← Chapters

ကျုပ် လက်ဆောင်ကို ခင်ဗျား သဘောကျရဲ့လား

Vol. 16 Ch. 238

ကျုပ် လက်ဆောင်ကို ခင်ဗျား သဘောကျရဲ့လား

Vol. 16 Ch. 238

*ခေါင်းပြတ်တွေ*

*သွေးတွေနဲ့‌ ခေါင်းပြတ်သုံးလုံး*

ခေါင်းပြတ်တိုင်း၏ မျက်လုံးများက အလွန် ကြောက်လန့်၍ မျှော်လင့်ချက် မဲ့နေသည့် ပုံရိပ်များ ထင်နေ၏။

သူတို့၏ နဖူးတိုင်း၌ သွေးများနှင့် အခေါင်းပေါက်တစ်ခု ရှိနေသည်။ သူတို့၏မူလ သလင်းကျောက်များ ဆွဲထုတ်ခံထားရခြင်း ဖြစ်သည်။

ထိုအခေါင်းပေါက်မှ စီးကျနေသော သွေးများတောင် ခြောက်သွေ့လို့နေပြီ ဖြစ်သည်။ ထိုခေါင်းပြတ်သုံးလုံးကို မြင်ပြီး နန်ရှန့်အကြီးအကဲနှင့် သူ့တပည့်များ တစ်ခဏမျှ မှင်တက်သွားရသည်။

အစောပိုင်းတုန်းက သူတို့သည် ယဲ့ဖန်က ဤအခက်အခဲမှ လွတ်မြောက်ချင်၍ သူတို့ကို လာဘ်ထိုးနေသည်ဟု သူတို့ ထင်လိုက်မိကြသည်။

ယခုတော့ ယဲ့ဖန်၏ ရည်ရွယ်ချက်ကို သူတို့ သိလိုက်ရပြီ ဖြစ်သည်။ ယဲ့ဖန် ဘယ်လောက် လက်ဆောင်ပဏ္ဍာ ဆက်သပါစေ ရင်းလုံအတွက် သူတို့က သူ့လက်မောင်းတစ်ဘက်အား ချိုးပစ်မည်ဟု တွေးခဲ့ကြသည်။

သို့သော် ယဲ့ဖန်က လူ့ခေါင်းပြတ် သုံးလုံးအား လက်ဆောင်ပေးလိမ့်မည်ဟု သူတို့ ထင်မှတ်မထားခဲ့မိကြပါ။

နန်ရှန့်အကြီးအကဲသည် အလယ်မှ ခေါင်းပြတ်ကို သတိထားမိပြီးနောက် တစ်ကိုယ်လုံး ကတုန်ကယင်ဖြစ်ကာ ကြောက်လန့်ပြီး ဖင်ထိုင်လျက် လဲကျသွား၏။

"မဟူရာ ကြက်ခြေခတ်အဖွဲ့ရဲ့ အရှေ့အာရှ ဂိုဏ်းခွဲ ခေါင်းဆောင် ကုန်းကျန့်ထျန်း ပါလား"

"မဟူရာ ကြက်ခြေခတ်အဖွဲ့ရဲ့ ဩစတြေးလျ ဂိုဏ်းခွဲခေါင်းဆောင် ဂလူးရင့်ဒ်"

"မဟူရာ ကြက်ခြေခတ်အဖွဲ့ရဲ့ မြောက်ဥရောပ ဂိုဏ်းခွဲခေါင်းဆောင် ရောဘတ်"

"မဖြစ်နိုင်ဘူး …. အံ့ဩဖို့ကောင်းလိုက်တာ"

နန်ရှန့်အကြီးအကဲ ကတုန်ကယင်နှင့် ခုံပေါ် ပြန်လဲကျသွားသည်။ သူ့နဖူး၌ ချွေးများ စို့နေ၏။

*ဘာ*

နန်ရှန့်အကြီးအကဲ၏ စကားကြောင့် သူ့နောက်မှ ဆရာသခင်အဆင့် လေးယောက်လုံး စိတ်ရှုပ်ထွေးသွားကြသည်။

