နှလုံးသားပြခန်း၊ ပန်းချီဆရာ ... ။
Vol. 70 Ch. 836
လေထုအလယ် မြွေပျံသည် တားမြစ်ဝင်္ကပါဖြင့် စွမ်းအင်များ အဆက်မပြတ် ပေးပိုးပေးခြင်းကို ရရှိနေသည်။
ထို့ကြောင့် ၎င်းထံမှ စိမ့်ထွက်နေသော မကောင်းဆိုးရွားမြူများသည် ဖီးနစ်တောင်ထိပ် တဝိုင် သိုင်းခြုံလာချေပြီ။
စုရီတစ်ယောက် ရွှေဝါးပေတံကို ကိုင်ဆောင်လျက် ထိန်းမနိုင်သိမ်းမရအသွင်ဖြင့် တိုက်ပွဲဝင်နေ၏။ ကြည့်ရှုနေသူများအတွက် စိတ်လှုပ်ရှားဖွယ် မြင်ကွင်းပေပင်။
“ သွေ့ရော်ခြင်း ဥပဒေကို စမ်းကြည့်ကြရအောင်။ ”
အတွေးတစ်ချက်ဖြင့် စုရီဝန်းကျင်ရှိ ဥပဒေစည်းမျဉ်း အတက်အကျလှိုင်းများသည် ပြောင်းလဲသွားတော့၏။
ရွှေဝါးပေတံမှ ထုတ်လွှတ်နေသော မိုးကြိုးဓားစွမ်းအင်များသည် အနက်ရောင် ရေစီးကြောင်းတစ်ခုနှင့်တူလာပြီး နတ်တောင် တစ်လုံးကဲ့သို့ လေးလံလာခဲ့သည်။
ဤသည်မှာ သွေးရော်ခြင်းဥပဒေစွမ်းအား ဖြစ်ချေ၏။ အမှောင်နှင့်ဖျက်ဆီးခြင်း အရှိန်အဝါ ရှိလေသည်။ ထိမှန်ပါက ဝိညာဉ်သည် အဆုံးမဲ့ ချောက်ထဲသို့ နစ်မြုပ်ပျက်စီးသွားနိုင်၏။
စုရီခန့်မှန်းခဲ့သည့်အတိုင်း သွေ့ရော်ခြင်း ဥပဒေစည်းမျဉ်းသည် ကနဦးနားလည်မှုအဆင့် ရောက်ရှိနေပြီဖြစ်သောကြောင့် အသက်နှင့် သေခြင်းသံသရာ ဥပဒေနိယာမထက် အားနည်းခြင်းမရှိချေ။
“ ဟမ့် ... နိဗ္ဗာန်ဝိညာဉ်စွမ်းအားနဲ့ ယှဉ်ပြိုင်နိုင်တဲ့ နောက်ထပ် ဥပဒေစည်းမျဉ်း တစ်ခုလား။ ”
အဘိုးကြီးဖန်း မျက်နှာဖြူဖျော့သွား၏။ နိဗ္ဗာန်ဝိညာဉ်စွမ်းအားကို ယှဉ်ပြိုင်နိုင်နေသည့် ဥပဒေစွမ်းအားတိုင်းသည် ကြယ်အဆင့် အမြင့်မြတ်ဆုံးတာအိုများပေပင်။
ကောင်းကင်ဆန္ဒဥပဒေနှင့် ကြယ်ဆိတ်သုဉ်းခြင်းဥပဒေတို့ကဲ့သို့ တာအိုကို ပြီးပြည့်စုံစွာ ကျွမ်းကျင်သူသည် ထိုကြယ်စု၏ ကောင်းကင်တာအိုဆက်ခံသူ ဖြစ်လာပြီး ကောင်းကင်ကိုယ်စား လုပ်ဆောင်နိုင်၏။
ယခုမူ လူငယ်တစ်ယောက်သည် ထိုသို့သောဥပဒေစွမ်းအားကို နှစ်ခုတိုင်အောင် ပိုင်ဆိုင်ထားချေပြီ။ ကြောက်စရာ ကောင်းလွန်းနေ၏။
“ ဒီကောင်လေးက ဘယ်လိုလုပ် ရွှမ်ဟွမ်ကြယ်စုရဲ့ ဒေသခံကျင့်ကြံသူတစ်ဦး ဖြစ်နိုင်မှာလဲ။ ”
