← Chapters

အမိမြေဟိန်းသံ

Vol. 48 Ch. 668

အမိမြေဟိန်းသံ

Vol. 48 Ch. 668

ဝှစ် ဝှစ် ဝှစ်..

မိုးကြိုးတောင်တန်းနောက်၌ မိုးကြိုးတောင်ကြားတွင် လူရိပ်နှစ်ရိပ်က ဇက်ကျိုးလောက်သည့် အရှိန်ဖြင့် တောင်ကြားဒေသကို ဖြတ်ကျော်ပြီး ပျံသန်းနေလေ၏။ သူတို့နှစ်ယောက်က ကောင်းကင်စိတ်အာရုံကို မထုတ်ဖော်ရဲဘဲ အမြင်အာရုံကိုသာ အသုံးပြုလျက် ကျန်းရီကို ရှာဖွေနေသည်။

မိုးကြိုးတောင်တန်းနောက်ရှိ လူသူကင်းမဲ့သော တောင်တန်းက အကြီးမားဆုံး မိုးကြိုးတောင်ကြား ဖြစ်နေပြီး မြို့ပြင်ရှိ မိုးကြိုးတောင်ကြား နှစ်ခုပေါင်းသည်ထက်တောင် ပိုကြီးမားနေတာ ဆိုးလှသည်။ နှစ်ယောက်လုံးက နှစ်နာရီခန့် ဤနေရာတစ်ဝိုက် လှည့်ပတ်နေပြီးနောက် သူတို့ခေါင်းများ မူးဝေလာ၏။ သို့သော် ကျန်းရီကို မရှာနိုင်သေးပေ။

“လူခွဲပြီး ရှာကြရအောင်”

အဖွဲ့မှူးလုံ၏ မျက်လုံးများက အေးစက်စက် အလင်းများ ဖြာထွက်နေ၏။ သူ့ခန္ဓာကိုယ် အပေါ်ယံ၌ ရွှေရောင်အလင်း တောက်ပနေသည့် နတ်ဘုရားဒိုင်းက လွှမ်းခြုံထားက အစိမ်းရောင်တိုက်ပွဲဝင် သံချပ်ကာကို ဝတ်ဆင်ထားလျက် ကြောက်မက်ဖွယ် ကောင်းသည့် အရှိန်အဝါ တည်ရှိမှု ရှိနေသည်။ နှစ်ယောက်ရှိနေလျှင် ပိုဘေးကင်းမှာ သေချာသော်ငြား သူတို့ရှာနိုင်သည့် ဧရိယာက အကန့်အသတ်ရှိသည်။

သူက မြင့်မားသည့်အပူချိန်ကို ချပေးသော လေနတ်ဘုရားဒိုင်းရှိနေသော်ငြား ယင်းက အတွင်းအားပမာဏများစွာ ကုန်ဆုံးစေ၏။ မိုးကြိုးတောင်ကြားထဲ၌ သူ နေ့ဝက်ခန့်သာ နေနိုင်မှာ ဖြစ်သည်။ သူတို့ ဤအတိုင်း ဆက်ရှာနေလျှင် ဘာရလဒ်မှ မထွက်ဘဲ ပြန်လာရလောက်သည်။

ပါ့တောက်က ခေါင်းညိတ်ပြီးနောက် အေးတိအေးစက် သဘောထားဖြင့် အပြာရောင်ပုလင်းကို ဆုပ်ကိုင်လျက် သူ့ခန္ဓာကိုယ်ကို အချိန်အတိုင်းအတာ တစ်ခုအထိ မြင့်မားသော အပူချိန်ကို ခံနိုင်ရည် ရှိအောင် လုပ်လိုက်သည်။ သူ၏ကြမ်းကြုတ်သော မျက်ဝန်းများက အေးစက်စက် အလင်းများ ဖျတ်ခနဲ ပေါ်လာပြီး ဝက်ဝံကဲ့သို့ ခန္ဓာက ဘယ်ဘက်သို့ ပျံထွက်သွားကာ အဖွဲ့မှူးလုံက ညာဘက်သို့ ပျံသန်းသွားသည်။ သူတို့နှစ်ယောက်လုံးက အလွန်မြန်ဆန်ပြီး မိုးကြိုးတောင်ကြားထဲ၌ အတော်လေး ဘေးကင်း၏။ အနားသို့ မိုးကြိုးမီး ချဉ်းကပ်လာခဲ့လျှင် သူတို့ ချက်ချင်း ရှောင်တိမ်းမှာပဲ ဖြစ်သည်။

