ငရဲပန်းချီကား၊ ရွှေဖားနှင့် ဖေးယွမ်။
Vol. 70 Ch. 840
နန်းရင်ပြင်တဝိုက်ရှိ လေထုသည် အသက်ရှူရကျပ်လောက်အောင်ပင် လေးလံ ထိုင်းမှိုင်းလာတော့သည်။
အစေခံအိုကြီးမှ ကြောက်လန့်စွာ တုန်ရီနေသည်ကို မြင်သောအခါတွင် လူရွယ်မှ မျက်မှောင်ကြုတ်လျက် သက်ပြင်းပြင်းပြင်း ရှူသွင်းလိုက်ရ၏။
ထိုအခါမှသာလျှင် သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော ကြောက်မက်ဖွယ်ဖိအားများ ပြန်လည် ပျောက်ကွယ်သွားတော့သည်။
ယခင်ကဲ့သို့ တည်ငြိမ်ရင့်ကျက်ပြီး ခန့်ညားထည်ဝါသောဂုဏ်သရေရှိ ပုဂ္ဂိုလ်တစ်ဦး အသွင် ပြန်လည်ရောက်ရှိသွား၏။
“ ပြောပါ ... ဘာတွေဖြစ်ခဲ့လဲ။ ”
လူရွယ်က ထိုင်ခုံတစ်လုံးတွင် ထိုင်ချလိုက်ကာ နဖူးကိုအသာအယာနှိပ်နယ်ပြီး မေးမြန်းလိုက်၏။ အစေခံအိုကြီးမှမဝံ့မရဲဖြင့်၊
“ ဝူထုံမြို့မှာရှိတဲ့ လက်အောက်ခံတွေရဲ့ သတင်းပေးချက်တွေအရ လွန်ခဲ့တဲ့သုံးရက်က ဖီးနစ်အကယ်ဒမီမှာ တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားခဲ့ပါတယ် ...
... အဖိုးကြီးဖန်း ခင်းကျင်းထားတဲ့ ဝင်္ကပါဖျက်ဆီးခံလိုက်ရပြီး ကောင်းကင်မှာ ဖြစ်စဉ်တွေ ရောယှက်နေပါတယ် ...
... ဒါက အကယ်ဒမီထဲမှာ ပြင်းထန်တဲ့ တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့လိမ့်မယ်လို့ သိရပါတယ် တိုက်ပွဲပြီးလို့ သွားရောက်စုံစမ်းဖို့ ကြိုးစားတဲ့ အခါမှာတော့ ...
... အကယ်ဒမီကျောင်းအုပ် ရီချန်မင်က တောင်ကြီးတစ်ခုလုံးကိုပိတ်ဆို့ပြီး ပြန်လည် ထိန်းချုပ်ထားလိုက်ပါပြီ ...
... အဖိုးကြီးဖန်းနဲ့ ဓားပျံဓားဂိုဏ်းက လူတွေတစ်ယောက်မှ ပြန်မလာနိုင်တော့တာကို ကြည့်ရင် ... သူတို့အားလုံး သေဆုံးသွားခဲ့တာ အသေအချာပါပဲ။ ”
လူရွယ်မှ မျက်မှောင်ကြုတ်လျက် အတွေးထဲနစ်မျောသွား၏။ ဖီးနစ်အကယ်ဒမီ၏ ခွန်အားအရ အဖိုးကြီးဖန်းကို ယှဉ်ပြိုင်နိုင်စွမ်း မရှိချေ။ သို့သော် မထင်မှတ်ထားသော ရလာဒ်ထွက်ပေါ်လာချေပြီ။
“ ဖီးနစ်အကယ်ဒမီရဲ့ သာမန်ဂိုဏ်းလေးတစ်ခုမှာ ငါတို့မသိနိုင်တဲ့ ကြောက်စရာကောင်းတဲ့ တစ်စုံတစ်ဦး ပုန်းအောင်းနေတာများလား။ ”
လူရွယ်မှ နားမလည်နိုင်စွာ ရေရွတ်၏။ အနက်ဝတ်အဖိုးအိုက၊