အဘိုးကြီးဖန်းတစ်ယောက် ပို၍ သံသယဝင်လာသည်။ တစ်ဖက်လူပြသသော အရည်အချင်းများသည် အံ့သြစရာ ကောင်း နေချေပြီ။
ယင်းသည် ရှေးဟောင်း ကြယ်တာရာမျိုးနွယ်စုတစ်ခုမှ သန့်ရှင်းသော သားတော်တစ်ပါးဖြစ်ရန် သေချာနေ၏။
“ မိတ်ဆွေလေး၊ ငါတို့ကြားမှာ ရန်ငြိုးတွေမရှိဘူး မဟုတ်လား ဒါဆို ဘာလို့ သေတဲ့အထိ တိုက်ခိုက်နေရတာလဲ ဒီမှာရပ်ပြီး စကားကောင်းကောင်း ပြောလို့ရမလား။ ”
အဖိုးကြီးဖန်းမှ လေးနက်သော အသွင်အပြင်ဖြင့် အော်ဟစ်လိုက်သည်။ စုရီ၏ နောက်ခံကို ပို၍စုံစမ်းချင်နေခဲ့၏။ သို့သော် စုရီမှ တွန့်ဆုတ်ခြင်းမရှိ ငြင်းဆန်သည်။
“ ဘယ်သူရှုံးရှုံး ငါတို့ရဲ့ဝိညာဉ်ကို ရှာဖွေခံရမယ်မဟုတ်လား ။ ”
စကားပြောနေစဉ် ရွှေဝါးပေတံကို မြွေပျံအပေါ် အကြိမ်ကြိမ်ရိုက်နှက်လိုက်၏။ မြေပျံခဗျာ အဆက်မပြတ် ဟစ်ကြွေးလျက် တွန့်လိန်ရှောင်တိမ်းနေတော့သည်။
“ ကောင်းပြီ၊ ငါမင်းကို ပြတ်ပြတ်သားသား အနိုင်ယူပြီးရင် ဆက်ပြောမယ်။ ”
ထို့နောက် အဖိုးအိုမှ သူ့အင်္ကျီလက်ကို လှုပ်ခါလိုက်သည်။ စုတ်တံတစ်ချက်ဆွဲလိုက် သကဲ့သို့ ခမ်းနားထည်ဝါသော မြူခိုးတန်းကြီး လေထဲချက်ချင်းပေါ်လာ၏။
များမကြာခင် ထိုမြူခိုးများသည် လေဟာနယ်ကို ကင်းဗတ်စအလား ပုံရိပ်အဖြစ် ဖွဲ့တည်လာ၏။ ဤသည်မှာ မြွေပျံပေပင်။
မြွေပျံနှစ်ကောင် အတူတကွ ပူးပေါင်းစေလျက် စုရီကို ဖမ်းဆီးရန် ကြိုးစား တော့သည်။ စုရီအတွက် အန္တရာယ်များသော အခြေအနေသို့ ချက်ချင်းရောက်ရှိလာ၏။
တစ်ဖက်တွင်လည်း အဘိုးကြီးဖန်းက ရုန်းကန်နေရဟန် သူ့နဖူးတွင်ချွေးများရွှဲနေပြီး အနည်းငယ် ဖြူဖျော့လာသည်။ သူ့အတွက် အကန့်အသတ် ရောက်ရှိနေပုံပေပင်။
မြွေပျံကြီးနှစ်ကောင်ကြောင့် ဖီးနစ် တောင်ကြီးတစ်ခုလုံး တုန်ခါနေတော့သည်။ အဘယ့်ကြောင့်ဆိုသော် ထိုမြွေပျံကြီးများထံ စွမ်းအားများ ဖြည့်ဆည်းရန် တောင်စွမ်းအားကို ထုတ်ယူနေရသောကြောင့်ဖြစ်၏။
“ မကောင်းတော့ဘူး ... ။ ”
အဝေးတစ်နေရာရှိ ဖီးနစ်အကယ်ဒမီ၏ အကြီးအကဲများအားလုံး စုရီအတွက် စိုးရိမ်သွား တော့သည်။
“ ဝှစ် ... ။ ”
