← Chapters

နတ်ဆိုးနှိမ်နင်းရေးဌာန စစ်ဆေးရေးမှူးအဖြစ် ရာထူးတိုးမြှင့်ခံရခြင်း

Vol. 22 Ch. 216

နတ်ဆိုးနှိမ်နင်းရေးဌာန စစ်ဆေးရေးမှူးအဖြစ် ရာထူးတိုးမြှင့်ခံရခြင်း

Vol. 22 Ch. 216

"ဘာလဲ... နောက်ဆုံးတော့ မင်း နားလည်သွားပြီလား။ ဒါမှမဟုတ် မင်းရဲ့ချင်ပြည်နယ်မှာ တခြား ကိစ္စတစ်ခုခု ဖြစ်ပျက်ခဲ့လို့လား။"

ဝူတောက်အန်းသည် အလျင်လိုခြင်း မရှိဘဲ ရှေ့မှ လျှောက်သွားလိုက်၏။

ကျင့်ကြံခြင်းလမ်းစဉ်သည် သူထင်မှတ်ထားသည်ထက်များစွာ ပို၍ ခက်ခဲကြမ်းတမ်းကြောင်း သူသည် ဤလူငယ်ကို ယခင်က သတိပေးခဲ့ဖူးသည်။

နှစ်တစ်ထောင်ဟူသော အချိန်ကာလသည် ရှည်လျားသည်ဟု ထင်ရသော်လည်း ၎င်းသည် လက်ဖျစ်တစ်ချက်တီးကာလမျှသာ ဖြစ်ပေသည်။

ကျင့်ကြံသူများအတွက် သက်တမ်းသည် အမြဲတမ်း တန်ဖိုးအရှိဆုံးအရာဖြစ်လေ၏။

အံ့သြစရာကောင်းသည်မှာ ရှန်းယီသည် သူမျှော်လင့်ထားသည်ထက် များစွာပိုမြန်မြန် နောင်တရလာခြင်း ဖြစ်ပေသည်။

"ချင်ပြည်နယ်ကိစ္စ ဆိုရင်တော့ ဘာမှ ပြောစရာမလိုပါဘူး။ မင်းက ဝူကျောင်းတော်တပည့်တစ်ဦးဖြစ်နေရင်တောင်မှ..."

"အမည်ခံ တပည့်ပါ" ဟု ရှန်းယီက တိုးညှင်းစွာ ပြောလိုက်၏။

"ငါ သိပါတယ်ကွ"

ဝူတောက်အန်းသည် စိတ်ပျက်လက်ပျက်ဖြင့် ပြန်လှည့်ကြည့်လိုက်၏။ ဤကောင်လေးသည် တကယ်ကို နားလည်ရခက်သူ ဖြစ်ပေသည်။

အခြားသူများအတွက်မူ စစ်မှန်သောဝူကျောင်းတော်တပည့်တစ်ဦး ဖြစ်လာခြင်းသည် သူတို့ဘိုးဘေးစဥ်ဆက်များ၏ ကောင်းမှုကံကြောင့် ဖြစ်လေသည်။

ဤလူကမူ ပိုမိုမြင့်မားသော နေရာသို့ တက်လှမ်းရန် မကြိုးစားသည့်အပြင် မိမိကိုယ်ကို အမည်ခံတပည့် ဖြစ်ကြောင်း ရိုးသားစွာ သတိပေးနေသေး၏။

ဒါက လုံးဝကို အဓိပ္ပာယ်မရှိတဲ့ ကိစ္စပဲ။

"မင်းက ဝူကျောင်းတော်ရဲ့အမည်ခံ တပည့်ဖြစ်နေရင်တောင်မှ ငါတို့ဘက်က အားစိုက်ထုတ်ပေးဖို့ တကယ်ကို မတတ်နိုင်ဘူး။"

