တစ်ကွက်တည်းဖြင့် အနိုင်ယူ ခြင်း
Vol. 19 Ch. 211
ခဏမျှ စောင့်ဆိုင်းပြီးနောက်တွင်လည်း ချင်းယွဲ့ဂိုဏ်းတပည့် တစ်ဦးတစ်ယောက်မျှ စင်မြင့်ပေါ်သို့ တက်မလာကြချေ။
စင်မြင့်ထက်ရှိ ကျင်းတိဂိုဏ်းမှ သွမ့်ဟန်က အထင်သေးစွာ ပြုံးလိုက်ပြီး "အသုံးမကျရုံတင်မကဘူး၊ ကြွက်သူခိုးတစ်အုပ်လိုပဲကိုး။"
" ဒီလောက် သတ္တိကြောင်တဲ့ အကောင်တွေကို နှိမ်ရတာ ငါ့လက်တောင် ညစ်ပတ်တယ်လို့ ခံစားရတယ်။"
" မြန်မြန် အိမ်ပြန်ကြတော့"
"နောင်ဆို လမ်းမှာ ငါတို့ ကျင်းတိဂိုဏ်းကလူတွေကို တွေ့ရင် ခေါင်းငုံ့ပြီး သွားကြ။"
" နောက်ပြီးတော့ မင်းတို့ကိုယ်မင်းတို့ ဂိုဏ်းပေါင်းစုံတိုက်ပွဲရဲ့ ထိပ်သီးဆယ်ဂိုဏ်းဝင် ပါလို့လည်း ဘယ်တော့မှ ထပ်မပြောနဲ့"
ပြောပြီးသည်နှင့် သူက ခြေထောက်ကို ကြွလိုက်ပြီး လင်းရွှမ်၏ မျက်နှာကို ကန်ရန် ပြင်လိုက်သည်။
သို့သော် ထိုစဉ်မှာပင် အဖြူရောင် ပန်းကန်ပြား တစ်ချပ်က အဝေးတစ်နေရာမှ အရှိန်ဖြင့် ပျံသန်းလာသည်။
ထိုအမြန်နှုန်း မှာ အချို့သောသူများ၏ အသက်လက်နက်များထက်ပင် ပိုမိုမြန်ဆန်နေပြီး အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသကဲ့သို့ သွမ့်ဟန်၏ မျက်နှာရှေ့သို့ ရောက်ရှိလာသည်။
သွမ့်ဟန်က မျက်လုံးများ ပြူးကျယ်သွားကာ ပန်းကန်ပြား ကို အမှုန့်ခြေပစ်ရန် ဝိညာဉ်စွမ်းအားများကို ထုတ်လွှတ်လိုက်သည်။
သို့သော် ဝမ်းနည်းစရာကောင်းသည်မှာ ထိုပန်းကန်ပြားပေါ်တွင် အလွန်ကြီးမားသော စွမ်းအားများ ကပ်ပါနေသဖြင့် သူ၏ ဝိညာဉ်စွမ်းအားနှင့် အော်ရာ တို့မှာ မည်သည့်အရာမျှ အသုံးမဝင်ဘဲ သူ့မျက်နှာပေါ်သို့ ပန်းကန်ပြားဖြင့် ရိုက်ခံလိုက်ရသည်ကို ကြည့်နေရုံမှတစ်ပါး အခြားမရှိတော့ပေ။
"ဖျန်း"
ပန်းကန်ပြား မှာ ချက်ချင်းပင် အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားသည်။
သွမ့်ဟန်သည်လည်း ဤတိုက်ခိုက်မှုကြောင့် ကန်ရန်ပြင်ထားသော ခြေထောက်ကို ပြန်ရုပ်လိုက်ရပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားရသည်။
ပန်းကန်ပြားက သူ့ကို ထိခိုက်ဒဏ်ရာ မရစေသော်လည်း သူ၏ မျက်နှာမှာမူ ပူထူသွားခဲ့သည်။
ဒဏ်ရာက မပြင်းထန်သော်လည်း အရှက်ခွဲမှုကတော့ အလွန်ကြီးမားလှပေသည်
သွမ့်ဟန်က ချက်ချင်း ဒေါသချောင်းချောင်းထွက်သွားကာ အော်လိုက်သည်။"ဘယ်သူ ငါ့ကို ခိုးတိုက်တာလဲ"
