ပါရေဘဝဲကြီး
Vol. 43 Ch. 528
ရေက ပိုပိုနက်လာပြီး မီတာ ၅,၀၀၀၊ ၆,၀၀၀ မှသည် ၇,၀၀၀ ကျော်အထိ ရှိလာသည်။
လိပ်ကြီးသည် သူ၏ ခန္ဓာကိုယ်အပေါ်သို့ ရေဖိအား သက်ရောက်မှုကို မခံစားရသဖြင့် မီတာ ၈,၀၀၀ သို့ မဟုတ် ၉,၀၀၀ အထိ ဆက်ဆင်းနိုင်သည်ဟု ယူဆ မိသော်လည်းသူ ဆက်မဆင်းဖြစ်ခဲ့ပေ။
ယခုရောက်နေသည့် နေရာသည် နဂါးနက်နှင့်အတူ လာခဲ့ဖူးသည့် ရေအောက်ချောက်ကြီး၏ အောက် ခြေနားဖြစ်၏။
ထိုနေရာသည် မီတာ ၈,၀၀၀ ခန့် နက်သော်လည်း ရေအောက်ချောက်တစ်ခုလုံး၏ အနက်ဆုံးအပိုင်း မ ဟုတ်သေးကြောင်းကို လိပ်ကြီး ထိုအခါမှ သဘော ပေါက်သွားသည်။
ပင်လယ်ရေအောက်ချောက်ကြီး၏ အောက်ခြေသ ည် အချို့နေရာများတွင် ပြန့်ပြူးနေသော်လည်း အ ချို့နေရာများတွင်မူ တစ်ကီလိုမီတာ နှစ်ကီလို မီတာ ခန့်သာ ကျယ်ပေသည်။အကျဉ်းဆုံးဟု ထင်ရသည့် နေရာများ၌မူ အကျယ်သည် တစ်ကီလိုမီတာပင် မ ပြည့်တော့ချေ။
လိပ်ကြီးသည် ထိုရေအောက်ချောက်ကြမ်းပြင်တစ် လျှောက် အေးအေးလူလူပင် ကူးခတ်နေခဲ့သည်။
သူ၏ ထက်မြက်လှသော အာရုံခံစနစ်အတွင်းသို့ ဧ ရာမရေဘဝဲကြီးများ ရံဖန်ရံခါ ဖြတ်သန်းဝင်ရောက် လာသည်ကို မြင်တွေ့နေရသော်လည်း လိပ်ကြီးကမူ စိတ်ဝင်စားပုံမပြပေ။အလေးချိန် တန် ၄၀၀ ကျော် ရှိသည့် ဧရာမရေဘဝဲကြီးတစ်ကောင်ကို ခုလေးတင် မှ စားသောက်ထားခြင်းဖြစ်၍ သူ့ ဗိုက်မှာ ဝအိနေပြီ ဖြစ်သည်။
ကီလိုမီတာ ဆယ်နှင့်ချီ၍ ခရီးဆက်လာပြီးနောက် ရေအပူချိန်မှာ သိသိသာသာ ပြောင်းလဲလာကြောင်း လိပ်ကြီး သတိပြုမိလိုက်သည်။ပတ်ဝန်းကျင်သည် အေးစိမ့်မနေတော့ဘဲ တဖြည်းဖြည်း နွေးထွေးလာခဲ့ သည်။သူ ရှေ့သို့ ဆက်လက်တိုးဝင်လေလေ အပူရှိ န်က ပိုမိုမြင့်တက်လာလေလေပင်။
နောက်ထပ် သုံးလေးကီလိုမီတာခန့် ကူးခတ်ပြီးသေ ာအခါ ရေအောက်ကြမ်းပြင်၌ အံ့မခန်းဖွယ်ရာ မြင် ကွင်းတစ်ခုကို လိပ်ကြီး တွေ့လိုက်ရ၏။ပင်လယ် ရေ၏ ပြင်းထန်လှသော ဖိအားကြောင့် မီးတောင် ချော်ရည်များသည် ပေါက်ကွဲထွက်မလာဘဲ အက် ကွဲကြောင်းများကြားမှ တဖြည်းဖြည်းချင်း တိုးထွ က်ကာ စုပုံနေကြခြင်းဖြစ်သည်။
ထိုမြင်ကွင်းအား လိပ်ကြီး တိတိကျကျ မမြင်ရသေ ာ်လည်း အမှောင်ထုထဲတွင် အနီရောင်အလင်းတန် းများဖြင့် လွန်စွာ ထူးခြားလှ၏။
