← Chapters

အခန်း (၁၁၆၆-၁၁၇၀)

Vol. 68 Ch. 1166-1170

အခန်း (၁၁၆၆-၁၁၇၀)

Vol. 68 Ch. 1166-1170

အခန်း(၁၁၆၆)

“နောက်ပြီး ငါတို့မှာ အခြားရွေးချယ်စရာတစ်ခုရှိမယ်။ ငါတို့တွေ အခြားမြို့တွေကို လက်လျော့ပြီး အာရေးဗီးယားရဲ့ အဓိကမြို့တော်ကြီးဖြစ်တဲ့ ပါးတဆီ တစ်ဖြောင့်တည်းသွားလို့ရတယ်။ ကီလိုမီတာ နှစ်ထောင်၊ သုံးထောင်လောက်က ငါတို့ရဲ့လုပ်နိုင်စွမ်းရည်နဲ့ယှဉ်ရင် အသာလေးပါပဲ။ ငါတို့တွေအနေနဲ့ မြို့ရိုးတွေကို ကျော်ဖြတ်နိုင်ဖို့အထိ မလိုအပ်ဘူးဆိုပေမဲ့လည်း ငါတို့ကသာ လုံလောက်တဲ့အင်အားမျိုးရှိရင် အာရေးဗီးယားရဲ့ တော်ဝင်မြို့တော်ကြီးကို တိုက်ရိုက်ခြိမ်းခြောက်လို့ရတယ်။ ဒီလိုနဲ့ အင်ပါယာကြီးကို လှုပ်ခါအောင် လုပ်လိုက်ရင် သူတို့ရဲ့သမိုင်းမှာ အရှက်ရစေတဲ့ အမှတ်အသားတစ်ခု ဖြစ်သွားလိမ့်မယ်။ ဒီလိုအရှက်ခွဲတာက အာရေးဗီးယားတွေ လုံးဝလက်သင့်မခံနိုင်တဲ့ အခြေအနေမျိုးပဲ။ ရွှေထည်တစ်ဘီလီယံ ပေးရမယ်ဆိုရင်တောင်မှ သူတို့တွေ လက်သင့်မခံနိုင်လောက်ဘူး”

“ဒါတွေအပြင် ငါခန့်မှန်းတာသာ မှန်မယ်ဆိုရင် အာရပ်တွေက ငါတို့တောင်းဆိုတာကို လက်ခံနိုင်ချေမြင့်တယ်။ သူတို့က ငါတို့ကို ရွှေထည်တစ်ဘီလီယံ လာပို့လိမ့်မယ်။ အဲ့ဒီအချိန်မှာ သူတို့က သူတို့ရဲ့စစ်တပ်အတွက် အချိန်ဆွဲထားနိုင်ဖို့ မျှော်လင့်နေကြလိမ့်မယ်။ ဒီလိုနဲ့ ငါတို့ကို အလဲထိုးနိုင်ဖို့ ပြင်ဆင်ကြမှာပေါ့။ ဒါကြောင့် ဘယ်လိုနည်းနဲ့မဆို သူတို့ရဲ့ ရွှေထည်တစ်ဘီလီယံ လာပေးနိုင်ချေက တစ်ရာ ရာခိုင်နှုန်း အပြည့်ရှိနေတယ်”

ဝမ်ချောင်၏အမူအရာက ယုံကြည်မှုအပြည့်နှင့် တောက်ပနေသည်။ သူက နောက်ဆုံးစကားများကို အားအင်အပြည့်နှင့် ပြောလိုက်ခြင်းဖြစ်သည်။ ဝမ်ချောင်က ခန့်မှန်းတွက်ချက်ရန် ယုံကြည်မှုမရှိသည့် စစ်ပွဲများ မရှိချေ။ စစ်ပွဲကိုသုံးပြီး လျော်ကြေးငွေတောင်းခံခြင်းက ဒီလောကအတွက် အလွန်သစ်လွင်ပြီး သိချင်စိတ် ပြင်းပြစေလောက်မည့် ကိစ္စမျိုးဖြစ်သည်။ သို့သော် အခြားသော လောကတွင်မူ သာမာန်သာဖြစ်နေသည်။ ထိုလောကရှိ လူပေါင်းများစွာက တန်ကြေးမြှင့်သည့် ကိစ္စတွင် အလွန်ရင်းနှီးကျွမ်းဝင်နေကြသည်။

စစ်ပွဲသည် အကျိုးအမြတ်ကို လိုအပ်သည်။ ဒီစစ်ပွဲ၏ မည်မျှကြာရှည်စွာ ဖြစ်ပျက်ခဲ့သော အခြေအနေကို ထပ်ပေါင်းလိုက်သော် ဝမ်ချောင်သည်လည်း တော်ဝင်ခုံရုံးတွင် မဟာထန်မှလူများကို ကျေနပ်စေလောက်မည့် ပမာဏမျိုးနှင့် ကောင်းမွန်သည့် အဖြေမျိုးကို ပြန်ပေးနိုင်ရန် လိုအပ်နေလေသည်။

ဝမ်ချောင်၏စကားကို တုန့်ပြန်လိုက်သလိုမျိုး လေထုအတွင်း တောင်ပံခတ်သံက ပေါ်ထွက်လာသည်။ တခဏခန့်ကြာပြီးနောက် ကြီးမားသော ရွှေရောင်နှုတ်သီးနှင့် အမဲလိုက်သိန်းငှက်ကြီးက ကောင်းကင်ပေါ်မှ ဆင်းသက်လာပြီး မည်းမှောင်သည့် ခန်းမအတွင်းသို့ တိုက်ခိုက်ပျံသန်းကာ ခမ်းနားထည်ဝါသော ရွှေရောင် အစည်းအဝေး စားပွဲကြီးပေါ်သို့ ဆင်းသက်လိုက်သည်။ ထိုအမဲလိုက်သိန်းငှက်၏ ခြေထောက်တွင်လည်း စာတစ်စောင်ကို ချည်ထား၏။ ထိုစာက သိသာထင်ရှားလွန်းသည်။

ဝုန်း

အမဲလိုက်သိန်းငှက်ကို မြင်လိုက်ရခြင်းက ခန်းမတစ်ခုလုံးကို တိတ်ဆိတ်သွားစေသည်။ လူတိုင်းကလည်း အံ့အားသင့်မှု၊ စိတ်လှုပ်ရှားမှုများနှင့်အတူ စောင့်ကြည့်နေကြ၏။ အချို့ကမူ ထိုင်ခုံမှပင် ထရပ်မိကြသည်။

ရွှေထည်တစ်ဘီလီယံ

အာရပ်တွေက တကယ်ပဲ သဘောတူမှာလား။

လူတိုင်းက အသက်ရှုအောင့်ထားကြသည်။

စွစ်

ပိန်ပါးသော လက်တစ်ဖက်က ဆန့်ထွက်လာပြီး အမဲလိုက်သိန်းငှက်၏ ခြေထောက်မှ စာကိုဖြေယူသည်။ တခဏခန့်ကြာပြီးနောက် ယွမ်ရှု့စုန့်က ရုတ်တရက် စိတ်လှုပ်ရှားသွားသည်။

“အရှင် အာရပ်တွေက ရွှေထည်တစ်ဘီလီယံကို ပေးဖို့ သဘောတူလိုက်တယ်။ သူတို့တွေ တကယ်သဘောတူလိုက်တယ်”

“ဘာ”

ထိုစကားများက ခန်းမတစ်ခုလုံးကို အားလှိုင်းများ ရိုက်ခတ်လိုက်သည်။ လူတိုင်းကလည်း အလန့်တကြား ထရပ်မိကြသည်။

“ငါကြည့်ပါရစေ”

အာရပ်များထံမှစာက ကောင်းရှန်းကျစ်ထံ အရင်ဆုံးရောက်သွားသည်။ ထို့နောက် ချန်းချန့်လီ၊ ရှီယွမ်ချင်၊ လုံရှီယွီ၊ လီစစ်ယဲ့... ခန်းမထဲရှိလူတိုင်းက စာကိုကြည့်ကြသည်။ သို့သော် ယွမ်ရှု့စုန့်ကလွဲပြီး မည်သူကမှ မဖတ်နိုင်ချေ။

သို့သော် ဒီကိစ္စသည် အံ့အားသင့်စရာကောင်းလွန်းသည်။ ဝမ်ချောင်၏ ရွှေထည်တစ်ဘီလီယံကို တောင်းဆိုခြင်းက မှင်သက်ရန် လုံလောက်နေခဲ့ပြီဖြစ်သည်။ သို့သော် အာရပ်များက အမှန်တကယ် လက်ခံလိုက်ခြင်းက ပို၍ပင် မှင်သက်စေသေးသည်။ သူတို့က စာပေါ်မှ စကားလုံးများကို ဖတ်တတ်ခြင်း၊ မဖတ်တတ်ခြင်းက အရေးမကြီးချေ။ သူတို့အားလုံးက ဒီတိုင်း နည်းလမ်းတစ်ခုကိုသုံးပြီး သူတို့ဘာသာ အတည်ပြုလိုနေကြခြင်းဖြစ်သည်။ ဒီနည်းအားဖြင့် စစ်ပွဲကို အနိုင်ရသွားသောကြောင့် ရွှေထည်တစ်ဘီလီယံကို လျော်ကြေးအဖြစ်ရရှိခြင်းဟာ ကောင်းရှန်းကျစ်ကဲ့သို့ လူမျိုးအတွက် တွေးပင်မတွေးရဲဖူးသော အခြေအနေမျိုးဖြစ်နေသည်။

သူက ရှီတိုင်းပြည်ကို တိုက်ခိုက်ခဲ့သောကြောင့် ဖြစ်ပျက်လာခဲ့သည့် အကျိုးဆက်က ဖုန်မှုန့်နှင့် တိမ်စိုင်များအလား ကွာခြားချက်ကြီးမားသည်။

ထိုစာတစ်စောင်တည်းနှင့် ဝမ်ချောင်က လူတိုင်းမထင်မှတ်ထားလောက်မည့် ကိစ္စမျိုးကို လုပ်လိုက်သည်။

“ဝမ်းသာစရာပဲ”

ချန်းချန့်လီက စိတ်လှုပ်ရှားမှုအပြည့်နှင့် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ မည်သို့သော စကားလုံးများကို ပြောစေကာမူ လူတိုင်းအတွက် အာရပ်များ၏ ပြန်စာကြောင့် အံ့အားသင့်ရသည့် ခံစားချက်မျိုးကို ဖော်ပြနိုင်လိမ့်မည်မဟုတ်ချေ။ ချက်ချင်းဆိုသလိုပင် လူတိုင်းကလည်း ဝမ်ချောင်၏ ဗျူဟာရည်မှန်းချက်ကို နားလည်လိုက်သည်။

“ရွှေသားတစ်ဘီလီယံ ဒီတင်ပြချက်ကသာ တော်ဝင်ခုံရုံးကို ရောက်သွားခဲ့ရင် ဘယ်အရာရှိကမှ ယုံရဲမှာမဟုတ်ဘူး။ ပြည်တွင်းအရာရှိနဲ့ အမှုထမ်းရေးရာ ရုံးတော်ကလူတွေ အပြုအမူ ပြောင်းသွားမှာ သေချာတယ်”

ရွှေသားတစ်ဘီလီယံသည် ချန်းချန့်လီကဲ့သို့ ဒုကာကွယ်စောင့်ရှောက်ရေး ဗိုလ်ချုပ်ကြီးကိုပင် စိတ်လှုပ်ရှားစေလောက်အောင် မှင်သက်ဖွယ် ကောင်းလွန်းသည့် ပမာဏဖြစ်နေသည်။ တာလာ့တွင် စစ်သားပေါင်းများစွာ သေသွားသည်။ ပေးအပ်ရမည့် လျော်ကြေးငွေ တစ်ခုတည်းကတင် မြောက်များနေပြီဖြစ်သည်။ ချန်းချန့်လီကလည်း မည်သို့လုပ်သင့်ကြောင်း ဆက်တိုက် တွေးတောနေခဲ့ရ၏။ စစ်သားများနှင့် ဘေးချင်းယှဉ်လျှက်ရပ်ပြီး တာဝန်ထမ်းဆောင်သော ဗိုလ်ချုပ်တစ်ယောက်အနေနှင့် သူဟာ သူတို့၏ အကျိုးအမြတ်အတွက် အကောင်းဆုံးတိုက်ခိုက်ပေးရန် လိုအပ်သည်။ သို့သော် ယခုမူ သူ၏ပြဿနာများကို အလွယ်တကူ ဖြေရှင်းလိုက်နိုင်သည်။

“ဒါပေမဲ့ အာရပ်တွေက တောင်းဆိုမှုနည်းနည်းတော့ ထည့်သွင်းထားတယ်”

ထိုအခိုက်အတန့်တွင် ယွမ်ရှု့စုန့်ကပြောသည်။ သူ၏မျက်မှောင်က အတွေးနှင့်အတူကျုံ့သွားသည်။

“အာရပ်တွေက ငါတို့ကြားက ဒီစစ်ပွဲ အဆုံးသတ်ကြောင်း သဘောတူလက်မှတ် ရေးထိုးနိုင်ဖို့ မျှော်လင့်နေတယ်။ အာရပ်တွေရဲ့ ပြောစကားအရ သူတို့ဟာမဟာထန်ကို မကျူးကျော်တော့ကြောင်း ကတိပေးနိုင်တယ်။ ဒါပေမဲ့ ငါတို့ကလည်း ခိုရာစန်းကနေ ပြန်ဆုတ်ပြီး ခိုရာစန်းနဲ့ ဆမ်ဆာခမ်းကြားက ပိုင်နက်နယ်မြေကို သူတို့ဆီ ပြန်ပေးရမယ်တဲ့။ ဒါတွေအပြင် ငါတို့က ဒီမြို့အပြင် ဘယ်မြို့ကိုမှ မခြိမ်းခြောက်သင့်သလို တိုက်ခိုက်ခွင့်လည်း မပြုဘူးတဲ့”

ဝုန်း

ယွမ်ရှု့စုန့်၏ စကားလုံးများက အားလုံးကို တိတ်ဆိတ်သွားစေသည်။ လူတိုင်းက အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ မဟာထန်၏ ရပ်တည်မှုမှတစ်ဆင့် အာရပ်များ၏ ပြောဆိုမှုက လက်ခံနိုင်ဖွယ် ရှိနေသေးသည်။ ရွှေသားတစ်ဘီလီယံကို ယခင်အာရပ်များ ပိုင်ဆိုင်ပြီးသား ပိုင်နက်နယ်မြေနှင့် ပြန်လည် လဲလှယ်ရခြင်းက သမိုင်းမှတ်တမ်းကို ပြောင်းလဲစေခြင်းမရှိသေးချေ။

စစ်သားများအတွက်မူ ထူးဆန်းပြီး မရင်းနှီးသော ပိုင်နက်နယ်မြေအတွင်းတွင် ကြာရှည်စွာ နေထိုင်ရခြင်းက အကျိုးအမြတ်မရရှိစေနိုင်သလို မဟာထန်အတွက်လည်း အကျိုးအမြတ် မရှိစေနိုင်ချေ။

“ငါငြင်းတယ်”

စုဟန်ရှန်းက ရုတ်တရက် သူ၏အေးစက်ကာ မောက်မာသလိုထင်ရသည့် အသံမျိုးဖြင့် ထပြောသည်။ သူ၏အမူအရာကမူ ယိမ်းယိုင်ခြင်းမရှိချေ။

“ငါတို့ကသာ အာရပ်တွေတောင်းဆိုတာက သဘောတူလက်ခံလိုက်ရင် ငါတို့တွေ ကြိုးစားအားထုတ်မှုတွေ အားလုံးက အလဟသဖြစ်သွားမှာပေါ့။ နောက်ပြီး အရာအားလုံးအတွက် ပထမဦးဆုံးအကြိမ်ဆိုတာ ရှိတယ်။ အတိတ်မှာ ငါတို့တွေ အနောက်ပိုင်းဒေသရဲ့ နယ်မြေတွေကို သိမ်းယူတဲ့အခါ အခုအချိန်အထိ အဲ့ဒီနယ်မြေတွေကို ကောင်းကောင်းစီမံအုပ်ချုပ်ခဲ့ကြတာ မဟုတ်လား။ ဒါပေမဲ့အခု ခိုရာစန်းကို သိမ်းပိုက်လိုက်တယ်။ ဒါကငါတို့ရဲ့ အုပ်ချုပ်မှုအောက်ကို ခိုင်ခိုင်မြဲမြဲ ရောက်နေအောင် ထားထားသင့်တာ။ ဒီလိုအခြေအနေမျိုးမှာ ဒီလိုနယ်မြေမျိုးကို သေချာသိမ်းပိုက်ပြီး အုပ်ချုပ်သင့်တယ်လို့ထင်တယ်”

