ကိုးခါသေ တစ်ခါရှင်
Vol. 19 Ch. 214
ကုရှောင်းရွှယ်က ကျင်းတိဂိုဏ်းမှ သွမ့်ဟန်ကို အပြတ်အသတ် အနိုင်ယူလိုက်ပြီးနောက်တွင် ချင်းယွဲ့ဂိုဏ်း၏ အမည်မှာ အချိန်တိုအတွင်း၌ပင် ဟိုးဟိုးကျော် သွားခဲ့လေသည်။
အခြေအနေကို မသိသူများကတော့ "ချင်းယွဲ့ဂိုဏ်းက ဂိုဏ်းပေါင်းစုံတိုက်ပွဲမှာ အဆင့် ၉ ရထားတာမဟုတ်လား"
"အဆင့် ၁၂ က ကျင်းတိဂိုဏ်းကို နိုင်တာ ဘာများ ကြွားဝါစရာ ရှိလို့လဲ"
ဇဝေဇဝါ ဖြစ်ကြသော်လည်း အကြောင်း ကို သိသူများမှာမူ အလွန်အံ့အားသင့်နေကြသည်။
သွမ့်ဟန်က ကျင်းတိဂိုဏ်း၏ ထိပ်သီးဖြစ်ရုံသာမက အခြားသော အထူးလမ်းကြောင်းမှတစ်ဆင့် ထျန်းဖူနန်းတော်သို့ တက်လှမ်းခွင့်ရထားသည့် ပထမအဆင့် ပါရမီရှင်တစ်ဦး မဟုတ်ပါလား။
ထိုကဲ့သို့သောသူပင် ချင်းယွဲ့ဂိုဏ်းကို ရှုံးနိမ့်ခဲ့သည်လား။ အထူးသဖြင့် သွမ့်ဟန်ကို အနိုင်ယူခဲ့သူမှာ အသက် ၁၆ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးသာ ဖြစ်ကြောင်း သိလိုက်ရသောအခါ လူတိုင်း၏ အံ့သြမှုမှာ ဖော်ပြ၍ပင် မရတော့ချေ။
ဤမျှ ကြောက်စရာကောင်းသော ပါရမီရှင်မျိုးက ပိုင်တိဂိုဏ်းမှ ပါရမီရှင်များနှင့် ယှဉ်လျှင်ပင် နိမ့်ကျလိမ့်မည် မဟုတ်ဟု ဆိုကြသည်။
သို့သော် လူငယ်များ၏ ထုံးစံအတိုင်း စိန်ခေါ်မှုကို မကြောက်ကြပေ။
အခြားသူများ၏ ပါးစပ်ဖျားတွင် မင်းက ပိုသန်မာလေလေ၊ ငါက မင်းကို ပိုပြီး အနိုင်ယူချင်လေလေ ဖြစ်ပြီး ထိုမှတစ်ဆင့် ငါ့ကိုယ်ငါ သက်သေပြချင်ကြခြင်း ဖြစ်သည်။
ထို့ကြောင့် ချင်းယွဲ့ဂိုဏ်း တည်းခိုရာနေရာသို့ စိန်ခေါ်စာများမှာ နှင်းပွင့်များသဖွယ် ပျံဝဲရောက်ရှိလာတော့သည်။
အချို့ဆိုလျှင် တံခါးဝအထိ လာရောက်ကာ အော်ဟစ်စိန်ခေါ်ကြသည်။
ဤအခြေအနေကို ထန်ထျန်းက အားလုံးကို လက်ခံရန် ဆုံးဖြတ်လိုက်သည်။
ကုရှောင်းရွှယ်၊ လီဟုန်နှင့် လန်ယွီ ညီအစ်မတို့ကို အပြင်သို့ လွှတ်လိုက်သည်။
တိုက်ခိုက်ချင်လျှင်လည်း အားရပါးရ တိုက်ခိုက်ကြစေရန် ဖြစ်သည်။