ပါ့တောက်က ပတ်ဝန်းကျင်ကို စစ်ဆေးရန် ဓားသွားကဲ့သို့ မျက်ဝန်းများရှိပြီး ပုန်းခိုနေနိုင်သည့် နေရာများအားလုံးကို ရှာဖွေခဲ့၏။ သူက ဝေဟင်ထဲ မြင့်မြင့်ပျံသန်းပြီး အနီးအနားဧရိယာကိုလည်း ရှာဖွေခဲ့သည်။

တစ်နာရီခန့် ကြာပြီးနောက် ရှေ့တွင် ကျောက်တုံးအုပ် ရှိနေ၏။ ပတ်ဝန်းကျင်၌ ကျောက်တောင်ထွတ်များ ပြည့်နေကာ တစ်ချက်ကြည့်ရုံဖြင့် နယ်စပ်ကိုတောင် မမြင်နိုင်ပေ။ သူက တွေဝေနေ၏။ ကျောက်တောင်ထွတ်က အလွန်ပူပြင်းသောကြောင့် ဤနေရာတွင် မိုးကြိုးမီး ရှိရပေမည်။

“သွားကြမယ်”

ခဏတာ တွေဝေနေပြီးနောက် သူက ဆင်းသက်ကာ ကျောက်တောင်ထွတ်၏ တောအုပ်ထဲသို့ ဝင်လိုက်သည်။ အထဲသို့ ဝင်လိုက်သည်နှင့် သူက အနက်ရောင်အရိပ်ကို မြင်လိုက်ရသောအခါ သူ၏မျက်လုံးက ရောင်ခြည်များ ဖျတ်ခနဲ ပေါ်လာလေ၏။

“တစ်ကိုယ်တော် ဝံပုလွေ”

တစ်ချက် ကြည့်ရုံဖြင့် ကျန်းရီဆိုတာ စစ်ဆေးရန် သူ့အတွက် လုံလောက်နေပြီဖြစ်သည်။ ကျန်းရီက အနီရောင်တိုက်ပွဲ သံချပ်ကာတစ်စုံကို ဝတ်ဆင်ထားပုံပေါ်ပြီး သူ၏ ခေါင်းကလည်း ခေါင်းဆောင်းပါနေ၏။ သို့သော် ပါ့တောက်က ကျန်းရီကို စစ်ဆေးရန်အတွက် ကောင်းကင်စိတ်အာရုံကို အသုံးပြုခဲ့ဖူးသည်။ သူက ကျန်းရီ၏ စိတ်ဝိညာဉ်အရှိန်အဝါ တည်ရှိမှုကို မှတ်သားထားပြီးနောက် တစ်ချက်ကြည့်ရုံဖြင့် ချက်ချင်း ဆုံးဖြတ်လိုက်သည်။

ဝှစ်..

သူ့ခန္ဓာကိုယ်သည် ကြမ်းကြုတ်သော နဂါးတစ်ကောင် ဖြစ်သွားလျက် သူ့မျက်လုံးများက ကြယ်များသဖွယ် တောက်ပနေကာ ကျန်းရီ၏ တိုက်ပွဲဝင် သံချပ်ကာကို ကြည့်နေလေ၏။

သူ၏ လည်ပင်းက တောရိုင်းတိရိစ္ဆာန်တစ်ကောင်၏ ဟိန်းသံသဲ့သဲ့မျိုး ပေါ်ထွက်လာသည်။

“အတုအယောင် နတ်ဘုရားအသုံးအဆောင်လား တကယ်အတုအယောင် နတ်ဘုရား အသုံးအဆောင်လား ဒီအရှိန်အဝါ တည်ရှိမှုက အတုအယောင်နတ်ဘုရားအသုံးအဆောင် ပိုင်တာပဲ ဖြစ်ရမယ်”

