← Chapters

ကျင့်ကြံခြင်း

Vol. 40 Ch. 597

ကျင့်ကြံခြင်း

Vol. 40 Ch. 597

“ကျန်းမင်လီလား...”

ကောင်းမင်သည် ရုပ်ပုံကို ပထမဆုံး မြင်လိုက်ရချိန်တွင် ကျန်းမင်လီကို ချက်ချင်းတွေးမိသွားသည်။ သူ ထိုသို့တွေးလိုက်မိသည်နှင့် ရုပ်ပုံ၏ မျက်နှာထက်ရှိ သန့်စင်မြတ်မြတ်သော အရှိန်အဝါများ လွင့်ပြယ်သွားတော့သည်။၎င်းသည် ကျန်းမင်လီနှင့် အတော်လေး ဆင်တူနေသည်ကို တွေ့လိုက်ရသည်။

“ကျန်းမင်လီက ဒီနေရာကို တည်ဆောက်ခဲ့တာလား... တစ်ခုခုတော့ မဟုတ်သေးဘူး”

ကောင်းမင်သည် အဝင်ဝတွင် ရပ်လိုက်ပြီး အတွင်းသို့ ဝင်မသွားသေးပေ။ သူသည် ဖူရှု၏ လည်ပင်းကို ကိုင်ထားရင်း ခပ်တိုးတိုး မေးလိုက်သည်။

“နံရံမှာ ဆွဲထားတဲ့ နတ်ဘုရားရုပ်ပုံကို ခင်ဗျား မြင်ရလား၊ ကြည့်ရတာ ဘယ်သူနဲ့ တူတယ်လို့ ထင်လဲ”

“ငါလည်း မသိဘူး၊ တကယ် ခွဲခြားလို့မရဘူး”

ဖူရှုက ဇဝေဇဝါ ဖြစ်နေသည်။

“ဘုံကိုးဆင့် ဝိညာဉ်ဘုရားကျောင်းမျိုးကို ငါတစ်ခါမှ မမြင်ဖူးဘူး ၊ မူလ ဒီဇိုင်းမှာတုန်းက ဘုံကိုးဆင့် ဘုရားကျောင်းဆိုတာ ဒေတာမော်ဒယ်ပုံစံတစ်ခု အနေနဲ့ပဲ ရှိခဲ့တာ ၊ ဒီနေရာနဲ့ ပတ်သက်သမျှ အားလုံးက ပဟေဠိတွေပဲ ၊ မင်း ဂရုစိုက်ဖို့ လိုလိမ့်မယ်”

ဖူရှုသည် ဘာအကူအညီမပေးနိုင်သဖြင့် ကောင်းမင် ပိုင်ဖုန်းဘက်သို့ လှည့်ကြည့်လိုက်သော်လည်း သူမသည်လည်း ခေါင်းခါပြလိုက်သည်။

“ဒါ ထူးဆန်းတယ်...”

အဝင်ဝတွင် ရပ်နေရင်း ကောင်းမင်နှင့် သားစားကြူးနတ်ဘုရားတို့သည် မည်သည့် အပျက်သဘောဆောင်သော စွမ်းအင်တစ်စွန်းတစ်စကိုမှ အာရုံမခံမိပေ။ ပန်းများ၊ အမွှေးတိုင်များ၊ လက်ဖက်ရည်နှင့် ကျမ်းစာလိပ်များသာ ရှိနေသည်။ ၎င်းသည် နတ်ဘုရားတစ်ပါး၏ စံအိမ်နှင့်ပင် တူနေလေသည်။

ကောင်းမင်သည် မရေမရာဖြင့် နောက်သို့ လှည့်ကြည့်လိုက်သည်။ သူ၏ အကြည့်သည် သွေးမိုးများကို ဖောက်ထွင်းဖြတ်သန်းသွားပြီး အလောင်းများ ပြန့်ကျဲနေသော လမ်းများကို မြင်လိုက်ရသည်။ ထို့ထက် ပိုဝေးသော နေရာတွင်မူ ကျိန်စာများ ပိုမိုများပြားနေသည်။ မြွေပါအရေခွံကို ဝတ်ဆင်ထားသော ကလေးဝိညာဉ်များသည် အိပ်မက်ချိုးဖျက်မြို့ကို ဘာမှမရှိသော လဟာပြင်ကြီးအဖြစ် ပြောင်းလဲပစ်ချင်နေကြသည်။

ဘုရားကျောင်းနှင့် မြို့၏ အခြေအနေသည် ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားနေသည်။