"ဆ…ဆရာ…သေ…သေချာလို့လားဗျာ"

လေးယောက်လုံး သူတို့ဆရာ၏ စကားကို မယုံနိုင်ကြပါ။

*အမှောင်ဂိုဏ်းက မနေ့ညကမှ မဟူရာ ကြက်ခြေခတ်အဖွဲ့က ကျန်းရှီမြို့က ယဲ့ဖန်၏ နေရာကို ဖျက်ဆီးမယ်လို့ သတင်းရထားတာလေ*

*မဟူရာ ကြက်ခြေခတ်ဂိုဏ်းခွဲ ခေါင်းဆောင်ရဲ့ ခေါင်းပြတ်ကြီးက ဘယ်က ဘယ်လို ရောက်လာရတာလဲ*

*အံ့ဩဖို့ကောင်းလိုက်တာ*

သူတို့မေးလိုက်သည့် စကားကြောင့် နန်ရှန့်အကြီးအကဲက ထိတ်လန့်တုန်လှုပ်စွာဖြင့် ပြန်ပြောလိုက်သည်။

" အမှောင်ဂိုဏ်းချုပ်နဲ့အတူ မဟူရာ ကြက်ခြေခတ် ဌာနချုပ်ကို သွားခဲ့တုန်းက သူတို့အားလုံးနဲ့ ငါဆုံခဲ့ဖူးတယ် … သူတို့အားလုံးက ဒဏ္ဍာရီအဆင့်တွေချည်းပဲ"

အကြီးအကဲ၏ စကားကြောင့် ဆရာသခင်အဆင့် သိုင်းပညာရှင် လေးယောက်လုံး ထိတ်ထိတ်ပျာပျာ ဖြစ်သွားကြသည်။

*ဒဏ္ဍာရီအဆင့်တွေ*

လင်ပန်းပေါ်မှ ခေါင်းပြတ်များကို သူတို့ စိုက်ကြည့်လိုက်မိကြသည်။ ထိုအခါမှ ထိုခေါင်းပြတ်များ၌ ကျန်ရှိနေသေးသော သန်မာသော ချီဓာတ် အကြွင်းအကျန်များက ထိုဦးခေါင်းပိုင်ရှင်များ၏ ကြောက်မက်ဖွယ်ကောင်းသော ခွန်အားကို ပြသနေသေးသည်ကို သတိပြုမိသွားသည်။

"ဒဏ္ဍာရီအဆင့် သိုင်းပညာရှင်တွေက အသတ်ခံလိုက်ရပြီး သူတို့ရဲ့ မူလ သလင်းကျောက်တွေက အထုတ်ခံလိုက်ရတယ် … လက်သည်က ဘယ်သူများပါလိမ့် … သူ … သူများလား"

နန်ရှန့်အကြီးအကဲနှင့် ဆရာသခင်အဆင့် သိုင်းပညာရှင် လေးယောက်လုံးက ယဲ့ဖန်အား မယုံသင်္ကာ မျက်လုံးများနှင့် ကြည့်နေမိကြသည်။

"ကျုပ်ပေးတဲ့ လက်ဆောင်ကို သဘောကျရဲ့လား"

ထိုစဉ် ယဲ့ဖန်က နန်ရှန့်အကြီးအကဲအား မေးခွန်းထုတ်လိုက်သဖြင့် ထိုလူအိုကြီး ကြောက်လန့်ကာ တုန်လှုပ်သွားသည်။

ယဲ့ဖန်၏ မခိုးမခန့်အပြုံးကို မြင်ပြီး နန်ရှန့်အကြီးအကဲ တစ်ကိုယ်လုံး ကြက်သီးတဖြန်းဖြန်း ထသွားရသည်။

"သ…သဘောကျပါတယ်"

နန်ရှန့်အကြီးအကဲ၏ လေသံက ယခင်ကနှင့် လုံးဝ မတူတော့ပေ။ သူ၏ အထက်စီးဆန်၍ မောက်မာသော မျက်နှာထားနေရာ၌ ကြောက်စိတ်နှင့် ထိတ်လန့်မှုများ ဖုံးလွှမ်းနေသော မျက်နှာထားက အစားထိုး ဝင်ရောက်နေသည်မှာ ကြာလှပြီ ဖြစ်သည်။

ချွင်!

