← Chapters

သူလျှို

Vol. 4 Ch. 32

သူလျှို

Vol. 4 Ch. 32

ကြည်လင်သော တိမ်ဖြူတို့သည် ကောင်းကင်ယံတွင် လွင့်မျောနေပြီး၊ တောက်ပသော နေရောင်ခြည်သည် တိမ်တိုက်ပင်လယ်ကြီးအပေါ် ဖြာကျနေသဖြင့် ရှုတောင်အား အေးချမ်းသာယာသော အငွေ့အသက်များကို ပေးစွမ်းနေလေသည်။

မကြာသေးမီကမှ အသက်အန္တရာယ်နှင့် ရင်ဆိုင်ခဲ့ရသူများအတွက်မူ ဤမြင်ကွင်း၏ အလှတရားသည် ပိုမိုညှို့ငင်ဖမ်းစားနေပေသည်။

ရှုတောင်သို့ ပြန်ရောက်ပြီးနောက်၊ အနည်းငယ် အနားယူပြီးသည်နှင့် ချူလျန်သည် မွန်းတည့်ချိန်ဝန်းကျင်၌ သူ၏ အလုပ်များသော နေ့တစ်နေ့ကို ပြန်လည် စတင်လိုက်တော့သည်။

သူ၏ ပထမဆုံး ရပ်နားရာစခန်းမှာ စေတီတော်ဖြူဖြစ်ပြီး ထိုနေရာသို့ ရောက်သောအခါ အကျဉ်းခန်း ဗလာဖြစ်နေသည်ကို တွေ့ရှိလိုက်ရချေသည်။

ဖြစ်နိုင်ခြေ နှစ်ခု ရှိပေသည်။

တစ်ခုမှာ စေတီတော်ဖြူသည် သမိုင်းကြောင်းအရ မိစ္ဆာနှင့် မကောင်းဆိုးဝါများကို ချေမှုန်းသည့်အခါမှသာ ဆုလာဘ် ပေးသနားလေ့ရှိသဖြင့်၊ အနက်ရောင်ဝတ်လူကို သတ်ဖြတ်ခြင်းအတွက် ဆုလာဘ်မပေးခြင်း ဖြစ်နိုင်သည်။

သို့မဟုတ်၊ သူသည် ဝိညာဉ်လဲလှယ်မန္တန်ကို အသုံးပြုခဲ့သော်လည်း အနက်ရောင်ဝတ်လူ၏ လုပ်ရပ်များကို နည်းပညာပိုင်းအရ ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းဟု သတ်မှတ်လိုက်သောကြောင့် အမှတ်အသား မပေးခြင်းလည်း ဖြစ်နိုင်ပေသည်။

အဖြေမှန်ကိုမူ နောင်ကျမှသာ စုံစမ်းအတည်ပြုရပေတော့မည်။

မည်သို့ပင်ဆိုစေကာမူ၊ ဤစွန့်စားခန်းသည် လုံးဝ အကျိုးမဲ့သွားခြင်းတော့ မဟုတ်ချေ။ ချူလျန်သည် အနက်ရောင်ဝတ်လူထံမှ ဆက်လက်စစ်ဆေးရန် လိုအပ်သော ပစ္စည်း‌အသေးစားအချို့ကို ရရှိခဲ့သည်။

လူသားတစ်ဦးကို သတ်ဖြတ်ခြင်းအတွက် ဆုလာဘ် မရရှိခဲ့သော်လည်း၊ လူသားများသည် မကောင်းဆိုးဝါးများနှင့် သဘာဝချင်း ကွဲပြားသည့်အတွက် ဤကိစ္စမှ အကျိုးအမြတ် ပိုမိုရရှိနိုင်ခြေ ရှိပေသည်။

ကျင့်ကြံသူ တစ်ဦးစီသည် အခြေခံအားဖြင့် ရတနာသေတ္တာ တစ်လုံးကို ကိုယ်စားပြု၏။

မိစ္ဆာလမ်းစဉ် လိုက်စားသူများ၏ မှော်ဝင်ပစ္စည်းများသည် မကြာခဏဆိုသလို ရက်စက်ယုတ်မာပြီး အန္တရာယ်များတတ်သဖြင့်၊ သူ့အတွက် အသုံးမဝင်သော်လည်း ဤပစ္စည်းများမှ တန်ဖိုးတစ်ခုခုတော့ ထုတ်ယူနိုင်သေးသည်။

ရှုတောင်ဂိုဏ်းသည် မိစ္ဆာပစ္စည်းများကို အပ်နှံသော တပည့်များအား ဓားဒင်္ဂါးများဖြင့် ဆုချလေ့ရှိရာ ဤပစ္စည်းများသည် အလကားတော့ မဖြစ်နိုင်ပေ။

