မင်း သူတို့ကို သတ်ရင်၊ ငါ မင်းကို သတ်မယ်
Vol. 117 Ch. 1744
သူသည် မိဘနှစ်ပါးမှလွဲ၍ မည်သူ့ကိုမျှ ဒူးမထောက်ခဲ့ဖူးပေ။ ကောင်းကင်နှင့် မြေကြီးသည်ပင် သူ့ကို ဒူးထောက် စေရန် အခွင့်အရေးမရှိပေ။
ထို့ပြင် ယခု ဒူးထောက်ခိုင်းနေသူမှာ ဝူကျန်းယွဲ့ ဖြစ်နေသည်။
“ဟက် ... ခင်ဗျားမှာ သတ္တိရှိပုံပဲ”
ဝူကျန်းယွဲ့က ရက်စက်စွာ ပြုံးလိုက်ပြီး သူ၏လက်ချောင်းများဖြင့် လေထဲတွင် မျဉ်းတစ်ကြောင်း ဆွဲလိုက်သည်။
“ရွှစ်”
အိုးရန်လင်း၏ လက်မောင်းတွင် တစ်ဆယ်စင်တီမီတာကျော် ရှည်လျားသော ဒဏ်ရာကြီးတစ်ခု ပွင့်ထွက်သွားပြီး သွေးများမှာလည်း အရှိန်အဟုန်ဖြင့် ပန်းထွက်လာတော့သည်။
၎င်းကို မြင်လိုက်ရသောအခါ ဝူကျန်းယွဲ့က ယုတ်မာစွာ ပြုံးလျက် ပြောလိုက်သည်။
“ကျုပ် အကြိုက်ဆုံးက ခင်ဗျားလို ခေါင်းကြောမာတဲ့သူတွေကို နှိပ်စက်ရတာပဲ”
“ငါ့ယောက်ျားကို လွှတ်လိုက် မဟုတ်ရင် နင်တို့အားလုံးကို သတ်ပစ်မယ်”
လီဟွမ်ဟွမ်သည် ရင်ကွဲမတတ် ငိုကြွေးနေရှာသည်။ သူမရှေ့မှ မြင်ကွင်းက သူမကို လုံးဝ မျှော်လင့်ချက်မဲ့စေသည်။
“ဪ … ဟုတ်လား”
ဝူကျန်းယွဲ့သည် လီဟွမ်ဟွမ်ကို အေးစက်စက် လှမ်းကြည့်လိုက်ပြီး စဉ်းလဲစွာ ပြုံးလိုက်သည်။
“ခင်ဗျားတို့ ဇနီးမောင်နှံက တစ်ယောက်ကိုတစ်ယောက် တော်တော်ချစ်ကြတာပဲ။ အဲ့ဒါဆိုရင်တော့ ... မင်းကို အရင် သတ်ပစ် ရမှာပေါ့”
*ဘာ*
အိုးရန်လင်း၏ မျက်နှာအမူအရာ ချက်ချင်းပြောင်းလဲသွားသည်။ သူ၏ မျက်ဝန်းများသည် ဓားသွားများအလား ဝူကျန်းယွဲ့ကို စိုက်ကြည့်ရင်း ခြိမ်းခြောက်လိုက်သည်။
“သူ့ဆံပင် တစ်ချောင်းပဲ ထိရဲရင် ထိကြည့်လိုက်၊ ငါ မင်းအသက်ကို နုတ်ပစ်မယ်”
“ရွှစ်”
စကား မဆုံးသေးမီမှာပင် လီဟွမ်ဟွမ်၏ ခန္ဓာကိုယ်မှ သွေးများ ပန်းထွက်လာပြန်သည်။
“ဘုတ်”
လက်မောင်းတစ်ဖက် မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
ထို့နောက်တွင် လီဟွမ်ဟွမ်၏ စူးရှလှသော နာကျင်စွာ အော်ဟစ်သံသည် ကျောက်စိမ်း လောင်းကစား ဈေးကွက် တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားတော့သည်။
“မင်း ... မင်း”
အိုးရန်လင်းမှာ ကြောင်အသွားရပြီး သူ၏မျက်ဝန်းများတွင် အံ့သြတုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားသည်။
