ဒီလောက်များတဲ့ ရွှေတွေကို ကျွန်တော် တစ်ခါမှ မမြင်ဖူးဘူး
Vol. 43 Ch. 525
ယူနီဗာဆဲလ်တာဝါတွင်မူ လျူယောင် ထရပ်ပြီး ရုံးခ န်းကြီးကနေ ထွက်လာရာ ချန်းဟူက နောက်ကနေ လျင်မြန်စွာ လိုက်ပါလာသည်။
ယူနီဗာဆယ်လ်တာဝါ၏ ဝင်ပေါက်၌ ကားသုံးစီး ရ ပ်ထား၏။ပထမဆုံးမှာ အော့ရုဒ်ကား ဖြစ်ပြီးအလ ယ်မှာမူ လျူယောင်ကားဖြစ်ကာ နောက်ဆုံးမှာတော့ ကုန်တင်ကားတစ်စီး ဖြစ်သည်။
"ကားပေါ်တက်..ပင်လယ်ကမ်းစပ်ဘေးက ဂိုဒေါင် ကို ငါတို့ သွားရအောင်.."
လျူယောင် ကားထဲ ရောက်သည်နှင့် ယာဉ်မေား၏ ဘေးခုံမှာ ထိုင်နေသည့် ချန်းဟူအား လက်ဝှေ့ယမ်း ရင်း ပြောလိုက်သည်။ကားကိုမူ ကျောက်ဟုန်ဖူက ကျွမ်းကျင်စွာ မောင်းနေ၏။
မိနစ်လေးဆယ်၊ငါးဆယ်လောက် မောင်းပြီးနောက် ပင်လယ်ကမ်းစပ်ဘေးဂိုဒေါင်သို့ လျူယောင်တို့ရော က်လာကြသည်။
ဂိုဒေါင်တံခါးဖွင့်လိုက်တော့ ကုန်တင်ကားက အထဲ သို့ မောင်းဝင်သွားကာ လျူယောင်တို့ ကားတွေမှာမူ အပြင်မှာ ရပ်နေကြ၏။
အော့ရုဒ့်ကားပေါ်ကနေ ကိုယ်ရံတော်အနည်းငယ်ဆ င်းလာကာ အခြားလူတွေ အနားမလာနိုင်အောင် အ ပြင်၌ ရပ်စောင့်နေကြသည်။
ဂိုဒေါင်ထဲ ဝင်လာတဲ့သူတွေကတော့ လျူယောင် ယုံကြည်ရတဲ့သူတွေ ဖြစ်ပြီး အားလုံးလည်း အဆင့် မြင့် မျိုးရိုးဗီဇပြောင်းဆေးတွေ သောက်ထားခဲ့၏။ ထို့ကြောင် ဤလူတွေအား လျူယောင် ယုံကြည် စိတ်ချရသည်။
ကုန်တင်ကား မောင်းဝင်လာတော့ လျူယောင်က လ က်ဝှေ့ယမ်းကာ ပြောလိုက်၏။
"ချန်းဟူ.. ဂိုဒေါင်တံခါးကို သွားပိတ်လိုက်.."
သူဋေးက ဘာကြောင့် ဒီလောက်အလျင်စလို ဂိုဒေါ င်တံခါးပိတ်ခိုင်းလဲ ဆိုသည်အား ချန်းဟူနားလည် သွား၏။ဂိုဒေါင်ရဲ့ အလယ်မှာမူ ပစ္စည်းတွေ အပုံလို က်ရှိနေကာ တောင်ကုန်းတစ်ခုလိုတောင် ဖြစ်နေသ ည်။
"ဘာလဲ ရွှေတွေလား.."
"ကျောက်မျက်ရတနာတွေလည်း ရှိနေတာပဲ.. ဘုရား ရေ ပုံသဏ္ဍာန်အမျိုးမျိုးရှိတဲ့ ကျောက်မျက် ရတနာ တွေရောပဲဟ.."
ချန်းဟူ လုံးဝ ကြောင်အသွားပြီး သူ အမြင်မှားနေ တာဟု ထင်မိလိုက်သည်။သို့ပေမဲ့ လျူယောင်က ခေါင်းညိတ်ပြပြီး တိုက်ရိုက်ပြောလိုက်၏။
"ဟုတ်တယ်.. ဒါတွေက ရွှေတွေနဲ့ ကျောက်မျက်ရ တနာတွေပဲ.."
"အာ..တကယ် ရွှေတွေနဲ့ ကျောက်မျက်ရတနာတွေပဲ ဟ.."
