလန်နှင့် ရွှေရောင်မျောလွင့်နဂါးတို့ကို ဧကရီနန်းတော်ထဲသို့ ထည့်လိုက်၏။ အပြင်ဘက်ရှိ လူအားလုံးက မြို့ထဲသို့ ပြန်ရောက်လာချိန်၌ သူက ခြံဝန်း၏ အရံအတားကို ဖွင့်ပြီးနောက် မြို့ဂိတ်ဝဆီသို့ ဦးတည်သွားလိုက်တော့သည်။

“ဟမ်”

ကင်းထောက်များက သတိအနေအထား ဖြစ်သွား၏။ သို့သော် အချိန်ကို မြင်သောအခါ လူတိုင်းက အာရုံမစိုက်တော့ဘဲ ကျန်းရီကသူတို့ကို လှည့်စားရန် ကြိုးစားပြန်ပြီဟုသာ တွေးလိုက်ကြသည်။ သို့သော် သတိထားသည့်အနေဖြင့် သူတို့က ပါ့တောက်နှင့် အဖွဲ့မှူးလုံတို့ကို ချက်ချင်း သတင်းပို့လိုက်၏။

ဘန်း

ပါ့တောက်က လက်ရှိတွင် ညစာစားနေတာဖြစ်ပြီး သတင်းရသည့်အချိန်၌ သူ့လက်ထဲရှိ ဧရာမသားရဲအရိုးကို စားပွဲပေါ် ချေမွပစ်လိုက်ပြီး ကျယ်လောင်စွာ ကျိန်ဆဲပစ်လိုက်၏။

“အရူး ကောင်းကင်က မှောင်နေပြီ အဲ့ဒီကောင် အပြင်ထွက်ရဲမယ်လို့ ထင်နေလား။ ဘာအတွက် သတင်းလာပို့နေတာလဲ။ မင်းတို့တွေက ငါ့စားချင်စိတ် ပျောက်စေတာပဲ”

ကျန်သည့်ခြံဝန်းထဲတွင် အဖွဲ့မှူးလုံက အာရုံမစိုက်ပေ။ ကောင်းကင်က မှောင်နေပြီဖြစ်ရာ သူတို့တောင် အပြင်ဘက်သို့ အဆင်အခြင်မဲ့စွာ မသွားရဲချေ။ ကျန်းရီက အရူးမဟုတ်လျှင် မြို့ထဲမထွက်မှာ သေချာ၏။

ယင်းကိုမည်သူက ထင်မှတ်မည်နည်း။ ကျန်းရီသည် မြို့ဂိတ်ဝဆီသို့ တစ်ဟုန်ထိုးသွားပြီး အရှေ့ဘက်မြို့ဂိတ်သို့ ရောက်သည့်အချိန်၌ မြို့ဂိတ်ဆီသို့ တန်းသွားကာ လူတိုင်း၏ အံ့အားသင့်နေသော အကြည့်အောက်၌ ပျောက်ကွယ်သွားတော့သည်။

ထျန်း

ပါ့တောက်က စွပ်ပြုတ်တစ်ပန်းကန်ကို သောက်နေတာဖြစ်ပြီး ထိုပန်းကန်လုံးကို ကြမ်းပြင်ပေါ် ပေါက်ကွဲပစ်လိုက်၏။ သူက ဇဝေဇဝါဖြစ်ကာ မျက်တောင်ခတ်ပြီး မေးလိုက်၏။

“အဲဒီကောင်က တကယ်ကြီး မြို့အပြင် ထွက်သွားတာလား”

“ဟုတ်ပါတယ်။ လူအများကြီး မျက်မြင်တွေ့လိုက်တာပါ”

ကင်းထောက်က အစာကောက်သည့် ကြက်လေးတစ်ကောင်ပမာ ခေါင်းတစ်ဆတ်ဆိတ် ညိမ့်လိုက်၏။

ထျန်း

ပါ့တောက်က သေရည်တစ်ခရားကို မြှောက်ပြီးနောက် ထိုကင်းထောက်၏ခေါင်းကို ရိုက်ခွဲလိုက်၏။ ဗာဂျရာနယ်ပယ်၌သာ ရှိသေးသော ကင်းထောက်က မည်ကဲ့သို့ ရှောင်နိုင်မည်နည်း။ သူ၏ခေါင်းက ချက်ချင်း သွေးထွက်သွားပြီး ပါ့တောက်က ချက်ချင်း အော်လိုက်၏။

“မင်းဒီမှာ ဘာရပ်လုပ်နေသေးတာလဲ။ သူ့နောက်လိုက်ဖို့ တစ်ယောက်ယောက်ရှာ”

“လိုက်ဖို့”