လိပ်ကြီးသည် ပင်လယ်ကြမ်းပြင်၏ ဧရာမအက်ကွဲ ကြောင်းကြီးကို ဘေးမှပတ်၍ သတိကြီးစွာဖြင့် ရှေ့ ဆက် ကူးလာခဲ့သည်။အတန်ကြာအောင် ကူးခတ် ပြီးနောက်တွင်မူ ရေအပူချိန်မှာ ပုံမှန်အတိုင်း ပြန်လ ည်အေးမြသွား၏။ထိုအခါမှ လိပ်ကြီးသည် ခရီးကို ခေတ္တရပ်နားကာ ရှေ့မှမြင်ကွင်းအား အကဲခတ်ကြ ည့်လိုက်သည်။
ဤနေရာသည် ကြီးမားကျယ်ပြန့်သော ချိုင့်ဝှမ်းကြီ းတစ်ခုနှင့် တူနေ၏။
ချိုင့်ဝှမ်း၏ အောက်ခြေမှာ ပြန့်ပြူးနေသော်လည်း ဘေးတစ်ဖက်တစ်ချက်တွင်မူ ဓားဖြင့် တိတိရိရိ လှီ းဖြတ်ထားသကဲ့သို့ မတ်စောက်လွန်းသော ကျော က်နံရံကြီးများက ဒေါင်လိုက် တည်ရှိနေကြသည်။ ထိုကျောက်နံရံကြီးများ၏ အမြင့်မှာမူ မြင့်မားလွန်း လှသဖြင့် လိပ်ကြီး၏ ထက်မြက်လှသော အာရုံခံနို င်စွမ်း အတိုင်းအတာအတွင်း၌ပင် အဆုံးသတ်ကို မ မြင်နိုင်ခဲ့ချေ။
ထိုချိုင့်ဝှမ်းကြီးထဲတွင်မူ ဧရာမရေဘဝဲကြီးများမှာ အုပ်စုလိုက်၊အတန်းလိုက် နေထိုင်လျက်ရှိကြသည်။ လိပ်ကြီး၏ အာရုံခံအတိုင်းအတာအတွင်းမှာပင် ထို ဧရာမရေဘဝဲများမှာ ဆယ်ကောင်မက ရှိနေ၏။
အချို့မှာ တန် ၁၀၀၊ ၂၀၀ ခန့်ရှိပြီး အချို့မှာ မူ တန် ၃၀၀ ကျော်ထိ ကြီးမားလှသည်။အကြီးဆုံး အကော င်ကြီးများဆိုလျှင် တန် ၄၀၀ ကျော်ပင် ရှိလိမ့်မည် ဟု ခန့်မှန်းရသည်။
လိပ်ကြီး၏ ရုတ်တရက် ရောက်ရှိလာမှုကို သတိပြု မိသွားကြသောအခါ ငြိမ်သက်နေသော ချိုင့်ဝှမ်းကြီ းမှာမူ ဆူညံကုန်၏။အကောင်ငယ်လေးများမှာမူ ဘေးအန္တရာယ်ကို ကြိုတင်သိမြင်သည့်နှယ် ချက်ချ င်းပင် ထွက်ပြေးသွားကြသည်။
အကောင်ကြီးများမှာမူ ချက်ချင်းထွက်မပြေးသေး ဘဲ လိပ်ကြီးကို ရန်လိုသော အမူအရာဖြင့် ကြည့်ကာ ထွက်သွားရန် သတိပေးနေကြ၏။ထိုလုပ်ရပ်က လိ ပ်ကြီး၏ စိတ်မရှည်မှုကို ဆွပေးလိုက်သကဲ့သို့ ဖြစ် သွားကာ စိတ်ထဲမှ ဒေါသထွက်ကာသူ ကြုံးဝါးလို က်၏။
"အံမယ် တန် ၄၀၀ ကျော်လေးနဲ့များ ငါ့ကို သတိပေး ရဲတယ်ပေါ့..မင်းတို့က သေချင်နေတာပဲ"
ဘာမှ ထပ်မပြောတော့ဘဲ လိပ်ကြီးသည် သူ၏ ဧရာ မလှံကြီးကို ဝှေ့ယမ်းကာ ရှေ့သို့ အရှိန်အဟုန်ဖြင့် တိုးဝင်လိုက်သည်။ရေဘဝဲကြီးများ၏ ခုခံမှုကို ဂရု မစိုက်ဘဲ ထိုအထဲမှ တစ်ကောင်အား လှံဖြင့် အမိအ ရ ထိုးဖောက်လိုက်၏။
“ဖောက်..”
