← Chapters

နာမည်

Vol. 40 Ch. 589

နာမည်

Vol. 40 Ch. 589

“ပိုင်ဖုန်းနဲ့ ရှီနတ်ဘုရားရဲ့ ရွှံ့ရုပ်တုကို ဘာလို့ အတူတူချည်ထားရတာလဲ”

ကောင်းမင်က မျက်လုံးများ မှေးကျဉ်းသွားသည်။

“ကိုယ်တွင်းအင်္ဂါ ထည့်သွင်းခြင်း။ မဒမ်ရှီက ရှီနတ်ဘုရား ဆင်းသက်လာနိုင်ဖို့ အိပ်မက်ဘုန်းတော်ကြီးဆီမှာ အကူအညီတောင်းဖို့ ရောက်လာတာပဲ”

ဖူရှုက အလျင်အမြန် ပြောလိုက်သည်။

“ပိုင်ဖုန်းရဲ့ စိတ်စွမ်းအားက အရမ်းသန်မာနေလို့ ရှီနတ်ဘုရားက ပြန်မလာနိုင်ဘူး ၊ ဒါကြောင့် သူတို့က ပိုင်ဖုန်းကို ယဇ်ပူဇော်ပြီး ရှီနတ်ဘုရားကို ကူညီဖို့ ဒီနည်းလမ်းသုံးဖို့ ဆုံးဖြတ်လိုက်တာပဲ”

ဖူရှုက တစ်ဆက်တည်း တွေးတောမိလိုက်သည်။

“ဒါပေမဲ့ မင်းက ရှီနတ်ဘုရားရဲ့ တစ်ဝက်ကျော်ကို ဝါးမြိုထားပြီးပြီ ၊ ရှီနတ်ဘုရားကျောင်းကလည်း ပျက်စီးသွားပြီလေ ၊ သီအိုရီအရဆိုရင် အိပ်မက်ဘုန်းတော်ကြီးက သူ့ကို ကူညီဖို့ ဒီလောက် သဘောကောင်းမှာ မဟုတ်ဘူး ၊ သူတို့ကြားမှာ အပေးအယူတစ်ခုခု လုပ်ထားကြတာလား”

“အဲ့ဒါတွေ စဉ်းစားပြီး အချိန်ဖြုန်းနေဖို့ မလိုပါဘူး၊ ကျုပ်ရန်သူရဲ့ မိတ်ဆွေက ကျုပ်ရန်သူပဲ”

ကောင်းမင်၏ ဝမ်းဗိုက်မှ ဒဏ်ရာသည် နောက်ဆုံးတွင် ပိတ်သွားပြီ ဖြစ်သည်။ သူ့အကြည့်များကို ပိုင်ဖုန်းထံတွင်သာ စွဲမြဲထားပြီး အဖြူရောင်တဲကြီးဆီသို့ ဦးတည်လှုပ်ရှားလိုက်သည်။ အိပ်မက်ဘုန်းတော်ကြီး၏ ဓားသည် ပိုင်ဖုန်း၏ဝမ်းဗိုက်ကို ခွဲစိတ်ခြင်းမပြုသေးဘဲ သူမ၏ အရေပြားပေါ်တွင် အမည်နာမများကို ထွင်းထုနေသည်။ ကောင်းမင်သည် သူဘာလုပ်ရမည်ကို စဉ်းစားနေစဉ် လူငယ်များသည် အရောင်မခြယ်ရသေးသော နတ်ရုပ်တုများဆီသို့ ရောက်သွားကြသည်။ အိပ်မက်ချိုးဖျက်မြို့တွင် နတ်ဘုရားများစွာ ရှိကြသည်။ ၎င်းတို့သည် အိပ်မက်၏ အစိတ်အပိုင်းတစ်ခုစီကို ကိုယ်စားပြုကြသည်။ ထိုနတ်ဘုရားများ အားလုံး ပေါင်းစည်းခြင်းက ‘အိပ်မက်’ ကို ဖန်တီးခြင်း ဖြစ်သည်။