“ဒါပေါ့ ငါတို့သဘောတူလို့ ဘယ်ရပါ့မလဲ”

ဝမ်ချောင်က အော်ရယ်သည်။

“ဒီအခြေအနေတွေအရ အာရပ်တွေက ဗဟိုပြင်ကျယ်ကို လိုချင်စိတ်ရှိနေသေးတယ်ဆိုတာကို ဖော်ပြနေတယ်။ ဒါပေမဲ့ သူတို့ကိုငါတို့က အလဲထိုးပြီး နောက်ဆုတ်လိုက်စေတယ်။ ငါတို့က ခိုရာစန်းကို သိမ်းပိုက်လိုက်ပြီ။ အာရပ်တွေက ရွှေထည်တစ်ဘီလီယံကို လျော်ကြေးပေးတာက ငါတို့ရဲ့ ဆုံးရှုံးမှုအတွက်ကြောင့်ပဲ။ ဒါက လက်ရည်တူ လဲလှယ်ခွင့်ရထားတဲ့ အခြေအနေမျိုးကြောင့် မဟုတ်ဘူး။ ကြည့်ရတာ အရှင်မင်းကြီး မူတာစီရန်က အခြေအနေကို ကောင်းကောင်း နားမလည်သေးတဲ့ပုံပဲ။ ဒါမှမဟုတ် စစ်ပွဲကရှုံးတဲ့ဘက်က ဘယ်လိုပြုမူရမလဲဆိုတာကို မသိတာဖြစ်မယ်။ ဗိုလ်ချုပ်ချန်း စစ်တပ်ကိုဦးဆောင်ပြီး တိုင်ဂရစ်မြစ်ကိုဖြတ်လို့ အနီးဆုံးမြို့ဖြစ်တဲ့ ရှမ်းသာမြို့ကိုတိုက်ခိုက်လိုက်။ မင်းက အဲ့ဒီမြို့ကို သိမ်းပိုက်ပြီးသွားတဲ့အချိန်မှာ ခိုရာစန်းကို ချက်ချင်းပြန်ဆုတ်လာခဲ့တော့။ ဒီလိုဆိုရင် သူတို့တွေ အခြေအနေကို နားလည်လိမ့်မယ်”

“နားလည်ပါပြီ ဒီကိစ္စကို ငါ့ရဲ့တာဝန်ထားလိုက်”

ချန်းချန့်လီက ပြုံးလျှက်ပြောသည်။

ဒီစစ်ပွဲ၏ ပြောင်းလဲတိုးတက်လာပုံက သူ၏နားလည်နိုင်စွမ်းကို ကျော်လွန်နေပြီးသားဖြစ်သည်။ သို့သော် ချန်းချန့်လီက ဝမ်ချောင်ကို အပြည့်အဝယုံကြည်သည်။ ဝမ်ချောင်က မည်သို့ပြောစေကာမူ တစ်ဖက်သူက ပေးသည့်အမိန့်အတိုင်း သူက တာဝန်ထမ်းဆောင်ရန် ရှိနေပြီးသားဖြစ်သည်။

ဗိုလ်ချုပ်များသည် ထိုမြို့၏ ခုခံရေးနှင့်ပတ်သတ်သည့် အသေးစိတ်အချက်အလက်များကို တွေးတောပြီးနောက် အစည်းအဝေးပွဲကို အနှစ်ချုပ်လိုက်ကာ ထွက်သွားကြသည်။

လူတိုင်းက ထွက်ခွာသွားပြီးနောက် ဝမ်ချောင်နှင့် ကောင်းရှန်းကျစ်ကသာ ကျန်ရစ်သည်။ တစ်ဖက်သူက မနေနိုင်ဘဲပြောသည်။

“ဝမ်ချောင် အာရေးဗီးယားမှာ လုပ်နိုင်စွမ်းရည် ရှိတဲ့လူတွေ ရှိနေတုန်းပဲ။ သူတို့က ကတိတည်မယ်လို့ မင်းထင်ထား”

“အရှင်ကာကွယ်စောင့်ရှောက်ရေးဗိုလ်ချုပ် ခင်ဗျားပြောကြည့်ပါဦး။ အာရေးဗီးယားမှာ ဉာဏ်ကောင်းတဲ့ လူအချို့ ရှိနေတုန်းပဲ။ ဒါကိုသူတို့က ဘယ်လိုကြောင့်များ ငါတို့နဲ့ ငြိမ်းချမ်းရေးယူဖို့ ပြောရမှာလဲ။ သူတို့ကဒီတိုင်း ငါတို့ရဲ့စစ်သားတွေကို အရှိန်နှုန်း နှေးစေချင်ရုံပဲ”

ဝမ်ချောင်က ချက်ချင်းလိုလို အခိုင်အမာပြောလိုက်သည်။

အာရေးဗီးယားသည် စစ်ပွဲပေါ်မူတည်ပြီး တည်ထောင်ထားသော တိုင်းပြည်ကြီးဖြစ်သည်။ သူတို့သည် သိမ်းပိုက်အုပ်စိုးရာတွင် ပျော်ရွှင်နေပြီးသားဖြစ်သည်။ အစပိုင်းကတည်းက ဝမ်ချောင်အနေနှင့် သူတို့ဟာ ဘယ်သောအခါမှ ငြိမ်းချမ်းရေးအတွက် စကားပြောမည်မဟုတ်ကြောင်း ငြိမ်းချမ်းမှုကို လက်ခံမည်မဟုတ်ကြောင်း သဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးမည်မဟုတ်ကြောင်း နားလည်ထားပြီးသားဖြစ်သည်။

သို့သော် အာရေးဗီးယားက ဆန္ဒရှိရှိ မရှိရှိ သူတို့က ဝမ်ချောင်တောင်းဆိုသည့် ရွှေသားတစ်ဘီလီယံကို ပေးအပ်ရန် လိုအပ်သည်။ သူတို့အတွက် တောင်းဆိုမှုများပြုရန် အခွင့်အရေးလည်း မရှိချေ။

...

အစည်းအဝေးခန်းမမှ ထွက်ခွာလာပြီးနောက် ဝမ်ချောင်က ခိုရာစန်း၏အနောက်ဘက် မြို့ရိုးများပေါ်သို့ ဆင်းသက်လိုက်သည်။ အောက်ဘက်တွင်မူ ခပ်ကြမ်းကြမ်း စီးဆင်းကျော်ဖြတ်နေသည့် တိုင်ဂရစ်မြစ်ကြီးရှိသည်။ ကျယ်ပြောလွန်းသော ထိုမြစ်ကြီးက သဘာဝ အကာအကွယ်လွှာကြီးဖြစ်ပြီး ခိုရာစန်း၏ မြို့အတွက် ခုခံရေးအားလှိုင်းတစ်ခုအဖြစ် တည်ရှိနေသည်။

သူက ထိုမြစ်ပေါ် အာရုံကျပြီးကတည်းက ဝမ်ချောင်အနေဖြင့် အရေးပါသော စစ်ဘက်ဆိုင်ရာ တန်ဖိုးတစ်ခုကို နားလည်လိုက်သည်။ ရှု့ထောင့်တစ်ခုမှ ကြည့်သော် အပုမူစလင်ကမှန်သည်။ ခိုရာစန်းသည် လက်လှမ်းရခက်ခဲလွန်းသော မြို့တစ်မြို့ဖြစ်နေသည်။

ဝမ်ချောင်၏အနောက်ဘက်မှ ခိုင်မာပြီး လေးနက်သော အသံမျိုးကထွက်လာသည်။

“ဗိုလ်ချုပ် မူတာစီရန်သုံးက ဒေါသထွက်ပြီး ပို့လိုက်မဲ့ မြောက်များလွန်းတဲ့ အစိုးရတွေနဲ့ ဗိုလ်ချုပ်တွေ အပါအဝင် စစ်သည်သိန်းပေါင်းများစွာကို ဘယ်လိုကိုင်တွယ်မလဲဆိုတာကို စဉ်းစားပြီးပြီလား။ ငါတို့တွေက အာရပ်တွေနဲ့ ငြိမ်းချမ်းမှုကို တကယ်ဆွေးနွေးနိုင်မှာ မဟုတ်ဘူး။ သူတို့က သဘောတူရင်တောင်မှ ဗိုလ်ချုပ်အနေနဲ့ ထွက်သွားဖို့ခက်လိမ့်မယ်”

ဝမ်ချောင်က ဖျော့တော့စွာပြုံးသည်။

“ဟား ဟား ဆိုတော့ ဗိုလ်ချုပ်ကလည်း ငါတို့နဲ့အာရပ်အကြား ဘာတွေဖြစ်နေလဲဆိုတာကို သိနေတာပဲ။ ဗိုလ်ချုပ်အနေနဲ့ ငါတို့က ခိုရာစန်းကနေ နောက်ဆုတ်ပြီး ထွက်ခွာသွားမယ်လို့ထင်လား”

သူက နောက်လှည့်မကြည့်ဘဲ မေးလိုက်သည်။

သူက ခိုရာစန်း၏ မြို့ရိုးပေါ်သို့တက်လာသည်မှာ တိုင်ဂရစ်မြစ်၏ ခမ်းနားကြီးကျယ်မှုကို လာကြည့်ရုံသပ်သပ် မဟုတ်ချေ။ ဗဟိုပြင်ကျယ်တွင်လည်း အလားတူ မြစ်ပေါင်းများစွာရှိသည်။ သို့သော်သူက ပါးရန်ရောက်လာမည့်အချိန်ကို စောင့်နေခဲ့ခြင်းဖြစ်သည်။

“သေချာပေါက် မဖြစ်နိုင်ဘူးပေါ့။ အဲ့ဒီလိုမှမဟုတ်ရင် မင်းကဒီနေရာမှာ ပေါ်လာမှာမဟုတ်ဘူး”

ပါးရန်က ခပ်တောက်တောက်ဖြစ်နေသည့် အာရပ်လေသံမျိုးနှင့်ပြောသည်။ ပါးရန်သည် မဟာထန်၏ ဘာသာစကားကို မပြောတတ်ချေ။ သို့သော် ဝမ်ချောင်ကမူ ခိုရာစန်း၏ ဘာသာစကားကို မပြောတတ်ချေ။ အဆုံးသတ်တွင်မူ သူတို့နှစ်ယောက်က အချင်းချင်း ဆက်သွယ်ရန် လိုအပ်လာသည့်အခါ အာရပ်ဘာသာစကားကို သုံးနေရသည်။

ပါးရန်က စကားဆက်မပြောခင် အချိန်တခဏခန့် ရပ်တန့်လိုက်သေးသည်။ သူ၏မျက်မှောင်က စိုးရိမ်မှုနှင့်အတူ ကျုံ့သွားသည်။

“ဒါပေမဲ့ ပုန်ကန်သူစစ်သားတွေက ဒီလိုမျိုး သံသယဝင်နေကြတယ်။ မင်းကနောက်ဆုတ်သွားခဲ့ရင် သေချာပေါက် အထိတ်တလန့် ထွက်သွားရမှာပဲ။ နောက်ပြီး အင်အားအများကြီး စိုက်ထုတ်ပြီး စုစည်းထားရတဲ့ စစ်တပ်က လူစုကွဲသွားလိမ့်မယ်။ အာရပ်တွေကလည်း ငါတို့နောက်ကလိုက်ပြီး ငါတို့ကို အများကြီးဆုံးရှုံးစေလိမ့်မယ်”

သူက မဟာထန်နှင့် အာရပ်အကြားမှ ငြိမ်းချမ်းမှု စသဖြင့် အကြောင်းအရာများကို အမှန်တကယ် ဂရုမစိုက်ချေ။ ရွှေသားတစ်ဘီလီယံကလည်း သူနှင့်မသက်ဆိုင်ချေ။ ရှု့ထောင့်တစ်ခုမှသာ ကြည့်မည်ဆိုလျှင် ပါးရန်အနေဖြင့် ဒီအခြေအနေဟာ ကောင်းမွန်သည်ဟု ယုံကြည်သည်။ အကြောင်းမူကား မဟာထန်က အကျိုးအမြတ်ရမှသာ ဆက်နေပေလိမ့်မည်။

အာရပ်များသည် အလွန်အင်အားကြီးမားသည်။ အင်အားကြီးမားလွန်းသဖြင့် အရှေ့ပိုင်းမှ မဟာထန်ကသာ သူတို့ကို ကိုင်တွယ်နိုင်စွမ်းရည်ရှိနေသည်။

ထို့ကြောင့် ပုန်ကန်သူပေါင်း များစွာကလည်း မဟာထန်ထံတွင် အာရေးဗီးယားကို ဖိနှိပ်ထားနိုင်မည့် မျှော်လင့်ချက်မျိုးကို ထွက်လာရန် ဆန္ဒရှိကြခြင်းဖြစ်သည်။ မဟာထန်ကသာ ခိုရာစန်းမှ ဆုတ်သွားခဲ့သော် ကျန်သောလူများ ခံစားရမည့် အံ့ဩမှုနှင့် ခြောက်ခြားမှုကို ခံစား၍ရသည်။

“သူတို့ကို စိတ်အေးအောင် ပြောဖို့အတွက်ကတော့ ဗိုလ်ချုပ်ရဲ့ ဂုဏ်သိက္ခာနဲ့ အဆင့်အတန်းကိုပဲ မှီခိုရတော့မယ်ထင်တယ်။ မဟာထန်က နောက်ဆုတ်မှာမဟုတ်ဘူး။ အနည်းဆုံး အရမ်းကို ကောင်းမွန်လွန်းတဲ့ အကြောင်းပြချက်မျိုး မရှိဘဲ မဆုတ်ပါဘူး”

ဝမ်ချောင်က ပြုံးလိုက်သည်။

“ကာလစ်က စုစည်းမယ်ဆိုတဲ့ စစ်သည်သိန်းကျော်အတွက်ကတော့ ဗိုလ်ချုပ်အနေနဲ့ ဒီကိစ္စနဲ့ပတ်သတ်ပြီး စိုးရိမ်ဖို့မလိုဘူး။ အာရပ်တွေက အဲ့ဒီလိုအခွင့်အရေး ရမှာမဟုတ်ဘူး။ အနည်းဆုံး နောက်ထပ် သုံးလအတွင်း အဲ့ဒီလိုအခွင့်အရေး မရဘူး”

အခန်း(၁၁၆၇)

“အာ”

ပါးရန်ကဲ့သို့ အတွေ့အကြုံရှိ လူကပင် ဝမ်ချောင်၏ စကားများကြောင့် အနည်းငယ်ကြောင်သွားသည်။ သူသည်လည်း တစ်ဖက်သူက မည်သည့်အတွက်ကြောင့် ယုံကြည်မှုရှိလွန်းနေကြောင်း မရှင်းလင်းပေ။

ဝမ်ချောင်ကရယ်သည်။ သူက ကောင်းကင်ကို ဖော်ပြရန်ခက်ခဲသော အကြည့်မျိုးဖြင့် တစ်ချက်ကြည့်လိုက်သည်။ သူ၏မျက်နှာကမူ နားလည်ရန်ခက်ခဲနေသည်။