“ငါ အခုပဲ လုပ်လိုက်ပြီလေ၊ လာလေ... ငါ့ကို သတ်ကြည့်စမ်း”
ဝူကျန်းယွဲ့က ကျယ်လောင်စွာ ရယ်မောလိုက်သည်။
“ခွေးသူတောင်းစား”
အိုးရန်လင်းသည် ထရန် ကြိုးစားသော်လည်း ဝူကျန်းယွဲ့က သူ့ကို ဖိနင်းထားသဖြင့် မည်မျှပင် ရုန်းကန်စေကာမူ လုံးဝ မလှုပ်နိုင်ပေ။
အရှက်ခွဲခံရခြင်း။
အတိအလင်း အရှက်ခွဲခံရခြင်းပင်။
ဤမြင်ကွင်းမှာ သွေးပျက်စရာကောင်းပြီး လူဆန်မှု လုံးဝမရှိသော ရက်စက်မှုမျိုး ဖြစ်သည်။
“အခုချက်ချင်း ရပ်လိုက်”
ကျုံးဝမ်က တားဆီးရန် ကြိုးစားသော်လည်း ဝူကျန်းယွဲ့၏ လက်အောက်ခံများက သူမကို ချုပ်နှောင်ထားကြသည်။
“ကျုံးဝမ် ... ဒါ မင်းရွေးချယ်ခဲ့တဲ့ မိသားစုလား၊ မင်း မြင်ပြီလား၊ အားနည်းတဲ့သူတွေက သတ်ဖြတ်ခံရဖို့ စောင့်နေရတဲ့ အသားတုံးတွေပဲ၊ အစွမ်းမရှိတဲ့သူတွေက အနှိပ်စက်ခံရရုံပဲ ရှိတာ”
ဝူကျန်းယွဲ့က အေးစက်စွာ ရယ်မောနေသည်။
“မင်း အဲ့ဒီ ယဲ့ဖန်နောက်ကို လိုက်ဖို့ စိတ်ကူးနေတုန်းဆိုရင်တော့ ဒါက မင်းအတွက် သင်ခန်းစာပဲ”
ခြိမ်းခြောက်ခြင်းပင်။
ဝူကျန်းယွဲ့သည် ကျုံးဝမ်အား သူမ၏ စစ်မှန်သော အချစ်မှာ မည်သူဖြစ်သည်ကို နားလည်စေချင်နေခြင်း ဖြစ်သည်။
တကယ်တမ်းတွင် သူသည် ကျုံးဝမ်ကို တကယ် ချစ်မိနေခြင်း မဟုတ်ပေ။ သူကဲ့သို့သော လူစားမျိုးအတွက် တစ်ကိုယ်ကောင်း ဆန်မှုကသာ ပထမဖြစ်သည်။
သူ ကျုံးဝမ်၏ နှလုံးသားကို ရယူလိုရသည့် တစ်ခုတည်းသော အကြောင်းရင်းမှာ မိမိကိုယ်ကိုယ် သက်သေပြ လို၍သာ ဖြစ်သည်။
ထို့နောက်တွင်မူ ပိုမို ထိတ်လန့်စရာကောင်းသော မြင်ကွင်းတစ်ခု ထပ်မံ ပေါ်ပေါက်လာသည်။
“ရွှစ် ရွှစ် ရွှစ်”
သွေးများ အရူးအမူး ပန်းထွက်လာသည်။
အိုးရန်လင်းနှင့် သူ၏ဇနီးတို့တွင် ရရှိထားသော ဒဏ်ရာများမှာ ပိုမိုများပြားလာပြီး ပြင်းထန်လာကာ သူတို့၏ သွေးများသည်လည်း ပို၍ အရှိန်အဟုန်ပြင်းစွာ စီးကျလာတော့သည်။
ဆယ်ချက်၊ တစ်ရာ၊ တစ်ထောင်၊ တစ်သောင်း။
ထောင်သောင်းနှင့်ချီသော တိုက်ကွက်များကြောင့် အိုးရန်လင်းနှင့် ဇနီးဖြစ်သူတို့မှာ တစ်ကိုယ်လုံး သွေးချင်းချင်း နီကာ ဒဏ်ရာဗရပွဖြင့် အပေါက်အပြဲများ ဖြစ်ကုန်တော့သည်။
“ဒူးထောက်စမ်း၊ ငါ့ရှေ့မှာ ဒူးထောက်စမ်း၊ ဟားဟားဟား”
