လော့ရွှယ်ငါ့ကို စောင့်နေပါ
Vol. 48 Ch. 666
“သေစမ်း အဲ့ဒီမိုးကြိုးမီးတွေက ညအချိန်မှာတောင် တစ်ကွဲတစ်ပြားစီ ရှိနေတာပဲ”
မှောင်မည်းနေသည့် ညအမှောင်ယံတွင် ကြယ်တာရာများစွာ မရှိချေ။ ကောင်းကင်က မှုန်မှိုင်းနေပြီး မိုးကြိုးတောင်ကြား၏ အနားတစ်ဝိုက် ဧရိယာ၌ မိုးကြိုးမီးများ ရှိနေသည်မှာ ဝိညာဉ်နုတ်ယူခြင်း တောင်ကြားထဲရှိ တမလွန်လောက တစ္ဆေမီးလျံများပမာ ဝေ့ဝိုက်သွားလာနေ၏။
ဤနေရာသာမက မိုးကြိုးတောင်ကြား တစ်ခုလုံး၌ မိုးကြိုးမီးများ ပြည့်နေသည်။ ထိုးမိုးကြိုးမီးများက တက်လိုက်ကျလိုက် ဘယ်ညာယိမ်းယိုင်နေပြီး သရဲ၊ တစ္ဆများနှင့် တူသွားစေတော့၏။ သူတို့မည်သို့ ပျံသန်းမည်ဟုသည့် ပုံသဏ္ဍန်မရှိ မလှမ်းမကမ်းကနေ ကြည့်လိုက်လျှင် မရေမတွက်နိုင်သည့် အငြိုးကြီးဝိညာဉ်များက တောင်တန်းများတစ်လျှောက် လှည့်လည်သွားလာနေသည်မှာ အင်မတန် ခြောက်ခြားဖွယ် ကောင်းလာနေတော့၏။
ကျန်းရီက ပင့်သက်ရှိုက်မိသွားသည်။
သူသည် မည်သည့်မိုးကြိုးကျောက်တုံးကိုမျှ ရှာမတွေ့ခဲ့ချေ။ နောက်ဆုံးအခေါက်က သူတို့ကို အလွယ်တကူ ရှာတွေ့ခဲ့၏။ မိုးကြိုးမီး ရှိနေသည့် နေရာတိုင်း၌ မိုးကြိုးကျောက်တုံး ရှိပေမည်။ ကြီးမားသည့် မိုးကြိုးအစီအရင် သို့မဟုတ် နောက်ထပ် အကြောင်းအရင်းကြောင့် ဖြစ်နိုင်ပေ၏။ သို့သော် ယခုအခေါက်တွင်မူ မိုးကြိုးမီးက တောင်တန်းများတစ်ဝိုက် လှည့်လည်သွားလာနေ၏။ သူက မိုးကြိုးကျောက်တုံးကို မည်ကဲ့သို့ ရှာနိုင်တော့မည်နည်း။ ထို့အပြင် ဧရိယာကို ရှာဖွေရန်အတွက် ကောင်းကင်စိတ်အာရုံကို အသုံးမပြုရဲချေ။ တောင်တန်းအတွင်း မိုးကြိုးမီးနှင့် တွေ့ကြုံရလျှင်သူက ကံဆိုးမိုးမှောင်ကျမှုကို ရင်ဆိုင်ရပေလိမ့်မည်။
ထို့ကြောင့်သူက သူသည်လည်း လှည့်လည်သွားလာနေသော ဝိညာဉ်တစ်ကောင်ဖြစ်လာပြီး လူသူကင်းမဲ့သည့် အနက်ရောင် တောင်ကြားတောက်လျှောက် သွားနေ၏။ မည်သည့်နေရာသို့ သွားသင့်မှန်း သူမသိပေ။ ထို့ကြောင့် မိုးကြိုးမီးများကိုသာ ရှောင်တိမ်းပြီး အာရုံတက်လာမှာကိုသာ စောင့်နေ၏။
