အရေအတွက်က မလောက်ဘူး
Vol. 43 Ch. 530
လျူယောင် ပြုံးကာ ပြန်ပြောလိုက်၏။
"ဂိုဒေါင်ထဲမှာ ဘာတွေရှိလဲဆိုတာ..မင်း ခန့်မှန်းကြ ည့်လေ.."
ကျောက်ဟုန်ဖူက ဝင်မေးလိုက်သည်။
"တန်နဲ့ချီတဲ့ ရွှေတွေ.. ကျောက်မျက်ရတနာတွေများ လား.."
ပြီးခဲ့သည့်တစ်ခေါက်က မြင်တွေ့ခဲ့ရသော ရွှေတုံးမျ ားနှင့် ကျောက်မျက်ရတနာတောင်ကြီးများအား သူ အခုထိ စွဲလန်းစွာ မှတ်မိနေသေးသည်။သူ့ တစ်သ က်နှင့်တစ်ကိုယ် ဤမျှများပြားသည့် ရွှေများကို တ စ်ခါမျှ မမြင်ဖူးခဲ့ပေ။
လျူယောင်က အေးအေးဆေးဆေး ပြန်ပြောလိုက် ၏။
"သွားကြည့်လိုက်.. အထဲရောက်တာနဲ့ မင်းတို့ သိလ ာလိမ့်မယ်.."
လမ်းကြမ်းမောင်းကားနှစ်စီး ဂိုဒေါင်တံခါးဝသို့ ဆို က်ရောက်လာသောအခါ ကျောက်ဟုန်ဖူက ဟွန်း တ စ်ချက် တီးလိုက်သည်။ထိုအခါ ဂိုဒေါင်တံခါးကြီးမှာ ချက်ချင်းဆိုသလို ပွင့်လာခဲ့၏။
လွန်ခဲ့သည့် တစ်လခန့်ကတည်းက ဤနေရာတွင် တာဝန်ကျနေသည့် ဝန်ထမ်းအချို့ ရှိနေသည်။ပုံမှန် အားဖြင့် လုံခြုံရေးဝန်ထမ်း နှစ်ဦး၊သုံးဦးခန့်သာ ရှိ သော်လည်း သူတို့အားလုံးမှာ အဆင့်မြင့် မျိုးရိုးဗီဇ ပြောင်းဆေး သောက်ထားသူများ ဖြစ်ကြသဖြင့် လျူယောင် အရမ်းပင် ယုံကြည်အားကိုးရ၏။
သို့ပေမဲ့ လျူယောင်သည် သူ၏ ခွင့်ပြုချက်မပါဘဲ ဂိုဒေါင်အတွင်းသို့ မည်သူမျှ မဝင်စေရန် တင်းကြပ် စွာ အမိန့်ထုတ်ထားပေသည်။
ဂိုဒေါင်တံခါးကြီး ပွင့်ဟသွားသည်နှင့် လမ်းကြမ်း မောင်းကားနှစ်စီးမှာ အတွင်းသို့ ချောမွေ့စွာ မောင်း ဝင်လာခဲ့၏။ကားပေါ်ပါလာသူ အားလုံး၏ အကြည့် တို့မှာ ဂိုဒေါင်အလယ်ဗဟိုရှိ ကွက်လပ်ဆီသို့ ပြိုင်တူ ကျရောက်လာကြသည်။
သို့ပေမဲ့ ယခင်ကလို ဝင်းလက်တောက်ပနေသည့် ရွှေပုံကြီးကိုမူ သူတို့ မတွေ့ခဲ့ရပေ။
သူတို့ရှေ့တွင် မြင်တွေ့နေရသည်မှာ မည်သည့် အရ ာမှန်းမသိဘဲ ခန့်မှန်းရခက်သည့် ပစ္စည်းများ ဖြစ် နေ၏။အရွယ်အစား သိပ်မကြီးမားသည့် လေးထော င့်ပုံသဏ္ဌာန် အရာဝတ္ထု ဆယ်ခုကျော်ခန့်မှာ အစီအ ရီ ရှိနေကြသည်။
"ဒါတွေက ဘာတွေပါလိမ့်..."
