← Chapters

ပူးပေါင်းတိုက်ခိုက်ခြင်း

Vol. 43 Ch. 521

ပူးပေါင်းတိုက်ခိုက်ခြင်း

Vol. 43 Ch. 521

"ဒီလိုပါ အကိုကြီး လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက မေ ာင်နှမတွေနဲ့အတူ ကျွန်တော်က အရမ်းပျော်ဖို့ကော င်းတဲ့ အချိန်တွေကို ဖြတ်သန်းခဲ့ရပါတယ်.. ဒါပေမဲ့ ကျွန်တော်တို့ အရွယ်ရောက်လာတာနဲ့အမျှ အရာရာ တိုင်းဟာ တဖြည်းဖြည်းချင်း ပြောင်းလဲလာခဲ့တယ် .."

" ကျွန်တော်တို့ အချင်းချင်း အစားတစ်လုပ် အတွ က်ရော..အဆင့်အတန်းအတွက်ပါ အမြဲလိုလို ရန်ဖြ စ်လာကြပြီး တစ်ခါတလေဆိုရင် အရမ်းပြင်းထန် တဲ့အထိ တိုက်ခိုက်မိကြတယ်..ကျွန်တော်က အနိုင် ကျင့်ခံရတာကို မခံနိုင်လို့ ပြန်လည်ခုခံတွန်းလှန်ခဲ့ ပေမဲ့ ရလဒ်ကတော့ တစ်ကိုယ်လုံးမှာ ဒဏ်ရာအနာ တရတွေနဲ့ အညိုအမည်းတွေပဲ ရခဲ့ပါတယ်.."

"နောက်ဆုံးမှာတော့ ကျွန်တော့်ရဲ့ ခွန့်အားက တစ်ဖ က်ရန်သူထက် နည်းနည်းလေး လျော့နည်းသွားတဲ့ အတွက် အုပ်စုခေါင်းဆောင်က ကျွန်တော့်ကို အုပ် စုထဲကနေ မောင်းထုတ်လိုက်ပါတယ်.. ရိုးရိုးသားသ ားပြောရရင် ကျွန်တော်ကိုယ် တိုင်လည်း အုပ်စုရဲ့ ခေါင်းဆောင်ဖြစ်ချင်ခဲ့တာပါ..ဒါပေမဲ့ သူ့ကို ကျွန် တော် မကျော်ဖြတ်နိုင်ခဲ့ဘူး.အကိုကြီးရာ.."

နဂါးနက်၏ စကားတွေကို နားထောင်ပြီးနောက်တွင် မူ လိပ်ကြီးက အခြေအနေအား အကြမ်းဖျင်း နားလ ည် နားလည်လာခဲ့သည်။အမှန်တကယ်တော့ နဂါးန က်က အုပ်စုခေါင်းဆောင်နေရာအတွက် တိုက်ပွဲဝင် ရင်း ရှုံးနိမ့်ကာ နယ်နှင်ဒဏ်ပေးခံခဲ့ရတာ ဖြစ်ပေလိ မ့်မည်။

နဂါးနက်က ဝမ်းနည်းစွာ ဆက်ပြောလိုက်၏။

​"အကိုကြီး.. ကျွန်တော်တို့ အတူတူပြန်သွားပြီး အဲဒီ ခေါင်းဆောင်ကို အနိုင်ယူဖို့ ကူညီပေးပါဦး.. ကျွန် တော် ကျွန်တော်တို့အုပ်စုရဲ့ ခေါင်းဆောင် ဖြစ်ချင် တယ်ဗျာ.."

​လိပ်ကြီးက ဒေါသတကြီး ပြန်ဖြေလိုက်သည်။

"ဟမ့် အခု ငါက မင်းရဲ့အကိုကြီးဖြစ်နေပြီပဲ..ငါ့ညီ ကိုတောင် အနိုင်ကျင့်ရဲတာပဲ.. ကဲ..မင်း ရှေ့ကလမ်း ပြ.. ငါတို့ သွားပြီး ကြိုးစားကြည့်ကြတာပေါ့.."