“ဒါတွေအပြင် မဟာဗိုလ်ချုပ်ကြီးက စိုးရိမ်နေသေးရင် ငါက မဟာဗိုလ်ချုပ်ကြီးကို သေချာတဲ့ကိစ္စတစ်ခု ထုတ်ပြောလို့ရပါတယ်။ ငါ့မှာ လှမ်းပို့လိုက်ပြီးသား လက်နက်ကြီးတွေနဲ့ လေးလံတဲ့ လက်နက်ကြီးတွေ အထဲကိုထည့်တဲ့ ကျည်ဆံတွေ အားလုံးရှိနေပြီးသား။ မြို့တော်ကလည်း တပ်ကူတွေ စပို့တော့မှာ ပထမအဖွဲ့က လအနည်းငယ်အတွင်း ခိုရာစန်းကို ရောက်လာလိမ့်မယ်။ ဗိုလ်ချုပ်အနေနဲ့ ဒီကိစ္စကို ပုန်ကန်တဲ့ စစ်တပ်အဖွဲ့ကို ပြောရင်လည်း ကိစ္စမရှိပါဘူး။ အနည်းဆုံး မဟာထန်ရဲ့ လုပ်ရပ်အတွက် သူတို့ရဲ့ပူပန်မှုတွေကို ဖယ်ရှားပြီး ယုံကြည်မှုတွေကို ခိုင်မာစေလိမ့်မယ်”

ဝမ်ချောင်က ခိုင်မာစွာပြောလိုက်သည်။

ပါးရန်ကလည်း ဝမ်ချောင်၏ စကားများကြောင့် ကြောင်သွားရပြန်သည်။ ထို့နောက်သူက စိတ်အေးသွားသလို သက်ပြင်းချသည်။

“ဗိုလ်ချုပ်ရဲ့စကားတွေက လုံလောက်ပါတယ်။ ငါကိုယ်တိုင်ကိုယ်ကျ သူတို့ကို စိတ်အေးအောင် ပြောပြလိုက်မယ်”

ပါးရန်က ခပ်မြန်မြန်ထွက်သွားသည်။

လေပြင်းက ခိုရာစန်း၏ မြင့်မားလွန်းသော မြို့ရိုးများကို ဖြတ်တိုက်နေသည်မှာ တစ္ဆေများ ငိုညဉ်းနေသည့်အလား ထင်ရသည်။ ရာသီဥတုကလည်း အတိတ်ကထက် အများကြီးအေးလာသည်။ သမိုင်းမှ ကပ်ဘေးကြီးက တဖြည်းဖြည်း ချဉ်းကပ်လာပြီဖြစ်ကြောင်း ဝမ်ချောင်ကလွဲပြီး မည်သူကမှ မသိလောက်ချေ။ ထိုကပ်ဘေးသည် လူတိုင်းမျှော်လင့်ထားသည်ထက် ကြမ်းတမ်းပြီး ခက်ထန်ကာ ကြောက်မက်ဖွယ်ကောင်းလွန်းသည်။

“ဟား”

ဝမ်ချောင်က ခပ်တိုးတိုးရယ်လိုက်ပြီး မြို့ရိုးမှထွက်ခွာသွားသည်။

.....

မဟာထန်သည် စစ်သားများ ထပ်မံစေလွှတ်လိုက်မည်ဖြစ်ကြောင်း ကြားသိရပြီးနောက် ခိုရာစန်းရှိ ပုန်ကန်သူ စစ်သည်တော်များအားလုံးက စိုးရိမ်မှုများ ပျောက်ကွယ်သွားကြသည်။ နေ့တစ်ဝက်ခန့် ကြာပြီးနောက် စန်းတာတွင် မြန်ဆန်ပြီးကြမ်းတမ်းသော တိုက်ပွဲက ဖြစ်ပေါ်လာသည်။ တိုင်ဂရစ်မြစ်ကို ကျော်ဖြတ်လာလျှင် ခိုရာစန်းနှင့် အနီးဆုံးက ထိုမြို့ကြီးဖြစ်သည်။ ချန်းချန့်လီ၏စစ်တပ်က စန်းတာကို သိမ်းယူလိုက်ပြီး အာရပ်၏ မြို့စောင့်တပ်ကို ထိုးဖောက်လိုက်ကာ အဆောက်အဦး တစ်ဆယ်ကျော်ကို ဖျက်ဆီးခဲ့ပြီးမှ ခိုရာစန်းထံ ပြန်ဆုတ်ခဲ့သည်။

ဒါဟာ အာရေးဗီးယား၏ အရှိန်အဝါကို ထိခိုက်စေသလို မဟာထန်၏ စိတ်ဆန္ဒကိုလည်း ဖော်ပြရာရောက်သည်။ အာရေးဗီးယားကသာ မဟာထန်၏ တောင်းဆိုမှုကို လက်မခံလျှင် ယခုလို ရေကြည်စမ်းသလို တိုက်ခိုက်လိုက်မှုက ပို၍သာ ပြင်းထန်လာဖွယ်ရာရှိသည်။

ရက်အနည်းငယ်ခန့် ကြာပြီးနောက် ထိုသတင်းက ပါးတထံ ရောက်ရှိသွားသောအခါ မျှော်လင့်ထားသည့်အတိုင်း အာရပ်အသိုင်းအဝိုင်း တစ်ခုလုံး ဒေါသမုန်တိုင်းထန်ပြန်သည်။

“မျိုးမစစ်တွေ”

နန်းတော်အတွင်းမှ ကာလစ်က ဒေါသထွက်လွန်းသဖြင့် သူအနှစ်သက်ရဆုံးသော အမဲလိုက်သိန်းငှက်ကိုပင် သေသည်အထိ မတော်တဆ သတ်မိသွားသည်။ သို့သော် ထိုသို့လုပ်လိုက်မိသည့်တိုင်အောင် ဝမ်ချောင်၏အကြံက သက်ရောက်မှုရှိကြောင်း သက်သေပြလိုက်နိုင်သည်။ အာရေးဗီးယား၏ ရွှေများက ပါးတထံမှ ညတွင်းချင်း ခိုရာစန်းထံ သယ်ပို့ခြင်းခံရသည်။ ထိုရွှေထည်များကို မြင်းတစ်ထောင်ကျော်ခန့်၏ ကျောပေါ်တွင် သယ်ဆောင်လာခဲ့ခြင်းဖြစ်သည်။ ဒီတစ်ကြိမ် စာထဲတွင်ပါဝင်သော လေသံကပင် ပို၍နူးညံ့သွားပြီး ခိုရာစန်းထံ ခပ်မြန်မြန်စေလွှတ်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

သို့သော် တစ်ချိန်ထဲတွင်ပင် အာရပ်စစ်တပ်ကို စုစည်းသည့် အရှိန်နှုန်းက မြင့်တက်သွားသည်။ စစ်သည် သိန်းပေါင်းများစွာက အာရေးဗီးယား၏ အမျိုးမျိုးသော စစ်နယ်မြေဇုံများမှ ချီတက်လာကြသည်မှာ စမ်းချောင်းထောင်ပေါင်းများစွာက မြေကြီးထံ အသားကုန်စီးဝင်လာသလိုမျိုး ထင်ရသည်။ ထိုကဲ့သို့သော အရှိန်နှုန်းမျိုးနှင့် သူတို့က ခိုရာစန်းထံဦးတည်သည်။ အာရပ်အစိုးရ တစ်ဝက်ကျော်နီးပါးကို ဒေါသတကြီးဖြစ်နေသည့် ကာလစ်က မောင်းထုတ်လိုက်ပြီး ခိုရာစန်းထံ ထွက်သွားစေသည်။ ဒါဟာ မမျှော်လင့်ထားသည့် အင်အားစုတစ်ခုကို စုစည်းမှုလည်းဖြစ်နေသည်။ မဟာထန်၏ လုပ်ဆောင်မှုက အာရေးဗီးယား၏ အဆင့်လွန်အုပ်ချုပ်သူကြီးကို ရန်စလိုက်မိသည်။

.....

အာရေးဗီးယား၏ ရွှေထည်များက အလွန်မှော်ဆန်လွန်းစွာ ရောက်ရှိလာသည်။ မြင်းထောင်ပေါင်းများစွာ၏ ကျောပေါ်တွင်သယ်လာသည့် တောင်ပုံရာပုံဖြစ်နေသော ရွှေသားများကို မြင်လိုက်ရသည့် မြင်ကွင်းကလည်း မှင်သက်ဖွယ်ရာဖြစ်သည်။ ထိုမြင်းများက တိုင်ဂရစ်မြစ်ကို ကျော်ဖြတ်ပြီး ခိုရာစန်းထံ ဝင်ရောက်လာခြင်းဟာ စစ်တပ်အပေါ် ပြင်းထန်လွန်းသည့် စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုတစ်ခု ဖြစ်သွားသည်။ စစ်သားများကပင် ကျယ်လောင်စွာ အောင်ပွဲခံကြ၏။

တစ်ရက်တည်းတွင်ပင် ချန်းချန့်လီက ဝမ်ချောင်နှင့် ကောင်းရှန်းကျစ်တို့၏ နာမည်နှင့်အတူ ထိုအကြောင်းအရာကို တော်ဝင်ခုံရုံးထံ တင်ပြလိုက်သည်။

ခုနှစ်ရက်၊ ရှစ်ရက်ခန့်ကြာပြီးနောက် သတင်းက မဟာထန်၏ မြို့တော်သို့ရောက်သွားသည်။ မျှော်လင့်ထားသည့်အတိုင်း ပြင်းထန်သည့် ရိုက်ခတ်မှုများ ဖြစ်လာပြန်သည်။

“ဒါက ဘယ်လို ချီရှီကာကွယ်စောင့်ရှောက်ရေး ဗိုလ်ချုပ်နဲ့ အန်းရှီကာကွယ်စောင့်ရှောက်ရေး ဗိုလ်ချုပ်တို့က အာရေးဗီးယားဆီက ရွှေသားတစ်ဘီလီယံရအောင် ယူလိုက်နိုင်တယ် ဟုတ်လား”

သတင်းကိုကြားသောအခါ ဝမ်ချောင်၏ အကြီးမားဆုံးသော ပြိုင်ဘက်ကြီးဖြစ်သည့် မဟာတော်ဝင် ဆရာကပင် ထိုင်ခုံကို ငြိမ်ငြိမ်မထိုင်နိုင်တော့ချေ။ စစ်သည် လူများအပေါ် ဝန်ထုတ်ဝန်ပိုးဖြစ်စေသည်။ တစ်ယောက်ချင်းစီတိုင်းက ကြောက်မက်ဖွယ်ကောင်းလောက်အောင် မြောက်များသော အရှုံးများ ရရှိစေလောက်အောင် တိုင်းပြည်၏ အရင်းအမြစ်များကို သုံးစွဲနေခြင်းဖြစ်သည်။ သို့သော် ဒီစစ်ပွဲ၏ နောက်ဆုံးသော အခိုက်အတန့်မျိုးတွင် ဝမ်ချောင်နှင့် အခြားသောသူများက တော်ဝင်ခုံရုံးသို့ ရွှေသားတစ်ဘီလီယံ ထောက်ပံ့ပေးနိုင်မည်ဟု မထင်ထားခဲ့ချေ။

မဟာတော်ဝင်ဆရာကဲ့သို့ အမြဲတစေ တည်ငြိမ်ပြီး စိတ်ဓာတ်ခိုင်မာသည်ဟု ယူဆရသောလူ ရှားရှားပါးပါး ပျော်ရွှင်သောအမူအရာကို ပြခဲသောလူကပင် အံ့အားသင့်မှုအပြည့်နှင့် ပါးစပ်အဟောင်းသား ဖြစ်နေမိသည်။

“တစ်ဘီလီယံ ဒါကရွှေသားတွေနော်။ ဘယ်လိုဖြစ်နိုင်မှာလဲ ငါ့ရဲ့ မဟာထန်ရဲ့ အခွန်ဌာနရဲ့ ဆယ်နှစ်တာ ရလဒ်ကတောင် ဒီပမာဏကို မရနိုင်ဘူး”

ဘဏ္ဍာရေးရုံးတော်၏ ရာထူးအဆင့်ဆင့်ရှိ အရာရှိတိုင်းကလည်း အလားတူ အံ့ဩနေကြသည်။ အမတ်ကြီးအဆင့်မှ အနိမ့်ဆုံးသော လက်ထောက်အမှုထမ်းရေးရာ အဆင့်ထိ အားလုံးကလည်း ထိုသတင်းကြားပြီးပြီးချင်း ကြောင်တောင်တောင် ဖြစ်သွားကြလောက်အောင် သံသယဝင်သွားကြသည်။ စစ်ပွဲတိုင်းလိုလို ဘဏ္ဍာရေးရုံးတော်က ခေါင်းကိုကော့ပြီး ဦးနှောက်ကိုဖြစ်ညှစ်ကာ ပိုက်ဆံလုံလောက်အောင် ကြိုးစားရလေ့ရှိသည်။ ထိုကဲ့သို့သော အကြောင်းပြချက်မျိုးကြောင့် ရုံးတော်ခြောက်ခုထဲတွင် ဘဏ္ဍာရေးရုံးတော်က စစ်တပ်ကို အတိုက်အခံ အလုပ်ဆုံးဖြစ်နေသည်။

ဒါပေမဲ့ဒါက ရွှေသားတစ်ဘီလီယံ

ဘုရားရေ

ဒါက မယုံနိုင်စရာကောင်းတဲ့ ပမာဏပဲ။ ဒီပမာဏနဲ့ဆိုရင် ဘဏ္ဍာရေးရုံးတော်အနေနဲ့ အချိန်အတန်ကြာတဲ့အထိ စစ်ပွဲနဲ့ပတ်သတ်ပြီး အထွန့်တက်ဖို့တောင် မလိုအပ်ဘူး။

“ဒီလောက်သေးငယ်တဲ့ တိုင်းပြည်တွေက ဒီလောက်ချမ်းသာတာလား”

ဘုရင်ချီကလည်း ခိုရာစန်းမှသတင်းကို ကြားသောအခါ သူသည်လည်း ကြောင်တောင်တောင် ဖြစ်သွားသည်။ သူ၏စိတ်ထဲတွင် အာရေးဗီးယားသည် ထည့်ပြောရန်ပင် မထိုက်တန်သည့် သေးငယ်သည့် တိုင်းပြည်လေးသာဖြစ်သည်။ ဝမ်ချောင်က ထိုတိုင်းပြည်ထံမှ ရွှေသားတစ်ဘီလီယံ လျော်ကြေး တောင်းခံထားသည်ဆိုသော သတင်းက သူ့ကိုလည်း မှင်သက်စေသည်။

တော်ဝင်အိမ်ထောင်စုမှ အဖွဲ့ဝင်တစ်ယောက်ဖြစ်သည့်အလျောက် ဘုရင်ချီအနေနှင့် ပိုက်ဆံမရှားပါးချေ။ သူသည် ခုံရုံး၏ အင်အားကြီးမားသော အရာရှိများကို ငှားရမ်းရန်လည်း လာဒ်ထိုးရန်အတွက် ရွှေထည်၊ ငွေထည်များကို ဆက်တိုက်ထုတ်သုံးရလေ့ရှိသည်။ သို့သော် သူက မည်မျှကြွယ်ဝပါသည်ဟု ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိနေစေကာမူ ရွှေသားတစ်ဘီလီယံကိုမူ မထုတ်နိုင်ချေ။

ရွှေသားတစ်ဘီလီယံကဲ့သို့ ရွှေတောင်ပုံကြီး၏ အရှေ့တွင် ဘုရင်ချီကပင် မှေးမှိန်ပြီး သေးငယ်သွားသည်ဟု ခံစားရစေလောက်သည်။

တော်ဝင်ခုံရုံးမှ အကျဉ်းကြပ်ဆုံးသော အင်ပါယာ ဆင်ဆာလူကြီးမင်းကပင် စွံ့အသွားသလို ခံစားနေရသည်။ သူတို့ကမူ စကားမဆိုနိုင်တော့ချေ။ ထိုအချိန် ခိုရာစန်းတွင်...

