← Chapters

ရူးသွပ်နေသော ကျန်းမင်လီ

Vol. 40 Ch. 587

ရူးသွပ်နေသော ကျန်းမင်လီ

Vol. 40 Ch. 587

ကျန်းမင်လီသည် ကျိနတ်ဘုရားကို သွားရောက်တိုက်ခိုက်လိမ့်မည်ဟု ဖူရှုတစ်ခါမှ တွေးမထားမိပေ။သူ့အတွက် အသိစိတ်ဟူသည် အရေးမပါဆုံးအရာဖြစ်သည်။သို့သော်လည်း ကျန်းမင်လီက ထိုအရာကို ပထဆုံး ရယူရန် ရည်မှန်းချက်ထားနေလေသည်။

“ကျန်းမင်လီက တုံးအတယ်လို့ မင်းထင်လား ၊ ကျိနတ်ဘုရားငါးက အရမ်းသန်မာတယ် ၊ ဒီအတောအတွင်း သူဒဏ်ရာရသွားနိုင်တယ် “

ဖူရှုက ယင်းကို နားမလည်နိုင်ပေ။

“ကျန်းမင်လီက အိပ်မက်ရဲ့ စိတ်ထဲကနေ လာခဲ့တယ်လို့ ခင်ဗျားပြောခဲ့တယ်မလား၊ ကြည့်ရတာ သူက နောက်ထပ် အိပ်မက်ဖြစ်မှာ စိုးရိမ်နေလို့ထင်တယ် ၊ ဒါကြောင့် သူ့ကိုယ်သူ ထိန်းချုပ်ဖို့ အသိစိတ်လိုနေတာပေါ့”

လွင့်မျောနေသော ဆိုးယုတ်စိတ်များက သူ့အသိစိတ်ကို တက်ကြွစွာ ရှာဖွေနေကြသည်။ယင်းက ကျန်းမင်လီသည် လူဆိုးတစ်ယောက်မဟုတ်ကြောင်း သက်သေပြနေသည်။ကောင်းမင်သည် ထိုလူကြောင့် ပိုစိတ်ဝင်စားလာသည်။

“သူက တကယ့်လူကြီးလူကောင်းတစ်ယောက်ဖြစ်နိုင်တယ်”

သူသည် ကျန်းမင်လီအပေါ် အထင်ကြီးလေးစားမှုများ တိုးပွားလာ၏။

သွေးမိုးက ရပ်တန့်မသွားပေ။လမ်းသည် ရွှံ့များဖြင့် ပြည့်နှက်လာတော့သည်။ မိစ္ဆာအငွေ့အသက်များသည်လည်း တဖြည်းဖြည်းမြင့်တက်လာနေသည်။ အိပ်မက်ချိုးဖျက်မြို့သို့ ဦးတည်နေသော လမ်းပေါ်တွင် တိရိစ္ဆာန်ခြေရာများ ပိုမိုများပြားလာသည်။ လမ်းဘေးတစ်ဖက်တစ်ချက်တွင် စွန့်ပစ်သင်္ချိုင်းဂူများ ပိုတွေ့လာရသည်။ကောင်းမင်သည် ထိုဂူများထဲမှ ထွက်ပေါ်လာရခြင်းဖြစ်သဖြင့် ၎င်းတို့အ‌ပေါ် အများအပြားအာရုံစိုက်ထားသည်။

“ဖူရှု သင်္ချိုင်းဂူတွေပေါ် သွေးမိုးရွာပြီးတော့ ဂူတွေက ဘာလို့ကြီးလာပုံ ရတာလဲ ၊ မြှုပ်ထားတဲ့ အလောင်းတွေ ပြန်လာကြမှာလား”

“ငါ အဖမ်းခံရပြီးတော့ မသေဆေးက အိပ်မက်ချိုးဖျက်မြို့ထဲကို အသစ်တွေအများကြီး ပေါင်းထည့်ခဲ့ကြတယ် ၊ ငါတောင် ဒါတွေကို အရင်က မကြုံဖူးဘူး”