တိုက်ပွဲများစွာကို ကြုံတွေ့ရခြင်းမှာ သူတို့လေးဦးအတွက်လည်း ကောင်းမွန်သောအရာ ဖြစ်သည်။
ထို့ကြောင့် နောက်ပိုင်းရက်များတွင် လမ်းဆုံရှိ စင်မြင့်နေရာမှာ ချင်းယွဲ့ဂိုဏ်း၏ အိမ်ကွင်းသဖွယ် ဖြစ်သွားခဲ့သည်။
သူတို့လေးဦးမှာ လက်ရည်အပြည့် ထုတ်သုံးကာ စိန်ခေါ်မှု တစ်ခုပြီးတစ်ခုကို လက်ခံခဲ့ကြသလို လင်းရွှမ်နှင့် ဟော့ဖုန်းတို့ကဲ့သို့ အခြားသော ချင်းယွဲ့ဂိုဏ်း ပါရမီရှင်များမှာလည်း အနည်းဆုံး အကြိမ်ပေါင်း ဆယ်ဂဏန်းမက တိုက်ခိုက်ခဲ့ကြသည်။
နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ ဤမျှအထိ အားတက်သရော ရှိမှုကြောင့် ချင်းယွဲ့ဂိုဏ်း၏ နာမည်မှာ ကျော်ကြားလာခဲ့သည်။
အကြီးအကဲရွှမ်မှာလည်း တစ်နေ့လုံး ပြုံးပျော်နေတော့သည်။ ဤမြင်ကွင်းမျိုးကို ရှန့်တု မြို့သို့ မလာခင်က သူ လုံးဝ မမျှော်လင့်ထားခဲ့မိပေ။
ချင်းယွဲ့ဂိုဏ်း တပည့်များမှာလည်း လမ်းပေါ်သွားလျှင် ခေါင်းမော့ရင်ပေါင်တန်းကာ ဂုဏ်ယူနေကြတော့သည်။
သို့သော် ဤသို့သော အပြောင်းအလဲမှာ လူတစ်ယောက်ကြောင့်သာ ဖြစ်ကြောင်း သူတို့ ကောင်းစွာ သိကြသည်။
ထိုသူမှာ ထန်ထျန်းပင် ဖြစ်သည်။
ချင်းယွဲ့ဂိုဏ်း နာမည်ကျော်ကြားလာပြီး ကုရှောင်းရွှယ်တို့ လေးဦး၏ တောက်ပမှုမှာ အထက်လူကြီးများ၏ အာရုံစိုက်မှုကို မလွဲမသွေ ရရှိသွားခဲ့သည်။
ထျန်းဖူနန်းတော် မှ အင်အားစုအချို့က ကိုယ်တိုင်ကိုယ်ကျ လာရောက် ကြည့်ရှုခဲ့ကြသည်ကိုလည်း တွေ့မြင်ရသည်။
လူအများက ထျန်းဖူနန်းတော် ထဲသို့ ရောက်ရှိသွားပါက ဤပါရမီရှင်လေးဦးမှာ အစောဆုံး အရေးပေးခံရမည် သို့မဟုတ် ကြိုတင်ပြီး ကမ်းလှမ်းခံရမည်မှာ သေချာသလောက် ရှိနေသည်ဟု ခန့်မှန်းနေကြသည်။
ဤသို့ စည်ကားသိုက်မြိုက်နေစဉ်မှာပင် အချိန်များ ကုန်ဆုံးသွားခဲ့သည်။
မကြာမီ ထျန်းဖူနန်းတော် သို့ သွားရမည့်ရက် အကြိုညသို့ ရောက်ရှိလာသည်။