လူတိုင်း၏ စိတ်ထဲတွင် သိချင်စိတ်တို့ တဖွားဖွား ဖြ စ်ပေါ်နေသော်လည်း မည်သူမျှ ထုတ်ဖော် မပြောရဲ ကြပေ။လျူယောင်ကိုယ်တိုင်ကလည်း နှုတ်ဆိတ် နေပေသည်။
"အထက်လူကြီးက မပြောပြလျှင် မမေးရ" ဆိုသည့် အစဉ်အလာကို လူတိုင်း ကောင်းကောင်းနားလည် ထားကြ၏။
လျူယောင်က တည်ငြိမ်သော လေသံဖြင့် အမိန့် ပေးလိုက်သည်။
"ဒီပစ္စည်းတွေကို ငါတို့ကားနောက်ခန်းထဲ တင်လိုက် ကြ..သေချာဂရုစိုက်ဖို့ လိုတယ်နော်.. မတော်တဆ ထိခိုက်တာမျိုး မဖြစ်စေနဲ့..”
အမှားအယွင်းဟူသည် အစွန်းအထင်းမျှပင် ရှိ၍မရ ပေ။
၎င်းတို့မှာ အဘယ်အရာဖြစ်သည်ကို တိတိကျကျ မ သိရသော်လည်း သာမန်ပစ္စည်းများမဟုတ်မှန်း လူ တိုင်းရိပ်မိ လိုက်ကြ၏။ထို့ကြောင့်ပင် လုံခြုံရေးဝန် ထမ်းများမှာမူ အသက်ပင် ရဲရဲ မရူဝံ့ဘဲ သေချာဂရု တစိုက် ကိုင်တွယ်နေကြသည်။
ထိုအခါမှသာ ချန်းဟူလည်း သူဋေးဖြစ်သူက ဘာ ကြောင့် ပလတ်စတစ်အမြုပ်များနှင့် တိပ်လိပ်များ ကို အပိုအလျှံယူလာခိုင်းရသလဲဆိုသည်အား နား လည် သဘောပေါက်သွား၏။
ပစ္စည်းတွေအား ပလတ်စတစ်အမြုပ် အလွှာများစွာ နဲ့ ပတ်၍ တိပ်နဲ့ တင်းတင်းကြပ်ကြပ် ချည်ကာနော က်ဆုံး၌ လမ်းကြမ်းမောင်းကား၏ ပစ္စည်းထည့်သ ည့်နေရာထဲကို ထည့်လိုက်ကြသည်။
လူတိုင်း၏ လုပ်ဆောင်ချက်က အရမ်းမြန်ပြီး မိနစ် ၂၀ မှ ၃၀ လောက်အတွင်းမှာပင် ပစ္စည်းအားလုံးကို လမ်းကြမ်းမောင်းကားပေါ် တင်ပြီးသွား၏။
လျူယောင်က လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။
"လာ..ကားပေါ်တက်.ယူနီဗာဆဲလ် သုတေသနစင် တာကို သွားမယ်"
လျူယောင်တို့ ကားများသည် ဂိုဒေါင်မှ ထွက်ခွာလာ ပြီး ဆယ်မိနစ်ခန့် မောင်းနှင်ပြီးနောက် အဝေးပြေး လမ်းမကြီးပေါ်သို့ ရောက်လာခဲ့၏။ဤလမ်းအတိုင်း တစ်နာရီခန့် ဆက်မောင်းလျှင် ဟွာဟိုင်းမြို့နှင့် အ လွန်နီးကပ်သည့် ဝမ်ဟိုင်းခရိုင်သို့ ရောက်ပေလိမ့်မ ည်။
.........