"ဟဲ..ကောင်းပြီ..နောက်တစ်နပ်စာတော့ ရပြီ.ငါ နောက်မှ အေးအေးဆေးဆေး ပြန်လာစားရမယ်.."
လိပ်ကြီး ဤကဲ့သို့ တွေးနေစဉ်မှာပင် ရုတ်တရက် ထူးခြားသော လှုပ်ရှားမှုတစ်ခု ဖြစ်ပေါ်လာသည်။
သူနှင့် မီတာ ရာဂဏန်းအကွာမှာရှိသော ချောက်က မ်းပါးခြေရင်းတွင် ဧရာမ တွင်းနက်ကြီးတစ်ခု ရှိနေ သည်အား လိပ်ကြီး ချက်ချင်း သတိပြုမိလိုက်၏။ ထိုတွင်းကြီးသည် ပုံမှန်မြင်တွေ့နေကျ တွင်းများကဲ့ သို့မဟုတ်ဘဲ အနည်းငယ် ပြန့်ပြူးနေကာ အကျယ် မီတာ ၉၀ ခန့်နှင့် အမြင့် မီတာ ၅၀ ခန့်အထိ ကြီးမာ းလှသည်။
ထိုမှောင်မည်းနေသော တွင်းနက်ကြီးထဲမှ ထူး ဆန်း သော လှုပ်ရှားသံများ ထွက်ပေါ်နေ၏။
လိပ်ကြီးသည် ချက်ချင်းဆိုသလိုပင် အာရုံကိုစုစည် း၍ သတိအပြည့်ထားကာ စိတ်ထဲမှ ရေရွတ်လိုက် သည်။
"အင်း..ဒီတွင်းထဲမှာ တစ်ခုခုတော့ ရှိနေပြီ"
ဖြစ်ပေါ်နေသော လှုပ်ရှားမှုများကို ကြည့်ရုံဖြင့်ပင် အတွင်း၌ရှိနေသော အကောင်မှာ အလွန်တရာ ကြီး မားသော အကောင်ကြီးတစ်ကောင် ဖြစ်ရမည်ဟု လိပ်ကြီး ခန့်မှန်းမိသည်။
မကြာမီမှာပင် မှောင်အတိကျနေသော တွင်းဝမှ ထိုဧ ရာမသတ္တဝါကြီး ထွက်ပေါ်လာသည်အား လိပ်ကြီး အတိုင်းသား မြင်တွေ့လိုက်ရ၏။
"ဝိုး ဘုရားရေ... တော်တော်ကို ကြီးမားပါလား.."