ဝူတောက်အန်းသည် အမှန်အတိုင်း ပြောနေခြင်း ဖြစ်ပေသည်။ သိုင်းဝိဇ္ဇာအဖြစ် သူတို့၏အဆင့်သည် ပြည်နယ်ကိုးခုမှ စစ်သူကြီးများထက် သာလွန်သော်လည်း ရွှေရောင်ခန္ဓာကိုယ်ပွား မဖွဲ့စည်းနိုင်မီတွင် သူတို့သည် နတ်ဆိုးဘုရင်တစ်ပါးကို အပြတ်အသတ် အနိုင်ယူနိုင်ခြင်း မရှိကြပေ။

အကယ်၍သာ သောင်မတင်ရေမကျ အခြေအနေ ဖြစ်သွားပါက ဝူကျောင်းတော်၏ ခံစစ်စည်းကို အားနည်းသွားစေနိုင်ပေသည်။

အကယ်၍ ဟွမ်ယွမ်အဆင့်သိုင်းပညာရှင်တစ်ဦးသာ အားလပ်နေမည် ဆိုပါက၊ ရှန်းယီ၏ ပါရမီအား ထောက်ထားပြီး ဆရာကြီး တစ်ဦးနှစ်ဦးလောက်ကို ကူညီခိုင်းရန် သူ ဝန်လေးမည် မဟုတ်ပေ။

သို့သော် လောလောဆယ်တွင် အမှန်တကယ် မည်သူမျှ မအားလပ်ကြချေ။

"ချင်ပြည်နယ်က လောလောဆယ် အဆင်ပြေပါတယ်" ဟု ရှန်းယီက ခေါင်းခါလိုက်၏။

"..."

ဝူတောက်အန်းသည် သူ့ကို တိတ်ဆိတ်စွာ ကြည့်လိုက်ပြီး စိတ်ထဲတွင် သံသယအချို့ တိုးပွားလာ၏။

အဆင်ပြေတယ်တဲ့လား။တကယ် အဆင်ပြေတယ်ဆိုရင်ဘာကြောင့်များ ကျန်းယွမ်ဟွာက ဒီလောက် သနားစရာကောင်းတဲ့ အခြေအနေ ရောက်နေရတာလဲ။

သူက ရှန်းယီကို ဗဟိုမြို့တော်သို့ ခိုလှုံရန် စေလွှတ်လိုက်ခြင်း ဖြစ်သည်ဟု ထင်မှတ်ထားခဲ့သည်။

သူတို့နှစ်ဦးသည် ခြံဝင်းတစ်ခုထဲသို့ ဝင်ရောက်လာကြ၏။ သူတို့ မထိုင်ရသေးမီမှာပင် လူတစ်ဦး လျင်မြန်စွာ လျှောက်ဝင်လာသည်။

"သခင်ကြီးဝူ၊ ချင်ပြည်နယ်က ကျန်းယွမ်ဟွာ သူ့ရဲ့ တရားဝင်အစီရင်ခံစာပေးပို့လိုက်ပါတယ်။ကျေးဇူးပြုပြီး ကြည့်ရှုပေးပါဦး။"

ဝူတောက်အန်းသည် တစ်ဖက်လူ၏ စကားလုံးများထဲမှ အသေးစိတ် အချက်တစ်ချက်ကို သတိပြုမိလိုက်သဖြင့် အနည်းငယ် တုန်လှုပ်သွားလေသည်။

ကျန်းယွမ်ဟွာ၏ နာမည်ရှေ့တွင် ရာထူးတစ်ခု ပျောက်ဆုံးနေခြင်း ဖြစ်ပေသည်။

သူသည် စာရွက်စာတမ်းကို လှမ်းယူလိုက်သော်လည်း သူ၏ရှေ့မှ လူသည် သူ့ကို ဦးစွာ အရိုအသေပေးပြီးနောက် ဘေးရှိ ရှန်းယီကို ကြည့်ကာ ပြုံးလိုက်သည်ကို တွေ့လိုက်ရ၏။

"စစ်သူကြီးချုပ်ရှန်း၊ တွေ့ရတာ ဝမ်းသာပါတယ်။"

ရှန်းယီသည် တုံ့ပြန်မှုအနေဖြင့် လက်သီးဆုပ်ကာ အရိုအသေ ပြုလိုက်၏။

"ဟမ်"