အခြားတစ်ဖက်တွင်မူ ကွန်ပျူတာ နည်းပညာရှင် မြောင်ကျန်းဖိန်သည် အရာအားလုံးကို မေ့လျော့ကာ စိတ်အာရုံတစ်ခုထဲ၌ အလုပ်ထဲတွင်သာ နှစ်မြုပ် နေ၏။သူသည် ပြီးခဲ့သည့်ရက်များအတွင်း သုတေ သနလုပ်ငန်း၌သာ အချိန်ပြည့် နစ်မွန်းနေခဲ့ပြီး စားရ န်၊ အိပ်ရန်ပင် သတိမရတော့သည့်အထိ ဖြစ်နေသ ည်။
အခုသူသည် စွမ်းအားမြင့် အီလက်ထရွန် အဏုကြ ည့်မှန်ဘီလူး အောက်ရှိ ချပ်ပြားလေးတစ်ခုကို စိုက် ကြည့်နေ၏။၎င်းမှာ လက်ရှိကမ္ဘာတွင် အသုံးများ နေသည့် ဆီလီကွန်အခြေခံ ချပ်ပြားမျိုး မဟုတ်ဘဲ သူ့ တစ်သက်နှင့်တစ်ကိုယ် တစ်ခါမျှ မမြင်ဖူးသည့် အမျိုးအစားသစ်တစ်ခုဖြစ်ကြောင်းအား မြောင်ကျ န်းဖိန် ကောင်းကောင်းသိနေသည်။
"ဒီဟာက မယုံနိုင်စရာပဲ... တကယ့်ကို အံ့ဩစရာ ကောင်းလွန်းတယ်"
သူ့အတွက်မူ ဤချပ်ပြားလေးမှာ လောကသစ်တစ် ခုသို့ ဦးတည်နေသည့် တံခါးတစ်ချပ်အား ဖွင့်လိုက် သလိုမျိုးပင်။ယခင်က မရှိခဲ့ဖူးသည့် သီအိုရီအသစ် များ၊ ဆန်းသစ်သည့် ဖွဲ့စည်းပုံများက သူ့ကို ရူးသွပ် မတတ် စွဲလမ်းသွားစေခဲ့သည်။
မြောင်ကျန်းဖိန် တစ်ယောက် ထိုသိပ္ပံပဟေဠိထဲတွင် အတွေးနက်နေစဉ် သူ၏လက်ထောက်ဖြစ်သူ ရော က်လာကာ တိုးတိုးလေး သတိပေးလိုက်၏။
"ဆရာ... အခု မနက် ဆယ်နာရီ ထိုးနေပါပြီ.."
အချိန်ကား အလွန်ပင် ကုန်လွန်မြန်လှသည်။မြောင် ကျန်းဖိန်သည် သူ၏စိတ်အာရုံတို့ကို သိမ်းပိုက်ထား သည့် အီလက်ထရွန် အဏုကြည့်မှန်ဘီလူးရှေ့မှ မခွ ာချင် မခွာရက်ဖြင့် ထရပ်လိုက်သည်။
အကယ်၍သာ အချိန်ရမည်ဆိုပါက ဤဓာတ်ခွဲခန်း အတွင်း၌ပင် တစ်နေကုန် တစ်နေခန်း သူ နစ်မြုပ်နေ မိမည်မှာ အသေအချာပင်။
သို့ပေမဲ့ ယနေ့တွင် သူဋေးလျူယောင်ကိုယ်တိုင် ဤ နေရာသို့ ရောက်လာပေလိမ့်မည်။သူ မည်မျှပင် အ လုပ်များနေပါစေ သုတေသနအပေါ် မည်မျှပင် စွဲလ န်းနေပါစေ မစ္စတာလျူကို ကြိုဆိုဖို့ တာဝန်မှာ သူ၏ ပထမဦးစားပေးပင် ဖြစ်သည်။
သူသည် နက်ကတိုင်အား သပ်သပ်ရပ်ရပ်ဖြစ်အော င် ပြင်ဆင်ပြီးနောက် ဓာတ်ခွဲခန်းထဲမှ ထွက်လာခဲ့၏ ။မကြာမီမှာပင် ပညာရှင်ယူလီရန်နှင့် ဆုံမိရာ မြောင် ကျန်းဖိန် လှမ်းပြောလိုက်သည်။
"သူဋေးကိုယ်တိုင် လာမှာဆိုတော့ ကျွန်တော်လည်း လုံးဝ မပေါ့ဆရဲဘူးဗျ.."
နှစ်ဦးသား ပေါ့ပေါ့ပါးပါး စကားစမြည်ပြောရင်း ကွ န်ပျူတာနည်းပညာ သုတေသနစင်တာ၏ ဂိတ်ဝဆီ သို့ အတူတူ လျှောက်လှမ်းလာကြသည်။
သူတို့နှစ်ဦး၏ နောက်တွင်လည်း သုတေသနစင်တာ ၏ အဆင့်မြင့်အမှုဆောင်များနှင့် အဓိက တာဝန်ရှိ သူများစွာက ဝန်းရံလိုက်ပါလာကြရာ ကြိုဆိုရေး အ ဖွဲ့မှာမူ အတော်ပင် ခန့်ညားထည်ဝါနေပေ၏။
သူဋေးလျူ ရောက်ရှိလာမည့်အချိန်ကို စောင့်ဆိုင်း နေရင်း တာဝန်ရှိသူများမှာ တစ်ဦးနှင့်တစ်ဦး စကား စမြည် ပြောဆိုနေကြသည်။
မြောင်ကျန်းဖိန်က လှမ်းမေးလိုက်၏။
"လီရန်... ခင်ဗျားတို့ဘက်က အခြေအနေ ဘယ်လိုရှိ လဲ..တိုးတက်မှုရှိရဲ့လား.."