လိပ်ကြီးပင် အံ့အားသင့်သွားရသည်။ထိုဧရာမတွင်း နက်ကြီးထဲမှ တိုးထွက်လာသည်မှာ ဤရေအောက် ချောက်အတွင်းရှိ ရေဘဝဲများထက် နှစ်ဆ၊သုံးဆ မ က ပိုမိုကြီးမားသည့် "စူပါရေဘဝဲကြီး" တစ်ကောင် ဖြစ်နေသောကြောင့်ပင်။
၎င်း၏ လက်တံတစ်ချောင်းချင်းစီမှာ အနည်းဆုံး မီတာ ၂၀၀ မှ ၃၀၀ ခန့်အထိ ရှည်လျားလှပြီး ခန္ဓာ ကိုယ်မှာမူ လိပ်ကြီးနှင့်ပင် ယှဉ်နိုင်လောက်၏။
ဆိုလိုသည်မှာ ဤစူပါရေဘဝဲကြီး၏ အလေးချိန် သည် တန် ၁,၅၀၀ မှ ၂,၀၀၀ ဝန်းကျင်အထိ ရှိနိုင် ပေသည်။အစောပိုင်းက မြင်တွေ့ခဲ့ရသော တန် ၂၀ ၀၊ ၃၀၀ ရှိသည့် ရေဘဝဲကြီးများမှာ အတော်အတန် ကြီးမားသည်ဟု ထင်ရသော်လည်း ယခု သတ္တဝါကြီ း၏ရှေ့တွင်မူ ကလေးလေကဲ့သို့ သေးကွေးနေ၏။
ယခုမူ ထိုစူပါရေဘဝဲကြီးသည် လိပ်ကြီး၏ တည် ရှိမှုအား သတိပြုမိသွားသည်။
ထိုအကောင်ကြီးသည် ရုတ်တရက် ဒေါသတကြီး အမျက်ထွက်သွားကာ ၎င်း၏ ဧရာမလက်တံကြီးမျ ားအား သံမဏိကြိမ်လုံးများကဲ့သို့ လေထဲတွင် ဝှေ့ ယမ်းပြီး လိပ်ကြီးရှိရာဘက်သို့ ပြင်းထန်စွာ ရိုက်ချ လိုက်၏။
"ဗြုန်း.."
ပြင်းထန်လှသော ရိုက်ချက်ကြောင့် အနီးရှိ တန်ရာနှ င့်ချီ၍ လေးလံသော ကျောက်တုံးကြီးမှာ စုတ်ပြတ် ကြေမွသွားရသည်။လိပ်ကြီးသည်လည်း ရန်သူ၏ အင်အားကို သိသဖြင့် အချိန်မီပင် လျင်မြန်စွာ နော က်သို့ဆုတ်ကာ ရှောင်တိမ်းလိုက်ရသည်။
ထိုအခါ စူပါရေဘဝဲကြီးသည် အနီးကပ်ထပ်ချပ်မ ကွာ လိုက်လံတိုက်ခိုက်နေ၏။သို့ပေမဲ့ ရေအနက် မီ တာ ၅,၀၀၀ ခန့်သို့ ရောက်ရှိလာသောအခါတွင်မူ ရေဘဝဲကြီး၏ အရှိန်မှာ သိသိသာသာ လျော့ကျသွ ားပြီး လိပ်ကြီး နောက်သို့ ဆက်လက်လိုက်ပါခြင်း မပြုတော့ပေ။
၎င်းသည် နက်ရှိုင်းသော ရေအောက်ဖိအားကို ကျင့် သားရနေသည့် သတ္တဝါဖြစ်သော်လည်း ရေဖိအား ၏ ပြောင်းလဲမှုကို လိုက်လျော ညီထွေဖြစ်အောင် မပြုလုပ်နိုင်ခြင်းကြောင့်ပင် ဖြစ်သည်။
ဤသည်မှာလည်း ချောက်နက်ထဲ၌ ဧရာမရေဘဝဲ ကြီးများ အမြောက်အမြားရှိနေသော်လည်း ပင်လ ယ်ရေမျက်နှာပြင် သို့မဟုတ် ရေတိမ်ပိုင်းဒေသများ သို့ မည်သည့်အတွက်ကြောင့် တက်မလာကြသနည် းဆိုသည့် အဖြေပင် ဖြစ်သည်။
၎င်းတို့သည် ရေနက်ပိုင်း၏ ပြင်းထန်သော ရေဖိအာ းတွင်သာ ကျင့်သားရနေကြသူများဖြစ်ရာ ဤချော က်နက်ကြီးအတွင်းမှ ထွက်ခွာ၍ အနီးတစ်ဝိုက် ပင် လယ်ကြမ်းပြင်များသို့ပင် သွားလာခြင်းမရှိပေ။
ပြိုင်ဘက်က လိုက်လံတိုက်ခိုက်ခြင်းကို ရပ်တန့် လို က်သည့်အခါ လိပ်ကြီးသည်လည်း ရပ်နားလိုက် သ ည်။
မီတာ ရာဂဏန်းမျှ ကွာဝေးသော နေရာမှနေ၍ သတ္တ ဝါကြီးနှစ်ကောင်သည် တစ်ကောင်ကိုတစ်ကောင် အကဲခတ်လျက် စူးစမ်းကြည့်ရှုနေကြသည်။လိပ် ကြီးသည် ရန်သူ၏ အရွယ်အစားကို ကြည့်ရင်း စိ တ်ထဲမှလည်း တိတ်တိတ်လေး စဉ်းစားနေမိ၏။
"ဒီလောက်ကြီးတဲ့ အကောင်ကြီးက ဘယ်လိုအရသ ာရှိမလဲ မသိဘူး.. တခြားရေဘဝဲအငယ်တွေတော င် အရသာရှိမှတော့ သူက အဲဒီကောင်တွေထက် အ ဆပေါင်းများစွာ ပိုကြီးတော့ အရသာက ပိုပြီး ထူး ကဲနေမှာ သေချာတယ်.."