စင်မြင့်အောက်ရှိ လူများမှာလည်း အံ့အားသင့်သွားကြသည်။ ဤကဲ့သို့သော အချိန်မျိုးတွင် စင်မြင့်ပေါ်ရှိ ကျင်းတိဂိုဏ်းတပည့်ကို မည်သူက တိုက်ခိုက်ရဲသနည်း။
သူတို့က တရားခံ ကို ရှာရန် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ကြသည်။
ထိုစဉ် အသံတစ်ခု အေးအေးလူလူ ထွက်ပေါ်လာသည်။
"ကျင်းတိဂိုဏ်းရဲ့ ပထမ အဆင့် တပည့်ဆိုတာ ဒီလောက်ပဲလား။"
" သာမန် ပန်းကန်ပြား တစ်ချပ်ကိုတောင် မတားနိုင်ဘူးလား"
ပုံရိပ်အချို့က စင်မြင့်အောက်တွင် ပေါ်လာသည်။ သူတို့ မည်သို့ ရောက်ရှိလာသည်ကိုပင် မည်သူမျှ သတိမထားမိလိုက်ကြချေ။
သို့သော် သူတို့ ဝတ်ဆင်ထားသော ဝတ်စုံများကို မြင်လိုက်ရသောအခါ လူတိုင်း နားလည်သွားကြသည်။
"ချင်းယွဲ့ဂိုဏ်းက လူတွေပဲ"
"ကယ်တင်ရှင် တွေလား"
လူများက အချင်းချင်း ပြောနေကြသည်။
ထို့နောက် စင်မြင့်အောက်ရှိ အခြားသော ချင်းယွဲ့ဂိုဏ်းတပည့်များကလည်း လှည့်ကြည့်လာကြသည်။
"သခင်လေးထန်"
သူတို့သည် ချက်ချင်းပင် စိတ်လှုပ်ရှားသွားကြပြီး အပြေးအလွှား အနားသို့ ကပ်လာကြသည်။
"သခင်လေး နောက်ဆုံးတော့ ရောက်လာပြီပဲ"
"သခင်လေးထန်... ကျင်းတိဂိုဏ်းက တကယ်ကို မောက်မာလွန်းနေတာ"
တပည့်များက တိုင်တန်းကြသည်။
ထန်ထျန်းက လက်ကို အသာအယာ မြှောက်ပြလိုက်ပြီး သူသိကြောင်း အချက်ပြလိုက်သည်။
ထိုစဉ် ကုန်းရွှယ်ဖုန်းလည်း လိုက်ပါလာခဲ့သည်။
ချင်းယွဲ့ဂိုဏ်းတပည့်များ၏ အမူအရာကို ကြည့်ရင်း သူက ဇဝေဇဝါ ဖြစ်သွားမိသည်။
ကုရှောင်းရွှယ်၏ ဤစောင့်ရှောက်သူမှာ အဘယ်ကဲ့သို့ နောက်ခံမျိုး ရှိသနည်း၊ အဘယ်ကြောင့် ချင်းယွဲ့ဂိုဏ်းတပည့် အားလုံးက သူ့အပေါ် ဤမျှ ရိုသေကြသနည်း။
သူက သာမန် ဂုဏ်ထူးဆောင်တပည့် တစ်ယောက်မျှသာ မဟုတ်နိုင်သည်မှာ သေချာသည်။
ကုန်းရွှယ်ဖုန်းက သူ၏ ထန်ထျန်းအပေါ် အကဲခတ်မှုမှာ အနည်းငယ် လွဲချော်နေကြောင်း တိတ်တဆိတ် တွေးတောမိသည်။
ဖြစ်နိုင်သည်မှာ သူထင်ထားသလောက် မရိုးရှင်းခြင်းပင်။
ထန်ထျန်းတို့ ပေါ်လာပြီးနောက် စင်မြင့်ပေါ်ရှိ ကျင်းတိဂိုဏ်းသားများလည်း သတိဝင်လာကြသည်။
သွမ့်ဟန်က မျက်နှာနီမြန်းလျက် ဒေါသတကြီး အော်ဟစ်လိုက်သည်။ "မင်းက ဘယ်သူလဲ"
" ဒါက ငါတို့တပည့်ချင်း ယှဉ်ပြိုင်တဲ့ပွဲ။ မင်းက အကြီးအကဲ တစ်ယောက်ဖြစ်ပြီး ခိုးတိုက်ရသလား။"
