← Chapters

မိစ္ဆာ စိတ်ဝိညာဉ် သန္ဓေသား

Vol. 17 Ch. 241

မိစ္ဆာ စိတ်ဝိညာဉ် သန္ဓေသား

Vol. 17 Ch. 241

"ထွက်သွားမလား … အသတ်ခံမလား"

ယဲ့ဖန်၏ စကားကြောင့် ဖန့်ကျုံးရှန့် ထိတ်လန့်ကာ ကတုန်ကယင် ဖြစ်သွားရသည်။

ကြေးစားဧကရာဇ် ဝုဒ်ထံမှ အန္တရာယ် အငွေ့အသက်မျိုးကို ခံစားမိသဖြင့် သူ တစ်ကိုယ်လုံး အေးစိမ့်စိမ့် ဖြစ်သွားရသည်။

"မစ္စတာယဲ့ … စိတ်အေးအေးထားပါ … ကျုပ် … ကျုပ် အခုပဲ ဒီနေရာက ထွက်သွားပါ့မယ်"

ထိုသို့ပြောပြီး ဖန့်ကျုံးရှန့်က သူ့လူများကို လက်ပြ၍ လူနာခန်းထဲမှ ထွက်သွားရန် ပြင်လိုက်သည်။ ဒေါက်တာ မော်ဆန်က ထပ်ပြောချင်နေပုံရသော်လည်း ဖန့်ကျုံးရှန့်က သူ့အား ဆွဲခေါ်သွားသဖြင့် သူ တစ်ခွန်းမှ မပြောလိုက်ရဘဲ ပါသွားသည်။

တံခါးပိတ်လိုက်ပြီးသည့် အခါမှသာ ဖန့်ကျုံးရှန့် စိတ်သက်သာရာရကာ သက်ပြင်းချလိုက်မိသည်။ သူ့နဖူး၌လည်း ချွေးတဒီးဒီးကျနေပြီး မျက်လုံးများကလည်း အလွန် တုန်လှုပ်နေဟန် ပေါ်သည်။

"ယဲ့ဖန်က ဘယ်လိုလူစားပါလိမ့် … ဘာလို့ ကြေးစားဧကရာဇ် မစ္စတာဝုဒ်က သူ့ကို သခင်ကြီးလို့ ခေါ်နေရတာလဲ"

ဖန့်ကျုံးရှန့် သူ မြင်လိုက်ရသည့် အရာများကို မယုံနိုင်သလို ဖြစ်နေသည်။

ကြေးစားဧကရာဇ် ဝုဒ်သည် လွန်ခဲ့သည့် ဆယ်နှစ်က ပြင်သစ်နိုင်ငံ၌ လွန်စွာ ဩဇာညောင်းခဲ့သည့် ပုဂ္ဂိုလ်ဖြစ်သည်။

သူ ဖနောင့် တစ်ချက် ပေါက်လိုက်သည်နှင့် စစ်တပ်၊ နိုင်ငံရေး နှင့် စီးပွားရေး လောကများအားလုံး တုန်လှုပ်သွားလောက်သည်။

သို့သော် ဤမျှ ဩဇာညောင်းသည့် ပုဂ္ဂိုလ်က ယဲ့ဖန်၏ အစေခံ ဖြစ်နေသည်။ ဖန့်ကျုံးရှန့် အိပ်မက် မက်နေသလို ခံစားနေရသည်။

"ယင်းက တော်တော်လေး ဖျားနာနေတာက စိတ်မကောင်းစရာပဲ … မဟုတ်ရင် သူ့ရဲ့ မျက်နှာလေးလေးနဲ့ဆို သူနဲ့ ယဲ့ဖန် အချစ်ဇာတ်ခင်းလို့ရတယ်.."