ရုတ်တရက် ဓားရှည်တစ်ချောင်းက နန်ရှန့်အကြီးအကဲ၏ ရှေ့၌ လာစိုက်သည်။

"ကျုပ်လက်ဆောင်ကို ခင်ဗျား ယူလိုက်ပြီဆိုတော့ ခင်ဗျားကော ကျုပ်ကို လက်ဆောင် ပြန်ပေးဖို့ လိုမနေဘူးလား"

*ဘာ*

နန်ရှန့်အကြီးအကဲနှင့် သူ့တပည့်များ တစ်ခဏမျှ မှင်တက်သွားရသည်။ ယဲ့ဖန် ထပ်ပြောလိုက်သည့် စကားကြောင့် သူတို့ လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားကြသည်။

"ခင်ဗျား လက်မောင်းကို ထားခဲ့မလား ဒါမှမဟုတ် ခင်ဗျား…အသက်ကို ထားခဲ့မလား"

သူ့စကားကြောင့် နန်ရှန့်အကြီးအကဲ၏ မျက်နှာက ချက်ချင်း ဖြူရော်လာကာ တုန်ယင်လာသည်။

ယခင်တုန်းက သူသည် ယဲ့ဖန်၏ လက်မောင်းတစ်ဘက်ကို ချိုးပစ်ရန် ကြံစည်နေခဲ့သည်။ သို့သော် အခြေအနေက ပြောင်းပြန်ဖြစ်သွားလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့မိပါ။

"ယဲ့…ယဲ့ဖန်…ငါက အမှောင်ဂိုဏ်းသားနော်…ငါက မင်းကို ကူညီဖို့ ဒီကိုရောက်လာတာ"

နန်ရှန့်အကြီးအကဲက အမှောင်ဂိုဏ်းအား ဒိုင်းသဖွယ် အသုံးပြုလိုက်သည်။ သူ့စကားကြောင့် ယဲ့ဖန်၏ မျက်လုံးက ပို၍ ခက်ထန်လာပြီး အေးစက်စက် အလင်းတန်းတစ်ချက် ဖြတ်ပြေးသွားပြီး ပြန်မေးလိုက်သည်။

"ကျုပ်ကို ကူညီဖို့ ဟုတ်လား"

"ခင်ဗျားတပည့်ကလည်း ကျုပ်ကို ကူညီချင်ခဲ့တာပဲ … ဒါပေမယ့် သူက ကျုပ်ညီအစ်ကိုတွေကို ဖွဲလောက်တောင် တန်ဖိုးမရှိသလို ဆက်ဆံခဲ့တယ်"

"အခု ခင်ဗျားကလည်း ကျုပ်ကို ကူညီချင်နေတယ် ဒါပေမယ့် ကျုပ်ကို ကျုပ်လက်တစ်ဘက်ကို ချိုးပစ်ဖို့ ခင်ဗျားက ပြောနေပြန်ပြီ"

"အမှောင်ဂိုဏ်းက လူတွေကို ထူးဆန်းတဲ့ နည်းလမ်းတဲ့ ကူညီတတ်တာလား"

ယဲ့ဖန်က နှုတ်ခမ်းကို တွန့်၍ သွေးဆာနေသော အပြုံးမျိုး ပြုံးကာ ပြန်ပြောလိုက်သည်။

"ဒီလိုဆိုလည်း ကျုပ်က ခင်ဗျားတို့ ငါးယောက်လုံးကို သတ်ပြီး အမှောင်ဂိုဏ်းဆီ အလည်သွားရသေးတာပေါ့"

သူ့စကားကြောင့် နန်ရှန့်အကြီးအကဲနှင့် သူ့တပည့်များ တော်တော်လေး အံ့အားသင့်သွားကြသည်။