ကံကောင်းသည်မှာ မိုးကြိုးမီးက အလွန်မမြန်ပေ။ သူသည် မိုးနှင့်မြေ တစ်သားထဲ အခြေအနေသို့ ဝင်ရောက်ပြီးသည်နှင့် နေရာရွှေ့ပြောင်းခြင်းကိုသုံးကာ သူတို့ကို ရှောင်တိမ်းနိုင်၏။ ခဏအကြာတွင် နေရာရွှေ့ပြောင်းခြင်းကို အသုံးပြုရန် မလိုတော့ချေ။ သူက မိုးကြိုးမီး၏ လားရာကို ဆုံးဖြတ်နိုင်သောကြောင့် သူတို့ကို အလွယ်တကူ ရှောင်တိမ်းနိုင်လာပြီး အေးအေးလူလူ သွားနိုင်၏။
“အာ ဟုတ်သား မိုးကြိုးတောင်တန်းကို တစ်ချက်သွားကြည့်လို့ရတာပဲ။ အဲ့ဒီမှာ မိုးကြိုးကျောက်တုံးတွေ ပေါ်ထွက်လာနိုင်တယ်မလား”
ကျန်းရီသည် လက်ဆယ်ချောင်း ထောင်ထားသည့်ပမာ ထင်မှတ်ရသည့် မိုးကြိုးတောင်ဆယ်လုံးကို အမှတ်ရသွား၏။ ချက်ချင်းပင် စိတ်ဓာတ်တက်ကြွသွားသည်။ ထိုမိုးကြိုးတောင်တန်းများက မိုးကြိုးကျောက်တုံးများ ပေါ်ထွက်လာနေ၏။ ညအချိန်တွင် သူတို့မိုးကြိုးကျောက်တုံးများ ထုတ်နိုင်မည်ဆိုလျှင် မည်သို့ဖြစ်မည်နည်း။
ဝှစ်
သူက လှည့်လည်သွားလာနေသော နဂါးတစ်ကောင်အသွင် ပြောင်းသွားပြီးနောက် အရှေ့အရပ်ဆီသို့ ပျံသန်းသွားတော့သည်။ တောင်တန်းများနား၌ မိုးကြိုးမီးများ ရှိနိုင်သော်ငြား ကျန်းရီက ငှက်တစ်ကောင်ပမာ လျင်မြန်ပြီး ထိုမိုးကြိုးမီးများက သူ့နားမကပ်နိုင်ချေ။
၁၅မိနစ်၊ နာရီဝက်၊ တစ်နာရီ
ကျန်းရီသည် မိုးကြိုးတောင်တန်း၏ အပိုင်းသို့ ရောက်လာခဲ့သည်။ မိုးကြိုးတောင်တန်းကိုကြည့်ပြီး တောင်ထွတ်လေးပေါ်၌ ရပ်နေကာ သူ၏မျက်နှာထက်တွင် သုန်မှုန်သည့် အမူအရာ ပေါ်လာ၏။
သူ့ရှေ့တွင်ရှိနေသည့် မိုးကြိုးတောင်ဆယ်လုံးက ခမ်းနားသည့် ပုံစံမျိုးရှိနေသည်။ မိုးကြိုးမီး၏ အစအနများသည် မိုးကြိုးတောင်တန်းများနား၌ ရှိနေပြီး ထင်ယောင်ထင်မှား ဖြစ်မှုကြောင့် နှင်းများပမာ ထင်မှတ်ရစေသည်။
မိုးကြိုးတောင် လေးလုံး၌ သူတို့၏ မြေပြင်၌ မိုးကြိုးကျောက်တုံးများ လွှမ်းနေပြီး မိုးကြိုးတောင်ထဲမှ ပေါ်ထွက်လာတာဖြစ်မည်။ ပြဿနာက ကျန်းရီသည် အနားသွားမကောက်ရဲတာပဲဖြစ်၏။ အကြောင်းမှာ မိုးကြိုးတောင်တန်းနား၌ မိုးကြိုးမီး များနေလွန်းသောကြောင့် ဖြစ်သည်။