ဖန့်ကျုံးရှန့်က သက်ပြင်းချ၍ အောင့်သီးအောင့်သက်မျက်နှာနှင့် ခေါင်းတခါခါ ဖြစ်နေသည်။ သို့သော် သူ သတိမထားမိသည်က သူ့နောက်မှ ကပ်၍ လိုက်လာသည့် ဒေါက်တာ မော်ဆန်သည် အထူးကြပ်မတ် ဌာနမှ တိတ်တိတ်လေး ထွက်ခွာသွားခြင်း ဖြစ်သည်။

ထို့နောက် ဒေါက်တာ မော်ဆန်က ဖုန်းထုတ်၍ နံပါတ်တစ်ခုကို ခေါ်လိုက်သည်။

"ဘယ်လိုလဲ … မိစ္ဆာ စိတ်ဝိညာဉ် သန္ဓေသားလောင်း အရွယ်ရောက်လာဖို့ ဘယ်လောက် ကြာမှာလဲ"

ရေခဲတမျှ အေးစက်သော လူငယ်တစ်ယောက်၏ အသံက ဖုန်းထဲမှ ထွက်ပေါ်လာသည်။ သူ့အမေးကြောင့် ဒေါက်တာ မော်ဆန်က တစ်ချက်တုန်သွားပြီး သရဲတစ်ကောင်နှင့် စကားပြောနေသကဲ့သို့ သတိထား၍ ပြောနေသည်။

"သခင်လေး … စိတ်ဝိညာဉ် သန္ဓေသားလောင်းက အရွယ်ရောက်လာတော့မှာပါ … ဒါပေမယ့် ဟွာရှ တိုင်းရင်းဆေးပညာရှင် တစ်ယောက်က ရုတ်တရက်ကြီး ပေါက်ချလာလို့ပါ … သူ့မှာ နောက်ခံ ကောင်းကောင်း ရှိပုံရပါတယ်"

"ဟွာရှ တိုင်းရင်းဆေးပညာရှင်"

ဖုန်းတစ်ဘက်မှ လူငယ်လေးသည် တစ်ခဏမျှ မှင်တက်သွားသည်။ ထို့နောက် သူက မကောင်းဆိုးဝါးသဖွယ် ပြုံးရယ်လိုက်ပြီး ပြောလိုက်သည်။

"စိတ်မပူနဲ့ … ငါ့ရဲ့ စိတ်ဝိညာဉ် သန္ဓေသားလောင်းကို အရေးမပါတဲ့ ဟွာရှ တိုင်းရင်းဆေးဆရာက ဘယ်တော့မှ ဖြေရှင်းနိုင်မှာ မဟုတ်ဘူး"

"စိတ်ဝိညာဉ် သန္ဓေသားလောင်း အရွယ်ရောက်လာရင်သာ ငါ့ကို ဖုန်းခေါ်ဖို့ သတိရဦး"

ထိုသို့ပြောပြီး လူငယ်လေးက ရုတ်တရက် ဖုန်းချသွားသည်။ ဖုန်းကို စိုက်ကြည့်ရင်း ထိုလူငယ်၏ အသံကို နားထောင်ပြီးနောက် ဒေါက်တာ မော်ဆန်၏ မျက်နှာက အလွန် သုန်မှုန်သွားသည်။

ဘာရယ်ကြောင့်မှန်း မသိဘဲ တစ်ခုခု မှားနေသလို သူ ခံစားနေရသည်။

*ငါ အတွေးလွန်နေတာ ဖြစ်မယ် … သခင်လေးက မဟူရာ ဧကရာဇ်ရဲ့ သားပဲလေ … စိတ်ဝိညာဉ် သန္ဓေသားလောင်းကို သေမျိုးဖြစ်တဲ့ လူတစ်ယောက်က ဘယ်လိုလုပ် မြင်ဖူးမှာလဲ*

ဒေါက်တာ မော်ဆန်က လှောင်ပြုံးပြုံးလိုက်သည်။

…

ဖန့်ကျုံးရှန့် အခန်းထဲမှ ထွက်သွားသည်နှင့် ဖန့်ယင်းက မျက်လုံး ဖြည်းဖြည်းချင်း ဖွင့်လာသည်။