ရဲတင်းလိုက်တာ။

သည်လောက် ရဲတင်းလိုက်သည့် သူမျိုး သူတို့ တစ်ခါမှ မမြင်ခဲ့ဖူးပါ။

"သုံး"

နန်ရှန့်အကြီးအကဲနှင့် အခြားသူများ ချီတုံချတုံ ဖြစ်နေစဉ် ယဲ့ဖန်က စ၍ နံပါတ်တွေကို ရေတွက်လေတော့သည်။

"သေစမ်း"

နန့်ရှန့်အကြီးအကဲ ပို၍ ချွေးတဒီးဒီး ဖြစ်လာသည်။

"နှစ်"

ရေတွက်သံက အသက်နုတ်ယူမည့် မန္တန်လိုပင်။ ထို့ပြင် ယဲ့ဖန်၏ အသံအဆုံး၌ နန်ရှန့်အကြီးအကဲသည် ရက်စက်အေးစိမ့်ပြီး သန်မာသော ချီဓာတ်များ၏ လွှမ်းခြုံခြင်း ခံရသလို ခံစားလိုက်ရသည်။ ထို့ကြောင့် သူ့တစ်ကိုယ်လုံး တုန်ယင်လာသည်။

"ယဲ့ဖန်"

ယဲ့ဖန် ရေတွက်နေရာမှ အဆုံးသတ်သွားသည်။ နန်ရှန့်အကြီးအကဲ သေရေးရှင်ရေး ကာလထဲ ရောက်သလို ခံစားလိုက်ရသည်။

"ငါ ကတိပေးတယ်"

သူက ယဲ့ဖန်အား ခပ်သွက်သွက် ကတိပေးလိုက်သည်။

"ဆရာ…ခင်ဗျား…"

ဆရာသခင်အဆင့် သိုင်းပညာရှင်လေးယောက်လုံး ထိတ်ထိတ်ပျာပျာ ဖြစ်သွားကြသည်။ သူတို့၏ ဆရာက ယဲ့ဖန်ရဲ့ တောင်းဆိုမှုကို လက်ခံလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့မိပါ။

သို့သော် နန်ရှန့်အကြီးအကဲက သူတို့အား လက်ကာပြလိုက်သည်။ ထို့နောက် သူ့နဖူးမှ ချွေးကို သုတ်ပြီး ယဲ့ဖန်အား ကြောက်လန့်နေသော လေသံဖြင့် မေးလိုက်သည်။

ပြီးနောက် သူသည် အံကို တင်းတင်းကျိတ်၍ ဓားရှည်ကို ကောက်ဆွဲလိုက်သည်။ ရွှစ်ခနဲ အသံနှင့်အတူ နန်ရှန့်အကြီးအကဲ၏ လက်မောင်းတစ်ဘကတ် ပြတ်ကျလာသည်။

တစ်ချိန်တည်းမှာပင် ရဲရဲနီနေသော သွေးစက်များက ကြမ်းပြင်အနှံ့ လွင့်စဉ်သွားသည်။

နန်ရှန့်အကြီးအကဲသည် နာကျင်မှုအား လျစ်လျူရှုထားလိုက်သည်။ သူ တုန်ယင်နေသော်လည်း ယဲ့ဖန်အား တည်ငြိမ်သော မျက်နှာဖြင့် ကြည့်ကာ ပြောလိုက်သည်။

"ယဲ့ဖန် … ငါ့လက်မောင်းကို ငါ ဖြတ်လိုက်ပြီ … နောက်မှ တွေ့ကြတာပေါ့"

ထိုသို့ပြောပြီး နန်ရှန့်အကြီးအကဲက အခန်းထဲမှ လျင်မြန်စွာ ထွက်သွားသည်။ သူ့နောက်မှ အခြား ဆရာသခင်အဆင့် သိုင်းပညာရှင် လေးယောက်က လိုက်ပါသွားသည်။

