← Chapters

ဧကရာဇ်တစ်ပါးအပေါ် ဂျူနီယာတစ်ယောက်ကဲ့သို့ ဆူပူငေါက်ငမ်းခြင်း ... ။

Vol. 70 Ch. 831

ဧကရာဇ်တစ်ပါးအပေါ် ဂျူနီယာတစ်ယောက်ကဲ့သို့ ဆူပူငေါက်ငမ်းခြင်း ... ။

Vol. 70 Ch. 831

ချောက်ကမ်းပါးအထက်ဝယ် မှင်သပ်နေကြသောလူအုပ်ကြီးဖြင့် တိတ်ဆိတ် နေချေပြီ။

နီကြာဂိုဏ်းမှ ကျန်ရစ်သော ရွှမ်ကျောက်အဆင့် ဧကရာဇ်လေးပါးနှင့် ၎င်းတို့ ဖိတ်ကြားထားသော ဧည့်သည်တော်များမှာ သတိပြန်မဝင်လာနိုင်သေးချေ။

သူတို့အားလုံးသည် ဤငရဲခန်းမှ အမြန်ဆုံးထွက်ပြေးရန် ကြံစည်မိသော်လည်း နောက်ကျသွား၏။ ယွီပိုင်လင်း၏ ရွှမ်ယုအဆင့် အရှိန်အဝါသည် သူတို့အားလုံးအပေါ် ချုပ်နှောင်ထားပြီးဖြစ်သည်။

ယင်းသည် ကျားရှေ့ရောက်နေသော သမင်များကဲ့သို့ခံစားရ၏။ တစ်ချက်လှုပ်သော် သေမည့်ဘေးတွေ့နိုင်ပေမည်။

အခြားတစ်ဖက်တွင် ယွီချန်ထျန်းနှင့် ယွီပိုင်လင်းတို့ရင်ထဲဝယ် လှိုင်းတံပိုးများစွာ ရုတ်ခတ်နေခဲ့သည်။

လူတစ်ယောက်၊ ဓားတစ်လက်၊ လက်ဖျစ်တစ်ချက်တီးရုံဖြင့် ရန်သူအပေါင်းကို အောင်နိုင်ခြင်းမည်၏။ ဤတိုက်ပွဲမျိုးသည် ကောင်းကင်ဘုံမှ ဆင်းသက်လာသော ဓားနတ်ဘုရားတစ်ပါးနှင့် တူလှသည်။

“ တကယ်ပဲ ... သူ့အတွက် ဒီလိုဖြစ်တည်မှုမျိုးတွေက စိတ်ဝင်စားဖို့ မထိုက်တန်ဘူးကိုး။ ”

ယွီယွန်ရှန်က ချောက်ကမ်းပါးပေါ် မတက်ရောက်ခင် အခြေအနေကို ပြန်သတိရ သွားတော့သည်။ ထိုစဉ်က ကျန်းစွန်းဟုန်ဖြင့် မိတ်ဆက်ပေးခြင်းကို စုရီမှမလိုအပ်ကြောင်း ပြောကြားခဲ့၏။

လေထုအလယ် ရပ်နေဆဲဖြစ်သော ထွတ်မြတ်ကိုးပါးနန်းတော်မှ အမျိုးသားသည် သက်ပြင်းချလိုက်သည်။

တစ်ဖက်လူသည် ငယ်သော်လည်း အစွမ်းထက်ချေ၏။ ထိုလူငယ်၏ ဓားတာအိုကို ဂိုဏ်းရှိ အကြီးအကဲယန်စုနီ တစ်ယောက်သာ ယှဉ်နိုင်ပေမည်။

ယန်စုနီဟူသည် ထွတ်မြတ်ကိုးပါး နန်းတော်၏ ပြိုင်ဘက်ကင်း ဓားဧကရာဇ်ငယ် တစ်ပါး ဖြစ်ရုံသာမက အရိုင်းမြေကိုးပါး၌ ပြိုင်ဘက်ကင်း၏။ စုရွှမ်ကြွယ်၏ အငယ်ဆုံး တပည့်ဖြစ်သော ချင်းတန်သည်သာလျှင် သူမကိုယှဉ်နိုင်မည်။

သို့သော် ဤသည်မှာ လွန်ခဲ့သော နှစ်ပေါင်းငါးရာ စုရွှမ်ကြွယ် မကွယ်လွန်မီဖြစ်၏။ ယခုမူ ထိုချင်းတန်သည် ဧကရီဘွဲ့ခံယူကာ ကောင်းကင်လှိုဏ်ဂူကို အုပ်စိုးနေသည်။