“အာရုံတက်ချိန်ရောက်ဖို့ စောင့်ရမှာလား”
ကျန်းရီသည် ပုလဲကဲ့သို့သော မိုးကြိုးကျောက်တုံးများကို စိုက်ကြည့်နေ၏။ သူတို့က မြေပြင်ပေါ်တွင် တလက်လက်တောက်နေသည်။ မြေပြင်ပေါ်၌ အနည်းဆုံး မိုးကြိုးကျောက်တုံး နှစ်ထောင်ရှိသည်။ သို့သော် သူတို့ကို ကူကယ်ရာမဲ့စွာ ကြည့်နေရ၏။
“အမ် အဲ့ဒီမှာ မိုးကြိုးကျောက်တုံးနှစ်တုံး”
ကျန်းရီက ဝေ့ဝိုက်ကြည့်လိုက်ရာ ပထမဆုံး မိုးကြိုးတောင်နှင့် (၁၂)မိုင်အကွာတွင် အလင်း(၂)ခုကို တွေ့လိုက်ရ၏။ ဖြတ်ခနဲလှုပ်ရှားသွားပြီးနောက် သူသည် နတ်ဘုရား သက်တံ့ပမာ တိုးဝင်သွား၏။
“တကယ် သူတို့က မိုးကြိုးကျောက်တုံးတွေပဲ”
ကျန်းရီက သန့်စင်လိုက်သည်။ မိုးကြိုးမီးက ကန္တရာနားတစ်ဝိုက် လှည့်လည်သွားလာနေသော်ငြား အလွန်နည်းပေ၏။ အကြောင်းမှာ မိုးကြိုးတောင်တန်းနှင့် အတော်လှမ်းသောကြောင့်ဖြစ်သည်။ သူက၎င်းတို့ကို အမြန်သိမ်းဆည်းပြီးနောက် အနားတစ်ဝိုက်၌ စတင်ရှာဖွေတော့သည်။ မိုးကြိုးတောင်တန်းမှ ပေါ်ထွက်လာသည့် မိုးကြိုးကျောက်တုံးများက ခပ်ဝေးဝေးသို့ မှုတ်ထုတ်ခံရနိုင်သည်။ ထို့ကြောင့် တစ်ခုပြီးတစ်ခု စုဆောင်းနိုင်လောက်၏။
သူက ပုံရိပ်ယောင်ပမာ အသွင်ပြောင်းပြီး ပတ်ဝန်းကျင်တစ်ဝိုက် လိုက်ရှာပြီး ၁၅မိနစ်ခန့် ကြာပြီးနောက် မိုးကြိုးကျောက်တုံး တစ်ဒါဇင်ခန့် ရာတွေ့ခဲ့သည်။ တောင်တန်းများနောက်ရှိ ကန္တရကိုကြည့်ပြီးနောက် ထိုနေရာသို့ လျင်မြန်စွာသွားကာ မိုးကြိုးတောင်တန်းနှင့် မလှမ်းမကမ်း ဧရိယာ၌ ရှာဖွေနေလေ၏။
“အမ် မိုးကြိုးတောင်ရဲ့နောက်မှာ နောက်ထပ် မိုးကြိုးတောင်ကြားတစ်ခု တကယ်ရှိနေတာလား”
ကျန်းရီသည် မိုးကြိုးတောင် ဆယ်လုံးနောက် ဆယ်မိုင်အကွာသို့ ရောက်သည့်အချိန်၌ သူက လူသူကင်းမဲ့သည့် တောင်တန်းဒေသကို မြင်လိုက်ရသည်။ တောင်တန်းဒေသအတွင်း၌ လှည့်လည်နေသော မိုးကြိုးမီးများစွာကို တွေ့လိုက်ရသည့်အချိန်၌ စိတ်ထဲပျော်ရွှင်သွားသည်။
