← Chapters

လူသတ်ပြီး စိတ်နှလုံးသားကို ဖျက်ဆီးခြင်း

Vol. 8 Ch. 71

လူသတ်ပြီး စိတ်နှလုံးသားကို ဖျက်ဆီးခြင်း

Vol. 8 Ch. 71

သာမန်အရပ်သားများ၏ အဆင့်နိမ့်သော သားတစ်ယောက်သည် ဤမျှထိ ကောင်းကင်ဘုံကို အာခံနိုင်သော ကံကောင်းခြင်းမျိုး ပိုင်ဆိုင်ထားလိမ့်မည်ဟု မဟာအကြီးအကဲ တွေးထင်မထားခဲ့ချေ။ ထို့ပြင် သူ၏ဘက်မှ ရပ်တည်ပေးရန်အတွက် ဤမျှထိစွမ်းအားကြီးသော ပုဂ္ဂိုလ်တစ်ဦးကို ဖိတ်ခေါ်နိုင်လိမ့်မည်ဟူ၍လည်းကောင်း ဓားပျံဂိုဏ်း၏ မဟာအကြီးအကဲသည် စိတ်ကူးပင် မယဉ်ဖူးခဲ့ချေ။

တစ်ချိန်တည်းမှာပင် ကျုံးချင်၏ အကြည့်သည် မဟာအကြီးအကဲအပေါ်သို့ ကျရောက်သွားသည်။

မဟာအကြီးအကဲသည် ခံစားချက်ကင်းမဲ့သော အကြည့်ကို မြင်တွေ့မိပေ၏။

သူသည် ငုံးငှက်လေးတစ်ကောင်ကဲ့သို့ တုန်ရီသွားပြီး ကြောက်လန့်သွားခဲ့သည်။

သေမင်း၏ခြိမ်းခြောက်မှုအောက်တွင် သူ၏ အသက်ရှင်သန်လိုစိတ်က သူ့အား အသနားခံစေခဲ့သည်။

"စီနီယာ... စီနီယာ... ကျွန်တော့်ကို မသတ်ပါနဲ့ဗျာ"

"ကျွန်တော် မှားမှန်း သိပါပြီ"

"စုယဲ့ရဲ့မိဘတွေ သေသွားတာကို ကျွန်တော်လည်း မလိုလားပါဘူး"

"ပြီးတော့ ဟိုတုန်းကသာ ကျွန်တော် စုယဲ့ကို ခေါ်ထားခဲ့ရင် သူက စီနီယာကြီးလို လူမျိုးရဲ့ တပည့်ဖြစ်ခွင့် ဘယ်ရပါ့မလဲ"

"ပြန်စဉ်းစားကြည့်မယ်ဆိုရင် ကျွန်တော်က သူ့အပေါ် ကျေးဇူးပြုခဲ့တာပါ...."

ကျုံးချင်သည် မဟာအကြီးအကဲ၏မျက်နှာကို ကြည့်ရန်ပင် ရွံရှာသွားပေ၏။

ဤကဲ့သို့လူမျိုး တစ်စက္ကန့် ပို၍အသက်ရှင်နေခြင်းက လေထုကို စော်ကားရာ ရောက်ပေလိမ့်မည်။

သူသည် ချက်ချင်းဆိုသလိုပင် လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်ရာ တစ်ဖက်လူ၏ ဒန်တျန်ကို တိုက်ရိုက်ကြေမွှသွားစေပြီး ကျင့်ကြံဆင့်စွမ်းအားများကို ဖျက်ဆီးလိုက်သည်။

ထို့နောက် သူသည် ထိုလူအား ခွေးသေတစ်ကောင်အလား မြေပြင်ပေါ်သို့ ပစ်ချလိုက်တော့သည်။

"တပည့်... ဒီလူကို မင်း ဆန္ဒရှိတဲ့အတိုင်း စီရင်လိုက်တော့"

"ကျေးဇူးတင်ပါတယ် ဆရာ..."

