← Chapters

တစ်ကောင်တည်းလား..လေးကောင်လုံး လား

Vol. 43 Ch. 524

တစ်ကောင်တည်းလား..လေးကောင်လုံး လား

Vol. 43 Ch. 524

ချန်ဟီဖေးတစ်ယောက် အတော်ကြာအောင် အသိစိ တ်ပြန်ဝင်မလာသေးဘဲ မှင်သက်နေမိသည်။ထို့နော က် သူ့ရင်ထဲတွင် လေးစားစိတ်များ ဖြစ်ပေါ်လာ၏။ မစ္စတာလျူသည် ယူနီဗာဆယ်လုပ်ငန်းစုကြီး၏ သူ ဋေး ဖြစ်ဖို့ အမှန်တကယ် ထိုက်တန်ပေသည်။

​"မစ္စတာလျူ..ဒီဇိုင်းကို ကျွန်တော်တို့ ချက်ချင်းဆွဲ လိုက်ပါမယ်..သုံးရက်အချိန်ပေးပါ..ဒီဇိုင်းပုံစံကို ကျွ န်တော်ကိုယ်တိုင် မစ္စတာလျူ ပြန်လည်စစ်ဆေးဖို့ အတွက် ပို့ပေးပါ့မယ်ဗျ.."

​"ခင်ဗျားရဲ့ ကြိုးစားအားထုတ်မှုအတွက် ကြိုတင် ကျေးဇူးတင်ပါတယ် မစ္စတာချန်.."

​ချန်ဟီဖေးအား ပြန်လွှတ်လိုက်ပြီးနောက် လျူယော င်က လိပ်ကြီးနှင့် ထပ်မံဆက်သွယ်လိုက်၏။ထိုအချိ နိတွင် လိပ်ကြီးသည် ရွှေများနှင့် ကျောက်မျက်ရတ နာများအား စတင်ရွှေ့ပြောင်းနေပေသည်။ထို အရာ များကို လိပ်ကြီးက သူ့ ပါးစပ်ကြီးထဲသို့ ဆွဲသွင်းလို က်သည်။

လိပ်ကြီး၏ ပါးစပ်ထဲ၌ ရွှေနှင့်ကျောက်မျက်ရတနာ များ လေးပုံတစ်ပုံခန့်ရှိနေ၏။ဆိုလိုသည်မှာ ရွှေတန် ချိန် သုံးရာမှ လေးရာခန့်သည် ကာရက်တစ်သန်း အ နည်းဆုံးရှိသော ကျောက်မျက်ရတနာများ ဖြစ်ပေ သည်။

​

"ငါ့ကောင်ကြီး.. ဒီခရီးအတွက် မင်း အတော်ပင်ပန်း မှာပဲ.."

​"မပင်ပန်းပါဘူးဗျာ..ကျွန်တော့် အရှိန်က အတော် လေးမြန်တယ် သခင်ရ..နှစ်ရက်အတွင်း ဟွာဟိုင်း မြို့ကို ကျွန်တော်ရောက်မှာပါ.. သခင်က ပစ္စည်း တွေ ပြန်သယ်ဖို့ကို စောင့်နေလိုက်ရုံပါပဲ"

​လိပ်ကြီးနှင့် စကားအနည်းငယ်ပြောပြီးနောက် လျူ ယောင်သည် သူ၏အလုပ်လုပ်နေမှုအား အနှောင့်အ ယှက်မပေးတော့ပေ။ပစ္စည်းများ၏ လေးပုံတစ်ပုံခန့် အား ပါးစပ်ထဲသို့ ထည့်ပြီးနောက် လိပ်ကြီး စတင် ထွက်ခွာလာခဲ့သည်။

နဂါးနက်ကြီးက နောက်ကနေ လိုက်ပါလာကာ နှစ် ကောင်သား ဝင်လာခဲ့သည့် အပေါက်ကြီးအတိုင်း မြေအောက်နေရာမှ ထွက်လာကာ ရေအနက်ပိုင်းမှာ ရှိသော မြောင်းကြီးသို့ ကူးခတ်လာကြ၏။မြောင်း ကြီးမှ ထွက်လာပြီးနောက် လိပ်ကြီးက နဂါးနက်အာ း ဆက်မလိုက်လာရန် အချက်ပြလိုက်ပြီး သူသည် လျင်မြန်စွာ ဟွာဟိုင်းမြို့သို့ ကူးခန်လာခဲ့၏။