ကုန်တင်ကားပေါ်မှ ဆင်းလာသည့် ကိုယ်ရံတော်များ သာမကချန်းဟူနှင့် ကျောက်ဟုန်ဖူတို့ အပါအဝင် လူအားလုံးမှာ ရွှေနဲ့ ကျောက်မျက်ရတနာပုံဆီကို အ မြန် လျှောက်လာကြသည်။
ထိုနေရာတွင် ရွှေတုံး၊ရွှေခဲ၊ရွှေဒင်္ဂါးနှင့်အမျိုးစုံလင် လှသော ရွှေထည်များမှာမူ ဝင်းကနဲ လင်းလက်နေ ၏။ထို့အပြင် စိန်၊ ပတ္တမြား၊နီလာနှင့် အမည်ပင် မ သိနိုင်သော ရှားပါးကျောက်မျက်ရတနာများလည်း မြောက်မြားစွာ ရှိနေသည်။
လျူယောင်က ပစ္စည်းပုံကြီးကို စိတ်ကျေနပ်စွာ ကြ ည့်ပြီး စိတ်ထဲမှ ကျေနပ်စွာ တွေးလိုက်၏။
"ဒါတောင် လေးပုံတစ်ပုံလောက်ပဲ ရှိသေးတယ် မြေ အောက်ထဲမှာ နောက်ထပ် သုံးပုံတစ်ပုံလောက် ကျန် နေသေးတယ်.."
"အားလုံး..ကြောင်မနေကြပါနဲ့တော့..ရွှေဒင်္ဂါးတွေနဲ့ ကျောက်မျက်ရတနာတွေကို စတီးလ်သေတ္တာထဲ ထ ည့်လိုက်ကြ.. "
လျူယောင့် အသံကို ကြားလိုက်တော့ လူအားလုံးမှ ာ သတိပြန်ဝင်လာပြီး လျူယောင့်၏ ညွှန်ကြားချ က်အတိုင်း အလုပ်တွေ စလုပ်လိုက်ကြသည်။
ထို ရွှေအုတ်ခဲတွေ၊ရွှေတုံးတွေ၊ ရွှေပြားတွေကိုတော့ အခြေခံအားဖြင့် ရွှေနွားကြီးလေးကောင် သွန်းလုပ် ဖို့အတွက် သယ်သွားကြမှာပင် ဖြစ်၏။
ရွှေဒင်္ဂါးအချို့မှာမူ လွန်ခဲ့သည့် ရာစုနှစ်ပေါင်းများစွ ာက ဖြစ်နိုင်သောကြောင့် ရွှေ စျေးနှုန်းထက် အမျ ားကြီးပိုပြီး တန်ဖိုးရှိနေသည်။လျူယောင်က ရွှေဒ င်္ဂါးများအား ရွေးထုတ်ခိုင်းလိုက်သည်။
လူအင်အားတောင့်တင်းပြီး အလုပ်အကိုင်လည်း ကျွမ်းကျင်သူများဖြစ်ရာ ချန်းဟူ၊ကျောက်ဟုန်ဖူနှင့် အခြားသူများအပါအဝင် စုစုပေါင်း လူခြောက်ယော က်စလုံးသည် အားသွန်ခွန်စိုက် လုပ်နေကြ၏။သူတို့ အားလုံးသည် ရွှေပုံကြီးထဲမှ ရွှေဒင်္ဂါးများနှင့် ကျော က်မျက်ရတနာများအား တစ်ခုမကျန် ရွေးထုတ်ကာ စတီးလ်သေတ္တာများထဲသို့ ထည့်လိုက်ကြသည်။
ခဏအတွင်းမှာပင် စတီးလ်သေတ္တာကြီးတစ်လုံးမှာ မူ ရွှေဒင်္ဂါးများဖြင့် ပြည့်လျှံသွား၏။ရွှေ၏ သိပ်သ ည်းဆမှာ မြင့်မားလှသဖြင့် ထိုသေတ္တာတစ်လုံးတ ည်း၏ အလေးချိန်ပင် ကီလိုဂရမ် ၁၀၀ ပိဿာ ၆၀ ကျော် ခန့် ရှိမည်ဟု ခန့်မှန်းရသည်။
ထိုရွှေဒင်္ဂါးသေတ္တာများအား ကုန်တင်ကားပေါ်သို့ တစ်လုံးပြီးတစ်လုံး အဆင့်ဆင့် တင်လိုက်ကြသည်။ မိနစ်အနည်းငယ်ကြာတိုင်း သေတ္တာတစ်လုံးနှုန်းဖြင့် ပြည့်သွားပြီး ၎င်းတို့ထဲတွင် ရွှေဒင်္ဂါးများသာမက ရောင်စုံလင်းလက်နေသည့် ကျောက်မျက် ရတနာ အမျိုးမျိုးလည်း ပါဝင်နေပေသည်။
လူခြောက်ယောက်တည်း ဖြင့် တစ်နာရီကျော်မျှ အာ းသွန် ခွန်စိုက် လုပ်ကိုင်ပြီးနောက်တွင်မူ ရွှေဒင်္ဂါး သေတ္တာ ခြောက်လုံးအပြည့် ရခဲ့၏။ထိုသေတ္တာများ ထဲတွင် ရွှေဒင်္ဂါးအရေအတွက် ၂၀,၀၀၀ မှ ၃၀,၀၀၀ ခန့်အထိ ရှိနိုင်ပြီး ကျောက်မျက်ရတနာများမှာလည် း သေတ္တာငါးလုံးစာ စုစုပေါင်း ကာရက် တစ်သန်း ကျော်ခန့်အထိ ရှိနိုင်မည်ဟု ခန့်မှန်းရသည်။
"သူဋေး အားလုံး ရှင်းလင်းပြီးပါပြီ..ကျန်တာက ရွှေ တုံးတွေ...ရွှေခဲတွေ..ရွှေပြားတွေပါပဲခဗျ.."