စုယဲ့သည် ရှေ့သို့လျှောက်လှမ်းလိုက်၏။

သူသည် ဓားပျံဂိုဏ်း မဟာအကြီးအကဲ၏ ရှေ့တည့်တည့်သို့ လျှောက်လှမ်းသွားလိုက်သည်။

သူ၏မျက်လုံးများထဲတွင် ပြင်းထန်သော သတ်ဖြတ်လိုခြင်း အရိပ်အယောင်များ ဖြတ်ပြေးသွားခဲ့သည်။

ဒန်ထျန်း ကြေမွသွားပြီး ကျင့်ကြံဆင့်စွမ်းအားများ ပျက်စီးသွားသည့်တိုင်...

ဓားပျံဂိုဏ်း မဟာအကြီးအကဲသည် အသက်ရှင်လိုစိတ်ကို လက်မလျှော့သေးချေ။

သူသည် လောက်ကောင်တစ်ကောင်ကဲ့သို့ သူ၏ခန္ဓာကိုယ်ကို တွန့်လိမ်ကာ စုယဲ့၏ ခြေထောက်ကို ဖက်တွယ်ပြီး အော်ဟစ်ငိုယိုနေပေ၏။

"စုယဲ့... စုယဲ့... ငါ မှားမှန်း ငါ သိပါပြီ"

"မင်းရဲ့မိဘတွေ သေဆုံးတာက ငါနဲ့ ဘာမှမဆိုင်ပါဘူး"

"မင်း ငါ့ကို သတ်လို့မဖြစ်ဘူး... ပြန်စဉ်းစားကြည့်ရင် ငါက မင်းအပေါ် ကျေးဇူးပြုခဲ့တာပါ"

"ငါသာ မရှိရင် မင်း ဒီလိုစွမ်းအားကြီးတဲ့ ပုဂ္ဂိုလ်ကို ဆရာတင်ခွင့် ရပါ့မလား"

"ငါက မင်းကို ကျေးဇူးပြုခဲ့တာ... ကျေးဇူးပြုခဲ့တာပါ..."

ဤအချိန်တွင် သူ၏ စိတ်အာရုံများ ကစဉ့်ကလျား ဖြစ်နေလေပြီ။

သူသည် အရူးတစ်ယောက်အလား သူက စုယဲ့ကို ကျေးဇူးပြုခဲ့ကြောင်း ထပ်ခါတလဲလဲ ပြောဆိုနေသည်။

သူ၏ဘောင်းဘီအောက်ပိုင်းတွင် စိုစွတ်သော အကွက်တစ်ခု ထွက်ပေါ်လာပြီး သူ အလွန်ကြောက်လန့်သွားသဖြင့် ဆီးထွက်ကျသွားခြင်း ဖြစ်ပေ၏။

သေမင်းနှင့် ရင်ဆိုင်ရချိန်တွင် မည်သူမျှ မတည်ငြိမ်နိုင်ကြဟု ပြောစမှတ်ရှိကြသည်။

သို့သော် သေမင်းကို ဤမျှအထိ ကြောက်ရွံ့ခြင်းမှာ အမှန်တကယ်ကို ရှားပါးလှပေ၏။

ဓားပျံဂိုဏ်း မဟာအကြီးအကဲ၏ မျက်ရည်စက်လက်ဖြင့် အသနားခံမှုများကို ရင်ဆိုင်ရချိန်တွင် စုယဲ့သည် မည်သည့်သနားစိတ်မျှ မထားရှိခဲ့ပေ။

သူ့မိဘများ၏ မျက်နှာနှင့် အသံများသည် သူ၏စိတ်ထဲတွင် မပြတ်တမ်း ပေါ်ထွက်လာသည်။ အကယ်၍ ဓားပျံဂိုဏ်း မဟာအကြီးအကဲသည် ဤမျှထိ ကျေးဇူးကန်းသော လူတစ်ဦးမှန်း အစောပိုင်းကသာ ကြိုသိခဲ့လျှင် သူ၏မိဘများ မည်သည်ကြောင့် သေဆုံးမည်နည်း။

သူ၏သတ်ဖြတ်လိုစိတ် ပို၍ပြင်းထန်လာခဲ့သည်။

"ဝုန်း..."