သူသည် ဖမ်းဆီးခံသရဲများ ပါဝင်သည့် ကြွေပုလင်းငယ်များကို ဖွင့်ဖောက်ခြင်းဖြင့် စတင်လိုက်သည်။

အမှောင်အုပ်စိုးသူဂိုဏ်း၏ တပည့်များတွင် အပြင်းထန်ဆုံး ကာကွယ်ရေးပိုင်ဆိုင်မှုများမှာ သူတို့ သန့်စင်ပြီး ဆင့်ခေါ်ထားသော သရဲများပင် ဖြစ်သည်။

ချူလျန်၏ အမြင်အရ သူသည် ဤဝိညာဉ်များကို မထိန်းချုပ်နိုင်သော်လည်း၊ ၎င်းတို့ကို ဓားချက်တစ်ချက်တည်းဖြင့် တစ်ကောင်ချင်းစီ ဖျက်ဆီးပစ်နိုင်ပြီး သံသရာစက်ဝန်းဆီသို့ ပို့ဆောင်ပေးနိုင်သည်။

တပြိုင်နက်တည်းမှာပင် ဤအောင်မြင်မှုအတွက် စေတီတော်ဖြူတွင် ဆုလာဘ်များ လဲလှယ်နိုင်၏။ ဤနည်းအားဖြင့် သူသည် အကျိုးအမြတ်များစွာ ရိတ်သိမ်းရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။

သို့ရာတွင် ကြွေပုလင်းကို ဖွင့်လိုက်သောအခါ၊ သူ၏ မျှော်လင့်ချက်များမှာ လျင်မြန်စွာပင် စိတ်ပျက်မှုအဖြစ် ပြောင်းလဲသွားရချေသည်။

အနက်ရောင်ဝတ်လူသည် သရဲများကို သန့်စင်နေစဉ်အတွင်း သစ္စာရှိမှုနှင့် နာခံမှုကို သေချာစေရန် ကျိန်စာတစ်ခု တိုက်ခဲ့ပုံရသည်။

သူ သေဆုံးသွားသည်နှင့် ဤသရဲများ အားလုံးလည်း ပျောက်ကွယ်သွားကြလေပြီ။

'နှမြောစရာ ကောင်းလိုက်တာ...'

ချူလျန် တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။

ကြွေပုလင်းငယ်တိုင်း ဗလာဖြစ်နေသည်ကို တွေ့ရသောအခါ သူ၏ နှလုံးသားထဲတွင် ဟာတာတာ ခံစားလိုက်ရသည်။

ချူလျန်နှင့် မရင်းနှီးသော မိစ္ဆာကျင့်ကြံခြင်း နည်းလမ်းများနှင့် ဆက်စပ်နေသည့် ပစ္စည်းအချို့လည်း ရှိသေး၏။

ဤပစ္စည်းများသည် သူ့အတွက် အသုံးဝင်မည် မဟုတ်ဟု ခံစားရပြီး လက်နက်ခန်းမသို့ အပ်နှံရမည့်ပုံ ပေါက်နေသည်။

ထို့နောက် လူသတ်ခြင်းမှတဆင့် ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်ပေးသော ငရဲဘုံကျမ်းဟု လူသိများသည့် နာမည်ဆိုးဖြင့် ကျော်ကြားသော မှောင်မိုက်ပြီး ရက်စက်ယုတ်မာသည့် ပစ္စည်းတစ်ခုလည်း ရှိသေးသည်။

၎င်းသည် အလွန်တရာ ဆိုးရွားသော ပစ္စည်းတစ်ခု ဖြစ်ပေသည်။

ချူလျန် စာအုပ်ပေါ်သို့ လက်တင်လိုက်သည်နှင့် အတွင်း၌ ပိတ်မိနေသော ဝိညာဉ်များ၏ နာကျင်စွာ အော်ဟစ်သံများကို အာရုံခံစားလိုက်ရ၏။ ဤအရာကို အသုံးပြုရန် သူ လုံးဝ ရည်ရွယ်ချက် မရှိကြောင်း ထင်ရှားနေပေသည်။

အနက်ရောင်ဝတ်လူ သေချာ သိမ်းဆည်းထားခဲ့သော အိတ်ငယ်လေး တစ်လုံးလည်း ရှိသေးသည်။

ချူလျန် အိတ်ကို ဖွင့်လိုက်သောအခါ သစ်ကြားသီး အရွယ်အစားခန့်ရှိသော အခေါင်းပွ ကြေးနီရောင် ဘောလုံး သုံးလုံးကို တွေ့လိုက်ရသည်။ ၎င်းတို့ကို ကိုင်ကြည့်လိုက်သောအခါ အလွန်အေးစက်နေပြီး ကြောက်ရွံ့ဖွယ်ရာ အငွေ့အသက်များ ထွက်ပေါ်နေ၏။