သူမက ယဲ့ဖန်အား မသိမသာ ခါးသီးသော အပြုံးမျိုး ပြုံး၍ အလွန် တိုးညင်းသော အသံနှင့် ပြောလိုက်သည်။

"ယဲ့ဖန် …. ကျွန်မ အရမ်း ရုပ်ဆိုးနေပြီ … အရမ်း ကြောက်ဖို့ကောင်းနေပြီ …"

ထိုသို့ပြောပြီး ဖန့်ယင်း ငိုကြွေးလေတော့သည်။ သူမသည် သည်လို ငယ်ရွယ်သောအရွယ်၌ လှပနေရမည် ဖြစ်သော်လည်း ညတွင်းချင်း ဇရာဝင်လာသည်။

သူမထံမှ ရောဂါ ကူးစက်ခံရသည့် သူတိုင်း လျင်မြန်စွာ အသက်ကြီးသွားမည် ဖြစ်သည်။

သူမစကားကို ကြားပြီး ယဲ့ဖန် ရင်ထဲ ထိခိုက်သွားရသည်။

"မမလေးဖန့် … ခင်ဗျားက ကျုပ်မျက်လုံးထဲမှာ အမြဲ လှပြီးသားပါ"

ယခင်ကတည်းက ဖန့်ယင်းသည် ယဲ့ဖန်အပေါ် လုံးဝ အထင်သေးခြင်း မရှိခဲ့ပါ၊ သူမက သူ့အပေါ် အလွန် ဂရုစိုက်ခဲ့သည်။

နောက်ပိုင်းတွင် ယဲ့ဖန်က ဖန့်ယင်း၏ မွေးရာပါ စိတ်ဝိညာဉ်သွေးကို သုံး၍ နတ်ဆိုး ပြန်လည် ရှင်သန်ဆေးကို ပြုလုပ်ခဲ့သေးသည်။

ယဲ့ဖန်တစ်ယောက် ဖန့်ယင်းအပေါ် အတော်လေး အကြွေးတင်နေသည်ဟု ပြောလို့ရပေသည်။

"မမလေးဖန့် … စိတ်မပူပါနဲ့ … ကျုပ် ခင်ဗျားရောဂါကို သေချာပေါက် ကုသပေးနိုင်ပါတယ်"

*ငါ့ရောဂါကို ကုသပေးမယ်*

ယဲ့ဖန်၏ ကတိစကားကြောင့် ဖန့်ယင်းက မချိတင်ကဲ ပြုံး၍ ပြောလိုက်သည်။

"ယဲဖန့် … ကျွန်မကို ထပ်ပြီး နှစ်သိမ့်မနေပါနဲ့ … ကျွန်မ သိပ်မကြာခင် သေတော့မယ်ဆိုတာကို ကျွန်မ သိပါတယ်"

"ဒါပေမယ့် ကျွန်မ ပျော်နေပါသေးတယ်"

ဖန့်ယင်းက ယဲ့ဖန်အား စိုက်ကြည့်ရင်း ပြောလိုက်စဉ်တွင် သူမမျက်လုံးမှ ကျေးဇူးတင်သော မျက်ရည်များ စီးကျလာသည်။

"ကျွန်မ ရုပ်ဆိုးပြီး အိုမင်းသွားတာတောင် ရှင်က ကျွန်မကို မုန်းတီး စက်ဆုပ်မသွားဘူးလေ"

ဖန့်ယင်း၏ မျက်ဝန်းမှ မျက်ရည်များ ဆက်တိုက် စီးကျလာသည်။ သူမ နေမကောင်း စဖြစ်ကတည်းက သူမအဖေ အပါအဝင် ဆွေမျိုးအားလုံးက သူမကို မုန်းတီး စက်ဆုပ်သွားကာ မနှစ်မြို့သလို ဖြစ်လာကြသည်။

