ပန်းချီဆရာ၊ လောကသခင်၊ စုရီ။
Vol. 70 Ch. 837
လေထုအလယ် လွင့်မျောနေသော စုရီတစ်ယောက် အတွေးရေစီးကြောင်းများက ဒီရေအလား အတက်အကျ ဖြစ်နေသည်။
အစောပိုင်း မြင်တွေ့ခဲ့ရသော အဖြူရောင်ဝတ်လူရွယ်သည် နတ်ဘုရားတစ်ပါး ကဲ့သို့ မောက်မာအထက်စီးဆန်လွန်းလှ၏။
ဤသည်မှာ ဆန္ဒဝိညာဉ်တစ်ခုမျှပင် ဖြစ်သော်လည်း ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ဆောင်ကြဉ်းထားသည်။
ယင်းသည် အထူးတလည် စဉ်းစားနေစရာပင်မလိုချေ။ ပန်းချီဆရာသည် နက်နဲတာအိုနယ်ပယ်ကို ကျော်လွန်ကာ ကမ္ဘာဘုရင်တစ်ပါးဖြစ်နိုင်၏။
ထိုအဆင့်ကို ကောင်းကင်လမ်း နယ်ပယ်အဖြစ်ခေါ်ဆိုကြပြီး အဆင့်အားဖြင့် ထုံကျိုး၊ ကွေရီနှင့်တွန့်ယွီဟူ၍ ခွဲခြားထား လေသည်။
ကြယ်တာရာ ကောင်းကင်၏ အနက်ရှိုင်းဆုံးသော ဒေသများတွင် ထိုနယ်ပယ် ခြေချနိုင်သူမှန်သမျှကို ကမ္ဘာဘုရင်များအဖြစ် သတ်မှတ်ကာ ကြယ်စုအပေါ် လွှမ်းမိုးနိုင်သော တန်ခိုးရှင်ကြီးများအဖြစ် ရိုသေကြရ၏။
ဥပမာအားဖြင့် ကောင်းကင်ကိုးပါး နန်းတော်ဂိုဏ်း၏ ကောင်းကင်လွတ်မြောက်သူ သုံးဦးလုံးသည် ကမ္ဘာဘုရင်များ ဖြစ်ကြပြီး ကြယ်မြစ်ဂိုဏ်းမှ ခန်းမသခင် များသည်လည်း ထိုအဆင့်များဖြစ်၏။
ငရဲဘုရင်ပေးအပ်ခဲ့သော ကျောက်စိမ်း စာလိပ်မှတစ်ဆင့် ဤနယ်ပယ်အကြောင်းကို အနည်းငယ် သိရှိထားခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့်ပင် အဖြူရောင်ဝတ် ပန်းချီဆရာသည် ကမ္ဘာဘုရင်ဖြစ်ရမည်ဟူသော အကြမ်းဖျင်းကောက်ချက် ချနိုင်ခြင်းပေပင်။
ယနေ့တွင် အကယ်၍သာ သူ၏ သိစိတ်ပင်လယ်အတွင်း၌ ငရဲဘုံကိုးပါးဓားသာ မရှိခဲ့သော် သူ့ဝိညာဉ်ပျောက်ကွယ်သွားမည် ဖြစ်လေသည်။
“ ပန်းချီဆရာဆိုတဲ့ နာမည်က ဘာလို့ ဒီလောက် ရင်းနှီးနေရတာလဲ ... ။ ”
စုရီက မျက်မှောင်ကြုတ်လိုက်သည်။ အဘိုးကြီးဖန်း၏ စကားများအရ ထိုသူသည် ကြယ်တာရာ အနက်ရှိုင်းဆုံးအရပ်ရှိ နှလုံးသား ခန်းမဟုခေါ်သော အင်အားစုကြီး၏ တည်ထောင်သူ ဘိုးဘေးဖြစ်၏။
ရုတ်တရက် စုရီ၏ မျက်ဝန်းများ ဝင်းလက်သွားပြီး အတိတ်မှ ကိစ္စတစ်ရပ်အပေါ် ပြန်လည်အမှတ်ရလိုက်သည်။
မြေအောက်ကမ္ဘာသင်္ချိုင်း ဝင်စားခြင်းနယ်မြေတွင် ကြယ်မြစ်ဂိုဏ်း၏ ဂိုဏ်းချုပ်တံငါသည် လောကသခင်ကို ထိုစဉ်က မေးခွန်းထုတ်ဖူး၏။
( မင်းသာ တကယ် အသက်ရှင်နေသေးရင် ဘာလို့အဲဒီတုန်းက ပန်းချီဆရာပေါ်လာချိန်မှာ ခေါင်းမဖြတ်ရတာလဲ ... မင်းကိုယ်တိုင် ပြောခဲ့တဲ့စကားကို မေ့နေတာလား ...