ဆံပင်ဖြူဖြူနှင့် အဘိုးကြီး တစ်ယောက်သည် သည်းမခံနိုင်တော့ဘဲ စုရီကို ကူညီရန် လေထဲလှမ်းတက်လိုက်သည်။
သို့သော် စုရီသည် စိတ်အနှောက်အယှက်ဖြစ်ဟန်ဖြင့် မျက်မှောင်ကြုတ်ကြည့်ကာ၊
“ အဲဒီမှာရပ်ပြီး ကြည့်နေ။ ”
-ဟု သတိပေးလိုက်၏။
ဆံပင်ဖြူအဖိုးကြီးခမျာ လေထဲလှမ်းတက်နေသည့် သူ့ခြေလှမ်းများကို ချက်ချင်းပြန်ရုတ်လိုက်ရ၏။
“ ရွှပ် ... ။ ”
“ ဘောင်း ... ။ ”
ထိုစဉ် စုရီသည် ရွှေဝါးပေတံကို လွှဲခါလိုက်ကာ ငရဲဘုံကိုးပါးဓားရောင်ဝါဖြင့် ဒုတိယမြွေပျံကြီးခန္ဓာကိုယ်အပေါ် အပိုင်းအပိုင်း ဖြတ်တောက်ပစ်လိုက်သည်။
“ ဝေါ့ ... ။ ”
အကျိုးဆက်အနေဖြင့် အဖိုးကြီးဖန်တစ်ယောက် သွေးတစ်လုပ်အန်ကာ ခြေလှမ်းအနည်းငယ် ဆုတ်ခွာသွား၏။
“ သူ့ ခွန်အားကို ဖုံးကွယ်ထားတာလား ... ။ ”
ထိုအတွေးက အဖိုးကြီးဖန်း နှလုံးသားအတွင်း ဝင်ရောက်လာတော့၏။ တစ်ဖက်လူ၏ခွန်အားသည် ကြောက်စရာ ကောင်းလွန်းနေသည်။
ထိုစဉ် စုရီတဝိုက်လေထုသည် ထပ်မံပြောင်းလဲလာပြန်၏။ ဤသည်မှာ ဖွံ့ဖြိုးခြင်းဥပဒေပေပင်။ အတွေးတစ်ချက်ဖြင့် ဥပဒေစွမ်းအားများ သက်ဝင်လာ၏။
ပတ်ဝန်းကျင်ရှိ သွေ့ရော်ကုန်သော မြင်ကွင်းကြီးသည် အသက်စွမ်းအားများဖြင့် ပြည့်ဝပွင့်လန်းလာချေပြီ။
သေခြင်းတရားသည် တိတ်ဆိတ် ငြိမ်သက်ခြင်းကဲ့သို့ အလွန်မှောင်မိုက်သည်။ အသက်ဓါတ်သည် ရှင်သန်ခြင်းအလား ပွက်ပွက်ဆူနေသည်။
သေခြင်းနှင့်ရှင်ခြင်းသည် ညှိုးနွမ်းပြီး ပြန်လည်ပွင့်လန်းလာသကဲ့သို့ လည်ပတ်နေကာ နှလုံးသားအပေါ် တိုက်စား၏။
ဤသည်မှာ ညှိုးနွမ်းခြင်းနှင့် ပွင့်လန်းခြင်းဆိုင်ရာ ဥပဒေသစည်းမျဉ်းဖြစ်ပြီး ဝင်စားခြင်းသစ်ပင်၏ မူလတာအိုဖြစ်သည်။
ပြန်လည်မွေးဖွားခြင်းနှင့် သေဆုံးခြင်းကဲ့သို့သော လျှို့ဝှက်ဆန်းကြယ်မှု အစိတ်အပိုင်းတစ်ခုပေပင်။
ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးမှာ ချက်ချင်း လှိုက်မောလျက် ခရီးဝေးကြီးမှ ပြန်ရောက်လာ သလို ဝိညာဉ်နွမ်းလျလာ၏။
“ နောက်ထပ် တစ်ခုလား။ ”
အထူးသဖြင့် အဖိုးကြီးဖန်းဖြစ်သည်။ သူ့ဝိညာဉ်သည် အမှန်ပင် နွမ်းလျလာတော့၏။ ထိတ်လန့်တုန်လှုပ်မှုသည် နှလုံးသားအတွင်း ဖုံးလွှမ်းလာသည်။