“ဒါတွေက အတုအယောင်တွေ ဖြစ်ရမယ်”

ကောင်းမင်သည် သူ့ဘာသာ ထပ်ခါတလဲလဲ သတိပေးရင်း ဖူရှုကို သယ်ဆောင်၍ ဝိညာဉ်ဘုရားကျောင်းအတွင်းသို့ ဝင်လိုက်သည်။ သူတို့နောက်ကျောရှိ သစ်သားတံခါးကြီးမှာ ပြန်ပိတ်မသွားပေ။ ကောင်းမင်သည် အချိန်မရွေး ပြန်ထွက်သွားနိုင်သော်လည်း သူကိုယ်တိုင်ကပင် ထိုနေရာတွင် ဆက်နေချင်စိတ် ဖြစ်နေလေသည်။ သာမန် ဝိညာဉ်ဘုရားကျောင်းသည် လူများကို မျှားခေါ်ပြီး အတွင်း၌ ပိတ်လှောင်ထားတတ်သော်လည်း ဤဝိညာဉ်ဘုရားကျောင်းမှာမူ ကွဲပြားနေလေသည်။ ၎င်းသည် ထိုကဲ့သို့ ယုတ်ညံ့သော အလုပ်မျိုးကို လုပ်မည့်ပုံမပေါ်ဘဲ ဧည့်သည်များကို လွတ်လပ်စွာ သွားလာခွင့် ပြုထားသည်။

“ဒါက အရမ်း ယုံကြည်ချက်ရှိနေတာပဲ ၊ မြို့သားတွေ ဒီထဲကို ရောက်လာပြီးရင် ပြန်မထွက်တော့ဘူးလို့ ယုံကြည်နေတာပေါ့”

ဖူရှုက အကြိမ်ရေ အနည်းငယ် ချောင်းဆိုးလိုက်သည်။ သူသည် အေးချမ်းလှသော ပတ်ဝန်းကျင်ကို တမင်တကာ နှောင့်ယှက်လိုက်ခြင်း ဖြစ်သည်။

“တံခါးကို ဟာလာဟင်းလင်း ဖွင့်ထားတာက အတွင်းဘက်နဲ့ အပြင်ဘက်ရဲ့ ခြားနားချက်ကို လူတွေ ပိုသိလာအောင်လို့ပဲ ၊ အန္တရာယ်နဲ့ ကြုံလာရတဲ့အခါ လုံခြုံမှုအတွက် လွတ်လပ်မှုကို စတေးလိုက်တာက သာမန်ရွေးချယ်မှုတစ်ခုပဲလေ ၊ ဒီဘုရားကျောင်းကို တည်ဆောက်တဲ့သူက အဲ့ဒီသဘောတရားကို သေချာပေါက် သိထားတယ်”

ဘုရားကျောင်းထဲ ရောက်လာကတည်းက ပိုင်ဖုန်းသည်လည်း အေးချမ်းမှုကို ခံစားနေရသည်။ သူမသည် ယခင်က သူမကလေးများအတွက် အဆုံးမရှိ စိုးရိမ်ပူပန်နေခဲ့ရသည်။ သို့သော်လည်း သူမ ဘုရားကျောင်းအတွင်း ရောက်ရှိလာချိန်တွင်မူ သူမ၏တင်းမာနေသော အာရုံကြောများမှာ ပြေလျော့သွားခဲ့သည်။ ကလေးနှစ်ယောက်၏ လက်ကို ဆုပ်ကိုင်ထားသော ပိုင်ဖုန်းသည် ပိုမိုနုပျိုလာပုံရသည်။ သူမ မျက်ဝန်းထောင့်ရှိ အရေးအကြောင်းများပင် ချောမွတ်သွားသည်။

“သားသတ်သမားနဲ့ အကြီးအကဲထန်တို့ ဒီတံခါးကပဲ ဝင်သွားတာကို ငါမှတ်မိပါတယ် ၊ သူတို့ ဘာလို့ ရန်ဖြစ်မနေကြတာလဲ”

ကောင်းမင် နားမလည်နိုင် ဖြစ်နေလေသည်။ သားသတ်သမား၏ စိတ်နေစိတ်ထားနှင့်ဆိုပါက မြောက်ဘက်တံခါးဝတွင် သွေးစွန်းနေရမည် ဖြစ်သည်။