သူ့စိတ်ထဲတွင် ယဲ့ဖန်သည် တတ်နိုင်သမျှ ရှောင်ရှားသင့်သည့် နတ်ဆိုးတစ်ကောင် ဖြစ်သည်။

ခြံဝန်းထဲမှ ထွက်လာသည့်အခါမှသာ နန်ရှန့်အကြီးအကဲက စိတ်သက်သာရာရသလို သက်ပြင်းချလိုက်သည်။

"ဆရာ … ဘာလို့ သူပြောတဲ့အတိုင်း လုပ်လိုက်တာလဲ ... ကုန်းကျန့်ထျန်းနဲ့ အခြား ဒဏ္ဍာရီအဆင့် နှစ်ယောက်ကို သတ်လိုက်တာက အခြားတစ်ယောက်ယောက်လည်း ဖြစ်နိုင်တာပဲလေ"

"ဟုတ်တယ် … ဆရာ သူက အရမ်း ငယ်လွန်းတယ် … ဘယ်လိုလုပ် သူက ကုန်းကျန့်ထျန်းလို ဒဏ္ဍာရီအဆင့်က သူကို သတ်နိုင်မှာလဲ … ကြည့်ရတာ သူက အင်အားကြီးတွေကြောင့် ဗန်းပြနေတာ ဖြစ်မယ် … သူက ခြင်္သေ့နောက်မှ ပုန်းနေတဲ့ မြည်းကောင်ပဲလေ"

….

လမ်းမထပ်၌ လမ်းလျှောက်နေရင်း ဆရာသခင်အဆင့် လေးယောက်လုံးက သူတို့၏ မကျေနပ်ချက်များကို ထုတ်ဖော်နေသည်။

သို့သော် သူတို့စကားကြောင့် နန်ရှန့်အကြီးအကဲ၏ မျက်နှာက ချင်ချင်း သုန်မှုန်လာကာ ခေါင်းကို ခါ၍ ပြောလိုက်သည်။

"မင်းတို့ မှားနေပြီ … သန်မာပြီး မကောင်းဆိုးဝါး ဆန်တဲ့ ချီဓာတ်တစ်မျိုးက ငါ့ကို လွှမ်းခြုံထားသလို ခံစားရတယ်"

"ငါတို့ သူ့ကို သံသယဝင်မယ်ဆို ငါတို့ ချက်ချင်း အသတ်ခံလိုက်ရမယ်ဆိုတာ သေချာတယ်"

*ဘာဗျ*

နန်ရှန့်အကြီးအကဲ၏ စကားကြောင့် သူ့တပည့် လေးယောက်လုံး တစ်ခဏမျှ မှင်တက်သွားရသည်။

"ထားလိုက်ပါတော့ … မေ့လိုက်ပါတော့လေ ... ငါတို့ ဒီက မြန်နိုင်သမျှ မြန်မြန် ထွက်သွားနိုင်ဖို့ လိုတယ်"

နန်ရှန့်အကြီးအကဲသည် အဓိပ္ပာယ်မရှိသော စကားမျိုး ထပ်မပြောချင်ကြတော့ပေ။ သူသည် ဆရာသခင်အဆင့် သိုင်းပညာရှင်လေးယောက်နှင့်အတူ လေလွင့်ခွေးများကဲ့သို့ ချက်ချင်း ထွက်ပြေးလာသည်။

သို့သော် သူတို့ ခြံဝန်းအတွင်းမှ ထွက်မလာခင်မှာတင် လမ်း၏ တစ်ဘက်တစ်ချက်၌ ကိုယ်ရံတော်များကဲ့သို့ ရပ်နေသော သိုင်းပညာရှင်များစွာကို မြင်လိုက်ရသည်။

ထူးဆန်းသည်က အလာတုန်းက ထိုသူတို့အားလုံးကို သူတို့ မမြင်ခဲ့ပါ။ ထိုသူတို့၏ သန်မာသော ချီဓာတ်များကို အာရုံခံမိပြီး သူသည် သေမတတ် ကြောက်လန့်သွားရသည်။

All Chapters