မိုးကြိုးတောင်ကြားသည် သူ၏နယ်မြေဖြစ်သည်။ မိုးကြိုးတောင်ကြားက ပိုကျယ်လေ မိုးကြိုးကျောက်တုံးများ ပိုများလေဖြစ်၏။ သူက ပိုမိုစူးစမ်းရှာဖွေနိုင်မှာပဲဖြစ်သည်။
ကျန်းရီသည် မိုးကြိုးတောင်ကို တစ်ခါလှည့်ပတ်ပြီးသည်နှင့် ရနိုင်သမျှ မိုးကြိုးကျောက်တုံးများ အားလုံးကို စုဆောင်းနိုင်ပြီးဖြစ်သည်။ သူက မိုးကြိုးကျောက်တုံး တစ်ရာကျော် စုဆောင်းနိုင်ခဲ့၏။ မိုးကြိုးတောင်မှ ပေါ်ထွက်လာသော မိုးကြိုးကျောက်တုံး အားလုံးနီးပါးက မိုးကြိုးတောင်တန်း၏ အနီးအနား ပတ်ဝန်းကျင်ထဲတွင် ရှိနေပြီး ထိုနေရာတွင်မူ မိုးကြိုးမီးများလွန်းသည်။ ထို့ကြောင့် ကျန်းရီက အနားမသွားရဲချေ။
“အာရုံတက်တဲ့အချိန်ကျ မိုးကြိုးမီးတွေ ပျောက်သွားမှာပဲ။ အဲ့ဒီအခါ မိုးကြိုးကျောက်တုံးတွေ အားလုံးကို ချက်ချင်းစုပြီး မိုးကြိုးတောင်ကြားထဲဝင်ပြီး နောက်ထပ် မိုးကြိုးကျောက်တုံးတွေ တူးဖော်မယ်”
ကျန်းရီက မိုးကြိုးတောင်နှင့် မလှမ်းမကမ်းတွင်ထိုင်ပြီး ဆုံးဖြတ်ချက် ချလိုက်၏။ ဤပတ်ဝန်းကျင်၌ မိုးကြိုးမီးများ ပိုနည်းသည်။ ရံဖန်ရံခါ၌ မိုးကြိုးမီးလုံး လွင့်ပျံလာပြီးနောက် သူသည် သူတို့ကို ရှောင်တိမ်းရန်သာ လိုအပ်၏။
သူက တရားထိုင်သည့် ပုံစံမျိုး ထိုင်နေပြီး အေးအေးလူလူ ရှိနေသောကြောင့် သူသည် တိမ်တိုက်များကို ကျော်လွန်သည့် မြင့်မားသော တောင်တန်းများကိုကြည့်ပြီး အတွေးနစ်နေလေ၏။ ကောင်းကင်မိုးကြိုးမြို့နှင့် ရှန်းစီလူမျိုးစုထဲတွင် ဖြစ်ပျက်ခဲ့သည်များကို ပြန်စဉ်းစားလိုက်သည်။ ဖြစ်ပျက်ခဲ့သည်များကို ပြန်စဉ်းစားစဉ် သူ၏အတွေးက အပြစ်သားကျွန်း အပြင်ဘက်ရှိ အရှေ့ပိုင်း တော်ဝင်နယ်မြေဆီသို့ စတင်ရောက်ရှိသွားတော့သည်။ သူ၏စိတ်တွင်း၌ မိန်းမလှတစ်ဦး ပေါ်လာလေ၏။ မှင်သက်နေစဉ် ရှေ့၌ပုံရိပ်တစ်ခု ပေါ်လာသည်ဟု ခံစားမိလိုက်သည်။ ကြည်လင်သည့် မျက်ဝန်းတစ်စုံက သူ့ကိုကြည့်နေပြီး ညင်သာစွာ ပြောလိုက်၏။
“ကျန်းလန် ကျန်းလန်”