သူ၏ခြေထောက်ဖြင့် နင်းချလိုက်သည်နှင့် ဓားပျံဂိုဏ်း မဟာအကြီးအကဲ၏ဦးခေါင်း ကြေမွှပျက်စီးသွားတော့သည်။

သူသည် ကန်ချက်တစ်ချက်တည်းဖြင့် နင်းချေပြီး အသတ်ခံလိုက်ရခြင်းပင်။

"အဖေ... အမေ... သား ဒီနေ့ အဖေတို့ အမေတို့အတွက် ကလဲ့စားချေမှုတစ်ဝက်လောက်ကိုလုပ်ဆောင်လိုက်ပါပြီ"

"စိတ်ချပါ အဖေနဲ့အမေ... အဖေနဲ့အမေကို ဒုက္ခပေးခဲ့တဲ့သူတွေကို သား လုံးဝ အလွတ်ပေးမှာ မဟုတ်ပါဘူး"

ဤအရာများအားလုံး လုပ်ဆောင်ပြီးနောက် စုယဲ့သည် အနောက်ဘက်သို့လှည့်ကာ သုံးကြိမ်တိုင်တိုင် "ဒုန်း... ဒုန်း... ဒုန်း..." အသံမြည်သည်အထိ သူ၏ခေါင်းဖြင့် မြေပြင်ကိုတိုက်၍ ကန်တော့လိုက်သည်။

သူ၏ရင်ထဲတွင် ကာလကြာရှည်စွာ ဖိနှိပ်ထားသော အမုန်းတရားများ နောက်ဆုံးတွင် လွတ်မြောက်သွားခဲ့လေပြီ။

ကြီးမားသော အငြိုးအတေးကို လက်တုံ့ပြန်လိုက်သည်နှင့်အမျှ သူ၏ရင်ထဲတွင် ပြောမပြတတ်အောင် ဟာတာတာ ဖြစ်သွားခဲ့သည်။

သူသည် နယ်ပယ်အသစ်တစ်ခုသို့ ချိုးဖောက်ဝင်ရောက်တော့မည့် လက္ခဏာများပင် ပြသလာပေ၏။

ထိုအရာကို မြင်လိုက်ရသဖြင့် ကျုံးချင်က ဓားပျံဂိုဏ်းမှ အဆင့်မြင့်ဂိုဏ်းသားများကို ပြောဆိုလိုက်သည်။

"ငါ့ရဲ့တပည့် အဆင့်တက်တော့မယ်ဆိုတာ မင်းတို့ မမြင်ကြဘူးလား... သူ အဆင့်တက်ဖို့အတွက် စိတ်ဝိညာဉ်စွမ်းအား ကြွယ်ဝတဲ့ လျှို့ဝှက်အခန်းတစ်ခန်းကို မြန်မြန်မပြင်ဆင်ပေးကြသေးဘူးလား"

လူတိုင်း ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။

ဤသည်မှာ လူစကားမှ ဟုတ်ပါလေစ...

သူတို့ဂိုဏ်း၏မဟာအကြီးအကဲကို သူတို့ရှေ့တွင် သတ်ဖြတ်လိုက်ပြီး နောက်ထပ်အချိန်တခဏ၌ သူ၏တပည့် အဆင့်တက်ရန်အတွက် လျှို့ဝှက်ခန်းတစ်ခန်း ပြင်ဆင်ပေးရန် သူတို့ကို စေခိုင်းနေသည်။

ဘာလဲ...

ဤနေရာကို သူ၏အိမ်ဟု ထင်မှတ်နေသလော....

