← Chapters

ဒါ ရွှေဗျ ကြေးဝါ မဟုတ်ဘူးနော်

Vol. 43 Ch. 523

ဒါ ရွှေဗျ ကြေးဝါ မဟုတ်ဘူးနော်

Vol. 43 Ch. 523

​"ဝိုး များလိုက်တာ.."

​"ဒီနေရာမှာ ရွှေတွေက တောင်လိုပုံနေတာပဲဟ.."

"ကျောက်မျက်ရတနာတွေလည်း ရှိသေးတာပဲ..အနီ. အပြာ အရွယ်အစားအစုံပဲဟ.. "

​လိပ်ကြီး အံ့အားသင့်သွား၏။ခဏကြာတော့မှ သူ သတိပြန်ဝင်လာကာ ပြောလိုက်သည်။

"နဂါးနက်..ဒါတွေအားလုံးက ရွှေတွေနဲ့ ကျောက် မျ က်ရတနာတွေပဲ..သွားကြည့်ရအောင်.."

သူ ပြောပြီးသည်နှင့် နဂါးနက် သဘောတူသည် ဖြစ် စေ မတူသည်ဖြစ်စေ လိပ်ကြီးက သူ့ဘာသာသူ တွာ းသွားဝင်လာလိုက်သည်။ထိုတွင်းကြီးထဲမှ ကြီးမား သည့် အရိုးစုဖြူကြီးများကို သေချာကြည့်ဖို့ အချိန် မရှိတော့ဘဲ ရွှေတွေနှင့် ကျောက်မျက်ရတနာတွေ ဆီသို့ လိပ်ကြီး လာလိုက်၏။

​

အကွာအဝေးက နီးကပ်လာသောကြောင့် ထိုပစ္စည်း များက သူ့မျက်စိရှေ့တွင်တင် ရှိနေသဖြင့် လိပ်ကြီး က ရှင်းရှင်းလင်းလင်း မြင်နေရကာ ချက်ချင်းဆိုသ လိုပင် နောက်ထပ်တစ်ကြိမ် အံ့အားသင့်သွား ရပြန် သည်။ဒီရွှေတွေက သဘာဝအတိုင်းတွေ့ရသည့် ရွှေ ရိုင်းမျိုးနှင့် လုံးဝမတူကြောင်း သူသိလိုက်ရ၏။၎င်း တို့က လူလုပ်ထားသည့် ပုံစံများဖြစ်နေကာ ရွှေချေ ာင်း၊ရွှေတုံး၊ရွှေပြားနှင့် တချို့မှာ ရွှေဒင်္ဂါးများ ဖြစ် နေကြသည်။

​"သခင်ရေ ဒီနေရာက ပစ္စည်းတွေကို အမြန်ကြည့် ကြည့်ပေးဦး.."

​လိပ်ကြီးက လျူယောင်ကို ချက်ချင်းပင် ဦးဆောင် ပြီး ဆက်သွယ်လိုက်၏။ထိုအချိန်တွင် လျူယောင် မှာမူ ယူနီဗာဆယ် တာဝါ၏ ဧည့်ခန်းထဲ၌ ချန်ဒါရှန်း ရတနာဆိုင်ပိုင်ရှင် ချန်ဟီဖေးနှင့် တွေ့ဆုံနေသည်။ ပြီးခဲ့သည့်တစ်ကြိမ်က ဘာတာကုမ္ပဏီ၏ ကျွန်းက နေ ရွှေ ၇ တန်ကျော် သယ်လာခဲ့ပြီး အခုတော့ ဟွာ ဟိုင်းဖွံ့ဖြိုးရေးဘဏ်၏ ဘဏ်တိုက်ထဲတွင် သိမ်းဆ ည်းထား၏။

လျူယောင်က ထိုရွှေများကို အသုံးပြုပြီး ပုံစံ တစ် ခုခု ထုလုပ်ရန် စီစဉ်ထားခြင်းပင် ဖြစ်သည်။

​"ငါ ဘာပုံစံ ထုလုပ်ရင်ကောင်းမလဲ.."