'ဒါက မိစ္ဆာမှော်ဝင်ပစ္စည်းတစ်မျိုးမျိုး ဖြစ်ရမယ်... နောက်မှ ဆရာ့ကို မေးကြည့်ရမယ်…'

နောက်ဆုံးတွင် “ဝိညာဉ်ချုပ်သူ” ဟူသော စာတန်းပါရှိသည့် ရွှေရောင်ရင့်ရင့် တံဆိပ်ပြားတစ်ခု ကျန်ရှိနေသေးသည်။ ၎င်းသည်လည်း မှော်ဝင်ပစ္စည်းတစ်ခု ဖြစ်ပုံရသည်။

ချူလျန်သည် ဤပစ္စည်း၏ ရည်ရွယ်ချက်ကို သိရှိနိုင်ရန် ကြိုးစားနေသည်။ မည်သို့ပင်ဖြစ်စေ မူလပိုင်ရှင် သေဆုံးသွားပြီဖြစ်ရာ စမ်းသပ်ကြည့်လျှင်လည်း အန္တရာယ် သိပ်မရှိနိုင်ဟု သူ ယူဆလိုက်သည်။

ဤပစ္စည်းကို နားလည်နိုင်ရန် သူ၏ ဝိညာဉ်အာရုံ တစ်စိတ်တစ်ပိုင်းကို ပစ္စည်းထဲသို့ စေလွှတ်လိုက်လေသည်။

ဝှစ်…။

သူ၏ ဝိညာဉ်အာရုံသည် တံဆိပ်ပြားထဲသို့ နစ်ဝင်သွားပြီး မှိန်ဖျဖျ အရိပ်များရှိသော နေရာတစ်ခု ပေါ်လာသည်။

ဤနေရာလွတ်အတွင်းတွင် သက်ရှိသတ္တဝါများ မရှိဘဲ လေဟာနယ်ထဲတွင် ရွှေရောင်စာလုံးတန်းအနည်းငယ်သာ မျောလွင့်နေ၏။ ၎င်းသည် သတင်းအချက်အလက် ပေးပို့ရန် ဖန်တီးထားသော မှော်ဝင်ကိရိယာတစ်ခု ဖြစ်ပုံရသည်။

[ မိစ္ဆာ ] : "ငါ အဆင့်တက်သွားပြီး… ဓာတ်ကြီးငါးပါးနယ်ပယ်ရဲ့ တတိယအဆင့်ကို ရောက်ရှိသွားပြီ… ငါ့ရဲ့ လာမယ့်ကျင့်ကြံမှုအတွက် နက်ရှိုင်းငရဲအမြုတေ ဒါမှမဟုတ် ငရဲပင်လယ်ထဲက ဘယ်မိစ္ဆာသတ္တဝါကိုမဆို လိုအပ်တယ်… မင်းတို့အားလုံး လောကကြီးထဲ ခရီးသွားနေကြတုန်း... သတိထားပြီး ဒီအရင်းအမြစ်တွေကို ရှာဖွေပေးကြပါ…"

[ ၅၉ ] : "ဂုဏ်ယူပါတယ် မိစ္ဆာ… ကျွန်တော်တို့ မိစ္ဆာအတွက် အစွမ်းကုန် ကြိုးစားပြီး ရှာဖွေပေးပါ့မယ်…"

[ ၆၀ ] : "ဂုဏ်ယူပါတယ် မိစ္ဆာ… လက်အောက်ငယ်သား တစ်ယောက်အနေနဲ့ အကောင်းဆုံး ကြိုးစားပါ့မယ်…"

[ မိစ္ဆာ ] : "ဟမ်... ၅၈က ဘာလို့ ဒီလောက်ကြာတဲ့အထိ ပြန်မဖြေတာလဲ… တစ်ခုခု ဆိုးဆိုးရွားရွား ဖြစ်သွားတာလား.."

[ ၅၉ ] : "နောက်ထပ် နှစ်နာရီတောင် ကြာသွားပြီ… ၅၈ တစ်ခုခု ဖြစ်သွားတာလား…"

[ မိစ္ဆာ ] : "၅၈... မင်း ဒီစာကို မြင်ရင် ပြန်ဖြေပါဦး…"

ချူလျန်သည် စာများကို သေချာ ဖတ်ရှုလိုက်ပြီး သူ ယခင်က ကြားဖူးသော မှော်ဝင်ကိရိယာတစ်မျိုးကို ပြန်လည် သတိရသွားသည်။