ကျုံးချင်က မျက်ခုံးပင့်လိုက်သည်။

"ဘာလဲ... မင်းတို့မှာ သဘောထားကွဲလွဲတာမျိုး ရှိနေလို့လား"

သူ၏အကြည့်အောက်တွင် လူများအားလုံး တညီတညွတ်တည်း ထိတ်လန့်တုန်လှုပ်သွားကြသည်။

"မရှိဘူး... မရှိပါဘူး... ကျွန်တော် အခုပဲ သွားစီစဉ်ပေးပါ့မယ်"

ဂိုဏ်းချုပ်တုကူးဖုန်း၏မျက်ခုံးများ တွန့်ကွေးသွားပြီး စိတ်မချမ်းမြေ့သကဲ့သို့ ခံစားလိုက်ရသည်။

လူကိုသတ်ပြီး စိတ် နှလုံးသားကို အပြစ်ပေးသည်ဆိုသည်မှာ မည်သည့်အရာဖြစ်သနည်းဟု သူ ယခင်က စဥ်းစားခဲ့ဖူးသည်။ ယခု၌မူ ဤသည်မှာ အမှန်တကယ်ကို လူသတ်ပြီး စိတ်နှလုံးသားကို အပြစ်ပေးခြင်းပင်။

သို့သော် အခြေအနေသည် လူထက် ပို၍အားကောင်းနေပေ၏။

အကြွင်းမဲ့အာဏာ၏ရှေ့မှောက်တွင် သူတို့ထံ၌ မကျေနပ်မှု တစ်ထောင် မလိုလားမှု တစ်သောင်း ရှိနေပါစေ ဤအချိန်တွင် သူတို့တတ်နိုင်သည်မှာ ခေါင်းငုံ့ခံခြင်းသာ ဖြစ်သည်။

"ဒါနဲ့... ငါ တည်းခိုဖို့ နေရာတစ်နေရာလည်း စီစဉ်ပေးပါအုံး"

ကျုံးချင်က ထပ်မံ၍ ပြောဆိုလိုက်သည်။

"မင်းတို့ရဲ့ ဓားပျံဂိုဏ်းက မဟာအကြီးအကဲကို သတ်ဖို့အတွက် ငါက မိုင်ထောင်နဲ့ချီပြီး ခရီးနှင်လာခဲ့ရတာ"

"အခု ငါ ပင်ပန်းနေပြီ... ဒါကြောင့် ဒီမှာ တစ်ညလောက် အနားယူပြီးတော့ ငါ့ရဲ့တပည့် အဆင့်တက်ပြီးမှပဲ ပြန်တော့မယ်"

ထိုစကားကို ကြားချိန်၌ လူများအားလုံး၏ မျက်လုံးများ နီမြန်းလာကြသည်။

သူသည် ဤနေရာကို အမှန်တကယ်ပင် သူ့အိမ်သူ့ယာကဲ့သို့ သဘောထားနေပေ၏။

သို့သော် အခြေအနေသည် လူထက် ပိုအားကောင်းနေသည်။

ထိုကြောင့် တုကူးဖုန်းသည် အံ့ကြိတ်ပြီး သဘောတူလိုက်ရုံသာ ရှိတော့သည်။

ကျုံးချင် မည်သည်ကြောင့် ထိုသို့လုပ်ရသနည်းဟု ဆိုလျှင်...

ပထမအချက်က သူသည် ဓားပျံဂိုဏ်းမှ လူများကို ရွံရှာသောကြောင့်ပင်။

သူတို့သည် အခြားသူများကို ဆက်ဆံသကဲ့သို့ သူတို့ကို ပြန်လည်ဆက်ဆံရန် သူ ဝန်မလေးပေ။

ဒုတိယအချက်မှာ စုယဲ့ အဆင့်တက်ရန်အတွက် စိတ်ဝိညာဉ်စွမ်းအင် ကြွယ်ဝသော နေရာတစ်ခု အမှန်တကယ် လိုအပ်နေသောကြောင့်ပင်။

စုယဲ့ကို ကမ္ဘာငယ်ထဲတွင်ထည့်ပြီး ကျင့်ကြံခိုင်း၍ ရသော်လည်း...