ဖူရှုသည် သင်္ချိုင်းဂူများကို ကြည့်၍ သက်ပြင်းချလိုက်သည်။

“ဒါက မူလက ဘဝသရုပ်ဖော်ဂိမ်းပဲဆိုတာ မင်းယုံကြည်နိုင်ပါ့ဦးမလား”

ကောင်းမင်က ဖူရှုကို ဂရုမစိုက်တော့ပေ။သူသည် အိပ်မက်ချိုးဖျက်မြို့နှင့် ကိုက်များစွာအကွာတွင် ရပ်တန့်လိုက်သည်။မြို့ပြင်ရှိ ကျောက်တိုင်များပေါ်တွင် မြွေပါအရေခွံ အများအပြားကို ချိတ်ဆွဲထားသည်။သူတို့သည် သူတို့သေဆုံးနေချိန်တွင် အလေးအနက်ဖြစ်နေပုံရသည်။သူတို့သည် တိရိစ္ဆာန်များ ဖြစ်လင့်ကစား ဈာန်ဝင်နေသော ဘုန်းကြီးများနှင့် တူနေကြသည်။

“အိပ်မက်ချိုးဖျက်မြို့ထဲမှာ ဒီလောက် ရှုပ်ရှုပ်ရှက်ရှက်ဖြစ်နေတာတောင် သူတို့က ခိုးဝင်ဖို့ ကြိုးစားနေကြတာလား၊ တော်တော် သတ္တိရှိတာပဲ”

ဖူရှုက လှောင်ပြောင်လိုက်သည်။

“သူတို့ကို အရေခွံဆုတ်ခဲ့တဲ့ သူက သားသတ်သမားမဟုတ်ဘူး ၊ သူတို့က တခြားတစ်ယောက်ယောက်နဲ့ တိုက်ခိုက်ခဲ့တာပဲ”

ကောင်းမင်က အရေခွံများကို ကြည့်လိုက်သည်။ အရေခွံများသည် လှီးဖြတ်ခံထားရခြင်းမဟုတ်ပဲ အတွင်းထဲက အသားများက ပေါက်ကွဲထွက်သွားဖြစ်သည်။ဒဏ်ရာများသည် အလွန်ပင် မညီမညာဖြစ်နေသည်။ အပိုင်းပိုင်းဖြစ်နေသော အင်္ဂါအစိတ်အပိုင်းများက သွေးနှင့်ရောယှက်နေကြသည်။ သွေးအရေခွံများကို ရှောင်ကွင်းလိုက်ပြီး ကောင်းမင်သည် အိပ်မက်ချိုးဖျက်မြို့ဆီသို့ ပြန်လှည့်လိုက်သည်။ကျောက်တိုင်များမှာ ပိုကြီးမားလာပုံရသည်။မြို့ထဲရှိ အဆောက်အဦးများတွင် ထူးဆန်းသော စာလုံးများပေါ်ထွက်လာသည်။၎င်းတို့သည် ကျိန်စာများဖြစ်ပုံရသည်။

“မောင်ငယ်လေး…ယင်စွမ်းအင်တွေ အရမ်းများနေတယ်နော် ၊ လျှောက်သွားမနေပါနဲ့”

ထောင့်ဘက်မှ လှိုဏ်သံပေါက်နေသော အသံတစ်ခု ထွက်ပေါ်လာသည်။ခါးကုန်းကုန်း အဘွားအိုတစ်ယောက်သည် ခွက်စုတ်တစ်လုံးကို ကိုင်၍ ထွက်လာလေသည်။သူမက ခေါင်းကို ငုံ့ထားသည်။

“မင်း ဒီနေရာက ကပ်ဆိုးထဲက လွတ်မြောက်ချင်သလား ၊ ကြေးပြားသုံးပြားပေးရင် မင်းကို ငါ လုံခြုံတဲ့နေရာကို ခေါ်သွားပေးပါမယ်”

