မင်းရဲ့ သေခြင်းတရားကို လာရင်ဆိုင်စမ်း
Vol. 117 Ch. 1745
“ယဲ့ဖန်”
ယဲ့ဖန် ရောက်လာသည်ကို မြင်လိုက်ရသောအခါ ကျုံးဝမ်သည် အတိုင်းထက်အလွန် ဝမ်းသာသွားပြီး အပြင်သို့ ပြေးထွက် သွားတော့သည်။
“သခင်ကြီး”
ယွိချီသဲလည်း ဝမ်းသာသွားရသည်။ နောက်ဆုံးတော့ ယဲ့ဖန် အချိန်မီရောက်လာအောင် သူ အချိန်ဆွဲပေးနိုင်ခဲ့ပြီ မဟုတ်ပါလား။
“ယဲ့ဖန်လား၊ သူက မကြာသေးခင်ကမှ နယ်မြေတစ်ခုလုံးမှာ နာမည်ကြီးနေတဲ့ အိုးရန် မျိုးနွယ်စုရဲ့ တက်သစ်စ ကြယ်ပွင့် ဆိုတာလား”
လူတိုင်းက ယဲ့ဖန်ကို စူးစမ်းလိုသော မျက်လုံးများဖြင့် ဝိုင်းကြည့်ကြတော့သည်။
“နှမြောစရာပဲ ... သူ အရင်က ဘယ်လို ဒဏ္ဍာရီတွေပဲ ဖန်တီးခဲ့ဖူးပါစေ၊ အခု သူ့ပြိုင်ဘက်က ဝူကျန်းယွဲ့ ဖြစ်နေတယ်၊ လုံးဝ လွှမ်းမိုးနိုင်တဲ့ စွမ်းအားရှေ့မှာတော့ ဘယ်လို နည်းပရိယာယ်မှ အရာ ထင်မှာမဟုတ်ဘူး။ ဒီတစ်ခါတော့ သူ အံ့ဖွယ်တွေ ထပ်ဖန်တီးနိုင်မယ် မထင်တော့ဘူး”
“ဒါက တကယ့်ကို မိုက်မဲတာပဲ! သူက တစ်ယောက်တည်း လာခဲ့တာလား၊ သူတော်စင်သခင် အဆင့်လောက်နဲ့ ဝူကျန်းယွဲ့ကို ယှဉ်နိုင်မယ် ထင်နေတာလား”
“မင်းတို့ပဲ ဒီယဲ့ဖန်က ပါရမီထူးပြီး အသက်နဲ့မလိုက်အောင် တည်ငြိမ်တယ်ဆို၊ ငါ့ကြည့်ရတာတော့ လူအ တစ်ယောက်လိုပဲ”
သံသယဖြစ်ဖွယ် အသံများ ချက်ချင်း ထွက်ပေါ်လာတော့သည်။ လူတိုင်းက ယဲ့ဖန်ကို သေတွင်းထဲ လာတိုးသူဟုသာ ထင်နေကြသည်။
“သေစမ်း”
ထိုခဏ၌ အိုးရန်ယိနှင့် ဝူရို့ဟုန်တို့လည်း တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြသော်လည်း သူတို့ နောက်ကျသွားပြီမှန်း သိလိုက်သည်။ ယဲ့ဖန်သည် ဝူကျန်းယွဲ့နှင့် ရင်ဆိုင်မိနေပြီ ဖြစ်သည်။
“ယဲ့ဖန်၊ မင်းက ယဲ့ဖန်လား”
ဝူကျန်းယွဲ့က ယဲ့ဖန်ကို အထက်စီးမှ ငုံ့ကြည့်ကာ မထီမဲ့မြင် ပြုံးလိုက်သည်။
“မင်း တကယ်ပဲ သေဖို့ လာရဲလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး”
နတ်ဘုရား မျိုးနွယ်စုဝင်များ အားလုံးသည် သူတစ်ပါး အခက်အခဲကို ကြည့်ကာ ဝမ်းသာအားရ ဖြစ်နေကြသည်။