ထိုကိရိယာသည် ဝိညာဉ်များကို လက်ခံထားရှိရန်အတွက် ကြားခံဘုံတစ်ခုအဖြစ် ဆောင်ရွက်ပေး၏။ ၎င်းတို့၏ ဝိညာဉ်များ ချိတ်ဆက်ထားခြင်းအားဖြင့် လူအနည်းငယ်သည် နေရာဒေသမရွေး သတင်းအချက်အလက်များ ပေးပို့နိုင်ကြသည်။

ရှုတောင်ဂိုဏ်းသည် ဝိညာဉ်ဆိုင်ရာ နည်းစနစ်များတွင် ကျွမ်းကျင်မှု မရှိသလို ရှုထောင့်ကြား ဝိညာဉ်ဘုံအဖြစ် လုပ်ဆောင်နိုင်သော မှော်ဝင်ပစ္စည်းများလည်း မရှိပေ။

ထို့ကြောင့် ချူလျန်သည် ယခင်က ဤကဲ့သို့သော ကိရိယာမျိုးကို မမြင်ဖူးခဲ့ပေ။ ဝိညာဉ်ဆိုင်ရာ နည်းစနစ်များကို အထူးပြုသော မိစ္ဆာကျင့်ကြံသူများ ဖြစ်သည့် အမှောင်အုပ်စိုးသူဂိုဏ်းမှ တပည့်များသည် ၎င်းတို့၏ ကျင့်ကြံမှု အစိတ်အပိုင်းတစ်ခုအဖြစ် ထိုကဲ့သို့သော ပစ္စည်းများကို မကြာခဏ ပိုင်ဆိုင်ထားလေ့ရှိကြသည်။

သို့သော်၊ ဤရှုထောင့်ကြား ဝိညာဉ်ဘုံအတွင်းတွင် လူလေးဦးသာ ရှိပုံရသည်။

မိစ္ဆာဟု အမည်ခံထားသူနှင့်အတူ ၅၈၊ ၅၉နှင့် ၆၀တို့သည် အဖွဲ့တစ်ခု ဖွဲ့စည်းထားပုံရသည်။ သူတို့၏ အမည်များကို ကြည့်ရုံဖြင့် မိစ္ဆာသည် ခေါင်းဆောင် ဖြစ်နိုင်ကြောင်း ထင်ရှားနေ၏။

၅၈က ပြန်မဖြေသည့်အတွက် တံဆိပ်ပြားသည် သူ့ပိုင်ဆိုင်မှု ဖြစ်ကြောင်း ညွှန်ပြနေပေသည်။

'ငါ ဘာလုပ်သင့်လဲ... ငါ ပြန်ဖြေသင့်လား…'

လက်တလော အန္တရာယ် မရှိနိုင်သလို သူတို့အနေဖြင့် ရှုထောင့်ကြား ဝိညာဉ်ဘုံမှတဆင့် သူ့ကို ထိခိုက်အောင် လုပ်နိုင်ပုံလည်း မရချေ။

ထို့ကြောင့် ချူလျန်သည် စွန့်စားပြီး စမ်းကြည့်ရန် ဆုံးဖြတ်လိုက်သည်။

သူသည် သူ၏ ဝိညာဉ်အာရုံကို အသုံးပြု၍ ဂရုတစိုက် ပြန်ကြားလိုက်သည်။

ရုတ်တရက် ထိုစာသည် ဘုံအတွင်းတွင် ပေါ်လာချေသည်။

[ ၅၈ ] : "မိစ္ဆာ... ဂုဏ်ယူပါတယ်… လက်အောက်ငယ်သား တစ်ယောက်အနေနဲ့ မိစ္ဆာအတွက် အစွမ်းကုန် ကြိုးစားပြီး ရှာဖွေပေးပါ့မယ်…"

စကားများလေ အမှားပါနိုင်ခြေ ပိုများလေ ဖြစ်သည်။

မသေချာသည့်အခါ ယခင်ပြောထားသည်ကိုသာ ထောက်ခံလိုက်ခြင်းက အကောင်းဆုံး ဖြစ်ပေသည်။ “ကျွန်တော်လည်း ထိုနည်းလည်းကောင်းပါပဲ” ဟု ရိုးရိုးရှင်းရှင်း ပြန်ဖြေခြင်းက အလုံခြုံဆုံး ရွေးချယ်မှု ဖြစ်ပုံရ၏။

တုံ့ပြန်မှု တစ်စုံတစ်ရာ မရှိသောကြောင့် ချူလျန်သည် ဝိညာဉ်ချုပ်သူတံဆိပ်ပြားကို ဘေးဖယ်ထားလိုက်ပြီး အခြားပစ္စည်းများကို ဆက်လက် ရှင်းလင်းလိုက်သည်။

မကြာမီ တံဆိပ်ပြား တုန်ခါသွားသည်ကို သူ ခံစားလိုက်ရသည်။

'ဝိုး... တုန်တောင် တုန်ခါနိုင်သေးတယ်ဟ'