... ပန်းချီဆရာသာ ထွက်လာရဲရင် သူ့ခေါင်းကိုဖြတ်ပြီး ခွေးကျွေးမယ်ဆိုတာကို မင်းကြေငြာထားတယ် မဟုတ်လား။ )
ထိုစကားထဲတွင် ပုဂ္ဂိုလ်နှစ်ဦးပါဝင်သည်။ တစ်ဦးသည် ရှေးဟောင်းကုန်သည်ကြီးဖြစ်ပြီး ထိုသူသည် လောကသခင်၏ရင်းနှီးသော မိတ်ဆွေဖြစ်ချေမည်။
ကျန်တစ်ဦးမှာ ပန်းချီဆရာပင်ဖြစ်၏။ တံငါသည်စကားအရ ထိုပန်းချီဆရာဆိုသူသည် လောကသခင်ကို မျက်နှာပြရန်ပင် မဝံ့ချေ။
သူသည် ကြယ်တာရာ ကောင်းကင်ကြီး အတွင်း၌ ပုန်းကွယ်နေကာ လောကသခင်ဆိုသူ ပျောက်ကွယ်သွားမှသာလျှင် တစ်ဖန် ထွက်ပေါ်လာခြင်း ဖြစ်သည်။
( ဒါဆို နှလုံးသားပြခန်းရဲ့ ဘိုးဘေးက တံငါသည်ပြောခဲ့တဲ့ ပန်းချီဆရာပဲပေါ့ ... ။ )
စုရီ၏ နှုတ်ခမ်းလှုပ်ရုံ ရေရွတ်လျက် နှုတ်ခမ်းဖျားတွင် ထူးဆန်းသော အပြုံးတစ်ပွင့် ပေါ်လာခဲ့သည်။ လောကသခင်ဆိုသည်မှာ သူ၏ ယခင်ဘဝများထဲမှ တစ်ဘဝဖြစ်၏။
ထိုဘဝ၌ပင် ပန်းချီဆရာ၏ခေါင်းကို ဖြတ်ကာ ခွေးကျွေးမည်ဟုဆိုသဖြင့် သူ့အတွက် တစ်ဘက်လူသည် ပြိုင်ဘက်ပင် မဟုတ်ခဲ့ကြောင်း ထင်ရှားလှသည်။
“ ဟမ့် ... အဲဒီဘဝတုန်းက မင်းကို လူလုံးမပြရဲအောင် ငါ ခြောက်လှန့်နိုင်ခဲ့တယ် ဒါဆို ဒီဘဝမှာ ငါက ပိုပြီးတော့တောင် အစွမ်းထက်နေလိမ့်ဦးမယ်။ ”
စုရီက ယုံကြည်မှုအပြည့်ဖြင့် ရေရွတ်လိုက်၏။ သို့သော် သူ စိုးရိမ်မိသည်မှာ ပန်းချီဆရာ၏ လက်အောက်ခံများသည် ပင်မိုးနှင့် ပူးပေါင်းနေမည်ကိုပင်။
ပင်းမို၏ သစ္စာဖောက်မှုသည် ထိုနှလုံးသားပြခန်းနှင့် ဆက်စပ်နေပုံရနိုင်မည်။ ဆိုလိုသည်မှာ နှစ်ပေါင်းများစွာတည်းကပင် ထိုပင်းမိုသည် အကြံအစည်များဖြင့် တိတ်ဆိတ်နေခြင်းဖြစ်နိုင်၏။
ဤအတွေးသည် စုရီကို အနည်းငယ် မသက်မသာဖြစ်စေသည်။ စုရွှမ်ကြွယ်ဘဝတွင် ဝင်စားခြင်းအပေါ် အာရုံစိုက်လွန်းနေသဖြင့် အရာများစွာ လစ်ဟင်းနေပုံရ၏။
