← Chapters

ရေအောက်ချောက်နက်ကြီးထဲသို့ ဝင် ရောက်ခြင်း

Vol. 43 Ch. 527

ရေအောက်ချောက်နက်ကြီးထဲသို့ ဝင် ရောက်ခြင်း

Vol. 43 Ch. 527

တင်းဝိန်သည် ရှားပါးရွှေဒင်္ဂါးနှစ်ပြားကို ဓာတ်ပုံ ၁၀ ပုံကျော် ရိုက်ပြီး အကောင်းဆုံးပုံများ ရွေးချယ်ကာ စာတစ်စောင်နှင့်အတူ ပို့လိုက်သည်။

"ကျေးဇူးပြုပြီး တန်ဖိုးဖြတ်ပေးပါအုံး ဒီရွှေဒင်္ဂါးနှစ် ပြားက အစစ်ဖြစ်တယ်လို့ ကျွန်တော်ထင်ပါတယ်.."

တင်းဝိန် ထိုသို့ ပုံနှင့်တကွ တင်လိုက်သည်နှင့် အဖွဲ့ ထဲတွင်မူ ဆူညံသံတွေ ထွက်ပေါ်လာ၏။

"ဒါ ဖလောရင် သိမ်းငှက်နှစ်ကောင်နဲ့ တူတယ်.."

"ဖတ်စ်..တကယ်ဆိုရင်တော့ ကိစ္စကြီးပဲ.."

"ငါ့အထင် ၈၀ ရာခိုင်နှုန်းက အတုတွေပဲ..အစစ်မဟု တ်လောက်ဘူး.."

"ငါလည်း အဲလိုပဲ ထင်တယ်"

...

အဖွဲ့ဝင်များ၏ ဆူညံငြင်းခုံသံများက ရေငုပ်နေသူ များကိုပင် ဆွဲထုတ်လိုက်သကဲ့သို့ ရှိသည်။ထို မြင် ကွင်းကြောင့် တင်းဝိန်မှာ အားရပါးရ ရယ်မိလိုက်၏ ။ဓာတ်ပုံအနည်းငယ်၏ သက်ရောက်မှုက ဤမျှကြီး မားလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မတွေးခဲ့ဖူးချေ။

​ရုတ်တရက်ဆိုသလို ရှေးဟောင်းဒင်္ဂါး ကျွမ်းကျင် သူတစ်ဦး၏ အာမေဍိတ်သံ ထွက်ပေါ်လာသည်။

“ဘာ..ဒါ အစစ်ဖြစ်နေတာလား..”

​ဤစကားတစ်ခွန်းက မီးလောင်ရာ လေပင့်လိုက်သ လို ဖြစ်သွားပြီး အဖွဲ့တစ်ခုလုံး ပွက်လောရိုက်ကုန်သ ည်။အမြဲတမ်း တိတ်ဆိတ်စွာ စောင့်ကြည့်တတ် သ ည့် နာမည်ကျော် စုဆောင်းသူ ယွမ်ဇီဖျင်ပင်လျှင် ယ နေ့တွင်မူ မနေနိုင်တော့ပေ။ဖုန်းမျက်နှာပြင်ပေါ်က ထူးခြားသော လှုပ်ရှားမှုများက သူ့ကို ဆွဲဆောင်သွာ းခဲ့ပြီး ချက်ချင်းဆိုသလိုပင် စူးစမ်းလေ့လာရန် ရောက်လာခဲ့၏။

​ဖုန်းထဲသို့ တဖွဲဖွဲဝင်လာနေသော အကြောင်းကြားစာ များက ပုံမှန်ထက် ထူးခြားနေသဖြင့် တစ်ခုခု အကြီ းအကျယ် ဖြစ်နေပြီဆိုသည်အား ယွမ်ဇီဖျင် ရိပ်မိ လိုက်သည်။အဖွဲ့ထဲသို့ သူ ဝင်ကြည့်လိုက်သည့် ခ ဏ၌ပင် ဆွံ့အမှင်သ က်သွားရ၏။

​"ဒါ... ဒါ တကယ်ကြီး ဖလောရင် ရွှေဒင်္ဂါးတွေပဲ.."

