အံ့သြစရာ မြေအောက်ကမ္ဘာ
Vol. 43 Ch. 522
လိပ်ကြီး စိတ်ထဲမှ ပျော်ရွှင်စွာ တွေးလိုက်မိသည်။
"ဟဲ..ဒီကောင်က သိပ်ဉာဏ်ကောင်းတဲ့ပုံ မရဘူးပဲ.."
ရန်သူ့အခြေအနေကို အကဲခတ်မိသည်နှင့် လိပ်ကြီး ၏ ယုံကြည်မှုမှာ ချက်ချင်း မြင့်တက်လာခဲ့သည်။ ဤကဲ့သိုသော ရန်သူကို အနိုင်ယူရန်မှာ အချိန် တစ် ခုသာ လိုအပ်ပေ၏။နောက်ထပ် နှစ်ခေါက် သုံးခေါ က်ခန့် အချိန်ဆွဲ တိုက်ခိုက်ပြီးလျှင် ပြိုင်ဘက်၏ ဒ ဏ်ရာများမှာ ပိုမိုပြင်းထန်လာကာ ခွန်အားများ လ ည်း သိသိသာသာ လျော့နည်းလာပေလိမ့်မည်။
နဂါးနက်မှာလည်း ဉာဏ်ရည်ဉာဏ်သွေး မြင့်မားသူ ပီပီ လိပ်ကြီး၏ အစီအစဉ်ကို ရိပ်မိပေသည်။လိပ် ကြီးက ချောင်းမြောင်းတိုက်ခိုက်မှုတွင် အောင်မြင် နေသည်ကို မြင်သောအခါ နဂါးနက်က ရန်သူကို သွေးဆောင်ဖြားယောင်းသည့် အခန်းကဏ္ဍမှ ပါဝင် ကူညီပေးခဲ့၏။
တစ်ယောက်က ရှေ့မှ သွေးဆောင်ပြီး၊နောက်တစ် ယောက်က အမှောင်ထဲမှ ချောင်းမြောင်းတိုက်ခိုက် သည့် ဗျူဟာမှာ အချိန်တိုင်း အောင်မြင်နေသဖြင့် တိုက်ပွဲမှာ တစ်ဖက်သတ် ဖြစ်လာခဲ့သည်။နောက် ထပ် နှစ်ခေါက် တိုက်ပြီးသည့် အခါတွင်မူ ပြိုင်ဘ က်၏ ခွန့်အားများမှာမူ သိသိသာသာ ကျဆင်းနေ သည်အား လိပ်ကြီး ခံစားလာရသည်။
ပြိုင်ဘက်အကောင်ကြီး၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် လည်း အညိုအမည်းဒဏ်ရာများဖြင့် ပြည့်နှက်နေ ကာ ယခုအခါတွင်မူ ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက် လျှင်ပင် လိပ်ကြီး အနိုင်ရမည်မှာ သေချာနေပေ သ ည်။
"ဇွက်.." " ဂါး.."