ဤဂုဏ်သတင်းအပေါ် အကြီးအကဲ ယန်စုနီမှ မယှဉ်နိုင်တော့သော်လည်း ယနေ့တိုင် သူမကို သက်ကျားအိုအဖိုးကြီးများသည်ပင် အလေးထားနေရဆဲဖြစ်၏။

ထို့ကြောင့် ထွတ်မြတ်ကိုးပါးနန်းတော်၏ အမျိုးသားထံမှ မှတ်ချက်မျိုးသည် မြင့်မားသော နှိုင်းယှဉ်မှုတစ်ခုဖြစ်လေသည်။

“ ချွင် ... ။ ”

စုရီက လရိပ်ဓားပြန်သိမ်းလိုက်ပြီး ကောင်းကင်မှ အသာအယာ ဆင်းသက်လာ၏။ ထို့နောက် ကြာနီဂိုဏ်းထံ လျစ်လျူရှုလျက်ဖြင့် လေထုအလယ်ရပ်နေသော အမျိုးသားထံ ခေါ်ဆိုလိုက်သည်။

“ ဒီကိုဆင်းလာခဲ့ ... မင်းနဲ့ ပြောစရာရှိတယ်။ ”

ထွတ်မြတ်ကိုးပါးနန်းတော်၏ အမျိုးသားခမျာ အနည်းငယ်မျှ မှင်သပ်သွား၏။ ထွတ်မြတ်ကိုးပါးနန်းတော်မှ သူ့ကဲ့သို့လူတစ်ဦး အတွက် ဤသို့ခေါ်ယူခံရခြင်းသည် ပထမဆုံးအကြိမ်ပေပင်။

သို့သော် မမြင်နိုင်သော စွမ်းအား တစ်စုံတစ်ရာသည်နှလုံးသားကို ဆုပ်ကိုင်သည့် အလား တင်းကြပ်လာသဖြင့် မြေပြင်ပေါ် ဆင်းသက်လိုက်ရတော့၏။

“ တာအိုမိတ်ဆွေ ... မင်းမှာ တစ်ခုခု ပြောစရာရှိနေလား။ ”

ထို့နောက် ထွတ်မြတ်ကိုးပါးနန်းတော်မှ အမျိုးသားက အရိုအသေပြုလျက် ယဉ်ကျေးစွာ မေးမြန်းလိုက်သည်။

“ မင်းက ယွီရှစ်ချန်ရဲ့ တောင်းဆိုမှုကြောင့် လာတာလား ဒါမှမဟုတ် အခြားတစ်ယောက်ရဲ့ အမိန့်ကြောင့်လား။ ”

ရုတ်တရက် စုရီမေးခွန်းကြောင့် ထွတ်မြတ်ကိုးပါးနန်းတော်မှ အမျိုးသားသည် အနည်းငယ် စိတ်ရှုပ်ထွေးသွားသော်လည်း အမှန်အတိုင်းပင် ပြန်ဖြေလိုက်သည်။

“ ဂျူနီယာရှစ်ချန်က ... ငါ့ဂိုဏ်းရဲ့ အကြီးအကဲဆီမှာ အကူအညီတောင်းခံခဲ့တာပါ ဒါကြောင့် အကြီးအကဲက လွှတ်လိုက်တာ။ ”

“ ဒါဆို မင်းက ဒီနေ့မှာ ထွတ်မြတ်ကိုးပါးနန်းတော်ရဲ့ ဂုဏ်သိက္ခာကို ကိုယ်စားပြုတာပေါ့။ ”

“ မှန်ပါတယ် တာအိုမိတ်ဆွေ ... ။ ”

“ ဒီနေ့အတွက် မင်းရဲ့လုပ်ဆောင်ချက်ကို မင်းဘယ်လိုထင်သလဲ။ ”

“ ..... ။ ”

ထွတ်မြတ်ကိုးပါးနန်းတော်မှ အမျိုးသားတစ်ယောက် အံ့အားသင့်သွားပြီး မျက်နှာကြီး နီမြန်းလျက် အဆင်မပြေ ဖြစ်လာတော့၏။

ဤလူငယ်သည် လူရှေ့သူရှေ့တွင် သူ့ကို ငေါက်ငမ်းလိုသည်လော။ စုရီသည် သူ့ထံမှ အဖြေကိုပင်မစောင့်ဘဲ၊