ရုတ်တရက် နဂါးနက်ကြီးက ဝမ်းသာသွားပြီး ရှေ့က နေ ဦးဆောင်ကာ ရေမြောင်းကြီးရဲ့ အနက်ဆုံး နေ ရာဆီကို ရေကူးဆင်းလာခဲ့၏။မီတာ ၇,၀၀၀ ကျော် အနက် ရောက်သည့်အခါမှာတော့ မြောင်းကြီးရဲ့ အောက်ခြေဖြစ်နေသည်ကို လိပ်ကြီး တွေ့လိုက်ရသ ည်။လိပ်ကြီးအတွက် အံ့အားသင့်စရာကောင်းသည် မှာ ထိုအောက်ခြေ၌ ကြီးမားသည့် အဝိုင်းပေါက်ကြီ းတစ်ပေါက် တကယ်ရှိနေတာပင်။

၎င်းအပေါက်သည် အောက်ဘက်သို့ ဒေါင်လိုက်ရှိ နေပြီး အာကာသယာဉ်ပျက်ကြီးနှင့် သိပ်မဝေးသည့် နေရာက အဝိုင်းတွင်းကြီးတွေနှင့်အတိအကျ တူညီ နေ၏။

​

လိပ်ကြီးရော လျူယောင်ပါ အတော်လေး အံ့သြခဲ့ရ သည်။ဤကဲ့သို့ နေရာမျိုးမှာ အဝိုင်းတွင်းပေါက်ကြီ း တစ်ခု ရှိနေလိမ့်မည်ဟု လျူယောင် တစ်ခါမှ မ မျှော်လင့်ထားခဲ့ပေ။လျူယောင်က ဒီအဝိုင်းတွင်းကို သေချာကြည့်လိုက်သည့်အခါ အချင်း ၁ ကီလိုမီတာ လောက်ရှိပြီး အောက်ဘက်သို့ ဒေါင်လိုက် ဖြောင့် ဖြောင့်တန်းတန်း ရှိနေ၏။

၎င်းသည် သူ အရင်ကတွေ့ခဲ့သည့် အဝိုင်းပုံစံတွင်း ကြီးနှင့် ပုံစံချင်း အတိအကျတူနေကာ စံနှုန်းလည်း ညီနေသည်အား လျူယောင် တွေ့လိုက်ရ၏။ဤသ ည်မှာ အရင်တုန်းက သူ တွေ့ခဲ့ရသည့် တွင်းပေါက် ကြီးတွေနှင့် တစ်နည်းနည်း ဆက်နွှယ်နေလိမ့်မည်ဟု လျူယောင် စိတ်ထဲကနေ တွေးလိုက်မိသည်။

​လျူယောင်သည် တတိယအမြင်အာရုံကနေတဆင့် လိပ်ကြီးနှင့် နဂါးနက်တို့ ထိုအဝိုင်းပေါက်ကြီးထဲသို့ ပိုနက်သည့်နေရာထိ ဆင်းသွားသည်အား မြင်နေရ ၏။မီတာ တစ်ထောင်လောက် ထပ်ဆင်းသွားပြီးသ ည့် နောက်တွင်မူ ထိုတွင်းပေါက်၏ အောက်ခြေ၌ အလင်းရောင်တချို့အား စတင်တွေ့ရှိလိုက်ရသည်။

နဂါးနက်သည် လိပ်ကြီးအား ထိုအလင်းရောင် အ လွှာကို ဖြတ်ကျော်ပြီး ခေါ်သွားသည့်အခါမှာတော့ အောက်ဘက်၌ အတိုင်းအတာမရှိပဲ ကျယ်ဝန်းလှ သည့် နေရာလွတ်ကြီးတစ်ခု ရှိနေသည်အား လျူ ယောင် တွေ့လိုက်ရ၏။

ဘယ်လောက်တောင် ကျယ်လဲဆိုလျှင် အဆုံးမရှိသ လောက်ပင်။

​

ဤသည်မှာ တကယ်ကို ကမ္ဘာသစ်တစ်ခုလို လျူ ယောင် ခံစားနေရသည်။ထိုမြင်ကွင်းသည် သူကြည့် ဖူးသည် 'Journey to the Center of the Earth' (ကမ္ဘာ့ဗဟိုဆီသို့ ခရီးစဉ်) ဆိုသည့် ရုပ်ရှင်ကားလေး ကို လျူယောင် သတိရ​မိလိုက်၏။ လျူယောင် စိတ် ထဲမှ အံ့သြစွာ တွေးလိုက်မိသည်။

"ဘုရားရေ..ဒီလောက်ကြီးမားတဲ့ မြေအောက်ကမ္ဘာ ကြီးဟာ အဆုံးမရှိသလောက်ပဲ..ဒါကို ငါ့မျက်စိနဲ့ ကိုယ်တိုင် မမြင်ခဲ့ရင် ဘယ်သူက ယုံနိုင်မှာလဲ.."