ပါ့တောက်၏တစ်ကိုယ်လုံး တုန်ယင်နေ၏။ အတုအယောင် နတ်ဘုရားလက်နက်များက ရှားပါးလွန်းပြီး အဖွဲ့မှူးတွင်တောင် မရှိပေ။ ယင်းက တန်ဖိုးဖြတ်မရနိုင်သော ခုခံခြင်း အမျိုးအစား အတုအယောင် နတ်ဘုရားအသုံးအဆောင်တောင် ဖြစ်နေသည်။ ထိုအတုအယောင် နတ်ဘုရားအသုံးအဆောင်ကြောင့် ကျန်းရီသည် မိုးကြိုးတောင်ကြားထဲသို့ သာမန်နယ်မြေပမာ ဝင်ထွက်သွားလာနိုင်တာပဲ ဖြစ်ရမည်။

“သတ် သတ် သတ်”

သူက အော်ဟစ်လိုက်ပြီးနောက် ခန္ဓာကိုယ်က အရှိန်အဝါ တည်ရှိမှု ပေါ်ထွက်လာ၏။ အရှိန် ထပ်တိုးလိုက်ပြီးနောက် ကျန်းရီနောက် လျင်မြန်စွာ လိုက်တော့သည်။

“ဘုရားရေ.. ပါ့တောက်က ဒီလောက်မြင့်မားတဲ့ အပူချိန်ကို တကယ်ကြီး ခံနိုင်ရည် ရှိတယ်လား အဖွဲ့မှူး ဆယ်ယောက်ကို လျှော့တွက်လို့ မရဘူးပဲ”

ကျန်းရီက ရှေ့သို့ သွေးရူးသွေးတန်း ပြေးတော့သည်။ နောက်တစ်ချက် ကြည့်ပြီးနောက် ပါ့တောက်က သူနှင့် ဆယ့်နှစ်မိုင်အကွာသို့ ရောက်နေပြီဖြစ်ကြောင်း မြင်လိုက်ရသည်။ ပါ့တောက်၏ အစွမ်းထက်သော အရှိန်အဝါ တည်ရှိမှုသည် ဧရာမလွင်ပြင်သားရဲပမာ ဖြစ်နေသည်ဟု ခံစားလိုက်ရပြီး သူ၏ ကြွက်သားများနှင့် စိတ်ဝိညာဉ်တို့ကို ချက်ချင်း တောင့်တင်းသွားစေ၏။

ကျန်းရီသည် မိုးကြိုးတောင်ကြားထဲသို့ ဝင်ပြီးနောက် ကြိုတင်သတိထားသည့် အနေဖြင့် မိုးကြိုးတောင်ကြား၏ ပြင်ပနား၌ မနေရဲချေ။ သူက မိုးကြိုးတောင်ကြားအတွင်း ခပ်နက်နက်သို့ ဝင်ခဲ့၏။ သို့မှသာ ပါ့တောက်နှင့် အဖွဲ့မှူးလုံတို့ မလိုက်နိုင်မှာပဲ ဖြစ်သည်။ မိုးကြိုးတောင်ကြား၏ အတွင်းပိုင်းဆီသို့ ဝင်ရောက်ပြီးနောက် ပါ့တောက် သူ့နောက်သို့ လိုက်မီလိမ့်မည်ဟု သူ မထင်ထားပေ။

“ဂျီး..”

နောက်ကနေ လေခွင်းသည့် အသံတစ်သံ ပေါ်ထွက်လာ၏။ ကျန်းရီက နောက်လှည့်ကြည့်လိုက်သည့် အချိန်တွင် သူ့မျက်လုံးများ ချက်ချင်း ကျုံ့သွားသည်။ ပါ့တောက်သည် မိုင်တစ်ဒါဇင်အကွာက‌နေ လှမ်းတိုက်ခိုက်နေတာ ဖြစ်၏။ သူက လေဟာနယ်နယ်မြေ၏ အလွှာများကို တုန်ယင်သွားစေသည့် လက်သီးကို ဖော်ဆောင်လျက် ယင်းက လေကို ခွင်းသွားကာ ပြန်ထွက်လာတော့သည်။ အရှိန်က မြန်ဆန်လွန်း၏။ ကျန်းရီမရှောင်နိုင်ခင် လက်သီးက သူ့ကို ထိသွားပြီဖြစ်သည်။

ဘန်း..