“ကောင်းတာပေါ့၊ သူ့ကို လိုက်ရှာနေရမယ့် အချိန်တွေ သက်သာသွားပြီ၊ ဒီနေ့ပဲ အိုးရန် မျိုးနွယ်စု တစ်ခုလုံးကို အမြစ်ပြတ် သုတ်သင်ပစ်မယ်”
“ဟဲဟဲ ... တကယ့်ကို အရူးပဲ၊ အင်မော်တယ် အရှင်သခင်ရှေ့မှာ လာပြီး မျက်နှာပြရဲတယ်ပေါ့။ အခုချိန်မှာ နတ်ဗြဟ္မာတွေ ဆင်းလာရင်တောင် သူ့ကို ကယ်နိုင်မှာ မဟုတ်ဘူး”
၎င်းကို မြင်လိုက်ရသောအခါ အိုးရန်လင်းတို့ ဇနီးမောင်နှံလည်း ထိတ်လန့်သွားကြသည်။ အိုးရန်လင်းက ယဲ့ဖန်ကို လှမ်းအော်လိုက်သည်။
“ယဲ့ဖန် ... မင်း သူ့ကို မယှဉ်နိုင်ဘူး၊ ပြေးတော့”
ယဲ့ဖန် အိုးရန်လင်းကို ကြည့်လိုက်သည်။ အိုးရန်လင်းတို့ ဇနီးမောင်နှံ၏ သနားစဖွယ် အခြေအနေကို မြင်လိုက်ရ သောအခါ သူ၏ လက်ဆစ်များမှာ 'ဂျွတ်ဂျွတ်' မြည်အောင် တင်းကျပ်သွားတော့သည်။
သူ၏ မျက်လုံးအိမ်များမှာ ပြင်းထန်စွာ တုန်ယင်နေပြီး။ သတ်ဖြတ်လိုစိတ်များမှာလည်း အလျင်အမြန် စုစည်းလာ၏။
အဆုံးမဲ့သော ထိတ်လန့်ချောက်ချားဖွယ် အရှိန်အဝါပင်။
“ပြေးမလို့လား၊ သူ ပြေးနိုင်မယ် ထင်နေတာလား”
ဝူကျန်းယွဲ့က လှောင်ပြောင်လိုက်သည်။ ယဲ့ဖန်မှာ သူ၏ သားကောင် ဖြစ်သွားပြီဖြစ်ရာ ယဲ့ဖန်ကို အသက်ရှင်လျက် လွှတ်ပေးစရာ အကြောင်းမရှိပေ။
“မဟာ တာအို၏ အကျဉ်းထောင်”
ရှေးဟောင်း တံဆိပ်တော်များ အဆက်မပြတ် ပေါ်ထွက်လာပြီး နိယာမတရားများ စုစည်းကာ အစီအစဉ်တကျ ဖြစ်သော နတ်ဘုရား နှောင်ကြိုးများက ကောင်းကင်ကို ခွဲထွက်လျက် အလင်းတန်းများ ဝုန်းခနဲ တက်လာ တော့သည်။
မဟာ တာအို၏ အမှတ်အသားမှာ ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်အထိ ကြီးမားလှသည်။ ၎င်းသည် ဤနေရာတစ်ခုလုံးကို ချက်ချင်း လွှမ်းခြုံသွားတော့သည်။
ကျောက်စိမ်းလောင်းကစားဈေးကွက် တစ်ခုလုံးသည် ကောင်းကင်ဘုံ၏ တံဆိပ်ခတ်နှိပ်မှုများအောက်တွင် ချက်ချင်း ဖိနှိပ်ခြင်း ခံလိုက်ရသည်။
“မလုပ်နဲ့”
၎င်းကို မြင်လိုက်ရသောအခါ အိုးရန်လင်းတို့ ဇနီးမောင်နှံသည် အားကုန်ဟစ်အော်လိုက်ကြသည်။ ယခုဆိုလျှင် သူတို့ သေရရုံတင်မကဘဲ ယဲ့ဖန်ပါ လွတ်မြောက်ရန် အခွင့်အရေး မရှိတော့ပေ။