အခန်းထဲတွင် ထန်ထျန်းက တင်ပျဉ်ခွေထိုင်နေပြီး တစ်ကိုယ်လုံးတွင် အင်မော်တယ် စွမ်းအားများ လှိုင်းထနေသည်။ သူ၏ အသက်ရှူသံနှင့်အတူ စွမ်းအားများက တစ်ခါတစ်ရံ ရေပြင်ကဲ့သို့ ငြိမ်သက်နေပြီး တစ်ခါတစ်ရံတွင်မူ လှိုင်းများကဲ့သို့ ပြင်းထန်နေသည်။
ခဏအကြာတွင် သူ မျက်လုံးများကို အသာအယာ ဖွင့်လိုက်သည်။
"အစစ်အမှန် အင်မော်တယ် အလယ်အလတ်အဆင့်"
ထန်ထျန်းက အသက်ကို ခပ်ဖြည်းဖြည်း ရှူထုတ်လိုက်သည်။
နောက်ဆုံးအကြိမ် အစစ်အမှန် အင်မော်တယ် အဆင့်သို့ တက်လှမ်းခဲ့သည်မှာ တစ်လခန့် ရှိပြီ ဖြစ်သည်။
သူ၏ လက်ကောက်ဝတ်ရှိ ထူးဆန်းသော ရှေးဟောင်း ကျောက်စိမ်း မှာ သူ့ကို အတိုင်းအဆမရှိသော အင်မော်တယ် စွမ်းအားများကို အမြဲမပြတ် ထောက်ပံ့ပေးနေသော်လည်း ယနေ့မှသာ အဆင့်သေး တစ်ခုကို တက်လှမ်းနိုင်ခြင်း ဖြစ်သည်။
အင်မော်တယ် အဆင့်များတွင် အဆင့်တစ်ခု တက်ရန် လိုအပ်သော စွမ်းအားမှာ အလွန်ပင် ကြီးမားလှသည်။
ကျင့်ကြံရန် ပတ်ဝန်းကျင် မကောင်းမွန်ပါက တိုးတက်မှု အရှိန်မှာ အလွန် နှေးကွေးပေလိမ့်မည်။
ထို့ကြောင့် ထျန်းဖူနန်းတော် သို့ အမြန်ဆုံး ဝင်ရောက်ရန် လိုအပ်နေပြီ ဖြစ်သည်။
ထို့ပြင် ကြောင်ကလေးကို လေ့ကျင့်ပေး ရန် ကိစ္စကိုလည်း အစီအစဉ်ဆွဲရမည်ဟု ထန်ထျန်းက တိတ်တဆိတ် စဉ်းစားနေမိသည်။
ခဏအကြာတွင် သူသည် အခန်းပြင်သို့ ထွက်လာခဲ့သည်။
ထိုအချိန်မှာပင် ရှောင်းရွှယ်နှင့် လီဟုန်တို့ ပြန်ရောက်လာကြသည်။
ရက်အနည်းငယ်အတွင်း တိုက်ပွဲများကြောင့် သူတို့၏ တိုးတက်မှုမှာ သိသာလှသည်။
လီဟုန်မှာ အတိဒုက္ခ ဖြတ်ကျော်ခြင်း ဒုတိယအဆင့်သို့ ရောက်ရှိနေပြီး လန်ယွီ ညီအစ်မတို့မှာလည်း အတိဒုက္ခ ဖြတ်ကျော်ခြင်း အဆင့်သို့ တက်လှမ်းနိုင်ခဲ့ကြပြီ။
ကုရှောင်းရွှယ်ကမူ ပုတီးစေ့ များကို သကြားလုံးကဲ့သို့ စားနေသဖြင့် မည်သည့် အတားအဆီးမျှမရှိဘဲ လေးဆင့် တက်လှမ်းကာ အတိဒုက္ခ ဖြတ်ကျော်ခြင်း အဆင့်ကိုး ဟူသော ကြောက်မက်ဖွယ် အဆင့်သို့ ရောက်ရှိသွားသည်။
ဤတိုးတက်မှုအမြန်နှုန်း မှာ ထိုစဉ်က ထန်ထျန်းနှင့် ယှဉ်လျှင်ပင် နိမ့်ကျလိမ့်မည် မဟုတ်ဘဲ အတော်လေးကို အံ့သြစရာ ကောင်းလှသည်။