စနစ်မှ ဆုချထားသော ကမ္ဘာငယ်သည် အလွန်အခြေခံကျပြီး အစပျိုးကာလတွင်သာ ရှိသေးသည်။

ထိုအရာတွင် အမျိုးမျိုးသော အံ့ဖွယ်ဂုဏ်သတ္တိများ ရှိသော်လည်း ကမ္ဘာငယ်အတွင်းရှိ စိတ်ဝိညာဉ်စွမ်းအင်ပမာဏသည် စုယဲ့၏အဆင့်တက်ခြင်းကို ပံ့ပိုးပေးရန် မလုံလောက်ချေ။

ယနေ့ညသည် ဓားပျံဂိုဏ်းအတွက် ငြိမ်သက်အေးဆေးသော ညတစ်ည ဖြစ်လာရန် ကံမပါခဲ့ပေ။

ဓားပျံဂိုဏ်းမှ အဆင့်မြင့်ဂိုဏ်းသား အမြောက်အများသည် လျှို့ဝှက်ခန်း၏အပြင်ဘက်တွင် စောင့်ကြပ်ပြီး စုယဲ့ကို ကာကွယ်ပေးနေကြသည်။

ဓားပျံဂိုဏ်း တည်ထောင်ပြီးကတည်းက အဆင့်တက်ရန်အတွက် မည်သူကများ ဤကဲ့သို့ အစီအစဉ်မျိုးဖြင့် ထိုက်တန်ခဲ့ဖူးသနည်း....

ယခုမူ ရန်သူတစ်ဦးက ထိုအခွင့်အရေးကို ရရှိသွားခဲ့သည်။

ထိုမျှသာမကဘဲ ဓားပျံဂိုဏ်း၏ အဆင့်မြင့်ဂိုဏ်းသား တစ်ဦးစီတိုင်းသည် အလွန်ဂရုတစိုက် ရှိနေကြပြီး အနည်းငယ်မျှ အပျင်းမထူရဲကြပေ။

မတော်တဆမှု တစ်ခုခု ဖြစ်ပွားပြီး ထိုမိစ္ဆာကြယ်ပွင့်ကျုံးချင် ရူးသွပ်သွားမည်ကို သူတို့ ကြောက်ရွံ့နေကြသည်။

ဤခံစားချက်က မည်မျှထိ ရူးသွပ်ချင်ဖွယ် ကောင်းသည်ကို ပြောပြရန်ပင် ခက်ခဲလှပေ၏။

...

နောက်တစ်နေ့ နံနက်တွင်.....

ကျုံးချင်သည် ပျင်းရိစွာ အကြောဆန့်လိုက်ပြီး ဂိုဏ်းချုပ်၏အိပ်ဆောင်မှ ထလာခဲ့သည်။

ဤအိပ်စက်မှုက ထူးထူးခြားခြား သက်တောင့်သက်သာ ရှိလှသည်။

စုယဲ့လေးသည် တံခါးအပြင်ဘက်တွင် စောင့်ဆိုင်းနေပြီးဖြစ်သည်။

ယခုချိန်၌ သူသည် ဓားပျံဂိုဏ်း၏ အရင်းအမြစ်များမှ အကူအညီဖြင့် အဆင့်ငယ်တစ်ခုကို အောင်မြင်စွာ ချိုးဖောက်ဝင်ရောက်နိုင်ခဲ့လေပြီ။

သူသည် ချန်ရွှမ်နယ်ပယ် အစောပိုင်းအဆင့်မှ အလယ်အလတ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ပေ၏။ စုယဲ့၏အဆင့်တက်မှုနှင့်အတူ ကျုံးချင်သည်လည်း ကျင့်ကြံခြင်းစွမ်းအားများကို ပြန်လည်ရရှိကာ သဘာဝကျစွာပင် တိုးတက်မှုကြီးကြီးမားမား ရရှိခဲ့သည်။

ထည့်သွင်းပြောဆိုရမည့် အချက်တစ်ချက်မှာ စုယဲ့ အဆင့်တက်ရန် အသုံးပြုခဲ့သော လျှို့ဝှက်ခန်းသည် မူလက ဓားပျံဂိုဏ်း မဟာအကြီးအကဲ ပိုင်ဆိုင်သော အခန်းပင်။

ရန်သူပိုင်ဆိုင်ခဲ့သော အရင်းအမြစ်များကို အသုံးပြုပြီး သူ၏စွမ်းအားကို မြှင့်တင်ရသည့် ခံစားမှုသည် အမှန်တကယ်ကို စိတ်ကြည်နူးစရာ ကောင်းသည်။

ဆရာနှင့်တပည့် တွေ့ဆုံကြချိန်တွင်....