ဝူတောက်အန်းသည် စာရွက်စာတမ်းကို ပေါ့ပေါ့ပါးပါး ဖွင့်ကြည့်လိုက်ပြီး လူငယ်ကို စိတ်ဝင်တစား ကြည့်လိုက်၏။

"ဆိုတော့... သူက စစ်သူကြီးချုပ်အဖြစ် ရာထူးတိုးသွားပြီပဲ။"

သူသည် နတ်ဆိုးနှိမ်နင်းရေးဌာနကို အထင်မကြီးသော်လည်း အနည်းငယ်အံ့သြမသွားဘဲ မနေနိုင်ပေ။

ပြီးခဲ့သည့်တစ်ခေါက် လာစဉ်က တစ်ဖက်လူသည် ဝူတောက်အန်း မြင်ဖူးသမျှ အငယ်ဆုံးသော နတ်ဆိုးနှိမ်နင်းရေးစစ်သူကြီး ဖြစ်ခဲ့သည်။ နှစ်လ၊ သုံးလ အတွင်းမှာပင် သူသည် ပြည်နယ်ကိုးခု၏ အငယ်ဆုံးသော စစ်သူကြီးချုပ် ဖြစ်လာခဲ့လေပြီ။

တရားဝင် အစီရင်ခံစာကို တစ်လုံးချင်း ဖတ်ပြီးနောက် ဝူတောက်အန်း၏ အမူအရာသည် ပြောင်းလဲခြင်း မရှိပေ။

သူသည် နတ်ဆိုးနှိမ်နင်းရေးဌာနမှ လူကို ထွက်သွားရန် လက်ပြလိုက်၏။

"ကျန်းယွမ်ဟွာကို ခေါ်လာခဲ့၊ ငါ သူ့ကို နောက်မှ တွေ့မယ်။"

ခြံဝင်းထဲတွင် သူတို့နှစ်ဦးတည်း ကျန်ရစ်သောအခါ...

အစိမ်းရောင် ဝတ်ရုံဝတ်အဘိုးအိုသည် ဝါးကုလားထိုင်ပေါ်တွင် အလျင်စလို မဟုတ်ဘဲ ထိုင်လိုက်ပြီး သူ၏အဝတ်အစားများကို ပုတ်ခါလိုက်၏။

"ယိုလုံထောင်က သူ့ရဲ့စစ်သူကြီးချုပ် ရာထူးကို လွှဲယူလိုက်ပေမယ့် မင်းကိုကာလတစ်ခုအထိ ယာယီအစားထိုးဖို့ ဒုက္ခခံစီစဉ်ပေးခဲ့ပုံပဲ။ ငါ မမှားဘူးဆိုရင် မင်း မစားသင့်တဲ့ အရာတစ်ခုခုကို စားလိုက်တယ် မဟုတ်လား။"

"အစီရင်ခံစာကို ဒီလောက် ဝါးတားတားရေးထားတာ၊ မင်း ငါ့ကို တကယ်ပဲ အရူးလို့ ထင်နေတာလား။"

ဝူတောက်အန်း မော့ကြည့်လိုက်ပြီး အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။

ကျန်းယွမ်ဟွာသည် နတ်ဆိုးဘုရင်၏ပြိုင်ဘက် မဟုတ်သဖြင့် တိုက်ပွဲတွင် နှစ်ဦးစလုံး ပြင်းထန်စွာ ဒဏ်ရာရခဲ့ကြသည်။ ဤအဆင့်တွင် အလုပ်ကိစ္စ ပြီးပြတ်စေရန် တစ်စုံတစ်ယောက် လိုအပ်ခဲ့ပေလိမ့်မည်။

ထင်ရှားသည်မှာ ရှန်းယီ၏ ကြောက်မက်ဖွယ်ကောင်းသော ပါရမီသည် ရွှေရောင်ခန္ဓာကိုယ်ထည် အော်ရာများကို ခြေရာလက်ရာ မကျန်အောင် ဝါးမြိုနိုင်စွမ်း ရှိခြင်းမှာ သမိုင်းတစ်လျှောက် မကြုံစဖူး ဖြစ်ပေသည်။