သူ ကောက်ယူလိုက်ပြီး ရှုထောင့်ကြား ဝိညာဉ်ဘုံအတွင်း အကြောင်းပြန်ချက် အသစ်တစ်ခုကို တွေ့လိုက်ရသည်။

[ မိစ္ဆာ ] : "မင်း စောစောက ဘာလုပ်နေတာလဲ… အန္တရာယ်ကြုံနေတာလား…"

ခေါင်းဆောင်၏ မေးခွန်းကို မြင်လိုက်ရသောအခါ ချူလျန် ခဏတာ ရပ်တန့်သွားသည်။

အချိန်ကြာမြင့်စွာ တိတ်ဆိတ်နေခြင်းက သံသယကို တိုးပွားစေနိုင်သဖြင့် စဉ်းစားရန် အချိန်များစွာ မရချေ။ သို့သော် မှားယွင်း ပြောဆိုလိုက်ပါကလည်း အာရုံစိုက်ခံရနိုင်သည်။

ကြာရှည်စွာ ပျောက်ကွယ်နေခြင်းအတွက် ကျိုးကြောင်းဆီလျော်သော ရှင်းပြချက်တစ်ခု လိုအပ်နေသည်။

သို့သော် သူသည် ဤ "၅၈"အကြောင်းကို သိပ်မသိသလို လိမ်ပြောခြင်းကလည်း ကွဲလွဲချက်များကို ပေါ်ပေါက်စေနိုင်၏။

သူ စဉ်းစားလိုက်ပြီး အမှန်တိုင်း ပြောရန် ဆုံးဖြတ်လိုက်တော့သည်။

"ကျွန်တော် စောစောက တိုက်ပွဲဖြစ်နေလို့ပါ… ဝိညာဉ်အသိအမြင်အဆင့်ရှိတဲ့ ကွန်ဖြူးရှပ်ကျင့်ကြံသူ တစ်ယောက်ကို ဖမ်းမိခဲ့ပြီး… သူ့ဝိညာဉ်ကို ငရဲဘုံကျမ်းထဲမှာ အောင်မြင်စွာ ပိတ်လှောင်ထားနိုင်ခဲ့ပါတယ်…"

[ မိစ္ဆာ ] : "ဝိညာဉ်အသိအမြင်အဆင့်ရှိတဲ့ ကွန်ဖြူးရှပ်ကျင့်ကြံသူ ဟုတ်လား… ကောင်းတယ်… မင်းသာ အဲဒီဝိညာဉ်ကို သန့်စင်နိုင်ခဲ့ရင် နေ့ဘက်မှာ လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်မှာဖြစ်ပြီးတော့… မင်းအတွက် အများကြီး အထောက်အကူ ဖြစ်လိမ့်မယ်…"

[ ၅၉ ] : "ငါ့မှာလည်း အဲဒီလို ကံမျိုး ရှိရင် ကောင်းမှာပဲကွာ…"

[ မိစ္ဆာ ] : "၅၈က သိုင်းလောကမှာ အတွေ့အကြုံ များတယ်… ကံကောင်းတာထက် ပိုပါတယ်.. မင်းတို့နှစ်ယောက် သူ့ဆီကနေ သင်ယူသင့်တယ်…"

[ ၅၉ ] : "ဟုတ်ကဲ့… ဟုတ်ကဲ့…"

ချူလျန်သည် ရိုးရှင်းသော လိမ်လည်မှုတစ်ခုဖြင့် သူတို့ကို လှည့်စားနိုင်ခဲ့ပြီး၊ ရှုထောင့်ကြား ဝိညာဉ်ဘုံမှ အမြန် ထွက်ခွာလိုက်တော့သည်။

မိစ္ဆာဟု ခေါ်ဝေါ်ခံရသူသည် ဓာတ်ကြီးငါးပါးနယ်ပယ်၏ တတိယအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ထင်ရှားသည်။

သူသည် အမှောင်အုပ်စိုးသူဂိုဏ်းတွင် အစွမ်းထက်သော ကျင့်ကြံသူတစ်ဦး အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်မှာ သေချာပေသည်။

၅၉ဟု ခေါ်ဝေါ်ခံရသူမှာမူ အလုပ်မရှိ အကိုင်မရှိ ဖြစ်ပုံရသည်။ အမြဲတမ်း တုံ့ပြန်ရန် အဆင်သင့် ဖြစ်နေပြီး အားလပ်ချိန် အများကြီး ရှိပုံရသည်။

၆၀ဟု ခေါ်ဝေါ်ခံရသူမှာမူ ရှားရှားပါးပါးမှသာ ပေါ်လာပြီး ချူလျန် သူတို့အကြောင်း သိပ်မသိရပေ။