" မင်းတို့ ချင်းယွဲ့ဂိုဏ်းမှာ သိက္ခာဆိုတာ မရှိတော့ဘူးလား"
ခုနက တိုက်ခိုက်မှုကို လုပ်နိုင်သူမှာ ချင်းယွဲ့ဂိုဏ်းမှ အကြီးအကဲတစ်ဦး ဖြစ်ရမည်ဟု သူက အလိုအလျောက် ယူဆလိုက်သည်။
အဘယ်ကြောင့်ဆိုသော် သာမန်တပည့်တစ်ဦးမှာ ထိုကဲ့သို့သော စွမ်းအားမျိုး မရှိနိုင်သောကြောင့် ဖြစ်သည်။
ထန်ထျန်းက စင်မြင့်ကို ကြည့်ကာ အေးဆေးစွာ ပြောလိုက်သည်။ "လူငယ်လေး ... အရမ်းကြီးလည်း မလောပါနဲ့။ "
"ငါက ချင်းယွဲ့ဂိုဏ်းရဲ့ အကြီးအကဲ မဟုတ်ဘူး။ သာမန် ဂုဏ်ထူးဆောင်တပည့် တစ်ယောက်ပါပဲ"
သွမ့်ဟန် မှင်တက်သွားသည်။
"ဒါဆို သူတို့က မင်းကို ဘာလို့ 'သခင်လေး' လို့ ခေါ်နေကြတာလဲ။ "
"အကြီးအကဲ မဟုတ်ရင်တောင် မင်းက ငါတို့လို လူငယ်မျိုးဆက် မဟုတ်တာတော့ သေချာတယ်။"
" လူကြီးက လူငယ်ကို နှိပ်စက်တာ ဘာအရည်အချင်း ရှိလို့လဲ"
သူက အော်ပြောလိုက်သည်။
ထန်ထျန်းက ပြုံး လိုက်မိသည်။
ဤကောင်က တော်တော်တော့ လည်ပေသည်။
ခုနက အထိအတွေ့အရ သူက ပန်းကန်ပြား ပစ်လိုက်သူကို မယှဉ်နိုင်ကြောင်း သူ သိသွားသည်။
ထို့ကြောင့် ထန်ထျန်းကို အဆင့်အတန်းအရ ကိုယ်တိုင် မတိုက်ခိုက်နိုင်ရန် တမင်တကာ ထိုသို့ ပြောခြင်း ဖြစ်သည်။
ဝမ်းနည်းစရာမှာ ထန်ထျန်း၏ အစစ်အမှန် အသက်မှာ သွမ့်ဟန်ထက်ပင် နှစ်အနည်းငယ် ပိုငယ်နေသေးသည်ကို သူ မသိခြင်းပင်။
သို့သော် ထန်ထျန်းသည်လည်း ကိုယ်တိုင် တိုက်ခိုက်ရန် အကြံမရှိပေ။
ဤနေရာသို့ ရောက်သည်နှင့် သွမ့်ဟန်၏ ကျင့်ကြံမှုကို သူ စစ်ဆေးပြီးပြီ ဖြစ်သည်။
အတိဒုက္ခ ဖြတ်ကျော်ခြင်း ဒုတိယအဆင့်မျှသာ။
တပည့်အများစုအတွက် ထိုအဆင့်မှာ အလှမ်းဝေးလှသော အဆင့်ဖြစ်သော်လည်း ထန်ထျန်းအတွက်မူ စိတ်ဝင်စားစရာ မကောင်းလှပေ။
"မင်းက ငါကိုယ်တိုင် တိုက်ခိုက်ဖို့လောက်အထိ မတန်သေးဘူး"
ထန်ထျန်းက ခပ်ပါးပါး ပြုံးလျက် "ငါ စင်ပေါ်တက်တာက လူကြီးက လူငယ်ကို နှိပ်စက်တယ်လို့ မင်း ထင်နေရင်တော့ ငါ မင်းကို အလျော့ပေးလိုက်မယ်"
သူ ပြောရင်း ကုရှောင်းရွှယ်ကို ကြည့်ကာ တမင် မေးလိုက်သည်။ "ရှောင်းရွှယ်... မင်း ဒီနှစ် အသက် ဘယ်လောက်ရှိပြီလဲ"
ရှောင်းရွှယ် ခဏ ကြောင်သွားပြီးမှ "ဆယ့်ခြောက်နှစ်ခွဲလောက် ရှိပါပြီ"
ထန်ထျန်းက ခေါင်းညိတ်ပြပြီး သွမ့်ဟန်ကို ကြည့်လိုက်သည်။ "ဘယ်လိုလဲ။ "