“အသုံးပြုသူက ကံကြမ္မာစွမ်းအင်အမှတ် တစ်သောင်းကိုသုံးပြီး အင်အားကို ဖွင့်မှာ သေချာပါရဲ့လား”

ခိုရာစန်းအတွင်းရှိ ဝမ်ချောင်၏စိတ်အတွင်း ကံကြမ္မာကျောက်တုံး၏အသံက ထွက်လာသည်။

ဝမ်ချောင်သည် ကြမ်းပြင်ပေါ်တွင် တင်ပြင်ခွေထိုင်နေသည်။ သူသည် အခန်းထဲတွင် တစ်ယောက်တည်းသာ ရှိနေသည်။ သူ၏အရှေ့တွင်မူ မှင်သက်ဖွယ်ကောင်းလောက်အောင် တောက်ပသည့် ရွှေရောင်အလင်းလုံး ငါးလုံးက ရှိနေသည်။ ထိုအလင်းလုံးငါးလုံး၏ နာမည်အသီးသီးမှာ စိတ်၊ ခန္ဓာကိုယ်၊ စွမ်းအင်၊ သိုင်းနှင့် အာဏာတို့ဖြစ်သည်။ ဝမ်ချောင်၏မျက်လုံးးက နောက်ဆုံးသော အလင်းလုံးထံရောက်သွားသည်။ ထိုအလင်းလုံးက အာဏာကို ကိုယ်စားပြုသည်။

အာဏာသည် ကံကြမ္မာပိုင်နက်နယ်မြေ... အစရှိသဖြင့် ကောင်းကင်ဘုံဆိုင်ရာ ပြောင်းလဲမှု အခြေအနေများကို ပိုင်ဆိုင်ကာ ကိုယ်စားပြုလေသည်။ ဝမ်ချောင်သည်လည်း ကံကြမ္မာကျောက်တုံးထံမှတစ်ဆင့် နောက်ဆုံးသော ဆုလဒ်အခန်းကဏ္ဍတွင် ကံကြမ္မာ ပိုင်နက်နယ်မြေ သဘာဝဖြစ်စဉ်နှင့် အခြားသော ရှုပ်ထွေးလွန်းသည့်ကိစ္စများ ပါဝင်ကြောင်း သတိထားပြီးသားဖြစ်သည်။ အာဏာဆိုသော ခေါင်းစဉ်အောက်တွင် အချိန်၊ ရာသီဥတု၊ မြေမျက်နှာသွင်ပြင် အနေအထား၊ ပိုင်နက်နယ်မြေနှင့် လူအများ၏စိတ်အတွေးဆိုသော အကြောင်းအရာများက ပါဝင်သည်။ နာမည်ကြီးနေသော အကြောင်းအရာကို အခွင့်ကောင်းယူခြင်းသည် နောက်ဆုံးသော အခန်းကဏ္ဍတွင် ပါဝင်သည့် လမ်းညွှန်ဖြစ်နေသည်။

ငါဒီအခြေအနေကို အခွင့်ကောင်းယူနိုင်လား၊ မယူနိုင်လားဆိုတာက ကံကြမ္မာကျောက်တုံးက ပေးမဲ့ ဆုလာဒ်တွေနဲ့ သက်ဆိုင်တယ်။ ဝမ်ချောင်က တိတ်တဆိတ်တွေးလိုက်သည်။

“အတည်ပြုတယ်”

အတွေးတစ်ခုနှင့်အတူ ဝမ်ချောင်က ကံကြမ္မာစွမ်းအင် အမှတ်များကိုသုံးပြီး အာဏာဆိုသော ဆုလာဒ်ကဏ္ဍကို ဖွင့်လိုက်သည်။

ခြိမ်း

ဝမ်ချောင်က အတည်ပြုပြီးပြီးချင်း အခန်းတစ်ခုလုံးက လှုပ်ခါသွားသည်မှာ တစ်လောကလုံးက တုန်ခါသွားပုံပေါ်သည်။ ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ ဒေါသတကြီးဖြစ်နေသည့် လေပြင်းက ဟိန်းဟောက်ကာ ဖြတ်တိုက်လာသည်။ ဝမ်ချောင်သည်လည်း တစ်လောကလုံးက ပျောက်ကွယ်သွားသလို ခံစားလိုက်ရသည်။ သူသည် တဆတ်ဆတ် တုန်ယင်နေသော အရိပ်နက်တစ်ခုက လျှင်မြန်စွာကျယ်ပြန့်လာကြောင်းကိုပင် မြင်နိုင်နေသည်။ မျက်တောင်တစ်ခတ် အချိန်အတွင်း ကုန်းမြေကြီးတစ်ခုလုံးက သူ၏ခြေထောက်အောက်တွင် ပေါ်ထွက်လာသည်။

ဘန်း

ဝမ်ချောင်၏စိတ်အတွင်း မြောက်များလွန်းသော စွမ်းအင်များက ပေါက်ကွဲသွားသည်။ ထိုအခိုက်အတန့်တွင် ဝမ်ချောင်သည် အချိန်နှင့် အာကာသပြင်ကပင် ပျောက်ကွယ်သွားသလို ခံစားရသည်။ သူ၏ကိုယ်ပိုင်ခန္ဓာကိုယ်ကလည်း ပျောက်ကွယ်သွားသည်။ ထိုသို့ဖြင့် သူ၏ အာရုံခံနိုင်စွမ်းအားများကသာ ကျန်ရစ်သည်။

အောက်ဘက်တွင် အသေးစား ကုန်းမြေကြီးက လေလျော့သွားသော ပူဖောင်းအလား မူရင်းအရွယ်အစား၏ အဆတစ်ရာခန့်အထိ သေးငယ်သည့် ပုံစံမျိုးအဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် အဆတစ်ထောင်၊ တစ်သောင်း ထိုအထိ သေးငယ်သွား၏။ ကုန်းမြေကြီးတစ်ခုလုံးအပေါ်တွင် အမျိုးမျိုးသော အရာများက စတင်ကာ ဖွဲ့စည်းပေါ်ပေါက်လာသည်။

ဝှစ်

မြစ်ကြီးတစ်စင်းက ကုန်းမြေကြီးတစ်ခုလုံးအနှံ့ စီးဆင်းသည်။ ဝမ်ချောင်ကပင် ရေများစင်သွားသလို ခံစားလိုက်ရသေးသည်။ ထိုသို့ဖြင့် မြစ်ဘေးနားတွင် အခြားသော အကြောင်းအရာများက စပေါ်လာသည်။

ဒါက ခိုရာစန်းပဲ။

ဝမ်ချောင်က တစ်ချက်ကြည့်လိုက်ရုံနှင့် မြစ်နဘေး ကုန်းမြေ၏ အနောက်ဘက် အစွန်းနားတွင် ပေါ်ထွက်လာသောမြို့ကို လှမ်းမြင်လိုက်နိုင်သည်။

ဝမ်ချောင်သည် ခိုရာစန်းနှင့် အလွန်အမင်း ရင်းနှီးနေပြီးသားဖြစ်သည်။ ထို့နောက်သူက သူ့ကို ပို၍ရင်းနှီးစေမည့် အကြောင်းအရာများကို မြင်လိုက်ရသည်။ အထူးသဖြင့် တဖြတ်ဖြတ် လွင့်နေသော အလံများ၊ ရွက်ဖျင်တဲပေါင်းများစွာနှင့် အဆောက်အဦးပေါင်း များစွာက ပုရွက်ဆိတ် အရွယ်အစားတမျှ သေးငယ်သော ပုံစံမျိုးဖြင့် ပေါ်လာကြသည်။ ထိုအရာကသာ ခိုရာစန်းဆိုလျှင် အနားရှိမြစ်က သံသယဝင်စရာ မရှိလောက်အောင် တိုင်ဂရစ်မြစ်ဖြစ်နိုင်သည်။

အနောက်ဘက်သို့ ခပ်ဝေးဝေး လှမ်းကြည့်လိုက်မည်ဆိုလျှင် ကုန်းမြေ၏ အခြေအနေ အများစုကို ထပ်မြင်ရမည်ဖြစ်သည်။ ဝမ်ချောင်အနေဖြင့် အာရေးဗီးယား အင်ပါယာကြီးကို ဒီနည်းနှင့် ပထမဦးဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။ ထိုခံစားချက်က အလွန်အမင်း သစ်လွင်နေသည်။ ဝမ်ချောင်အတွက်လည်း စိတ်ဝင်စားစရာ ခံစားချက်မျိုးကို ရလိုက်သည်။

အာရပ်စစ်သားတွေ ဘာလုပ်နေမလဲ သိချင်မိတယ်။

ထိုအတွေးနှင့်အတူ ဝမ်ချောင်က သူ၏မျက်လုံးကို ပါးတ၏ အနောက်ဘက်ခြမ်းသို့ ရွှေ့လိုက်သည်။ ဒါက အာရေးဗီးယား၏ အခြားသောစစ်နယ်မြေဇုံတစ်ခုဖြစ်သည်။ တခဏခန့်ကြာပြီးနောက် ဝမ်ချောင်၏ အတွေးကို တုန့်ပြန်သလိုမျိုး စစ်သားများ၏ အော်ဟစ်သံ၊ လက်နက်များ ထုရိုက်သံ၊ သံချပ်ကာများ၏ လှုပ်ခတ်သံများကို ကြားလိုက်ရသည်။ ကုန်းမြေကြီး၏ ပုံရိပ်ယောင်ကြီးပေါ်တွင် ဝမ်ချောင်ဟာ အာရေးဗီးယား၏ အမျိုးမျိုးသော နယ်ပယ်များမှ စစ်မြင်းသောင်းကျော်က ချီတက်လာပြီး မြစ်ထောင်ကျော်အလား ခိုရာစန်းထံ စီးဆင်းလာနေကြောင်း မြင်လိုက်ရသည်။

မရေမတွက်နိုင်သော စစ်သားပေါင်းများစွာက နေ့ရောညပါ ချီတက်ရင်း ကုန်းမြေကြီးကို ကျော်ဖြတ်လာကြသည်။ သူတို့သည် ခိုရာစန်းရှိ စစ်သည်နှစ်သိန်းကို မှေးမှိန်သွားအောင် ပြုလုပ်ချင်နေပုံပေါ်သည်။

ခုနှစ်သိန်း မဟုတ်သေးဘူး အနည်းဆုံး ရှစ်သိန်းတော့ရှိတယ်။

ဝမ်ချောင်က စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီးသည့်တိုင်အောင် သူ၏ခြိမ်းခြောက်မှုများက ကာလစ်ကို ဒေါသထွက်စေနိုင်ကြောင်း သိသည့်တိုင်အောင် ထိုအရေအတွက်က သူ့ကို မှင်သက်စေသေးသည်။ တာလာ့၏ စစ်ပွဲကို ထည့်တွက်လိုက်သော် အာရေးဗီးယားဘက်မှ သေဆုံးသွားခဲ့သည့် အရေအတွက်နှင့် အရှုံးကို ထည့်တွက်ကြည့်လိုက်သော် ဝမ်ချောင်နှင့် ကောင်းရှန်းကျစ်တို့ဟာ အာရပ်စစ်သည် ရှစ်သိန်းနီးပါး သတ်ခဲ့ပြီးလေပြီ။

ထိုအရေအတွက်က အခြားသော အင်ပါယာများက လက်သင့်မခံနိုင်သော အရေအတွက်မျိုးဖြစ်သည်။ သို့တိုင်အောင် ထိုမျှအထိ ပြင်းပြင်းထန်ထန် အထိနာပြီးသည့်တိုင်အောင် အာရေးဗီးယားက တိုတောင်းသော အချိန်ကာလအတောအတွင်း စစ်သည်ခုနှစ်သိန်းမှ ရှစ်သိန်းအထိ ထုတ်နိုင်ခဲ့သည်။ ထိုသို့လျှင်မြန်စွာ နေရာရွှေ့ပြောင်းနိုင်သော စွမ်းရည်နှင့် စစ်ဘက်ဆိုင်ရာ တုန့်ပြန်နိုင်စွမ်းရည်က မည်သည့်အဖွဲ့အစည်းကိုမဆို ကြောက်လန့်မှုနှင့် တုန်ယင်စေလောက်လေသည်။

စစ်ဘက်မှ နည်းပါးပြီး သိသာထင်ရှားခြင်းမရှိသော ပမာဏဆိုလျှင်ပင် ထိုပမာဏက မှင်သက်ဖွယ် ကောင်းနေပြီဖြစ်သည်။ ထိုအခြေအနေမှတစ်ဆင့် အာရေးဗီးယားက စစ်တိုင်းပြည်ကြီးဖြစ်ကြောင်း ပို၍သိသာ ထင်ရှားသွားသည်။

ထိုတစ်ကြိမ်တွင် နာမည်ကျော်ကြားပြီး အင်အားကြီးမားသော ကာလစ်က သူ၏စစ်တပ်တစ်ခုလုံးနီးပါးကို စုစည်းခဲ့ခြင်းဖြစ်လောက်သည်။ ခိုရာစန်းမှ ပုန်ကန်သော အင်အားစုနှစ်သိန်းကပင် သူတို့ကိုတားရန် အလွန်ခက်လောက်သည်။

သို့သော် ဝမ်ချောင်အတွက် သူတို့ကိုတားရန် မလိုအပ်ချေ။ သူသည်လည်း ပုန်ကန်သော စစ်သည်နှစ်သိန်းကို မှီခိုပြီး အာရေးဗီးယားမှ စစ်သည်တိုင်းကို ရင်ဆိုင်ပါမည်ဟု မတွေးဖူးပါချေ။

သမိုင်းက အကြီးကြီးပြောင်းတော့မှာ။ ဒါပေမဲ့ အဲ့ဒီကိစ္စကိုတော့ မသက်ရောက်ဖို့ မျှော်လင့်တယ်။

ဝမ်ချောင်က တစ်စုံတစ်ရာကို တွေးလိုက်မိပြီး သူ၏အကြည့်က ကောင်းကင်ပေါ်သို့ ရောက်သွားသည်။ တခဏခန့်ကြာပြီးနောက် သူ၏မျက်လုံးက အလင်းတစ်ချက်လက်ပြီး ဖျော့တော့စွာ ပြုံးလိုက်မိသည်။

ဒီလောကကြီးက ပြောင်းလဲမှုကြီးတစ်ခုကို လက်ခံရရှိတော့မည်ဖြစ်သည်။ မဟာထန်သည် တာလာ့တွင် မရှုံးခဲ့ရုံသာ မကသေးလေဘဲ စစ်တပ်ကလည်း ခိုရာစန်းထံ ချီတက်လာနိုင်ခဲ့သည်။ ယခုအခါ ပါးတကိုပင် ခြိမ်းခြောက်နိုင်နေပြီဖြစ်သည်။ သို့ရာတွင် သူမှတ်မိသော ထိုကိစ္စကမူ အနည်းငယ်မျှပင် သက်ရောက်ခံရလိမ့်မည်မဟုတ်ချေ။

မင်းတို့များများပို့လေလေ များများ သေလေလေပဲ။ ဒီတစ်ကြိမ်မှာ မင်းတို့က အပြင်းထန်ဆုံးတန်ကြေးကို ပေးဆပ်ရလိမ့်မယ်။

ဝမ်ချောင်၏စိတ်က ကံကြမ္မာကျောက်တုံး၏ အာဏာဆုလာဒ်များထဲမှ တစ်ခုနှင့် ခပ်မြန်မြန် ပေါင်းစပ်လိုက်သည်။

“အသုံးပြုသူက ကံကြမ္မာစွမ်းအင်အမှတ် တစ်သောင်းကိုသုံးပြီး လဲလှယ်မှာ သေချာပါရဲ့လား”

“သေချာတယ်”

အခန်း(၁၁၆၈)

အာရပ်စစ်သားများသည် ခန့်မှန်းထားသည်ထက် မြန်ဆန်စွာ ရောက်ရှိလာခဲ့ကြသည်။ ရက်အနည်းငယ်ခန့်သာလျှင် ကြာပြီးနောက် ဝမ်ချောင်က စေလွှတ်ထားသော ကင်းထောက်များနှင့် ခိုရာစန်းသူလျိုများကလည်း စစ်သည်အင်အားသုံးသိန်းထက်ကျော်မည့် အင်အားစုကြီးက မဟာထန်၏ အင်အားစုနှင့် ကီလိုမီတာ တစ်ရာကျော်ခန့်သာ ဝေးသည့်နေရာတွင် စုစည်းနေကြောင်း သတင်းပို့လာလေသည်။ သူတို့သည် မဟာထန်ဘက်မှ ခြုံခိုတိုက်ခိုက်ခံရသည့် ဖြစ်နိုင်ချေများ တိုက်ခိုက်လာသည့် အခြေအနေမျိုးများ မဖြစ်ရလေအောင် သူတို့၏ခံတပ်ကို လျှင်မြန်စွာ ဆောက်လုပ်ရင်း စောင့်ကြပ်နေသည်ဟုဆိုသည်။ ပို၍ဆိုးသည်မှာ နောက်တန်းမှ စစ်သားများ ထပ်မံရောက်ရှိ လာနေသေးသည်။ အာရေးဗီးယား၏ အင်အားစုများက အရေအတွက်များ ဖောင်းကားသထက် ဖောင်းကားလာပြီး မြောက်များသထက် မြောက်များလာလေသည်။