ခေတ္တမျှ ပြောဆိုပြီးနောက် ချူလျန်သည် ဤကိစ္စကို ဆရာ့ထံ အစီရင်ခံရန် ဆုံးဖြတ်လိုက်သည်။

နန်းဆောင်သို့ ရောက်သောအခါ၊ တိနွီဖုန့် နိုးနေသည်ကို တွေ့ရသည်မှာ ရှားပါးသော ဖြစ်ရပ်တစ်ခု ဖြစ်၏။ သူမသည် နာမည်ကြီး အချစ်ရုပ်ပြစာအုပ် တစ်အုပ်ထဲတွင် စီးမျောနေချေသည်။

ဤဇာတ်လမ်းများတွင် အချစ်နာကျနေသော ဇာတ်ကောင်များ ပါဝင်ပြီး၊ သူမကဲ့သို့ ရဲရင့်သော အမျိုးသမီးတစ်ဦးက ဤကဲ့သို့သော ပုံပြင်များတွင် စိတ်ဝင်တစား ရှိနေသည်ကို မြင်ရသည်မှာ အနည်းငယ် အံ့သြစရာ ကောင်းလှပေသည်။

"ဆရာ... တပည့် အစီရင်ခံစရာ ရှိပါတယ်…"

ချူလျန်က ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။

"ဘာကိစ္စလဲ…"

တိနွီဖုန့်က စာအုပ်ကို ဘေးချလိုက်ပြီး ပေါ့ပေါ့ပါးပါး မေးလိုက်သည်။

"ဒါတွေက အနက်ရောင်ဝတ်လူဆီကနေ ရလာတဲ့ မှော်ဝင်ပစ္စည်းတွေပါ…"

ချူလျန်က ကြေးနီရောင် ဘောလုံးသုံးလုံးကို ပြသပြီး ဆက်ပြောသည်။

"ကျွန်တော် ဒီပစ္စည်းတွေနဲ့ မရင်းနှီးဘူး… ကျွန်တော် ယူထားလို့ ရမလား…"

"အိုး..." တိနွီဖုန့်က တစ်ချက် လှမ်းကြည့်လိုက်သည်။ "ဒါတွေက အရိပ်ကွဲမိုးကြိုးဗုံးတွေပဲ…."

"အရိပ်ကွဲမိုးကြိုးဗုံး…"

"ပေါက်ကွဲစေနိုင်ပြီး ကြောက်ရွံ့မှုကို ဖြစ်စေနိုင်တဲ့ အရုပ်လေးတွေပါ…" တိနွီဖုန့်က ရှင်းပြသည်။

ထို့နောက် သူမက ဆက်ပြောလေသည်။ "ရွှေအမြုတေအဆင့် ရောက်နေတဲ့ အဲဒီကောင်ဆီမှာ ဒါမျိုး သုံးလုံးတောင် ရှိနေတာ မယုံနိုင်စရာပဲ… သေချာတာကတော့ သူက ဒါတွေကို အသက်ကယ်ဖို့ သိမ်းထားတာ နေမှာ… မင်း သုံးချင်ရင် သုံးလို့ရတယ်… ဒါမှမဟုတ် ဓားလဲလှယ်ရေးခန်းမမှာ ဓားဒင်္ဂါးတချို့နဲ့ သွားလဲလို့လည်း ရလောက်တယ်… မင်းသဘောပဲ…"

"နားလည်ပါပြီ…"

ချူလျန် ခေါင်းညိတ်လိုက်ပြီး ဆက်ပြောသည်။

"အစီရင်ခံစရာ နောက်ကိစ္စတစ်ခု ရှိပါသေးတယ်…"

သူသည် ရှုထောင့်ကြား ဝိညာဉ်ဘုံသို့ ဝင်ရောက်ခဲ့စဉ်က ကြုံတွေ့ခဲ့ရသည်များကို တိနွီဖုန့်အား အကျဉ်းချုံး ပြောပြလိုက်သည်။

"အိုး..."

တိနွီဖုန့် ချက်ချင်း စိတ်ဝင်စားသွားပြီး ပိုမို ဂရုစိုက်သည့်ပုံစံဖြင့် ထထိုင်လိုက်သည်။

"လွန်ခဲ့တဲ့ ရက်အနည်းငယ်က မြူခိုးဖုံး အင်မော်တယ်တောင်တန်းက အင်မော်တယ်ကျူးရီဟာ အမှောင်အုပ်စိုးသူဂိုဏ်းရဲ့ လက်ဝဲအစောင့်အရှောက်.. လက်ယာအစောင့်အရှောက်တို့နဲ့ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့တယ်… အဲဒီမှာ ငွေဖြူဘုရင် သေဆုံးသွားပြီး… ခရမ်းရွှေမြို့စားကတော့ ဒဏ်ရာအပြင်းအထန်နဲ့ လွတ်မြောက်သွားခဲ့တယ်… ခရမ်းရွှေမြို့စားရဲ့ လက်အောက်ငယ်သားတွေထဲမှာ လမ်းပြ (၈)ယောက်… မိစ္ဆာ (၂၄)ယောက်နဲ့ ဝိညာဉ်ချုပ်သူ (၇၂)ယောက် ရှိတယ်..."

