← Chapters

မင်းက ငါ့ရန်သူဆိုရင် သေကို သေရမယ်

Vol. 16 Ch. 235

မင်းက ငါ့ရန်သူဆိုရင် သေကို သေရမယ်

Vol. 16 Ch. 235

ဂျွတ်ခနဲ အသံနှင့်အတူ ဒဏ္ဍာရီအဆင့် လူအိုကြီး၏ ပခုံးတစ်ဘက် ပြုတ်ထွက်သွားသဖြင့် သွေးများက ပန်းထွက်လာသည်။

"အား…အား…အား"

လူအိုကြီးသည် အသတ်ခံရတော့မည့် ဝက်တစ်ကောင်ကဲ့သို့‌ အော်ဟစ်ညည်းညူနေသည်။

*လူထူးလူဆန်း*

သူ့မျက်လုံးထဲတွင် ယဲ့ဖန်သည် သေချာပေါက်ကို လူထူးလူဆန်း တစ်ယောက် ဖြစ်သည်။

ကုန်းကျန့်ထျန်းနှင့် ကျန် ဒဏ္ဍာရီအဆင့် တစ်ယောက်တို့ အလွန် ထိတ်လန့်သွားကြသည်။

ဂျွတ်! ဂျွတ်! ဂျွတ်!

ယဲ့ဖန်က မုန်ယိုနေသော သားရဲကောင်ကြီးကဲ့သို့ ထိုဒဏ္ဍာရီအဆင့် လူအိုကြီးအား သူ၏ အလွန် ချွန်ထက်နေသော သံမဏိ လက်သည်းများနှင့် ဆက်၍ တစ်စစီ ဆွဲဖြုတ်နေသောကြောင့် သွေးများက လေထုထဲ လွင့်စဉ်ထွက်လာသည်။

ရွှစ်! ရွှစ်! ရွှစ်!

လတ်လတ်ဆတ်ဆတ် သွေးများက ရေတံခွန်ကဲ့သို့ ပန်းထွက်လာသဖြင့် သွေးမိုးရွာသွန်းသကဲ့သို့ ဖြစ်သွားရသည်။ လေထုထဲမှ သွေးနံ့များကို ရှူရှိုက်မိရင်း ဘေးမှသူများ ကြောက်ရွံ့ကာ တုန်ယင်လာကြသည်။

"သေစမ်းကွာ"

ကုန်းကျန့်ထျန်း မှင်တက်အံ့ဩသွားရသည်။

သူက ချက်ချင်းဆိုသလို ကျန်နေသော ဒဏ္ဍာရီအဆင့် နောက်တစ်ယောက်နှင့်အတူ ပြင်းထန်စွာ တိုက်ခိုက်လိုက်ကြသည်။

ဝုန်း! ဝုန်း! ဝုန်း!

သို့သော် ယဲ့ဖန်က သူတို့၏ တိုက်ခိုက်မှုများကို မသိချင်ယောင်ဆောင်ကာ အနာခံလိုက်သည်။

ဝုန်း! ဝုန်း! ဝုန်း!

သူ၏ ခန္ဓာကိုယ်ကား သံမဏိကဲ့သို့ မာကျောလှပေ၏။ ရန်သူ၏ တိုက်ခိုက်မှုများက ကြမ်းကြုတ်လာလေလေ သူက ဒဏ္ဍာရီအဆင့် လူအိုကြီးအား ပို၍ ရက်စက်စွာ တစ်စစီ ဆွဲဖြုတ်လေဖြစ်သည်။

"အား…အား…အား"

လူအိုကြီး၏ အော်သံက ပို၍ ပို၍ ကျယ်လောင်စူးရှလှသည်။

ကျန်သူများ၏ အံ့ဩနေသော အကြည့်များ အောက်မှာပင် ဒဏ္ဍာရီအဆင့် လူအိုကြီး၏ အရေပြားက တစ်လွှာချင်း ကွာကြလာပြီး သူ့ခန္ဓာကိုယ်ထဲမှ အရိုးများ တစ်ချောင်းပြီး တစ်ချောင်း ထွက်ပေါ်လာသည်။

နောက်ဆုံးတွင် သူသည် အရိုးစု ဖြစ်လာပြီး တစ်စစီ ဖြစ်သွားလေတော့သည်။

တောက်ခနဲ အသံနှင့်အတူ ထိုဒဏ္ဍာရီအဆင့် လူအိုကြီး၏ ကျန်ရှိနေသေးသော အရိုးက လမ်းမပေါ် ပြုတ်ကျလာသည်။