ဝူကျန်းယွဲ့၏ နှုတ်ခမ်းထောင့်တွင် ယုတ်မာသော အပြုံးတစ်ခု ပေါ်လာသည်။ သူ ယဲ့ဖန်ကို ကြည့်နေသည့် အကြည့်မှာ လူသေတစ်ယောက်ကို ကြည့်နေသည့်အလားပင်။
နတ်ဘုရား မျိုးနွယ်စုဝင်များလည်း လှောင်ပြုံး ပြုံးလိုက်ကြသည်။ ယခုဆိုလျှင် ယင်ကောင်တစ်ကောင်ပင် ဤနေရာမှ လွတ်အောင် မပျံနိုင်တော့ပေ။ ယဲ့ဖန်တော့ သွားလေပြီ။
သူတို့အားလုံးမှာ ယဲ့ဖန်၏ မျက်နှာပေါ်တွင် ထိတ်လန့်တုန်လှုပ်နေသော အမူအရာကို မြင်ချင်နေကြသည်။
သို့သော် သူတို့ မျှော်လင့်သလို ဖြစ်မလာခဲ့ပေ။
“မင်း ဘယ်လိုမျိုး သေချင်လဲ”
ယဲ့ဖန်က ဝူကျန်းယွဲ့ကို စိုက်ကြည့်လိုက်သည်။ သူ၏ မျက်ဝန်းများထဲတွင် ဒေါသကြောင့် သွေးကြောများ ထောင်ထ နေပြီး ရက်စက်ကြမ်းကြုတ်မှုများဖြင့် ပြည့်နှက်နေတော့သည်။
*ဘာ*
တစ်နေရာလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။ ရောက်ရှိနေသူတိုင်းမှာ ကြောင်အသွားကြပြီး သူတို့ နားကြားမှား နေသလားဟုပင် သံသယဝင်ကုန်ကြသည်။
*ဒီကောင်လေးက တကယ်ပဲ ဝူကျန်းယွဲ့ကို ခြိမ်းခြောက်ရဲတယ်ပေါ့၊ သူ ဘယ်က သတ္တိတွေ ရနေတာလဲ*
*သူကိုယ်တိုင်က အကျဉ်းထောင်ထဲမှာ ပိတ်မိနေတာတောင် ဝူကျန်းယွဲ့ကို ဒီလိုလေသံမျိုးနဲ့ စကားပြောရဲတယ် ဆိုတော့... ဒါက အရမ်းကို မောက်မာလွန်းရာ မရောက်ဘူးလား*
*ဒါက တကယ့်ကို ရယ်စရာကောင်းလွန်းမနေဘူးလား*
“သေခါနီးဖြစ်နေတာတောင် လေလုံးထွားနေတုန်းပဲလား”
“ဟားဟားဟား ... ငါ ခုနက ဘာကြားလိုက်တာလဲ ပုရွက်ဆိတ်က ဆင်ကို လှန်ချ ချင်နေတာလား”
လူအုပ်ကြီးမှာ ယဲ့ဖန်၏ စကားကြောင့် ရယ်မောသူကရယ်၊ ဒေါသထွက်သူက ထွက်ကုန်ကြသည်။
သူတော်စင်သခင် အဆင့် တစ်ယောက်က အင်မော်တယ် ဧကရာဇ်ကို လာပြီး ရန်စနေခြင်းမှာ သေတွင်းတူး နေခြင်းသာ ဖြစ်သည်။
“မင်း ငါ့ကို နောက်နေတာလား”
ဝူကျန်းယွဲ့သည်လည်း ယဲ့ဖန်၏ လုပ်ရပ်ကြောင့် ရယ်ချင်သွားပြီး သူ၏ စဉ်းလဲသောအကြည့်များဖြင့် စိုက်ကြည့် လိုက်သည်။