သူတို့၏နောက်၌ ဓားပျံဂိုဏ်းမှ အဆင့်မြင့်ဂိုဏ်းသားတစ်သိုက် လိုက်ပါလာကြသည်။

ဓားပျံဂိုဏ်းချုပ် တုကူးဖုန်းက မကြည်လင်သော မျက်နှာထားဖြင့် ပြောဆိုလိုက်သည်။

"စီနီယာ... ခင်ဗျား လူကို သတ်ပြီးသွားပြီ... ခင်ဗျားတပည့်ရဲ့ ကျင့်ကြံခြင်းလည်း အောင်အောင်မြင်မြင် အဆင့်တက်သွားပြီ... ခင်ဗျားက ကျုပ်ရဲ့ ဓားပျံဂိုဏ်းမှာ တစ်ညအိပ်ချင်တယ်ဆိုလို့ ကျုပ်တို့ စီစဉ်ပေးပြီးပြီ"

"အခု ခင်ဗျား ပြန်လို့ရပြီလား"

သူ၏နဖူးပေါ်တွင် "မကြိုဆိုပါ" ဟူသောစာတန်းကို ရေးထိုးထားသည့်အလားပင်။

သို့သော် ကျုံးချင်က အလျင်မလိုဘဲ ပြောဆိုလိုက်သည်။

"ဘာတွေ လောနေတာလဲ"

"မင်းတို့ရဲ့ ဂုဏ်သရေရှိဂိုဏ်းက မနက်စောစောစီးစီး ဧည့်သည်တွေအတွက် ထမင်းတစ်နပ်တောင် မစီစဉ်ပေးဘူးလား"

ဤလုပ်ရပ်သည် သိပ်မထိခိုက်သော်လည်း အလွန်စော်ကားရာရောက်သည်။

အဆင့်မြင့်ဂိုဏ်းသားများ၏ မျက်လုံးများ နီမြန်းလာကြသည်။

ခင်ဗျား...

ခင်ဗျားက ကိုယ့်ကိုယ်ကိုယ် ဧည့်သည်လို့ ခေါ်ရဲသေးတယ်ပေါ့....

သူတို့တစ်ဦးစီတိုင်း၏စိတ်ထဲတွင် အကန့်အသတ်မဲ့သော ဒေါသများ ရှိနေသော်လည်း အနည်းငယ်မျှ ထုတ်ဖော်ပြသရဲခြင်း မရှိကြပေ။

"လာကြစမ်း... စီနီယာအတွက် အရသာရှိတဲ့ ဟင်းပွဲတွေ ယူလာခဲ့ကြစမ်း"

တုကူးဖုန်းသည် လက်လျော့လိုက်သော အမူအရာဖြင့် မျက်လုံးစုံမှိတ်လိုက်သည်။

သူသည် ဤမိစ္ဆာကြယ်ပွင့်ကို အမြန်ဆုံး နှင်ထုတ်လိုပေ၏။

မကြာမီမှာပင် သေသပ်လှပသော ဟင်းပွဲများ ရောက်ရှိလာသည်။

ကျုံးချင်သည် အလျင်မလိုချေ။ သူသည် မူဖူတောင်တွင် နေသကဲ့သို့ပင် အလျင်မလိုဘဲ မျက်နှာသစ်ပြီးနောက် စုယဲ့ကို ဖြည်းညှင်းစွာ ထိုင်ခိုင်းလိုက်ပြီး ဆရာနှင့်တပည့် သီးသန့် နံနက်စာကို စတင်စားသောက်ကြတော့သည်။