​ထိုဒင်္ဂါးများသည် လွန်ခဲ့သော နှစ်ပေါင်းရာချီက ဥ ရောပအလယ်ခေတ်တွင် အသုံးပြုခဲ့သည့် အလွန်ရှာ းပါးသော ရတနာများဖြစ်သည်။လောလောဆယ် တွင်မူ ကမ္ဘာပေါ်၌ အသိအမှတ်ပြုထားသည့် စစ်မှန် သောဒင်္ဂါးမှာ နှစ်ပြားသာ ရှိသည်ဟု လူတိုင်း သိထ ားကြ၏။

​အစပိုင်းတွင် ယွမ်ဇီဖင်က မျက်စိမှားခြင်းသို့ မဟု တ် အတုသာဖြစ်မည်ဟု တွေးခဲ့သော်လည်း ဓာတ်ပုံ များကို အနီးကပ်စစ်ဆေးပြီး ကျွမ်းကျင်သူများ၏ သုံးသပ်ချက်ကို ဖတ်ကြည့်ပြီးနောက် သူ၏အမြင် မှာမူ ချက်ချင်းပင် ပြောင်းလဲသွားသည်။

​"မယုံနိုင်စရာပဲ... နောက်ထပ် အစစ်နှစ်ပြား ထပ်ထွ က်လာတာလား.."

သူ့ကဲ့သို့ပင် ဝါရင့်စုဆောင်းသူများမှာလည်း အိပ် ပျော်နေရာမှ နိုးလာသကဲ့သို့ လှုပ်လှုပ်ရှားရှား ဖြစ် ကုန်ကြသည်။ခဏချင်းမှာပင် တင်းဝိန်၏ ဖုန်းထဲသို့ ဖိတ်ခေါ်စာများနှင့် တောင်းဆိုမှုများ အလုအယက် ရောက်လာကြ၏။

​"မစ္စတာတင်းခင်ဗျာ. ကျွန်တော်တို့ဆီမှာ စုဆောင်း သူတွေရဲ့ ဖလှယ်ပွဲတစ်ခု ရှိပါတယ်..အဲဒီရွှေဒင်္ဂါးနှ စ်ပြားကို ယူလာပြီး တက်ရောက်ပေးဖို့ လေးစားစွာ ဖိတ်ကြားပါရစေ.."

​"တင်းဝိန်.. ကျွန်တော်တို့ မျက်စိပွင့်နားပွင့်ဖြစ်သွား အောင် ခင်ဗျားရဲ့ ရွှေဒင်္ဂါးနှစ်ပြားကို အနီးကပ် လာ ကြည့်ခွင့်ပြုပါဗျာ"

"သူဋေး တင်း"

တင်းဝိန်ထံသို့ ဆက်သွယ်လာသူမှာ တစ်ဦးစသဖြင့် မဟုတ်ဘဲ ဒါဇင်နှင့်ချီ၍ ရှိနေပြီး မိတ်ဆွေအဖြစ် အ လုအယက် ရင်းနှီးလိုသူများမှာ ရာဂဏန်းအထိ ရှိ နေသည်။ဓာတ်ပုံအနည်းငယ်က ဤမျှအထိ လှုပ်ခ တ်သွားစေလိမ့်မည်ဟု တင်းဝိန်ကိုယ်တိုင်လည်း မမျှော်လင့်ထားသဖြင့် သူ့ ရင်ထဲတွင်မူ တုန်လှုပ် ခြောက်ခြားကာ စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်၏။

​“အကိုယောင်ကတော့ အံ့မခန်းပဲ... ဒီလောက် ရှားပ ါးတဲ့ ရွှေဒင်္ဂါးတွေကို ဘယ်ကများ ရလာခဲ့တာလဲ မသိဘူး.."

