← Chapters

ကောင်းကင်ဖီးနစ် အကယ်ဒမီသို့ ... ။

Vol. 70 Ch. 832

ကောင်းကင်ဖီးနစ် အကယ်ဒမီသို့ ... ။

Vol. 70 Ch. 832

စုရီက အနည်းငယ် အံ့အားသင့်သွား သော်လည်း ခေါင်းညိတ်လိုက်၏။ သူ့တပည့်မ ချင်းတန်သည် ကောင်းကင်လှိုဏ်ဂူကိုသိမ်းကာ ဧကရီအဖြစ် ကြေငြာအုပ်စိုးနေခဲ့သည်။

ထို့ကြောင့် ဤကောင်မလေးသည် ထွတ်မြတ်ကိုးပါးနန်းတော်တွင် အကြီးအကဲ ရာထူးကို ရယူထားနိုင်သည်မှာ သဘာဝပေပင်။

“ ဂိုဏ်းကိုပြန်ရောက်တဲ့အခါ ရှစ်ချန်ကိုစကားတစ်ခွန်းပြောပေးပါ ယန်စုနီရဲ့ ဓားတာအိုကိုသင်ယူတာ ပြဿနာမရှိပေမယ့် ဆရာအဖြစ်ခံယူဖို့တော့ အလျင်စလို မဆုံးဖြတ်နဲ့ဦးလို့ ... ။ ”

“ ဒါ ... ။ ”

စုရီစကားကြောင့် ထွတ်မြတ်ကိုးပါးနန်းတော်မှ အမျိုးသားက စကားလုံးများ ပျောက်ဆုံးသွားပြန်သည်။

တစ်ဖက်လူသည် တစ်ချိန်လုံးသူ့ကို ဆန်းကျယ်သော ခံစားချက်များပေးစွမ်းနေ၏။ အကြီးအကဲယန်စုနီဟူသည် မည်သူနည်း။

သူမထံတွင် ဓားပညာသင်ယူလိုသော မျိုးဆက်သစ်လူငယ်များ မည်မျှရှိနေသနည်း။ အရိုင်းမြေကိုးပါး၌ မည်သူသည် သူမကို ဆရာအဖြစ်မှ ငြင်းဆန်ဝံ့သနည်း။

“ ဘာကြောင့်လဲလို့ သိခွင့်ရမလား စီနီယာ။ ”

အဆုံးတွင် သည်းမခံနိုင်တော့ဘဲ ထုတ်ဖော်မေးမြန်းလိုက်၏။ စုရီက ဝိုင်အိုးကို တစ်ကျိုက်မော့သောက်လျက်၊

“ ဘာလို့လဲဆိုတော့ ... အနာဂါတ်မှာ ရှစ်ချန်ရဲ့ဓားတာအိုကို ငါကိုယ်တိုင် လမ်းပြပေး တော့မှာမို့ပဲ။ ”

-ဟု ဖြေကြားလာတော့သည်။

ထွတ်မြတ်ကိုးပါးနန်းတော်မှ အမျိုးသားသည် မျက်လုံးများပြူးကျယ်သွား၏။ ဤသည်ကား မည်မျှထောင်လွှားလွန်းသနည်း။

သူ့ဂိုဏ်းမှ အကြီးအကဲယန်စုနီသည် ယွီရှစ်ချန်ကိုလမ်းပြပေးရန် တစ်ဖက်လူကဲ့သို့ အရည်အချင်းမပြည့်မီသည်လော။

ဤစုရီသည် အကြီးအကဲယန်စုနီထက် ကျင့်ကြံမှုနိမ့်ပါးနေ၏။ သို့သော် တစ်ဖက်တွင် ရွှမ်ယုဧကရာဇ်များကို ငှက်ကလေးများအလား သတ်ဖြတ်သွားသည့်မြင်ကွင်းများ အစီအရီ ထွက်ပေါ်လာပြန်သည်။

( ဟမ့် ... အဲဒီမိန်းကလေးရှစ်ချန်က သာမန်မျိုးနွယ်စုကလာတဲ့ မိန်းကလေးပေမယ့် အကြီးအကဲယန်စုနီရဲ့ မျက်စိကျခံရတယ် ...

... ပြီးတော့ စီနီယာစုရီက ဒီနေ့မှာ ထွတ်မြတ်ကိုးပါးနန်းတော်ကို ပြဿနာကြီးထဲ ဆွဲခေါ်ပြီး သူမမိသားစုကိုကာကွယ်စေတယ် ...