​ဒီနှစ်က နွားနှစ်ဖြစ်သည့်အတွက်ကြောင့် နွားကဲ့သို့ အင်အားကြီးမားရမည်ဟု သူ တွေးမိလိုက်၏။လျူ ယောင်က ယူနီဗာဆယ် တာဝါ၏ အရှေ့၊တောင်၊အ နောက်၊ မြောက်ဘက် ခန်းမကြီး ၄ ခုတွင် ရွှေနွားရုပ် ကြီး ၄ ကောင် ထားရှိရန် စီစဉ်ထားသည်။ခန်းမတစ် ခုစီတွင် ရွှေနွားကြီးတစ်ကောင်စီ ထားရှိခြင်းက အ ရမ်းကို အောင်မြင်ပြီး မျက်နှာပန်းလှပေလိမ့်မည် လေ။

​သို့ပေမဲ့ စုစုပေါင်း ရွှေ ၇ တန်ကျော်ကို ရွှေနွားကြီး ၄ ကောင်ထုလုပ်ရန် ခွဲဝေလိုက်သောအခါ တစ်ကောင် အတွက် အသုံးပြုသည့် ရွှေပမာဏက၂ တန်အော က်သာ ရှိမည်ဖြစ်၍ လျူယောင်က နည်းနည်းလေး နည်းနေသေးသည်ဟု ခံစားမိသည်။သူ့ စိတ်ကူးထဲ တွင်မူ ရွှေနွား၏ အရွယ်အစားက သေးလွန်း၍မဖြ စ်ပေ။မဟုတ်လျှင် ခမ်းနားထည်ဝါသည့် ခံစားချက် မျိုး သူ ရရှိတော့မည်မဟုတ်ပေ။

ထို ရွှေနွားရုပ်ကြီးသည် အနည်းဆုံး အမြင့် ၃ မီတာ တော့ ရှိရမည်ဖြစ်၍ သို့မှသာ ကြီးကျယ်ခမ်းနားသ ည့် ပုံစံမျိုး ဖြစ်ပေါ်ပေလိမ့်မည်။

လျူယောင် ​ထိုင်ပြီးသည်နှင့် ချန်ဟီဖေးနှင့် ယဉ် ကျေးစွာ နှုတ်ဆက်စကားလေးများ ဖလှယ်ပြီး စီး ပွားရေးအကြောင်း မပြောခင်မှာပင် လိပ်ကြီး၏ အ သံက လျူယောင်၏ စိတ်ထဲတွင် ပေါ်လာခဲ့သည်။ လျူယောင်က တည်ငြိမ်စွာဖြင့်ပင် သူ၏ ပုံမှန်မျက် နှာအတိုင်း တတိယအမြင်အား ဖွင့်ကြည့်လိုက်ရာ ချက်ချင်းဆိုသလိုပင် တစ်ဖက်မှ အခြေအနေကို မြ င်လိုက်ရသည်။

​"ဘုရားရေ များလိုက်တဲ့ရွှေတွေပါလား.."

​ရွှေတွေက တောင်လိုပုံနေပြီး၊တချို့မှာမူ ကျောက် မျက်ရတနာများ ဖြစ်ကြကာ အရေအတွက်က မန ည်းလှပေ။အဓိကအားဖြင့် လျူယောင်တွေ့လိုက် ရ သည်မှာ ထိုရွှေများအားလုံးသည် ရွှေချောင်း၊ရွှေတုံး ၊ရွှေဒင်္ဂါး၊ရွှေပြား စသည်ဖြင့် သဘာဝအတိုင်း မဟု တ်ဘဲ လူလုပ်ပုံစံများ ဖြစ်နေခြင်းဖြစ်၏။

လျူယောင်သည် ဤကဲ့သို့သော မြင်ကွင်းမျိုးအား မြင်ရလိမ့်မည်ဟု သူ တစ်ခါမှ မမျှော်လင့်ထားခဲ့ပေ ။

​ထိုမြေအောက်နေရာတွင် ရွှေတွေနှင့် ကျောက်မျက် ရတနာများ ရှိနေခြင်းမှာ ဤနေရာမှ ထွက်ပေါ်လာ ခြင်းမျိုးမဟုတ်ဘဲ အပြင်ကနေ သယ် ဆောင်လာခဲ့ ခြင်းဖြစ်ပုံရသည်။လျူယောင်သိချင်စိတ်ဖြင့် မေး မြန်းလိုက်၏။

"ငါ့ကောင်ကြီး... အဲ့ဒီမှာ ဘာတွေဖြစ်နေတာလဲ"

​လိပ်ကြီးကလည်း စိတ်လူပ်ရှားစွာ ပြန်ဖြေလိုက်သ ည်။

"ကျွန်တော်လည်း အံ့အားသင့်သွားတယ် သခင်ရ.. ရွှေတွေနဲ့ ကျောက်မျက်ရတနာတွေ ဒီလောက် အမျ ားကြီးရှိမယ်လို့ မထင်ထားဘူး..နဂါးနက်ကို ကျွန် တော် မေးလိုက်ဦးမယ်.."