​သို့ပေမဲ့ တင်းဝိန် မသိသည်မှာ လျူယောင် လက်ဝ ယ်တွင် ရှိနေသည့် ရွှေဒင်္ဂါးများမှာ ရာဂဏန်းမျှသာ မကဘဲ အနည်းဆုံး နှစ်သောင်းမှ သုံးသောင်း ဝန်း ကျင်အထိ ရှိနေသည်ဟူသောအချက်ပင်။

တကယ်သာ သိရှိသွားပါက တင်းဝိန်တစ်ယောက် မ ည်မျှအထိ မှင်တက်သွားမည်နည်း။

​ထိုမြေအောက်ခန်းတွင် ရွှေဒင်္ဂါးများနှင့်ရွှေတုံးကြီး များမှာ တောင်ကုန်းတစ်ခုသဖွယ် စုပုံနေ၏။အစွမ်း ထက်လှသော လိပ်ကြီးသည်ပင် ဤတစ်ကြိမ်၌ ရှိ သမျှရတနာများ၏ လေးပုံတစ်ပုံခန့်ကိုသာ သယ် ဆောင်လာနိုင်ခြင်းဖြစ်သည်။

​ဤမျှများပြားသော ရွှေနှင့် ကျောက်မျက်ရတနာမျ ားကို သယ်ယူပို့ဆောင်ရသည်မှာ လိပ်ကြီးအမူ တွ က် အလွန်ပန်းလှ၏။နာရီ ၃၀ ကျော်ကြာ ဆက် တို က်ခရီးနှင်ကာ ရေမိုင် ၁၀,၀၀၀ ကျော်ကို အစာမစား ဘဲ ဖြတ်သန်းခဲ့ရသည်။

လမ်းတစ်ဝက်တွင် နှစ်ကြိမ်မျှသာ ခဏတာနားခဲ့ရ သဖြင့် လိပ်ကြီးသည် ယခုအခါ အလွန်အမင်း ပင် ပန်းနွမ်းနယ်နေ၏။

တာဝန်ပြီးမြောက်သွားသည့်အခါ လိပ်ကြီးသည် သ ယ်ဆောင်လာသမျှ ရတနာများအား ပင်လယ် ကမ်း ခြေရှိ ဂိုဒေါင်ထဲ၌ အကုန်အစင် ချထားလိုက်သည်။

“ဟူး တစ်ခေါက်ပြီးသွားပြန်ပီ.”

​ထိုအခါမှသာ လိပ်ကြီးသည် သက်ပြင်းအရှည်ကြီး တစ်ချက် ချနိုင်လိုက်၏။ဂိုဒေါင်ထဲမှ ထွက်ခွာလာ ပြီးနောက် သူ ပထမဆုံးလုပ်သည့်အလုပ်မှာ လျူ ယောင်ထံသို့ ပစ္စည်းများရောက်ရှိကြောင်း အ ကြော င်းကြားခြင်းနှင့် ဟာလာဟင်းလင်းဖြစ်နေသော သူ ၏ဗိုက်ကို ဖြည့်တင်းခြင်းပင် ဖြစ်သည်။

​သူသည် ပင်လယ်ပြင်ထဲသို့ ရေမိုင်ရာနှင့်ချီ၍ အဝေ းသို့ ကူးခတ်သွားပြီးနောက် အစာရှာဖွေရန် စတင် လိုက်သည်။ဝေလငါးကြီးများ အပါအဝင် အလေး ချိန် တန်ချိန် ၄၀၀ မှ ၅၀၀ ခန့်ရှိသော ပင်လယ်သတ္တ ဝါကြီးများကို ဝဝလင်လင် စားလိုက်၏။

ပြီးနောက်တွင်မူ မှောင်ရိပ်ကျနေသော နေရာတစ်ခု၌ နာရီ ၁၀ ကျော်ကြာအောင် နှစ်နှစ်ခြိုက်ခြိုက် အိပ်စ က်အနားယူလိုက်သည်။

လိပ်ကြီး ​ပြန်လည်နိုးထလာချိန်တွင်မူ သူ့ ခန္ဓာကိုယ် အတွင်း၌ ခွန်အားများ ပြည့်ဝလာပြီး သွေးသစ်လေ ာင်းလိုက်သကဲ့သို့ လန်းဆန်းသွား၏။နောက်ထပ် ခရီးရှည်တစ်ခုအား ထပ်သွားနိုင်ပြီဟု ယုံကြည်ချ က်ရှိသွားသဖြင့် သူသည် လျူယောင်ထံသို့ ချက်ချ င်းပင် ဆက်သွယ်လိုက်သည်။

​“သခင်ရေ... နဂါးနက်ဆီမှာ ရွှေတွေနဲ့ ကျောက်မျက် ရတနာတွေ အများကြီး ကျန်ပါသေးတယ်.. အကုန် လုံးကို ကျနော် အခုပဲ ပြန်သယ်လာရမလား.”