“ ငါ့အမြင်မှာတော့ မင်းလုပ်ရပ်က ထွတ်မြတ်ကိုးပါးနန်းတော်ရဲ့ ဂုဏ်သတင်းကို အများကြီး ရိုက်ခတ်သွားပြီဆိုတာ မင်းသိလိုက်လား။ ”

-ဟု ထပ်မံမေးမြန်းသည်။

ရပ်ကြည့်နေသော လူအုပ်ကြီးခမျာ အသက်ပင်မရှူဝံ့ကြတော့ဘဲ လူသေများအလား တိတ်ဆိတ်သွားတော့၏။

မည်သူသည် ထွတ်မြတ်ကိုးပါးနန်းတော်မှ ဧကရာဇ်တစ်ပါးအပေါ် ဤသို့ပြောဆိုဝံ့သနည်း။ စုရီက ဂရုမစိုက်ဘဲ၊

“ မိုဟန်ထျန်းက ရွှမ်ယုအဆင့် ဧကရာဇ်ဆိုပေမယ့် မင်းသာရပ်တည်ချက်ကို ခိုင်ခိုင်မာမာဆုပ်ကိုင်ထားဝံ့ရင် ... သူ မင်းကို သတ်ရဲမယ်လို့ ထင်သလား။ ”

-ဟု မေးမြန်းလိုက်ပြန်၏။

ဤတစ်ကြိမ်တွင် စုရီသည် အမှန်တကယ် စိတ်ပျက်နေ၏။ တစ်ဖက်လူသည် သူ့ဂိုဏ်း၏ ဂုဏ်သတင်းဖြင့် ပြိုင်ဘက်ကို ဆုတ်ခွာအောင် ပြုလုပ်နိုင်သင့်သည်။

သို့သော် ယင်းအစား မိုဟန်ထျန်း၏ ခြိမ်းခြောက်မှုအောက်၌ ပျော့ညံ့စွာနောက်ဆုတ် ပေးခဲ့၏။ အကျိုးဆက်အနေဖြင့် ယွီမိသားစု ပျက်သုဉ်းသွားနိုင်ပေမည်။

“ ငါ ... ။ ”

အမျိုးသားက တုန်ရီနေသောအသံဖြင့်၊

“ သူ ... ငါ့ကိုမသတ်ဝံ့တာမှန်ပမယ့် ကျင့်ကြံမှုအဆင့်မှာ သူက ငါ့ထက်အများကြီး မြင့်မားနေပါတယ် ... ။ ”

“ ဟမ့် ... ဒါဆိုရင် ... မင်းကို မသတ်ဝံ့မှန်းသိရက်နဲ့ နောက်ဆုတ်ခဲ့တာပေါ့ ဒီလုပ်ရပ်က ယွီရှစ်ချန်အဖေကို သေတွင်းထဲ တွန်းပို့လိုက်တာနဲ့ အတူတူပဲဆိုတာ မင်းမသိဘူးလား။ ”

“ ဒါက ... ။ ”

“ ဒီနေ့ မင်းရဲ့ဆုံးဖြတ်ချက်က ဂိုဏ်းရဲ့ သိက္ခာကို ကျဆင်းသွားစေတယ် ဒီသတင်းသာ အပြင်ကိုပျံ့နှံ့သွားရင် လူတွေအားလုံးက ...

... ထွတ်မြတ်ကိုးပါးနန်းတော်ဟာ သွေးမြူမိစ္ဆာနန်းတော်က အဲဒီခွေးအိုကြီးကို ကြောက်နေတယ်လို့ ပြောနေကြလိမ့်မယ်။ ”

ထိုစကားများသည် ချွန်ထက်လှသော ဓားများအလား အမျိုးသား၏နှလုံးသားအတွင်း နစ်ဝင်သွားလေသည်။

အရှက်လွန်းသဖြင့် အက်ကြောင်းရှာကာ မြေကြီးထဲသို့ တိုးဝင်ပျော်ကကွယ်သွားချင်စိတ် ပေါက်လာခဲ့၏။ ယွီမျိုးနွယ်စုဝင်များသည်လည်း အသံမထွက်ဝံ့ချေ။

အထူးသဖြင့် ကြာနီဂိုဏ်းသားများဖြစ်၏။ စုရီစကားများသည် သူတို့ထံဦးတည်နေချေပြီ။ ယနေ့အတွက် သူတို့သည် မျက်မြင် သက်သေများဖြစ်နေ၏။