မြောင်ကျန့်ဖိန်နှင့် ယူလီရန်တို့မှာ လုပ်ငန်းချင်းခွဲ၍ ပူးပေါင်းဆောင်ရွက်နေကြသူများ ဖြစ်သည်။မြောင် ကျန့်ဖိန်းက ချပ်ပြား သုတေသနကို အဓိကတာဝန် ယူထားပြီး ယူလီရန်ကမူ ကွန်ပျူတာနည်းပညာ သု တေသန တစ်ခုလုံးအား ဦးစီးကွပ်ကဲနေခြင်းဖြစ်၏။
ယူလီရန်က ပြန်ဖြေလိုက်၏။
"ခြုံပြောရရင်တော့ တိုးတက်မှုက ကျေနပ်စရာပါပဲ ဗျာ. ကျွန်တော်တို့ ရွေးချယ်ထားတဲ့ ကွန်ပျူတာကို ပြန်လည်အသုံးပြုဖို့က နီးစပ်နေပြီလို့ ပြောလို့ရတ ယ်..ဒါပေမဲ့ အခက်အခဲတချို့တော့ ရှိနေတုန်းပဲဗျ"
"အဓိကပြဿနာက ဆက်စပ်ပစ္စည်းတွေ မလုံလော က်တာပဲ မဟုတ်လား.."
ယူလီရန်က ခမဲ့မဲ့အပြုံးဖြင့် ခေါင်းခါယမ်းလိုက် မိ သည်။
"ဆန်မရှိရင် အတော်ဆုံး အိမ်ရှင်မတောင် ထမင်းဖြ စ်အောင် မချက်နိုင်ဘူး" ဆိုသည့်စကား၏ အဓိပ္ပာ ယ်အား ယခုမှပင် သူ အနက်ရှိုင်းဆုံး နားလည်လာခဲ့ ၏။
သူတို့ထံတွင် ရှိနေသည့် ဂြိုဟ်သားကွန်ပျူတာ အန ည်းငယ်မှာလည်း အမျိုးမျိုး ပျက်စီးယိုယွင်း နေကြ သည်။ယူလီရန် ကိုယ်တိုင်ရွေးချယ်ထားသည့် ကွန် ပျူတာမှာ အကောင်းဆုံးဟု ဆိုနိုင်သော်လည်း ချို့ ယွင်းချက်များစွာ ရှိနေဆဲပင်။
ဤကဲ့သို့သော အဆင့်မြင့်ကွန်ပျူတာမျိုးကို ပြန်လ ည်စတင်နိုင်ရန်အတွက် အစားထိုးအစိတ် အပိုင်းမျာ းအား ကိုယ်တိုင်ထုတ်လုပ်ရန်မှာ လက်ရှိတွင် မဖြ စ်နိုင်သေးပေ။
ထို့ကြောင့် ပျက်စီးနေသော အခြားကွန်ပျူတာများ ထဲမှ အသုံးဝင်မည့် အစိတ်အပိုင်းများကို တစ်ခုချင် းစီ စိတ်ရှည်လက်ရှည် ဖြုတ်ယူပြီးမှသာ အစားထိုး ပြုပြင်နေကြရ၏။
ပြီးခဲ့သည့် ရက်များအတွင်း ပြုလုပ်ခဲ့သော သုတေ သနများအရ ကွန်ပျူတာ၏ နက်နဲသော နိယာမများ ကို အပြည့်အဝ မသိရှိရသေးသော်လည်း အခြေခံ တည်ဆောက်ပုံကိုမူ သူတို့ ကောင်းစွာ နားလည်သ ဘောပေါက်ထားပြီပဲ ဖြစ်သည်။
အကယ်၍သာ အစားထိုး အစိတ်အပိုင်းများ အလုံ အလောက် ရှိမည်ဆိုလျှင် ထိုပျက်စီးနေသည့် ကွန် ပျူတာများထဲမှ အနည်းဆုံး တစ်လုံးကိုမူ ပြန်လည် ပြုပြင်ပြီး လည်ပတ်နိုင်မည်ဟု ယူလီရန် ခိုင်မာစွာ ယုံကြည်နေ၏။