ကင်းထောက်က နဖူးပေါ်ရှိ သွေးများကိုသုတ်လိုက်ပြီး မျက်နှာပေါ်၌ ဒေါ်သအရိပ်အယောင်ကို မပြရဲချေ။ ထိုအစား ဇာတ်ပုသွားလျက် အပြင်ဘက်ရှိ ကောင်းကင်ကို လက်ညိုးထိုးပြကာ ပြောလိုက်တော့၏။

“အစ်ကိုကြီးပါ့တောက် အပြင်ဘက်ရှိ ကောင်းကင်က မှောင်နေပြီ”

“ကောင်းကင်က မှောင်နေပြီလား”

ပါ့တောက်က တစ်ချက်ကြည့်ပြီးနောက် သူ၏အကြည့်က သံသယများဖြင့် ဖြတ်ခနဲ ပေါ်လာ၏။ သူက ရေရွတ်ပြောလိုက်သည်။

“ဒီကောင်က မှောင်နေတဲ့အချိန် အပြင်ထွက်ရဲတယ်ပေါ့။ သူရူးနေတာလား။ ဒါမှမဟုတ် အပြင်ဘက်မှာ ကျတဲ့ဟာတွေကို ကောက်ချင်လို့လား။ ညဘက်ကြီး ပစ္စည်းတွေကို ကောက်ချင်တာလား”

“တစ်ယောက်ယောက်ကိုခေါ်လိုက်”

သူက ရေရွတ်ပြောပြီးနောက် ခန္ဓာကိုယ်က သတ်ဖြတ်လိုခြင်း အရှိန်အဝါများ ပေါ်ထွက်လာ၏။ ပြီးနောက် လေးနက်တည်ကြည်သည့် လေသံဖြင့် ပြောလိုက်သည်။

“စိတ်အနှောက်အယှက် ဖြစ်ခံမနေနဲ့။ လူခေါ်ပြီး မြို့ဂိတ်မှာစောင့်နေ။ ပုံမှန်ဆို မြို့ရိုးအပြင်ဘက်မှာ မိုးကြိုးမီးမရှိဘူး။ မြို့ဂိတ်ဝနားမှာ သွားစောင့်နေ။ အဲ့ကောင်ဝင်လာပြီဆိုတာနဲ့ ခေါင်းဖြတ်ဖို့ပြင်ထား”

ဝှစ် ဝှစ်

ခဏအတွင်း ပါ့တောက်နှင့် အဖွဲ့မှူးလုံ၏ လက်အောက်ငယ်သား (၁၈)ယောက်က မြို့ပြင်သို့ ပြန်ထွက်သွားသည်။ သူတို့က မြို့ဂိတ်ဝနား၌ ပြန်ထွက်လာပြီး ရှေးဟောင်းရက်စက်ကြမ်းကြုတ်သော သားရဲတစ်ကောင်နှင့် ဆင်တူသောတောင်ကို ကြည့်လိုက်ကြ၏။ သူတို့အားလုံးက တောင်ကြားထဲရှိ အလင်းစက်လေးများကိုကြည့်ပြီး အကြောက်တရားများ ပေါ်လာသည်။ သူတို့ထဲမှ တစ်ယောက်က ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ပြီး စိတ်ဓာတ်ကျနေသည့် လေသံဖြင့် ပြောလိုက်၏။

“အဲ့ဒီကောင်က တကယ်ကြီး မိုးကြိုးတောင်ကြားကို ဖြတ်ကျော်ပြီး မိုးကြိုးတောင်ကြားကို ညအချိန်မှာ သွားရဲတယ်လား။ သူသေချာပေါက် သေမှာပဲ။ မေးခွန်းက သူသေတာကို ငါတို့အတည်မပြုနိုင်ဘူး။ ဒီမှာတစ်သက်လုံး ရပ်စောင့်နေရမှာလား”

“နေကြတာပေါ့ကွာ”

ပါ့တောက်၏ လက်အောက်ငယ်သားများထဲမှ တစ်ဦးက တံတွေး ထွေးလိုက်ပြီးနောက် ထိုင်လျက် မြို့ရိုးကိုမှီကာ ကျိန်ဆဲလိုက်တော့၏။

“အဲ့ဒီကောင်သေပြီဆိုတာ အတည်မပြုနိုင်သ၍ ငါတို့ဒီမှာ ရပ်စောင့်နေရမှာပဲ။ ငါတို့ပြန်ဝင်သွားရဲရင် အဲ့ဒီကောင်က မြို့ထဲခိုးဝင်လာတဲ့အချိန် အစ်ကိုပါ့တောက် စုတ်ဖြဲတာ ခံရလိမ့်မယ်”

***

All Chapters