​ပထမဆုံးအနေဖြင့် ထိုနေရာတွင် အဆုံးမရှိကျယ် ပြန့်သည့် ပင်လယ်ကြီးတစ်ခုရှိနေကာ ထို ပင်လယ် ထဲတွင်မူ အလွန်ကြီးမားသည့် သတ္တဝါမျိုးစုံ ရှိနေ သည်။အကုန်လုံးမှာ အရမ်းထူးဆန်းသည့် ငါးတွေ ဖြစ်နေကာ လျူယောင် တစ်ခါမှ မကြားဖူး မမြင်ဖူး သည့် အကောင်တွေချည်းပင်။

ဤကဲ့သို့ကျယ်ပြောလှသည့် ပင်လယ်ကြီးအပြင် ကု န်းမြေအပိုင်းကြီးတစ်ခုလည်း ရှိနေသေး၏။ထို ကုန် းမြေပေါ်မှာတော့ နဂါးနက်နှင့် မျိုးနွယ်တူ သတ္တဝါ တွေ ရှိနေကြသည်။သူတို့အများစုသည် နဂါးနက် ထက် သေးငယ်ကြသော်လည်း တချို့အကောင် တွေကမူ နဂါးနက်ထက်တောင် ပိုကြီးသည့် အကေ ာင်တွေလည်း ရှိ၏။

​

အထူးသဖြင့် ထိုအုပ်စုထဲ၌ နဂါးနက်ထက် သိသိ သာသာ ပိုကြီးသည့် သတ္တဝါကြီးတစ်ကောင် ရှိနေ ကာ ထိုအကောင်မှာ ခေါင်းဆောင်ဖြစ်ပုံရသည်။ အခြားအကောင်တွေကမူ ထိုဧရာမသတ္တဝါကြီးအာ း ဗဟိုပြု၍ ခေါင်းငုံ့ကာ အရိုအသေပေးနေကြ၏။

လိပ်ကြီးနှင့်နဂါးနက်တို့သည် ပင်လယ်ထဲကနေ ကူး​ ခတ်ဖြတ်ကျော်လာကာ ထိုကုန်းမြေကို ရောက်ဖို့ အ တွက် မိုင်ပေါင်းများစွာ ထပ်ကူးလာခဲ့ရသည်။

​ပင်လယ်ရေ​အောက်ထဲကနေ လိပ်ကြီး ခေါင်းဖော် ကြည့်လိုက်သည့်အခါ ကုန်းမြေပေါ်က အခြေအနေ တွေကို မြင်လိုက်ရ၏။ထိုနေရာသည် မှောင်မိုက် နေ တာမျိုး မဟုတ်ဘဲ အလင်းရောင် အသင့်အတင့် ရှိ နေသည်။အဝေးနေရာမှ ပင်လယ်ပြင်ထဲတွင် ရှိနေ သည့် မီးတောင်တစ်ခုကနေ ချော်ရည်တွေ စီးဆင်း နေသောကြောင့် အနီရောင်တောက်တောက် အလင်း ရောင်မှာမူ ထိုနေရာတစ်ခုလုံးအား လင်းထိန်စေတာ ပင် ဖြစ်၏။

​လိပ်ကြီးက အလျင်စလို မဆုံးဖြတ်ဘဲ အဝေးကနေ အကဲခတ်ရင်း သူ့စိတ်ထဲကနေ အနိုင်ရနိုင်ခြေကို တွ က်ချက်ကြည့်လိုက်သည်။လွန်ခဲ့သည့် လက သူသ ည် တန်ချိန် ၁,၃၀၀ ကျော် အလေးချိန်ပဲ ရှိ၏။ထိုအ ချိန်တုန်းက သူသည် နဂါးနက်နှင့် ခက်ခက်ခဲခဲ တို က်ခိုက်ခဲ့ရသလို နည်းဗျူဟာတွေ သုံးပြီး နောက်ဆုံ းမှသာ နဂါးနက်အား အနိုင်ရခဲ့သည်။