ကျန်းရီ၏ မျက်နှာမှာ မျက်ရည်များ အလိုလိုကျလာမိသည်။ သူက အဆုံးမရှိ ကြေကွဲဝမ်းနည်းမှု အပြစ်တင်လိုမှုထဲ၌ နစ်မြုပ်နေလေ၏။ အကြောက်တရားနှင့် ကြောက်ရွံ့မှုကြောင့် ခန္ဓာကိုယ်သည် အနည်းငယ် တုန်ယင်လာတော့သည်။ ဒူးခေါင်းနှစ်ဖက်ကြား ခေါင်းအပ်ထားပြီး သူ၏လက်နှစ်ဖက်ကမူ အနီရောင်ဆံပင်များကို ဆုပ်ကိုင်လျက် တိတ်တဆိတ် ရှိုက်နေမိ၏။ အမျိုးသားများက အလွယ်တကူ မျက်ရည်မကျသင့်ပေ။
ကျန်းရီသည် ထိခိုက်လွယ်သည့်သူမျိုး မဟုတ်ခဲ့ပေ။ သို့သော်ငြား ယနေ့ညတွင်မူ လူသူကင်းမဲ့သည့် တစ်ပါးနယ်မြေတွင် သူတစ်ယောက်ထဲ ရှိနေ၏။ ဟာလာဟင်းလင်းဖြစ်မှုကို ခံစားလိုက်ရပြီး အမျိုးမျိုးသော အတွေးများကို တွေးမိတော့၏။
သူမတွေးရဲသည့်သူ စုလော့ရွှယ်ကို အောက်မေ့သွားသည်။
စုလော့ရွှယ်ကို ကျီထင်ယွီက အရှေ့ပိုင်း တော်ဝင်နယ်မြေသို့ ခေါ်ဆောင်သွားသည်။ ကျန်းရီက သူမအကြောင်း မတွေးရဲရသည့် အကြောင်းအရင်းမှာ သူတွေးမိသည်နှင့် ကြောက်လန့်ထိတ်ရွံ့ပြီး စိတ်ဓာတ်ကျလာမည်ဖြစ်ကာ ရင်ကွဲတော့မည်။
ကျီထင်ယွီသည် စုလော့ရွှယ်ကို အရှေ့ပိုင်း တော်ဝင်နယ်မြေသို့ ခေါ်သွားချိန်မှစပြီး သူ၏ရန်သူတော်ကြီး ဖြစ်လာခဲ့၏။ ကျွမ်းကျင်သူများသာ ပြည့်နေသည့် အရှေ့ပိုင်း တော်ဝင်နယ်မြေအတွင်း သူတို့ပေါ်လာသည်နှင့် မိန်းမလှနှစ်ဦးက မည်ကဲ့သို့ဖြစ်မည်နည်း။ ကျန်သည့်သူများက ပြန်ပေးဆွဲသွားလျှင် မည်သို့ဖြစ်မည်နည်း။ သူတို့ဖိအားပေးခံရလျှင် သူတို့အသတ် ခံခဲ့ရလျှင် ကျန်းရီအသက်ရှင်လျက် ရှိနေသေးသည်လော။ အဆုံးမရှိ ခက်ခဲမှုများကို ခံစားနေရသည်လော။
ကျန်းရီမသိပေ။ မသိရသည့် အခြေအနေက သူ့ကိုထိတ်လန့်ကြောက်ရွံ့စေ၏။ အတိတ်တုန်းက ၎င်းကို မတွေးရဲရသည့် အကြောင်းအရင်းမှာ သူကမချင့်မရဲဖြစ်ပြီး စိတ်တည်ငြိမ်မှု ဆုံးရှုံးသွားမှာကို ကြောက်ရွံ့သောကြောင့်ဖြစ်သည်။ အချိန်ကျလာသောအခါ လူတိုင်းသေရမှာပင်။
“လော့ရွှယ် လော့ရွှယ် လော့ရွှယ်”
သူ၏ဆံပင်ကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လျက် အော်လိုက်၏။ ထိုအော်သံက တောရိုင်းတိရိစ္ဆာန်တစ်ကောင်၏ ဟိန်းသံပမာ လူတစ်ယောက်၏ စိတ်နှလုံးကို တုန်လှုပ်ခြောက်ခြားစေ၏။ ယခုအချိန်တွင် သူထံမှ သတ်ဖြတ်ခြင်းဆန္ဒများ ပေါ်ထွက်လာပြီး အနားပတ်ဝန်းကျင်ရှိ လေစီးဆင်းမှုက ရပ်တန့်သွားသည်။