သူမ၏ ခွန်အားမှာလည်း လက်အောက်ခံဂိုဏ်းအားလုံးမှ ပါရမီရှင်များထဲတွင် အမြင့်ဆုံးနေရာ၌ ရှိနေပြီး တောက်ပသော ကြယ်တစ်ပွင့် ဖြစ်လာခဲ့သည်။
"ထန်ထျန်း"
ထန်ထျန်း ထွက်လာသည်ကို မြင်သည်နှင့် သူမက ပျော်ရွှင်စွာ ပြေးလာသည်။
ဤရက်များအတွင်း သူမမှာ တော်တော်လေး ပျော်ရွှင်နေပုံရသည်။
"ကြောင်ကလေးရော"
ထန်ထျန်းက မေးလိုက်သည်။
"မသိဘူး၊ အပြင်မှာ လျှောက်သွားနေတာ ထင်တယ်။"
" သူက တိုက်ပွဲတွေ ကြည့်ရတာ မကြိုက်ဘူးလေ၊ တစ်ခုခု သွားစားဖို့ စားသောက်ဆိုင် တစ်ခုခုမှာ ရှိနေမှာပါ"
ရှောင်းရွှယ်က ပြော သည်။
ထန်ထျန်း ခေါင်းခါလိုက်မိသည်။ ဒီကောင်ကတော့ စားဖို့ဆိုလျှင် ဘယ်တော့မှ မငြီးငွေ့ပေ။
သို့သော် သူက ယခုအခါ အဆင့်တက်သွားပြီ ဖြစ်သဖြင့် နိယာမ များထက် ကျော်လွန်သော အစွမ်းထက်သူများ လာလျှင်ပင် သူ၏ မူလပုံစံ ကို သိနိုင်ရန် မလွယ်ကူလှချေ။
လုံခြုံ ရေးအတွက် စိတ်ချရသော်လည်း မကြာမီ ရှန့်တု မြို့မှ ထွက်သွားရတော့မည် ဖြစ်သဖြင့် သူ့ကို အလွန်အကျွံ လွှတ်ထား၍ မဖြစ်ပေ။
"သူ့ကို အမြန်ပြန်လာခိုင်းလိုက်"
" မနက်ဖြန် ထျန်းဖူနန်းတော် ကို ထွက်ရတော့မယ်၊ မင်းလည်း အဝင်အခမ်းအနားမှာ ကောင်းကောင်း စွမ်းဆောင်နိုင်အောင် ပြင်ဆင်ထားဦး"
ထန်ထျန်းက ပြောလိုက်သည်။
" ဟုတ်ကဲ့"
သူမက ထန်ထျန်း၏ စကားကို အမြဲတမ်း နာခံသူ ဖြစ်သည်။
ထို့နောက် သူတို့ ခဏမျှ စကားစမြည် ပြောဆိုပြီးနောက် အသီးသီး နားရန် ပြန်သွားကြသည်။
ညဘက်တွင် အကြီးအကဲရွှမ်က ထန်ထျန်း၏ တံခါးကို လာခေါက်သည်။
"အဝင်အခမ်းအနားရဲ့ စည်းမျဉ်းတွေ ထွက်လာပြီ"
အကြီးအကဲရွှမ်က စကားစကို တိုက်ရိုက်ပင် စတင်လိုက်သည်။
"ဒီအခမ်းအနားရဲ့ နာမည်က 'ကိုးခါ သေ တစ်ခါ ရှင်' တဲ့"
"ပါဝင်သူအားလုံးက တောင်ကြီး ၉ ခုကို ဖြတ်ကျော်ပြီးရင် အဝင်အခမ်းအနားကို အောင်မြင်ပြီလို့ သတ်မှတ်မှာ။"
" ဒီအခမ်းအနား မှာ ဘာအတားအဆီး၊ ဘာစမ်းသပ်မှု၊ ဘာအလံလုပွဲမှ မရှိဘူး"