ပင်းမို၏ သစ္စာဖောက်ခြင်း၊ ချင်းတန်၏ ခွန်အားကိုလျှို့ဝှက်ထားခြင်း ထိုမေးခွန်းများမှာ သူ့ရင်ထဲ ပဟေဠိများဖြစ်စေသည်။ သို့သော် ယခု ပြန်ရောက်လာပြီဖြစ်ရာ အမှန်တရားကို မကြာမီ ဖော်ထုတ်နိုင်ပေတော့မည်။
စုရီတစ်ယောက် ဖီးနစ်တောင်ထိပ်မှ ဆင်းသက်လာကာ ဖီးနစ်အကယ်ဒမီအတွင်းသို့ ပြန်လည်ဝင်ရောက်လာခဲ့သည်။ အကယ်ဒမီ အတွင်းမှာမူ ပျက်စီးယိုယွင်းမှုများဖြင့် ပြည့်နှက်နေ၏။
“ ကျေးဇူးတင်ပါတယ် စီနီယာ ... ငါ့ရဲ့ အကယ်ဒမီကို အချိန်မီ ကယ်တင်ပေးခဲ့လို့ပါ။ ”
ကျောင်းအုပ်ယွီချန်မင် ဦးဆောင်သော အဖွဲ့ကြီးသည် ချက်ချင်းလှမ်းတက်လာခဲ့ကာ ကျေးဇူးတင်စကား ဆိုလာကြသည်။
စုရီက ခေါင်းညိတ်ပြလိုက်ပြီး ရီချန်မင်နှင့်အကြီးအကဲများမှ ဖမ်းဆီးထားသော ဓားပျံဂိုဏ်းသားများထံ လျှောက်လှမ်းသွားကာ စစ်မေးရန်ပြင်လိုက်သည်။
သို့သော် ထိုသူများသည်လည်း ပင်းမို၏ စေခိုင်းမှုကြောင့်သာ ရောက်ရှိလာရခြင်းဖြစ်ပြီး အသေးစိတ်အပေါ် မသိရှိကြချေ။
“ ဒီလူတွေကို မင်းတို့ပဲတာဝန်ယူလိုက်ပါ ပြီးရင် မင်းတောင်ထိပ်ကိုလာခဲ့ဦး ငါတို့သီးသန့် စကားပြောရအောင်။ ”
စုရီက ရီချန်မင်ကို မှာကြားပြီးနောက် တောင်ထိပ်ပေါ်သို့ ပျံတက်သွားတော့သည်။ ဖီးနစ်တောင်ထိပ်သည် တိမ်ပင်လယ်အတွင်း လွင့်မျောလျက် တောင်လေညင်းများ တဖြူးဖြူးတိုက်ခတ်နေ၏။
စုရီသည် ကြိမ်ကုလားထိုင်ပေါ်တွင် မှီလျက်ဖြင့် ထိုမြင်ကွင်းများထံ ကြည့်ရှုနေခဲ့၏။ များမကြာခင် ရီချန်မင်တစ်ယောက် အလျင်အမြန် ရောက်ရှိလာသည်။
စုရီက ကုလားထိုင်ပေါ်မှ မထဘဲ မေးခွန်းများစတင်လိုက်တော့၏။
“ မင်းဒဏ်ရာတွေ ဘယ်လိုနေသေးလဲ။ ”
ရီချန်မင်က ရိုသေစွာဖြင့်၊
“ မစိုးရိမ်ပါနဲ့ စီနီယာ ... သက်သာပါတယ်။ ”
- ဟု ပြန်ဖြေကာ တုံ့ဆိုင်းစွာဖြင့် စုရီကို ကြည့်လာလေသည်။ စုရီက ပြုံးလိုက်ပြီး၊
“ မင်းငါ့ကို ဘယ်သူလဲဆိုတာ သိသွားပြီလား။ ”
“ စီနီယာ ... တကယ်ပဲ စီနီယာက အကြီးအကဲစုလား။ ”
စုရီက မျက်ခုံးပင့်လိုက်ကာ၊