ကောင်းမင်က သူမကို လျစ်လျူရှုလိုက်သည်။အဘွားအိုက ဖြည်းညင်းစွာ မတ်လာလေသည်။သူမ၏ ခွက်စုတ်ထဲမှ တရှဲရှဲအသံများ ထွက်ပေါ်လာသည်။

“မင်းရဲ့ သွေးအရှိန်အဝါက အရမ်းပြင်းထန်တာပဲ ၊ မင်း မကြာခင် အဖမ်းခံရလိမ့်မယ် ၊ ငါ့သူငယ်ချင်း လုပ်ပါလား၊ မောင်ငယ်လေး မစိုးရိမ်ပါနဲ့ ၊ ငါ့ကလေးတွေက အသားပဲ စားတာပါ၊ မင်းဦးနှောက်ကို မထိပါဘူး ၊ သူတို့က မင်းရဲ့ခေါင်းကို သူတို့ရဲ့ ကစားကွင်းအဖြစ်ပဲ သုံးမှာပါ”

ခွက်ကို မှောက်လှန်လိုက်သည်။ခွက်ထဲမှာ ဂူပိုးကောင်များ တွားထွက်လာလေသည်။၎င်းတို့သည် ခြောက်ခြားဖွယ်ရာ ဖြစ်နေလေသည်။

“မကောင်းဆိုးဝါးတွေက နေရာအနှံ့ပဲ ၊ စည်းမျဉ်းက လုံးဝပျက်စီးသွားပြီ”

ကောင်းမင်က ဓားကို ထုတ်၍ သူ့သွေးကို ကျွေးလိုက်သည်။သူ လှုပ်ရှားရန်ပြင်လိုက်သောအခါ ဖူရှုက ခပ်တိုးတိုး ကပ်ပြောလာသည်။

“ရပ်လိုက် ၊ မင်းပြေးရတော့မယ်”

“ဒါက ဒီလောက်ကြောက်ဖို့ ကောင်းလို့လား”

ကောင်းမင် မျက်လုံးများ မှေးကျဉ်းလိုက်သည်။သူနှင့် သားစားကြူးနတ်ဘုရားသည် အမျိုးသမီးအိုကြီးနောက်ရှိ လမ်းကြားလေးထဲမှ တစ်စုံတစ်ခုကို တပြိုင်နက် အာရုံခံမိလိုက်သည်။ ရွှံ့ဖြင့်ပြုလုပ်ထားသော နတ်ရုပ်တစ်ခုက လမ်းကြားထဲတွင် မတ်တပ်ရပ်နေခြင်းဖြစ်သည်။၎င်းသည် အစောပိုင်းက ထိုနေရာတွင် မရှိချေ။

“သားသတ်သမားရဲ့ ဓားလား”

အဘွားအိုသည် ရုပ်တုကို မခံစားမိပေ။သူမ၏ တွန့်လိမ့်နေသော အရေးအကြောင်းများက အတူတကွ စုစည်းသွားကြသည်။သူမ၏ အပြုံးသည် အရုပ်ဆိုးလှသည်။

“ကောင်လေး ၊ မင်းက တကယ့်သားသတ်သမားဆိုရင်တော့ ငါကြောက်ရင် ကြောက်မိလိမ့်မယ်…”

ကောင်းမင် သတိကြီးစွာ နောက်ဆုတ်လိုက်သည်။အဘွားအိုသည် ကောင်းမင်က သူမကို ကြောက်နေခြင်းဖြစ်သည်ဟု တွေးလိုက်သည်။သို့သော်လည်း ကောင်းမင်နှင့်ဖူရှုသည် သူမနောက်ကိုသာ စိုက်ကြည့်နေကြကြောင်း သတိပြမိလိုက်သည်။