​လိပ်ကြီးနှင့်နဂါးနက် စကားပြောနေတုန်း လျူယော င်က အံ့အားသင့်နေသော်လည်း သူ့မျက်နှာပေါ်တွင် မူ ဘာမှဖော်မပြဘဲ ချန်ဟီဖေးနှင့် စကား ဆက်ပြော နေ၏။

​လိပ်ကြီးက မေးလိုက်သည်။

"နဂါးနက်..ဒီပစ္စည်းတွေ ဒီလောက်များတာ ဘယ်က နေ ရလာတာလဲ"

နဂါးနက်က ပြန်ဖြေလိုက်သည်။

"အော်..ဒီပစ္စည်းတွေက ဒီမှာရှိနေတာ ကြာပါပြီ အ ကိုကြီးရ..ပြောရမယ်ဆိုရင် လွန်ခဲ့တဲ့ နှစ်ရာပေါင်းမျ ားစွာကတည်းက စတင်ခဲ့တာပါ ..အပြင်ကို ထွက်နို င်တဲ့ ကျွန်တော်တို့ မျိုးနွယ်ထဲဝင် တချို့က ပင်လ ယ်ကြမ်းပြင်မှာ နစ်မြုပ်နေတဲ့ သင်္ဘောတွေကို ရှာရ တာကို ကြိုက်တယ်လေ .ပြီးတော့ ဒီလိုပစ္စည်းတွေ ကို စုဆောင်းရတာလည်း ကြိုက်တယ်..အဲ့ဒါတွေကို တစ်ခုပြီးတစ်ခု ပြန်သယ်လာပြီး ဒီနေရာမှာထားထာ းတာပါ..ဒီလိုနဲ့ ပိုပိုများလာတာပဲ.."

​နဂါးနက် ရှင်းပြတာ နားထောင်ပြီးနောက် အခြေအ နေအလုံးစုံကို လိပ်ကြီး နားလည်သွားသည်။နက်ဂါး နက်၏ မျိုးနွယ်တူအချို့သည် ရေဖိအား ပြောင်းလဲ မှုဒဏ်ကို မခံနိုင်သဖြင့် အပြင်သို့ မထွက်နိုင်ကြသေ ာ်လည်း အရမ်းနည်းပါးသည့် ခြွင်းချက်များတော့ ရှိတတ်သည်။

ထိုသို့ အပြင်ထွက်နိုင်သည့် နဂါးနက်အချို့သည် နှစ် ရာနှင့်ချီ နစ်မြုပ်နေသည့် သင်္ဘောများကို ရှာဖွေရ သည်အား ဝါသနာပါကြ၏။

​အထူးသဖြင့် အလယ်ခေတ်တုန်းက အတ္တလန္တိတ် သမုဒ္ဒရာတွင် နစ်မြုပ်နေသည့် သင်္ဘောများစွာ ရှိခဲ့ ဖူးသည်။ထိုအချိန်က အနောက်တိုင်း ကိုလိုနီနယ်ချဲ့ သမားများသည် အမေရိကတိုက်ကို လုယက်ပြီး ရွှေ နှင့်ငွေ အများအပြားကို ဥရောပသို့ ပြန်သယ်ခဲ့ကြရ ာ အချို့သင်္ဘောများမှာမူ မုန်တိုင်းကြောင့် ပင်လ ယ်ကြမ်းပြင်အောက်တွင် နစ်မြုပ်ခဲ့ရ၏။

ဤနေရာက ရွှေများနှင့် ကျောက်မျက်ရတနာများမှာ အဆိုပါနေရာများမှ နဂါးနက်အချို့က ရှာဖွေသယ် ဆောင်လာခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ယခုအချိန်ထိ ဆိုလျှင် နှစ်ရာနှင့်ချီ စုဆောင်းထားခြင်းဖြစ်၍ ဤ မျှများပြားနေသည်မှာ အံ့သြစရာ မလိုတော့ပေ။

​လိပ်ကြီးက အကြံပေးလိုက်၏။

"ဟေး နဂါးနက်ကြီး..ဒီရွှေတွေနဲ့ ကျောက်မျက် ရတ နာတွေက ဒီနေရာမှာပုံနေတာ တကယ်ကို အလဟ သ ဖြစ်နေတာပဲ..ငါ့သခင်ကို ဒီပစ္စည်းတွေ ပေးလို က်မယ်..မင်း..ဘယ်လိုသဘောရလဲ"

နဂါးနက်ကလည်း လုံးဝမတွန့်ဆုတ်ခြင်း မရှိဘဲ ပြန် ဖြေလိုက်သည်။

"ဒီပစ္စည်းတွေကို ကျွန်တော် မကြိုက်ပါဘူး.. စားလ ည်းမစားနိုင်ဘူး..စုဆောင်းတဲ့ ဝါသနာလည်း မရှိဘူ း..ဒါ့ကြောင့် အကိုကြီး အကုန်လုံး ယူသွားလို့ရတ ယ်.."