ထိုအချိန်တွင် လမ်းမတစ်ခုလုံး တိတ်ကျလို့သွားသည်။

ကုန်းကျန့်ထျန်းနှင့် ကျန် ဒဏ္ဍာရီအဆင့် လူအိုကြီးတောင်မှ လှုပ်ရှားနေရာမှ ရပ်တန့်သွားသည်။

လမ်းမပေါ်မှ ရုပ်ပျက်ဆင်းပျက် ဖြစ်နေသော ပုံသဏ္ဌာန်ကို ကြည့်ပြီး မျက်ခုံး တဆတ်ဆတ်လှုပ်ကာ နဖူးမှ ချွေးတဒီးဒီးကျလာသည်။

*ရူးနေပြီ*

သည်လောက် ရူးနေသည့် သူမျိုး သူတို့ တစ်ခါမှ မမြင်ခဲ့ပါ။

သူက ဒဏ်ရာအရခံပြီးတော့ကို ဒဏ္ဍာရီအဆင့် လူအိုကြီးအား ဆွဲဖြုတ်နေခဲ့ခြင်း ဖြစ်သည်။

*ဒီလူ…*

လမ်းမတစ်ခုလုံး အေးစိမ့်စိမ့် ဖြစ်နေသည်။

ကြည့်နေသည့်သူများအားလုံး ခေါင်းမွှေးထောင်နေသလို ခံစားရပြီး နည်းနည်းလေးမျှ မလှုပ်ရဲပေ။

သူတို့စိတ်ထဲ၌ ယဲ့ဖန်သည် နတ်ဆိုးနတ်ဘုရား တစ်ပါးနှင့် ဆင်တူသည်ဟု တွေးမိနေကြသည်။

မဟူရာ ကြက်ခြေခတ်အဖွဲ့မှ ကျန်ရှိနေသော ဆရာသခင်အဆင့် အယောက်ငါးဆယ်သည်လည်း ကြောက်လန့်ကာ ဘောင်းဘီထဲ သေးထွက်ကျမတတ် ဖြစ်နေသည်။

သူတို့၏ ခြေထောက်များက တဆတ်ဆတ် တုန်နေကာ မွေးကာစ သမင်ပေါက်လေးများကဲ့သို့ ခြေမခိုင်ချင်သလို ဖြစ်နေကြသည်။

ယခင်တုန်းက မည်သည့် အင်အားကြီး သိုင်းပညာရှင်မဆို ကျန်းရှီမြို့အား ရှင်းလင်းပစ်နိုင်သည်ဟု သူတို့ ယုံကြည်ခဲ့မိကြသည်။

သို့ပေမဲ့ ယခုအခါတွင်တော့ မဟူရာ ကြက်ခြေခတ်အဖွဲ့၏ ဂိုဏ်းခွဲလေးခုမှ ထိပ်တန်း အင်အားစုများတောင်မှ သုတ်သင်ခြင်း ခံလိုက်ရလေသည်။

ပို၍ ထိတ်လန့်ဖွယ်ကောင်းသည်က လူငယ်လေးတစ်ယောက်က ဒဏ္ဍာရီအဆင့် သိုင်းပညာရှင်အား လက်ချည်းသက်သက်ဖြင့် ဆွဲဖြဲနေခြင်း ဖြစ်သည်။

"ကျန်းရှီမြို့က တကယ်ပဲ သိုင်းပညာရှင်တွေရဲ့ သင်္ချိုင်းမြေပါလား"

ဆရာသခင်အဆင့် သိုင်းပညာရှင် အယောက်ငါးဆယ်လုံး သည်လောက် ကြောက်ဖို့ကောင်းသည့် မြို့ကို လာခဲ့မိသဖြင့် ကြီးစွာ နောင်တရလာကြသည်။

သို့သော် အိပ်မက်ဆိုးကား မက်လို့ မဆုံးနိုင်ဖြစ်နေသည်။

သူ့ဒဏ်ရာများမှ သွေးများကို သုတ်လိုက်ပြီးနောက် ယဲ့ဖန်က နောက်ဒဏ္ဍာရီအဆင့် လူအိုကြီးအား မီးဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့် လှမ်းကြည့်လိုက်သည်။

"မဖြစ်ဘူး"

ထိုဒဏ္ဍာရီအဆင့် လူအိုကြီးသည် ချက်ချင်း အေးစိမ့်စိမ့်ဖြစ်သွားကာ တစ်ကိုယ်လုံး တုန်ယင်လာသည်။