​လျူယောင်က ခဏမျှ စဉ်းစားပြီးနောက် ခပ်အေး အေးပင် ပြန်ဖြေလိုက်သည်။

“အခုလောလောဆယ် မလိုသေးဘူး.. ပစ္စည်းတွေကို အဲဒီမှာပဲ အရင်ထားလိုက်ဦး.မင်းလည်း ပင်ပန်း နေ ပြီဆိုတော့ ရက်နည်းနည်းလောက် အနားယူလိုက်ပါ ဦး..မင်း စိတ်ကြိုက် လွတ်လွတ်လပ်လပ်သွား လာနို င်တယ်...”

​လျူယောင်အနေဖြင့် ပစ္စည်းအားလုံးကို တစ်ပြိုင်န က်တည်း မသယ်ခိုင်းရခြင်းမှာ ခိုင်လုံသော အကြော င်းရင်း နှစ်ခုရှိနေ၏။

​ပထမအချက်မှာ ပစ္စည်းများက များပြားလွန်းလှသ ဖြင့် ဟွားဟိုင်ဖွံ့ဖြိုးရေးဘဏ်၏ ဘဏ်တိုက်ကြီးပင် လျှင် ဆံ့နိုင်မည်မဟုတ်ပေ။သူ့ထံတွင်လည်း ထိုမျှမျ ားပြားသော ရတနာများကို သိမ်းဆည်းရန်အတွက် ပိုမိုလုံခြုံစိတ်ချရသည့် နေရာမျိုး လက်ရှိတွင် မရှိ သေးပေ။

​ဒုတိယအချက်မှာမူ နဂါးနက်ထံ၌ ထိုပစ္စည်းများကို သိမ်းဆည်းထားခြင်းက မည်သည့်ဘဏ်တိုက်ထက် မဆို ပိုမိုလုံခြုံမှုရှိခြင်းကြောင့် ဖြစ်၏။နောင်တွင် လို အပ်လာမှသာ လိပ်ကြီးအား အချိန်မရွေး စိတ်ကြို က် ပြန်သယ်ခိုင်း၍ ရသည်မဟုတ်ပေလော။

​ကျန်နေသေးသော ရတနာ သုံးပုံနှစ်ပုံကို လောလော ဆယ် ပြန်သယ်ရန် မလိုသေးကြောင်း သိလိုက်ရသ ဖြင့် လိပ်ကြီးမှာမူ စိတ်သက်သာရာ ရသွားသည်။ ထို့အပြင် ရက်အနည်းငယ်ကြာ လွတ်လွတ်လပ်လပ် ခရီးထွက်ခွင့် ရလိုက်ခြင်းကြောင့် သူ၏ ပင်ပန်းနွမ်း နယ်မှုများမှာ ချက်ချင်းပင် ပျောက်ကွယ်ကာ ဝမ်း သာပီတိ ဖြစ်သွားရ၏။

​ယခုအခါ လိပ်ကြီးသည် ခွန်အားများ ပြန်လည်ပြည့် ဖြိုးနေကာ ပစိဖိတ်သမုဒ္ဒရာ မြောက်ပိုင်းဆီသို့ လျှင် မြန်စွာ ကူးခတ်လာသည်။နာရီအနည်းငယ် အတွင်း မှာပင် အာကာသယာဉ် ပျက်ကျထားသည့် ပင်လယ် ရေပြင်သို့ သူ ရောက်လာခဲ့၏။

လွန်ခဲ့ သော နာရီ ၂၀ ခန့်က တန်ချိန် ၅၀၀ နီးပါးရှိ သော အစားအစာများကို စားပစ်ခဲ့သော်လည်း ယခု မူ သူ၏ဧရာမဗိုက်ကြီးက ပြန်လည်ဆာလောင်လာ ပြန်သည်။