သိုပေမဲ့ ယခုမူ လိပ်ကြီး၏ တန်ချိန်မှာ တန်ချိန် ၁,၇ ၀၀ ကျော် ရှိနေကာ အရင်ကထက် တန်ချိန် ၄၀၀ လောက် ပိုများလာခဲ့၏။ခန္ဓာကိုယ်အရွယ်အစားလ ည်း အများကြီး ကြီးလာသလို စွမ်းရည်တွေကလည် း ယခင်ကထက် အများကြီး တိုးတက်လာခဲ့သည်။

​အခုအချိန်မှာသာ နဂါးနက်နှင့် သူ တိုက်ခိုက်မယ်ဆို လျှင် အနိုင်ရနိုင်ခြေမှာ အနည်းဆုံး ၅၀ % လောက် ရှိနေ၏။သို့ပေမဲ့ အဝေးက အဲဒီကောင်ကြီးနဲ့ ယှဉ် တိုက်ရင်တော့ အပြည့်အဝ အနိုင်ရမယ်ဆိုသည်အာ း လိပ်ကြီးလည်း သေချာ မသိပေ။အသေအချာ ချိ န်ဆပြီးနောက်မှာတော့ လိပ်ကြီးက ပြောလိုက်၏။

"ငါတို့ ဒီနေရာကို ရောက်နေပြီဆိုတော့ ကြိုးစားကြ ည့်ရအောင်..အခြေအနေကောင်းရင် တိုက်မယ်မနိုင် ရင်တော့ လာတဲ့ လမ်းအတိုင်း ပြန်ပြေးကြတာပေါ့ ကွာ."

​နဂါးနက်ကလည်း သဘောတူလိုက်သည်။

"ကျွန်တော်တို့ ဒီအတိုင်းပဲ လုပ်ကြတာပေါ့.."

လိပ်ကြီးက သေချာအောင် ထပ်မေးလိုက်၏။

"ဒါနဲ့ ငါတို့ ခုနကဝင်လာတဲ့ အဝိုင်းတွင်းပေါက်ကြီး ထဲကနေ ဒီကောင်တွေ လိုက်ထွက်လာမှာတော့ မဟု တ်ဘူးမလား.."

​"မထွက်နိုင်ပါဘူး အကိုကြီးရ.. သူတို့ထဲက ဘယ်သူ မှ အဲဒီအပေါက်ကနေ အပြင်ကို မထွက်နိုင်သလော က်ပဲ..ကျွန်တော်နဲ့ တခြားအကောင်အနည်းငယ်ပဲ ထွ က်နိုင်တာပါ..သူတို့အများစုက အပြင်ဘက်က ရေဖိ အား ပြောင်းလဲမှုဒဏ်ကို မခံနိုင်ကြဘူးလေ"

​ဤစကားကို ကြားရသည့်အခါ လိပ်ကြီး စိတ် သ က်သာရာ ရသွား၏။တကယ်လို့ ထိုအတွေသာ အ ပေါက်ကြီးထဲကနေ လိုက်မထွက်နိုင်ဘူးဆိုလျှင် အ များကြီး ပိုလွယ်ကူသွားသည်လေ။အဆိုးဆုံး အခြေ အနေမှာမူ မနိုင်ရင် ပြေးရုံပဲရှိ၏။ဘာပဲဖြစ်ဖြစ် ထို အကောင်က တွင်းအပြင်ထိလိုက်လာနိုင်မည် မဟု တ် ပေ။

​"ဟုတ်ပြီ... မင်းသွားပြီး အဲဒီကောင်ကြီးကို ရန်စလာ ခဲ့.."