​နဂါးနက်က သူ့ စိတ်ထဲမှ ရေရွတ်လိုက်သည်။

"အကြီးဆိုတဲ့အတိုင်း တကယ့်ကိုအကိုကြီးပါပဲ.. ဒီ အမြန်နူန်းက ငါ့အမြန်နူန်းထက် အဆပေါင်းများစွာ ပိုမြန်နေတာပဲ..."

​လိပ်ကြီး၏ ပျမ်းမျှအမြန်နှုန်းမှာ ရေမိုင် ၄၀၀ နီးပါး ရှိ၏။ထိုအရှိန်သည် လေယာဉ်တစ်စင်းနီးပါး မြန်နှု န်းနှင့် တူညီနေပေသည်။အတ္တလန္တိတ်သမုဒ္ဒရာမှ ဟွ ာဟိုင်းမြို့သို့ ရောက်ဖို့အတွက်မူ တောင်အမေရိက တိုက်၏ တောင်ဘက်စွန်းကို ပတ်သွားရမည်ဖြစ်၍ လိပ်ကြီးသွားရမည့် ရေမိုင်ခရီးမှာ သောင်းနှင့်ချီ ရှိ နေကာ ရှည်လျားလွန်းလှ၏။

နဂါးနက်သာဆိုပါက ထိုတာဝန်အား ပြီးမြောက်အေ ာင် လုပ်နိုင်စွမ်းမရှိပေ။လမ်းတစ်ဝက်တွင် အနား ယူရန်နှင့် အစာစားရန် လိုအပ်ပေသည်။

လိပ်ကြီး၏ ခွန်အားမှာ သာမန်မဟုတ်သောကြောင့် မြောင်းကြီးမှ ထွက်ခွာလာပြီးနောက် ရေမိုင် နှစ်ထေ ာင်မှ သုံးထောင်အထိ တစ်ဆက်တည်း ကူးခတ်လ ာ၏။စုစုပေါင်း ၇ နာရီမှ ၈ နာရီအထိ လိပ်ကြီး ကူး ခတ်လာတာဖြစ်ပြီး ထို့နောက်မှ အနားယူရန် ရပ်လို က်သည်။ထို့ကြောင့် သူသည် အစာစားရန်ပင် မလို အပ်ပေ။

.........

​ချန်ဒါရှန်း လက်ဝတ်ရတနာကုမ္ပဏီ၌.

​ချန်ဟီဖေး ပြန်ရောက်ပြီးနောက် ပထမဆုံးလုပ်သ ည့်အရာမှာ အထက်တန်းအမှုဆောင်များနှင့် အလ ယ်အလတ်အဆင့် အဓိကဝန်ထမ်းများအားလုံးကို အစည်းအဝေးခေါ်လိုက်ခြင်းပင် ဖြစ်၏။ဤတစ်ကြိ မ်တွင်မူ သူသည် အလွန်ကြီးမားသော အလုပ်တစ်ခု ကို ရရှိခဲ့သည်။

၎င်းမှာ ငါးမီတာအမြင့်ရှိသော ရွှေနွားလေးကောင် ရု ပ်ထုလုပ်ရမှာဖြစ်ပြီး တစ်ကောင်စီတွင် ရွှေ ၉၈ တန် အသုံးပြုရမည်ဖြစ်၏။၉၈ တန် ဖြစ်ရခြင်း၏ အဓိ က အကြောင်းအရင်းမှာ ယူနီဗာဆဲလ်တာဝါသည် ၉ ၈ ထပ်ရှိသောကြောင့် ဖြစ်သည်။ထို့ကြောင့် ရွှေနွား ကြီးတစ်ကောင်စီတွင် ရွှေ ၉၈ တန်စီ ပါဝင်ရခြင်းပ င်။

"သူဋေးက အစည်းအဝေးခေါ်တာ ဘာလို့လဲ မသိဘူ းဗျာ.."