သူလျိုများပို့လာသည့် တင်ပြချက်မှတစ်ဆင့် အာရေးဗီးယားဘက်က အနည်းဆုံး မဟာဗိုလ်ချုပ်ကြီးနှစ်ယောက်ကို ပို့ထားသည်။

“အာရေးဗီးယားရဲ့ မဟာဗိုလ်ချုပ်ကြီး ‘အင်ပါယာရဲ့ အလောင်းဖြူ’ ဟူလာ ဒီလူက တော်တော်လေးကို ရက်စက်ပြီး ချုပ်ထိန်းနိုင်တဲ့ အကျင့်စရိုက်မျိုးကို ပိုင်ဆိုင်ထားတယ်။ ပိုပြီးအရေးကြီးတာက ဒီလူက တော်တော်လေးကို အနုစိတ်ကျကျ တွေးတောတတ်တဲ့ ဗိုလ်ချုပ်မှူးကြီးတစ်ယောက် ဖြစ်နေတာပဲ။ သူ့ရဲ့ခုခံနိုင်စွမ်းရည်မှာဆိုရင် ထိုးဖောက်လို့ မရနိုင်လုနီးပါးပဲ။ ငါတို့ရဲ့အင်အားစုကသာ တိုက်ခိုက်မယ်ဆိုရင် အားသာချက်ရအောင် ကြိုးစားဖို့ တော်တော်လေး ခက်လိမ့်မယ်”

ဝမ်ချောင်၏ဘေးမှ ပါးရန်က ရှင်းပြသည်။

သူသည် အာရေးဗီးယား၏ အစိုးရတိုင်း၊ ဗိုလ်ချုပ်တိုင်းကို သူ၏လက်ခုံလို ကောင်းကောင်းနားလည်သည်။ ထိုရှု့ထောင့်ဘက်မှကြည့်သော် မဟာထန်သည် လိုအပ်ချက်ရှိနေသည်။ ဝမ်ချောင်က ရရှိထားသော သတင်းအချက်အလက် အများစုကို ပါးရန်ကသာ ပေးထားခြင်းဖြစ်သည်။

“ဟွန်း အတင်းကြပ်ဆုံး ခုခံမှုကတောင် ပြစ်ချက်ရှိနေမှာပဲ။ ငါတို့ဘာကို ရွေးချယ်သလဲဆိုတာကိုပဲ မူတည်တယ်”

ဝမ်ချောင်က ခပ်တိုးတိုးသာရယ်သည်။ တာလာ့၏တိုက်ပွဲတွင် မဟာထန်သည် အင်အားစုတစ်သိန်းထဲနှင့် ငါးသိန်းကို ရင်ဆိုင်ခဲ့သည်။ သူတို့ယခု ရင်ဆိုင်နေရသည်မှာ သုံးသိန်းသာဖြစ်သည်။

ဝမ်ချောင်က ပြိုင်ဘက်ကို ဘယ်သောအခါမှ အထင်မသေးတတ်ပေ။ သို့သော် အာရပ်စစ်နတ်ဘုရား ချွီထေပါးကပင် သူ့ထံသေသွားသည်။ ထို့ကြောင့် သူဟာ အင်ပါယာ၏ အလောင်းဖြူလောက်ကို ကြောက်နေစရာ အကြောင်းမရှိချေ။ ဟူလာက မည်မျှအင်အားကြီးမားနေစေကာမူ ချွီထေပါးထက် အင်အားမကြီးနိုင်ပေ။

ပါးရန်က တောင့်ခဲသွားသည်။ ထို့နောက်သူက တစ်စုံတစ်ရာကို တွေးမိပြီး ခေါင်းညိမ့်လိုက်ပြန်သည်။ ဟူလာသည် အာရေးဗီးယားမှ နာမည်ကျော်ကြားသူတစ်ယောက်ဖြစ်သည်။ ဝမ်ချောင်ကသာ ဟူလာကို ထိုကဲ့သို့သော နည်းလမ်းမျိုးဖြင့် ဆက်ဆံကာ ဝေဖန်အကဲဖြတ်ရဲသူ ဖြစ်လောက်သည်။ သို့သော် ပါးရန်ကလည်း ထိုငယ်ရွယ်သော ဗိုလ်ချုပ်ကြီးက သူကြုံတွေ့ခဲ့ဖူးသော လူတိုင်းနှင့် ခြားနားကြောင်း အကင်းပါးစွာ နားလည်လိုက်သည်။

သူက ထိုကဲ့သို့သော အကြောင်းအရာမျိုးကို ယုံကြည်ချက်ရှိရှိ ပြောရဲရလောက်အောင် လုပ်နိုင်စွမ်းရည် ရှိကြောင်းကို ယခင်ကတိုက်ပွဲတွင် ရလဒ်ကို ပြောင်းပြန်လှန်ခဲ့ခြင်းအားဖြင့် သက်သေပြခဲ့ပြီးသားဖြစ်သည်။

“ရွှယ်ချန်ကျွင်း ငါ့အတွက် အာရေးဗီးယားရဲ့ ကာလစ်ဆီ စာရေးပေးပါဦး။ ငါတို့က သဘောတူထားတာတောင် အာရေးဗီးယားဘက်က စစ်သည်သုံးသိန်းကို ခိုရာစန်းဆီ စေလွှတ်လိုက်တယ်။ ဒါက ငါတို့ကို ခြိမ်းခြောက်ခံရသလို ခံစားရစေလို့ သူတို့က ကတိကို ဖောက်လိုက်တယ်လို့ ယူဆတယ်။ ဒါကြောင့် တစ်ရက်အတွင်းမှာ အာရေးဗီးယားဘက်က သူ့ရဲ့စစ်တပ်ကို ရုတ်သိမ်းရမယ်။ အဲ့ဒီလိုမှမဟုတ်ရင် ငါတို့က သဘောတူညီချက်ကို မထိန်းသိမ်းဘဲ ငါတို့ရဲ့စစ်တပ်ကို စုစည်းလို့ လှုပ်ရှားလာတဲ့အခါ အပြစ်မတင်ဖို့ ထည့်ရေးလိုက်”

ဝမ်ချောင်က ခေါင်းပင်လှည့်မကြည့်ဘဲ လှမ်းပြောလိုက်သည်။

ထိုစကားများကို ကြားသောအခါ ကောင်းရှန်းကျစ်၊ ချန်းချန့်လီနှင့် အခြားသော အနားရှိ လူတိုင်းက ပြုံးလိုက်ကြသည်။ မဟာထန်ဘက်က ကာလစ်၏ အကြောင်းနီးပါးကို နားလည်နေသည်။ သို့သော် အာရပ်များကမူ နာခံချင်သလို၊ ထုံထိုင်းချင်သလို ဆက်လက်ဟန်ဆောင်နေပြီး သတိမမူမိသလို ပြုမူပြနေသည်။

“ဒီဗိုလ်ချုပ်က နားလည်ပါပြီ”

ရွှယ်ချန်ကျွင်းက ဂါရဝပြုပြီး ခပ်မြန်မြန်ထွက်သွားသည်။

ဖလပ် ဖလပ်

သတင်းပို့ ငှက်ပေါင်းများစွာက လေထဲသို့ထိုးတက်သွားသည်။ တစ်ကောင်က ပါးတထံဦးတည်ပြီး အခြားသောတစ်ကောင်ကမူ အင်ပါယာ၏ အလောင်းဖြူနှင့် သူ၏စစ်သည် သုံးသိန်းထံဦးတည်သည်။

ဘုန်း

ဝမ်ချောင်၏စာက ကျောက်တုံးကြီးတစ်တုံး ပစ်ချလိုက်သလိုမျိုး အာရပ်စခန်းသို့ ရောက်ပြီးပြီးချင်း ဝရုန်းသုန်းကား ဖြစ်သွားစေသည်။

“မျိုးမစစ် ဒီကောင်က အနိုင်ကျင့်တာ လွန်နေပြီ”

ဟူလာသည် သူ၏စိတ်ကို ထိန်းချုပ်နိုင်သော စွမ်းရည်နှင့် ခံစားချက်များကို မပေါ်အောင် ထိန်းချုပ်နိုင်သော စွမ်းရည်ကြောင့် ကျော်ကြားသည်။ သို့သော် ဝမ်ချောင်၏စာကို ရသောအခါ စားပွဲကိုပင် လက်သီးဖြင့် ထိုးလိုက်မိသည်။ သူ၏မျက်လုံးက မီးတောက်လာ၏။

ထန်များသည် အာရေးဗီးယားထံမှ ရွှေသားတစ်ဘီလီယံ ရပြီးလေပြီ။ သို့သော် ထိုသို့ရပြီးနောက် သူတို့က နောက်ဆုတ်ရန် ကြိုးစားရမည့်အစား တစ်ဖက်သို့လှည့်ကာ အာရေးဗီးယား၏ လှုပ်ရှားမှုများကို မေးခွန်းထုတ်နေသေးသည်။ ဒါဟာ ရိုးရှင်းစွာဖြင့် လွန်ကဲလွန်းနေပြီဖြစ်သည်။

အာရေးဗီးယားသည် အမြဲတစေ အင်အားကြီးသူကို လေးစားပြီး သတ္တိကြီးသူကို လေးစားပေးသည်။ အခြားသော သေးငယ်ပြီး အားနည်းသော တိုင်းပြည်များက အမြဲတစေ လေးစားမှုအပြည့်ဖြင့် မော်ကြည့်ခဲ့ရသည်။ ယခုလိုမျိုး ဆိုးဆိုးရွားရွား ခြိမ်းခြောက်ခံရသည်မှာ ပထမဦးဆုံးအကြိမ်ဖြစ်သည်။

“အရှင် ငါတို့ဘယ်လိုလုပ်ကြမလဲ။ သူတို့က ငါတို့ကို တစ်ရက်အတွင်း နောက်ဆုတ်ခိုင်းထားတယ်။ ငါတို့က တကယ်ပဲ သူတို့ပြောတဲ့အတိုင်း လုပ်ရမှာလား”

ဟူလာ၏ လက်အောက်ငယ်သား ဗိုလ်ချုပ်များထဲမှ တစ်ယောက်က သတိကပ်လျှက်ပြောသည်။ သူဟာ ခေါင်းကိုငုံ့ထားသည်။

အခုအာရပ်တွေက စစ်သည်သုံးသိန်း စုစည်းပြီးပြီ။ ရန်သူထက် တစ်သိန်းပိုများနေတယ်။ ဒါကြောင့် ပုံမှန်အားဖြင့် ဒီလိုစာမျိုးကို လျစ်လျူရှု့လို့ရတယ်။ ဒါပေမဲ့လည်း လီတစ်ရာကျော်အကွာ ခိုရာစန်းရဲ့ မြို့ရိုးတွေအနောက်မှာ ရှိနေတဲ့စစ်တပ်ကြီးက မဟာထန်နဲ့ ခိုရာစန်းရဲ့ ကြောက်မက်ဖွယ်ကောင်းပြီး မရပ်တန့်နိုင်တဲ့ တပ်ရင်းကြီးဆိုတာကို နားလည်နေတယ်။ သူတို့ရဲ့အတိတ်က မှတ်တမ်းတွေနဲ့ဆိုရင် သူတို့နဲ့ စစ်သည်တစ်သိန်းလောက် အပြတ်အသတ် သာနေရုံလောက်နဲ့ သူတို့ကို လွှမ်းမိုးနိုင်ဖို့ မလွယ်လောက်သေးပေ။

“မဖြစ်နိုင်တာ”

အာရေးဗီးယား၏ အင်ပါယာမှ အလောင်းဖြူ၏ မျက်လုံးများက ဒေါသနှင့် တောက်လောင်လာပြီး တင်ပြချက်ကို ငြင်းပယ်သည်။

“အာရေးဗီးယားကို ဘယ်သူကမှ ဒီလိုမျိုး မခြိမ်းခြောက်နိုင်ဘူး။ ငါ့ရဲ့အမိန့်ကိုထုတ်လိုက် ခုခံမှုကို တင်းကြပ်စေလိုက်။ ဟွန်း သူတု့ိဘာလုပ်မလဲ ငါကြည့်မယ်”

“ဟုတ်ကဲ့”

လက်ထောက်က ခပ်မြန်မြန် အမိန့်ကိုပို့ဆောင်သည်။

“နေဦး”

ဟူလာက ရုတ်တရက် လက်ထောက်ကို ပြန်ခေါ်လိုက်ပြီး အမူအရာများကို ထိန်းချုပ်လျှက် ခပ်ပြင်းပြင်း အသက်ရှုလိုက်သည်။

“ငါ့အတွက် မဟာထန်ဆီ စာတစ်စောင်ရေးပေး။ အာရပ်တွေက မဟာထန်နဲ့ သဘောတူညီချက်ကို ချိုးဖျက်ခဲ့တာမဟုတ်ဘူး။ ဒါက လိုအပ်တဲ့ခုခံမှုလုပ်ဖို့ စုစည်းထားရုံပဲလို့ပြောလိုက်။ ငါတို့ကလည်း မဟာထန်က အများကြီးမတွေးဖို့ မျှော်လင့်တယ်လို့ ထည့်ပြောလိုက်ပါ”

လက်ထောက်က ကြောင်သွားသည်။ သို့သော် ခပ်မြန်မြန် နောက်ပြန်လှည့်ပြီး ခေါင်းကိုငုံ့ကာ ထွက်သွားသည်။

ဖလပ် ဖလပ်

တစ်နာရီခန့်ကြာပြီးနောက် အာရေးဗီးယားသတင်းပို့ သိန်းငှက်ကလည်း ကောင်းကင်သို့ထိုးတက်သွားပြီး တိုင်ဂရစ်မြစ်ကို ကျော်ဖြတ်ကာ ခိုရာစန်းသို့ဝင်သည်။

တခဏခန့်ကြာပြီးနောက် ဝမ်ချောင်၊ ကောင်းရှန်းကျစ်၊ ချန်းချန့်လီ၊ လီစစ်ယဲ့နှင့် အခြားသောလူများက စုစည်းပြီးလေပြီ။ စာကိုဖတ်ပြီးနောက် သူတို့အားလုံးက သဘောတကျဖြစ်သွားသော မျက်နှာထားမျိုး ဖြစ်သွားကြသည်။

သူတို့အားလုံးသည်လည်း အာရပ်များ၏အတွေးကိုသိသည်။ သူတို့၏ အကြံအစည်ကိုလည်း နားလည်သည်။

ရှီယွမ်ချင်က တိတ်ဆိတ်မှုကို ရုတ်တရက် ဖြိုခွဲသည်။

“အရှင်ကာကွယ်စောင့်ရှောက်ရေးဗိုလ်ချုပ် ငါတို့တွေ ဒီစာကို ဘယ်လိုပြန်ရမလဲ”

“ပြန်မယ်ဟုတ်လား ပြန်ဖို့လိုလို့လား။ အာရပ်တွေကလည်း ဒီလိုအကြောင်းပြချက် ပေးနေတာတွေ ငါတို့က လက်ခံမယ်လို့ တွေးမှာမဟုတ်ဘူး”

ဝမ်ချောင်က သဘောတကျရယ်သည်။

အာရပ်များသည် စကားလုံးဂိမ်းကို ကစားနေသည်။ လူတိုင်းကလည်း သူတို့ပြင်ဆင်နေသည့် အကြောင်းအရာကိုသိသည်။ သူကလည်း သူတို့ဟာ စစ်အတွက် ပြင်ဆင်နေကြောင်း သိနေကတည်းက ဝမ်ချောင်အနေဖြင့် ဒီတိုင်းငြိမ်ငြိမ်ထိုင်နေလျှက် သူတို့ကို စုစည်းခွင့်ပြုလိုက်မည်မဟုတ်ချေ။

“မဟာဗိုလ်ချုပ်ကြီးပါးရန်၊ ဗိုလ်ချုပ်ချန်း၊ လီစစ်ယဲ့ အသင့်ပြင်ထား ဒီအင်ပါယာရဲ့ အလောင်းဖြူ အင်ပါယာမဟာဗိုလ်ချုပ်ကို သွားတွေ့ရအောင်”

ဝမ်ချောင်ကပြောသည်။

“အွန်း”

ပါးရန်၊ ချန်းချန့်လီနှင့် အခြားသောလူများအားလုံးက ခေါင်းညိမ့်ကြသည်။ သူတို့နှုတ်ခမ်းတွင် အပြုံးကရှိနေသည်။

.....