ဓားပျံဂိုဏ်းသားများ၏ စိမ်းဖတ်နေသော မျက်နှာများနှင့် စောင့်ဆိုင်းနေမှုအောက်တွင် သူတို့နှစ်ဦးသည် အချိန်အတော်ကြာ စားသောက်ပြီးနောက် ဗိုက်ပြည့်သွားကြသည်။

ထိုကြောင့် ကျုံးချင် ချက်ချင်းပြန်တော့မည်ဟု သူတို့ တွေးထင်ခဲ့ကြသည်။

နံနက်စာစားပြီးနောက် ကျုံးချင်သည် လက်ဖက်ရည်ဖျော်စပ်သည့် ပစ္စည်းများကို ထုတ်ယူကာ လက်ဖက်ရည်တစ်အိုး ကျိုချက်ပြီး စတင်မြည်းစမ်းနေလိမ့်မည်ဟု မည်သူက သိနိုင်မည်နည်း။

သူ၏ပါးစပ်ထဲမှ အဆီများ ပျောက်ကွယ်သွားပြီး လန်းဆန်းသွားမှသာ သူသည် ဖြည်းညှင်းစွာ မတ်တတ်ရပ်လိုက်ပြီး စုယဲ့နှင့်အတူ အေးအေးဆေးဆေး ထွက်ခွာသွားတော့သည်။

သူတို့နှစ်ယောက်သား အေးအေးလူလူ လမ်းလျှောက်သွားသည်ကို ကြည့်ရင်း...

အကြီးအကဲတစ်ဦးသည် အံ့ကြိတ်လိုက်ကာ သူ၏ပါးစပ်ထောင့်များမှ သွေးများပင် ယိုစီးကျလာသည်။

"လွန်လွန်းတယ်... ဒါက တကယ့်ကို တရားလွန်လွန်းတယ်"

"ဒီလူက ငါတို့ရဲ့ဂိုဏ်းကို ဒီလိုမျိုး အရှက်ခွဲသွားတာ... ငါတို့က ဒီအတိုင်း လွှတ်ထားလိုက်တော့မှာလား"

သူ အရှက်ရသကဲ့သို့ ခံစားနေရသည်။

ဤကဲ့သို့သော နာကြည်းမှုကို မြစ်သုံးစင်း ပင်လယ်လေးစင်းမှ ရေများ အကုန်သွန်ချလိုက်လျှင်ပင် ဆေးကြော၍ စင်မည်မဟုတ်ချေ။

"မဟုတ်ရင်ရော..."

တခြားအကြီးအကဲတစ်ဦး၏ အကြည့်သည် တည်ကြည်လေးနက်နေပေ၏။

"ငါတို့က သူ့ကို မလွှတ်ထားရင် မင်းက ဘာလုပ်ချင်လို့လဲ"

တောင်သခင်တစ်ဦးက ဖျော့တော့တော့အသံဖြင့် ပြောဆိုလိုက်ရာ သူ၏ စကားတစ်ခွန်းတည်းက ယခင်က ဒေါသထွက်နေသော အကြီးအကဲကို တိတ်ဆိတ်ငြိမ်သက်သွားစေခဲ့သည်။

နောက်ဆုံးတွင် သူသည် ရှည်လျားပြီး ဝမ်းနည်းပူဆွေးစွာ သက်ပြင်းချလိုက်၏။ ထို့နောက်သူ၏မျက်ရည်များ ကျဆင်းလာကာ တီးတိုးရေရွတ်လိုက်သည်။

"ငါတို့ရဲ့စွမ်းအားက နိမ့်ကျနေတော့ ငါတို့ ဘာလုပ်နိုင်မှာလဲ..."

ထိုစကားကိုကြားချိန်၌ ဝမ်းနည်းပူဆွေးမှု အာရုံခံစားမှုတစ်ရပ်သည် ပင်မခန်းမဆောင်ထဲတွင် ချက်ချင်းပျံ့နှံ့သွားတော့သည်။

All Chapters