​"ဟုတ်တယ်..တစ်ခုခု အရေးကြီးတာ ဖြစ်ပုံရတယ် ..မစ္စတာချန် ကုမ္ပဏီကို ပြန်ရောက်တာနဲ့ ချက်ချင်း အစည်းအဝေးခေါ်တယ်လို့ ကြားတယ်.."

​"အားလုံး ရမ်းမေးမနေပါနဲ့..သူဋေးပြန်လာတုန်းက ကျွန်တော် ကြည့်လိုက်တာ မျက်နှာ ကောင်းနေတယ် ဒီအစည်းအဝေးက မကောင်းတဲ့ကိစ္စဖြစ်လောက်မှာ မဟုတ်ပါဘူး"

​မိနစ်အနည်းငယ်အကြာတွင်မူ ချန်ဟီဖေးသည် ပျေ ာ်ရွှင်သောအမူအရာဖြင့် အစည်းအဝေးခန်းထဲသို့ ဝင်လာ၏။လူတိုင်းက သူ့မျက်နှာအမူအရာကို သတိ ထားမိကြကာ သူတို့၏ စိတ်ထဲတွင်မူ အံ့ဩနေကြ သည်။သူဋေးဆီမှာ ပျော်စရာသတင်းတစ်ခုခု ရှိနေ သလားဟု လူတိုင်း တွေးမိလိုက်ကြ၏။

​ချန်ဟီဖေး အစည်းခန်းထဲ ဝင်လာပြီးနောက် လူတို င်းကို လှည့်ပတ်ကြည့်ရှုကာ အမှုဆောင်အရာရှိချုပ် နေရာတွင် ထိုင်လိုက်ပြီး ဘာမှကွေ့ပတ်မပြောတော့ ဘဲ တိုက်ရိုက်ပင် ပြောလိုက်သည်။

​"အားလုံးပဲ..ကျွန်တော် သတင်းကောင်းတစ်ခု ပြော ပြချင်ပါတယ်.. ကျွန်တော် ခုနတင် အလုပ်ကြီး တ စ်ခု လက်ခံလိုက်ရတယ်.. ကျွန်တော်တို့ ကုမ္ပဏီစတ င် တည်ထောင်ခဲ့ပြီးကတည်းက ဒီလိုအလုပ်ကြီးမျိုး ကို တစ်ခါမှ မရဖူးသေးဘူး.."

​"ဘယ်လို.. အလုပ်ကြီးတစ်ခု လက်ခံရရှိပြီတဲ့လား.."

​လူတိုင်းနီးပါးသည် စိတ်ဝင်စားမှုများစွာ ပြသ လာ ကြ၏။အချို့ကမူ မနေနိုင်တော့ဘဲ မေးမြန်းလိုက် သည်။

"ဘယ်လိုအလုပ်ကြီးမို့လို့ ဒီလောက်ပျော်နေရတာလဲ သူဋေး.."

​ချန်ဟီဖေးက ရယ်မောလိုက်ပြီး ရှင်းပြလိုက်၏။

"တစ်စုံတစ်ယောက်က ရွှေနွားကြီး လေးကောင်ကို သွန်းလုပ်ပေးဖို့ ကျွန်တော်တို့ကို အပ်နှံခဲ့တယ်.."

"ဗျာ..​ဒါပဲလား.."

​"သူဋေး..ဒါက ဘာမှမဟုတ်ပါဘူး..ရွှေနွားကြီးတွေ ဒီဇိုင်းဆွဲတာနဲ့ သွန်းလုပ်တာက ကျွန်တော်တို့ ကျွမ် းကျင်ပါတယ်.. ကျွန်တော်တို့ ရွှေနွားအမျိုးမျိုးကို ဒီဇိုင်းဆွဲဖူးတယ်..အချို့ဆိုရင် ဆိုင်တွေမှာတောင် ရောင်းနေရသေးတယ်လေ.."

​"ဟုတ်တယ်.. ဒါက အလုပ်ကြီးမဟုတ်ပါဘူး သူဋေး ရ လေးကောင်ပဲ ရှိတာ..အရေအတွက်က အရမ်းန ည်းလွန်းတယ်.."