သူ ချက်ချင်း နောက်လှည့်ကာ ထွက်ပြေးရန် ပြင်လိုက်သည်။ သူ အလွန် သွေးပျက်ချောက်ချားလို့နေ၏။

ဒဏ္ဍာရီအဆင့် လူအိုကြီးသည် လူများစွာကို သတ်ခဲ့ဖူးပါသည်။ သို့သော် သည်လောက် ရက်စက်တတ်သည့် မကောင်းဆိုးဝါးမျိုးကိုတော့ သူ မမြင်ခဲ့ဖူးပါ။

သူသည် လျှပ်စီးထက် မြန်သော နှုန်းဖြင့် ပြေးနေသော်လည်း သူ့မိဘများက သူ့ကို ခြေထောက် နှစ်ချောင်းထက် ပိုမပေးခဲ့သဖြင့် စောဒက တက်ချင်နေသေးသည်။

သူ သုတ်သုတ်ပျာပျာ ထွက်ပြေးသွားသည်ကို ကြည့်ပြီး ကုန်းကျန့်ထျန်း၏ မျက်နှာက ချက်ချင်း သုန်မှုန်လာကာ လှမ်းအော်လိုက်သည်။

"အမှိုက်ကောင် … ရပ်လိုက်စမ်း"

ထိုဒဏ္ဍာရီအဆင့် လူအိုကြီး ထွက်ပြေးရန် ကြံစည်လျင် ပို၍ လျင်မြန်စွာ သေဆုံးမည်ကို ကုန်းကျန့်ထျန်း သိနေသည်။

ထင်ထားသည့်အတိုင်းပင် ကုန်းကျန့်ထျန်း ပြောလို့ ပြီးသည်အချိန်လေးမှာပင် ယဲ့ဖန်က ထိုလူအိုကြီး၏ ကျောဘက်သို့ လျင်မြန်စွာ ပြေးတက်သွားသည်။

"မင်းရဲ့ ဝိညာဉ်ကတော့ ထွက်သွားလို့ရတယ် …. ဒါပေမယ့် မင်းအသက်ကိုတော့ ဒီမှာ ထားခဲ့"

*ဘာ*

သူ၏ အသက်ကို နုတ်ယူတော့မည့်အသံကို ကြားလိုက်ရသဖြင့် ထိုဒဏ္ဍာရီအဆင့် လူအိုကြီး ကြောက်လန့်ကာ တုန်လှုပ်သွားသည်။

ရွှစ်!

မကြာခင်မှာပင် လက်တစ်ဘက်က သူ၏ နောက်ကျောဘက်မှ နေ၍ ထုတ်ချင်းဖောက်၍ ထွက်လာသည်။

"အား…အား…အား"

ဆိုးရွားလှသော နာကျင်မှုကြောင့် သူ တစ်ကိုယ်လုံး တုန်ယင်လာသည်။ ထို့နောက် လက်တစ်ဘက်က သူ့ကျောရိုးကို ဆုပ်ကိုင်၍ ဆတ်ခနဲ ဆောင့်ဆွဲလိုက်သလိုမျိုး ခံစားလိုက်ရသည်။

သူ့ကျောရိုးတစ်ခုလုံး ခန္ဓာကိုယ်ထဲမှ ဆွဲထုတ်ခံလိုက်ရလေသည်။ ထို့နောက်တွင်မူ ထိုဒဏ္ဍာရီအဆင့် လူအိုကြီးသည် လမ်းမပေါ်သို့ ရွှံ့စေးကဲ့သို့ ပျော့ဖတ်စွာ လဲကျသွားသည်။

"မဟုတ်ဘူး…မဖြစ်ရဘူး"

ထိုဒဏ္ဍာရီအဆင့် လူအိုကြီးက စူးစူးဝါးဝါး အော်ဟစ်လို့နေ၏။

သို့သော် ယဲ့ဖန်က သူ့အော်သံများကို လျစ်လျူရှုထားသည်။ မကောင်းဆိုးဝါး တစ်ကောင်ကဲ့သို့ သူက ထိုလူအိုကြီး၏ လည်မျိုကို နင်းကာ သူ့လက်သည်းဖြင့် ထိုလူအိုကြီး၏ ခန္ဓာကိုယ်အား ဆွဲနွှာလေတော့သည်။

ထို့ကြောင့် ခန္ဓာကိုယ် အစိတ်အပိုင်းများက သွေးနံ့များ လှိုင်လှိုင်ထနေသော လေထုထဲသို့ မြောက်တက်လာသည်။