“ သခင် ... အဖိုးကြီးဖန်းဟာ ... အဲဒီ ရွှမ်ပေတံကို ပစ်မှတ်ထားခဲ့တာမဟုတ်လား ဒါဆိုအကယ်ဒမီဟာ မြင်ရသလောက် မရိုးရှင်းတာလည်း ဖြစ်နိုင်ပါတယ်။ ”
-ဟု သတိပေးလိုက်သည်။ လူရွယ်က ခေါင်းငြိမ့်ပြကာ အနက်ဝတ်အဖိုးကြီးထံသို့ ထွက်ခွာရန် လက်ယမ်းပြလိုက်၏။
အနက်ဝတ်အဖိုးကြီးမှ ခေါင်းညိတ် အရိုအသေပေးကာထွက်သွားသည်။ လူရွယ်က တစ်ယောက်တည်း ကျန်ရစ်သောအခါတွင် ပန်းချီကားချပ်တစ်ခုကို ထုတ်ယူကာ ဖြည်းညှင်းစွာ ဖွင့်ချလိုက်လေသည်။
“ ဝူးရှ် ... ။ ”
ချက်ချင်းပင် ပန်းချီကားချပ်ထဲမှ ငရဲဘုံကြီးအလား ကြောက်မက်ဖွယ်မြင်ကွင်း အချို့နှင့် ရောင်ဝါတစ်ခု ထွက်ပေါ်လာ၏။
အလောင်းများ တောင်ပုံရာပုံဖြစ်နေပြီး၊ အရိုးစုများမှာ တောအုပ်အလား မြင့်မားသည်။ ကောင်းကင်သည် သွေးနီရောင်တောက်ပလျက် ကြက်သွေးရောင်မြူများ ပြည့်နှက်နေကာ ရှေးဟောင်း နတ်ဆိုးကမ္ဘာကြီးကဲ့သို့ပေပင်။
ရက်စက်ကြမ်းကြုတ်သော နတ်ဆိုးများနှင့် တစ္ဆေများသည် ပန်းချီကားအတွင်း ဦးတည်ရာမဲ့ သွားလာလှုပ်ရှားနေကြ၏။
လူရွယ်အတွက် ဤပန်းချီကားချပ်ကို မြင်ဖူးသည်မှာ အကြိမ်ကြိမ်ရှိနေပြီ ဖြစ်သည်။ သို့သော်လည်း အချိန်တိုင်းဖိအားတစ်ခုကို ခံစားနေရဆဲဖြစ်၏။
“ ဒါတွေအားလုံးဟာ ... နက်နဲတာအိုနယ်ပယ်အထက်မှာ ရှိနေကြတဲ့ ကမ္ဘာဘုရင်တွေပဲ ။ ”
တောင့်တသော အကြည့်များဖြင့် မြင်ကွင်းများထံငေးကာ သက်ပြင်းချလျက် ကိုယ်ဟန်အမူအရာ ပြင်ယူလိုက်၏။ ထို့နောက်တွင် ရိုသေစွာ ဦးညွှတ်ပြီး၊
“ သံတမန် ... ငါပင်းမိုဟာ အရေးကြီးတဲ့ ကိစ္စတစ်ရပ်အတွက် မိန်းကလေးကို တွေ့ခွင့် တောင်းခံပါတယ်။ ”
-ဟု ပြောကြားလိုက်တော့သည်။
“ ဝူး ... ။ ”
စကားသံဆုံးသည်နှင့် ပန်းချီကားအတွင်း သွေးနီရောင်လှိုင်းဂယက်များ ပွက်ပွက်ထကာ ပန်ချီကားထောင့်တစ်နေရာတွင် မြူခိုးများ အကြားမှ နတ်ဘုံနတ်နန်းသဖွယ် လှိုင်ဂူကြီးတစ်ခု ပေါ်ထွက်လာသည်။
ထိုလှိုင်ဂူရှေ့တွင် ရွှေရောင် တောက်ပနေသော မျက်လုံးသုံးလုံး ရွှေဖားကြီး တစ်ကောင် ငုတ်တုတ်ထိုင်နေ၏။
နဖူးအလယ်ရှိ တတိယမျက်လုံးသည် ငွေရောင်တောက်လျက် ကြောက်မက်ဖွယ် ကောင်းသောဖိအားများ ပေးစွမ်းသည်။