ဝူကျန်းယွဲ့သည် ရူးသွပ်စွာ ရယ်မောရင်း သူ၏ လက်ချောင်းဆယ်ချောင်းကို စောင်းတီးနေသကဲ့သို့ အဆက်မပြတ် လှုပ်ရှားနေသည်။ လက်ချောင်းတိုင်းတွင် အဆုံးမဲ့သော ရက်စက်ကြမ်းကြုတ်သည့် သတ်ဖြတ်လိုစိတ်များ ပါဝင်နေ၏။
တကယ့်ကို ထိတ်လန့်စရာကောင်းလှသည်။
ရှိနေသူတိုင်း အသက်ရှူမှားမတတ် လန့်ဖြန့်နေကြရသည်။
ဤကဲ့သို့သော အရူးတစ်ယောက်ကို မည်သူက ယှဉ်ဝံ့ပါမည်နည်း။
“ရပ်လိုက်စမ်း”
ထိုစဉ် အပြင်ဘက်မှ ဒေါသတကြီး အော်ဟစ်သံတစ်ခု ထွက်ပေါ်လာပြီးနောက် ချောမောသော အမျိုးသား တစ်ဦးသည် မြို့စောင့်စစ်သည် (၁၁) ဦးကို ဦးဆောင်၍ အခင်းဖြစ်ရာနေရာသို့ ဝင်ရောက်လာတော့သည်။
ရောက်ရှိလာသူမှာ ယွိချီသဲပင် ဖြစ်သည်။
ယွိချီသဲသည် မြေပြင်ပေါ်တွင် လဲကျနေသော အိုးရန်လင်းကို ကြည့်ကာ မျက်နှာပျက်သွားသည်။ သူသည် ဝူကျန်းယွဲ့ကို စိုက်ကြည့်ရင်း အော်ဟစ်လိုက်သည်။
“ဝူကျန်းယွဲ့ ... မင်း ငါတို့ ဝမ်ရှန်းမြို့ရဲ့ တပ်မှူးကို သတ်ရဲတယ်ပေါ့လေ”
သူသည် အလွန်အမင်း ဒေါသထွက်နေရပြီဖြစ်သည်။ ဤသည်မှာ သူတို့၏ ဝမ်ရှန်းမြို့ကို စော်ကားလိုက်ခြင်းပင်။
ဝူကျန်းယွဲ့သည် ရောက်ရှိလာသူကို မြင်သောအခါ သူ၏မျက်ဝန်းများတွင် မထီမဲ့မြင်ပြုသော အရိပ်အယောင်များ ပေါ်လာပြီး ပြန်လည် တုံ့ပြန်လိုက်သည်။
“ငါက လုပ်တောင်လုပ်နေပြီပဲ၊ မင်းက ငါမလုပ်ရဲဘူး ထင်နေတာလား”
ထိပ်တိုက်ရင်ဆိုင်မှုပင်။ အလျော့ပေးမည့် အနေအထား လုံးဝမရှိပေ။
ယွိချီသဲ၏ မျက်နှာမှာ ပိုမိုတင်းမာလာသည်။ သူ၏ဖခင် ပြောခဲ့သည်မှာ မှန်နေလေပြီ။ နတ်ဘုရား မျိုးနွယ်သည် သူတို့၏ ဝမ်ရှန်းမြို့ကို တိုက်ခိုက်ရန် ရည်ရွယ်ချက် ရှိနေခဲ့ခြင်းပင်။
“ဒီလိုဆိုရင်လည်း ... ငါ့ကို ရက်စက်တယ်လို့ မပြောနဲ့တော့”
ယွိချီသဲသည် အေးစက်စွာ အော်ဟစ်လိုက်ပြီး ဝူကျန်းယွဲ့ကို လက်ညှိုးထိုးလိုက်သည်။
“အခုချက်ချင်း ထွက်သွားစမ်း၊ မဟုတ်ရင်တော့ မင်း ခံစားရလိမ့်မယ်”
မြို့စောင့် စစ်သည် ဆယ့်တစ်ဦးစလုံးသည် တပြိုင်နက်တည်း ရှေ့သို့ တိုးထွက်လိုက်ကြသည်။ ထိုခဏ၌ ပြင်းထန်လှသော သတ်ဖြတ်လိုစိတ်များ ပေါက်ကွဲထွက်လာတော့သည်။
သို့သော် ဝူကျန်းယွဲ့၏ မျက်လုံးများမှာမူ လုံးဝ အေးစက်နေဆဲဖြစ်ပြီး မထီမဲ့မြင်ပြုနေဆဲပင်။