ထိုနေရာတစ်ခုလုံး ငရဲကဲ့သို့ ကြောက်မက်ဖွယ်ကောင်းလာသည်။

ထိုလူအိုကြီး၏ အသံတိတ်ကျသွားသည့်အခါ၌ တစ်လမ်းလုံး တိတ်ကျလို့သွားသည်။ မကြည်လင်သော လေုထုက လူတိုင်းအား ရင်တုန်သွားစေသည်။ ထို့ကြောင့် ထိုနေရာတွင်းမှ မည်သူမျှ အသက်မရှူရဲကြပေ။

ယဲ့ဖန်က တဖြည်းဖြည်းနှင့် ဘေးသို့ လှည့်လာပြီး ကုန်းကျန့်ထျန်းထံသို့ လျှောက်လာသည်။

တောက်! တောက်!

သူ့လက်ဖဝါးမှ ရဲရဲနီနေသော သွေးများက တစက်စက် ကျနေသည်။ ရုတ်တရက် ယဲ့ဖန်၏ လက်ဖဝါးတွင်းမှ မှိန်ဖျော့ဖျော့ အလင်းရောင်နှစ်ခု လက်လာသည်။

ထိုအရာများက ဒဏ္ဍာရီအဆင့် လူအိုကြီးများ၏ မူလ သလင်းကျောက်များ ဖြစ်သည်။ လူအုပ်ကြီးက ထိုသလင်းကျောက်များအား ကြောက်လန့်စွာ ကြည့်လိုက်မိသည်။

သူတို့မျက်လုံးထဲတွင်တော့ ဒဏ္ဍာရီအဆင့် သိုင်းပညာရှင်များသည် နတ်ဘုရားများလိုပင် ဖြစ်သည်။

ကံကြမ္မာ၏ လှည့်ကွက်အတွင်းမှာပင် သူတို့၏ နတ်ဘုရားများက ဆွဲနွှာခံလိုက်ရသည့်အပြင် သူတို့ နတ်ဘုရားများ၏ မူလ သလင်းကျောက်များ ဆွဲထုတ်ခံလိုက်ရလေသည်။

မဟူရာ ကြက်ခြေခတ်အဖွဲ့မှ ဆရာသခင်အဆင့် အယောက်ငါးဆယ်၏ မျက်နှာများက ပြာနှမ်းလာသည်။

ကုန်းကျန့်ထျန်းတောင်မှ ရင်တုန်ပန်းတုန် ဖြစ်လာရသည်။

"ယဲ့…ယဲ့ဖန်… တကယ်ကလေ ... ငါတို့ ဒီလောက်ထိ အငြိုးကြီးစရာ မလိုပါဘူးကွာ"

ကုန်းကျန့်ထျန်းက သွေးပျက်နေသော မျက်နှာထားဖြင့် ပြောလိုက်ရင်း သူ့ပါးစပ်ကလည်း တဆတ်ဆတ် တုန်နေသည်။

"အဲ့ဒါ… ငါ့သားနဲ့ မိန်းမကို မင်း သတ်လိုက်တာက အဲ့လောက်ထိ ပြဿနာ မကြီးပါဘူးကွာ … ငါ မင်းကို အရှေ့အာရှက မဟူရာ ကြက်ခြေခတ်အဖွဲ့ ဂိုဏ်းခွဲကိုလည်း ပေးပါ့မယ် … မင်း…မင်းကို ပေးပါ့မယ်"

"အခုတစ်ခါတည်းနဲ့ တစ်သက်လုံးစာ သင်ပုန်းချေလိုက်ကြတာပေါ့ … ဘယ်လိုလဲ"

ကုန်းကျန့်ထျန်း တကယ် ကြောက်လန့်လို့နေသည်။

ဤနတ်ဆိုးအား သူ ထပ်၍ ရန်မစရဲတော့ပါ။

အခြားဒဏ္ဍာရီအဆင့် လူအိုကြီးနှစ်ယောက်၏ အဖြစ်ကို ပြန်အမှတ်ရပြီး သူ ချမ်းစိမ့်စိမ့် ဖြစ်လာရသည်။