နာရီပေါင်းများစွာ ကြာပြီးနောက် ရှီဖန်းမြို့ဆိုသည့် ခိုရာစန်းနှင့် ကီလိုမီတာတစ်ရာခန့် ဝေးကွာသော မြို့ထဲတွင် အာရပ်စစ်တပ်များက စည်းကမ်းသေဝပ်စွာနှင့် အတန်းလိုက်ရပ်ကာ အစီအစဉ်တကျ ရှိနေကြသည်။ သူတို့၏ခန္ဓာကိုယ်က သတ်ဖြတ်လိုစိတ်များကို လွှတ်ထုတ်နေသည်။ စစ်သည် သုံးသိန်းခန့်ရှိသည့် ထိုစစ်တပ်ကြီးသည် ကြမ်းတမ်းပြီး လူပေါင်းများစွာပါဝင်သည့် အလုံးအရင်းနှင့် သတ်ဖြတ်သည့် ဒီတိုက်ပွဲကြီးကို အချိန်မရွေး တိုက်ခိုက်နိုင်ရန် ပြင်ဆင်ထားသည်။

“အာရုံစိုက် အားလုံးပဲ ကိုယ့်နေရာကို ယူထားကြ”

“လက်မှုပညာရှင်အသင်းကိုလည်း မြန်မြန်လုပ်ဖို့ အမိန့်ပေးလိုက်။ တန်းလျားငါးထောင်ကသာ မနက်ဖြန်ထိ မပြီးသေးဘူးဆိုရင် လက်မှုပညာရှင်တစ်ဝက်ကိုသတ်မယ်”

“စစ်မြင်းတွေကို မြန်မြန်လေး အဆာကျွေးကြစမ်း။ ငါးရက်လောက်ဆိုရင် ငါတို့က မဟာထန်နဲ့ စီးချင်းထိုးနိုင်တော့မယ်”

လေထဲတွင် ကြာပွတ်များက တဝှစ်ဝှစ်အသံများနှင့်အတူ ခုန်တက်နေချိန်တွင် အာရပ်ဗိုလ်ချုပ်ပေါင်း များစွာကလည်း လက်မှုပညာရှင်များကို ဆော်ဩနေကြသည်။ ရှီဖန်းသည် မြို့ကြီးမဟုတ်ချေ။ စစ်သည်သုံးသိန်းသည် မြို့ထဲတွင် ကြပ်သိပ်လွန်းနေသည်။ ထို့ပြင် နောက်ထပ်လေးသိန်းမှ ငါးသိန်းခန့်အထိက ရောက်ရှိလာနေသေးသည်။

ထိုသို့ဖြင့် စစ်သည်ရှစ်သိန်းခန့်ရှိမည့် စစ်တပ်ကြီးက မြောက်များလှစွာသော ဝန်ဆောင်မှုပေါင်းများစွာကို လိုအပ်လေရာ ဆောက်လုပ်ရေးပေါင်း များစွာကိုလည်းလိုအပ်လာသည်။

မြင့်မားသော မြို့ရိုးကြီးပေါ်တွင်ရှိသည့် အာရပ်လက်ထောက် ဗိုလ်ချုပ်တစ်ယောက်က ခေါင်းငုံ့ရင်း သတင်းပို့သည်။

“အရှင် မြို့ရဲ့ဆောက်လုပ်ရေးက ပြီးစီးလုနီးပါးဖြစ်နေပါပြီ။ အပိုခုခံရေးအနေနဲ့ အလယ်ပိုင်းကထပ်ပြီး ခိုင်မာအောင် တိုးမြှင့်ထားပါတယ်။ ဒါကြောင့် ရေတိုအားဖြင့် ထန်တွေကိုတော့ စိုးရိမ်စရာမလိုပါဘူး”

“အွန်း”

ဟူလာက ကျေနပ်သလို ခေါင်းညိမ့်သည်။ သူ၏မျက်လုံးများက အရှေ့ကိုကြည့်နေရာမှ အကြည့်လွှဲလိုက်သည်။

ဒီတစ်ကြိမ် စစ်တပ်က အလွန်အမင်း အင်အားကြီးမားသည်။ အာရေးဗီးယားစစ်သည် သိန်းပေါင်းများစွာ၊ ချွီထေပါးနှင့် အခြားသော မဟာဗိုလ်ချုပ်ကြီးပေါင်းများစွာက သူတို့၏လက်ထဲတွင် သေသွားသည်။ အာရေးဗီးယားတွင် ဟူလာအပါအဝင် လူတိုင်းကလည်း ထန်စစ်သားများကို အလေးအနက်ထားကာ ဆက်ဆံနေပြီဖြစ်သည်။

“သတင်းပို့”

သူက ထိုသို့တွေးတောနေသည့်အချိန်တွင် အာရပ်မြင်းသမားတစ်ယောက်က ရုတ်တရက် အဝေးမှ မြင်းဒုန်းစိုင်းစီးလာပြီး ဖုန်တိမ်စိုင်လုံးများကို ချန်ထားရစ်ခဲ့သည်။ လှမ်းအော်လိုက်သော အသံနှင့်အတူ သူ၏မျက်နှာက အလွန်အမင်း ဖြူဖျော့နေပြီး အလွန်အမင်း ထိတ်လန့်နေပုံပေါ်သည်။

“ထန်အင်အားစုကြီးက ရှီဖန်းကို ချီတက်လာနေပါတယ်”

ဘန်း

ထိုစကားလုံးများက မြို့အတွင်း အားလှိုင်းများ လွှတ်ထုတ်လိုက်သည်။ မြို့ရိုးများပေါ်တွင်ရှိသော ဟူလာနှင့် အခြားသော အာရပ်အစိုးရတိုင်း၏ မျက်နှာက ဖြူဖျော့သွားသည်။ အာရပ်များဘက်မှ အင်အားစု တစ်သိန်းနီးပါး အားသာနေသလို နေရာကလည်း အားသာချက်ရှိနေသော အခိုက်အတန့်မျိုးတွင် ရန်သူစစ်တပ်က ချီတက်ပြီး တိုက်ခိုက်လာရဲမည်ဟု မထင်ထားကြချေ။

“ရမ်းကားလိုက်တာ ငါတို့က သဘောတူစာချုပ် ရေးထိုးထားပြီးသူတို့ကို ရွှေသားတစ်ဘီလီယံ ပေးပြီးကာစပဲရှိသေးတယ်။ မှင်ကတောင် ခြောက်ဦးမှာမဟုတ်ဘူး။ ဒါတောင်မှ သူတို့က စာရွက်ကို စုတ်ဖြဲလိုက်ပြီပေါ့”

ဟူလာသည် အံ့အားသင့်ရသလို ဒေါသလည်းထွက်သည်။ ယခင်စစ်ပွဲများတွင် မည်သူကမှ အာရေးဗီးယားကို ယခုလို မဆက်ဆံရဲချေ။

ပို၍ဆိုးသည်မှာ မဟာထန်သည် ရွှေသားတစ်ဘီလီယံ လက်ခံပြီးကာစဖြစ်သည်။ သို့သော် ယခုမူ သူတို့က စာချုပ်ကိုဖြဲပြီး တိုက်ခိုက်ချင်နေသည်။ ထိုအခြေအနေက လက်သင့်မခံနိုင်လွန်းသော အခြေအနေဖြစ်သည်။

“သတင်းပို့”

တခဏခန့်ကြာပြီးနောက် အော်သံများနှင့် မြင်းခွာသံများက ထွက်လာပြန်သည်။ ထို့နောက် နောက်ထပ် အာရပ်သတင်းပို့တစ်ယောက်က အထိတ်တလန့်ဖြစ်နေသော မျက်နှာမျိုးနှင့် ရှီဖန်းထံ ဒုန်းစိုင်းအပြေးနှင်လာသည်။

“အရှင့်ကိုတင်ပြပါတယ်။ ထန်နဲ့ ပုန်ကန်သူစစ်သည် ခုနှစ်ထောင်ခန့်ပါမဲ့ ပေါင်းစပ်အင်အားစုတစ်ခုက ကျွန်တော်တို့ဆီ ချီတက်လာနေပါတယ်။ သူတို့က သုံးလီတောင် မဝေးတော့ပါဘူး”

“မြန်လိုက်တာ”

ထိုစကားလုံးများကို ကြားသောအခါ မြို့ရိုးပေါ်ရှိလူတိုင်း၏ မျက်နှာက တင်းမာသွားသည်။

ကင်းထောက်နှစ်ယောက်အကြား အချိန်အကွာအဝေးမှာတင် ရန်သူဟာ ရှီဖန်းနှင့် သုံးလီသာ ဝေးကွာသောနေရာသို့ ရောက်ရှိလာနိုင်ခဲ့သည်။ ထိုအရှိန်နှုန်းနှင့်ဆိုလျှင် သူတို့က သိပ်မကြာခင် မြို့ရိုးဆီ ရောက်လာနိုင်သည်။

“မောက်မာလွန်းတယ် သူတို့က မောက်မာလွန်းတာပဲ”

မြို့ရိုးပေါ်ရှိ အာရပ်အစိုးရတစ်ယောက်က ဒေါသထွက်သွားပြီး အရှေ့ပိုင်းလောကမှ ထိုထန်များသည် အခြားလူများကို အထင်သေးလွန်းသည်။ အာရပ်များသည် တစ်ကြိမ်သာရှုံးသေးသည်။ သို့သော် သူတို့တွင် မြောက်များလွန်းသော စစ်တပ်အင်အားစုနှင့် ဗိုလ်ချုပ်ပေါင်းများစွာရှိနေသေးသည်။

ဟူလာ၏ မျက်နှာကလည်း နီရဲနေပြီဖြစ်သည်။

“အားလုံးပဲ ငါ့ရဲ့အမိန့်ကို နာခံကြစမ်း။ ဘယ်သူကမှ ငါ့ရဲ့အမိန့်မရှိဘဲ လှုပ်ရှားခွင့်မရှိဘူး။ ဟွန်း ဒီထန်ဗိုလ်ချုပ် ဘာလုပ်မလဲ ငါကြည့်ဦးမယ်”

ဟူလာ၏ အမိန့်နှင့်အတူ လေထုအခြေအနေက တည်ငြိမ်သွားသည်။ တခဏခန့်ကြာပြီးနောက် စစ်တပ်ကြီးတစ်ခုက ဖုန်တိမ်စိုင်လုံးအတွင်းမှ ကျယ်လောင်သော အော်ဟစ်သံနှင့်အတူ ထွက်လာသံ၊ မြင်းခွာသံများကို မိုးခြိမ်းသံလိုကျယ်လောင်စွာ ကြားလိုက်ရပြီဖြစ်သည်။

မီတာခြောက်ရာမှ ခုနှစ်ရာခန့် အဝေးတွင်... ဟူလာက ခပ်ကြမ်းကြမ်း လှမ်းအော်လိုက်သည်။

“အဲ့ဒီမှာဘယ်သူလဲ”

ကျယ်လောင်သော အော်သံထဲတွင် စွမ်းအင်များက ပေါက်ကွဲလျှက် ပါဝင်သွားသည်။ ထို့ကြောင့် ရှီဖန်း၏ ကောင်းကင်ထက်တွင် မိုးခြိမ်းလိုက်သလိုမျိုး ကျယ်လောင်စွာထွက်သွားသည်။

“ဟား ဟား ဒါက မြို့ရိုးပေါ်က အင်ပါယာရဲ့ အလောင်းဖြူ၊ အာရေးဗီးယား အင်ပါယာရဲ့ ဟူလာဆိုတာများလား”

အင်အားစုခုနှစ်ထောင်ခန့်ရှိသည့် စစ်တပ်ကြီးအတွင်းမှ ကျယ်လောင်သော အော်သံနှင့်အတူ အနီအနက် စစ်မြင်းတစ်ကောင်က ခုန်ထွက်လာကြောင်း တွေ့လိုက်ရသည်။ သူ၏လည်ဆံမွှေးများက ရွှန်းစိုကာ တောက်ပနေသည်။ မြင်းစီးသူ၏ အကြည့်ကလည်း ဓားတစ်လက်အလား ထက်ရှသည်။ ထိုသို့ဖြင့် သူ၏အကြည့်က မြို့ရိုးပေါ်တွင်ရပ်နေသည့် အာရပ်အစိုးရသုံးယောက်ထံ တည့်တည့် ကျရောက်လာလေသည်။

အခန်း(၁၁၆၉)

ဟူလာက မည်သည့်စကားမှ မဆိုနိုင်သေးခင် ဘေးဘက်ရှိ အာရပ်ဗိုလ်ချုပ်ကြီး တစ်ယောက်က ပြန်လည်ငြင်းခုံကာ အော်ဟစ်လိုက်သည်။

“အဲ့ဒီက ဘယ်သူလဲ။ ဘယ်သူက အရှင်အစိုးရရဲ့နာမည်ကို တပ်ပြောရဲတာလဲ”

“ဟား ဟား ဟူလာ မင်းတို့အာရပ်တွေမှာ ဒီလိုရက်မျိုးရှိလာမယ်လို့ မထင်ထားဘူး။ ငါက မဟာထန်ရဲ့ ချီရှီကာကွယ်ရေးဗိုလ်ချုပ်ကြီးကိုယ်စား ကိုယ်တိုင်ကိုယ်ကျ သတင်းလာပို့ပေးတာ။ အခုချက်ချင်း မင်းတို့ရဲ့ စစ်သားတွေအားလုံးကို ရှီဖန်းကနေ ပြန်ဆုတ်ခိုင်းလိုက်။ အဲ့ဒီလိုမှမဟုတ်ရင် မဟာထန်က ခိုရာစန်းကနေ ထွက်လာပြီး မင်းတို့ရဲ့စာချုပ်ကို ဖောက်ဖျက်တဲ့အနေနဲ့ ပြန်လည်တိုက်ခိုက်ရလိမ့်မယ်။ ချွီထေပါးလိုပဲ မင်းတို့အားလုံးသေရမယ်”

ဂျာလာလီက မြို့ရိုးပေါ်မှကြည့်ရင်း ရယ်သည်။

ဂျာလာလီသည် ခိုရာစန်းနီဖြစ်သည်။ သူသည် ဆမ်ဆာရစ်မင်းဆက်မှ အဖွဲ့ဝင်တစ်ယောက်ဖြစ်သည်။ ကုန်လွန်ခဲ့သော နှစ်များတွင် သူကဲ့သို့ ခိုရာစန်းနီက အာရပ်များ၏ ဖိနှိပ်မှုအောက်တွင် မည်ကဲ့သို့ ဘဝမျိုးတွင် နေထိုင်ခဲ့ရကြောင်း သူတို့ကသာ နားလည်ပေလိမ့်မည်။ အာရပ်များ၏အရှေ့တွင် ခိုရာစန်းနီများက အမြဲတစေ သတိကြီးပြီး ပုန်းအောင်းနေခဲ့ရကာ စကားပင်ကျယ်ကျယ် မပြောရဲခဲ့ချေ။ သူတို့သည် ဒုတိယအဆင့် ပြည်သူများဖြစ်သည်။ ပို၍ဆိုးသည်မှာ ခိုရာစန်းနီသည် ဖော်ပြရန်ခက်ခဲလောက်အောင် ကြီးလေးလွန်းသော အခွန်နှင့်အတူ ကြီးမားသည့် ဝန်ထုတ်ဝန်ပိုးကြီးကို ထမ်းထားရသည်။ ဒါဟာ သိပ်မကြာခင်ကာလအထိ ထိုသို့ဖြစ်ပျက်ခဲ့ခြင်းဖြစ်သည်။ သို့သော် ယခုမူ သူတို့သည် အာရပ်စစ်သည် သုံးသိန်းအရှေ့တွင်ပင်ရပ်ပြီး အင်အားကြီးမားသော အစိုးရတစ်ယောက်ဖြစ်သည့် ဟူလာနှင့်ပင် စကားပြောခွင့်ရထားသည်။