ထိုခဏ၌ အိုးရန်ယိနှင့် ဝူရို့ဟုန်တို့ပင်လျှင် အလွန်အမင်း အရှက်ရမိသွားကြသည်။
မောက်မာသည့်သူတွေကို သူတို့ မြင်ဖူးသော်လည်း ဤမျှအထိ မောက်မာသည့်သူကိုမူ တစ်ခါမှ မတွေ့ဖူးပေ။
*သူက အင်မော်တယ် ဧကရာဇ် ဖြစ်နေရုံနဲ့ ဝူကျန်းယွဲ့ကို အထင်သေးလို့ရမယ် ထင်နေတာလား၊ ဝူကျန်းယွဲ့ လက်ချက်နဲ့ သေသွားတဲ့ အင်မော်တယ် ဧကရာဇ်တွေ ဒီနှစ်တွေထဲမှာ မနည်းတော့ဘူးလေ*
*ယဲ့ဖန် ဒီလောက်အထိ မောက်မာရဲတာ၊ တကယ်ကို သေတွင်းတူးနေတာပဲ*
“မဟုတ်ဘူး ... ငါက အတည် မေးနေတာ”
ယဲ့ဖန်က ဝူကျန်းယွဲ့ကို စိုက်ကြည့်ရင်း ထပ်မံ ပြောလိုက်သည်။
“မင်း... ဘယ်လိုမျိုး သေချင်လဲ”
ဝူကျန်းယွဲ့၏ မျက်နှာအမူအရာ ချက်ချင်း အေးစက်သွားသည်။
“ငါ မင်းကို သတိပြန်ဝင်အောင် လုပ်ပေးပြီး နှိမ့်ချမှုဆိုတာ ဘာလဲဆိုတာကို သင်ပေးဖို့ လိုနေပြီထင်တယ်”
ရဲ့ဖုန်း၏ နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။
“မင်းမှာ အဲ့လိုအရည်အချင်း မရှိဘူး”
“ဝုန်း”
လွှမ်းမိုးချုပ်ကိုင်နိုင်သော စွမ်းအားတစ်ခုသည် ယဲ့ဖန်၏ ခန္ဓာကိုယ်မှ ရုတ်တရက် ပေါက်ကွဲထွက်လာသည်။ ရှေးဟောင်း မိစ္ဆာတောင်တန်းကြီး တစ်ခု ပေါက်ကွဲထွက်လာသကဲ့သို့ပင်။
၎င်း၏ စွမ်းအားမှာ ကြောက်မက်ဖွယ်ကောင်းလှသည်။
“ဘာ ... မင်းကလည်း အင်မော်တယ် ဧကရာဇ် တစ်ယောက်ပဲလား”
ဝူကျန်းယွဲ့၏ မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားသည်။
*ဒီကောင်က သူတော်စင်သခင် အဆင့်ပဲ ရှိတယ်လို့ ကောလာဟလတွေ ထွက်နေတာ မဟုတ်ဘူးလား*
လူတိုင်း ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြသည်။ တစ်ဖက်လူက သူ၏ စစ်မှန်သော စွမ်းအားကို ဝှက်ထားခဲ့ခြင်းပင်။
*သွားပြီ*
*အကုန်သွားပြီ*
အိုးရန်ယိနှင့် ဝူရို့ဟုန်တို့သည် စိတ်ထဲမှ ညည်းတွားလိုက်မိသည်။ အခုဆိုလျှင် ဝူကျန်းယွဲ့က ယဲ့ဖန်ကို အသက်ရှင်လျက် လွှတ်ပေးလိုက်ရန် ပို၍ပင် မဖြစ်နိုင်တော့ချေ။
“ဟဲဟဲ ... မင်း ဒီလောက်အထိ မောက်မာရဲတာ မဆန်းပါဘူး၊ မင်းက အင်မော်တယ် ဧကရာဇ် ဖြစ်နေတာကိုး”