အကယ်၍သာ ထိုသတ္တဝါကြီးသည် လိပ်ကြီးကသာ သူ့ကို အစာအဖြစ် တွေးတောနေသည်ကို သိသွားပါ က ရေဖိအားဒဏ်ကို အစွမ်းကုန်အောင့်အည်းပြီး လိ ပ်ကြီးနောက်သို့ ကမ္ဘာပတ်၍ လိုက်လံတိုက်ခိုက်မည် မှာ သေချာပေသည်။
မိနစ်အနည်းငယ်ခန့် အပြန်အလှန် အကဲခတ်ပြီးနော က်တွင်မူ ထိုစူပါရေဘဝဲကြီးသည် ရေအောက်ချော က်နက်ကြီး၏ အမှောင်ထုထဲသို့ ပြန်လည်ဆုတ်ခွာ သွား၏။သို့ပေမဲ့ လိပ်ကြီးကမူ လွယ်လွယ်နှင့် အ လျှော့ပေးရန် အစီအစဉ်မရှိပေ။
သူသည် ရေဘဝဲကြီး၏ နောက်သို့ ထပ်ကြပ်မကွာ လိုက်ပါသွားရာ ရေဘဝဲကြီးသည်လည်း ရန်သူက သူ့နောက်သို့ လိုက်ပါလာသည်အား ချက်ချင်း သိရှိ သွားသည်။
စူပါရေဘဝဲကြီးသည် အလွန်အမင်း ဒေါသထွက်လ ာကာ ၎င်း၏ ရှည်လျားလှသော လက်တံကြီးများ ကို ဝှေ့ယမ်းလျက် လိပ်ကြီးထံသို့ အရှိန်အဟုန်ဖြင့် ပြန်လှည့်၏။သူ၏ လက်တံအချို့အား လိပ်ကြီးကို ထိမှန်စေရန် ပြင်းထန်သော အရှိန်ဖြင့် ရိုက်နှက်လို က်သည်။
လိပ်ကြီးလည်း ဒေါသထွက်လာကာ စိတ်ထဲမှ ကြုံး ဝါးလိုက်၏။
"ဟမ့် အလေးချိန်ချင်း တူတူပဲကို ငါက ဘာလို့ ဆ က်ပြေးပြီး အရိုက်ခံနေရမှာလဲ..ဘယ်သူက အသက် ပျောက်မလဲဆိုတာ ကြည့်ကြသေးတာပေါ့.."
လိပ်ကြီးသည် သူ၏ ဧရာမလှံကြီးဖြင့် ရေဘဝဲကြီး ၏ လက်တံဖြင့် ရိုက်ချက်အား ကြံ့ကြံ့ခံကာ ပိတ်ဆို့ လိုက်သည်။ထို့နောက် ပါးစပ်ကို အကျယ်ကြီး ဟ၍ အနီးမှာရှိသော အခြားလက်တံ တစ်ချောင်းအား အ မိအရ ကိုက်ချလိုက်၏။
"ဝိုး... အရသာကတော့ ရှယ်ပဲ.. ငါ အရမ်းကြိုက်သွာ းပြီကွာ.."