သို့သော်လည်း အခက်အခဲမှာ ကွန်ပျူတာ အရေအ တွက်က လက်ချိုးရေတွက်၍ ရသည်အထိ နည်းပါး လွန်းကာ ပျက်စီးမူအမျိုးမျိုးရှိနေခြင်းကြောင့် အစိ တ်အပိုင်းများ ရယူနိုင်မှုမှာ တကယ့်ကို အကန့်အသ တ် ဖြစ်နေခြင်းပင်။
မြောင်ကျန့်ဖိန်ကလည်း ထိုအခြေအနေကို စာနာစွာ ဖြင့် သက်ပြင်းတစ်ချက် ချလိုက်မိသည်။
"အရေအတွက်က တကယ်ကို နည်းလွန်းတာဗျာ .. ခ င်ဗျားဆီမှာရှိတဲ့ ကွန်ပျူတာတွေထဲက ချပ်ပြားတွေ ကို အကုန်ထုတ်ပေးရင်တောင် လက်တစ်ဆုပ်စာပဲ ရှိမှာ.. ဒီချပ်ပြားတစ်ခုချင်းစီက ကျွန်တော်တို့ အတွ က်တော့ ဖြတ်တောက်လို့မရတဲ့ အသက်သွေး ကြော တွေပဲ.."
ယူလီရန်လည်း ခေါင်းညိတ်ကာ ထောက်ခံလိုက်၏။
"မှန်တယ်... ချပ်ပြားတင် မဟုတ်ဘူးဗျာ ..ဒီကွန်ပျူ တာရဲ့ အစိတ်အပိုင်းတိုင်းက တန်ဖိုးဖြတ်လို့ မရဘူး ..ပျက်စီးနေတဲ့ အစိတ်အပိုင်း အပိုင်းအစလေး ဖြစ် နေရင်တောင် ကျွန်တော်တို့အတွက်က အဆင့်မြင့် သုတေသန နည်းပညာတွေ အပြည့်ရှိနေတာ.."
ထိုသို့ စိုးရိမ်တကြီး ဆွေးနွေးနေစဉ်မှာပင် လူတစ် ယောက်က သတိပေးလိုက်သည်။
“ဟေး ဟိုမှာ မစ္စတာလျူ ရောက်လာပြီ.."
ထိုစကားတစ်ခွန်းကြောင့် ဆူညံနေသည့် လူအုပ်ကြီး မှာမူ ရုတ်ချည်းပင် တိတ်ဆိတ်သွား၏။
ယူလီရန်နှင့် မြောင်ကျန့်ဖိန်တို့သည်လည်း သူတို့၏ လည်စည်းများကို အမြန်ပြန်ပြင်ကာ ဝတ်စုံတို့ကို သ ပ်ရပ်အောင် လုပ်လိုက်ကြသည်။ထို့နောက် အဝေးမှ ဖုန်တထောင်းထောင်းနှင့် မောင်းလာနေသော လမ်း ကြမ်းမောင်းကား နှစ်စီးဆီသို့ မျှော်လင့်ချက်များ အပြည့်ဖြင့် စူးစိုက်၍ ကြည့်နေကြ၏။
ကားထဲ၌ ရှိနေသော လျူယောင်သည် မှန်ပြတင်းမှ တစ်ဆင့် ပြင်ပရှိ ဧရာမ ယူနီဗာဆဲလ်သိပ္ပံသုတေသ နစင်တာကြီးကို ကျေနပ်အားရသော မျက်နှာထားဖြ င့် ကြည့်နေမိသည်။
စင်တာ၏ ဧရိယာမှာ အလွန်ကျယ်ဝန်းရုံသာမက ဗိ သုကာဒီဇိုင်းမှာလည်း ခေတ်မီဆန်းသစ်ကာ သိပ္ပံ န ည်းကျကျ တည်ဆောက်ထား၏။ထို့အပြင် ပတ်ဝန်း ကျင်၏ သဘာဝအလှတရားကို မထိခိုက်စေဘဲ စိမ် းလန်းစိုပြေရေး လုပ်ငန်းများကိုပါ စနစ်တကျ လုပ် ဆောင်ထားသဖြင့် ကြည့်ရသည်မှာ အလွန်ပင် ကျ က်သရေရှိလှသည်။
"သူဋေး.ရောက်လာပြီလား"