"အရင်တုန်းက သူက ဝိညာဉ်တွေဖမ်းဖို့… အပြစ်မဲ့သူတွေကို ဒုက္ခပေးဖို့နဲ့ သူ့ကျင့်ကြံမှုကို မြှင့်တင်ဖို့… ဒီ ဝိညာဉ်ချုပ်သူတွေကို အားကိုးခဲ့တယ်… အနက်‌ဝတ်လူက ဒီ ဝိညာဉ်ချုပ်သူတွေထဲက တစ်ယောက် ဖြစ်လောက်တယ်…"

"လမ်းပြတစ်ယောက်ချင်းစီက မိစ္ဆာသုံးယောက်ကို ကြီးကြပ်ရပြီး… မိစ္ဆာတစ်ယောက်ချင်းစီက ဝိညာဉ်ချုပ်သူ သုံးယောက်ကို ကြီးကြပ်ရတယ်… အဲဒါ ခရမ်းရွှေမြို့စား လက်အောက်က ဖွဲ့စည်းပုံပဲ.."

"ရှုထောင့်ကြား ဝိညာဉ်ဘုံကို လူတိုင်းက သူတို့ရဲ့ ဝိညာဉ်မျိုးစေ့ အပိုင်းအစတစ်ခုစီ ချန်ထားပြီး… ဖွဲ့စည်းတည်ဆောက်ထားတာ ဖြစ်လို့ ခရီးဝေး ဆက်သွယ်ပြောဆိုနိုင်တာ ဖြစ်တယ်… ဒါပေမဲ့... လူတစ်ယောက်ရဲ့ ဝိညာဉ် ပျောက်ကွယ်သွားရင် ဒီဝိညာဉ်ချုပ် တံဆိပ်ပြားက ဝိညာဉ်ဘုံကို ဝင်လို့ မရသင့်တော့ဘူး.. အမှောင်အုပ်စိုးသူဂိုဏ်းက ဝိညာဉ်ချုပ်သူ တစ်ယောက်ကို သတ်ပြီးနောက်… တံဆိပ်ပြားရဲ့ မူလပိုင်ရှင်နေရာမှာ အစားထိုး ဝင်ရောက်နိုင်တယ်ဆိုတာမျိုး တစ်ခါမှ မကြားဖူးဘူး..."

တိနွီဖုန့် အနည်းငယ် ရှုပ်ထွေးသွားပုံရသည်။

ချူလျန် ခဏမျှ စဉ်းစားလိုက်ပြီး အကြံပြုလိုက်သည်။

"ဖြစ်နိုင်တာက ဝိညာဉ်ချုပ်သူ သေသွားပေမဲ့ သူ့ဝိညာဉ်က တကယ် မပျောက်ကွယ်သွားသေးတာများလား... ဖြစ်နိုင်တာက သူ မန္တန် ရွတ်ဆိုနေတုန်း အမှားတစ်ခုခု လုပ်မိပြီး မတော်တဆ ကိုယ့်ကိုယ်ကိုယ် ငရဲဘုံကျမ်းထဲမှာ ပိတ်မိသွားတာများလား..."

ထို့နောက်၊ ချူလျန်က ငရဲဘုံကျမ်းကို ထုတ်ယူပြီး တိနွီဖုန့်ကို ပြသလိုက်သည်။

အမှန်စင်စစ် သေချာစဉ်းစားကြည့်လျှင်၊ မိစ္ဆာဂိုဏ်းတစ်ခုက အသုံးပြုသော လျှို့ဝှက်ဆက်သွယ်ရေး နည်းလမ်းကို မည်သူမဆို ရိုးရိုးရှင်းရှင်း အသုံးပြုနိုင်မည် မဟုတ်ကြောင်း ထင်ရှားပေသည်။

ပုံမှန်အခြေအနေတွင် ဝိညာဉ်ချုပ်သူတစ်ယောက် သေဆုံးပါက ၎င်းတို့၏ တံဆိပ်ပြားသည် ချက်ချင်း အလုပ်မလုပ်တော့ပေ။

၅၈ ကဲ့သို့သော အခြေအနေမျိုးသည် အလွန်ရှားပါးသည်ဟု ယူဆရပေမည်။

တိနွီဖုန့်က ကျမ်းစာအုပ်ကို စစ်ဆေးကြည့်လိုက်ပြီး အခြေအနေကို အကြမ်းဖျင်း နားလည်သွားသည်။

ရုတ်တရက် သူမ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။

"ကောင်းတယ်..."