ကျန်းရီ၏ ခန္ဓာကိုယ်က သဲအိတ်တစ်အိတ်ပမာ လွင့်ထွက်သွားပြီး ကျောက်တောင်ထွတ်နှင့် ရိုက်မိသွားကာ တောင်ထွတ်၏အလယ်ကို ချေဖျက်သွားသည်။ ကြောက်မက်ဖွယ်ရာ အငွေ့အသက် ဖိအားသည် ပတ်ဝန်းကျင်ရှိ ကျောက်တောင်ထွတ်များကို ပြိုလဲသွားစေကာ ကျောက်စကျောက်နများ ပြိုကျလာစေ၏။ ပျက်စီးသံများက အဆုံးမရှိ ပဲ့တင်သံ ထွက်နေတော့သည်။

“ဖူး..”

ကျန်းရီ၏ ခန္ဓာကိုယ်က ရှေ့သို့ ပျံနေသေးဆဲ ဖြစ်ကာ သူက ပါးစပ်အပြည့် လတ်လတ်ဆတ်ဆတ် သွေးတစ်ပွက်အန်လိုက်ကာ သူ၏အမူအရာကမူ တည်ငြိမ်နေလေ၏။ သူ မတည်ငြိမ်လျှင် ဤနေရာမှ ကွယ်ပျောက်သွားမည်မှန်း ရှင်းရှင်းလင်းလင်း သိနေ၏။ အဖွဲ့မှူးဆယ်ဦး၏ အင်အားက ဖြုံလောက်သော်ငြား သူတို့ကြားထဲတွင် ဆယ်မိုင်ကျော်အကွာအဝေး ရှိနေသေးသည်။ ကျန်းရီက ပါ့တောက်ကို သူ့နားကပ်ခွင့် ပေးခဲ့လျှင် သူ အသက်ရှင်ရန် အခွင့်အရေး ရှိပါအုံးမည်လော။

အန္တရာယ်များလေ ကျန်းရီက ပိုတည်ငြိမ်လာလေ ဖြစ်သည်။

သူ၏ မျက်ဝန်းများက လှုပ်ရှားသွားလျက် အတွေးများကို မြန်မြန်ဆန်ဆန် တွေးလိုက်၏။ သူ့အရှိန်က ပါ့တောက်ထက် နှေးသည်။ သူက စတိုက်ခိုက်လျှင် (ဖုန်းလျန်)၊ ကျန်းရှောင်နုနှင့် ကျန်သည့်သူများကို လွတ်ပေးလျှင်တောင် သေနိုင်၏။ ရွေးချယ်စရာမရှိဘဲ ထွက်ပြေးကာ အနားရှိ မိုးကြိုးမီးကို ရှာဖွေရမည်။ သူက ပါ့တောက်ကို ရင်ဆိုင်တိုက်ခိုက်နိုင်ရန်အတွက် မိုးကြိုးမီး၏ မြင့်မားသော အပူချိန်ကို အားထားရမည်။ ကျန်းရီက မိုးကြိုးမီးဆီ သွားပြီး ပါ့တောက်က သူ့နောက် လိုက်ရဲသေးလျှင် ကျန်းရီက ရွေးချယ်စရာ မရှိတော့ဘဲ တိုက်ခိုက်ဖို့ သူ့အသက်စွန့်စားရမှာပဲ ဖြစ်သည်။

ဝှစ်..

အတွင်းဒဏ်ရာကို စိတ်ထဲ မထားတော့ဘဲ မိုးနှင့်မြေတစ်သားတည်း အခြေအနေသို့ ဝင်ရောက်ကာ သူ၏ခန္ဓာကိုယ်က လေပြင်းနှယ် ရွေ့လျားတော့၏။

ချီး ချီး..

သူ့နောက်ရှိ လေဟာနယ်အပိုင်းအခြားက အတက်အကျ ဖြစ်လာပြီး ပါ့တောက်က နောက်ထပ် တိုက်ခိုက်တော့၏။ ယခုအခေါက်တွင်မူ ကျန်းရီက ပြင်ဆင်ထားသည်။ လေဟာနယ် အပိုင်းအခြား ကြိမ်နှုန်း၏ အဆင့်မြင့် အကဲဖြတ်မှုအရ သူက ချက်ချင်းပင် နေရာရွေ့ပြောင်းလိုက်၏။

ဖုန်း ဖုန်း ဖုန်း..