​လိပ်ကြီးသည် ဝမ်းသာအားရဖြင့် အခြေအနေအား လုံးကို လျူယောင့်အား ချက်ချင်းပြန်ပြောပြလိုက် သည်။လျူယောင်၏ စိတ်ထဲတွင် လိပ်ကြီးအသံ ပြ န်ပေါ်လာပြီး ဤရွှေများနှင့် ကျောက်မျက်ရတနာမျ ား၏ ဇာစ်မြစ်ကိုလည်း သူ သိသွား၏။သူ့ကို ပိုပြီး အံ့အားသင့်စေသည်မှာ လိပ်ကြီးက ထိုပစ္စည်းများ ကို ပြန်ယူလာမည်ဟု ပြောလိုက်ခြင်းပင်။

​ဤအခြေအနေသာ တကယ်ဖြစ်လာလျှင် မယုံနိုင် လောက်အောင် ကောင်းလွန်းလှသည်။ထိုနေရာရှိ ရွှေများသည် အနည်းဆုံး တန် ၁၀၀၀ ကျော်ရှိနိုင်ပြီး ၎င်းမှာ အရမ်းများပြားသည့် စည်းစိမ်ဥစ္စာပင် ဖြစ် သည်။နိုင်ငံအများစု၏ ရွှေအရံပစ္စည်းများမှာပင် တန် ၁၀၀၀ ခန့် မရှိကြပေ။

ကျောက်မျက်ရတနာ အမျိုးမျိုးလည်း အများကြီးရှိ နေပြီး ပုံးကြီးများဖြင့် ထည့်မည်ဆိုလျှင်တောင် တန် ဖိုးမှာ ခန့်မှန်း၍ မရနိုင်သေးသော်လည်း သေချာပေါ က် တန်ဖိုး အလွန်ကြီးမားပေလိမ့်မည်။

​စိတ်ထဲတွင် ပျော်ရွှင်နေသော လျူယောင်သည် သူ့စိ တ်ကူးအား ချက်ချင်းပင် ပြောင်းလိုက်၏။သူသည် ရွှေတွေ များပြားစွာ ရတော့မည်ဖြစ်၍ ရွှေနွားကြီး ၄ ကောင်ကို ပို၍ကြီးမားအောင် လုပ်ရမည်လေ။

"၅ မီတာလောက်အမြင့် ဆိုရင်ကော ဘယ်လိုလဲ"

လျူယောင် စိတ်ထဲကနေ ပျော်ရွှင်စွာ တွေးလိုက်ရ င်း ပြောလိုက်၏။

​"မစ္စတာချန်..ကျွန်တော် ခဗျားကို ဒီနေရာခေါ်လိုက် တာက အကူအညီတောင်းစရာရှိလို့ပါ.."

ချန်ဟီဖေးကလည်း ပျော်ရွှင်စွာ ပြန်ပြောလိုက်သ ည်။

"မစ္စတာလျူက ယဉ်ကျေးစရာ မလိုပါဘူး..ပြောစရ ာရှိတာသာပြောပါ..ကျွန်တော် အတတ်နိုင်ဆုံး ကူ ညီပေးပါမယ်.."

​လျူယောင်က သူ့တောင်းဆိုချက်ကို ပြောပြလိုက် သည်။

"ခင်ဗျားတို့ ကုမ္ပဏီကို ကျွန်တော်.ရွှေနွားကြီး ၄ ကေ ာင် ရုပ်ထုကို လုပ်ခိုင်းချင်ပါတယ်..အောင်မြင်မှုကို ကိုယ်စားပြုတဲ့အနေနဲ့ ယူနီဗာဆယ်တာဝါရဲ့ ပထမ ထပ်က ခန်းမကြီး ၄ နေရာမှာ ထားဖို့ပါပဲ.."

​ချန်ဟီဖေးက ထိုအချက်ကို ချက်ချင်းပင် သဘော တူလိုက်ကာ ပြန်မေးလိုက်၏။

"ပြဿနာမရှိပါဘူး..မစ္စတာလျူက ဘယ်လိုအရွယ် အစားမျိုး လိုချင်လဲ..၁ ပေ၊ဒါမှမဟုတ် ၂ ပေလား . ."