သို့သော်လည်း ဖူရှု ပြောခဲ့သလိုပင် အိပ်မက်ချိုးဖျက်မြို့၏ ဖွံ့ဖြိုးမှုကို မြန်ဆန်စေရန် မသေဆေးကုမ္ပဏီသည် ထူးဆန်းသော ရုပ်တုများနှင့် အရာဝတ္ထုများကို မြို့ထဲတွင် ထည့်သွင်းထားခဲ့ကြသည်။ ထိုအရာများထဲတွင် အခြားသော မပြောသင့်သူများ၏ အငွေ့အသက်များ ပါဝင်နေနိုင်သည်။

လူငယ်တစ်ယောက်က ဓားတစ်လက်ကို ကိုင်ကာ နဂါးမင်းရုပ်တုကို မတ်လိုက်သည်။ ထိုရုပ်တုသည် ရေနဂါးမင်းနှင့် လုံးဝမတူသလို မြွေနှင့်တူသော အမှတ်အသားများလည်း မရှိပေ။ လူငယ်က အားအင်အပြည့်ဖြင့် ရုပ်တု၏ဝမ်းဗိုက်ကို ဓားဖြင့် ခွဲချလိုက်သည်။

ရွှံ့များသည် လူ့အရေပြားကဲ့သို့ ကွဲအက်သွားသည်။ ရေလှိုင်းပုံစံကွက်များနှင့် မိုးရွာရန် ဆုတောင်းသည့် အဆောင်များ ဝမ်းဗိုက်ထဲမှ ထွက်ကျလာသည်။ လူငယ်က အကြိမ်အနည်းငယ် ဦးချလိုက်ပြီးနောက် ရုပ်တုထဲသို့ လက်နှိုက်ကာ မြက်ခြောက်တစ်ဆုပ်နှင့် လူ့အရိုးစုနှင့်တူသော အရာတစ်ခုကို ဆွဲထုတ်လိုက်သည်။

“အဲ့ဒီ သာမန်ထင်ရတဲ့ မြက်ခြောက်တွေနဲ့ အဆောင်တွေက နတ်ဘုရားရဲ့ ကိုယ်တွင်းအင်္ဂါတွေပဲ ၊ အဲ့ဒါတွေ မရှိရင် ရုပ်တုတွေက နတ်ဘုရားအရှိန်အဝါ ကုန်ဆုံးသွားလိမ့်မယ်”

ဖူရှု ထိုသို့ပြောလိုက်သည်နှင့် ယခင်က ပြည့်စုံနေသော ရုပ်တုသည် စတင်အက်ကွဲလာသည်။ နောက်ဆုံး အဆောင်ကို ဖယ်ရှားလိုက်ချိန်တွင် ရုပ်တုသည် ဖုန်မှုန့်များအဖြစ် ပြိုလဲပျက်စီးသွားတော့သည်။

လူငယ်က အဖြူရောင်တဲဆီသို့ ပြန်သွားလိုက်သည်။ အနီရောင် ဝတ်ဆင်ထားသော မြို့သားတစ်စုသည် ထိုနတ်ဘုရားကိုယ်တွင်းအင်္ဂါများနှင့် ရောနှောရန် ငှက်များ၊ လင်းနို့များ၊ မြွေများနှင့် ဆေးဖက်ဝင် အပင်များကို ပြင်ဆင်နေကြသည်။ ထိုတိရစ္ဆာန်များ အားလုံးသည် အသက်ရှင်နေကြဆဲ ဖြစ်ပြီး တလှုပ်လှုပ်ဖြစ်နေကြသည်။

မြို့သားများသည် နတ်ဘုရားကိုယ်တွင်းအင်္ဂါများကို ဝိုင်းပတ်၍ ရှင်သန်နိုးထလာစေရန် ဂါထာများ ရွတ်ဆိုရင်း ကခုန်နေကြသည်။ သူတို့ပုံစံသည် စိတ်ဝေဒနာရှင်များနှင့် တူနေတော့သည်။