​အစည်းအဝေးခန်းထဲမှာ ရုတ်တရက် ဆူညံသွားပြီး လူတိုင်းက ဒီကိစ္စကို တီးတိုးပြောဆိုနေကြသည်။ ချန်ဒါရှန်းကုမ္ပဏီ၏ အဓိကလုပ်ငန်းများထဲမှ တစ်ခု မှာ ရွှေဖြစ်ပေသည်။ဒီနှစ်က နွားနှစ်ဖြစ်သောကြော င့် သူတို့က နှစ်အစောပိုင်းကတည်းက ရွှေနွားအမျိုး မျိုးကို ထုတ်လုပ်ခဲ့ကြရာ ရွှေပမာဏသည် ဆယ်ဂရ မ်၊ရာဂရမ်မှ ထောင်ဂရမ်အထိ အမျိုးမျိုးရှိ၏။

အချို့ဆိုင်ကြီးများတွင်မူ ရွှေအလေးချိန် ကီလိုဂရမ် များစွာရှိပြီး တစ်ပေအမြင့်ရှိသော ရွှေနွားကြီးများ ပင် ရှိသေးသည်။

ထိုအရွယ်အစားနှင့် ရွှေပမာဏရှိသော ရွှေနွားများ ကိုမူ များသောအားဖြင့် သူဋေးကြီးများသာ ဝယ် ယူကာ သူတို့၏ ရုံးခန်းထဲတွင် ထားလေ့ရှိ၏။သို့တ ည်းမဟုတ် ကုမ္ပဏီကြီးအချို့က ဝယ်ယူ၍ ဧည့်ခံစာ းပွဲပေါ်တွင် အလှဆင်ကာ ကံကောင်းပြီး စီးပွားရေး တိုးတက်စေရန် မျှော်လင့်ကြခြင်းဖြစ်သည်။

​ဆန့်ကျင်ဘက်အနေဖြင့် ချန်ဟီဖေးမှာမူ ပြုံးလိုက် ကာ သူ့ပုံစံသည် အလွန် စိတ်ကောင်းဝင်နေပုံရ၏။ မိနစ်အနည်းငယ်ကြာပြီးနောက် သူ ကျယ်လောင်စွာ အော်ပြောလိုက်၏။

​"ကဲ..အားလုံးပဲ တည်ငြိမ်ကြပါ..ကျွန်တော့်စကား မဆုံးသေးဘူး.."

​လူအားလုံးမှာမူ တဖြည်းဖြည်း တိတ်ဆိတ်သွားပြီး ချန်ဟီဖေး နောက်ထပ် ဘာပြောမလဲဆိုသည်အား စောင့်ဆိုင်းနေကြသည်။

​ချန်ဟီဖေးက အသေးစိတ်ရှင်းပြလိုက်၏။

"ကျွန်တော်တို့ ဒီဇိုင်းဆွဲပြီး သွန်းလုပ်ရမယ့် ရွှေနွား ကြီး လေးကောင်က သာမန်မဟုတ်ပါဘူး.. အပ်နှံ တဲ့လူက ယူနီဗာဆယ် လုပ်ငန်းစုက သူဋေး လျူ ယောင် ဖြစ်ပါတယ်ဗျာ.."

"​ဪ..ယူနီဗာဆယ် လုပ်ငန်းစုကြီးတဲ့လား.."

​ထို့ ကြောင့်လည်း သူဋေးက ဤကဲ့သို့ အရေးတယူ ရှိနေခြင်း ဖြစ်လောက်ပေမည်။

​ချန်ဟီဖေးက လူတိုင်း ဘာတွေးနေသည်ကို ဂရုမစို က်ဘဲ ဆက်ပြောလိုက်၏။

"အပ်နှံတဲ့လူက ယူနီဗာဆယ် လုပ်ငန်းစုကြီး ဖြစ်ရုံ တင်မကဘူး.. ရွှေနွားကြီးရဲ့ အမြင့်က ၅ မီတာထက် ပိုရမယ်..ရွှေအသုံးပြုမှုက တစ်ကောင်ကို ၉၈ တန် ဖြစ်ရမယ်လို့ သတ်မှတ်ထားတယ်.."