“ဒီလို အမှိုက်တွေနဲ့ ငါ့ကို နှိမ်နင်းနိုင်မယ်လို့ မင်းထင်နေတာလား၊ မင်းက 'ဝူကျန်းယွဲ့'ဆိုတဲ့ ငါ့ကို အရမ်း အထင်သေး နေတာပဲ”
ဝူကျန်းယွဲ့က အေးစက်စွာ ပြုံးလိုက်သည်။
*ဘာ*
မြို့စောင့်စစ်သည်များမှာ ချက်ချင်းပင် ဒေါသထွက်သွားကြသည်။ သူတို့ သက်တမ်းတစ်လျှောက် ဤကဲ့သို့သော စော်ကားမှုကို ပထမဆုံးအကြိမ် ကြုံဖူးခြင်းဖြစ်သည်။
ဝမ်ရှန်းမြို့၏ မြို့စောင့်စစ်သည် ဖြစ်လာမည့်သူများထဲတွင် မည်သူကများ သာမန်လူ ဖြစ်ပါမည်နည်း။
“မင်းကတော့ သေချင်နေပြီပဲ၊ သူ့ကို ရိုက်နှက်ကြစမ်း”
ယွိချီသဲသည် လုံးဝ စိတ်မထိန်းနိုင်တော့ဘဲ အော်ဟစ်လိုက်တော့သည်။
“ဝှစ် ဝှစ် ဝှစ်”
ပြင်းထန်လှသော ပုံရိပ်များသည် ထိုခဏ၌ ရှေ့သို့ ဝုန်းခနဲ ပြေးထွက်သွားကြသည်။
သောင်းကျန်းနေသော နဂါးအုပ်စုတစ်စု ဆင်းသက်လာသကဲ့သို့ပင်။
“ဘုန်း ဘုန်း ဘုန်း”
မြို့စောင့်စစ်သည်များအားလုံးသည် ရက်ရက်စက်စက် တိုက်ခိုက်ကြတော့သည်။ သူတို့၏ လက်သီးချက်များသည် ဟင်းလင်းပြင်ကို ဖောက်ထွက်ကာ ဝူကျန်းယွဲ့ဆီသို့ ပြင်းထန်စွာ ကျရောက်သွားတော့သည်။
ခဏချင်းအတွင်းမှာပင် လူတိုင်းက ရင်တထိတ်ထိတ်ဖြင့် စောင့်ကြည့်နေကြသည်။ မြို့စောင့်စစ်သည်များနှင့် ဝူကျန်းယွဲ့တို့၏ ထိပ်တိုက်ရင်ဆိုင်မှု။ အဆင့်တူ အင်အားကြီးပြိုင်ဘက် ဤမျှအထိ များပြားသည်ကို ဝူကျန်းယွဲ့ တစ်ယောက်တည်း ရင်ဆိုင်နိုင်ပါ့မလား။
မြို့စောင့်စစ်သည် တပ်မှူး ဆယ့်တစ်ယောက်စလုံးသည် ထူးခြားပြောင်မြောက်သော စွမ်းဆောင်ရည်များကို ပိုင်ဆိုင်ထားသူများ ဖြစ်ကြသည်။
တစ်ဦးချင်းစီ၏ အစွမ်းမှာ တောင်ပေါ်မှ ကျားသစ်တစ်ကောင်နှင့်မခြား အားကောင်းလှသည်။
ယခုအခါ ထိုဆယ့်တစ်ယောက်လုံး အင်အားချင်း ပေါင်းစပ်လိုက်သောအခါ သူတို့၏ စွမ်းအားမှာ အလွန်အမင်း လွှမ်းမိုးသွားပြီး သတ်ဖြတ်လိုစိတ်များမှာလည်း နေ၊ နှင့် စကြဝဠာတစ်ခုလုံးကို တုန်ခါသွားစေနိုင်သည့်အလား ပြင်းထန်လှသည်။
“ဆန်စေ့တစ်စေ့ကများ အလင်းတောက်ချင်နေသေးတယ်ပေါ့”
ရုတ်တရက် ဝူကျန်းယွဲ့၏ နှုတ်ခမ်းထောင့်တွင် နက်ရှိုင်းသော မထီမဲ့မြင်ပြုမှုများ ပေါ်ပေါက်လာသည်။
သူသည် တောင်ကြီးတစ်လုံးကဲ့သို့ပင် မလှုပ်မယှက် ရပ်နေဆဲဖြစ်သည်။