ဝူကျန်းယွဲ့၏ နှုတ်ခမ်းပေါ်တွင် နောက်ပြောင်လိုသော အရိပ်အယောင်များ ပေါ်လာသော်လည်း သူက တုန်လှုပ်ခြင်း မရှိပေ။
“ဒါပေမဲ့ မင်းက ဒီလောက်လေးနဲ့ ငါ့ကို ယှဉ်နိုင်မယ်လို့ ထင်နေရင်တော့၊ မင်း အရမ်းကို တုံးလွန်းတယ်လို့ ငါပြောရလိမ့်မယ်”
လူတိုင်းက အဆိုးမြင်သော အကြည့်များဖြင့် ခေါင်းယမ်းလိုက်ကြသည်။ ဤနယ်မြေတစ်ခုလုံးတွင် အင်မော်တယ် ဧကရာဇ် များစွာ ရှိသော်လည်း ဝူကျန်းယွဲ့ တစ်ဦးတည်းကိုသာ အင်မော်တယ် အရှင်သခင်ဟု ခေါ်ဆိုနိုင်ခြင်း ဖြစ်သည်။
သူသည် တစ်သက်လုံး စစ်သည်တော်တစ်ဦး ဖြစ်ပြီး ဤလောကတွင် ပြိုင်ဘက်ကင်းသူ ဖြစ်သည်။
အင်မော်တယ် ဧကရာဇ်အဆင့်တွင် ဝူကျန်းယွဲ့သည် ပြိုင်ဘက်ကင်းသည်ဟု ပြောစမှတ်ပြုလာသည်မှာ ကြာပြီ ဖြစ်သည်။
သူနှင့် မျိုးဆက်တူ တစ်စုံတစ်ယောက်က ဤအဆင့်တွင် သူ့ကို အနိုင်ယူချင်သည်ဆိုခြင်းမှာ လုံးဝ အလှမ်းဝေး လွန်းသော အိပ်မက်တစ်ခုသာ ဖြစ်သည်။
၎င်းမှာ လုံးဝကို မဖြစ်နိုင်သောအရာပင်။
“ကောင်လေး ... မင်း ဒီနယ်မြေကို ရောက်တာ မကြာသေးလို့ အင်မော်တယ် အရှင်သခင်ရဲ့ ကျော်ကြားလှတဲ့ ဂုဏ်သတင်းကို မကြားဖူးသေးတာ ထင်တယ်”
“သူ့ရဲ့ မောက်မာမှုတွေက သူ့ကိုယ်သူ ရယ်စရာဖြစ်အောင် လုပ်နေတာပဲ”
သရော်စာဆန်သော မှတ်ချက်များ ဆက်တိုက် ထွက်ပေါ်လာတော့သည်။
ထိုခဏ၌ ဝူကျန်းယွဲ့သည် ကျုံးဝမ်ဘက်သို့ လှည့်ကြည့်ကာ ကောက်ကျစ်သော ရည်ရွယ်ချက်ဖြင့် မေးလိုက်သည်။
“သူ့ကို ဘယ်လိုနည်းနဲ့ သတ်ပေးစေချင်လဲ”
ကျုံးဝမ်သည် သူ့ကို အသနားခံလိမ့်မည် သို့မဟုတ် ဆဲဆိုလိမ့်မည်ဟု သူက မူလက ထင်မှတ်ထားခဲ့သည်။
သို့သော် မမျှော်လင့်ဘဲ ကျုံးဝမ်၏ နှုတ်ခမ်းထောင့်တွင် ထူးဆန်းသော အပြုံးတစ်ခု ပေါ်လာပြီး ပြန်ပြော လိုက်သည်။
“ရှင် ကြိုက်သလိုသာ လုပ်ပါ”
ညှို့ယူဖမ်းစားနိုင်လွန်းလှသည်။
ရင်သပ်ရှုမောဖွယ် ကောင်းလှသည်။
ဝူကျန်းယွဲ့မှာ ကြောင်အသွားရသည်။
*ကျုံးဝမ်က စိတ်ပြောင်းသွားပြီလား*
“ဟားဟားဟား...”