လျူယောင် ခေါင်းညိတ်ပြလိုက်ပြီး ဖုန်းခေါ်ဆိုလိုက် ၏။
"မစ္စတာချန်..အဆင်သင့် ဖြစ်ရင် လာနိုင်ပါပြီဗျ.."
"အားလုံး အဆင်သင့်ပါပဲ မစ္စတာလျူ ခင်ဗျားဆီက သတင်းကိုပဲ စောင့်နေကြတာပါ."
ဂိုဒေါင်သို့ လျူယောင် မလာကတည်းက ချန်ဟီဖေ းထံသို့ ဖုန်းဆက်၍ ကြိုတင်မှာကြားထားပြီးသား ဖြစ်သည်။လူအင်အား အမြောက်အမြား မဟုတ် သော်လည်း အဓိကအားဖြင့် အလွန်ယုံကြည်စိတ်ချ ရသည့် လူယုံတော်များကိုသာ ရွေးချယ်လာရန်နှင့် ရွှေများထည့်ရန်အတွက် လိုအပ်သည့် သေတ္တာများ နှင့် ကားများကိုပါ တစ်ပါတည်း ပြင်ဆင်လာရန် ပြောဆိုခဲ့ခြင်းဖြစ်၏။
အကြောင်းရင်းမှာ ရွှေတန်ချိန် ၃၀၀ မှ ၄၀၀ ခန့်အ ထိ များပြားလှသော ပမာဏအား ချန်ဟီဖေးထံသို့ တိုက်ရိုက်လွှဲပြောင်းပေးအပ်ရမည် ဖြစ်သောကြော င့်ပင်။
ရွှေတန်ချိန် သုံး၊လေးရာဆိုသည့် ပမာဏအား တွေး ကြည့်ရုံမျှဖြင့် ချန်ဟီဖေး၏ ရင်ထဲတွင်မူ တဒိန်း ဒိန်း ခုန်နေကာ အလွန်အမင်း စိတ်လှုပ်ရှားနေမိသ ည်။သူသည် ရွှေနှင့် ရတနာလုပ်ငန်းလောကတွင် နှစ် ပေါင်းများစွာ ကျင်လည်ခဲ့သူ ဖြစ်သော်လည်း ဤမျှ များပြားလှသော ရွှေပုံကြီးကိုမူ တစ်သက် နှင့်တစ် ကိုယ် တစ်ခါမျှ မမြင်ဖူးခဲ့ချေ။
သူ့တစ်ဘဝလုံးတွင် ရွှေတန်ချိန် သုံး၊လေးတန်ကို မြ င်ဖူးခဲ့သလို ဆယ်တန်ကျော် ပမာဏကိုလည်း ကြုံဖူ းခဲ့၏။သို့ပေမဲ့ ယခုကဲ့သို့ တန်ချိန် ရာနှင့်ချီသည့် "ရွှေတောင်ကြီး" ကိုမူ အိမ်မက်ထဲတွင်ပင် သူ ထည့် မမက်ဖူးခဲ့ပေ။
ထိုမျှများပြားသည့်ရွှေတွေအား ကုန်တင်ကားကြီး တွေနှင့် သယ်မည်ဆိုလျှင် တစ်ကြိမ်ကို တန် ၂၀ က နေ ၃၀ ထိပဲ သယ်နိုင်လျှင်တောင် ၁၀ ကျော်လော က် သယ်ရပါလိမ့်မည်။
လျူယောင်၏ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိပြီနောက် ချန်ဖေးဟိုင်သည် အချိန်ဆွဲမနေဘဲ လူအင်အား၊ကာ းအင်အားတို့ဖြင့် ချက်ချင်းပင် ထွက်ခွာလာခဲ့သည် ။လျူယောင်အနေဖြင့်လည်း အကြာကြီး စောင့်လို က်ရခြင်းမရှိဘဲ သူတို့အဖွဲ့မှာ ဂိုဒေါင်သို့ လျင်မြန်စွာ ရောက်လာကြ၏။
"မစ္စတာလျူ..ကျွန်တော်တို့ ရောက်ပါပြီ.."