"မစ္စတာလျူ. မင်္ဂလာပါဗျ"
လျူယောင် ကားပေါ်မှ ဆင်းလာသည်ကို မြင်သည် နှင့် စောင့်ဆိုင်းနေသူအားလုံးက လှိုက် လှိုက်လှဲလှဲ ဆီးကြိုနှုတ်ဆက်လိုက်ကြ၏။လျူယောင်ကလည်း ရင်းနှီးဖော်ရွေသော အပြုံးဖြင့် တစ်ဦးချင်းစီကို လိုက်လံလက်ဆွဲ နှုတ်ဆက်လိုက်သည်။
နှုတ်ဆက်ခြင်းကိစ္စများ ပြီးမြောက်သောအခါ ယူ လီရန်က ရှေ့သို့တိုး၍ ရိုသေစွာ ဖိတ်ခေါ်လိုက်၏။
"သူဋေး. အရင်ဆုံး အစည်းအဝေးခန်းထဲ သွားကြရ အောင်ပါ..ကျွန်တော်တို့ သုတေသနလုပ်ငန်းရဲ့ လ က်ရှိတိုးတက်မှု အခြေအနေတွေကို ကျွန်တော် အ သေးစိတ် အစီရင်ခံတင်ပြပါရစေ.."
လျူယောင်ကလည်း ရွှင်ပျစွာဖြင့် ပြန်ပြောလိုက်သ ည်။
"ကောင်းသားပဲ... ခင်ဗျားတို့ရဲ့ တိုးတက်မှုတွေကို ကြားချင်နေတာလည်း ကြာပြီဗျာ.. ကဲ... ကျွန်တော် တို့..အစည်းအဝေးခန်းကို သွားကြတာပေါ့"
ထို့နောက် ကြိုတင်ပြင်ဆင်ထားသော အစည်းအ ဝေးခန်းမကြီးထဲသို့ အားလုံး ဝင်ရောက်ခဲ့ကြ၏။
ယူလီရန်က ပထမဦးစွာ ကွန်ပျူတာနည်းပညာ သု တေသနစင်တာ၏ လက်ရှိ အခြေအနေအား ပြောပြ လိုက်သည်။သုတေသနအဖွဲ့တွင် စုစုပေါင်း လူအင် အား မည်မျှရှိကြောင်း၊ထိုအထဲတွင် အဆင့်မြင့် ပ ညာရပ်ဆိုင်ရာ ဘွဲ့ရရှိထားသူများနှင့် ပါရဂူ ဘွဲ့ရ ပ ညာရှင် မည်မျှအထိ ပါဝင်ကြောင်း စသဖြင့်ပင်။
ထို့နောက် သူက သုတေသနလုပ်ငန်း၏ အဓိက အ ကြောင်းအရာအား ဆက်လက်ရှင်းပြလိုက်၏။
"ကျွန်တော်တို့ နည်းပညာအဖွဲ့က အဲဒီဂြိုဟ်သားကွန် ပျူတာတွေနဲ့ ပတ်သက်ပြီး နက်နက်နဲနဲ သုတေသန တွေကို အဆက်မပြတ် လုပ်ဆောင်နေပါတယ် သူ ဋေး လက်ရှိမှာတော့ သူတို့ရဲ့ အခြေခံ တည်ဆော က်ပုံနဲ့ လုပ်ဆောင်ချက်တွေကို အကြမ်းဖျင်းအားဖြ င့် သိရှိနားလည်ထားပါပြီခဗျ.."
ယူလီရန်၏ အစီရင်ခံစာကို ဂရုတစိုက် နားထောင် နေရင်း လျူယောင် စိတ်ထဲမှ ကျေနပ်စွာ မှတ်ချက် ပြုနေမိသည်။
"အင်း..မဆိုးဘူးလို့ ပြောရမယ်... ဒီလို တိုတောင်း တဲ့ အချိန်အတွင်းမှာ ဒီလို ရှုပ်ထွေးတဲ့ နည်းပညာ တွေကို သိရှိနားလည်အောင် လုပ်နိုင်ခဲ့တာပဲ. ခက်ခဲ တဲ့ နိယာမတွေကိုတော့ အချိန်ယူပြီး တဖြည်းဖြည်း လေ့လာသွားရုံပဲ ကျန်တော့တယ် “