စုရီက ကုလားထိုင်ထုတ်ယူကာ ပျင်းရိစွာထိုင်ချလျက် ဝိုင်အိုးကိုတစ်ကျိုက်ခန့် မော့သောက်လိုက်ပြန်သည်။

“ မင်းဂိုဏ်းကို ပြန်ရောက်တဲ့အခါ မင်းကိုဘယ်လိုမြင်မလဲ ဒီနေ့ပျော့ညံ့မှုအတွက် ဂိုဏ်းရဲ့ဂုဏ်သိက္ခာကို ဘယ်သူတာဝန်ယူမလဲ။”

ထွတ်မြတ်ကိုးပါးနန်‌တော်၏ အမျိုးသားခမျာ ဂျူနီယာတစ်ယောက်ကဲ့သို စုရီ၏ရှေ့ထံပါးတွင် ခေါင်းငုံ့သွားတော့သည်။

အဖြေမပေးနိုင်သော မေးခွန်းများဖြင့် မေးမြန်းခံနေရခြင်းထက် သူ့ကိုသတ်ခြင်းသည် လွတ်မြောက်ရာလမ်းကြောင်းပေပင်။

အဘယ့်ကြောင့်ဆိုသော် တစ်ဖက်လူ ပြောသကဲ့သို့ ယနေ့သတင်းသာပျံ့နှံ့သွားသော် သေချာပေါက် သေခြင်းထက်ပို၍ဆိုးရွားသော အပြစ်ဒဏ်မျိုး ရင်ဆိုင်ရနိုင်သည်။

“ ဒါပေမဲ့ ... မင်းအတွက် အပြစ်ကိုဆေးကြောဖို့ အခွင့်အရေးတစ်ခု ငါ ပေးနိုင်တယ်။ ”

“ စီနီယာ ... ကျေးဇူးပြုပြီး ငါ့ကိုလမ်းပြပေးပါ။ ”

စုရီစကားကြောင့် အမျိုးသားခမျာ ချက်ချင်းအသက်ဝင်လာပြီး ခေါင်းမော့ဦးညွှတ် လိုက်၏။ သူ့အတွက် စုရီအပေါ် အသုံးအနှုန်း ပြောင်းလဲသွားချေပြီ။

“ သူတို့အားလုံးကို သတ်ပစ်လိုက်။ ”

စုရီက တိတ်ဆိတ်စွာ ထိတ်လန့်နေဆဲဖြစ်သော ကြာနီဂိုဏ်းသားနှင့် ဧည့်သည်များထံ လက်ညှိုးထိုးပြလိုက်၏။

တစ်ဖက်လူသည် ထွတ်မြတ်ကိုးပါး နန်းတော်ကိုပြဿနာထဲသို့ ဆွဲသွင်းနေကြောင်း ယွီမိသားစုနှင့် မည်သူမဆိုမြင်သာချေပြီ။

ဤနည်းအားဖြင့် ကြာနီဂိုဏ်းသည်သာ ပြန်၍လက်စားချေလိုသော် ထွတ်မြတ်ကိုးပါး နန်းတော်ထံသို့ ဦးတည်ရပေမည်။

တစ်ဖက်တွင်လည်း ထွတ်မြတ်ကိုးပါး နန်းတော်အနေဖြင့် ဤကိစ္စတွင်ယွီမျိုးနွယ်စုကို သူ့ဂုဏ်သိက္ခာအရ ဆက်၍ကာကွယ်ရ ပေတော့မည်။

“ မင်း ... ဒါကိုလွန်တယ်လို့ မထင်ဘူးလား ငါတို့လိုအားနည်းသူတွေကို သတ်ချင်နေတာက နတ်ဆိုးတွေနဲ့ ဘာများထူးဦးမှာလဲ။ ”

ကြာနီဂိုဏ်းသားတစ်ဦးက ဒေါသတကြီး အော်ဟစ်ကာ ထွက်ပြေးရန် ပြင်လိုက်တော့၏။ သို့သော် ယွီပိုင်လင်းနှင့်အဖွဲ့သည် ထိုသူများကို မပြေးနိုင်စေရန် နေရာယူလိုက်ကြသည်။

“ ကောင်းပြီ ... မလုပ်ချင်ရင်လည်း ငါမင်းကိုအတင်းအကျပ် မခိုင်းဘူး ဒါပေမဲ့ ... ။ ”

သို့သော် အမျိုးသားသည် စုရီကို စကားဆုံးအောင်ပြောခွင့်မပေးဘဲ ဓားဆွဲကာ လူအုပ်အတွင်း ပြေးဝင်သွားတော့၏။