လိပ်ကြီးသည် အသားတစ်စကို အားရပါးရ ဝါးမြို လိုက်ရင်း မျက်လုံးများ တောက်ပလာသည်။သူ့ ပုံစံမှာ ကမ္ဘာပေါ်တွင် အကောင်းဆုံး အစားအစာကို ရှာဖွေတွေ့ရှိလိုက်သည့်နှယ်။
ရေဘဝဲကြီး၏ ရိုက်ချက်များကို ခုခံပြီးနောက်တွင်မူ လိပ်ကြီးသည် ရန်သူ၏ အင်အားကို ကောင်းကောင် းနားလည်သွားပြီဖြစ်၍ အကြောက်အလန့်မရှိဘဲ ရှေ့သို့ အရှိန်ပြည့်ဖြင့် တိုးဝင်လိုက်၏။
စူပါရေဘဝဲကြီးမှာမူ ဒေါသကြောင့် ရူးသွပ်မတတ် ဖြစ်သွားရကာ ရှည်လျားလှသော လက်တံကြီးများ ဖြင့် လိပ်ကြီး၏ ခန္ဓာကိုယ်ကို တစ်ပတ်ပြီးတစ်ပတ် တင်းတင်းကြပ်ကြပ် ရစ်ပတ်ပစ်လိုက်သည်။
ထို့နောက် လိပ်ကြီးကို အပိုင်းပိုင်းအစစဖြစ်အောင် ကိုက်ခဲပစ်ရန် သူ ပြင်ဆင်လိုက်၏။
လိပ်ကြီးမှာမူ ရေဘဝဲကြီး၏ ဟောင်းလောင်းပွင့် နေသော ပါးစပ်ကြီးကို အနီးကပ် မြင်လိုက်သည်။ ၎င်းမှာ အလွန်တရာ ကြီးမားလှသည့်အပြင် အထဲမှ ာလည်း ထက်မြက်သော သွားများ သိပ်သည်းစွာ စီတန်းနေသဖြင့် မြင်ရသူအဖို့ တုန်လှုပ်ချောက် ချားသွားစေနိုင်၏။
"ဟမ့် ..မင်းကို ငါ့ရဲ့ 'လောလီပေါ့' ကျွေးရတာပေါ့.."
သူ၏ ဧရာမလှံကြီးကို ချိုချဉ်တစ်ခုကဲ့သို့ ရေဘဝဲ ကြီး၏ ပါးစပ်အတွင်းသို့ အားကုန်သုံးကာ လိပ်ကြီး ထိုးထည့်ပသ်လိုက်သည်။ထိုခဏမှာပင် နား မခံသာ လောက်အောင် ဆိုးရွားလွန်းသည့် နာကျင်စွာ အော် ဟစ်သံကြီး ထွက်ပေါ်လာ၏။
"ဝူး..ဝူး..ဂလူး.."
အသံနှင့်အတူ လိပ်ကြီးကလည်း အားအကုန် ထုတ် ၍ လှံကို ဆက်လက်ဖိသွင်းလိုက်ရာ မီတာ ဆယ်နှင့် ချီ နက်ဝင်သွားပြီးနောက်တွင်မှ ရှေ့သို့ ဆက်တိုး၍ မရတော့ကြောင်း သိလိုက်ရသည်။
ဤပြင်းထန်လှသော ထိုးချက်ကြောင့် စူပါရေဘဝဲ ကြီးမှာ အပြင်းအထန် ဒဏ်ရာရသွားခဲ့ပေသည်။ ၎င်းသည် လိပ်ကြီးကို မယှဉ်နိုင်ကြောင်း သိသွားသ ည်နှင့် ရစ်ပတ်ထားသမျှ လက်မောင်းများကို ချက် ချင်းပင် ဖြေလျှော့လိုက်၏။
ထို့နောက် အ သက်လုကာရေအောက်ချောက်ကြီး၏ အနက်ဆုံးအပိုင်းသို့ အမြန်ဆုံး ပြေးဝင်သွားပေသ ည်။