ဝူကျန်းယွဲ့၏ ပါးစပ်မှ လှောင်ပြောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။
“ယဲ့ဖန် မြင်ပြီလား၊ အခုတော့ မင်းရဲ့ မိန်းမကိုယ်တိုင်ကတောင် မင်းကို သစ္စာဖောက်သွားပြီ”
အိုးရန်ယိနှင့် ဝူရို့ဟုန်တို့သည် ယဲ့ဖန်၏ ရှေ့တွင် ချက်ချင်း ပိတ်ရပ်လိုက်ပြီး ဝူကျန်းယွဲ့ကို သတိကြီးစွာဖြင့် စောင့်ကြည့်နေကြသည်။
တစ်ချိန်တည်းမှာပင် သူတို့က ယဲ့ဖန်ကို တိုးတိုးလေး ကပ်ပြောလိုက်သည်။
“အခြေအနေကို ကြည့်ပြီး လုပ်ပါ။ အခွင့်အရေးရတာနဲ့ ချက်ချင်း ထွက်ပြေးတော့။ ငါတို့ သူ့ကို တတ်နိုင်သလောက် ဟန့်တားထားပေးမယ်”
ထိုသို့ ပြောနေကြသော်လည်း သူတို့နှစ်ဦးစလုံး၏ မျက်နှာမှာ အလွန်ပင် ပျက်ယွင်းနေသည်။ ဝူကျန်းယွဲ့ကို ဟန့်တားနိုင်မည့် အခွင့်အလမ်းမှာ အလွန်ပင် နည်းပါးလှကြောင်း သူတို့ကိုယ်တိုင် သိနေကြသောကြောင့် ဖြစ်သည်။
အိုးရန်ယိတို့ နှစ်ယောက် ပေါ်လာသည်ကို မြင်သောအခါ ဝူကျန်းယွဲ့က နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။
“မင်းတို့ အမှိုက်နှစ်ကောင်က ထပ်ပေါ်လာပြန်ပြီလား၊ မင်းတို့နှစ်ယောက်တည်းနဲ့ ဒီအမှိုက်ကို ကာကွယ်ပေး နိုင်မယ် ထင်နေတာလား”
အိုးရန်ယိနှင့် ဝူရို့ဟုန်တို့သည် ဒေါသကြောင့် သွားကြိတ်ရင်း မျက်နှာများ တင်းမာနေကြသည်။ ထိုအခိုက် အတန့်တွင် သူတို့မှာ ရှက်ရွံ့မှုများဖြင့်လည်း ပြည့်နှက်နေရသည်။
“နောက်ကို ဆုတ်လိုက်ကြ၊ မင်းတို့က သူ့ရဲ့ ပြိုင်ဘက် မဟုတ်ဘူး”
ထိုစဉ် သူတို့၏ အနောက်ဘက်မှ ယဲ့ဖန်၏ အေးစက်သော အသံ ထွက်ပေါ်လာသည်။ ယဲ့ဖန်သည် ရှေ့သို့ တစ်လှမ်းချင်း လှမ်းလာပြီး သူတို့၏ ရှေ့တည့်တည့်တွင် ရပ်လိုက်တော့သည်။
သူသည် ဝူကျန်းယွဲ့ကို တည်ငြိမ်စွာ စိုက်ကြည့်နေသည်။
“ငါတို့က သူ့ပြိုင်ဘက် မဟုတ်ဘူးဆိုတော့... နင်ကရော ဖြစ်လို့လား”
ဝူရို့ဟုန်က သရော်လိုက်သည်။
“မင်းကြောင့်သာ မဟုတ်ရင် ငါတို့ ဒီလောက်အထိ အခက်တွေ့စရာ အကြောင်းမရှိဘူး”
အိုးရန်ယိကလည်း ဝင်ပြောတော့သည်။
ယဲ့ဖန်က သူတို့ကို ဂရုမစိုက်ပေ။ သို့သော် သူ၏ နောက်ထပ် ထွက်ပေါ်လာသော စကားလုံးများအား နားစည်များ ကွဲထွက်မတတ် အော်ဟစ်လိုက်သည်။
“ဝူကျန်းယွဲ့... ဒီကိုလာပြီး အသေခံစမ်း”
“ဝုန်း”