ကောင်းမင်သည် တဲအပြင်ဘက်ရှိ ရုပ်တုများထံ တိတ်တဆိတ် ချဉ်းကပ်သွားသည်။ ကောင်းမင် ထိုရုပ်တုများကို ထိတွေ့လိုက်သောအခါ သူ့နှလုံးသားမှ တစ်စုံတစ်ခုက ဆွဲနှုတ်ခံလိုက်ရသည်။ ရုပ်တုများပေါ်မှ ဖုံးကွယ်ထား‌သော ယုံကြည်မှုနှင့် ကျိန်စာများက သူ့ကို ရင်းနှီးသော ခံစားချက်တစ်ခု ပေးစွမ်းနေသည်။ ကောင်းမင်သည် သားစားကြူးနတ်ဘုရားကို ထိန်းချုပ်ကာ ရုပ်တုများကို သိမ်းယူပြီး အနီးနားရှိ အိမ်တစ်လုံးထဲတွင် သွားရောက် ပုန်းအောင်းလိုက်သည်။

ရုပ်တုများကို ကယ်တင်ပြီးနောက် ကောင်းမင်၏ နာကျင်မှုမှာ လျော့ပါးသွားသည်။ မှတ်ဉာဏ် အပိုင်းအစများဖြင့် ပြည့်နှက်နေသည့် သူ့ဦးနှောက်ထဲသို့ အေးမြသောစမ်းရေများ စီးဝင်လာသကဲ့သို့ ခံစားလိုက်ရပြီး အတွေးအခေါ်များမှာလည်း ပြန်လည်ချောမွတ်လာသည်။ သူ့မျက်လုံးများထဲတွင် ထူးဆန်းသော နတ်ဘုရားပုံရိပ်ယောင်နှစ်ခု ပေါ်လာပြီး ပြန်ပျောက်ကွယ်သွားသည်။ တစ်ခုသည် အတိတ်တွင် ရှင်သန်နေပြီး အခြားတစ်ခုမှာ အနာဂတ်တွင် ရှိနေလေသည်။

“ငါ့မျက်လုံးတွေက နတ်ဘုရားနှစ်ပါးရဲ့ နေအိမ်ဟောင်းဖြစ်ခဲ့တာလား”

ခဏမျှအတွင်း ကောင်းမင်သည် သူ့အပေါ်တွင် ရစ်ပတ်နေသော ကမ္မကြိုးမျှင်များကို မြင်လိုက်ရသည်။ သာမန်လူတစ်ယောက်တွင် ကမ္မကြိုးမျှင် အနည်းငယ်သာ ရှိသော်လည်း ကောင်းမင်မှာမူ သန်းနှင့်ချီသော ကြိုးမျှင်များဖြင့် ချည်နှောင်ခံထားရသည်။ သူ၏ရွေးချယ်မှုတိုင်းက မရေမတွက်နိုင်သော သက်ရှိများ၏ ကံကြမ္မာကို ပြောင်းလဲစေနိုင်သည်။

ထိုလျှို့ဝှက်ဆန်းကြယ်သော ရုပ်တုများက ကောင်းမင်စိတ်ထဲတွင် ရှိနေသည့် မှတ်ဉာဏ်အပိုင်းအစများကို နိုးဆွပေးလိုက်သည်။ ၎င်းတို့သည် တစ်ချိန်က ကောင်းမင်၏ အိပ်မက်ဆိုးများထဲတွင် ပေါ်ပေါက်ခဲ့ဖူးသည်။ ကောင်းမင်၏ မျက်လုံးများ ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။ကောင်းမင်သည် အရာများစွာကို ပိုမိုမှတ်မိလာခဲ့သည်။

“ငေးမနေနဲ့ဦး ၊ အခုက အရမ်းအန္တရာယ်များတဲ့ အခြေအနေရောက်နေတာကို မင်းက ဘာလို့ တစ်ချက်လေးတောင် မတုန်လှုပ်ရတာလဲ”

ဖူရှုသာ ခြေလက်အင်္ဂါ ရှိပါက ထိုရုပ်တုများကို သူကိုယ်တိုင် ဦးချမိလိမ့်မည် ဖြစ်သည်။

“ဟုတ်တယ် ၊ ကျုပ် ပိုပြီး စိတ်လှုပ်ရှားသင့်တာပေါ့”

ကောင်းမင်၏ မျက်လုံးများသည် လူသားဆန်မှုများဖြင့် ပြည့်နှက်သွားသည်။ သူ၏ အေးစက်သော အကြည့်များကို ဖုံးကွယ်လိုက်သည်။