ကြယ်တာရာ ဗဟိုကောင်းကင်ရှိ ရှေးဟောင်းထိုဘီလူးကြီးများသာ ဤကဲ့သို့သော မြင်ကွင်းမျိုးမြင်တွေ့ရသော် ရူးသွပ်ကုန်နိုင်၏။
နိဗ္ဗာန်ဝိညာဉ်ဥပဒေစွမ်းအားကို ရင်ဆိုင်ဆန့်ကျင်နိုင်သော ဥပဒေသဆိုသည်မှာ ကြယ်တာရာများကြား အမြင့်မြတ်ဆုံး ဥပဒေသအဖြစ် သတ်မှတ်နိုင်သည်။
ဤဆယ်ကျော်သက်အရွယ် လူငယ်တွင် အလားတူဥပဒေသသုံးခု ပိုင်ဆိုင်နေခြင်းသည် ကြယ်စုသုံးခုကို အုပ်စိုးနိုင်ခြင်းနှင့် မခြားချေ။ ၎င်းသည် မယုံနိုင်စရာကောင်း၏။
နိဗ္ဗာန်သည် ပြောင်းလဲခြင်းဖြစ်ပြီး ဝိညာဉ်သည် အသက်၏အနှစ်သာရသို့မဟုတ် အရာအားလုံး၏ မူလဖြစ်၏။
ထို့ကြောင့် နိဗ္ဗာန်ဝိညာဉ်ဟူသည် ပြိုင်ဘက်အသုံးပြုသော ဥပဒေစွမ်းအားများ၏ အနှစ်သာရကို ကိုယ်ပိုင်အဖြစ် ပြောင်းလဲ အသုံးပြုနိုင်ခြင်းပေပင်။ အံ့ဖွယ်စွမ်းရည် တစ်ပါးဖြစ်၏။
တိုက်ပွဲအတွင်း ပြိုင်ဘက်၏ ဥပဒေစည်းမျဉ်းများကို ပြောင်းလဲအသုံးပြု နိုင်သော် မည်မျှဘီလူးဆန်နေမည်ကို တွေးဆနိုင်သည်။
မြွေပျံသည် ဥပမာဖြစ်သည်။ ထိုမြွေပျံ၏ ရက်စက်ကြမ်းကြုတ်မှုသည် အံ့မခန်းဖြစ်နေပြီး အလွန်အသက်ဝင်လှ၏။
ယင်းသည် ဖီးနစ်တောင်စွမ်းအားကို ထုတ်ယူကာ နိဗ္ဗာန်ဝိညာဉ် ဥပဒေစည်းမျဉ်းနှင့် အသွင်ပြောင်းစေကာ လေဟာနယ်အတွင်း ပန်ချီကားအဖြစ် ဖန်တီးလိုက်ခြင်းဖြစ်သည်။
နိဗ္ဗာန်ဝိညာဉ် ဥပဒေစည်းမျဉ်းကြောင့် ထိုမြွေပျံသည် စစ်မှန်သော သက်ရှိကြီးအလား အစွမ်းပြနေခြင်းဖြစ်ချေပြီ။ ၎င်းမြွေပျံကြီးသည် ရွှမ်ယုအဆင့်ဧကရာဇ်များကို ဖျက်ဆီးနိုင်၏။
အဘိုးကြီးဖန်း၏ ကနဦးရွှမ်ယုအဆင့် ကျင့်ကြံမှုဖြင့် ရွှမ်ယုအဆင့်ပြိုင်ဘက်များကြား တုနှိုင်းမဲ့နေသည်မှာ ထိုဥပဒေစည်းမျဉ်းကြောင့် ဖြစ်လေသည်။
“ ဝုန်း ... ။ ”
တစ်ဖက်တွင် သွေ့ရော်ခြင်းနှင့် ပွင့်လန်းခြင်းသံသရာသည် အသက်ဝင်လာပြီး မြွေပျံကြီးအပေါ် သက်ရောက်သွား၏။
“ တာအိုမိတ်တွေ ဆိုရိုးစကားအတိုင်း တိုက်ပွဲမရှိရင် မိတ်ဆွေမရှိဘူး မင်းဘာလို့ ဒီမှာ မရပ်ရတာလဲ ငါတို့နှစ်ယောက်စလုံးက ...