ကောင်းမင်သည် ဖြတ်သွားသော ကျင့်ကြံသူတစ်ဦးကို တားလိုက်သည်။ သူသည် စုတ်ပြဲနေသော အဝတ်အစားများကို ဝတ်ဆင်ထားသည်။သူသည် ဘုရားကျောင်းထဲသို့ ဝင်လာသည်မှာ မကြာသေးပုံရသည်။ သို့သော်လည်း သူသည် ဉာဏ်အလင်းပွင့်ထားသော ဘုန်းကြီးတစ်ပါး၏ အရှိန်အဝါများ ဖြာထွက်နေလေသည်။

“အလှူရှင်... ကျွန်ုပ် ဘာကူညီပေးရမလဲ”

“ငါ့ဖင်ကို အလှူရှင်လိုက် ၊ မင်းက ငါတို့ထက် မိနစ်နည်းနည်းငယ်ပဲ စောရောက်တာကို၊ ဘာလို့ ဒီလောက် ကြီးကျယ်မြင့်မြတ်သလို လေကြီးနေရတာလဲ”

ဖူရှုက ငြိမ်းချမ်းမှုကို ဖျက်ဆီးရန် အတတ်နိုင်ဆုံး ကြိုးစားလိုက်သည်။

“သားသတ်သမား ဘယ်မှာလဲ”

“ကျူးရန်ကတော့ တရားထူးရသွားပြီး သူ့ရဲ့ လူသတ်ဓားကို ပစ်ချလိုက်ပါပြီ ၊ အခုဆို သူက အင်မော်တယ်အဆင့်ကို ရောက်တော့မှာပါ”

ထိုလူသည် လက်ဟန်တစ်ခုကို ပြုလုပ်ကာ ကျမ်းစာများကို ရွတ်ဖတ်လိုက်သည်။ သူသည် ခေါင်းငုံ့ထားသော်လည်း မကြာမီ တောင့်တင်းသွားသည်။ ကောင်းမင်က သားသတ်သမား၏ ဓားကို သူ့လည်ပင်းတွင် တေ့ထားလိုက်သောကြောင့် ဖြစ်သည်။ ဓားသွားက သူ့အရေပြားကို နစ်ဝင်သွားသည်။ မိစ္ဆာ အငွေ့အသက်များနှင့် ပြင်းထန်သော သွေးနံ့များသည် ဆာလောင်ငတ်မွတ်နေသော သရဲတစ်ကောင်အလား သူ့ဒဏ်ရာထဲသို့ တိုးဝင်သွားကြသည်။

“ပြောစမ်း၊ ကျူးရန်နဲ့ အကြီးအကဲထန် ဘယ်မှာလဲ”

“ဒုတိယထပ်ပါ... သူတို့ ဒုတိယထပ်ကို တက်သွားကြပါပြီ”

သေခြင်းတရား၏ ခြိမ်းခြောက်မှုကို ရင်ဆိုင်လိုက်ရသောအခါ ထိုလူ့ထံတွင် တစ်ခုခု ကျိုးပျက်သွားပုံရသည်။ သူ့မျက်စိများ ပြန်လည် ကြည်လင်လာပြီး မျက်နှာတွင် ကြောက်ရွံ့မှုများ ပြန်လည် ပေါ်ပေါက်လာသည်။ သို့သော်လည်း ထိုအခြေအနေမှာ စက္ကန့်အနည်းငယ်သာ ခံလိုက်သည်။ သူ့အမူအရာသည် ပြန်လည် ငေးငိုင်သွားပြီး အပြုံးတစ်ခု ရှိလာခဲ့သည်။

“မင်း ငါ့ကို သတ်လိုက်ရင် အပြစ်ပဲ ရလိမ့်မယ် ၊ အဲ့ဒါက မင်းရဲ့ ကျင့်ကြံမှုအတွက် အထောက်အကူ မဖြစ်ပေမယ့် ငါ့အတွက်တော့ အထောက်အကူ ပြုတယ် ၊ ငါ့ကို နတ်ဘုရားနန်းတော်နဲ့ ပိုနီးစပ်သွားစေလိမ့်မယ်”

သူသည် ဓားသွားဆီသို့ တိုးဝင်ရင်း ရူးသွပ်စွာ ရေရွတ်လိုက်သည်။

“ငါ့ကို သတ်လိုက်ပါ ၊ မင်းက ငါ့ကို ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုတွေကနေ ကယ်တင်ဖို့ ရောက်လာတယ်ဆိုတာ ငါသိတယ်၊ ငါ့မှာ ဒီရုပ်အခွံကြီးကို ထပ်မလိုတော့ဘူး”

“ရူးနေတာပဲ”