"ဒီ ငရဲဘုံကျမ်းကို ဓားလဲလှယ်ရေးခန်းမဆီ ပေးလိုက်ပါ… ဒါမှ အဲဒီဝိညာဉ်ချုပ်သူရဲ့ ဝိညာဉ်ကလွဲလို့ ကျန်တဲ့ အပြစ်မဲ့ သက်ရှိဝိညာဉ်တွေအားလုံး လွတ်မြောက်ပြီး သံသရာ လည်နိုင်ကြမှာ…"

"မင်းအတွက်ကတော့ အဲဒီ ရှုထောင့်ကြား ဝိညာဉ်ဘုံထဲမှာ ပုန်းအောင်းပြီး… သူတို့နဲ့ တစ်သားတည်းဖြစ်အောင် အစွမ်းကုန် ကြိုးစားကြည့်..."

"ခရမ်းရွှေမြို့စားက အခု ဒဏ်ရာအပြင်းအထန်နဲ့ ပုန်းအောင်းနေရတယ်… လမ်းမှန်ကျင့်ကြံသူတွေတင် သူ့ကို လိုက်ရှာနေကြတာ မဟုတ်ဘူး… မိစ္ဆာကျင့်ကြံသူတွေရဲ့ အကောင်ကြီးပိုင်းတွေမှာလည်း အတွင်းကြိတ် တိုက်ခိုက်မှုတွေနဲ့ သွေးထွက်သံယိုမှုတွေ ဖြစ်ပွားနေတော့… သူက အမှောင်အုပ်စိုးသူဂိုဏ်းကို ပြန်မသွားရဲဘဲ တစ်နေရာရာမှာ ပုန်းနေရမှာ သေချာတယ်..."

"အကယ်၍ မင်းသာ သူ့လက်အောက်ခံ အဖွဲ့အစည်းတစ်ခုထဲကို ထိုးဖောက်ဝင်ရောက်နိုင်ရင် သူ့ရဲ့ ပုန်းအောင်းရာနေရာကို ရှာတွေ့နိုင်မယ့် အခွင့်အရေး ရှိကောင်း ရှိလိမ့်မယ်..."

"ငါ ခရမ်းရွှေမြို့စားကို တစ်ကိုယ်တော် သတ်ဖြတ်လိုက်နိုင်ရင် အဲဒါက ကြီးမားတဲ့ အောင်မြင်မှုတစ်ခု ဖြစ်လာမှာ… အဲဒီအချိန်ကျရင် ဝမ်ရွှမ်လင်ဆိုတဲ့ အဘိုးကြီးက ငါ့ကို ယှဉ်နိုင်ဖို့ ဘာလုပ်နိုင်တော့မှာလဲ…"

တိနွီဖုန့်သည် ဂုဏ်ကျက်သရေရှိသော အနာဂတ်ကို စိတ်ကူးယဉ်နေရင်း၊ သူမ၏ အပြုံးက ပိုမို အထိန်းအကွပ်မဲ့လာချေသည်။

ချူလျန်မှာမူ သူ၏ ပခုံးပေါ်တွင် ကြီးမားသော ဝန်ထုပ်ဝန်ပိုးတစ်ခု ကျရောက်လာသည်ဟု ခံစားလိုက်ရသည်။

'ရဲဘော် ချူလျန်... မင်းရဲ့ တာဝန်က သူလျှိုအဖြစ် ဆက်နေဖို့ပဲ…'

"ဆရာသခင်... အကယ်၍ ဆရာက အမှောင်အုပ်စိုးသူဂိုဏ်းရဲ့ လက်ယာအစောင့်အရှောက်ကို သတ်နိုင်ခဲ့ရင် ဂိုဏ်းက ဆုလာဘ် အများကြီး ပေးမှာလားဟင်…"

ချူလျန် သတိထားပြီး မေးလိုက်သည်။

"မကြောက်ပါနဲ့ ကလေးရယ်… ငါတို့ဆီ ရောက်လာမယ့် ဘယ်ဆုလာဘ်မဆို ၇၀၊၃၀ ခွဲဝေကြမယ်… ပြီးတော့ မင်းရသင့်ရထိုက်တာကို သေချာပေါက် ရမှာပါ…"

တိနွီဖုန့်က တုန်ယင်နေသော ရယ်သံဖြင့် ပြန်ဖြေသည်။ သူမ၏ ရယ်သံသည် တဖြည်းဖြည်းနှင့် ကြောက်စရာ ကောင်းလာတော့သည်။

"ဟီးဟီးဟီးဟီး..."

All Chapters