"ဘာ.." "တကယ်ကြီးလား.."

​"အမလေး.."

​လူတိုင်းမှာမူ သူတို့နားများ တစ်ခုခုဖြစ်နေပြီလား ဟု သံသယဝင်သွားကြသည်။သူတို့သည် တစ်ယော က်ကိုတစ်ယောက် ကြောင်တောင်တောင် ကြည့်နေ ကြပြီး အချိန်အတော်ကြာသည်အထိ မတုံ့ပြန်နိုင် ခဲ့ကြပေ။

ရွှေနွားက ၅ မီတာထက် မြင့်၍ တစ်ကောင်ချင်းစီအ တွက် ရွှေအသုံးပြုမှုပမာဏက ၉၈ တန်အထိ ရှိပြီး ၎င်းမှာ ရွှေ ၉၈ တန် ဖြစ်ကာ ၉၈ ကီလို မဟုတ်ပေ။ လူတိုင်း၏အမြင်တွင်မူ ရွှေ ၉၈ ကီလိုဆိုလျှင်တော င်မှ နည်းနည်းကြောက်စရာကောင်းနေ၏။

​"သူဋေး..ကျွန်တော် နားမလည်လိုက်ဘူး.. တစ်ကော င်ကို ရွှေ ၉၈ တန်လား..လေးကောင်လုံးကိုလား"

​ချန်ဟီဖေးက တိတိကျကျ ပြန်ပြောလိုက်၏။

"ခင်ဗျားတို့ နားကြားမမှားပါဘူး..တစ်ကောင်ကို ရွှေ ၉၈ တန် အသုံးပြုတာ တကယ်မှန်ပါတယ်.. လေး ကောင်အတွက် စုစုပေါင်း ရွှေ ၃၉၂ တန်.. တန် ၄၀၀ နီးပါးပါပဲ.."

လူတိုင်း တိတ်ဆိတ်သွားကြသည်။

​အစည်းအဝေးခန်းတစ်ခုလုံး အလွန်တိတ်ဆိတ်သွား ပြီး လူတိုင်းမှာမူ ထိတ်လန့်တုန်လှုပ်သွားကြ၏။၎င်း သည် တကယ်ကို အလုပ်ကြီးပင် ဖြစ်သည်။ယူနီဗာ ဆယ်သည် လုပ်ငန်းစုကြီးဆိုသည့် ဂုဏ်ပုဒ်နှင့် တ ကယ် ထိုက်တန်ပေသည်။

ရွှေနွားကြီး လေးကောင်ကို သွန်းလုပ်ရန် ရွှေတန် ၄၀ ၀ နီးပါးကို အသုံးပြုခြင်းမှာ တကယ်ကို လေးစားစ ရာ ကောင်းလှ၏။

.........

​ယူနီဗာဆယ်တာဝါ၏ ရုံးခန်းထဲတွင်မူ...

​လျူယောင်က ချန်းဟူကို ခေါ်လိုက်ပြီး မေးလိုက်သ ည်။

"မင်းကို ငါ အမိန့်ပေးထားတာတွေ လုပ်ပြီးပြီလား.."

​"အကုန်ပြီးပါပြီ သူဋေး..ကားတစ်စီးစာ စတီးလ်သေ တ္တာအသေး အလုံးတစ်ရာပါခဗျ.."

​"ကောင်းပြီ..အခု အဆင်သင့်ဖြစ်ပြီဆိုတော့ ပင်လ ယ်ကမ်းခြေ ဘေးက ဂိုဒေါင်ကို သွားကြရအောင်.."

​မနက်မိုးလင်းချိန်တွင်မူ လိပ်ကြီး ရောက်လာခဲ့၏။ လမ်းခရီးတွင် သူသည် နှစ်ခါသာ ရပ်နားခဲ့ပြီး အစာ မစားဘဲ ရေမိုင် ၁၀,၀၀၀ ခရီးအား နာရီ ၃၀ အတွင်း တစ်ဆက်တည်း ကူးခတ်လာခြင်းပင် ဖြစ်သည်။

All Chapters