“ရမ်းကားလိုက်တာ”

“မောက်မာတယ်”

ဟူလာနှင့် အခြားသောအာရပ် အစိုးရများနှင့် ဗိုလ်ချုပ်များက ထိုစကားလုံးများကြောင့် ဒေါသထွက်သွားကြသည်။ အင်အားစုခုနှစ်ထောင်လောက်က သူတို့၏အရှေ့တွင် ယခုလိုရမ်းကားရဲသည်။ သူတို့ဟာ သေချင်နေ၍သာ ဖြစ်ပေလိမ့်မည်။

“လာစမ်း လူနှစ်သောင်းလွှတ်ပြီး အားလုံးကိုသတ်လိုက်”

ဟူလာက ရုတ်တရက် အမိန့်ပေးသည်။ သူ၏မျက်နှာက ရေခဲတုံးအလား တင်းမာနေသည်။

ဟူလာ၏အမိန့်ကို ပြန်ဖြေသလိုမျိုး မြို့ဂိတ်ကပွင့်သွားပြီး အင်အားစုနှစ်သောင်းက တင်းမာသော မျက်နှာများနှင့်အတူ မြို့အတွင်းမှထွက်ကာ စစ်သည်ခုနှစ်ထောင်ထံသွားသည်။

“ဟား ဟား သွားကြမယ်”

ဂျာလာလီက လက်ကိုယမ်းလိုက်ပြီး သူ၏လူကို ချက်ချင်းလိုလို ဦးဆောင်ခေါ်သွားသည်။

“သတင်းကိုပို့ပြီးပြီ။ မင်းတို့ ကောင်းကောင်းပြုမူတာ အကောင်းဆုံးပဲ”

ဂျာလာလီ၏ရယ်သံက ကျယ်လောင်စွာ ထွက်ပေါ်နေသေးသည်။ သူက သဘောတကျရယ်နေ၏။

“မင်းတို့ဘယ်သွားမလို့လဲ”

ခေါင်းဆောင် အာရပ်ဗိုလ်ချုပ်က ရန်သူဟာ အကျိုးဆက်ကို ဂရုမစိုက်ဘဲ ခပ်အေးအေး ထွက်ပြေးသွားကြောင်း မြင်လိုက်ရုံနှင့် သူ၏စစ်သားများကို အပြေးနှင်ခိုင်းပြီး ခပ်မြန်မြန် ချီတက်လာသည်။

စစ်တပ်နှစ်ခုသည် လျှင်မြန်စွာဖြင့် အဝေးသို့ဝင်ရောက်ကာ ပျောက်ကွယ်သွားသည်။

လီပေါင်းများစွာအကွာတွင် ဦးဆောင်လာသော အာရပ်ဗိုလ်ချုပ် အပုလာက ရုတ်တရက် အမိန့်ထုတ်လိုက်သည်။

“သေစမ်း မြန်မြန် သူတို့ကို မပြေးစေနဲ့ တိုင်ဂရစ်မြစ်က အရှေ့လေးတင်ပဲ။ သူတို့ကို ထွက်ပြေးခွင့်ပြုလို့မရဘူး”

သူ၏ဓားမောက်ရှည်ကို မြင်း၏အနောက်ဘက်ခြမ်းသို့ တစ်ချက်ထိုးစိုက်လိုက်ပြီး သူ၏စစ်တပ်ကို ခပ်မြန်မြန် ချီတက်စေသည်။ သို့သော် သူတို့က အလွန်ဝေးကွာသောနေရာသို့ မရောက်နိုင်သေးခင် ခပ်ကြမ်းကြမ်း ဟီသံတစ်ချက်က ထွက်ပေါ်လာပြီး မရေမတွက်နိုင်သော စစ်သားပေါင်းများစွာက မထင်ထားသောဘက်ထောင့်မှ ချီတက်လာလျှက် အပုလာ၏စစ်တပ်ကို ထက်ရှသော မြှားတစ်စင်းလိုမျိုး ထိုးဖောက်လာလေသည်။

“မကောင်းတော့ဘူး နောက်ဆုတ်”

အပုလာ၏မျက်နှာက ဖြူဖျော့သွားပြီး စစ်တပ်ကိုဦးဆောင်ကာ ထွက်ပြေးရန်ကြိုးစားသည်။ သို့သော် နောက်ကျသွားပြီဖြစ်သည်။

“ထွက်ပြေးဖို့တွေးတာကတော့ တော်တော်လေး နောက်ကျသွားပြီ။ မင်းတို့ရဲ့အသက်ပဲ ထားခဲ့လိုက်ပါတော့”

ဂျာလာလီက သဘောတကျရယ်ကာ ဓားကိုဆွဲထုတ်လိုက်ပြီး သူ၏စစ်သည် ခုနှစ်ထောင်ကို ဦးဆောင်ကာ ပြန်လှည့်လာသည်။

ခြိမ်း

သူတို့သည် အာရပ်နောက်တန်းများသို့ တိုက်ရိုက်ထိုးဖောက်ကာ အားလုံးကို ဝရုန်းသုန်းကား ဖြစ်စေလိုက်သည်။

....

“ဘာ အပုလာရဲ့စစ်တပ်က အရှင်းခံလိုက်ရပြီဟုတ်လား”

မြို့ရိုးများပေါ်မှ ဟူလာက သတင်းကိုရသောအခါ ကြောင်တောင်တောင် ဖြစ်သွားသည်။ ယခုလေးတင် အပုလာ၏ အင်အားစုနှစ်သောင်းက ပျောက်ကွယ်သွားခြင်းဖြစ်သည်။ သို့သော် အားလုံးက သေဆုံးသွားပြီဆိုလျှင်မူ ဒါဟာ မြန်လွန်းသည်။

“သူတို့မှာ အင်အားစုဘယ်လောက်ရှိလို့လဲ”

ဟူလာက စိုးရိမ်တကြီးမေးသည်။ သူသည်လည်း သံသယဝင်နေသည်။

“အရင်ခုနှစ်ထောင်အပြင် ခြုံခိုတိုက်ခိုက်ဖို့ စောင့်နေတဲ့ အင်အားစုရှစ်ထောင်ရှိပါတယ်။ သူတို့မှာ အားလုံးပေါင်း တစ်သောင်းခွဲပဲရှိတာပါ”

“ဘာ ဘယ်လိုကြောင့်လဲ”

ဟူလာ၏ဘေးဘက်မှ အာရပ်အစိုးရ တစ်ယောက်က အလျင်စလို အော်ဟစ်လိုက်မိသည်။

ရန်သူဘက်ကသာ အင်အားစု ပိုများနေခဲ့သောကြောင့်ဟုဆိုလျှင် အရှုံးကို လက်ခံ၍ရသည်။ သို့သော် တစ်သောင်းခွဲမှ တစ်သောင်းခြောက်ထောင်ခန့်သာရှိသော အင်အားစုဟာ အာရပ်ထုတ်လွှတ်ထားသော အင်အားစုထက် နည်းပါးနေသေးသည်။ သို့သော် သူတို့က မည်သို့များကြိုးစား၍ တိုတောင်းသော အချိန်ကာလအတွင်း ထိုမျှမြောက်များသော အင်အားစုကို သတ်လိုက်နိုင်ကြောင်း တွေးတော၍မရချေ။

ဒဏ္ဍာရီတွေက မှန်နေတာလား

သမိုင်းမှာ အင်အားအကြီးဆုံးဖြစ်တဲ့ အဲ့ဒီအရှေ့ပိုင်းစစ်တပ်က စစ်သားတွေက ချွီထေပါးရဲ့ အင်အားစုကိုတောင် လွှမ်းမိုးနိုင်တယ်ဆိုတာ တကယ်လား။ ဒါပေမဲ့ ဘယ်လိုဖြစ်နိုင်မှာလဲ။

သူတို့ရထားသော အချက်အလက်များအရ ထန်စစ်တပ်ဘက်က နိုင်သွားခဲ့သော်လည်း သူတို့သည် စစ်သည်နှစ်သောင်းမှ သုံးသောင်းခန့်သာ ကျန်ခဲ့လေသည်။ ယခုအင်အားစုကမူ ကြွက်များလို တစ်စစီကွဲနေသည့် ပုန်ကန်သူစစ်သည်အင်အားစုကို ပေါင်းစည်းပြီး ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။

ဒါကို ဘယ်အချိန်က သူတို့က ဒီလောက်ထိ လေးစားဖို့ကောင်းလောက်အောင် အင်အားထုတ်ပြနိုင်သွားတာလဲ။

“ငါ့ရဲ့အမိန့်ကိုထုတ်လိုက် အမဲလိုက်သိန်းငှက်တိုင်းကို လွှတ်လိုက်တော့”

ယခုအခါမှသာ ဟူလာက တစ်စုံတစ်ရာ မှားယွင်းနေကြောင်း သိလိုက်သည်။ သူသည် မူလကမူ ရန်သူမှ အင်အားစု အနည်းငယ်ကိုသာ ပြဿနာရှာရန် စေလွှတ်ခဲ့ပြီး အရှိန်အဝါကို ကြွားဝါပြချင်သည်ဟု ထင်ခဲ့သည်။ သို့သော် ယခုမူ ထိုသို့ဟုတ်ပုံမရချေ။

ဖလပ် ဖလပ်

တခဏခန့်ကြာပြီးနောက် မရေမတွက်နိုင်သော သတင်းပို့သိန်းငှက်ပေါင်း များစွာက ချီဖန်း၏ ကောင်းကင်ထဲသို့ထိုးဖောက်လျှက် အရပ်မျက်နှာအနှံ့ ပျံသန်းသွားသည်။

တခဏခန့်ကြာပြီးနောက် သတင်းပို့သိန်းငှက်များနှင့် ကင်းထောက်ပေါင်းများစွာက ရန်သူ၏ အရေအတွက်ကို တိတိကျကျပြောရန် ပြန်ရောက်လာသည်။

သူတို့ကရင်ဆိုင်နေရသည့် စစ်သည်အရေအတွက်က နှစ်သောင်းဖြစ်သည်။ ထိုထန်နှင့် ခိုရာစန်းနီမှလာသော အင်အားစုက ချီဖန်းထံတိုက်ရိုက်လာနေသည်။

“ငါ့ရဲ့အမိန့်ကိုထုတ် စစ်သည်တစ်သိန်းက ငါ့ရဲ့နောက်ကိုလိုက်ပြီး မြို့ထဲကထွက်မယ်။ ငါကိုယ်တိုင်ကိုယ်ကျ ဒီအင်အားစုရဲ့ အင်အားကို စမ်းသပ်မယ်”

ဟူလာဟာ ဒေါသထွက်နေသည်။ အမှားတစ်ခုကတင် လုံလောက်သည်။ ဒီတစ်ကြိမ်တွင်မူ သူဟာ ထန်နှင့်ပုန်ကန်သူများကို ကိုယ်တိုင်ကိုယ်ကျ ကိုင်တွယ်ရပေမည်။

ဘုန်း

မြို့ဂိတ်ကပွင့်သွားပြီး အင်အားစုတစ်သိန်းက ရေကြီးသလိုမျိုး မြို့ထဲမှထွက်သွားသည်။ ကျန်သောအင်အားစု နှစ်သိန်းကမူ နောက်တန်းတွင် အသင့်စောင့်နေ၏။ သူတို့သည် အချိန်မရွေး ထွက်လာနိုင်သည်။ အင်အားစုတစ်သိန်းတည်းကိုသာ စေလွှတ်ထားသော်လည်း စစ်တပ်နှစ်ခုက အချင်းချင်း ကွာဟချက်ကြီးမားလွန်းနေသည်။ သူတို့သည် ရန်သူအား သူတို့၏အားနည်းချက်ကို ရှာဖွေတူးဆွခွင့်ပြု၍မရချေ။

ခြိမ်း

ဟူလာက သူ၏စစ်တပ်ကိုခေါ်ဆောင်ကာ မြို့ထဲမှထွက်သွားပြီး သိပ်မကြာခင် အဝေးမှ ကြီးမားလွန်းသည့် ရွှေရောင်နဂါးအလံကြီးကို မြင်လိုက်ရသည်။ ထို့နောက် ကျယ်လောင်သော စစ်ဗုံသံများနှင့်အတူ ထန်၊ ခိုရာစန်းနီနှင့် အခြားသော ပုန်ကန်သည့် စစ်သည်အင်အားစုက ပေါ်လာသည်။ သူတို့သည် ချီဖန်းတည့်တည့် ချီတက်လာကြသည်။ စစ်တပ်၏အလယ်တွင် အနက်ရောင်ဆံပင်နှင့် သံချပ်ကာကို ဝတ်ထားသော လူငယ်လေးက ဟူလာ၏အာရုံကို ဖမ်းစားသွားသည်။

“သူပဲ”

ဟူလာက ငယ်ရွယ်သောပုံရိပ်ကို မြင်လိုက်ပြီးပြီးချင်း မျက်လုံးကို မှေးကျဉ်းလိုက်မိကာ မျက်နှာကလည်း အံ့အားသင့်မှုကြောင့် တောင့်ခဲသွားသည်။ သူသည်လည်း မဟာထန်၏ ငယ်ရွယ်သော ဗိုလ်ချုပ်က ကိုယ်တိုင်ကိုယ်ကျ ထွက်လာမည်ဟု မထင်ထားမိချေ။

ဟူလာနှင့် အာရပ်စစ်သားတိုင်းသည် ထိုငယ်ရွယ်သော ထန်ဗိုလ်ချုပ်နှင့်ပတ်သတ်ပြီး သတင်းအများကြီး ကြားထားပြီးသားဖြစ်သည်။ သူတို့သည် သူ၏ရုပ်ရည်၊ ဟန်အမူအရာ၊ သုံးသောလက်နက်၊ သံချပ်ကာတိုင်းကိုပင် အသေးစိတ်နီးပါး သိနေသည်။ ထို့ကြောင့် ဟူလာက ဝမ်ချောင်ကို မမြင်ဖူးသော်လည်း တစ်ချက်ကြည့်လိုက်ရုံနှင့် သူ့ကိုတန်းသိသည်။

သို့သော် ဟူလာကသူ့ကို အလွန်အလေးထားပြီး အထူးတလည် အာရုံစိုက်ကာ ရှု့မြင်သောကြောင့် မဟုတ်ချေ။ အရေးကြီးဆုံးအချက်ကမူ အာရေးဗီးယားအင်ပါယာရှိ လူတိုင်းကလည်း ချွီထေပါးနှင့် အားပါးကို သတ်ခဲ့သောလူဟာ မည်သူဖြစ်ကြောင်း သိနေသောကြောင့်ဖြစ်သည်။

“အားလုံးပဲ သတိထားကြ။ ဒီလူက မဟာထန်ရဲ့ ငယ်ရွယ်တဲ့ဗိုလ်ချုပ်ကြီး ဝမ်ချောင်ဖြစ်လောက်တယ်”

ဟူလာက ချဉ်းကပ်လာသော စစ်တပ်ကို ကြောက်ရွံ့ရိုသေမှုအပြည့်နှင့် ကြည့်လိုက်သည်။

အခြားသော အာရပ်အစိုးရနှစ်ယောက်ဖြစ်သည့် ပါးလာဗီနှင့် ကာရင်တို့က ဘာစကားမှမပြောကြချေ။ သူတို့နှစ်ယောက်လုံးကလည်း အလွန်အမင်း စိုးရိမ်နေသည်မှာ ရှင်းလင်းနေသည်။