“ ကျောက်စိမ်းဝိညာဉ် နှလုံးသားက တကယ့်ကိုပါးနပ်လွန်းပါတယ် လူမိုက်လေး မင်းတကယ် ငါ့ကိုမှတ်မိနေတာကိုး။ ”
လူမိုက်လေးဟူသော နာမ်စားအမည်ကို ကြားလိုက်ရချိန်တွင် ရီချန်မင်တစ်ကိုယ်လုံး တုန်တက်သွားကာ မျက်ရည်များပင် ဝဲလာတော့၏။
ဤအမည်သည် လွန်ခဲ့သော နှစ်ပေါင်းများစွာက ဘီလူးကြီးစုမှသာ သူ့ကို ခေါ်ဆိုဝံ့သော အမည်ပေပင်။
“ ဒါဆို ... ဒီဂျူနီယာ ထင်နေတာ တကယ်မှန်နေတာပေါ့ အကြီးအကဲစုတကယ်ပဲ မင်းပြန်လာပြီ။ ”
ရီချန်မင်သည် အကယ်ဒမီ၏ လက်ရှိကျောင်းအုပ်ကြီး ဖြစ်သော်လည်း စုရီ ရှေ့တွင် ကလေးငယ်တစ်ဦးကဲ့သို့ ပြောင်းလဲ သွားလေသည်။ စုရီက သက်ပြင်းချကာ၊
“ ဒီနေ့ဖြစ်တဲ့ ကိစ္စတွေက ငါ့နဲ့တိုက်ရိုက်မပတ်သတ်ပေမယ့် ပင်းမိုကြောင့် ဖြစ်ရတာမို့ ငါတာဝန်ယူပေးပါ့မယ် အခုတော့ ထိုင်ပါဦး။ ”
ရီချန်မင်က ကျောက်ဆောင်ပေါ်တွင် ရိုသေစွာထိုင်လိုက်ပြီး သူ့ဘိုးဘေးကြီးဖြစ်သော အစားကြူးဂျပိုးအိုကြီး၏ စုရီအပေါ်ထားရှိသည့် ယုံကြည်မှုကို ပြန်ပြောင်းပြောပြလာသည်။
ထိုအဖိုးကြီးအမည်မှာ လောင်ချန်ဖြစ်၏။ လောင်ချန်က စုရီတစ်ယောက်ဝင်စားခြင်းလမ်း ရှာတွေ့ပြီး တစ်နေ့တွင် ပြန်လာနိုင်လိမ့်မည်ဟု အမြဲပြောဆိုခဲ့ဖူးသည်။
“ ဒါနဲ့ ... မင်းရဲ့ဘိုးဘေးဘယ်မှာလဲ။ ”
စုရီ၏ မေးခွန်းကြောင့် ရီချန်မင်က တုန့်ဆိုင်းသွားကာ အမူအရာများ လေးနက်လာ တော့သည်။
“ ဘိုးဘေးက လွန်ခဲ့တဲ့ နှစ်ပေါင်း ရာချီကတည်းက အကြီးအကဲစုရဲ့ဒုတိယတပည့် ကျင်းရှင်းကိုခေါ်ပြီး အကယ်ဒမီကနေ ထွက်သွားပါတယ်။ ”
“ ထွက်သွားတာလား ... ။ ”
စုရီက အံ့အားသင့်သွားသည်။ သူ ဤနေရာသို့ လာရခြင်းမှာ ကျင်ရှင်းသတင်းကို အစားကြူးဂျပိုးအိုကြီး လောင်ချန်ထံသို့ မေးမြန်းရန်ဖြစ်သည်။
သို့သော် တစ်ဖက်လူသည် ကျင်းရှင်းကိုခေါ်ဆောင်သွားချေ၏။ ရီချန်မင်မှ ခေါင်းညိတ်လျက်၊
“ ကျင်းရှင်းကို စာအုပ်ထဲက အသိပညာတွေထက် ပြင်ပလောကကြီးရဲ့ သင်ခန်းစာက ပိုအရေးကြီးတယ်ဆိုပြီး ခေါ်သွားတာပါ ...