ဂိုဒေါင်ရှေ့သို့ ရောက်လာသည်နှင့် ချန်ဟီဖေးက ကားပေါ်မှ အပြေးအလွှားဆင်းကာ အဝေးကနေ လှ မ်း၍ အားတက်သရော နှုတ်ဆက်လိုက်သည်။
လျူယောင်ကလည်း သူ့ကို ဖော်ဖော်ရွေရွေ လက်ဆွဲ နှုတ်ဆက်ပြီးနောက် ချန်ဟီဖေးနှင့်အတူ ပါလာသ ည့် လူ ၇ ဦး၊၈ ဦးခန့်နှင့် ကုန်တင်ကားကြီး နှစ်စီးကို ကြည့်ကာ ကျေနပ်သည့်အမူအရာဖြင့် ခေါင်းညိတ် ပြလိုက်သည်။
"လာ..အထဲကို သွားကြမယ်..အဲဒီကုန်တင်ကားနှစ်စီ း ဝင်လာလို့ရတယ်..တခြားကားတွေ ဝင်စရာ မလို ပါဘူး.."
လျူယောင်ရဲ့ ကုန်တင်ကားက အရင်ထွက်သွားပြီး ရွှေဒင်္ဂါးတွေနဲ့ ကျောက်မျက်ရတနာတွေကို သယ်သွ ားကာ ဂိုဒေါင်ကြီးက လွတ်နေသောကြောင့် ကုန် တင်ကားကြီးနှစ်စီး ဝင်သည်မှာ ပြဿနာမရှိပါပေ။
အထဲဝင်လာသည်နှင့် ချန်ဟီဖေး အံ့အားသင့်သွား ၏။
သူကတော့ လောကဓံအမျိုးမျိုးကို ကြုံတွေ့ဖူးသူမို့ အတော်အတန် တည်ငြိမ်နေနိုင်သော်လည်း သူ၏ လက်အောက်ငယ်သား ခုနစ်ရှစ်ယောက်မှာမူ ထိန်းမ နိုင်သိမ်းမရ ဖြစ်နေကြသည်။
အမှန်စင်စစ် သင်ကိုယ်တိုင်သာဆိုလျှင်လည်း ထိန်း ထားနိုင်မည်မဟုတ်ပေ။
အကြောင်းမှာ ဂိုဒေါင်အလယ်တွင် ပုံထားသော ရွှေ များမှာ ရွှေတောင်ကြီးတစ်ခုအလား တောင်ပုံရာပုံ ရှိနေပြီး အနည်းဆုံး ရွှေတန်ချိန် သုံးလေးရာခန့် ရှိ နေသောကြောင့်ပင်။
ချန်ဟီဖေးက အသက်ပြင်းပြင်း ရှူလိုက်ကာ ပြောလို က်၏။
"မစ္စတာလျူ..ကျွန်တော့်ဘဝမှာ ဒီလောက်များတဲ့ ရွှေတွေကို တစ်ခါမှ မမြင်ဖူးပါဘူးဗျာ.."
လျူယောင်က အနည်းငယ်ပြုံးပြီး လက်ဝှေ့ယမ်း ကာ ပြန်ပြောလိုက်သည်။
"မစ္စတာချန်..ခင်ဗျားရဲ့ လူတွေကို စစ်ဆေးခိုင်း.. ပြီး တော့ အရင် ချိန်တွယ်ပြီးမှကားပေါ်တင်လိုက်ပါ ရွှေ နွားကြီးလေးကောင် သွန်းလုပ်ဖို့ လိုအပ်တဲ့ ရွှေတွေ ကို ကျွန်တော် အရင်ပေးထားပါ့မယ်.."