... ကြယ်တွေပြည့်နေတဲ့ ကောင်းကင်ရဲ့ အနက်ရှိုင်းဆုံးနေရာက လာကြတာ အာလုံးက မိတ်ဆွေဖွဲ့လို့ရပါတယ်။ ”
အဖိုးကြီးဖန်းက ထိန်လန့်တကြား အော်ဟစ်ကာ တိုက်ပွဲကိုရပ်ရန် ကြိုးစားချေပြီ။
“ မင်းက ဘာကိုကြောက်နေတာလဲ မာနထားစမ်းပါ။ ”
စုရီက ပြန်လည် အော်ဟစ်လိုက်၏။ သူ့တွင်မစမ်းသပ်ရသေးသော ဥပဒေစည်းမျဉ်း နှစ်ခုရှိနေသေးသည်။ ထို့ကြောင့် ရပ်တန့်ရန် ဆန္ဒမရှိသည်မှာ သဘာဝပေပင်။ အခွင့်အရေးသည် ရခဲချေပြီ။
အဘိုးကြီးဖန်းတစ်ယောက် အော်ငေါက်ခံလိုက်ရသောကြောင့် အနည်းငယ် အံ့အားသင့်သွားပြီး မျက်နှာနီရဲသွားသည်။
တစ်ဖက်လူသည် သူ့အပေါ် စမ်းသပ်ကျောက်တုံးအဖြစ် သဘောထားနေပုံ ရကြောင်းကို သတိထားမိလိုက်၏။
“ ကောင်းပြီ ... ဒီနေ့ မင်းကို မာနထောင်လွှားခွင့်ပေးမယ် နောက်တစ်ကြိမ် မင်းနဲ့ဒီပြဿနာကို ဖြေရှင်းမယ်။ ”
အဘိုးကြီးမှ အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး တွန့်ဆုတ်ခြင်းမရှိတော့ဘဲ ချက်ချင်း လှည့်ထွက်ပြေးတော့သည်။
“ ထက်မြက်တယ် ... ။ ”
ထိုအပြုအမူကြောင့် စုရီခမျာ စိတ်ပျက်သွားပြီး သူ့ခွန်အားကို အကုန်အစင် ထုတ်ဖော်လိုက်တော့သည်။
“ ဝုန်း ... ။ ”
မြွေပျံခမျာ အလွယ်တကူ ပေါက်ကွဲသေဆုံးသွားတော့၏။ ထိုရလာဒ်သည် အဖိုးကြီးဖန်း၏ ဆုံးဖြတ်ချက်အပေါ် သေချာသွားစေသည်။
လှည့်မကြည့်တော့ဘဲ ပိုမြန်မြန် ထွက်ပြေးလိုက်၏။ မျက်စိတစ်မှိတ်အတွင်း တည်နေရာရွေ့ပြောင်းသကဲ့သို့ ပျောက်ကွယ် သွားတော့သည်။
“ မင်း လွတ်မြောက်နိုင်မလား။ ”
စုရီက လှောင်ပြုံးဖြင့် အော်ဟစ်လိုက်၏။ အဝေးသို့ ရောက်ရှိနေသော အဘိုးကြီးဖန်းသည် ဝိညာဉ်အတွင်း ကျယ်လောင်မြည်သံနှင့် ကောင်းကင်မှ ပြုတ်ကျလာတော့သည်။
ယင်းကြောင့် အဖိုးကြီးဖန်းခမျာ ကြောက်လန့်သွားပြီး ချက်ချင်းခုခံကာကွယ်ရေး တံဆိပ်ကို အသက်သွင်းလိုက်၏။ အလင်းများ ပွင့်လာပြီး တောင်ကြီးတစ်လုံးအသွင်ဖြင့် သူ့အပေါ်ဖုံးအုပ်ပေးလာသည်။