“မင်းတို့ ငါ့ကို လှည့်စားဖို့ ကြံနေတာလား “

ထိုသို့ဆိုသော်ငြား အဘွားအိုက နောက်လည့်ကြည့်လိုက်သေးသည်။ရွှံ့ဖြင့် ပြုလုပ်ထားသည့် ဦးခေါင်းတစ်ခုက သူမကို စိုက်ကြည့်နေလေသည်။ထိုနတ်ရုပ်တုသည် သူမနောက်သို့ တိတ်တဆိတ်ရောက်ရှိလာခြင်းဖြစ်သည်။ သူမ လိပ်ပြာလွင့်မတတ်ဖြစ်သွား၏။ သူမ နောက်ဆုတ်လိုက်သော်လည်း ရွှံ့ရုပ်တုက သူမကို တွယ်ကပ်သွားပြီဖြစ်သည်။ ရွှံ့လက်နှစ်ဖက် သူမကို ဖမ်းဆုတ်လိုက်သည်။ရုပ်တုဆီမှ ကလေးဦးခေါင်းများ ပြူထွက်လာပြီး အဘွားအို၏ခန္ဓာကိုယ်ထဲသို့ တွားဝင်သွားကြသည်။

“နင်က ဘာကောင်လဲ ၊ နောက်ဆုတ်စမ်း”

အဘွားအိုက အော်ဟစ်လိုက်သည်။သူမ နောက်ကျောရှိ ဘုလုံးကြီး ပေါက်ကွဲသွားပြီး ဂူကောင်များ တွားထွက်လာကြသည်။၎င်းတို့က ရုပ်တုထဲတိုးဝင်သွားကြသော်လည်း ရုပ်တုက ဂူအဆိပ်များကို ဂရုမစိုက်ပေ။

ကလေးမျက်လုံးများသည် နာကျည်းမှုနှင့်စိတ်ရှုပ်ထွေးမှုများဖြင့် တလက်လက်ဖြစ်နေသည်။သူတို့သည် အဘွားအို၏ခန္ဓာကိုယ်ကို အပိုင်းပိုင်းဖြစ်အောင် ဆွဲဖြဲချင်နေကြသည်။

ထိုမြင်ကွင်းက အလွန်ကြောက်မက်ဖွယ်ကောင်းလှသည်။ ကောင်းမင်သည် ဤအခွင့်အရေးကို အသုံးချ၍ ဆုတ်ခွာလိုက်သည်။ အိပ်မက်ချိုးဖျက်မြို့သည် အလွန်အန္တရာယ်များသော နေရာတစ်ခု ဖြစ်လာပြီဖြစ်သည်။

“အဲ့ဒီ ကလေးတွေက ရွာသားတွေက နတ်ဘုရားတွေဆီ ပူဇော်ခဲ့တဲ့ ယဇ်ကောင်တွေပဲ ၊ တစ်စုံတစ်ယောက်က အဲ့ဒီကလေးတွေရဲ့ နာကြည်းမှုကို စုစည်းပြီး ဒီရွှံ့ရုပ်တုထဲကို ထည့်လိုက်တာ၊ ဒီအရာကြီးက နတ်ဘုရားတွေကို ရန်မူလိမ့်မယ် ၊ ငါတို့ သူတို့နဲ့ ဝေးဝေးနေတာ အကောင်းဆုံးပဲ”

ဖူရှုသည် ထိုရုပ်တုပေါ်တွင် ရင်းနှီးနေသော ကျိန်စာများကို မြင်တွေ့ခဲ့ရသည်။ ဤရုပ်တုကို ကျန်းမင်လီက ပြုလုပ်ခဲ့ခြင်း ဖြစ်နိုင်ပေသည်။ ကျန်းမင်လီသည် တစ်ယောက်တည်း တိုက်ခိုက်နေခြင်းမဟုတ်သည်ကို ကောင်းမင်သတိပြုမိသည်။သူသည် အခက်အခဲများကြားမှ အပေါင်းအဖော်များ ရှာဖွေနိုင်ခဲ့သည်။