ပါ့တောက်၏ လက်သီးအရိပ်က လေကို ခွင်းလျက် တောင်ထွတ်များကို ဖုန်များဖြစ်သွားစေ၏။ သို့သော် ကျန်းရီကမူ အချိန်တိုင်း၌ နေရာရွေ့ပြောင်းပြီး တိုက်ကွက်များကို ရှောင်နိုင်၏။ သူက ပထမဆုံးတိုက်ကွက်ကို ဂရုမစိုက်ခဲ့မိပေ။ ယခုသူက မိုးနှင့်မြေ တစ်သားတည်း အခြေအနေထဲတွင် ရှိနေသောကြောင့် ထိုသို့သော တာဝေးတိုက်ကွက်က သူ့ထံ ရောက်လာဖို့ မဖြစ်နိုင်ပေ။

ဖုန်း ဖုန်း ဖုန်း..

ဘီး ဘီး ဘီး..

ပါ့တောက် တိုက်ခိုက်ချိန်တိုင်းတွင် ကျန်းရီက ရှောင်တိမ်း၏။ သူတို့နှစ်ယောက်ကြား အကွာအဝေးက ပိုမိုနီးကပ်လာလေရာ ကျန်းရီက ရင်ထဲတွင် စောဒဂတက်နေလေ၏။ သူ့စိတ်ထဲ၌ ပုံရိပ်များစွာ ဖျတ်ခနဲ ပေါ်လာပြီး ပတ်ဝန်းကျင်ကို စစ်ဆေးကာ မိုးကြိုးမီးကို ရှာဖွေနေလေ၏။

“ဟိုမှာ..”

ပါ့တောက်က ထပ်မံတိုက်ခိုက်ရာ နောက်ထပ် ကျောက်တောင်ထွတ်ကို ထိသွားသည်။ ကျန်းရီ၏ ခန္ဓာကိုယ်က ရုတ်တရက် တုန်လှုပ်သွားပြီး ရှေ့၌ လှည့်လည်သွားလာနေသော မိုးကြိုးမီးခုနှစ်တုံး ရှစ်တုံးခန့်ကို တွေ့လိုက်ရသည်။

“သွားကြမယ်..”

ကျန်းရီက ပါ့တောက်၏ တိုက်ကွက်များကို ခြေရာခံရန် အကောင်းဆုံး ကြိုးစားနေပြီး မိုးကြိုးမီးနား ချဉ်းကပ်သွား၏။ သူ၏ အသက်ရှင်သန်နိုင်မှုက မိုးကြိုးမီးနား ချဉ်းကပ်နိုင်မည်လား ဆိုတာအပေါ် မူတည်နေသည်။

“သေစမ်း အဲကောင်က အပူချိန်မြင့်တာကို ကြောက်တောင် မကြောက်ဘူးလား ဒီကောင်က ငါ့တိုက်ကွက်တွေကို အကြိမ်တိုင်း ရှောင်တိမ်းနိုင်ဖို့ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ငါ့ရဲ့တိုက်ကွက်က ရောက်တဲ့အချိန် သူက နေရာ ရွေ့ပြောင်းပြီးနေပြီ”

ပါ့တောက်ကလည်း မကျေမချမ်း ဖြစ်‌နေ၏။ ကျောက်တောင်ထွတ်နှင့် တောအုပ်ထဲရှိ မူမမှန်သော အပူချိန်ကို ခံစားမိသည့် အချိန်၌ ဤနေရာ၌ မိုးကြိုးမီးရှိမည်မှန်း သူ သိလိုက်သည်။ ကျန်းရီကို ချက်ချင်း သတ်ဖြတ်နိုင်မည်ဟု ထင်ခဲ့တာပဲ ဖြစ်သည်။ သို့သော် ပထမဆုံး တိုက်ကွက်မှအပ ကျန်းရီသည် သူ့တိုက်ခိုက်မှုများကို ရှောင်တိမ်းခဲ့၏။