"အဆင်မပြေဘူး ထင်ရင် မင်းထက် အသက် ပိုငယ်တဲ့သူ တစ်ယောက်လောက် ငါ ထပ်ရှာပေးမယ်လေ"
ဤစကားကြောင့် ပတ်ဝန်းကျင်ရှိ လူများမှာ တခိခိ ရယ်မောကုန်ကြသည်။
ဤသည်မှာ သွမ့်ဟန်ကို လှည့်ပတ်ပြီး အရှက်ခွဲ လိုက်ခြင်းပင်။
မင်းက လူကြီးက နှိပ်စက်မှာ ကြောက်နေရင် မင်းထက်ငယ်တဲ့ ၁၆ နှစ်ခွဲ မိန်းကလေးတစ်ယောက်နဲ့ ယှဉ်လိုက်လေ ဆိုသည့် သဘောပင်။
သို့သော် ဤမိန်းကလေးက တကယ်ပဲ အစွမ်းထက်သော သွမ့်ဟန်ကို ယှဉ်နိုင်ပါ့မလား။
"မင်းတို့ မသိဘူးလား။ အဲ့ဒီမိန်းကလေးက အသက်ငယ်ပေမဲ့ တပည့်ထိပ်သီး ၁၀ ယောက်စာရင်းထဲ ဝင်လုနီးပါး ဖြစ်ခဲ့တဲ့သူလေ"
"ဟုတ်တယ်၊ သမိုင်းသစ် ရေးထိုးတော့မလို့ပဲ"
အချို့သော သိသူများက ပြောကြသည်။
လူတိုင်း အံ့အားသင့်သွားကြသည်။ ဤသို့ ကြောင်အ နေ သော မိန်းကလေးမှာ တကယ်ပဲ ဤမျှ အစွမ်းထက်သလော။
"ဒါပေမဲ့ သွမ့်ဟန်ကို နိုင်မယ်လို့တော့ မထင်ဘူးနော်။"
" သူက ပထမ အဆင့် ပါရမီရှင်လေ"
အချို့က မယုံကြည်ကြပေ။
တကယ် အဆင့် ၁၀ ထဲ ဝင်ခဲ့သော ကုန်းရွှယ်ဖုန်းပင်လျှင် ရှောင်းရွှယ်အပေါ် အပြည့်အဝ ယုံကြည်မှု မရှိပေ။
ကျင်းတိဂိုဏ်းတွင် အလွန် ထူးဆန်းသော ပါရမီရှင်အချို့ ရှိကြောင်း သူသိသည်။
သွမ့်ဟန်မှာလည်း တစ်ဦးအပါအဝင် ဖြစ်သည်။
သူက အကြံပေးရန် ရှေ့သို့ တိုးချင်သော်လည်း ထန်ထျန်းနှင့် ရှောင်းရွှယ်တို့မှာ အလွန် တည်ငြိမ်နေသဖြင့် နောက်ဆုံးတွင် ပါးစပ်ပိတ်နေလိုက်ရသည်။
ဘာဖြစ်လာမလဲဆိုသည်ကို စောင့်ကြည့်ရုံသာ ရှိတော့သည်။
ထန်ထျန်း၏ စကားကြောင့် သွမ့်ဟန်၏ မျက်နှာမှာ ပိုမို နီမြန်းလာပြီး "မင်း သေချာ စဉ်းစားနော်"
" ဘယ်သူပဲဖြစ်ဖြစ် ငါ ညှာမှာ မဟုတ်ဘူး"
" နောက်မှ နောင်တမရနဲ့"
သူက အော် လိုက်သည်။
ထန်ထျန်းက ပုခုံးတွန့်ပြလိုက်ပြီး "မင်းပဲ ကြိုးစားကြည့်ဦး"
သူ ပြော ကာ ရှောင်းရွှယ်ကို အချက်ပြလိုက်သည်။
ရှောင်းရွှယ်က သဘောပေါက်သွားကာ လက်ထဲမှ သစ်သီးပန်းကန်ကို ကြောင်ကလေးထံ ပေးလိုက်ပြီး ခိုးမစားရန် သတိပေးကာ စင်မြင့်ပေါ်သို့ ပျံတက်သွားခဲ့သည်။
သွမ့်ဟန်က ရှေ့မှ ရှောင်းရွှယ်ကို ကြည့်ကာ မျက်မှောင်ကြုတ်လျက် "မင်းက အဆင့် ၁၀ ထဲ ဝင်လုနီးပါး ဖြစ်ခဲ့တဲ့ ကုရှောင်းရွှယ်လား။"
" မင်းအကြောင်း ငါ ကြားဖူးတယ်၊ မင်း..."