သူမကို ယခုထိ တန်ဖိုးထားသည့်သူဟူ၍ နှစ်ယောက်သာ ရှိသည်၊ ထိုသူတို့မှာ ချင်ရွှယ်နှင့် ယဲ့ဖန်ပင် ဖြစ်သည်။

ထို့နောက် ဖန့်ယင်းက ယဲ့ဖန်အား ချစ်ခင် မြတ်နိုးစွာ ကြည့်၍ ပြောလိုက်သည်။

"ယဲ့ဖန် … ကျေးဇူးတင်ပါတယ်နော် … ရှင် ကျွန်မကို နတ်ဆိုးခြင်ရဲ့ အဆိပ်ကို ဖြေပေးပြီး တစ်ခါ ကူညီပေးခဲ့တယ် … ရှင် ကျွန်မရဲ့ ချစ်သူအဖြစ် ဟန်ဆောင်ပြီး သခင်လေးထန့်ရဲ့ ကောက်ကောက်ပါအောင် လိုက်ပိုးနေတာကနေ ငြင်းလို့ရအောင် ကူညီပေးခဲ့ဖူးတယ်"

"ကျွန်မ ရှင်နဲ့အတူ ရှိနေရင်လေ ကျွန်မ အိပ်မက်မက်နေတယ်လို့ အမြဲ ယုံကြည်မိတယ်"

ဖန့်ယင်း ပြောနေရင်း ဇရာကြောင့် အိုမင်းနေသော မျက်နှာလေးက ရှက်သွေးဖြန်းကာ နီမြန်းလာ၏။

"ကျွန်မ ဘဝထဲ ဝင်လာပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်"

ဖန့်ယင်း၏ စကားများက စိတ်ရင်းအမှန်နှင့် ပြောနေခြင်း ဖြစ်သည်။ သူမ၏ သေအံ့ဆဲဆဲ မျက်နှာလေးကို ကြည့်ရင်း သူမ၏ စိတ်ရင်းအမှန်နှင့် ပြောသော စကားများကို နားထောင်ပြီး ယဲ့ဖန် ငိုချင်သလို ဖြစ်လာရသည်။

"မမလေးဖန့် … ကျွန်တော် ခင်ဗျားအဝတ်တွေ ကူချွတ်ပေးပါရစေ"

ယဲ့ဖန်၏စကားကြောင့် ဖန့်ယင်း တစ်ခဏမျှ တွေဝေသွားပြီးနောက် သူမ မျက်နှာက မသိမသာလေး နီမြန်းလာသည်။

"ယဲ့ … ယဲ့ဖန် .. ဘာ … ရှင် ဘာတွေ ပြောနေတာလဲ"

ဖန့်ယင်း၏ စိတ်လှုပ်ရှားနေသော မျက်နှာကို ကြည့်ပြီး သူ့ကို အထင်လွဲသွားပြီဖြစ်ကြောင်း ယဲ့ဖန် သတိထားလိုက်မိသည်။

"ခင်ဗျားက ဘုံကူးတစ္ဆေတွေ ကျင့်ကြံတဲ့ မိစ္ဆာ သိုင်းကွက်ဖြစ်တဲ့ မိစ္ဆာ စိတ်ဝိညာဉ် သန္ဓေသားလောင်းရဲ့ ဒဏ်ကို ခံနေရတာ"

"အဲ့ဒါက အရမ်း ရက်စက်တယ် … အဲ့ဒါက ခင်ဗျားရဲ့ အသက်ဓာတ်နဲ့ ခွန်အားတွေကို မိစ္ဆာ စိတ်ဝိညာဉ် သန္ဓေသားလောင်းက စုပ်ယူသွားရော … အဲ့သန္ဓေသားလောင်းက လူဖြစ်လာတာနဲ့ ခင်ဗျား သေချာပေါက် သေသွားလိမ့်မယ်"