လုံလောက်သော အမွှေးတိုင်ယုံကြည်မှုစွမ်းအားများဖြင့် အဆင့်အဆင့်ချိုးဖျက်ခြင်းသည် သဘာဝကျသော ကိစ္စတစ်ခုသာ ဖြစ်လေသည်။

ကျန်းယွမ်ဟွာ ပြင်းထန်စွာဒဏ်ရာရပြီးနောက် သူသည် ဝူကျောင်းတော်၏ ခွင့်ပြုချက် မပါဘဲ စစ်သူကြီးချုပ်ကျောက်စိမ်းပြားကို ရှန်းယီထံ တစ်ဖက်သတ် လွှဲပြောင်းပေးခဲ့ပြီး ဤကောင်လေး၏လက်ကို သုံးကာ ဒဏ်ရာရနေသော မဟာလနတ်ဆိုးကို သတ်ဖြတ်စေခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

ထို့နောက် ဝူကျောင်းတော်၏ အပြစ်တင်မှုကို ကြောက်ရွံ့သဖြင့် ဤတရားဝင် အစီရင်ခံစာကို ဖန်တီးခဲ့ခြင်း ဖြစ်၏။

"အရေးပေါ် အခြေအနေတွေမှာ ငါတို့က တင်းမာပြီး ခေါင်းမာတဲ့လူတွေ မဟုတ်ပါဘူး။"

ဝူတောက်အန်းသည် လူငယ်ကို ထိုင်ရန် လက်ပြလိုက်သည်။

"..."

ရှန်းယီ၏ မျက်လုံးများတွင် လေးစားမှု အရိပ်အယောင်များ ပေါ်လာ၏။ မျှော်လင့်ထားသည့်အတိုင်း ရွှေရောင်ခန္ဓာကိုယ်ထည်အား အလုပ်အကျွေးပြုသော ကျောင်းတော်အုပ်ချုပ်သူ ပီသပေစွ၊ သူသည် သိုင်းဘုံကျောင်း ဘိုးဘေးကဲ့သို့ပင် ဉာဏ်ပညာ ကြီးမားလှပေသည်။

သူ စောစောက ပြင်ဆင်ထားသော ဆင်ခြေများမှာ ယခုအခါ အသုံးမဝင်တော့ချေ။

သူသည် တစ်ဖက်လူ၏မျက်နှာချင်းဆိုင်တွင် ရိုးရှင်းစွာ ဝင်ထိုင်လိုက်သည်။

"ရယ်စရာပဲကွာ။ငါ့ရဲ့ ဝူကျောင်းတော် တပည့်... အမည်ခံ တပည့်က သူ့ရဲ့ ချင်ပြည်နယ်အတွက် စစ်သူကြီးချုပ်အဖြစ် ဟန်ဆောင်နေရသေးတယ်။"

ဝူတောက်အန်း မျက်ခုံးပင့်လိုက်၏။ မျှော်လင့်ထားသည့်အတိုင်း သူ ခန့်မှန်းတာ မှန်ကန်ခဲ့သည်၊တစ်ဖက်လူမှာ ပြောစရာ စကားမဲ့နေလေပြီ။

သူက လျစ်လျူရှုထားသော လေသံဖြင့် ပြောလိုက်သည်။

"မင်း ပြန်ရောက်လာပြီဆိုတော့ ယင်ဝိညာဉ်ကျင့်စဉ်ကို သေချာ ကျင့်ကြံတော့။ အမွှေးတိုင် မီးခိုးငွေ့ကိုခံစားဖို့ ရာထူးဘွဲ့ထူး အနေနဲ့ကတော့ နတ်ဆိုးနှိမ်နင်းရေးဌာနမှာ လစ်ဟာနေတဲ့ ဒုတိယ စစ်ဆေးရေးမှူးနေရာ ရှိသေးတယ်။ အဲ့ဒါကို လောလောဆယ် ယူထားလိုက်။"

"စစ်ဆေးရေးမှူး ဆိုတာ ဘာလဲ" ဟု ရှန်းယီက အမူအရာ မပျက်ဘဲ မေးလိုက်သည်။

"ဒါက ဒုတိယ စစ်ဆေးရေးမှူးပါ"