... အဆုံးမှာတော့ သူကိုယ်တိုင်တောင် လမ်းပြပေးချင်နေတယ် ဘယ်လောက်တောင် မနာလိုဖြစ်စရာကောင်းလိုက်လဲ။ )

ထွက်မြက်ကိုးပါးနန်းတော်၏ အမျိုးသားက တစ်ကိုယ်တည်းတွေးတောလျက် မနာစိတ်များ တဖွားဖွားပေါက်ပွားလာခဲ့သည်။

လူချင်းတူသော်လည်း ကံကြမ္မာချင်းကား ကွာခြားလှပေ၏။ တစ်ဖက်တွင် ယွီပိုင်လင်းက စိတ်လှုပ်ရှားစွာဖြင့် ချက်ချင်းလှမ်းတက်ကာ၊

“ ယွီမျိုးနွယ်စုရဲ့ဘေးဒုက္ခကို ကူညီဖြေရှင်းပေးတဲ့အတွက် တာအိုစုကို အထူးပဲ ကျေးဇူးတင်ပါတယ်။ ”

-ဟု လှိုက်လှိုက်လှဲလှဲ ဦးညွှတ်လိုက်သည်။

ထွက်မြတ်ကိုးပါးနန်းတော်မှ ဤအမျိုးသားနှင့် စုရီ၏စကားများအပေါ် အစမှအဆုံးတိုင် ကြားနေခဲ့ရ၏။

ထွတ်မြတ်ကိုးပါးနန်းတော်မှ တစ်စုံတစ်ယောက်ကို ဂျူနီယာတစ်ဦးကဲ့သို့ ငေါက်ငမ်းဝံ့သော တစ်စုံတစ်ဦးသည် ဤကမ္ဘာ၌ မည်သို့ရှိနိုင်မည်နည်း။

အရေးအကြီးဆုံးမှာ တစ်ဖက်လူသည် ရှစ်ချန်ကိုဓားတာအို လမ်းပြပေးလိုနေကြောင်း သိရှိလိုက်သဖြင့် စိတ်လှုပ်ရှားမှုများအပေါ် ထိန်းချုပ်မနိုင်တော့ချေ။

ယွီရှစ်ချန်၏ ကံကြမ္မာနှင့်အတူ ယွီမိသားစုကြီးသည်တောက်ပလာရန် အချိန် ကျချေပြီ။ ထိုစဉ် စုရီကသူ့ထံလှည့်ကြည့်ကာ၊

“ မင်းငါ့ကို ... ကျေးဇူးတင်ရင် ဒီတိုက်ပွဲမြေပြင်ကို ရှင်းလင်းရေးလုပ်ပေးပြီး ငါ့ကိုယူဆောင်ခွင့်ပြုပါ။ ”

-ဟု တောင်းဆိုလိုက်၏။

“ စိတ်ချပါ တာအိုမိတ်ဆွေ။ ”

ယွီပိုင်လင်းတစ်ယောက် အံ့အားသင့်ဝမ်းမြောက်သွားကာ ချက်ချင်းပင် သူကိုယ်တိုင် လုပ်ဆောင်တော့သည်။

“ တာအိုမိတ်ဆွေ ... မင်းက ငါ့သမီးရဲ့မိတ်ဆွေဆိုတာ တကယ်ပဲလား။ ”

ထိုအချိန်တွင် ယွီရှစ်ချန်ဖခင်သည် မဝံ့မရဲဖြင့်တိုးကပ်လာပြီးနောက် ခပ်တိုးတိုး မေးမြန်းလိုက်လေသည်။ စုရီမှ ပြုံးပြ၏။

“ ဘာလို့လဲ ... မင်းငါ့ကို မမှတ်မိတော့ဘူးလား။ ”

ထိုတုန့်ပြန်မှုကြောင့် ယွဲ့ချန်ထျန်း တစ်ယောက် မှင်သပ်လျက် အလျင်အမြန် ပြန်လည်စဉ်းစားလိုက်တော့၏။

စုရီကပြုံးလျက် ယွီပိုင်လင်း ပြန်လာချိန်စောင့်ဆိုင်းပြီး သိုလှောင်လက်စွပ် အချို့ သိမ်းဆည်းလိုက်ကာ၊

“ ငါ့မှာ လုပ်စရာ တခြားကိစ္စတွေ ရှိသေးတယ် ခွင့်ပြုပါဦး။ ”