နဂါးနက်ကြီးက ခေါင်းညိတ်ပြပြီး ထိုကုန်းမြေဆီသို့ ရေကူးလာခဲ့၏။သူ ကုန်းပေါ်မတက်ခင်မှာပင် ကုန်း မြေပေါ်မှ ဧရာမကောင်ကြီးမှာ နဂါးနက်ကြီးအား မြ င်သွားသည်။ရန်သူအချင်းချင်း တွေ့လျှင် ပုံမှန်အ ားဖြင့် အလွန်ပဲ ဒေါသထွက်တတ်ကြသည် မဟုတ် ပေလော။

နဂါးနက်မှာ အုပ်စုထဲက မောင်းထုတ်ခံရပြီး ယခုလို ပြန်လာလိမ့်မည်ဟု ထိုသတ္တဝါကြီးက လုံးဝ မထင် ထားခဲ့ပေ။ထို့ကြောင့် ဧရာမကောင်ကြီးဟာ ဒေါသ တကြီးနှင့် ချက်ချင်ဆိုသလိုပင် နဂါးနက်နောက်သို့ ပြေးလိုက်လာခဲ့သည်။တခြား အနက်ရောင် သတ္တဝါ တွေကတော့ လိုက်မလာကြဘဲ နဂါးနက်ကိုပဲ ဝိုင်း ကြည့်နေကြ၏။

​တစ်ဖက်က ရန်သူကြီး လိုက်လာသည်ကို မြင်တာနှ င့် နဂါးနက်ကြီးက လှည့်၍ ပြန်ပြေးလာခဲ့သည်။ပင် လယ်ထဲမှာ အားကုန်သုံး၍ ရေကူးပြေးနေသည့် နဂ ါးနက်အနောက်ကို ထိုဧရာမအကောင်ကြီးကလည်း အတင်းလိုက်လာခဲ့၏။ဧရာမကောင်ကြီး၏ မျက်လုံ းထဲမှာမူ နဂါးနက် တစ်ကောင်တည်းကိုပဲ မြင်နေရ ကာ အနားမှာ လိပ်ကြီးရှိနေသည်အား သူ လုံးဝ သ တိမထားမိခဲ့ပေ။

​နဂါးနက်နောက်ကို ဧရာမကောင်ကြီး လိုက်လာသ ည်အား မြင်တာနှင့် လိပ်ကြီးကလည်း ချက်ချင်းဆို သလိုပင် လျှပ်စီးလျှပ်သလို အရှိန်မျိုးဖြင့် တိုက်ခို က်လိုက်၏။

​

"ဒိန်း.." " ဇွက်.."

"ဂါး.."

​တန်ချိန် ၂၀၀ ကျော် အလေးချိန်ရှိသည့် သံမဏိလှံ ကြီးသည် ထိုဧရာမကောင်ကြီး၏ ခန္ဓာကိုယ်ထဲသို့ ပြင်းထန်စွာ စိုက်ဝင်သွား၏။လိပ်ကြီးမှာမူ တစ်ဖ က်မှ တန်ပြန်တုံ့ပြန်အားကြောင့် ပြင်းထန်သည့် အ ရှိန်တစ်ခုအား ခံစားလိုက်ရသည်။တစ်ဖက်က ရန်သူ ၏ ခုခံကာကွယ်နိုင်စွမ်းမှာ အရမ်းမြင့်မားလွန်းကာ ဖျက်ဆီးဖို့ဆိုတာ မဖြစ်နိုင်သလောက်ပင်။

" ဖြပ်..ဖြပ်.."

ဧရာမလှံဖျားသည် ထိုဧရာမကောင်ကြီး၏ ခန္ဓာကို ယ်တစ်လျှောက် ထိမှန်သွားသည့်အခါ ထူထဲသော သံမဏိပြားကို ထိုးဖောက်လိုက်သလိုမျိုး မီးပွား တွေ တဖြတ်ဖြတ် လွင့်လာခဲ့၏။

​ကံကောင်းသည်မှာ လိပ်ကြီးက အခုဆိုလျှင် တန်ချိ န် ၁,၇၀၀ ကျော် ရှိနေကာ စွမ်းရည်တွေလည်း အမျာ းကြီး တိုးတက်နေတာကြောင့်ပင်။အရင်ကလို တန် ချိန် ၁,၃၀၀ ကျော်ပဲ ရှိသေးတယ်ဆိုလျှင် ဤကဲ့သို့ ထူထဲသည့် အရေပြားအား ဖောက်နိုင်ဖို့ဆိုသည်မှ မလွယ်ကူလှပေ။

အားအပြည့်ဖြင့် သူထိုးထည့်လိုက်သည့်အတွက် ဧရ ာမလှံသည် နောက်ဆုံးမှာတော့ သုံးလေးမီတာ အ ထိ ထိုးဖောက်ဝင်ရောက်သွားခဲ့၏။

"ဂါး..ဂရား.."