သူ စကားမဆုံးမီမှာပင် ရှောင်းရွှယ်က လက်ကာပြလိုက်သည်။ "တိုက်မှာဆိုရင်လည်း တိုက်တော့လေ၊ ဘာတွေ အပိုပြောနေတာလဲ။ "
"ကျွန်မမှာ တခြား ကိစ္စတွေ ရှိသေးတယ်"
သွမ့်ဟန်၏ နှုတ်ခမ်းများမှာ တွန့်သွားခဲ့သည်။ ချင်းယွဲ့ဂိုဏ်းက လူသစ်တွေက တစ်ယောက်ထက် တစ်ယောက် ပိုပြီး ဒေါသထွက်စရာ ကောင်းပါလား
သူက ဒေါသချောင်းချောင်း ထွက်သွားကာ တစ်ကိုယ်လုံးရှိ ဝိညာဉ်စွမ်းအားများကို ထုတ်လွှတ်လိုက်ရာ အတိဒုက္ခ ဖြတ်ကျော်ခြင်း အော်ရာ များမှာ ပေါက်ကွဲထွက်လာသည်။
"ဒါဆိုရင်လည်း သေလိုက်တော့"
သွမ့်ဟန်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး တစ်ကိုယ်လုံးတွင် လျှပ်စီးများ ရစ်ပတ်ကာ တဖျပ်ဖျပ် အသံများ မြည်လာသည်။
သူ၏ ဤတိုက်ကွက်မှာ အမှန်တကယ်ပင် သာမန်မဟုတ်ကြောင်း သိသာလှသည်
သို့သော် သူ မတိုက်ခိုက်ရသေးမီမှာပင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခုက မျက်နှာချင်းဆိုင်မှ တိုးဝင်လာသည်။
"ဘုန်း"
စင်မြင့်ထက်တွင် ချက်ချင်းပင် မုန်တိုင်းတစ်ခု တိုက်ခတ်သွားသကဲ့သို့ ဖြစ်သွားပြီး အဆုံးမဲ့ စွမ်းအင်များ ပေါက်ကွဲထွက်လာရာ စင်မြင့်အောက်ရှိ လူများမှာပင် လွင့်စင်ကုန်ကြသည်။ အချို့သော အင်အားနည်းသူများမှာ မြေပြင်ပေါ် လဲကျသွားကာ အတွင်းဒဏ်ရာများပင် ရရှိသွားကြသည်။
စွမ်းအင်မုန်တိုင်းမှာ ခဏအတွင်း ပျောက်ကွယ်သွားသည်။ လူများမှာ အလောတကြီး ပြန်ထကာ စင်မြင့်ကို ကြည့်လိုက်ကြသော်လည်း ချက်ချင်းပင် မျက်လုံးများ ပြူးကျယ်သွားကြသည်။
ခုနက မောက်မာနေသော ကျင်းတိဂိုဏ်း တပည့်အားလုံးမှာ မြေပြင်ပေါ်တွင် လဲကျနေကြပြီး တစ်ကိုယ်လုံး သွေးများ ထွက်ကာ အချို့မှာ သတိပင် လစ်သွားကြပြီ ဖြစ်သည်။
ရှောင်းရွှယ်ကမူ စင်မြင့်ပေါ်မှ ဆင်းလာပြီး ကြောင်ကလေးဆီမှ သစ်သီးပန်းကန်ကို ပြန်ယူကာ ဘာမှ မဖြစ်ခဲ့သလိုပင် သစ်သီးများကို ဆက်စားနေလေသည်။
စင်မြင့်ထက်နှင့် အောက်တွင် တိတ်ဆိတ်ခြင်းများ ဖုံးလွှမ်းသွားခဲ့သည်။
ဘာတွေ ဖြစ်သွားတာလဲ။
တစ်ကွက်တည်းနဲ့ သွမ့်ဟန်ကို အနိုင်ယူ လိုက်တာလား