လက်သီးချက်များအားလုံး ကျရောက်လာတော့မည့်ဆဲဆဲတွင် ဝူကျန်းယွဲ့၏ အနောက်ဘက်မှ နတ်ဘုရား ရောင်ခြည်တော်များ အဆက်မပြတ် ထွက်ပေါ်လာပြီး မဟာတာအို၏ အရှိန်အဝါများ ပြန့်လွင့်သွားတော့သည်။
ထို့နောက် ချက်ချင်းပင် ဝူကျန်းယွဲ့၏ ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်းပေါင်း တစ်သောင်းမှာ ဝုန်းခနဲ ပွင့်ထွက်လာသည်။
“ဂျွတ်! ဂျွတ်! ဂျွတ်”
ရုတ်တရက် မြို့စောင့်စစ်သည်များ အားလုံး၏ လက်သီးဆုပ်များမှာ ပေါက်ကွဲသွားပြီး အရိုးစများမှာ နေရာအနှံ့သို့ လွင့်စင်သွားတော့သည်။
အင်မော်တယ် သွေးများမှာလည်း အထိန်းအကွပ်မဲ့ စီးကျလာသည်။
မြို့စောင့်တပ်မှူး (၁၁) ဦးစလုံးမှာ လျှပ်စီးအပစ်ခံရသကဲ့သို့ တုန်ခါသွားပြီး နောက်သို့ လွင့်စင်သွားကြတော့သည်။
ထို့နောက်။
“ဘုန်း ဘုန်း”
မြို့စောင့်တပ်မှူးများသည် တစ်ဦးပြီးတစ်ဦး မြေပြင်ပေါ်သို့ လဲကျသွားကြသည်။ သူတို့၏ လက်ဖဝါးများမှာ လုံးဝ ပျက်စီးသွားကြပြီ ဖြစ်သည်။
*ဒါက*
*ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ*
လူတိုင်း၏ မျက်နှာတွင် ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားသည်။ အထူးသဖြင့် ယွိချီသဲမှာမူ လုံးဝ ဆွံ့အသွားရသည်။
မြို့စောင့်တပ်မှူး အားလုံး စုပေါင်းတိုက်ခိုက်တာတောင် ဝူကျန်းယွဲ့ကို မနှိမ်နင်းနိုင်ဘူးတဲ့လား။ ထို့အပြင် သူက တစ်ယောက်တည်းနှင့် အားလုံးကို အနိုင်ယူလိုက်ခြင်းပင်။
ဒါက လုံးဝ မဖြစ်နိုင်ဘူး။
“သံသရာ ကောင်းကင်ဘုံသိုင်း၊ သူက အဲ့ဒီပညာကို တတ်မြောက်ထားတာပဲ”
မြို့စောင့်တပ်မှူးတစ်ဦးက ထိတ်လန့်တုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်သည်။ သူ၏ မျက်နှာမှာ အလွန်အမင်း ကြောက်ရွံ့နေသည့် အသွင်ပင်။
*ဘာ*
၎င်းကို ကြားလိုက်ရသောအခါ လူတိုင်း၏ မျက်နှာအမူအရာမှာ ချက်ချင်းပင် အလွန်အမင်း ပျက်ယွင်း သွားတော့သည်။
သံသရာ ကောင်းကင်ဘုံသိုင်း ဆိုသည်မှာ မဟာတာအို၏ နတ်ဘုရား အတတ်ပညာ တစ်ခုဖြစ်ပြီး ကောင်းကင်ဘုံ ကိုပင် ဖိနှိပ်နိုင်စွမ်းရှိသဖြင့် အတိုင်းအဆမရှိ ကြောက်မက်ဖွယ်ကောင်းလှသည်။
တစ်နေရာလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။ လူတိုင်း မှင်တက်နေကြရသည်။ ဝမ်ရှန်းမြို့၏ မြို့စောင့် တပ်မှူးများမှာ တစ်နယ်လုံးက ကြောက်ရွံ့ရသူများ ဖြစ်သော်လည်း ယခုအခါ တစ်ယောက်တည်း၏ လက်ထဲတွင် ရှုံးနိမ့်သွားခဲ့ရပြီ။