ဘုံကူးတစ္ဆေများအား နတ်ဘုရားများ၊ အင်မော်တယ်များနှင့် နတ်ဆိုးများကပါ အလွန် မုန်းတီးကြသည်။

သူတို့သည် မိစ္ဆာကျင့်စဉ်များကို ကျင့်ကြံကြပြီး သက်ရှိများ၏ အရိုးများကို သုံး၍ သူတို့၏ အောင်လံတံခွန်များ ထူကြသည်။

သူတို့၏ ကျင့်ကြံခြင်း အခြေခံများသည် အရိုးတောင်များအပေါ် အခြေခံထားခြင်း ဖြစ်သည်။ သူတို့သည် သက်ကြီးရွယ်အိုများ၊ ကလေးများနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများအပါအဝင် လူသားများစွာကို သတ်ဖြတ်ခဲ့သည်။

သို့သော် ဘုံကူးတစ္ဆေများသည် မျိုးသုဉ်းပျောက်ကွယ်လုနီးပါး ဖြစ်နေပြီ ဖြစ်သည်။

တစ်စုံတစ်ယောက်က ထိုကဲ့သို့ မိစ္ဆာ ကျင့်စဉ်ကို ကျင့်ကြံနေခြင်းက ယဲ့ဖန် ထင်ထားသည်ထက် ကျော်လွန်နေပြီ ဖြစ်သည်။

သို့သော် ယခု သိုင်းကွက်သည် တကယ့် ဘုံကူးတစ္ဆေများ၏ သိုင်းကွက်များနှင့်တော့ ဘယ်တော့မှ ယှဉ်နိုင်မည်မဟုတ်ပေ။

ယဲ့ဖန်၏ ရှင်းပြချက်များကို ဖန့်ယင်း အပြည့်အဝ နားမလည်ပါ။

"ကျွန် … ကျွန်မ အဝတ်တွေ ချွတ်ရမှ ဖြစ်မှလား"

ဖန့်ယင်းသည် သူမ၏ အိုမင်းနေသော ခန္ဓာကိုယ်ကြောင့် ယဲ့ဖန် သူမကို ရွံရှာသွားမည်ကို စိုးရွံ့နေမိသည်။

ယဲ့ဖန်သည် ခေါင်းကို ညိတ်ကာ လက်ကိုဆန့်၍ ဖန့်ယင်း၏ ဘရာစီယာကို ဆွဲချွတ်လိုက်သည်။

ဖန့်ယင်း၏ ကိုယ်လေး တုန်ယင်လာသည် ။ ယဲ့ဖန်၏ လက်ချောင်းများက သူမကိုယ်ပေါ်၌ ကူးချည်သန်းချည် လုပ်နေသည်ကို သူမ သေချာ သတိပြုမိပါသည်။

*သူ ကြောက်သွားမှာလား … သူ ငါ့ကို ရွံသွားမှာလား … သူ …*

ဖန့်ယင်း မျက်ရည်များ ဆက်လက် စီးကျလာသည်။

ဘာရယ်ကြောင့်မှန်းမသိဘဲ ရုတ်တရက် သူမအပေါ် ယဲ့ဖန် ဘယ်လိုသဘောထားမည်ဆိုတာကို သူမ ဂရုစိုက်တတ်မိနေမှန်း ကိုယ့်ကိုယ်ကိုယ် သတိပြုမိသွားသည်။

အကယ်၍ သူ၏ ရွံရှာခြင်းကို ခံယူမလား၊ အသေခံမလားဟု ရွေးချယ်ခွင့် နှစ်ခု သူမ ရခဲ့ပါက သူမ ဒုတိယတစ်ခုကိုသာ ရွေးချယ်မိမည် ဖြစ်သည်။