ထိုဧရာမကောင်ကြီးသည် အလွန်အမင်း နာကျင်နေ ကာ နဂါးနက်နောက်ကို လိုက်နေသည်အား ချက်ချ င်းပင် လက်လျှော့လိုက်သည်။အဲဒီနောက် လှည့်ပြီး လိပ်ကြီးအား ကိုက်ဖို့ ကြိုးစားလိုက်၏။သို့ပေမဲ့ လိ ပ်ကြီး၏ တုံ့ပြန်မှုမှာလည်း အရမ်းမြန်နေသည်။သူ က ဧရာမလှံကို ပြန်ဆွဲထုတ်ပြီး နှောင့်နှေးမနေဘဲ အဝေးသို့ လျင်မြန်စွာ ရှောင်ထွက်လိုက်၏။

အမြန်နှုန်းအရဆိုရင်တော့ ထိုဧရာမအကောင်ကြီး မှာ လိပ်ကြီးကို လုံးဝ မယှဉ်နိုင်သောကြောင့်တစ် ခ ဏအတွင်းမှာပင် ထိုအကောင်ကြီး၏ မျက်စိရှေ့မှ လိပ်ကြီး ပျောက်ကွယ်သွားသည်။

"ဟေ့ကောင်ကြီး ငါ ဒီမှာ ရှာလာလာ.."

"ဘလာ ဘလာ ဘလာ.."

ဤသည်မှာ ထိုဧရာမအကောင်ကြီးအတွက် အတော် လေး ဒေါသထွက်စရာပင်။သူ့ကို ပို၍ ဒေါသထွက် စေသည်မှာ နဂါးနက်က ပြန်လှည့်လာကာ ထပ်ပြီး ရ န်စခြင်းပင်။

"လခွမ်း နဂါးနက်ကြီးတောင် ဥာဏ်ကောင်းလာပြီ ငါနဲ့ ပေါင်းလို့နဲ့တူတယ်.."

၎င်းမှာ မဆိုးဘူးဟု ပြောရမှာပင်။ထိုအကောင်ကြီး က နဂါးနက်ကြီးနောက်သို့ ဒေါသတကြီးထပ်လိုက် ပြန်သည်။သို့ပေမဲ့ သိပ်မလိုက်ရသေးခင်မှာပင် အ မှောင်ထဲမှာ ပုန်းနေသော လိပ်ကြီး၏ တိုက်ခိုက်မှုအ ား ထပ်ခံလိုက်ရ၏။

​ထိုအကောင်ကြီးသာ စကားပြောလျှင် ဤကဲ့သို့ ဒေါ သတကြီး အော်ပြောမှာ သေချာပေသည်။

"မင်းတို့ နှစ်ကောင်က.. ဝိုင်းတိုက်ပြီး စစ်ရဲ့ ကျင့်ဝ တ်ကို မစောင့်ထိန်းဘူး..ငလူးပဲ.."

လိပ်ကြီးနှင့်နဂါးနက်မှာမူ ထိုအရာအား ဂရုပင် မစို က်ပေ။နှစ်ကောင်သား ထို နည်းဗျူဟာဖြင့် ဧရာမ ကောင်ကြီးအား ဒေါသထွက်အောင် ကောင်းကော င်းကြီး လုပ်နိုင်ခဲ့ကြသည်။

​ထိုအကောင်ကြီးမှာ အရွယ်အစားကသာ ကြီးနေကာ စိတ်ထားနှင့် ဉာဏ်ရည်ဉာဏ်သွေးမှာမူ အတော်လေ း နိမ့်ကျနေသည်အား လိပ်ကြီး သိလိုက်ရ၏။လိပ် ကြီးက နဂါးနက်ကိုတောင် ဉာဏ်ရည်နိမ့်တဲ့ အမျိုး အစားလို့ ထင်ထားခဲ့သည်။

သို့သော်လည်း ထိုဧရာမကောင်ကြီး၏ ဉာဏ်ရည်မှ ာမူ နဂါးနက်ထက်ပင် နိမ့်ကျနေသေးသည်။

All Chapters