ဝူတောက်အန်းသည် နောက်ဆုံးတွင် လက်စားချေရန် အခွင့်အရေး ရသွားသဖြင့် ကျေနပ်စွာ ပြုံးလိုက်၏။

"ပြည်နယ်ကိုးခုရဲ့စစ်သူကြီးချုပ်တွေအထက်မှာ စစ်ဆေးရေးမှူး တစ်ယောက်နဲ့ ဒုတိယ စစ်ဆေးရေးမှူး နှစ်ယောက် ရှိတယ်။ သူတို့က နတ်ဆိုးနှိမ်နင်းရေးဌာန ရုံးချုပ်ကို ကွပ်ကဲရတယ်။"

"ယုတ္တိအရပြောရရင် စစ်ဆေးရေးမှူး နေရာကို ဟွမ်ယွမ်သိုင်းပညာရှင်တွေ ယူရပြီး ပြည်နယ်ကိုးခုကို စစ်ဆေးတာတွေ၊ နေရာအသီးသီးက နတ်ဆိုးဘေးအန္တရာယ်တွေကို ဖြေရှင်းတာတွေ လုပ်ရတယ်။ မင်းက အဲ့ဒီအခြေအနေတွေနဲ့ မကိုက်ညီဘူး။"

အကျိုးခံစားခွင့် ပေးပြီးပြီ ဖြစ်၍ အကြောင်းပြချက်ကို ရှင်းပြရမည်မှာ သဘာဝပင် ဖြစ်သည်။

သို့မဟုတ်ပါက လူငယ်၏ အမူအကျင့်အရ ၎င်းသည် သူနှင့် ထိုက်တန်သည်ဟု ထင်သွားလိမ့်မည်။

အဘိုးအိုသည် သူ့ကို ကြည့်လိုက်၏။

"ဒါပေမဲ့ စစ်ဆေးရေးမှူးက လောလောဆယ် မဟာချန်မင်းဆက်ထဲမှာ မရှိဘူး။ ဒုတိယ စစ်ဆေးရေးမှူး နှစ်ယောက်ကလည်း ကံဆိုးစွာနဲ့ သေဆုံးသွားခဲ့တယ်။ သူတို့ နေရာတွေက လစ်လပ်နေတုန်းပဲ။ မင်းက နတ်ဆိုးနှိမ်နင်းရေးဌာနက ဖြစ်နေတယ်၊ ပြီးတော့ နတ်ဆိုးဘုရင် တစ်ပါးကိုလည်း သတ်ဖြတ်ခဲ့ပြီးပြီ။ မင်းက ကိစ္စတွေကို စီမံခန့်ခွဲစရာ မလိုပါဘူး။ အမွှေးတိုင်နဲ့ယုံကြည်မှုစွမ်းအားကို ခံစားဖို့ ရာထူးတစ်ခု ယူထားရုံနဲ့ စည်းမျဉ်းချိုးဖောက်ရာ မရောက်ပါဘူး။"

"ဒါပေမဲ့ မင်း ပျင်းလို့ ရုံးတော်ကို တာဝန်သွားထမ်းချင်ရင်တော့ မင်းသဘောပါပဲ။ ဒါပေမဲ့ အဲ့ဒီအချိန်ကျရင် စစ်သူကြီးချုပ်တွေနဲ့ အကူအညီ လာတောင်းတဲ့ စစ်သူကြီးတွေကို ရင်ဆိုင်ရတဲ့အခါ ငါ မကူညီနိုင်ဘူးဆိုပြီး မျက်နှာမပျက်စေနဲ့။"

"နားလည်ပါပြီ။"

ရှန်းယီသည် တိတ်ဆိတ်စွာ နားထောင်နေ၏။

သူသည် ရုတ်တရက် အဝေးမှ ဝူကျောင်းတော်ဘက်သို့ စိတ်လှုပ်ရှားမှု အရိပ်အယောင်ဖြင့် လှမ်းကြည့်လိုက်သည်။