"ပြီးတော့ … ငါ မဟူရာ ကြက်ခြေခတ်အဖွဲ့အစည်းထဲမှာ ထောက်ခံပေးပါ့မယ် … မင်းရဲ့ အစွမ်းအစနဲ့ဆိုရင် မင်းက မဟူရာ ကြက်ခြေခတ်အဖွဲ့ရဲ့ ထိပ်တန်း ခေါင်းဆောင်တစ်ယောက် သေချာပေါက် ဖြစ်လာမှာ … ပြီးတော့ လူအယောင် ထောင်သောင်းမက မင်းအမိန့်ကို နာခံကြပါ .. ဘယ်..ဘယ်လို သဘောရလဲ"

ကုန်းကျန့်ထျန်း ယဲ့ဖန်အား ဂုဏ်သိက္ခာကော ကံကြမ္မာကောင်းပါ ပေးနိုင်ပါသည်။ သို့သော် သူ့စကားကြောင့် ယဲ့ဖန်က မထိတထိ အပြုံးနှင့် ပြန်ပြောလိုက်သည်။

"ကုန်းကျန့်ထျန်း … အပေးအယူလေးက ကောင်းပါတယ်"

*အမ်*

ကုန်းကျန့်ထျန်း ကြောင်သွားပြီးမှ ပျော်သွားသည်။

*သူ သဘောတူလိုက်ပြီ*

ကုန်းကျန့်ထျန်းက အသက်ဆက်ရှင်ရန်အတွက် နောက်ဆုံး မျှော်လင့်ချက် ကုန်ချင်သလို ဖြစ်နေသည်၊ သို့သော် မထင်မှတ်မထားဘဲ ယဲ့ဖန်က သူ့အပေးအယူကို လက်ခံလာသည်။

ထို့ကြောင့် သူသည် ချက်ချင်း ပျော်ရွှင်လာသော မျက်နှာထားမျိုး ဖြစ်လာသည်။

သို့သော် ယဲ့ဖန် ထပ်ပြောလိုက်သည့်စကားကြောင့် သူ၏ ပျော်နေသော မျက်နှာက တောင့်ခနဲ ဖြစ်သွားရသည်။

"စိတ်မကောင်းစရာက … ငါ့အဘိဓာတ်မှာ 'ချေဖျက်တယ်' ဆိုတဲ့ စကားလုံး မရှိတာပဲ"

"မင်းက ငါ့ရန်သူဆိုရင် သေကို သေရမယ်"

ထိုစကားများကြောင့် ကုန်းကျန့်ထျန်းသည် တစ်စုံတစ်ယောက်က သူ့ငယ်ထိပ်ကာနေ ရေခဲရေများ ပုံးလိုက်လောင်းချလိုက်သလို ခံစားလိုက်ရသည်။

သူ အလွန်အမင်း ကြောက်ရွံ့လာ၏။ ထိုစဉ် ယဲ့ဖန်က သူ့ထံ ပြေးဝင်လာသည်ကို မြင်လိုက်ရသဖြင့် သူ အလွန် ချောက်ချားသွားရသည်။

"ခွေးကောင်"

ကုန်းကျန့်ထျန်း၏ မျက်လုံးများက မည်းမှောင်သွားကာ ယဲ့ဖန်အား ပြန်ခုခံရန် ပြင်လိုက်သည်။

လမ်းမကို ခြေဆောင့်နင်းပြီး ယဲ့ဖန်အား အားကုန်သုံး၍ တစ်ပတ်လှည့်၍ ကန်လိုက်သည်။

"သေပေ‌တော့"

ဤသည်ကား တစ်ယောက်နှင့်တစ်ယောက် စီးချင်းထိုးသည့် တိုက်ပွဲပင် ဖြစ်သည်။

သို့သော် သူ့ခြေထောက်က ယဲ့ဖန်နှင့် ထိတော့မည့်အချိန်တွင် လက်တစ်ဘက်က သူ့ခြေထောက်ကို ရုတ်တရက် ဖမ်းကိုင်လိုက်သည်ကို မြင်လိုက်ရသည်။

ထို့နောက် ယဲ့ဖန်က အားစိုက်၍ ကုန်းကျန့်ထျန်း၏ ခြေချင်းဝတ်အား ချိုးလိုက်လေသည်။ သို့ပေမဲ့ ဤသည်ကား အစပင် ရှိသေးသည်။

ကုန်းကျန့်ထျန်း၏ ကြောက်လန့်နေသော အကြည့်များအောက်မှာပင် ယဲ့ဖန်က နောက်လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။

ထို့နောက် ဂျွတ်ခနဲ အသံနှင့်အတူ သူက ကုန်းကျန့်ထျန်း၏ ပေါင်ကို ရိုက်ချိုးလိုက်လေတော့သည်။

All Chapters