“ မလုပ်နဲ့ ... ။ ”

“ လူယုတ်မာ ရပ်စမ်း ... ။”

“ တောင်းပန်ပါတယ် ... ငါတို့က ဒီနေ့ပွဲကြည့်ရုံလာခဲ့တာပါ ငါတို့အသက်ကို ချမ်းသာပေးပါ တောင်းပန်ပါတယ်။”

“ ထွက်သွား ... ။ ”

“ အား ... ။ ”

ခဏချင်းမှာပင် ချောက်ကမ်းပါးတစ်ခုလုံး သွေးရနံ့များဖြင့်ဖုံးလွှမ်းသွား၏။ ယွီမျိုးနွယ်စုဝင် များသည် ထိုမြင်ကွင်းထံ သနားကျင်နာခြင်း မရှိဘဲ စောင့်ကြည့်နေခဲ့သည်။

အကယ်၍သာ ယနေ့တွင် တာအိုစုသည်သာမရှိသော် သူတို့သည်လည်း ဤကဲ့သို့ ရက်ရက်စက်စက် သုတ်သင်ခြင်း ခံရနိုင်ပေမည်။

“ စီနီယာရဲ့ လမ်းညွှန်မှုအတွက် ကျေးဇူးတင်ပါတယ်။ ”

အမျိုးသားက သူ့ဓားရှိသွေးစက်များကို အငွေ့ပျံသန့်စင်လိုက်ပြီး စုရီအနားသို့ပြန်လည် ဆင်းသက်ကာ အရိုအသေပေးလိုက်သည်။ စုရီမှ ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး၊

“ ငါမင်းကို ဒီပြဿနာထဲ အခုလို ဆွဲသွင်းခဲ့တာကို မင်းရဲ့ဂိုဏ်းကအဘိုးကြီးတွေ မကျေမနပ်ဖြစ်ကြလိမ့်မယ် အဲဒီအခါကျရင် အမှန်အတိုင်းပြောပြလိုက်ပါ ...

... သူတို့ဆန္ဒရှိရင် ငါ့ကိုလာရှာနိုင်တယ် နေဦး ... ငါ့နာမည်မှတ်သွား ... ငါ့နာမည်က စုရီ၊ ယွီရှစ်ချန်ရဲ့သူငယ်ချင်း။ ”

-ဟု ပြောကြားလိုက်သည်။

“ စုရီ ... ။ ”

ထွတ်မြတ်ကိုးပါးနန်းတော်မှ အမျိုးသားက ပြန်ကြည့်သည်။ ဤလူငယ်သည် မည်သူနည်း။ ထွတ်မြတ်ကိုးပါးနန်းတော်၏ အမျက်ဒေါသကို ဂရုမစိုက်ချေ။ ၎င်း၏နောက်ခံသည် များစွာမြင့်မားပုံရ၏။

“ ရှစ်ချန်က အခုမင်းရဲ့ဂိုဏ်းမှာ ဆရာရွေးပြီးပြီလား။ ”

စုရီက တစ်ဖက်လူ၏အတွေးများကို စိတ်မဝင်စားဘဲမေးမြန်းလိုက်၏။ အမျိုးသားမှ ခေါင်းခါပြကာ၊

“ ရှစ်ချန် ... ဂိုဏ်းထဲဝင်တာတစ်နှစ်ပဲ ရှိပါသေးတယ် သူ့အရည်အချင်းက မြင့်မားနေ ပေမယ့် ဂိုဏ်းရဲ့စည်းမျဉ်းတွေကြောင့် ...

... သုံးနှစ်ပြည့်မှသာ အကြီးအကဲတစ်ဦးရဲ့ တပည့်အဖြစ် ရွေးချယ်ခံရလိမ့်မယ် .. ဒါပေမယ့် အကြီးအကဲယန်စုနီကတော့ သုံးနှစ်ပြည့်ရင် သူ့တပည့်အဖြစ်လက်ခံဖို့ ကြေငြာထားပါတယ်။ ”

“ ယန်စုနီလား ... ။ ”

ထိုအမည်ကြောင့် စုရီမျက်ဝန်းထဲတွင် အမှတ်ရမှုအရိပ်အယောင်များ ဖြတ်ပြေးသွား တော့၏။ အရိုင်းမြေကိုးပါးတွင် ဤမိန်းကလေး သည်သာ သူ့တပည့်ချင်းတန်နှင့်ယှဉ်နိုင်သည့် တစ်ဦးတည်းသော ဓားဧကရီပေပင်။

***

All Chapters