“ ဟမ့် ... ။ ”
သို့သော် ပြိုင်ဘက်ကင်း ဓားရောင်ဝါနှင့်အတူ လျှို့ဝှက်ဆန်းကြယ်ပြီး ခန့်မှန်းရခက်သော အလင်းတစ်လက် ပြုတ်ကျလာခဲ့၏။
နတ်တောင်ကြီးသည် တို့ဟူးတစ်တုံးလို နှစ်ခြမ်းကွဲသွားပြီး ကောင်းကင်တခွင် အလင်းမိုး အဖြစ် ပြောင်းလဲလွင့်ပါးသွား၏။
“ ဝှစ် ... ။ ”
နောက်ဆက်တွဲအနေဖြင့် အဘိုးကြီးဖန်း သည်လည်း ထိုဓားချက်ကြောင့် နှစ်ခြမ်းကွဲကာ သွေးများပန်းထွက်လာလေသည်။ စုရီမှ လေထဲ လက်လှမ်းပြီး လွတ်မြောက်လာသော မူလဝိညာဉ်ကို ဖမ်းဆုပ်လိုက်၏။
“ မင်းငါ့ကို ဝိညာဉ်ရှာရင် မင်းအတွက် ကောင်းနိုင်မယ်မထင်ဘူး။ ”
“ မင်း ဘာကိုဆိုလိုတာလဲ။ ”
စုရီက မျက်ခုံးပင့်သွားသည်။
“ ငါ့ရဲ့နှလုံးသားပြခန်းဂိုဏ်းက တပည့်တိုင်းကို တည်ထောင်သူဘိုးဘေးက သူ့ဆန္ဒပန်းချီစာလိပ်နဲ့ တံဆိပ်ရိုက်နှိပ် ထားပါတယ် ...
... ထိလိုက်တာနဲ့ တည်ထောင်သူရဲ့ ဆန္ဒစာလိပ်က ကမ္ဘာကြီးကို ဖျက်ဆီးနိုင်တဲ့ စွမ်းအားတစ်ခု ထုတ်လွှတ်လာလိမ့်မယ်။ ”
စကားဆုံးသည်နှင့် အဖိုးကြီးဖန်း ဝိညာဉ်သည် အပိုင်းအပိုင်းပေါက်ကွဲသွားသဖြင့် စုရီမှ လက်ကို ချက်ချင်းပြန်ရုတ်တော့၏။ သို့သော် နောက်ကျသွားချေပြီ။
စွမ်းအားတစ်ခုသည် တောင်တစ်လုံး ပြိုကျလာသကဲ့သို့ စုရီ၏သိစိတ်ပင်လယ်ထဲသို့ တိုးဝင်လာတော့၏။ အလွန်ပင်ကြောက်စရာ ကောင်းသည့် ဝိညာဉ်စွမ်းအားတစ်ခုဖြစ်ပြီး ခုခံဖို့ရန်အချိန်ပင်မရှိခဲ့ချေ။
ထိုစဉ် အသိစိတ်ပင်လယ်ထဲ၌ လျှို့ဝှက်ဆန်းကြယ်သော စာလိပ်တစ်လိပ် ထွက်ပေါ်လာပြီး ပြေကျလာ၏။
ဤသည်မှာ အဖြူရောင်ဝတ်နှင့် ထူးခြားချောမောလှသော လူရွယ်တစ်ယောက် ပေါ့ပေါ့ပါးပါးထိုင်နေဟန်ဖြစ်သည်။
ပန်းချီကားပြေကျလာချိန်တွင် ထိုလူရွယ်သည်လှည့်ကြည့်လျက် မတ်တပ် ထရပ်ကာ လှမ်းထွက်လာတော့၏။
သူ့နောက်တွင် ပန်းချီကားသည် ကျယ်လောင်စွာပေါက်ကွဲလျက် အပိုင်းအစများ အဖြစ် ခန္ဓာကိုယ်ထဲ ပေါင်းစပ်သွားချေပြီ။