​

လိပ်ကြီးသည် အာကာသယာဉ်ပျက်ကျရာနေရာသို့ တိုက်ရိုက်မသွားဘဲ အနီးအနားရှိ မှောင်မိုက်နက် ရှိုင် းသော ချောက်နက်ကြီးဆီသို့ လှည့်ထွက်လာ၏။ သူ၏ လှံရှည်ကြီးအား ကျစ်ကျစ်ပါအောင်ဆုပ်ကိုင် ရင်း အောက်ခြေမမြင်ရသည့် ထိုချောက်နက်ကြီးထဲ သို့ မကြောက်မရွံ့ဘဲ ကူးခတ်ဝင်ရောက်လာသည်။

​ရေအနက်ထဲသို့ တဖြည်းဖြည်း ဆင်းလာသည်နှင့် အမျှ လိပ်ကြီးသည် ချောက်နက်ကြီး၏ အောက်ခြေ ဆီသို့ တိုက်ရိုက် ကူးခတ်လာ၏။ရေအနက် ၄ ကီလို မီတာ၊ ၅ ကီလိုမီတာခန့်သို့ ရောက်သောအခါ ဧရာမ ရေဘဝဲကြီးတစ်ကောင်အား သူ စတင် တွေ့ရှိလိုက် ရသည်။

ရေအနက် မီတာ ၅,၀၀၀ ကျော်သို့ ထပ်မံဆင်းသက် လိုက်သည့်အခါတွင်မူ လိပ်ကြီး ၏ ထူးခြားသော အာရုံခံနိုင်စွမ်းအတွင်း၌ ဧရာမရေဘဝဲကြီးများစွာ မှာ တရွရွလှုပ်ရှားနေကြသည်အား သိသိသာသာ မြင်တွေ့နေရ၏။

​

အံ့ဩစရာကောင်းသည်မှာ ထိုရေဘဝဲကြီးများမှာ နှ စ်ကောင်၊သုံးကောင်မျှသာ ရှိနေခြင်း မဟုတ်ပေ။

အချင်း မီ တာ ၁,၀၀၀ အထိ လွှမ်းခြုံနိုင်သော သူ၏ အာရုံခံနယ်ပယ်အတွင်း၌ အနည်းဆုံး ခုနစ်ကောင်၊ ရှစ်ကောင်ခန့် ရှိနေခြင်းပင် ဖြစ်သည်။သို့ပေမဲ့ ထိုသ တ္တဝါကြီးများသည် ရေအောက်၏ အရှင်သခင် ဖြစ် သည့် လိပ်ကြီး ရောက်နေသည်ကိုမူ လုံးဝ သတိမ ပြု မိကြသေးချေ။

​

ထိုအုပ်စုထဲမှ အထွားကျိုင်းဆုံး ဧရာမရေဘဝဲကြီး တစ်ကောင်အား လိပ်ကြီး သတိထားမိလိုက်သည်။

ထိုရေဘဝဲကြီး၏ အလေးချိန်မှာ တန်.၄၀၀ ကျော် အထိ ရှိပြီး ၎င်း၏ ဧရာမလက်တံတစ်ချောင်းစီပင် မီတာ ၁၀၀ ကျော်ထိ ရှည်လျားနေ၏။ ​

"တွေ့ပြီ..မင်းပဲ.."

"ဒီနေ့တော့ မင်းက ငါ့ရဲ့ အစားအစာပဲ.."

ပစ်မှတ်ကို တွေ့လိုက်သည်နှင့် လျင်မြန်စွာ ကူးခတ် လာရာ အကွာအဝေး နီးလာတော့ ဧရာမရေဘဝဲကြီး သည် ဧည့်သည်တော် လိပ်ကြီးအား တွေ့လိုက်ရသ ည်။

သူ၏ ပထမဆုံး တုံ့ပြန်မှုမှာ လိပ်ကြီးနဲ့ တိုက်ခိုက်ဖို့ မဟုတ်ဘဲ ချက်ချင်း ထွက်ပြေးဖို့ပင်။