-ဟု နှုတ်ဆက်လိုက်တော့သည်။

“ ငါ့ယွီမျိုးနွယ်စုက ဒီကျေးဇူးကို ဘယ်တော့မှမမေ့ပါဘူး တာအိုမိတ်ဆွေ ... နောင်တစ်ချိန် မင်းသာအကူအညီလိုအပ်ရင် မတွန့်မဆုတ် ပေးနိုင်ပါတယ်။ ”

ယွီပိုင်လင်းက ယွီမိသားစုအတွင်း ရက်အနည်းငယ်မျှ အနားနေရန် ဖိတ်ကြားလို ခဲ့သော်လည်း မပြုခဲ့ချေ။ ယင်းအစား ချက်ချင်း ကတိပေးကာ ဆက်ဆံရေးကောင်းတစ်ခုကို ထူထောင်လိုက်၏။

စုရီကပြုံးပြီး ခေါင်းညိတ်ပြကာ ကုလားထိုင်ကိုသိမ်းလျက် တိမ်ပင်လယ်အတွင်း လှမ်းဝင်သွားလေသည်။

ဆောင်းဦးရေကန် ဧည့်ခံပွဲအတွက် များလှစွာသောအင်အားစုများသည် ယွီမျိုးနွယ်စု ပြိုလဲမည့်အချိန်ကို မြေခွေးများကဲ့သို့ စောင့်ဆိုင်းနေကြချေပြီ။

သို့သော် ယနေ့ပြီးနောက် ယွီမိသားစု နောက်တွင် ထွတ်မြတ်ကိုးပါးနန်းတော်ဟူသည့် တောင်ကြီးတစ်လုံး ရှိနေကြောင်း သိရှိသွားကြပေမည်။

“ တာအိုစုဟာ တကယ့်ကို နတ်ဘုရားတစ်ပါးလိုပါပဲ ပြိုင်ဘက်ကင်းတဲ့ ကျက်သရေမျိုးရှိနေတယ် ... ။ ”

ယွီပိုင်လင်းက တိမ်ပင်လယ်အတွင်း ငေးကြည့်ကာ တအံ့တဩ ရေရွတ်လိုက်သည်။ ထွတ်မြတ်ကိုးပါးနန်းတော်မှ အမျိုးသားက ခေါင်းညိတ်ပြပြီး၊

“ အနာဂါတ်မှာ မင်းရဲ့ ယွီမျိုးနွယ်ဟာ ကောင်းကင်ပေါ် ပျံတက်လာလိမ့်မယ်။ ”

-ဟု မှတ်ချက်ပေး၏။

“ ကျေးဇူးတင်ပါတယ် တာအိုမိတ်ဆွေ။ ”

ယွီပိုင်လင်းက လှည့်ကြည့်ပြီး ရိုသေစွာဦးညွှတ်လိုက်တော့သည်။ သူသည် စုရီ မဟုတ်ချေ။ ထို့ကြောင့် တစ်ဖက်လူအပေါ် လေးစားရသည်မှာ သဘာဝပေပင်။

“ ငါသိပြီ အဲဒါသူပဲ ... ။ ”

ထိုစဉ် ရုတ်တရက် ယွီချန်ထျန်းက နစ်မျောနေရာမှ ပြန်လည်သတိဝင်ပြီးနောက် အော်ဟစ်လိုက်လေသည်။

ယင်းသည် ထွတ်မြတ်ကိုးပါးနန်းတော်မှ အမျိုးသားအပါအဝင် ယွီမိသားစုဝင်တိုင်း၏ အာရုံကို ဆွဲဆောင်သွား၏။

“ ချန်ထျန်း မင်းတစ်ခုခုသိထားလား။ ”

ယွီပိုင်လင်းက မျက်ခုံးပင့်လျက် မေးမြန်းလေသည်။

“ စီနီယာ ... အဲဒီတာအိုစုဆိုတာ မိုးပြာတိုက်ကြီးကနေလာတဲ့ ရှစ်ချန်မိတ်ဆွေပဲ လွန်ခဲ့တဲ့နှစ်နှစ်က အာကာသဥမင်ကနေ ရှစ်ချန်ကိုခေါ်ခဲ့တာ မှတ်မိသေးလား ...