အဖြူရောင်တဲအတွင်းရှိ ဝတ်ပြုဓလေ့အခမ်းအနားသည် အနှောင့်အယှက်မရှိ ဆက်လက် လုပ်ဆောင်နေသည်။ သို့သော်လည်း နဂါးမင်းရုပ်တုထံမှ ရရှိထားသော ကိုယ်တွင်းအင်္ဂါများမှာ မလုံလောက်သေးပေ။ အိပ်မက်ဘုန်းတော်ကြီးက သူ့လူများကို နောက်ထပ်ကိုယ်တွင်းအင်္ဂါများ သွားရောက်ယူဆောင်ရန် အမိန့်ပေးလိုက်သည်။ လူငယ်နှစ်ယောက် ထွက်လာချိန်တွင် ရုပ်တုများ ပျောက်ဆုံးနေသည်ကို တွေ့လိုက်ရသည်။သူတို့သည် ဘိုးဘေးခန်းမမှ ခိုးဝံ့သူရှိလိမ့်မည်ဟု ထင်မထားခဲ့ကြပေ။ ဤသည်မှာ အိပ်မက်ဘုန်းတော်ကြီးထံမှ ပစ္စည်းခိုးသွားခြင်းပင်။

နတ်ဘုရားကကိုယ်တွင်းအင်္ဂါအသစ်များ ရောက်မလာချေ။ ထောင့်လေးထောင့်ရှိ အသက်ဖယောင်းတိုင်များထဲမှ တစ်တိုင် ငြိမ်းသွားသည်။ ပိုင်ဖုန်းသည် သွေးများစွာ အန်လိုက်ရသည်။ အိပ်မက်ဘုန်းတော်ကြီး၏ တက်တူးမျက်နှာက ပြောင်းလဲသွားသည်။၎င်းတို့သည် အတက်ရောဂါ ဖြစ်သကဲ့သို့ တဆတ်ဆတ်တုန်ယင်လာသည်။ သူ့ခန္ဓာကိုယ်ပေါ်တွင် အနက်ရောင် နာမည်များ ပေါ်ထွက်လာသည်။၎င်းတို့သည် မြို့ဝင်ပေါက်ရှိ ကျောက်တိုင်ပေါ်မှ အမည်နာမများနှင့် ဆင်တူသည်။ထိုစာလုံးများသည် အဆက်မပြတ် နေရာပြောင်းလဲနေကြသည်။ အိပ်မက်ဘုန်းတော်ကြီးသည် ပိုမိုပြင်းထန်စွာ တုန်ယင်လာတော့သည်။စာလုံးများသည် မုန်တိုင်းထဲတွင် ကခုန်နေသည့်အလား ဖြစ်နေပြီး နောက်ဆုံးတွင် ထိုအမည်နာမများအားလုံး စုစည်းသွားပြီး သူ့လက်ဖဝါးပေါ်တွင် သွေးမျက်လုံးကြီးတစ်လုံး ဖြစ်ပေါ်လာသည်။ ထိုမျက်လုံးထဲတွင် ‘ကောင်းမင်’ ဟူသော အမည် ထွက်ပေါ်လာလေသည်။

“ဟိုမှာ”

အိပ်မက်ဘုန်းတော်ကြီးသည် ကောင်းမင် ပုန်းနေသည့် နေရာကို တိတိကျကျ ညွှန်ပြလိုက်သည်။ အနီရောင် ဝတ်ဆင်ထားသော မြို့သားများသည် ကောင်းမင်ရှိရာသို့ လျင်မြန်စွာ ဝိုင်းလာကြသည်။ ကောင်းမင်သည် ထိုများပြားလှသော ရုပ်တုများနှင့်အတူ ထွက်ပြေးရန် မဖြစ်နိုင်သဖြင့် သူတစ်ယောက်တည်းသာ ပြေးထွက်သွားသည်။

“ကျုပ် ခင်ဗျားတို့နဲ့ မတိုက်ချင်ဘူး ၊ ကျုပ်က ကျုပ်မိတ်ဆွေကို ကယ်ဖို့ ရောက်လာတာပဲ”