“ မိန်းကလေးက တံခါးပိတ်ကျင့်ကြံနေပြီ ငါးနှစ်အတွင်းပြန်ထွက်နိုင်ဦးမှာ မဟုတ်သေးဘူး ဘာကိစ္စရှိလဲ ငါ့ကိုပြောပါ။ ”
မျက်လုံးသုံးလုံး ရွှေဖားအသံသည် မိုးခြိမ်းသံကဲ့သို့ လွှမ်းမိုးလွန်းသောလှိုင်းများနှင့် ပျံ့လွင့်လာတော့၏။
“ တံခါးကျင့်ကြံသွားပြီလား ... မိန်းကလေးက အဲဒီကြေးနီရောင် ကျောက်စိမ်း ဆွဲသီးကို လေ့လာနေတာလား။ ”
လူရွယ်က စိတ်ဝင်စားစွာ မေးမြန်းလိုက်သည်။ လအနည်းငယ်အကြာက အဖိုးကြီးဖန်းသည် ရှေးဟောင်းကျောက်စိမ်း ဆွဲသီးတစ်လုံးကို ပြန်ယူလာခဲ့၏။
ထိုဆွဲသီးတွင် ရွှမ်ဟွမ်မိခင်ချီ ကိန်းအောင်းနေသည်ကို သူ မသိချေ။ သူ သိသည်မှာ မိန်းကလေးသည် ဤကမ္ဘာကြီးမှ ထိုသို့သော ရှေးဟောင်းရတနာများကို လိုက်လံရှာဖွေနေခြင်းဖြစ်သည်။
“ မိန်းကလေးရဲ့ အရေးကိစ္စကို မင်းစုံစမ်းနေစရာ မလိုပါဘူး။ ”
“ တောင်းပန်ပါတယ် ... ငါ့ရဲ့ မသိနားမလည်မှုအတွက်။ ”
မျက်လုံးသုံးလုံး ရွှေဖားကြီးက အေးစက်စွာအော်ငေါက်လိုက်သဖြင့် လူရွယ်မှ ချက်ချင်းဦးညွှတ်လျက် တောင်းပန်သည်။
“ ပြောစမ်း ... ဘာကိစ္စနဲ့ လာတာလဲ။ ”
“ အကြီးအကဲဖန်း သေသွားပါပြီ။ ”
“ ဟမ့် ... ။ ”
ရုတ်တရက် သတင်းကြောင့် မျက်လုံးသုံးလုံးရွှေဖားကြီးသည်လည်း ခဏမျှ မှင်သပ်သွားပြီး၊
“ ဒါဆို... ရွှမ်ဟဲအဆင့် ဧကရာဇ် တစ်ယောက်ယောက် အကယ်ဒမီနောက်မှာ ရှိနေတာလား။ ”
-ဟု မေးမြန်းလာသည်။
“ ငါ မသိပါဘူး ... ။ ”
“ မင်း ... မင်းက ရွှမ်ကြွယ်မဟာမိတ်ရဲ့ အကြီးအကဲဖြစ်နေပြီး ဒီနယ်မြေမှာမင်းမသိတဲ့ တစ်စုံတစ်ရာ ရှိနေသေးတာလား ... ဟမ့်။ ”
မျက်လုံးသုံးလုံး ရွှေဖားကြီးက ချက်ချင်း ဒေါသထွက်လာသည်။ လူရွယ်မှ သက်ပြင်းချ လိုက်ကာ၊
“ ဒီကိစ္စက အရမ်း ရုတ်တရက် ဆန်လွန်းနေပါတယ် အဖိုးကြီးဖန်းရဲ့ခွန်အားက ရွှမ်ဟဲအဆင့် ဧကရာဇ်ကိုတောင် ယှဉ်နိုင်တာမို့ ဘယ်သူ သူ့ကိုသတ်နိုင်မလဲဆိုတာ စဉ်းစားလို့မရသေးပါဘူး။ ”
သို့မှသာ မျက်လုံးသုံးလုံးရွှေဖားကြီးက လူရွယ်ထံပြန်ကြည့်လိုက်ပြီး၊
“ မှန်တယ် ... ဖန်းကျိကိုသတ်နိုင်တဲ့သူဟာ အနည်းဆုံးတော့ ... ရွှမ်ဟဲအဆင့်မှာ ရှိနေရမယ် ဒီလိုအရည်အချင်းရှိတဲ့ ရန်သူကြောင့် ...