... ဒီနည်းလမ်းနဲ့ ကျင်ရှင်းကို ကိုယ်ပိုင်လမ်းလျှောက်လှမ်းနိုင်အောင် ကူညီ နိုင်မယ်လို့လည်း ပြောသွားပါတယ်။ ”
“ ဒီအဘိုးကြီး ... ငါ မရှိတုန်း ငါ့တပည့်ကို သူ့ဂိုဏ်းထဲဆွဲခေါ်ဖို့ ကြံနေတာပဲ ... ။ ”
စုရီက အနည်းငယ် သက်တောင့်သက်သာ အသွင်ဖြင့် ရေရွတ်လိုက်၏။ တစ်ဖက်လူသည် ကျင်းရှင်းကို ရတနာတစ်ပါးအလား သူ့ထံမှ အမြဲလုယူရန် စဉ်းစားနေသူပေပင်။
အစားကြူးဂျပိုးအိုကြီးလောင်ချန်သည် ဒုတိယတပည့်ကျင်းရှင်းအပေါ် အလွန်အမင်းပင် သဘောကျနေသူဖြစ်၏။ ထိုနှစ်များတလျှောက် ကျင်းရှင်းကို သူ့တပည့်အဖြစ် သင်ကြားပေး လိုကြောင်း အကြိမ်ကြိမ်တောင်းဆိုဖူးသည်။
စုရီမှ ဆုံးဖြတ်ချက် မချရသေးမီမှာပင် ကျင်းရှင်းကိုယ်တိုင် ငြင်းပယ်စကားဝင်ရောက် ပြောကြားခဲ့၏။ ကျင်းရှင်းအမြင်၌ တစ်ကြိမ် ဆရာဖြစ်သော် တစ်သက်လုံး ဆရာဟု ယူဆထားသည်။
ဤနည်းဖြင့် ဂျပိုးအိုကြီးခမျာ လက်လျော့လိုက်ရ၏။ သူ မရှိသည့်အခိုက်တွင် ကျင်းရှင်းကို ဖြားယောင်းရန် ကြိုးစားနေခြင်း ဖြစ်နိုင်မည်။
စုရီက ပြုံးလိုက်သည်။ ဤမတိုင်မီ ကျင်းရှင်းကဲ့သို့ ထိုကလေးသည် မိုက်မဲလှသော နည်းလမ်းများသုံးမည်ကို စိုးရိမ်နေခြင်းဖြစ်၏။
ယခုမူ ထိုအစားကြူး ဂျပိုးအိုကြီးသည် ကျင်းရှင်းအနားတွင်ရှိနေသဖြင့် စိုးရိမ်စရာများ မရှိတော့ချေ။ ဂျပိုးအိုကြီး၏ ကျင့်ကြံမှုများအရ အရိုင်းမြေကိုးပါးတွင် မြေခွေးအို အနည်းငယ် မျှသာ သူ့ပြိုင်ဘက်ဖြစ်ရန် သင့်လျော်သည်။
ထို့နောက် စုရီသည် ယနေ့ ကောင်းကင်ဖီးနစ်အကယ်ဒမီ၌ ဖြစ်ပွားခဲ့သော ကပ်ဘေးအကြောင်း မေးမြန်းလိုက်သည်။
“ သူတို့ အကယ်ဒမီရဲ့ ရွှမ်ပေတံကိုလိုချင်လို့ လာကြတာပါ အကြီအကဲစု။ ”
ရီချန်မင်က မချွင်းမချန်ပြောသည်။
“ ဆက်ပြောပါဦး။ ”
၏စုရီက မေးဆက်ပြလိုက်သည်။ သို့သော် ရီချန်မင်မှ အနည်းငယ်မျက်မှောင်ကြုတ်လျက်၊
“ ဒီရတနာရဲ့ သမိုင်းကြောင်းက အလွန်ရှေးကျတာကလွဲရင် ထူးခြားတာတစ်ခုမှ မရှိပါဘူး ... အကယ်ဒမီရဲ့ ပညာရှိဗိမာန်ထဲမှာ တစ်ချိန်လုံး ထားခဲ့တာပါ ...