ဤကဲ့သို့သော ဆက်ဆံမှုကို သူ မခံစားရသည်မှာ ကြာခဲ့လေပြီ။ ၎င်းသည် အလွန်အမင်း ဗိုက်ဆာနေချိန်တွင် အဘိုးအိုတစ်ဦးက စားပွဲပေါ်တွင် ကြက်သား၊ ဘဲသား၊ ငါးနှင့် အသားများ အပြည့် ခင်းကျင်းပေးပြီး နောက်ဆုံးတွင် နင်သွားမည်ကို စိုးရိမ်၍ ဝိုင်အရက်ပါ ထည့်ပေးလိုက်သကဲ့သို့ ဖြစ်ပေ၏။

"ကဲ... ငါနဲ့အတူ ကျန်းယွမ်ဟွာကို သွားတွေ့ရအောင်။သူ့ကို တွေ့ပြီးရင် မင်းရဲ့ ဂိုဏ်းတူ မောင်နှမတွေကိုလည်း သွားနှုတ်ဆက်လို့ ရတယ်။"

ဝူတောက်အန်းသည် ဖြည်းညှင်းစွာ မတ်တတ်ရပ်လိုက်၏။

"ဒါကို ဝူကျောင်းတော်လို့ ခေါ်ပေမယ့် တကယ်တမ်းကျတော့ မသေမျိုးဂိုဏ်း နဲ့ ဘာမှ မခြားနားပါဘူး။ အဲ့ဒီလူတွေကို မင်းရဲ့စီနီယာအစ်ကို၊အစ်မ တစ်ဝက်တွေလို့ သတ်မှတ်နိုင်တယ်။ နောက်ပိုင်း မင်းရဲ့ကျင့်ကြံခြင်းမှာ ပြဿနာ တစ်စုံတစ်ရာ ရှိလာပြီး ငါ မရှိခဲ့ရင် သူတို့ကိုလည်း လမ်းညွှန်မှု တောင်းခံနိုင်တယ်။"

"ကျေးဇူးတင်ပါတယ် သခင်ကြီးဝူ" ရှန်းယီလည်း မတ်တတ်ရပ်လိုက်သည်။

"ငါ့ကို သခင်လို့ ခေါ်စရာ မလိုတော့ပါဘူး။ မင်း ငါ့ကို အထင်ကြီးတယ်ဆိုရင် စီနီယာအစ်ကိုဝူ လို့ပဲ ခေါ်ပါ။"

ဝူတောက်အန်း၏ မျက်လုံးများ အနည်းငယ် နူးညံ့သွား၏။ နောက်ဆုံးတော့ သူသည် ဤပါရမီရှင် ဝင်ရောက်လာမည့် အချိန်ကို စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်၊ ဤအရာသည် ဝူကျောင်းတော်၏ ကောင်းမှုကံတရားပင်။

သူတို့နှစ်ဦး အပြင်သို့ ထွက်လာခဲ့ကြသည်။

"..."

စိတ်ရှုပ်ထွေးနေပြီး ရည်မှန်းချက်မဲ့စွာလွင့်မျောနေသော ကျန်းယွမ်ဟွာကို အခန်းတစ်ခုထဲသို့ ခေါ်ဆောင်သွားကြ၏။

ထို့နောက် သူသည် ပျောက်ဆုံးနေသော ရှန်းယီကို မြင်လိုက်ရပြီး၊ သူ၏ရှေ့ရှိ အစိမ်းရောင် ဝတ်ရုံဝတ် အဘိုးအိုမှာ ဤနေရာမှ သိုင်းဘုံကျောင်း အုပ်ချုပ်ရေး ဝူတောက်အန်း ဖြစ်နေသည်ကို တွေ့လိုက်ရလေ၏။

"ယွမ်ဟွာက သခင်ကြီးဝူကို ဂါရဝပြုပါတယ်။"

နှစ်ဦးစလုံးသည် ယင်ဝိညာဉ်ကျင့်ကြံသူများ ဖြစ်ကြပြီး အဘိုးအိုမှာ ထိပ်တန်းအဆင့် သိုင်းဝိဇ္ဇာတစ်ဦး ဖြစ်ပေသည်။ တစ်ဖက်လူသည် သူ့ကို မြင်နိုင်ကြောင်းကျန်းယွမ်ဟွာ သိထားသဖြင့် မည်သည့်နည်းနှင့်မျှ ရိုင်းစိုင်းရဲခြင်း မရှိပေ။