သူတို့က မိုးကြိုးမီးနား ချဉ်းကပ်လာသည်နှင့် ပါ့တောက်က အပူဒဏ်ကို အနည်းငယ်တောင် မခံနိုင်တော့ပေ။ သူ့တွင် အပူချိန်ကို လျော့ချပေးသည့် ရေနဂါးပုလဲ ရှိနေပြီး အတွင်းအားကလည်း လုံလောက်သည်။ သို့သော် အပူချိန်က မြင့်လွန်းနေ၏။ သူ၏အတွင်းအားကလည်း ရေကဲ့သို့ပင် အငွေ့ပျံသွားပြီး ဆက်လိုက်နေမည် ဆိုပါက နတ်ဘုရားဒိုင်းက ပြိုလဲသွားနိုင်၏။ ဤနေရာတွင် မြှုပ်ရန်မြေမရှိဘဲ သေသွားမှာပဲ ဖြစ်သည်။

“တစ်ဟုန်ထိုး ဝင်ရောက်ခြင်း..”

သူက အံကြိတ်လျက် သူ့လက်နှစ်ဖက်ဖြင့် သင်္ကေတတစ်ခုကို ဖွဲ့တည်လိုက်သည်။ သူ့လက်က အဝါရောင်အတွင်းအားများ ပေါ်ထွက်လာပြီးနောက် လက်သီးနှစ်ဖက်ဖြင့် ထိုးချလိုက်တော့သည်။

ဖုန်း.. ဖုန်း ဖုန်း..

လက်သီးနှစ်ဖက် ထိုးချလိုက်သည်နှင့် လေဟာနယ်အပိုင်းအခြားထဲတွင် အက်ကွဲရာများ ပြည့်သွားပြီး အသံများ ထွက်ပေါ်လာ၏။ လက်သီးနှစ်ဖက်က မြေပြင်၏ မျက်နှာပြင်နှင့် ဆုံတွေ့မိသည့် အချိန်၌ ထိတ်လန့်ဖွယ် ဖိအားကို ပေးနေတော့သည်။ မြေပြင်၏ မျက်နှာပြင်တစ်ခုလုံးက လှုပ်ခါသွားပြီး ရေဂယက်များက အရပ်မျက်နှာအနှံ့ ပေါ်ထွက်လာ၏။ ပတ်ဝန်းကျင်ရှိ ကျောက်တောင်ထွတ်များ ပြိုလဲသွားကာ မြေပြင်မျက်နှာပြင်ကလည်း ပြိုကွဲသွားပြီး ကောင်းကင်တွင် ကျောက်စကျောက်နများ လွင့်စင်သွားကာ မီးခိုးများ တထောင်းထောင်း ထလျက် နေရာတစ်ခုလုံး လွှမ်းသွားတော့သည်။ လှိုင်းဂယက် ရောက်သွားသည့် နေရာတိုင်း၌ လေဟာနယ် အပိုင်းအခြားက တုန်ယင်နေပေ၏။ မည်သူမျှ လေထဲတွင် ရပ်တောင် မရပ်နိုင်ရာ ပျံသန်းဖို့ဆိုလျှင် ပြောနေရန် မလိုတော့ချေ။

“ဒါက ဘာတာအိုပုံစံတိုက်ကွက်လဲ အမိမြေဟိန်းသံလား”

ကျန်းရီက ကြောက်လန့်မှုကြောင့် ဖြူရော်သွားပြီး ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့ကာ ပြုတ်ကျသွားတော့၏။ သူ၏ခန္ဓာကိုယ်သည် ကျောက်တောင်များနှင့် မရေမတွက်နိုင်အောင် ရိုက်မိ၏။ မီးဝိညာဉ်သံချပ်ကာကြောင့်သာ မဟုတ်လျှင် သူ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရနေလောက်သည်။

“ပါ့တောက် လာနေပြီ”

ကျန်းရီက ယင်းသည် မည်ကဲ့သို့ တာအိုပုံစံဆိုတာ စဉ်းစားရန် အချိန်မရခဲ့ပေ။ ပါ့တောက် က ပုံရိပ်ယောင်အသွင် ပြောင်းလဲပြီး လိုက်လာ၏။ ကျန်းရီက မလွတ်မြောက်သေးလျှင် ပါ့တောက်၏ နောက်ထပ် တိုက်ကွက်က သူ့ကို သေစေလိမ့်မည်။ ပြဿနာက သူက လေထဲတွင် ရပ်တောင် မရပ်နိုင်လေရာ မည်ကဲ့သို့ ပျံသန်းပြီး ထွက်ပြေးရမည်နည်း။

***

All Chapters