ဒါဟာ တကယ့်ကို မယုံကြည်နိုင်စရာပင်။
ထိုအခိုက်အတန့်တွင် လူတိုင်းသည် တက်သစ်စ ကြယ်ပွင့် တစ်ဦးကို မြင်တွေ့လိုက်ရသကဲ့သို့ပင်။
ဝူကျန်းယွဲ့သည် သူ၏ ပြိုင်ဘက်ကင်းသော အရှိန်အဝါကို ပြသပြီးပြီ ဖြစ်သဖြင့် တစ်နယ်လုံးကို လွှမ်းမိုးချုပ်ကိုင်ရန် သိပ်မလိုတော့ပေ။
“ဟားဟားဟား ... မင်းတို့က ငါတို့ နတ်ဘုရားမျိုးနွယ်ကို ရန်မူချင်တာလား၊ မင်းတို့ရဲ့ ဝမ်ရှန်းမြို့ကတော့ သေတွင်းတူး နေတာပဲ”
“အင်မော်တယ် အရှင်သခင်က ပြိုင်ဘက်ကင်းတဲ့ ပါရမီကို ပိုင်ဆိုင်ထားတာ၊ ဒီလောကမှာ သူ့ကို ယှဉ်နိုင်တဲ့သူ မရှိဘူး၊ မင်းတို့လို သာမန်လူတွေက သူ့ကို အာခံချင်နေတာလား”
ဝမ်ရှန်းမျိုးနွယ်စုဝင်များသည် အလွန်အမင်း ဘဝင်မြင့်နေကြပြီး ယုတ်မာသော အပြုံးများဖြင့် ရယ်မောနေကြသည်။
ထို့နောက် ဝူကျန်းယွဲ့သည် ယွီချီသဲကို လှောင်ပြောင်သော အကြည့်ဖြင့် စိုက်ကြည့်လေသည်။
“မြို့စား မင်းသားလေး ... မင်း တွက်ကိန်းမှားသွားပုံရတယ်။ မင်းအဖေတောင် သူများကိစ္စထဲ ဝင်မပါရဲတာကို မင်းကများ လူစွမ်းကောင်း လုပ်ချင်နေသေးတာလား”
*ဘာ*
*ယွီချီဖုန်းရှောင်တောင်မှ ပြဿနာမရှာရဲဘူး ဟုတ်လား၊ တကယ်ပဲလား*
ထိုစကားကို ကြားလိုက်ရသောအခါ ယွီချီသဲက ချက်ချင်းပင် နှာခေါင်းရှုံ့လိုက်သည်။
“ငါ့အဖေက ဝင်မပါရဲတာ မဟုတ်ဘူး! တစ်စုံတစ်ယောက်က မင်းကိုလာသတ်မယ်ဆိုတာ သူသိနေလို့ နေနေတာ”
“ဟာသပဲ၊ ငါ့ကို ဘယ်သူက သတ်နိုင်မှာလဲ”
ဝူကျန်းယွဲ့က မထီမဲ့မြင် ပြောလိုက်သည်။
“အဲ့ဒီလူရဲ့ နာမည်က ယဲ့ဖန်”
*ဟမ်*
ဝူကျန်းယွဲ့၏ မျက်နှာအမူအရာ ချက်ချင်းပြောင်းလဲသွားပြီး ပိုမိုခက်ထန်သွားတော့သည်။
အဘယ်ကြောင့် လူတိုင်းက ထိုအသုံးမကျသူက သူ့ကို သတ်နိုင်သည်ဟု ထင်နေကြသနည်း။
ဒီလူတွေအားလုံး ရူးကုန်ကြပြီလား။
“ကောင်းပြီလေ၊ အဲ့ဒီယဲ့ဖန်က ငါ့ကို ဘာလုပ်နိုင်မလဲဆိုတာ ကြည့်ရသေးတာပေါ့”
ဝူကျန်းယွဲ့က လက်ညှိုးတစ်ချက် ထိုးလိုက်ရာ အိုးရန်လင်း၏ နောက်ကျောဘက်မှ သွေးများ ပန်းထွက် လာပြန်သည်။
အိုးရန်လင်း၏ ခန္ဓာကိုယ်တွင် ကြီးမားသော ဒဏ်ရာပေါက်ကြီးများစွာ ထပ်မံ ဖြစ်ပေါ်သွားရသည်။
“မင်း...”