... မင်းလိုလူက မိန်းကလေးဆီလာပြီး အပြေးအလွှား အကူအညီတောင်းနေတာဟာ သဘာဝကျပါတယ် ခဏစောင့် ... ။ ”
-ဟု အထင်အမြင်သေးစွာဖြင့် ပြောကြားလိုက်သည်။
ထိုစကားကြောင့် မျက်ဝန်းများအတွင်း ဖြစ်ပေါ်လာနေသော အမုန်းမီးလျှံများအပေါ် ဖုံးကွယ်ရန် လူရွယ်မှခေါင်းငုံ့လိုက်ရ၏။
“ ဝှစ် ... ။ ”
မျက်လုံးသုံးလုံး ရွှေဖားကြီးပါးစပ်မှ နက်မှောင်သော စုတ်တံတစ်ချောင်းပေါ်လာပြီး ၎င်းကိုကိုက်လျက် လေထဲဝေ့ယမ်းလိုက်၏။
“ ဝူး ... ။ ”
“ ခရစ် ... ။ ”
“ ဂျွတ် ... ။ ”
ထူးခြားဆန်းပြားသော စွမ်းအင်လှိုင်းတစ်ခုသည် ဓားတစ်လက်အလား ပြေးထွက်သွားလေသည်။ ပန်းချီကားအတွင်းရှိ အရိုးတောင်ကြီးသည် ချက်ချင်းကွဲအက်ကာ ကြေးနီရောင်ခေါင်းတလား တစ်လုံး ထွက်ပေါ်လာ၏။
“ ဖားအိုကြီး ... ငါ့ကို ဘာလို့ နှိုးရတာလဲ။ ”
ရုတ်တရက် ပျင်းရိငြီးငွေ့သော အသံထွက်ပေါ်လာပြီး ခေါင်းတလားအတွင်းမှ လူရိပ်တစ်ရိပ် ထထိုင်လာလေသည်။
ဤသည်မှာ အစိမ်းရောင်ဝတ်ရုံကို ဆင်မြန်းထားသော အမျိုးသားတစ်ဦးပေပင်။ အသားအရေသည် ဖြူဖျော့နေပြီး နှုတ်ခမ်းများ သွေးကဲ့သို့ ရဲရဲနီနေ၏။
မျက်ဝန်းများသည် ရွှေရောင်အဆင်း တောက်လျက် အကြည့်ခံရသူများကို အလွန်ပင် မသက်မသာဖြစ်စေနိုင်မည်။
“ အပြင်သွားပြီး ဖုန်းကျိရဲ့သေဆုံးမှုကို စုံစမ်းချေ ... ပြီးတော့ အဲဒီရွှမ်ပေတံကိုလည်း ရအောင်ယူလာခဲ့ပါ ဒါကမိန်းကလေးအတွက် အရမ်းအရေးကြီးတယ်။ ”
မျက်လုံးသုံးလုံးရွှေဖားကြီးက စကားအပိုမဆိုတော့ဘဲ အမိန့်ပေးလိုက်သည်။ အစိမ်းရောင်ဝတ်ရုံနှင့် အမျိုးသားသည် ရယ်မောလျက်ဖြင့်၊
“ ဟား ဟား ဟား ... အဲဒီမြွေစုတ်လေး သေသွားပြီလား ... သူ့ကိုယ်သူမြွေပျံမျိုးနွယ်ရဲ့ မျိုးဆက်သွေးလိုင်းဆိုပြီး တစ်ချိန်လုံး ဝံ့ကြွားနေတာ ...
... ဒီလိုအရိုင်းမြေလေးမှာ ... အခုလို လူမသိသူမသိ သေသွားလိမ့်မယ်လို့ ဘယ်သူ ထင်မှာလဲ ... ဘယ်လောက် ရယ်စရာ ကောင်းလိုက်လဲ ဟား ဟား ဟား။ ”
ထို့နောက်တွင် မိန်ကလေးဟူသော အမည်နာမ်စားကို သတိရသွားကာ အမူအရာ ပြန်လည်လေးနက်လာတော့၏။
“ ကောင်းပြီ ... မိန်းကလေးအတွက် ရွှမ်ပေတံကို ငါရအောင်ယူခဲ့မယ်။ ”
ကတိစကားဆုံးသည်နှင့် ဝတ်ရုံစကို ဝေ့ယမ်းလိုက်သောအခါ ခေါင်းတလားကြီးသည် သွေးဓားတစ်လက်အဖြစ် ပြောင်းလဲသွားပြီး သူ့ အင်္ကျီလက်ထဲ တိုးဝင်ပျောက်ကွယ်သွား၏။