လိပ်ကြီး၏ နောက်ထပ် ချောင်းမြောင်းတိုက်ခိုက်မှု တစ်ခုမှာလည်း ထပ်မံအောင်မြင်ပြန်သည်။ဧရာမ လှံကြီးမှာ ယခင်ဒဏ်ရာဟောင်းအတိုင်း အနည်းဆုံး ငါးမီတာ၊ခြောက်မီတာခန့်ထိ နက်ရှိုင်းစွာ ထိုးဖောက် ဝင်ရောက်သွားပြီးမှ တစ်ဆို့သွားခဲ့သည်။ထိုလှံကို ပြန်လည်ဆွဲထုတ်ပြီးနောက်တွင်မူ ရန်သူ၏ လှုပ်ရှား မှုများမှာ အလွန်အမင်း နှေးကွေးအားနည်းသွားသ ည်အား လိပ်ကြီး စောင့်ကြည့်နေလိုက်သည်။
ရန်သူက ၎င်း၏ ကြီးမားသော ခြေသည်းများဖြင့် လှုပ်ရှားတိုက်ခိုက်လာချိန်တွင် လိပ်ကြီးက ဧရာမလှံ ဖြင့် အသာလေး တားဆီးလိုက်၏။ယခင်ကကဲ့သို့ လိပ်ကြီး လွင့်ထွက်မသွားဘဲ လှံကို မြဲမြံစွာ ဆုပ်ကို င်ထားနိုင်ခဲ့သည်။လိပ်ကြီး ပြန်လည်တိုက်စစ်ဆင် ရန် ပြင်လိုက်စဉ်မှာပင် အနက်ရောင်အရိပ်တစ်ခုက လျင်မြန်စွာ ပြေးထွက်လာပြီး ထိုဧရာမကောင်ကြီး ၏ လည်ပင်းအား အမိအရ ကိုက်ချလိုက်သည်။
၎င်းမှာ နဂါးနက်ပင် ဖြစ်၏။သူသည်လည်း ရန်သူမှ ာ သေအံဆဲဆဲဖြစ်နေသည်အား ရိပ်မိသဖြင့် ခွန့် အားအကုန်သုံးကာ သေသည့်အထိ မလွှတ်တမ်း ကို က်ထားလိုက်ခြင်းပင် ဖြစ်သည်။လိပ်ကြီးမှာလည်း နှောင့်နှေးခြင်းမရှိဘဲ ၎င်း၏ ပါးစပ်ကြီးဖြင့် ပြိုင်ဘ က်၏ အမြီးအား ကိုက်ဖြတ်လိုက်သည်။လည်ပင်းနှ င့် အမြီးအား တစ်ပြိုင်နက် ချုပ်ကိုင်ခံထားရသဖြင့် ဧရာမကောင်ကြီးမှာ ပြင်းပြင်းထန်ထန် ရုန်းကန်နေ သော်လည်း အချည်းနှီးသာ ဖြစ်ခဲ့ရသည်။
တဖြည်းဖြည်းနှင့် ရုန်းကန်သံများ ညိမ်သက်သွားရ ာ ၎င်း၏ မျက်လုံးများမှာလည်း အလင်းရောင်ကင် းမဲ့ကာ သေဆုံးသွား၏။
"ဟေး နဂါးနက် ဒီအကောင်ကြီး သေသွားပြီ..."
နဂါးနက်က ကိုက်ထားသည်အား လွှတ်လိုက်ကာ ကျေးဇူးတင်စွာဖြင့် ပြောလိုက်သည်။
"နောက်ဆုံးတော့ သူ သေသွားပြီ ကျေးဇူးတင်ပါတ ယ် အကိုကြီးရာ.. ကျွန်တော့်ကို နယ်မြေထဲက မော င်းထုတ်ပြီး အမြဲနှိပ်စက်ခဲ့တာ ဒီကောင်ပဲ.."
နဂါးနက်ကြီးသည် အတိုင်းအဆမသိ ဝမ်းသာနေပြီး ထိုဧရာမကောင်ကြီး၏ အလောင်းကို ဆွဲကာ ကုန်း မြေဆီသို့ ရေကူးလာခဲ့သည်။လိပ်ကြီးကလည်း နော က်မှ လိုက်ပါလာ၏။နှစ်ကောင်သားကုန်းမြေပေါ်သို့ တစ်ကောင်ပြီးတစ်ကောင် တက်လာကြချိန်တွင်မူ နဂါးနက်နှင့် မျိုးနွယ်တူသည့် အနက်ရောင်သတ္တဝါ များစွာ ရောက်လာကြသည်။
သူတို့သည် ခေါင်းဆောင်ဟောင်း၏ အလောင်းကို မြင်သောအခါတွင်မူ အံ့အားသင့်ကာ မလှုပ်မယှက် ဖြစ်သွားကြသည်။
"ခုချိန်ကစပြီး..ငါက ဒီနေရာရဲ့ ခေါင်းဆောင်ပဲ.."