ဦးညွှတ် ဂါရဝပြုပြီးနောက် သူသည် ရှန်းယီကို တိတ်တဆိတ် မျက်စိမှိတ်ပြလိုက်လေ၏။

သူ့ကို အပြင်မှာစောင့်နေဖို့ ပြောထားတယ် မဟုတ်ဘူးလား။ ဘယ်လိုလုပ်ပြီး ဝူကျောင်းတော်က လူတစ်ယောက်ကို သူ့ထက် အရင် တွေ့ပြီးနေရတာလဲ။

တစ်ဖက်လူ တစ်ခုခုလွှတ်ခနဲ ပြောမိသွားမှာကို သူ အနည်းငယ် စိုးရိမ်နေမိသည်။

မည်သို့ပင်ဖြစ်စေ ရှန်းယီသည် စွမ်းအားကြီးမားသော်လည်း စကားပြောကောင်းပုံမရပေ။

"ဘာလို့ မျက်စိမှိတ်ပြနေတာလဲ။ မင်းက ငါ့ကိုပဲ ဦးညွှတ်တတ်ပြီး မင်းရဲ့အထက်အရာရှိကို မြင်တော့ အသံဆွံ့အနေတာလား။"

ဝူတောက်အန်းက သူ့ကို စိုက်ကြည့်လိုက်၏။

"အထက်အရာရှိ"

ကျန်းယွမ်ဟွာသည် အံ့အားသင့်စွာဖြင့် ရှန်းယီကို ကြည့်လိုက်ရာ တစ်ဖက်လူက သူ့ကို မသိမသာ ခေါင်းငြိမ့်ပြသည်ကို တွေ့လိုက်ရ၏။ ဤကိစ္စကို ဆွေးနွေးပြီးပြီ ဖြစ်ကြောင်း သတိပေးလိုက်ခြင်း ဖြစ်သည်ကို သူ သိလိုက်သည်။

ဒါပေမဲ့... သူ ဘယ်လိုလုပ် ရာထူးတိုးသွားတာလဲ။

သူ့ရဲ့ကုသိုလ်မှတ်တမ်းတွေကို ပေးတောင် မပေးရသေးတာကို ထားလိုက်ဦး။ ကုသိုလ်မှတ်တမ်း အားလုံးကို သူ ယူလိုက်ရင်တောင်မှ အဲ့ဒီရာထူးကို ဘယ်လိုလုပ် ပိုင်ဆိုင်နိုင်မှာလဲ။

စစ်သူကြီးချုပ်ရာထူးအထက်မှာ တခြား ရာထူး မရှိတော့ဘူး၊ စစ်ဆေးရေးမှူးပဲ ဖြစ်နိုင်တော့မယ်။

သူ့ရဲ့ ဟွမ်ယွမ်အရှင်သခင်အဆင့် ခွန်အားကိုများ ထုတ်ဖော်ပြသလိုက်တာလား။

ရှန်းယီတစ်ယောက်တည်း ဟွမ်ယွမ်အဆင့် ရောက်ရှိထားတာ မဟုတ်ကြောင်း သိထားရမည်၊ချင်ပြည်နယ်တွင် ချိုလန်လည်း ရှိနေသေး၏။

အကယ်၍ ဤကိစ္စ ပေါက်ကြားသွားပါက ပြဿနာများစွာ မလွဲမသွေ ဖြစ်လာစေနိုင်ပေသည်။

ကျန်းယွမ်ဟွာသည် အသက်ပြင်းပြင်း ရှူလိုက်ပြီး စိတ်ထဲမှ စိုးရိမ်မှုကို ဖိနှိပ်ကာ လေးစားစွာ လက်သီးဆုပ်လိုက်၏။

"ချင်ပြည်နယ်က ကျန်းယွမ်ဟွာ၊ စစ်ဆေးရေးမှူးအရာရှိကို ဂါရဝပြုပါတယ်။"

All Chapters