... အဲ့ဒီတုန်းက ငါ သူနဲ့တစ်ခါဆုံဖူးတယ် ငါ့ရဲ့ဆန္ဒဝိညာဉ်ကိုသုံးပြီး သူ့အပေါ်အနိုင်ယူဖို့ ကြိုးစားခဲ့ပေမယ့် ကျရှုံးခဲ့ရတယ် ...

... အဲဒီအချိန်မှာ သူ့ကျင့်ကြံမှုက ဝိညာဉ်တာအိုနယ်ပယ်မှာပဲ ရှိနေသေးတယ် အခုတော့ နှစ်နှစ်အတွင်း နက်နဲတာအိုကို ခြေချလာနိုင်နေပြီ ဘယ်လောက်တောင် ဘီလူးဆန်လိုက်လဲ။ ”

ထိုစကားကြောင့် လူတိုင်းမယုံနိုင်စွာဖြင့် မျက်လုံးများပြူးကျယ်ကုန်၏။ မိုးပြာတိုက်ကြီး ကဲ့သို့ သာမန်ကမ္ဘာလေးမှ တစ်စုံတစ်ဦးသည် နှစ်နှစ်အတွင်း နယ်ပယ်တစ်ခုကို ချိုးဖြတ်နိုင်သည်လော။

ယင်းသည် လူသားတစ်ယောက်၏ အရှိန်အဟုန်မျိုးမဟုတ်တော့ချေ။ တစ်ဖက်တွင် ထွတ်မြတ်ကိုးပါးနန်းတော်မှ အမျိုးသားခမျာ မျက်ဝန်းများ တဖျပ်ဖျပ်ခတ်သွားတော့၏။ ဤသတင်းသည် ယုံနိုင်စရာမရှိချေ။

ထိုအချိန်တွင် စုရီသည် အမှောင်ထုအတွင်းဝူထုံမြို့သို့ ဦးတည်လျက် ပျံသန်းနေတော့၏။ သူ့ကျင့်ကြံမှုအရ မနက်မလင်းခင် ဝူထုံမြို့သို့ ရောက်ရှိနိုင်မည်။

ထိုမြို့တွင် ကောင်းကင် ဖီးနစ် အကယ်ဒမီတည်ရှိ၏။ ထိုအကယ်ဒမီကြီးသည် စာပေပညာရပ်များကို သင်ကြားပေးသော ဂိုဏ်းကြီးတစ်ရပ်ပေပင်။

( ဟမ့် ... အရိုင်းမြေကိုးပါးနယ်နိမိတ်က ကမ္ဘာငယ်တစ်ခုတည်းမှာတင် ဝိညာဉ်စွမ်းအင် ပြည့်လျှံနေပါလား ... ကြည့်ရတာ ရွှမ်ကျောက် နှောင်းပိုင်းကိုရောက်ဖို့ မခဲယဉ်းသင့်ဘူး ...

... ဒါပေမဲ့ ငါ့တာအိုဥပဒေတွေကို ပြီးပြည့်စုံအောင် စုဆောင်းဖို့အတွက်ကတော့ အချိန်ယူရလိမ့်မယ်။ )

လမ်းတလျှောက် တောင်နှင့် မြစ်များ၌ တာအိုကျက်သရေများဖြင့် ပြည့်လျှံနေသည်ကို သတိပြုမိခဲ့သည်။

သူသည် ကမ္ဘာဦးကျမ်းနိယာမကို အောင်မြင်စွာ ပေါင်းစည်းထားနိုင်ခဲ့သော်လည်း ပြီးပြည့်စုံခြင်း မရှိသေးချေ။

ရွှမ်ကျောက်အဆင့်၌ ထိုတာအိုကို ပြီးပြည့်စုံအောင် ကြိုးစားရပေမည်။ သို့မှသာ ရွှမ်ယုအဆင့်၌ ဇာတိဓမ္မပုံရိပ်ကို ရရှိနိုင်၏။

ယင်းသည် ပြဿနာမရှိချေ။ ပြဿနာရှိနေသည်မှာ ဝင်စားခြင်းဥပဒေဖြစ်၏။ ၎င်းကိုနားလည်ရန် အချိန်များယူရပေမည်။

ထိုဥပဒေနိယာမသည် နက်နဲလှပြီး အစွမ်းထက်လွန်းနေသည်။ များမကြာမီမှာပင် မိုးကုပ်စက်ဝိုင်းအစပ်မှ အနီရောင်အလင်းများ တရွေ့ရွေ့ထိုးတက်လာတော့၏။