နဂါးနက်က မိမိကိုယ်ကိုယ် အောင်နိုင်သူအဖြစ်ကြေ ညာလိုက်ရာ အပေါင်းအသင်းအားလုံးက ခေါင်းညိ တ်လက်ခံလိုက်သောကြောင့် ယနေ့မှစ၍ နဂါးနက် ကြီးသည် နဂါးနက်မျိုးနွယ်၏ ခေါင်းဆောင်သစ် ဖြ စ်လာခဲ့သည်။မျိုးနွယ်တူ အမအချို့က နဂါးနက်၏ ခန္ဓာကိုယ်ကို ပွတ်သပ်ပြီး ကြိုဆိုနေကြသည်အား နဂါးနက်က သဘောကျနေပုံရ၏။
ဤမြင်ကွင်းကို ကြည့်ပြီး လိပ်ကြီးမှာမူ စိတ်ပျက်စွာ ဖြင့် ခေါင်းလှည့်လိုက်ကာ ဝမ်းနည်းစွာ ရေရွတ်မိလို က်သည်။
"နဂါးနက်ကတော့ ပျော်နေတာပဲ.. ငါ့မှာကျ ဘာလို့ မျိုးနွယ်တူ အမတစ်ကောင်မှ မရှိရတာလဲကွာ တစ် ကောင်လောက် ရှိရင်တောင် တော်သေးတာပေါ့.." လိပ်ကြီးမှာ ပထမဆုံးအကြိမ်အဖြစ် အဖော်ရှိချင် စိတ် ပေါ်လာခဲ့သည်။
ဤအံ့သြဖွယ် တိုက်ပွဲကြီးကို တစ်နာရီကျော်ကြာ တို က်ရိုက်ကြည့်ရှုနေသော လျူယောင်သည်လည်း နဂ ါးနက်၏ အောင်ပွဲကို မြင်ရသောအခါ စိတ်ထဲမှ အံ့ အားသင့်ကာ တွေးလိုက်မိ၏။
"လခွမ်း..ဒီကောင် အတော်ကံကောင်းတာပဲ. .လိပ် ကြီးသာ မရှိရင် ဒီကောင် ခေါင်းဆောင်ဖြစ်ဖို့ဆိုတာ ဝေးစွ..အသက်တောင် ရှိမှာမဟုတ်ဘူး.."
နဂါးနက် ခေါင်းဆောင်ဖြစ်ပြီး မကြာမီမှာပင် ၎င်း၏ မျိုးနွယ်တူများက ပင်လယ်ထဲမှ ရရှိသော ထူးဆန်း ပြီး ကြီးမားသည့် အစားအစာများအား ယူဆောင်လ ာကာ နဂါးနက်၏ရှေ့တွင် ပုံပေးထားကြသည်။ထို အစားအစာများကို လိပ်ကြီး မြင်သောအခါ သူ တစ် ခါမှ မမြင်ဖူးသည့်အရာများဖြစ်၍ ချက်ချင်းဆိုသ လိုပင် စားချင်စိတ် ပေါ်လာ၏။
နဂါးနက်က လမ်းဖယ်ပေးရင်း လေးစားစွာ ဖိတ်ခေ ါ်လိုက်သည်။
"အကိုကြီး..ခင်ဗျား ဗိုက်ဆာနေမှာပဲ.. အရင်စားလို က်ပါဦး.."
လိပ်ကြီးသည်လည်း ယဉ်ကျေးမနေတော့ဘဲ ဆယ် မီတာကျော်ရှည်ပြီး တန် ၃၀ ခန့်ရှိသော ငါးကြီး တစ် ကောင်အား အားရပါးရ ကိုက်စားပစ်လိုက်၏။
လိပ်ကြီးက ပလုပ်ပလောင်း စားနေရင်း ချီးကျူးလို က်သည်။
"အိုး..အရသာ ရှိလိုက်တာ .. ဒီနေရာမှာ ဒီလောက် ကောင်းတဲ့ စားစရာတွေ ရှိနေမယ်လို့ ငါ မထင်ထား မိဘူး နဂါးနက်ရာ.."
ဗိုက်ဝသည်အထိ အစာ တန် ၅၀၀ ကျော်ခန့် လိပ်ကြီ း စားပြီးနောက် ဤနေရာတွင် ရက်နည်းနည်းလော က် ထပ်နေရန် ဆုံးဖြတ်လိုက်သည်။
"ငါ ဒီနေရာမှာ ရက်နည်းနည်းလောက် နေဦးမယ်.. မ င်းရဲ့ နေရာကို ငါ့ကို လိုက်ပြပေးပါဦး.."