ချန်ဖေးဟိုင်က စိတ်လှုပ်ရှားမှုကို မနည်းထိန်းချုပ် ရင်း "ကောင်းပြီ..ကောင်းပြီ..ကောင်းပြီ.." ဟု သုံး ကြိမ်တိုင်တိုင် ရေရွတ်လိုက်သည်။ထို့နောက် ကျွမ်း ကျင်သူများကို ချက်ချင်းခေါ်ကာ ရွှေများကို စစ် ဆေးရန် စီစဉ်လိုက်၏။
စစ်ဆေးချက်များအရ ထိုရွှေများအားလုံးမှာ အညစ် အကြေး ကင်းစင်လှပြီး အရည်အသွေး အလွန်မြင့်မ ားနေသည်ကို သူ တွေ့လိုက်ရသည်။ အနိမ့်ဆုံးသန့် စင်မှုမှာ ၁၈ ကာရက်အထက်တွင် ရှိနေပြီး အများစု မှာမူ ၂၂ ကာရက် အထက်ရှိသော ရွှေစင်ရွှေသန့်မျာ းသာ ဖြစ်နေ၏။
ရွှေတွေရဲ့ အရည်အသွေးကို အတည်ပြုပြီးတာနဲ့ ချ န်ဟီဖေးရဲ့ လူတွေဟာ ရွှေတွေကို စနစ်တကျ ချိန်တွ ယ်ပြီး သေတ္တာအသီးသီးထဲ ထည့်သွင်းကာ ကားပေ ါ်သို့ အပြိုင်အဆိုင် တင်လိုက်ကြ၏။
ထိုနေရာတွင် လူအားလုံး အလုပ်ရှုပ်နေကြသလို ရွှေ များအပြည့်တင်ဆောင်ထားသည့် ကားကြီး များသ ည်လည်း တစ်စီးပြီးတစ်စီး မနားတမ်း ထွက်ခွာနေ ကြသည်။ဤသို့ဖြင့် ထိုလုပ်ငန်းစဉ်ကြီးမှာ မနက်ခ င်းမှသည် ညနေစောင်းတိုင် ထိုမှ တစ်ဆင့် ညနက်ပို င်းအထိပင် အရှိန်အဟုန်ဖြင့် ဆက် လက်ဖြစ်ပွားနေ ခဲ့သည်။
စုစုပေါင်း ရွှေ ၄၀၂ တန်နဲ့ ၂၁၈ ကီလိုဂရမ်ကျော် ဖြ စ်ကာ တန် ၄၀၀ ကျော်မှာ ရွှေနွားကြီးလေးကောင် သွန်းလုပ်ဖို့ လုံလောက်၏။လျူယောင်က ရွှေအနည် းငယ်ကို ဟွာဟိုင်းဖွံ့ဖြိုးရေးဘဏ်ရဲ့ ဘဏ်တိုက်မှ ာ ယာယီသိမ်းထားဖို့ စီစဉ်လိုက်သည်။
........
နောက်တစ်နေ့ နံနက်
သူ၏ရုံးခန်းအတွင်းရှိ စားပွဲအကျယ်ကြီးပေါ်၌ ရွှေ ဒင်္ဂါး ရာပေါင်းများစွာကို ဖြန့်ခင်းထားသည်အား လျူယောင် တွေ့လိုက်ရ၏။ထိုရွှေဒင်္ဂါးများသည် ခေတ်ကာလ အမျိုးမျိုးမှ ဒီဇိုင်းလက်ရာ အမျိုးမျိုး ဖြင့် စုံလင်လှပေသည်။
ရွှေဒင်္ဂါးများအပြင် ကျောက်မျက်ရတနာအချို့ကို လည်း ထုတ်ယူကြည့်လိုက်သေးသည်။လျူယောင် မှာမူ ကျောက်မျက်ရတနာကျွမ်းကျင်သူ တစ်ဦးမဟု တ်သော်လည်း စားပွဲပေါ်ရှိ ရတနာများထဲတွင် စိန် ကြမ်းများ၊နီလာနှင့်ပတ္တမြားများ ပါဝင်နေသည်ကို တော့ သူ အတတ်ပြောနိုင်၏။
"ဒေါက်..ဒေါက်..ဒေါက်"
ထိုစဉ်မှာပင် ရုံးခန်းတံခါးခေါက်သံ ထွက်ပေါ်လာသ ည်။
လျူယောင်သည် စားပွဲပေါ်ရှိ အဖိုးတန်ရွှေဒင်္ဂါးများ နှင့် ကျောက်မျက်ရတနာများကိုမူ သိမ်းဆည်းခြင်း မပြုဘဲ ထိုအတိုင်းပင် ထားရှိကာ အော်ပြောလိုက် ၏။
"ဝင်လာခဲ့"