အတော်ကြာသွားပြီးနောက် သူက အသက်ရှုထုတ်လိုက်သည့် အချိန်တွင် မိုးကြိုးမီးလုံးက မျောလွင့်လာပြီး လင်းထိန်လာတော့၏။ သူ၏မျက်ဝန်းတစ်စုံကလည်း အေးစက်လာပြီး အနောက်အရပ်ဆီသို့ ကြည့်လိုက်၏။ ရုတ်တရက်သူက အော်ရန်အသန်မာဆုံး ခွန်အားကို သုံးလိုက်၏။
“လော့ရွှယ် ငါ့ကိုစောင့်နေပါ။ မင်းတောင့်ခံထားရမယ်။ ငါကသန်မာပြီး ပိုတောင် သန်မာလာမှာ။ အရှေ့ပိုင်း တော်ဝင်နယ်မြေဆီကိုပြန်ဖို့ သေချာပေါက် ပြန်လာမယ်။ ကောင်းကင်သိုင်းခန်းမကို သတ်ပစ်မယ်။ မင်းကို မခေါ်နိုင်ခဲ့ဘူးဆိုရင် ငါလူတစ်ယောက် မဟုတ်တော့ဘူး ငါလူတစ်ယောက် မဟုတ်တော့ဘူး”
ထိုအော်သံက ကောင်းကင်ကို လှုပ်ခါသွားစေပြီး တုန်နှုန်းကြောင့် လေဟာနယ် နယ်မြေကို အနည်းငယ် အတက်အကျ ဖြစ်သွားစေ၏။ အော်သံက ပဲ့တင်သံထွက်လျက် မိုးကြိုးတောင်ကြားများ၌ ဆက်တိုက်ပေါ်နေလေသည်။
ကျန်းရီသည် အကြိမ်ရေအနည်းငယ် အော်ပြီးနောက် စိတ်ထဲအနည်းငယ် သက်တောင့်သက်သာ ရှိသွားသည်။ သူ၏အသားအရောင်က ဖြူလျော်နေပြီးနောက် နေရာရွှေ့ပြောင်းလိုက်၏။ သူက မျောလွင့်လာသော မိုးကြိုးမီးများကို ရှောင်တိမ်းပြီး မိုးကြိုးတောင်ကို တွေဝေစွာ စိုက်ကြည့်နေမိသည်။
“အမ်”
သူက မြင့်မားသည့် မိုးကြိုးတောင် ဆယ်လုံးကို စိုက်ကြည့်နေသည်။ ပတ်ဝန်းကျင်တွင်းရှိ ထိုမိုးကြိုးမီးက အနည်းငယ် မြူဝေလာပြီဖြစ်သည်။ ဝေဝါးဝါး ဖြစ်တော့မည့်ပမာ ထင်မှတ်ရ၏။ သို့သော် ထိုအကြောင်းကို တွေးမိသည့်အချိန်၌ စိတ်ကဟာလာဟင်းလင်း ဖြစ်သွား၏။
“မိုးနှင့်မြေတစ်သားထဲ”
သူက ဉာဏ်ကွန့်မြူးမှု ရသွားပြီးနောက် မိုးနှင့်မြေ တစ်သားထဲ အခြေအနေထဲ ဝင်ရောက်သွားသည်။ အာရုံစိုက်မှုများ အားလုံးကို မိုးကြိုးတောင်တန်းများပေါ်တွင်သာ ထားရှိလျက် သူဖမ်းဆုပ်မိသော ဝေဝါးဝါး ခံစားချက်က ပိုမိုပြင်းထန်လာ၏။ သူသည် ဝေဝါးဝါး ခံစားချက်မှ အခွင့်အရေးတစ်ခုကို ရသွားပုံရသည်။ တာအိုပုံစံကို နားလည်သဘောပေါက်နိုင်မည့် အခွင့်အရေး တစ်မျိုးဖြစ်၏။
***