ချက်ချင်းပင် သူ့ပုံသဏ္ဌာန်သည် ကောင်းကင်ဘုံမှ ဆင်းသက်လာသည့်တန်ခိုးရှင် အလား ခမ်းနားထည်ဝါစွာ တောက်ပလာခဲ့၏။
“ ငါ့ရဲ့ နှလုံးသားသားပြခန်းက တပည့်တစ်ယောက်ဝိညာဉ်အပေါ် ရှာဖွေဖို့ ကြိုးစားခဲ့တာလား မိုက်မဲလိုက်တာ။ ”
ထိုအသံသည် တိုးညှင်းသော်လည်း ဘုန်းအာနုဘော်ဖြင့်ပြည့်စုံနေပြီး ကောင်းကင် ကိုယ်စား ဆန္ဒကိုကိုယ်စားပြုနေသယောင် ထင်ရစေသည်။
စုရီ၏ အသိစိတ်ပင်လယ်တစ်ခုလုံး ပြင်းစွာတုန်ခါလာတော့၏။ သေစေနိုင်သော ခြိမ်းခြောက်မှုတစ်ခုသည် ခန္ဓာကိုယ်အနှံ့ ဖြတ်ပြေးသွားသည်။
“ ကြယ်တွေပြည့်နှက်နေတဲ့ ကောင်းကင်ကြီးရဲ့ ဗဟိုဒေသကြီးမှာ လူတိုင်းက ငါ့ကိုပန်းချီဆရာလို့ ခေါ်ကြတယ် ... ငါ့ဆန္ဒရဲ့ အကြွင်းအကျန်လေးအောက်မှာ မင်း သေဆုံးရတဲ့အတွက် ...
... ရှစ်ဘဝတိုင်အောင် ဂုဏ်ယူဝံ့ကြွားခွင့်ရှိတယ် ဒါက လူသားတိုင်း မရနိုင်တဲ့ ကောင်းချီးတစ်ခုပါပဲ။ ”
အဖြူရောင်ဝတ် လူရွယ်အသွင်သည် တည်ငြိမ်နေခဲ့သော်လည်း လေသံအရမည်မျှ ဝါကြွားတတ်ကြောင်း မြင်သာနေသည်။
ထို့နောက်တွင် တစ်ဖက်လူထံမှ ရောင်ဝါများသည် စုရီအသိစိတ်ပင်လယ်ကို ဖျက်ဆီးရန် မိုးကြိုးမုန်တိုင်းများအလား တိုက်ခတ်လာတော့၏။
“ ကလန် ... ။ ”
သို့သော် အားနည်းပြီး မှိန်ဖျော့သော ဓားမြည်သံတစ်သံပဲ့တင်ထပ်လာကာ ရှုပ်ထွေး ပြိုကျလုနီးပါးဖြစ်သော အသိစိတ်ပင်လယ်ကို ချက်ချင်းငြိမ်သက်သွားစေသည်။
“ ဟမ့် ... ။ ”
ပန်းချီဆရာက အံ့အားသင့်စွာဖြင့် အသိစိတ်ပင်လယ်၏ အနက်ရှိုင်းဆုံးနေရာသို့ လှည့်ကြည့်လိုက်ရာ လျှို့ဝှက်ဆန်းကြယ်သော သံကြိုးများဖြင့် ဖုံးအုပ်ထားသည့် ဓားတစ်လက် အသွင်အပြင်ကို ဝိုးတဝါးမြင်လိုက်ရ၏။
“ စိတ်ဝင်စားစရာပဲ ... ။ ”
ပန်းချီဆရာမှ ပြုံးလျက် ရေရွတ်ကာ မရေမတွက်နိုင်သော အပိုင်းအစများအဖြစ်သို့ ပြောင်းလဲပျက်ပြယ်သွားတော့သည်။
***