“ဒီအဘွားကြီးက မြို့ရဲ့ ယုံနတ်ဘုရားပဲ၊ သူက ဂူကောင်နဲ့ အဆိပ်တွေမှာ ကျွမ်းကျင်တယ် ၊ သားသတ်သမားက ယဇ်ကောင်တွေကို ပြင်ဆင်ပေးရပြီး ဒီအဘွားကြီးက ယဇ်ကောင်တွေကို စစ်ဆေးရတယ်၊သူက ယဇ်ကောင်တွေနဲ့ ပတ်သက်ပြီး အရမ်းဂျီးများတယ်၊ လူငယ်လေးတွေနဲ့ အပြစ်ကင်းတဲ့ ကလေးတွေကိုပဲ ရွေးတာ”

ဖူရှုက ခပ်တိုးတိုး ဆက်ပြောသည်။

“ကလေးတွေက အဘွားကြီးရဲ့ အိုးတွေထဲမှာ အပိတ်ခံထားရချိန် သူတို့ ဘာဖြစ်မလဲဆိုတာ မသိခဲ့ကြဘူး ၊ အိုးထဲမှာ သူ့ရဲ့ ပိုးကောင်တွေ ရှိနေတာ ၊ ကလေးတွေရဲ့ အော်ဟစ်သံတွေက နတ်ဘုရားတွေအတွက် စားသောက်ပွဲကို ပိုအရသာရှိစေတယ်၊ ပိုးကောင်တွေကလည်း ယဇ်ကောင်ကို လတ်ဆတ်နေအောင် လုပ်ပေးထားတာ”

ယခုဖြစ်ရပ်မှာမူ လုံးဝပြောင်းပြန် ဖြစ်နေသည်။ ရုပ်တုကြီးသည် အိုးကြီးတစ်လုံးကဲ့သို့ အဘွားအိုနှင့် သူမ၏ပိုးကောင်များကို ပိတ်လှောင်ထားသည်။ သူမသည် ရုန်းကန်အော်ဟစ်နေရသည်။ မိနစ်အနည်းငယ်အတွင်းမှာပင် အဘွားအိုသည် ရုပ်တု၏ ဝါးမြိုခြင်းကို ခံလိုက်ရသည်။ သူမ၏ အသံ ပျောက်ကွယ်သွားပြီးနောက် ရုပ်တုပေါ်တွင် ဂူပုံစံကွက်များ ပေါ်လာလေသည်။ ရုပ်တု၏ မျက်နှာမှာလည်း ပိုမို ထင်ရှားလာသည်။

ရုပ်တု၏ ဝမ်းဗိုက်ထဲမှ သားချော့သီချင်းသံ ထွက်ပေါ်လာပြီး ကလေးငယ်များက မျက်လုံးဖွင့်လိုက်ကြသည်။ သူတို့သည် ရွာဝင်ပေါက်သို့ ရောက်လာပြီး မြေပါအရေခွံများထဲသို့ တိုးဝင်သွားကြသည်။

ညှို့မှိုင်းနေသော မျက်လုံးများ ပွင့်လာကြသည်။မြွေပါများက ထရပ်လိုက်ကြသည်။ သူတို့သည် ကျန်းမင်လီ၏ အမည်ပါသော ကျမ်းစာများကို ရွတ်ဆိုရင်း မြို့ပတ်ပတ်လည်တွင် ကျိန်စာများကို သူတို့၏ လက်သည်းများဖြင့် ထွင်းထုနေကြတော့သည်။

“ကျန်းမင်လီက တစ်မြို့လုံးကို ကျိန်စာတိုက်ဖို့ ကြံနေတာလား ၊ သူက အပြင်ဘက်က သရဲတွေ၊ မကောင်းဆိုးဝါးတွေနဲ့ ပူးပေါင်းလိုက်ပြီလား”

All Chapters