၎င်းကို မြင်လိုက်ရသောအခါ ယွီချီသဲသည် ဒေါသကြောင့် သွားကြိတ်မိသော်လည်း နောက်ကျသွားခဲ့ပြီ ဖြစ်သည်။ ယခုအခါ မြို့စောင့်တပ်မှူး အားလုံး ရှုံးနိမ့်သွားခဲ့ပြီဖြစ်ရာ သူတို့သည် ဝူကျန်းယွဲ့၏ ပြိုင်ဘက် မဟုတ်တော့ပေ။
“သူတို့ကို အပိုင်းပိုင်း ဖြတ်တောက်ပစ်ပြီးရင်တော့ နောက်တစ်ယောက်က မင်းပဲ”
ဝူကျန်းယွဲ့က ယွီချီသဲကို ဒေါသတကြီး လက်ညှိုးထိုးလိုက်သည်။
“ဝှစ် ဝှစ် ဝှစ်”
နောက်တစ်ခဏတွင် ဝူကျန်းယွဲ့သည် နောက်တစ်ကြိမ် ရက်စက်စွာ တိုက်ခိုက်လိုက်ပြန်ရာ လီဟွမ်ဟွမ်၏ ခြေလက် လေးဖက်စလုံး ပြတ်တောက်သွားရတော့သည်။
“တောင်းပန်ပါတယ် ... ကိုယ်တောင်းပန်ပါတယ်”
အိုးရန်လင်း၏ မျက်နှာတွင် နောင်တများဖြင့် ပြည့်နှက်နေသည်။ အကယ်၍ လီဟွမ်ဟွမ်သာ သူ့ကို လက်မထပ် ခဲ့လျှင် ဤကဲ့သို့သော အခြေအနေမျိုး ကြုံရမည် မဟုတ်ပေ။
“ကျွန်မ လီဟွမ်ဟွမ်က ရှင်နဲ့အတူ အသက်ရှင်ခဲ့သလို သေရင်လည်း ရှင့်လူပဲ။ ရှင့်အနားမှာ ရှိနေရင် ကျွန်မ ဘာကိုမှ မကြောက်ဘူး”
လီဟွမ်ဟွမ်၏ မျက်နှာမှာ ပြာနှမ်းနေသော်လည်း သူမ၏ နှုတ်ခမ်းတွင် ခါးသီးသော အပြုံးတစ်ခု ရှိနေဆဲဖြစ်သည်။
အိုးရန်လင်းသည် ခက်ခက်ခဲခဲ တွားသွားပြီး လီဟွမ်ဟွမ်၏ အနားသို့ ရောက်သွားကာ သူမ၏ ပါးပြင်ကို လက်တစ်ဖက်ဖြင့် ပွတ်သပ်လိုက်သည်။
“ကောင်းပြီလေ... အဲ့ဒါဆိုရင် တို့တွေ မြစ်ဝါမြစ်ဆီကို အတူတူ သွားကြတာပေါ့”
ဤမြင်ကွင်းကို ကြည့်နေရသူတိုင်း ရင်ထဲတွင် ကြေကွဲသနားစရာ ခံစားနေကြရသည်။
ကျုံးဝမ်မှာမူ ရှိုက်ကြီးတငင် ငိုကြွေးနေရှာတော့သည်။
“တကယ့်ကို ကံဆိုးမိုးမှောင်ကျနေတဲ့ ချစ်သူတွေပဲ၊ ဒီလိုဖြစ်နေမှတော့ ... မင်းတို့နှစ်ယောက် အောက်ပြည်မှာ ပြန်ဆုံနိုင်အောင် ငါပဲ ပို့ပေးလိုက်တော့မယ်”
ဝူကျန်းယွဲ့သည် အေးစက်စွာ ကြိမ်းမောင်းလိုက်ပြီးနောက် သူ၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာသည်။ သူသည် လက်ညှိုးတစ်ချက်ဖြင့် ဟင်းလင်းပြင်ကို ဖောက်ထွက်ကာ အိုးရန်လင်းနှင့် သူ၏ဇနီးရှိရာသို့ ပြင်းထန်စွာ ထိုးနှက်လိုက်တော့သည်။