ဝူထုံမြို့၏ ကောက်ကြောင်းသည်လည်း အရုဏ်ဦးအလင်းရောင်နှင့်အတူ သူ့မြင်ကွင်းထဲ ရောက်ရှိလာချေပြီ။

ဤမြို့ကို ရှေးယခင်က ဖီးနစ်မြို့ဟု ခေါ်ဆိုကြသည်။ မြို့အနှံ့အပြားတွင် ကြီးမား အိုမင်းနေ‌သော ဖီးနစ်သစ်ပင်အိုကြီးများ ပေါက်ရောက်နေ၏။

ထိုအပင်များ ပန်းပွင့်လာချိန်တွင် မြို့တော်တစ်ခုလုံးသည် ပန်းပင်လယ်ကြီးကဲ့သို့ သင်းပျံ့လှပနေချေပြီ။

မြို့တော်အနောက်ဘက်တွင် မြင့်မားလှသော တောင်တန်းတစ်ခုတည်ရှိပြီး ကောင်းကင်ဖီးနစ်အကယ်ဒမီကို ထိုအရပ်တွင် တည်ထောင်ထား၏။

စုရီအတွက် ထိုအကယ်ဒမီသို့ လာရောက်ရခြင်းသည် ဒုတိယမြောက်တပည့် ကျင်းရှင်းအကြောင်းမေးရန် အစားကြူးသော ဂျပိုးအိုကြီးကို ရှာဖွေရန် ဖြစ်လေသည်။

အရုဏ်ဦး လင်းရောင်ခြည်များအောက်တွင် ဖီးနစ်တောင်တန်းကြီးသည် ရွှေအလင်းများဖြင့် တောက်ပနေသည်ကို မြင်နိုင်၏။

ဤအရပ်သည် ကောင်းချီးမင်္ဂလာရှိသည့် လေထုကို ပေးစွမ်းနေခဲ့ကြောင်း ပြောနိုင်သည်။ တောင်တန်းတလျှောက် နန်းတော်ငယ်များမှာ အစက်ချထားသလို များပြားလှ၏။

“ ဝှစ် ... ။ ”

စုရီက တောင်ကုန်းထိပ်တစ်ခုသို့ ဆင်းသက်ကာ ဖြည်းဖြည်းခြင်း လျှောက်လှမ်း လာခဲ့သည်။ သို့သော် ချက်ချင်းပင် တစ်စုံတစ်ခု မှားယွင်းနေသည်ကို သတိပြုမိလာ၏။

ပုံမှန်အားဖြင့်ဆိုသော် ဤအချိန်တွင် တောင်တန်းတလျှောက် တပည့်များ သက်ဝင် လှုပ်ရှားနေပြီဖြစ်သည်။ ယခုမူ ဆိတ်သုဉ်းမြေ တစ်ခုအလား လူသူအရိပ်အယောင်များ ကင်းရှင်းနေတော့၏။

အရာခပ်သိမ်းကို လွှမ်းခြုံထားသော ကောင်းချီးမင်္ဂလာ အလင်းရောင်များသည်သာ နေရာအနှံ့ဖြန့်ကျက်နေချေပြီ။

အစားကြူးသောဂျပိုးအိုကြီး၏ ဂုဏ်ယူဖွယ်ကြိုးကြာများသည်လည်း အံ့ဩဖွယ် ပျောက်ကွယ်နေ၏။

“ တစ်ခုခု ဖြစ်သွားတာလား။ ”

ရုတ်တရက် တောင်ထိပ်တွင် ဖီးနစ်အကာအကွယ်လွှာ အသက်ဝင်နေသည်ကို သတိထားမိလိုက်၏။ ဤသည်မှာ ဂျပိုးအိုကြီး၏ လိပ်ခွံကဲ့သို့ တားမြစ်ဝင်္ကပါကြီးပေပင်။

“ ရပ်စမ်း ... ဖီးနစ်တောင်ကို ဘယ်သူမှ ခြေချခွင့်မရှိဘူးဆိုတာ မင်း မသိဘူးလား အခု ချက်ချင်း ထွက်သွားစမ်း ... ။ ”

ရုတ်တရက် အနက်ဝတ် လူတစ်ယောက် စုရီရှေ့ပေါ်လာကာ အေးစက်စွာဖြင့် ဟန့်တား အော်ငေါက်လာတော့၏။

***

All Chapters