ကောင်းမင်သည် သားသတ်သမား၏ အာရုံစိုက်မှုကို မဆွဲဆောင်လိုသဖြင့် သားသတ်ဓားကို မသုံးချင်သေးပေ။ သူသည် ယဇ်ပလ္လင်ကို ကိုင်ထားရင်း ခုလေးတင် ပြန်ကောင်းသွားသော သူ့ဒဏ်ရာများကို ကြည့်လိုက်သည်။

“ရှီနတ်ဘုရားကို ဒဏ်ရာရအောင် လုပ်ခဲ့တာ ကျုပ်ပဲ ၊ ခင်ဗျားတို့ ပူးပေါင်းဖို့ လူရှာနေတာဆိုရင် ကျုပ်ကိုရော မစဉ်းစားချင်ဘူးလား”

အိပ်မက်ဘုန်းတော်ကြီးက ကောင်းမင်၏ စကားကို လျစ်လျူရှုထားသည်။ သူ့လက်ပေါ်ရှိ နာမည်များမှာ လက်ဖဝါးပေါ်ရှိ မျက်လုံးထဲသို့ တိုးဝင်သွားပြီး ကောင်းမင်၏နာမည်ကို ထိတွေ့ရန် ကြိုးစားလိုက်သည်။

ထိုအချိန်မှာပင် ကောင်းမင် မြင်တွေ့နေရသော အိပ်မက်ချိုးဖျက်မြို့၏ မြင်ကွင်းမှာ ပြောင်းလဲသွားသည်။ သူ၏ခန္ဓာကိုယ်သည် ကမ္ဘာအမျိုးမျိုးသို့ ကွဲထွက်သွားပုံရသည်။ သူ့ခြေထောက်များသည် ကျောက်ခင်းလမ်းပေါ်တွင် ရှိနေသော်လည်း ခန္ဓာကိုယ် အထက်ပိုင်းမှာ ဓာတ်ခွဲခန်းတစ်ခုရှိ အာဟာရရည်များထဲတွင် နစ်မြုပ်နေသလို ခံစားရပြီး သူ၏ဦးနှောက်မှာမူ ရေခဲသေတ္တာထဲတွင် သိမ်းဆည်းခံထားရသလို ဖြစ်နေသည်။

“အိပ်မက်ဘုန်းတော်ကြီးက မင်းရဲ့ အာရုံခံစားမှုတွေကို ခိုးယူပြီ မင်းရဲ့အသိစိတ်ကို ခွဲထုတ်ပစ်ဖို့ တခြားလူတွေရဲ့ အိပ်မက်တွေကို သုံးနေတာပဲ”

ဖူရှုသည်လည်း သက်ရောက်ခံနေရသဖြင့် သူ့စကားလုံးများတွင် ကြောက်ရွံ့မှုများ ပါဝင်နေသည်။

“သူတို့က အိပ်မက်လွတ်ခြင်းကို သဘာဝအတိုင်း တားဆီးနိုင်စွမ်း ရှိသူတွေပဲ ၊ မင်း ထုတ်လွှတ်လိုက်တဲ့ အိပ်မက်ဆိုးတွေကို သူတို့ခိုးယူသွားလိမ့်မယ် ၊ သတိထား”

“ကျုပ်ရဲ့ အိပ်မက်ဆိုးတွေက ဒီမြို့ထက်တောင် ပိုပြီး အန္တရာယ်များဦးမယ်၊ သူတို့ ခိုးနိုင်လိမ့်မယ်လို့ ကျုပ်တော့ မထင်ဘူး”

ကောင်းမင်က ခေါင်းခါလိုက်ပြီး ယဇ်ပလ္လင်ကို အနည်းငယ် ဖွင့်ဟလိုက်သည်။

“ကျုပ်အတွက်တော့ အဲ့ဒါက တကယ့်ကမ္ဘာအစစ်တစ်ခုပဲ ၊ ဘယ်လို အိပ်မက်ဆိုးမျိုးထက်မဆို ပိုကြောက်စရာကောင်းတဲ့ ကမ္ဘာကြီးပေါ့”

All Chapters