တစ်နေရာလုံးရှိ လေထုမှာ ပေါက်ကွဲထွက်သွားသကဲ့သို့ ဖြစ်သွားရသည်။ ထိုအခိုက်အတန့်တွင် ရောက်ရှိနေသူ အားလုံးမှာ အံ့သြတုန်လှုပ်လွန်းသဖြင့် အသက်ရှူပင် မှားသွားကြရတော့သည်။
မောက်မာလွန်းလှသည်။
မောက်မာလွန်းလှပေသည်။
ဒီလူက ဝူကျန်းယွဲ့ကို သေချာပေါက် အနိုင်ယူနိုင်မယ့် ပုံနဲ့ ပြောနေတယ်၊ သူကိုယ်တိုင် သေတွင်းထဲ ရောက်နေတာ ကိုတော့ သတိမထားမိတဲ့ပုံပဲ။
“မင်းကတော့ တကယ် သေချင်နေပြီပဲ”
ဝူကျန်းယွဲ့သည် ရုတ်တရက် ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး သူ၏မျက်ဝန်းများတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်သွားကာ တစ်ကိုယ်လုံးမှ အလင်းတန်းများ ဖြာထွက်လာတော့သည်။ သူ၏ ပြင်းထန်လှသော လက်ဝါးချက်သည် ကောင်းကင်နှင့် မြေကြီးကို တုန်ခါစေနိုင်သည့် ပုဆိန်ကြီးတစ်လက်အလား ယဲ့ဖန်၏ ဦးခေါင်းတည့်တည့်သို့ ဝုန်းခနဲ ကျဆင်းလာတော့သည်။
*သေစမ်းကွာ*
အိုးရန်ယိနှင့် ဝူရို့ဟုန်တို့မှာ ထိတ်လန့်သွားကြပြီး ဝင်ရောက် တားဆီးရန် ပြင်လိုက်ကြသည်။
သို့သော် ထိုအခိုက်အတန့်တွင် သူတို့၏ အနောက်ဘက်မှ ပြင်းထန်သော အားတစ်ခုက သူတို့ကို အနောက်သို့ ဆွဲယူသွားသည်ကို ခံစားလိုက်ရသည်။
သူတို့ သတိပြန်ဝင်လာချိန်တွင် ဝူကျန်းယွဲ့သည် ယဲ့ဖန်၏ အနားသို့ ရောက်ရှိနေပြီဖြစ်ပြီး ရေတွက်၍မရနိုင်သော နတ်ဘုရား အလင်းတန်းများက ယဲ့ဖန်ကို လွှမ်းခြုံထားလေပြီ။
“မကောင်းတော့ဘူး”
“ပြေး၊ အခုချက်ချင်း ပြေးတော့”
သူတို့နှစ်ဦးစလုံး စိုးရိမ်တကြီး အော်ဟစ်လိုက်ကြသည်။ သို့သော် ယဲ့ဖန်မှာမူ ကျောက်ရုပ်တစ်ရုပ်ကဲ့သို့ပင် မလှုပ်မယှက် ရှိနေဆဲဖြစ်သည်။
၎င်းကို မြင်သောအခါ ရောက်ရှိနေသူ အများအပြားက အေးစက်စွာ လှောင်ပြုံးလိုက်ကြသည်။
*ဒီကောင်လေးတော့ ကြောက်လွန်းလို့ သတိလက်လွတ် ဖြစ်နေပြီ ထင်တယ်*
အိုးရန်ယိတို့မှာလည်း ယဲ့ဖန်၏ သွေးများ နေရာတင် လွင့်စဉ် သွားတော့မည်ကို မြင်ယောင်ကာ ဒေါသများ ချောင်းချောင်းထွက်နေကြသည်။ ထို
ခဏ၌ ဟင်းလင်းပြင်ကြီးမှာပင် ပုံပျက်သွားရပြီး ဝူကျန်းယွဲ့၏ လက်ဝါးချက်မှာ ဟင်းလင်းပြင်ကို နှစ်ပိုင်းခွဲ ပစ်တော့မည့်အလားပင်။
“ပုစဉ်းရင်ကွဲက ရထားလုံးကို တားသလိုပဲ၊ ကိုယ့်အစွမ်းကိုယ် အထင်ကြီးလွန်းနေတာ ... အင်”
နတ်ဘုရား မျိုးနွယ်စုဝင် တစ်ဦးက သရော်စကား ပြောရန် ပြင်လိုက်သော်လည်း နောက်ဆက်တွဲ ဖြစ်ရပ်ကြောင့် သူ၏စကားလုံးများမှာ လည်ချောင်းထဲ၌ပင် ရပ်တန့်သွားပြီး ပါးရိုက်ခံလိုက်ရသကဲ့သို့ ဖြစ်သွားရသည်။