သူ့အမြင်တွင်မူ ၂ ပေအရွယ် ရွှေနွားရုပ်ထုကြီးဆိုသ ည်မှာပင် အလွန်ကြီးမားနေပြီဖြစ်ပြီး ရွှေကီလိုဂရမ် ဆယ်ဂဏန်းလောက် ကုန်ကျမည်ဖြစ်၏။

​သို့ပေမဲ့ လျူယောင်က ခေါင်းခါယမ်းပြီး ပြောလိုက် သည်။

"၂ ပေက သေးလွန်းပါတယ်..ကျွန်တော်တို့ ခန်းမတ စ်ခုစီက စတုရန်းမီတာ ရာနဲ့ချီရှိပြီး နေရာကလည်း ကျယ်ပါတယ်..ကျွန်တော့်စိတ်ကူးက အမြင့် ၅ မီတ ာရှိတဲ့ ရွှေနွားကြီး ထုလုပ်ဖို့ပါပဲ.."

​"ဘာလဲ အမြင့် ၅ မီတာလား.."

​ချန်ဟီဖေးက သူနားကြားမှားသည်ဟု ထင်သွား သ ဖြင့် ထပ်မေးလိုက်၏။

"မစ္စတာလျူ အမြင့် ၅ မီတာ​က ဟုတ်ရဲ့လား.. ၅ ပေ မဟုတ်ဘူးလား.."

ချန်ဟီဖေး၏ အမြင်တွင် ၅ ပေအရွယ် ရွှေနွားကြီး ပင် ကြောက်စရာကောင်းလောက်အောင် ကြီးနေပြီပဲ ဖြစ်သည်။သို့ပေမဲ့ မစ္စတာလျူက ၅ မီတာဟု ပြော နေ၏။သူက မစ္စတာလျူကို ၅ မီတာဆို သည်မှာ မ ည်မျှကြီးမားသည့် အယူအဆမျိုးလဲဆိုသည်ကို သိ ရဲ့လားဟု သူ သတိပေးချင်နေမိသည်။

​သို့သော်လည်း လျူယောင်၏ ဂုဏ်ပုဒ်ကြောင့် ထို မေးခွန်းကို မမေးသင့်ဘူးဟု ယူဆကာ ယဉ်ကျေးစွာ ဖြင့်ပင် ရှင်းပြလိုက်၏။

"မစ္စတာလျူ.. အမြင့် ၅ မီတာဆိုရင် ရွှေနွားတစ် ကောင်အတွက် အနည်းဆုံး ရွှေကီလိုဂရမ် ရာနဲ့ချီ ကုန်ကျပါလိမ့်မယ်..ရွှေနည်းလွန်းရင်လည်း အကျိုး သက်ရောက်မှုက အဆင်မပြေနိုင်ပါဘူး"

​လျူယောင်က လက်ဝှေ့ယမ်းပြပြီး ဂုဏ်ယူစွာဖြင့် ပြောချလိုက်၏။

"ဘာကီလိုဂရမ် ရာနဲ့ချီမှာလဲ..ကျွန်တော်က ရွှေနွား တစ်ကောင်ကို ရွှေ ၉၈ တန် သုံးပြီး သွန်းလုပ်မှာ.."

​"ဘာ.."

"ရွှေ ၉၈ တန်လား.."

"ဒါ ရွှေဗျ..ကြေးဝါမဟုတ်ဘူးနော်."

ထိုစကားကြောင့် ချန်ဟီဖေးမှာ စိတ်ထဲမှ အံ့အားသ င့်စွာ ရေရွတ်လိုက််မိသည်။

​ရွှေနွားကြီးတစ်ကောင်အတွက် ရွှေ ၉၈ တန်ဆိုသည် မှာ မည်သို့သော အယူအဆမျိုးနည်း။၅ မီတာမြင့်ပြီ း တန် ၁၀၀ နီးပါး လေးလံသည့် ရွှေနွားကြီးများကို ခန်းမတစ်ခုစီတွင် ထားလိုက်မည်ဆိုလျှင် တကယ် ကို အောင်မြင်ပြီး ကြီးကျယ်ခမ်း နားလှသည့် ပုံစံ မျိုး ဖြစ်နေပေလိမ့်မည်။

​ချန်ဟီဖေးမှာမူ ကြောင်အသွားကာ အချိန်အတော် ကြာသည်အထိ သူ သတိ ပြန်မဝင်နိုင်ခဲ့ပေ။သူသည် ရွှေနှင့် ရတနာလုပ်ငန်းတွင် နှစ်ပေါင်းများစွာ လုပ်ကို င်ခဲ့သော်လည်း ယနေ့ကဲ့သို့ ဖောက်သည်မျိုးနှင့် တ စ်ခါမှ သူ မကြုံခဲ့ဖူးပေ။

All Chapters