ကောင်းမင်က ထိုလူကို ကန်ထုတ်လိုက်သည်။ သူသည် နံရံပေါ်ရှိ နတ်ဘုရားပုံကို လှမ်းကြည့်လိုက်ရာ ထိုပုံသည် ကျန်းမင်လီနှင့် ပို၍ ပို၍ တူလာသည်ကို သတိပြုမိလိုက်သည်။

“မသွားပါနဲ့ ၊ ငါ့ကို ကူညီပါ”

ထိုလူသည် ကောင်းမင်က သူ့ကို သတ်လိုက်ပါက ကောင်းကင်ဘုံသို့ ရောက်ရှိသွားမည်ဟု အမှန်တကယ် ယုံကြည်နေခြင်းဖြစ်သည်။ သူသည် ကြမ်းပြင်ပေါ်တွင် တွားသွားရင်း ကောင်းမင်၏ ခြေထောက်ကို ဖမ်းဆွဲထားလိုက်သည်။

“ဖယ်စမ်း”

ကောင်းမင်က အားပြင်းပြင်းနှင့် ကန်ထုတ်လိုက်သဖြင့် ထိုလူသည် သွေးများ အန်ထွက်လာပြီး နံရိုးအချို့ ကျိုးသွားသည်။ သို့သော်လည်း သူသည် ကောင်းမင်ဆီသို့ တွားသွားနေဆဲပင်။

“မင်း တကယ် သေချင်နေတာလား”

ကောင်းမင်က မျက်လုံးများ မှေးကျဉ်းသွားသည်။ သူ့နှလုံးသည် ပုံမှန်မဟုတ်ဘဲ မြန်ဆန်စွာ ခုန်ပေါက်လာသည်။ ယင်းက သူသည် အမြင်မှားမှုတစ်မျိုးမျိုးထဲတွင် ကျရောက်နေပြီဖြစ်ကြောင်း သားစားကြူးနတ်ဘုရား၏ သတိပေးချက် ဖြစ်သည်။

ကောင်းမင်သည် အသက်ပြင်းပြင်းရှူသွင်း၍ စိတ်ကို ပြန်လည်တည်ငြိမ်အောင် ကြိုးစားလိုက်သည်။

“ငါ ပိုရက်စက်လာတာလား... မဟုတ်ဘူး၊ ငါက အချုပ်အနှောင်တစ်မျိုးမျိုးကနေ ရုန်းထွက်လိုက်တာပဲ”

ပုံမှန်အားဖြင့် သူသည် အကြောင်းရင်းမရှိဘဲ သတ်ဖြတ်တတ်သူ မဟုတ်ပေ။ သို့သော်လည်း လွန်ခဲ့သည့် စက္ကန့်ပိုင်းကမူ ထိုအနှောင့်အယှက်ဖြစ်စရာလူကို သတ်ပစ်လိုက်ခြင်းသည် သူ့အတွက် ဘာမှ မဟုတ်သကဲ့သို့ ခံစားခဲ့ရသည်။ ပုရွက်ဆိတ်တစ်ကောင်ကို နင်းခြေလိုက်သကဲ့သို့ သူ့အပေါ် မည်သည့်သက်ရောက်မှုမျှ ရှိမည်မဟုတ်ဟု ထင်မှတ်ခဲ့သည်။

“သွားကြစို့”

ကောင်းမင်သည် ဖူရှုကို သယ်ဆောင်၍ အနီးအနားရှိ ဘုန်းကြီးဆောင်များဆီသို့ သွားကြည့်လိုက်သည်။ အခန်းများတွင် လက်ဖက်ရည်စားပွဲများ၊ စာအုပ်စင်နှင့် အိုးများကဲ့သို့ ဆင်တူသော အဆင်အယင်များ ရှိနေကြသည်။

“လူတွေ ဘယ်ရောက်ကုန်တာလဲ”

သူသည် ရှေ့သို့ ဆက်လျှောက်လိုက်သည်။ အမွှေးတိုင်နံ့များက နေရာအနှံ့ ပျံ့လွှင့်နေပြီး လေထုက ပို၍ ခန့်ညားထည်ဝါလာလေသည်။ကောင်းမင်သည် နံရံပေါ်မှ ရေးဆွဲထားသော နတ်ဘုရားများ လှုပ်ရှားနေသည်ကို သတိပြုမိလိုက်သည်။ ၎င်းတို့သည် အမွှေးတိုင်မီးခိုးများဖြင့် ပြုလုပ်ထားသော လှေကားထစ်များကို နင်း၍ ဓမ္မစင်မြင့်ဆီသို့ တက်လှမ်းနေကြပုံရသည်။ စင်မြင့်ထက်တွင်မူ ရွာသားများ၊ စက္ကူရုပ်များ၊ မြွေပါများဖြင့် ပြည့်နှက်နေသည်။ လူတိုင်းသည် သူတို့၏ အမုန်းတရားများကို စွန့်ပယ်ထားကြပြီး သူတို့၏နေရာများတွင် နာခံမှုရှိစွာ ထိုင်နေကြလေသည်။