သို့သော် ယဲ့ဖန်က ဖန့်ယင်း၏ အတွေးများကို သတိမပြုမိပါ။

အနက်ရောင် အလင်းတန်းများက သူ့လက်ချောင်းများမှ ထွက်ပေါ်လာသည်။ သူ၏ လက်ချောင်းများက သူမ ကိုယ်ပေါ်၌ ကူးသန်းသွားတိုင်း အနက်ရောင် ချီမျှင်စုများက အနက်ရောင် အလင်းတန်းများ၏ စုပ်ထုတ်ခြင်း ခံလိုက်ရသည်။

ထို အနက်ရောင် ချီမျှင်စုများသည် ကုန်းကျန့်ထျန်း၏ အဖျက်စွမ်းအင် ချီဓာတ်များကဲ့သို့ ဆိုးယုတ်လှပေ၏။

ထိုသို့ စုပ်ထုတ်ခံရပြီးနောက် ထို အနက်ရောင် ချီမျှင်စုများက သူ၏ သဘာဝ ရန်သူကို တွေ့လိုက်ရသကဲ့သို့ သုတ်ခြေတင် ပြေးလေတော့သည်။

သို့သော်လည်း ထွက်ပြေးလို့ မလွတ်နိုင်ပါ။

ထိုစဉ် ဖန့်ယင်း၏ အရေးအကြောင်းများက ရုတ်တရက် ပျောက်ကွယ်သွားပြီး အဖြူရောင် စကျင်ကျောက်ကဲ့သို့ ဖြူဖွေးနေသော အသားအရည်လေး ပြန်ပေါ်လာသည်။

ယဲ့ဖန်၏ လက်ချောင်းများသည် တစ်ကမ္ဘာလုံးရှိ အလှပဆုံးသော အနုပညာရာ လက်ရာများကို ဖန်တီးထုဆစ်သည့် ပန်းပုပညာရှင်၏ လက်ချောင်းများနှင့် သဏ္ဌာန်တူလှပေသည်။

ဆယ့်ငါးမိနစ် ကြာပြီးနောက် ယဲ့ဖန်၏ လက်ချောင်းများနှင့် ထိသွားသော သူမ၏ နဖူးအလယ်တည့်တည့်မှ ပြိုင်ဘက်ကင်း အလှတရားလေး ပြန်ပေါ်လာသည်။ ထို့နောက် ဖန့်ယင်း၏ မျက်နှာနှင့် ခန္ဓာကိုယ်ပေါ်ရှိ အရေးအကြောင်းများ အားလုံး ပျောက်ကွယ်သွားပြီး သူမ၏ အရေပြားတိုင်းက ပိုးသားကဲ့သို့ နူးညံ့ချောမွတ်လာ၏။

သူမ၏ ထူးခြားလှပသော မျက်နှာလေးကြောင့် သူမသည် အံ့အားသင့်ဖွယ် ကောင်းလှနေသည်။

ချွေးများကို သုတ်လိုက်ပြီးနောက် ယဲ့ဖန်က မှန်တစ်ချပ်ကို ဖန့်ယင်းရှေ့ ချကာ ပြောလိုက်သည်။

"မမလေးဖန့် … အခု ခင်ဗျား မျက်လုံး ဖွင့်ကြည့်လို့ရပါပြီ"

သူ့စကားကြောင့် ဖန့်ယင်း၏ သေးသွယ်သော ကိုယ်လုံးလေးက ပြင်းစွာ တုန်ယင်သွားသည်။

သူမ၏ မျက်နှာလှလှလေးပေါ်၌ အနည်းငယ် စိုးထိတ်ဟန်များ ပေါ်လွင်နေပြီး မျက်တောင်ကို ဖြည်းဖြည်းချင်း ပင့်၍ ကြည့်လိုက်သည်။

သို့သော် မှန်ထဲမှ မျက်နှာတစ်ခုကို မြင်လိုက်ရပြီးနောက် သူမ လွန်စွာ အံ့ဩသွားမိသည်။

All Chapters