​အမှန်စင်စစ် ဤရေဘဝဲကြီးမှာ လိပ်ကြီးအတွက်မူ ကလေးကစားစရာမျှသာ ဖြစ်နေသည်။လိပ်ကြီး၏ ခန္ဓာကိုယ်မှာ ရေဘဝဲကြီးထက် များစွာပိုမိုကြီးမား သည့်အပြင် ခွန်အားချင်းမှာလည်း ထိပ်တိုက်ယှဉ်ရ န်ပင်မဖြစ်နိုင်ပေ။

ထို့အပြင် လိပ်ကြီးသည် ဤချောက်နက်ကြီးထဲသို့ အစာရှာရန် မကြာခဏ ဝင်ထွက်သွားလာနေကျ ဖြ စ်သဖြင့် ဤနေရာမှာရှိသော ဧရာမရေဘဝဲကြီးများ မှာ လိပ်ကြီး၏အရိပ်အယောင်ကို မြင်ရုံမျှဖြင့်ပင် တုန်လှုပ်ချောက်ချားနေကြပြီဖြစ်သည်။

လိပ်ကြီးက စိတ်ထဲမှ ကြုံးဝါးလိုက်၏။

​“မင်း ဘယ်ကို ပြေးနိုင်မှာလဲ... အသာတကြည်ပဲ အ ဖမ်းခံလိုက်စမ်းပါ..မလိုအပ်တဲ့ ခုခံမှုတွေ လုပ်မနေနဲ့ တော့..”

​လိပ်ကြီး၏ အရှိန်မှာ ဧရာမရေဘဝဲကြီးထက် များစွ ာ မြန်ဆန်လှသည်။ရေဘဝဲကြီးမှာ အသက်လု၍ အစွမ်းကုန် ထွက်ပြေးခဲ့သော်လည်း နှစ်မိနစ် မပြည့် မီမှာပင် လိပ်ကြီး၏ ကိုက်သတ်ခြင်းကို ခံလိုက် ရ ၏။သေဆုံးသွားသော ရေဘဝဲကြီးကို အခြားတစ် နေရာသို့ လိပ်ကြီး ဆွဲမသွားတော့ဘဲ ထိုနေရာမှာပင် ချက်ချင်း စားပစ်လိုက်သည်။

"ဝိုး အရသာရှိလိုက်တာ..ငါကြိုက်တယ်.."

​ဤအဖြစ်အပျက်ကြောင့် ကျန်နေသော ဧရာမရေဘ ဝဲကြီးများမှာမူ ထိတ်လန့်နေကြ၏။သူတို့သည် လိပ် ကြီးအား ဝိုင်းတိုက်ခိုက်ရန် နေနေသာသာ အသက် ဘေးမှ လွတ်မြောက်ရန်အတွက် တစ်ကောင်ပြီးတစ် ကောင် အလုအယက် ထွက်ပြေးနေကြသည်။

ခဏချင်းမှာပင် လိပ်ကြီး၏ အချင်းမီတာ ၁,၀၀၀ ရှိ သော အာရုံခံနယ်ပယ်အတွင်း၌ ရေဘဝဲတစ်ကောင် မျှ မရှိတော့ဘဲ ဟာလာဟင်းလင်း ဖြစ်သွား၏။

မိနစ် ၂၀ ကျော်အတွင်းမှာပင် တန် ၄၀၀ ရှိသော ရေ ဘဝဲကြီးသည် လိပ်ကြီး၏ ဝမ်းဗိုက်ထဲသို့ အစ အန ပင်မကျန် ဝင်ရောက်သွားသည်။သို့ပေမဲ့ ဤမျှနှင့် လိပ်ကြီးက အားရကျေနပ်ခြင်း မရှိသေးပေ။

သူ၏ ဗိုက်ထဲတွင်မူ ဟာလာဟင်းလင်းဖြစ်နေသော နေရာအချို့ ကျန်နေသေးသဖြင့် သူ၏လှံကြီးအား တင်းတင်းဆုပ်ကိုင်၍ ချောက်နက်ကြီး၏ အမှောင် ထုထဲသို့ ပိုမိုတိုးဝင်လာကာ နောက်ထပ် သားကောင် အား ရှာဖွေလိုက်၏။

All Chapters