နောက်ရက်များတွင်မူ လိပ်ကြီး၏ ဘဝမှာ ဘုရင် တ စ်ပါးကဲ့သို့ သာယာနေ၏။အစားအစာများမှာ ပေါမျ ားလှကာ အနားယူစရာနေရာကောင်းလည်း ရရှိ ထား၏။နဂါးနက်ကြီးက ကိုယ်တိုင် လမ်းပြလုပ်ပေး ကာ ပင်လယ်ပြင်အနှံ့ လိုက်လံပြသခဲ့သည်။
မြေအောက်ထဲမှာရှိသောပင်လယ်ထဲတွင်မူ ဧရိယာ စတုရန်းကီလိုမီတာ ၅၀,၀၀၀ ခန့် ကျယ်ဝန်းပြီး အ လယ်အလတ် ပြည်နယ်အရွယ်အစား တစ်ခုစာရှိ ကာ အနက်ဆုံးနေရာမှာမူ.မီတာ တစ်ထောင်ခန့် ရှိ နေ၏။
ပင်လယ်ထဲတွင် လက်ဖဝါးအရွယ်မှသည် မီတာရာ ချီအထိ ကြီးမားကာ ထူးဆန်းသည့် သတ္တဝါများစွာ လည်း ရှိနေသည်။ ပင်လယ်ကြမ်းပြင်တွင်မူ မီးတေ ာင်ငယ်များ ရှိနေသလို၊အပေါ်ဘက် မျက်နှာကျက် ရှိ အက်ကြောင်းကြီးများကြားတွင်လည်း နီရဲနေသေ ာ ချော်ရည်များအား လိပ်ကြီး မြင်တွေ့လိုက်ရသ ည်။
ပင်လယ်အနှံ့ လေ့လာပြီးနောက် ကုန်းမြေအနှံ့ လို က်ပြ ရန် လိပ်ကြီး တောင်းဆိုလိုက်၏။ကုန်းမြေမှာ စတုရန်းကီလိုမီတာ ဒါဇင်အနည်းငယ်သာ ကျယ် ဝ န်းသော်လည်း နဂါးနက်နှင့် မျိုးနွယ်တူ အကောင် များမှာမူ ရာနှင့်ချီ၍ နေထိုင်လျက်ရှိသည်။သူတို့ နှစ်ကောင် လမ်းလျှောက်လာသည်အား မြင်လျှင် အခြားသတ္တဝါများက ရိုသေစွာ လမ်းဖယ်ပေးလိုက် ကြ၏။
ရှေ့သို့ ဆက်သွားသောအခါ မီတာဒါဇင်နဲ့ချီနက်ပြီး အလွန်ကျယ်ဝန်းသည့် မြေကျွင်းကြီးတစ်ခုအား လိ ပ်ကြီး တွေ့လိုက်ရသည်။
နဂါးနက်က သေချာ ရှင်းပြလိုက်၏။
"အကိုကြီး ဒါက ကျွန်တော်တို့ မျိုးနွယ်စုရဲ့ သင်း ချိုင်းပဲ.. သေဆုံးသွားတဲ့ မျိုးနွယ်တူတွေ အားလုံး ဒီနေရာမှာရှိပါတယ်.."
ထိုကျွင်းထဲတွင် ကြီးမားသော အရိုးဖြူကြီးများ ရှိ နေသည်ကို မြင်ရရုံသာမက လိပ်ကြီးကို အံ့အားသ င့်စေသည်မှာ တောင်ပုံရာပုံ ရှိနေသော ရွှေနှင့်ကျော က်မျက်ရတနာများပင် ဖြစ်၏။
"အမ်..ဒီလောက်များတဲ့ ရတနာတွေကို ဘယ်ကနေ ရလာတာလဲ"
လိပ်ကြီးမှာမူ မအံ့သြဘဲ မနေနိုင်တော့ပေ။နဂါးနက် သည် သူတို့မျိုးနွယ်စုမှာ အပြင်သို့ မထွက်နိုင်ဟု ပြောခဲ့ဖူးသဖြင့် ဤမြေအောက်ကမ္ဘာတွင် ထိုမျှများ ပြားသော ရတနာများ ရှိနေခြင်းမှာ လိပ်ကြီးအတွက် မူ အလွန်ထူးဆန်းနေပေသည်။