“သေစမ်း”
ဤမြင်ကွင်းကြောင့် ယွီချီသဲ၏ မျက်နှာမှာ အလွန်အမင်း ပျက်ယွင်းသွားတော့သည်။
“ဘုန်း ဘုန်း ဘုန်း”
မြေပြင်များ ပေါက်ကွဲကုန်သည်။ ဟင်းလင်းပြင်များ ပြိုကွဲကုန်သည်။
ဝူကျန်းယွဲ့၏ စွမ်းအားမှာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှပြီး ကောင်းကင်ဘုံ၏ စွမ်းအားများ ပါဝင်နေသကဲ့သို့ပင် ခုခံရန် လုံးဝ မဖြစ်နိုင်ပေ။
ဤတိုက်ကွက် တစ်ချက်တည်းနှင့်ပင် အိုးရန်လင်းတို့ ဇနီးမောင်နှံကို သေစေရန် လုံလောက်လှသည်။
သို့သော် ထိုအခိုက်တွင် အိုးရန်လင်းနှင့် သူ၏ဇနီးတို့မှာမူ ကြောက်ရွံ့ခြင်း အလျဉ်းမရှိပေ။ သူတို့သည် တစ်ဦးကို တစ်ဦး ကြင်နာမြတ်နိုးသော မျက်ဝန်းများဖြင့် စိုက်ကြည့်နေကြသည်။
အတူယှဉ်တွဲ၍ လူဖြစ်လာခဲ့ကြသည်။ အတူတကွ သေဆုံးကြမည်။
ဘာကို ကြောက်နေစရာ လိုဦးမည်နည်း။
ရုတ်တရက် မိုးကြိုးပမာ အော်သံကြီးတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာသည်။
“မင်း သူတို့ကို သတ်ရင်... ငါ မင်းကို သတ်မယ်”
“ဝုန်း”
အပြင်ဘက်မှ ဝုန်းဒိုင်းကျဲနေသော စွမ်းအင်ပင်လယ်ကြီးတစ်ခုသည် ရုတ်တရက် ဝုန်းခနဲ စီးဝင်လာပြီး ဝူကျန်းယွဲ့၏ တိုက်ကွက်ကို ပြင်းထန်စွာ ရိုက်ခတ်ကာ မျက်စိတစ်မှိတ်အတွင်း အမှုန့်ခြေပစ်လိုက်တော့သည်။
*ဘာ*
လူတိုင်း ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြသည်။ ဝူကျန်းယွဲ့၏ ကြောက်မက်ဖွယ်ကောင်းသော တိုက်ကွက်ကို ခုခံနိုင်သည့် ဤလူမှာ မည်သူနည်း။
လူတိုင်း တံခါးဝဆီသို့ လှည့်ကြည့်လိုက်ကြရာ အေးစက်ပြီး သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသော အမူအရာဖြင့် ရပ်နေသည့် လူငယ်တစ်ဦးကို မြင်လိုက်ရသည်။
ကျောက်စိမ်း လောင်းကစား ဈေးကွက် တစ်ခုလုံးသည် ချက်ချင်းဆိုသလိုပင် ရုပ်လုံးပေါ်လာလုနီးပါး ပြင်းထန်လှသော သတ်ဖြတ်လိုစိတ်များဖြင့် ဖုံးလွှမ်းသွားပြီး သွေးနံ့ပင် ပျံ့လွင့်လာသကဲ့သို့ ခံစားရသည်။
၎င်းမှာ တကယ့် သတ်ကွင်းထဲ ရောက်နေသကဲ့သို့ပင်။
နတ်ဆိုးဧကရာဇ်၏ စစ်မြေပြင်ပင် ဖြစ်တော့သည်။