“အားလုံးပဲ... ကောင်းကင်ဘုံတံခါးက ပွင့်သွားခဲ့ပြီ၊ လူတိုင်း နတ်ဘုရား ဖြစ်လာနိုင်တော့မယ်၊ ကျေးဇူးပြုပြီး စိတ်မလှုပ်ရှားကြပါနဲ့၊ ဘာကိုမှ စိတ်ထဲမထားကြပါနဲ့ ၊ ဘုရားကျောင်းမှာ ကိုးထပ် ရှိပေမယ့် ဂုဏ်သိက္ခာပိုင်းမှာတော့ ကြီးမြတ်တယ် နိမ့်ပါးတယ်ဆိုတာ မရှိပါဘူး၊ ပြင်ပက ဘယ်အရာကမှ နောက်ဆုံးရလဒ်ကို ဆုံးဖြတ်လို့မရဘူး၊ဉာဏ်အလင်းပွင့်တယ်ဆိုတာ ဉာဏ်အလင်းပွင့်တာပါပဲ၊ အတင်းအကျပ် လုပ်ယူလို့ မရဘူး”

ဝေဝါးနေသော နတ်ဘုရားရုပ်ပုံ၏ နူတ်ဖျားမှ ကျန်းမင်လီအသံနှင့် ဆင်တူသော အသံတစ်ခု ထွက်ပေါ်လာသည်။

“နတ်အရှင်မြတ်... ကျွန်တော်တို့ ဘယ်လိုလုပ်မှ ဉာဏ်အလင်းပွင့်နိုင်မှာလဲ၊ လူတွေအများကြီး ဒုတိယထပ်ကို ရောက်သွားကြပြီ၊ ညစ်ပတ်တဲ့လက်တွေနဲ့ မကောင်းဆိုးဝါးသရဲတွေတောင် တတိယထပ်ကို ရောက်နေကြပြီ”

ဒေသခံတစ်ဦးက ဝပ်တွား ဦးညွှတ်လိုက်သည်။ သူတို့သည် ကြောက်ရွံ့မှုများကြားတွင် မရှင်သန်ချင်ကြတော့ပေ။သူတို့သည် နတ်ဘုရားအဆင့်သို့သာ တက်လှမ်းချင်နေကြသည်။

“မြန်နေတယ်ဆိုတာ ဘာကိုမှ မဆိုလိုဘူး”

နတ်ဘုရားက သူ့လက်ချောင်းများကို လှုပ်ရှားလိုက်သည်။ နတ်တိမ်တိုက်တစ်ခုက ထိုဒေသခံကို ပွေ့ချီကာ မတင်လိုက်သည်။

“ငါ့ကို ကိုးကွယ်နေဖို့ မလိုပါဘူး၊ တာအိုဆိုတာ သဘာဝတရားပဲ ၊ အစစ်အမှန်ရလဒ်က မင်းတို့ရဲ့ ခန္ဓာကိုယ်ထဲမှာပဲ ရှိတယ်”

“ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ထဲမှာလား”

“မင်းစိတ်ထဲက ဆူညံသံတွေကို ငြိမ်သက်အောင်လုပ်ပါ ၊နှလုံးသားကို တည်ငြိမ်စေပြီး ခန္ဓာကိုယ်ကို နားထောင်ပါ၊ သူ့ရဲ့ လိုအပ်ချက်တွေကို နားလည်အောင်လုပ်ပြီး သဘာဝစည်းချက်အတိုင်း လိုက်ပါပါ၊ ကျင့်ကြံခြင်းဆိုတာ အမှန်တရားကို ပျိုးထောင်ခြင်းဖြစ်တယ်၊ အမှန်တရားဆိုတာ ငါတို့ရဲ့ ပင်ကိုယ်သဘာဝပဲ ၊ လူတစ်ယောက်ရဲ့ သဘာဝနဲ့ ခန္ဓာကိုယ် တစ်သားတည်း ဖြစ်သွားခြင်းဖြစ်တယ်၊ မင်းတို့ဟာ နတ်ဘုရားကျောင်းဆောင်ထဲကို ရောက်နှင့်နေပြီဆိုတာကို နားလည်လိုက်ပါ”

All Chapters