“ဘုန်း”
ဝူကျန်းယွဲ့၏ လက်ဝါးချက်သည် လက်သီးပေါ်သို့ ဝုန်းခနဲ ကျရောက်သွားသည်။
ယဲ့ဖန်၏ လက်သီးပေါ်သို့ပင်။
လေထုတစ်ခုလုံး ချက်ချင်း အေးခဲသွားတော့သည်။
လူတိုင်း၏ မျက်ဝန်းထဲမှ လှောင်ပြောင်မှုများမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး နက်ရှိုင်းသော ထိတ်လန့် တုန်လှုပ်မှုများဖြင့် အစားထိုးဝင်ရောက်လာသည်။
*ယဲ့ဖန်က ဝူကျန်းယွဲ့၏ လက်ဝါးချက်ကို တကယ်ပဲ တားဆီးလိုက်နိုင်တာလား*
*သူတို့ မျက်စိမှားနေတာလား*
သူတို့တင်မကဘဲ ဝူကျန်းယွဲ့ကိုယ်တိုင်ပင် နေရာတွင် မှင်တက်သွားရသည်။ သူ၏ လက်ဝါးချက်တွင် သံသရာ ကောင်းကင်ဘုံသိုင်း၏ စွမ်းအားများ ပါဝင်နေပြီး မဟာ တာအိုကိုပင် ခွဲထွက်နိုင်သော်လည်း၊ သူ၏ ရှေ့မှ လူကမူ သာမန်ခန္ဓာကိုယ်ဖြင့် ထိပ်တိုက်ရင်ဆိုင်ရဲသည်လား။
ဤသည်မှာ ကောင်းကင်ဘုံ၏ စွမ်းအားကို လူသားခန္ဓာကိုယ်ဖြင့် ခုခံသည်နှင့် အတူတူပင်ဖြစ်သည်။
*ဒီကောင်လေးက ပြိုင်ဘက်ကင်းနေတာလား*
*ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
အိုးရန်ယိနှင့် ဝူရို့ဟုန်တို့မှာမူ လုံးဝ ဆွံ့အသွားကြရသည်။ သူတို့နှစ်ဦးစလုံးမှာ သရဲ မြင်လိုက်ရသည့်အလား မယုံကြည်နိုင်သော မျက်လုံးများဖြင့် စိုက်ကြည့်နေကြသည်။
သူတို့ အံ့အားသင့်သွားရသည်။ သူတို့ ကြောင်အသါားရလေသည်။
*သူ့ခန္ဓာကိုယ် စွမ်းအားက ကောင်းကင်နှင့် မြေကြီးကို တုန်ခါစေနိုင်တာလား၊ ဒီကောင်လေးက ဘယ်လို မိစ္ဆာမျိုးပါလိမ့်*
သို့သော် ပို၍ ကြောက်စရာကောင်းသောအရာက မလာသေးပေ။
ယဲ့ဖန်၏ နှုတ်ခမ်းထောင့်တွင် ရက်စက်ပြီး ရူးသွပ်သော အပြုံးတစ်ခု ပေါ်လာကာ ငရဲပြည်မှ နတ်ဆိုးတစ်ကောင်၏ အော်ဟစ်သံကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော အသံကြီး ထွက်ပေါ်လာသည် -
“ပထမဆုံးအနေနဲ့... ခွန်းလွန်တောင် တုန်ခါခြင်း”
“ဝုန်း”
မိုးကြိုးပေါင်း တစ်ထောင် တပြိုင်နက်တည်း ပစ်ခွင်းလိုက်သကဲ့သို့ပင် မဟာတာအိုမှာ ပြင်းထန်စွာ တုန်ခါသွားပြီး ဤကမ္ဘာလောကကြီးပင် ပြိုလဲတော့မည့်အလား ခံစားရသည်။ ယဲ့ဖန်၏ လက်သီးထံမှ ကြီးမားလှသော စွမ်းအားကြီးတစ်ခု ပေါက်ကွဲထွက်လာတော့သည်။
၎င်းစွမ်းအားမှာ အတားအဆီးမဲ့စွာ ပျံ့နှံ့သွားတော့သည်။