ချက်ချင်း ကြောက်မက်ဖွယ်ရာ မကောင်းဆိုးရွားရောင်ဝါများ ပေါက်ကြားကာ ပန်းချီကားထဲမှ လှမ်းထွက်လာသည်။
လူရွယ်က တုန်လှုပ်သွား၏။ ဤသူကား အဖိုးကြီးဖန်းထက် များစွာပိုမိုအစွမ်းထက်သော သတ္တဝါတစ်ကောင် ဖြစ်နေချေပြီ။
“ ပင်းမို ... သူက ဖုန်းကျိရဲ့ စီနီယာအစ်ကိုဖေးယွမ်ပဲ သူ့ဘွဲ့နာမည်က သွေးမိုးတိမ် ... သူ့ကိုအချက်အလက်တွေ ဝေမျှပေးလိုက်ပါ။ ”
“ ဟုတ်ကဲ့ ... ။ ”
မျက်လုံးသုံးလုံး ရွှေဖားကြီးက အမိန့်ပေးလာတော့သည်။ လူရွယ်မှ ခေါင်းညိတ် ပြလိုက်၏။ ဖေးယွမ်ဆိုသူသည် လူရွယ်ရှေ့သို့ လျှောက်လှမ်းလာပြီး စစ်ဆေးကြည့်ကာ၊
“ မင်းရဲ့ ... ကနဦးရွှမ်ဟဲအဆင့် ခွန်အားအရဆိုရင် ဒီကမ္ဘာမှာဘယ်အဆင့်ရှိလဲ။ ”
-ဟု စတင်မေးမြန်း၏။
“ ငါ့ရဲ့ ခွန်အားနဲ့ အဆင့်အတန်းတွေက စီနီယာရဲ့မျက်လုံးထဲမှာ ပြောပလောက်စရာမျိုး မရှိပါဘူး စီနီယာ။ ”
“ ဟားဟားဟား ... ထက်မြက်တယ် မင်းနာမည် ငါကြားဖူးပါတယ် ... မင်းရဲ့ဆရာက ဒီကမ္ဘာရဲ့အုပ်စိုးရှင်မဟုတ်လား ... မင်းက သူ့ရဲ့တပည့်ကြီးဖြစ်ပြီး ...
... အခု ငါတို့ရဲ့ နှလုံးသားပြခန်းမှာ မင်းအစေခံနေတယ် ဒီအကြောင်းကို သူသိရင် ဘာတွေဆက်ဖြစ်မယ်ထင်လဲ။ ”
လူရွယ်မှ ပြန်မဖြေတော့ချေ။ နာကျင်သော ခံစားချက်များကို မျိုချလျက် ခေါင်းငုံ့သွားသည်။ ဤအခြေအနေသည် သူ့အတွက် မည်မျှ ကြာဦးမည် မသိချေ။
သေချာသည်မှာ နှစ်ပေါင်းများစွာ နာကျင်စေသောကြောင့် အမုန်းတရားများမှာ ပြည့်လျှံနေပြီဖြစ်၏။ ခေါင်းငုံ့အသက်မဲ့နေသော ထိုအသွင်ကြောင့် ဖေးယွမ်တစ်ယောက် ပျင်းရိသွားဟန်ဖြင့်၊
“ ကောင်းပြီ ... ဘာဖြစ်သွားတာလဲပြောပါ။ ”
-ဟု မေးမြန်းလိုက်တော့သည်။ တစ်ဆက်တည်းမှာပင် ပင်းမိုထံ စိုက်ကြည့်ပြီး၊
“ ငါမင်းကို သတိပေးပါရစေ ... စိတ်ကူးမယဉ်သင့်တာကို အိမ်မက်မက်မနေနဲ့ ငါတို့ အမိန်းကလေးက ...
... မင်းလိုအစေခံတစ်ယောက် စိတ်ကူးယဉ်ရမဲ့ အဆင့်အတန်းမျိုးမဟုတ်ဘူး ဆိုတာ သတိရပါ။ ”
-ဟု ထပ်မံဖြည့်စွက် ပြောကြားလိုက်၏။
များမကြာခင် လူရွယ်ထံပါးမှ အချက်အလက်များရယူပြီးနောက် ဖေးယွမ် တစ်ယောက် ထွက်ခွာသွားတော့သည်။
သူ့ထွက်ခွာသွားသည်နှင့် လူရွယ်က ပန်းချီကားချပ်ကို ပြန်လည်သိမ်းဆည်းလိုက်၏။ ကွေးညွှတ်နေသော ကိုယ်ဟန်အနေအထား သည်လည်း ဖြည်းညှင်းစွာ ပြန်မတ်လာသည်။
ရိုးရှင်းသိမ်မွေ့သော မျက်ဝန်းများ၌ အေးစက်စက် လူသတ်လိုသည့် အရိပ်အမြွက် အချို့ ထင်ဟပ်လာတော့၏။
***