... တစ်ခါတုန်းက ဘိုးဘေးကို ဒီအကြောင်း မေးဖူးပါတယ် ရတနာကကမ္ဘာဦးခေတ်တည်းက တည်ရှိလာတာဖြစ်ပြီး တခြားအသုံးဝင်မှု ...
... မရှိဘူးလို့ ပြောပါတယ် ရှေးဟောင်း အမွေအနှစ်တစ်ခုအဖြစ် မျိုးဆက်တလျှောက် လက်ဆင့်ကမ်းလာတာပါ။ ”
-ဟု ရှင်းပြလာသည်။ စုရီခမျာ အံ့အားသင့်သွားပြီး ‘ကမ္ဘာဦးကာလတည်းက’ ဟူသောစကားကို တွေးတောနေခဲ့သည်။
ကမ္ဘာဦးခေတ်ကာလဆိုသည်မှာ မှောင်မိုက်ပြီးအချိန်မရှိသော ကာလကြီးဖြစ်၏။ ထိုခေတ်သမိုင်းသည် အချိန်မြစ်ကြီးအတွင်း၌ ပျောက်ကွယ်သွားပြီဖြစ်၏။
မည်သည့် အမွေအနှစ်၊ သမိုင်း မှတ်တမ်းမျှပင် ကျန်ရစ်ခြင်း မရှိခဲ့ချေ။ ယခင်က ထိုသမိုင်းကိုရှာဖွေခဲ့သော်လည်း ရေရာခြင်းမရှိ၊ အထောက်အထားမဲ့သော ဒဏ္ဍာရီများကိုသာ တွေ့ရှိခဲ့ရသည်။
သို့သော် ယခုအချိန်တွင် အရိုင်းမြေကိုးပါးသည် မဟူရာရွှေကြယ်အဖြစ် ခေါ်ဆိုကြသော ရွှမ်ဟွမ်ကြယ်စုဖြစ်ကြောင်း သိရှိထား၏။
အစောပိုင်းတွင် ဤကြယ်စုကြီးသည် အလွန်တောက်ပပြီး တန်ခိုးရှင်ကြီးများစွာတို့ ထွက်ပေါ်လာရာ အရပ်ဖြစ်၏။ နောက်ပိုင်းတွင် တာအိုနိယာမစည်းမျဉ်းများ ပျက်စီးယိုယွင်း ကုန်ခြင်းပေပင်။
ထိုကာလကို ကြယ်တာရာ သေဆုံးခြင်းကာလဟုလည်း ခေါ်ဆိုကြ၏။ စုရီ ပြောနိုင်သည်မှာ ဤကြယ်စုကြီး ပြိုကွဲခြင်းဖြင့် တာအိုဥပဒေများ ပျောက်ဆုံးကုန်ခြင်းပေပင်။
“ အဲဒီ ရွှမ်ပေတံက ဘယ်မှာလဲ။ ”
ကမ္ဘာဦးကာလမှ ကျန်ရစ်ခဲ့သော ရတနာဆိုသည့်အတွက် စိတ်ဝင်စားမှုများ ပေါက်ဖွားလာခဲ့သည်။
“ ဒီမှာပါ အကြီးအကဲ။ ”
ရီချန်မင်က နက်မှောင်သော ကျောက်မျက်သေတ္တာတစ်လုံးကို ထုတ်ယူကာ ကမ်းပေးလာသည်။
စုရီကသေတ္တာကိုယူပြီး ဖွင့်ကြည့် လိုက်သောအခါတွင် နှစ်ပေမျှရှည်လျားနေသော ကျောက်ပေတံတစ်ချောင်း မြင်လိုက်ရချေပြီ။
***