"ဒါပေမဲ့ ထျန်းဖူနန်းတော် က တောင်တစ်ခုစီမှာ လှည့်လည်သွားလာနေတဲ့ အစွမ်းထက် ကျင့်ကြံသူတွေကို ထားထားလိမ့်မယ်။ "
"သူတို့ရဲ့ အမည်ဝှက်က 'မုဆိုး ' တဲ့"
ထန်ထျန်း မျက်ခုံးပင့်လိုက်မိသည်။ "မုဆိုး ဟုတ်လား"
အကြီးအကဲရွှမ်က ခေါင်းညိတ်ပြကာ "အဲ့ဒီ မုဆိုး တွေကလည်း အသက် ၂၅ နှစ်အောက် လူငယ်တွေပဲ။ ဒါပေမဲ့ သူတို့က ထျန်းဖူနန်းတော် ထဲက အထူးချွန်ဆုံး တပည့်တွေ ဖြစ်ပြီး ခွန်အားက အလွန်ကြီးမားတယ်။"
" ပါဝင်သူတွေက သူတို့နဲ့ တွေ့ရင်တော့ အများစုက လွတ်ဖို့ မလွယ်ဘူး"
"ပါဝင်သူ တစ်ယောက်ချင်းစီမှာ တိုကင် ၁၀ ခု ရှိမယ်။ တိုကင် တစ်ခုချင်းစီက ကိုယ့်ရဲ့ အသက်တစ်ချောင်းစီကို ကိုယ်စားပြုတယ်။ "
"အဝင်အခမ်းအနား ပြီးဆုံးတဲ့အခါ ကိုယ့်မှာ အသက်ဘယ်နှစ်ချောင်း ကျန်နေသလဲဆိုတာပေါ် မူတည်ပြီး အဲ့ဒီတပည့်ရဲ့ စွမ်းဆောင်ရည်ကို သတ်မှတ်မှာ"
"နောက်ပြီး ပါဝင်သူတွေရော၊ မုဆိုးတွေရောက တစ်ယောက်တည်း သီးသန့် လှုပ်ရှားရမှာ။ "
"အုပ်စုဖွဲ့တာကို တွေ့ရင် ပြိုင်ပွဲကနေ အလိုအလျောက် ရှုံး တယ်လို့ သတ်မှတ်မှာ"
ထန်ထျန်း ခေါင်းညိတ်လိုက်သည်။
တကယ့်ကို "ကိုးခါ သေ တစ်ခါ ရှင်" စမ်းသပ်ပွဲပင်။
ထျန်းဖူနန်းတော် က လွှတ်လိုက်သော ထို "မုဆိုး" များကြားတွင်လည်း ပြိုင်ဆိုင်မှု ရှိလိမ့်မည်ဟု သူ ခန့်မှန်းမိသည်။
အသက် တိုကင် များကို ပိုရလေလေ၊ သူတို့၏ အဆင့်သတ်မှတ်ချက် ပိုမြင့်လေလေ ဖြစ်ပေလိမ့်မည်။
ဤနည်းဖြင့် လက်အောက်ခံဂိုဏ်းသားများကိုရော၊ ထျန်းဖူနန်းတော် တပည့်များကိုပါ တစ်ပြိုင်နက် စစ်ဆေးနိုင်သဖြင့် တစ်ချက်ခုတ် နှစ်ချက်ပြတ်ပင် ဖြစ်သည်။
"ဘယ်အချိန် စမှာလဲ"
ထန်ထျန်းက မေးလိုက်သည်။
"မနက်ဖြန် မနက်အစောကြီးပဲ"
အကြီးအကဲရွှမ်က ပြော သည်။ "ဒါပေမဲ့ ရှမ့်တု မြို့ သိုင်း ပြိုင် ကွင်း ကို ကြိုသွားရမယ်။ "
"အဲ့ဒီက တည်နေရာကူးပြောင်း အစီအရင် ကနေတစ်ဆင့် စမ်းသပ်ကွင်းကို တိုက်ရိုက် သွားကြမှာ"
ထန်ထျန်း ခေါင်းညိတ်လိုက်သည်။
နောက်ဆုံးတော့ စတင်တော့မည် ဖြစ်သည်။