ဒုန်း ဒုန်း ဒုန်း

တခဏခန့်ကြာပြီးနောက် စစ်တပ်နှစ်ခုက အချင်းချင်း ချဉ်းကပ်တာကို ရပ်တန့်လိုက်ကြသည်။ ထိုသို့ဖြင့် အကွာအဝေးတစ်ခု ထားထားသည်။

“ထန် မင်းတို့က စကားကိုရုတ်သိမ်းလိုက်တာပဲ။ မင်းတို့က ငါတို့ရဲ့ ရွှေထည်တွေကို လက်ခံပြီးတာ ရှင်းလင်းနေတာ။ ဒါတောင် ဘယ်လိုကြောင့် သဘောတူချက်ကို ဖောက်ဖျက်လိုက်တာလဲ။ တကယ်ကို လက်သင့်မခံနိုင်စရာပဲ”

ဟားမားတန်း၏အစိုးရ ကာရင်က ရှေ့သို့တက်ပြီးပြောသည်။ သူ၏မျက်လုံးက တောက်ပနေသည်။ သူ၏ ကျော်ကြားမှုနှင့် ဂုဏ်သတင်းက ချွီထေပါးနှင့် အပုမူစလင်တို့ထက် နိမ့်သော်လည်း ကာရင်သည်လည်း သံသယဝင်ရန်မလိုလောက်အောင် အာရပ်အစိုးရများတွင် ဒုတိယအဆင့် ဖြစ်လေသည်။ ပို၍ဆိုးသည်မှာ ကာရင်သည် အမြဲတစေ အညံ့မခံလိုသည့် အကျင့်စရိုက်မျိုးရှိလေရာ ဝမ်ချောင်၏အရှေ့တွင် သူဟာ အကြောက်အလန့်မဲ့နေသည်။

“ငါတို့က သဘောတူညီချက်ကို ဖောက်ဖျက်တာ ဘယ်လိုဖြစ်နိုင်မှာလဲ။ မင်းတို့က အရင်တိုက်ခိုက်တာ ရှင်းလင်းနေတာပဲ။ ငါတို့မှမဟုတ်တာ”

ပြောလာသူ၏အသံက တိုးလျသည်။ သို့သော် ထည်ဝါသော အရှိန်အဝါမျိုးကိုလည်း သယ်ဆောင်ထားသေး၏။ ဝမ်ချောင်ဟာ ခွာဖြူအရိပ်မြင်းကိုစီးလျှက် တဖြည်းဖြည်းချင်း ထွက်လာသည်။ သူ၏အမူအရာက တည်ငြိမ်ပြီး အေးဆေးနေသေးသည်။ သူ၏လှုပ်ရှားမှုတိုင်းကလည်း လေးစားဖွယ်ကောင်းသော ခွန်အားနှင့် အကျင့်စရိုက်မျိုးကို ဖော်ထုတ်ပြသနေသည်။ အခြားသော အဆင့်ချင်းတူသည့် အင်ပါယာမဟာဗိုလ်ချုပ်ကြီးတိုင်းကပင် သူ့ကိုမယှဉ်နိုင်ချေ။

ဝုန်း

အာရပ်ဗိုလ်ချုပ်တိုင်း၏မျက်နှာက ထိုစကားလုံးများကြောင့် တင်းမာသွားကြသည်။

ထန်များနှင့် ခိုရာစန်းနီများက အာရေးဗီးယားကို ထပ်ခါတလဲလဲ စိန်ခေါ်ပြီး ရန်စနေခဲ့သော်လည်း အဆုံးသတ်တွင် အာရေးဗီးယားကသာ အစောဆုံး တိုက်ခိုက်ခဲ့သူဖြစ်သွားသည်။

“ရမ်းကားတယ် မင်းတို့ကသာ အဲ့ဒီမှာခြုံခိုတိုက်ခိုက်ဖို့ ငါတို့ကို မြှားခေါ်ခဲ့တာပဲ။ ဒါက ကြိုတင်ကြံစည်ထားတာ ရှင်းလင်းနေတာပဲ”

ဟူလာ၏အနားရှိ အာရပ်ဗိုလ်ချုပ်တစ်ယောက်က မနေနိုင်ဘဲလှမ်းငြင်းသည်။

“ဟွန်း ငါတို့ကမပြင်ဆင်ထားရင် ငါတို့ရဲ့အင်အားစု ခုနှစ်ထောင်လုံးကို မင်းတို့က သတ်ပြီးလောက်ပြီ”

ရွှယ်ချန်ကျွင်းက လှမ်းအော်ရင်း ဝမ်ချောင်၏အနောက်ဘက်မှ ထွက်လာသည်။

“မင်း..”

အာရပ်ဗိုလ်ချုပ်သည်လည်း စွံ့အသွားသည်။

ထိုအင်အားစုခုနှစ်ထောင်က ငါးစာသာဖြစ်ကြောင်း လူတိုင်းသိနေသော်လည်း ရွှယ်ချန်ကျွင်း၏ စကားလုံးများကလည်း မှန်နေပြန်သည်။ ထန်များကသာ ကြိုရောက်မနေခဲ့လျှင် အာရပ်စစ်သည် နှစ်သောင်းက အနိုင်နှင့်အတူ ပြန်လာနိုင်သည်။

“စကားထပ်ပြောဖို့မလိုတော့ဘူး”

ဟူလာက လက်ကိုဆန့်ထုတ်လိုက်ပြီး နောက်ကဗိုလ်ချုပ်ကိုတားသည်။ သူသည် ရှေ့သို့ မြင်းစီးထွက်လျှက် ဝမ်ချောင်ကိုကြည့်သည်။

“ထန် မင်းကဒီမျိုးဆက်မှာ ကျော်ကြားလွန်းတဲ့ ဗိုလ်ချုပ်ကြီးတစ်ယောက်ပါ။ မဟာထန်တွေရဲ့ စကားတွေက ဒီလောက်တောင် ယုံကြည်လို့မရဘူးလား”

“ဟွန်း”

ဝမ်ချောင်က ဖျော့တော့စွာပြုံးရင်း သူ၏မြင်းကို ရှေ့သို့တိုးလာစေသည်။ သူ၏မျက်နှာက တောက်ပလာသည်။

“ယုံကြည်ရတာတွေ မယုံကြည်ရတာတွေ သဘောတူညီမှုတွေ ဖျက်ဆီးတာတွေက ငါကသာမင်းကို မေးသင့်တာမဟုတ်လား။ ငါကမင်းကို မပြောထားဘူးလား။ တစ်ရက်အတွင်း မင်းချီဖန်းကနေ နောက်ဆုတ်သွားသင့်တယ်။ ဒါကိုမင်းက မဆုတ်သွားဘူးဆိုကတည်းက သဘောတူညီချက်ကို အရင် အတိုက်အခံလုပ်တာ ရှင်းလင်းနေတာပဲ။ ငါ့ရဲ့စစ်တပ်ကို အနောက်ဘက်ခြမ်းကို ချီတက်ခိုင်းပြီး တိုက်ခိုက်လာရင်တောင်မှ ငါ့ကိုအပြစ်တင်လို့မရဘူးလေ”

“မင်း...”

ဟူလာက ထိုစကားလုံးများကြောင့် မျက်နှာဖြူဖျော့သွားသည်။ အနောက်ပိုင်းမှ အင်အားအကြီးဆုံး အင်ပါယာကြီးကို ယခုလိုအခြေအနေမျိုးရောက်အောင် မည်သည့်အချိန်ကမှ မည်သည့် အင်အားစုကမှ မတွန်းပို့နိုင်ခဲ့ချေ။

“ငါသုံးထိရေမယ် သုံးစက္ကန့်ကြာပြီးတဲ့နောက်မှာမှ မင်းတို့က နောက်မဆုတ်သေးဘူးဆိုရင်တော့ သေဖို့ပြင်ထားလိုက်တော့”

ဝမ်ချောင်က လက်ထောင်သည်။ သူ၏ခန္ဓာကိုယ်ကလည်း လွှမ်းမိုးနိုင်စွမ်း ပြင်းထန်သည့် အရှိန်အဝါကို ထုတ်လာသည်။

“တစ် နှစ်... သုံး”

ဟူလာက မတုန့်ပြန်နိုင်သေးခင် ဝမ်ချောင်က ရေတွက်မှုကို ခပ်မြန်မြန် ထုတ်ပြန်ကြေညာလိုက်ပြီး သုံးချောင်းလုံးကို ဆန့်လိုက်ပြီဖြစ်သည်။ တခဏခန့်ကြာပြီးနောက် အနောက်ဘက်မှ စစ်သည်အင်အား နှစ်သောင်းလုံးက ကျယ်လောင်စွာ အော်ဟစ်လျှက် ချီတက်ကြသည်။

မင်းမူလွန်းတယ်။

ဒါက တအားကို မင်းမူနေတာပဲ။

ဝမ်ချောင်က အာရပ်များကို သုံးစက္ကန့်အချိန်ပေးမည်ဟု ပြောသည်။ သို့သော် သုံးစက္ကန့်က နားချိန်ပင်မရှိဘဲ ကုန်ဆုံးသွားသည်။ အာရပ်များက တုန့်ပြန်ရန်ပင် အချိန်မရှိခဲ့ချေ။ သူက သုံးထိ ဆက်တိုက်ရေချလိုက်ပြီး စစ်တပ်ကိုတိုက်ခိုက်ရန် အမိန့်ထုတ်လိုက်သည်။ အာရေးဗီးယား အင်ပါယာသည် မရေမတွက်နိုင်သော အင်အားစုများကို သိမ်းပိုက်ပြီး ရန်သူအင်အားစုပေါင်း များစွာကို အုပ်စိုးလာခဲ့သည်။ သူတို့သည် လေးစားဖွယ်ကောင်းသည့် မဟာဗိုလ်ချုပ်ပေါင်းများစွာနှင့် ကြုံတွေ့ခဲ့သည်။ သို့သော် မည်သည့်တစ်ယောက်ကမျှ ယခုလောက်ထိ မင်းမူပြပြီး သံမဏိလက်သီးနှင့် မကြွားဝါရဲခဲ့ချေ။ ယခုလိုမျိုး အသက်ရှုချိန်ပင် မပေးနိုင်လောက်အောင် ပြင်းထန်လွန်းသည့် အင်အားကိုလည်း မလွှတ်ထုတ်နိုင်ခဲ့ချေ။

အခန်း(၁၁၇၀)

“သတ်”

အရှိန်အဝါပြင်းထန်သည့် အသံတစ်ချက်နှင့်အတူ စစ်သည် နှစ်သောင်းက သံမဏိမုန်တိုင်းကြီး တစ်ခုအလား ရှေ့သို့အပြေးနှင်လာသည်။

“ရမ်းကားလွန်းတယ်”

ဟူလာကဲ့သို့ အင်ပါယာ၏ အလောင်းဖြူကပင် ပုံမှန်အားဖြင့် ဖြူဖျော့သော မျက်နှာမပြတတ်သော လူမျိုးကပင် ယခုလိုအခြေအနေမျိုးတွင် မနေနိုင်ဘဲ ဒေါသကို ထုတ်ပြမိသွားသည်။ ပြိုင်ဘက်က မည်မျှအင်အားကြီးမားနေစေကာမူ ဒါဟာ အင်အားစုနှစ်သောင်းသာ ဖြစ်သည်။ အားလုံးက အသွေးအသားများဖြင့် လုပ်ထားကြသည်။

သူတို့က အင်အားစုနှစ်သောင်းနဲ့ တစ်သိန်းကို ရင်ဆိုင်နိုင်မယ်လို့ တကယ်ပဲ ယုံကြည်နေတာလား။

သူတို့က အင်အားစုတစ်သိန်းကျော် ပိုင်ဆိုင်ပြီး အရေအတွက် အပြတ်အသတ် သာနေမည်ဆိုလျှင်ပင်

သိပ်မဝေးသောနေရာ ချီဖန်းတွင် နောက်ထပ်နှစ်သိန်းက စောင့်နေသည်။

“အားလုံးကိုသတ်”

အေးခဲနေသောမျက်နှာနှင့် ဟူလာက ဓားကိုဆွဲထုတ်ပြီး တိုက်ခိုက်ရန် အမိန့်ပေးလိုက်သည်။

ဘန်း

အာရပ်အင်အားစု တစ်သိန်းက ရှေ့သို့ချီတက်ပြီး ထန်များ၊ ခိုရာစန်းနီနှင့် အခြားသော ပုန်ကန်သူ စစ်သားများကို ရင်ဆိုင်သည့် အခိုက်အတန့်တွင် မြေကမာ္ဘက တသိမ့်သိမ့် တုန်သွားသည်။

ဘုန်း

အင်အားစုနှစ်သောင်းက တစ်သိန်းနှင့် ထိပ်တိုက်တွေ့ဆုံသည်မှာ မှင်သက်ဖွယ်ကောင်းသော မြင်ကွင်းမျိုးဖြစ်သည်။

သို့သော် ဒီတိုက်ပွဲက ဟူလာမျှော်လင့်ထားသော အခြေအနေမျိုးနှင့် ခြားနားစွာ ဖြစ်ပျက်လာသည်။ စစ်တပ်နှစ်ခုက ရှေးဦးမူလသားရဲကြီးများ ထိပ်တိုက်ရင်ဆိုင်သလိုမျိုး ထိပ်တိုက်တွေ့ဆုံသည့် အခိုက်အတန့်တွင် ထန်စစ်တပ်၏ စစ်သည်နှစ်ဖွဲ့က ဘယ်ညာခွဲထွက်သွားကာ ရှည်လျားသည့် စက်ဝိုင်းခြမ်းကြီးတစ်ခုလိုမျိုး ကွေးကောက်ကာ ချီတက်လျှက် အာရပ်များ၏ ဘေးဘက်သို့ တိုက်ခိုက်လာလေသည်။ ထိုအချိန်တွင် ကျန်သောစစ်တပ်မှ အင်အားစုများကမူ ထက်ရှသော ဓားများအလား အာရပ်၏နောက်တန်းသို့ဝင်ရောက်ကာ ခုတ်သင်လှီးဖြတ်လေသည်။

“ဖြတ်တောက်ခြင်းဝင်္ကပါ”

သူတို့က ရန်သူဝင်္ကပါအတွင်းသို့ ချီတက်ဝင်ရောက်ပြီးပြီးချင်း ဝူရှန်းမြင်းတပ် ထောင်ပေါင်းများစွာက ပုလဲလုံးများအလား တစ်စစီကွဲလျှက် အာရပ်စစ်တပ်အတွင်းသို့ ဝင်ရောက်ကာ လှီးဖြတ်သည်မှာ ထက်ရှသော ဓားများက အလိုလိုလှုပ်ရှားနေပုံပေါ်သေးသည်။

ထို့ကြောင့် ချက်ချင်းလိုလို အာရပ်စစ်တပ် အလယ်ဗဟိုနေရာက ကစဉ့်ကလျားဖြစ်ကာ ပြိုလဲကျသည်။

“မျိုးမစစ်တွေ သူတို့ကိုသတ်ကြစမ်း”

ဟူလာကလည်း ထိုမြင်ကွင်းကြောင့် ဒေါသထွက်သွားသည်။ မည်သည့်စစ်တပ်အတွက်မဆို ဗဟိုပြိုလဲကျခြင်းက အလွန်အမင်း ခြိမ်းခြောက်နိုင်စွမ်းရည်ရှိသည်။

ရန်သူက ကြောက်မက်ဖွယ်ကောင်းသော်လည်း သူတို့သည် ပြိုင်ဘက်ကင်းလောက်အောင် ကြောက်မက်ဖွယ် မကောင်းသေးချေ။ အာရေးဗီးယားသည် အရေအတွက် အပြတ်အသတ်သာသည်။ ထို့ပြင် အနောက်ဘက်တွင်လည်း နှစ်သိန်းက အရန်သင့်စောင့်နေသေးသည်။ ထိုသို့ဖြင့် အချိန်မရွေး ချီတက်လာနိုင်သည်။ သို့သော် ဟူလာက ထိုသို့မျှော်လင့်လိုက်ရုံနှင့်...

ချွင်

မမြင်ရသော စွမ်းအင်တစ်ရပ်က တိုက်ပွဲနယ်မြေတစ်ခုလုံးကို ဖြန့်ကျက်လာသည့် အခိုက်အတန့်တွင် သတ္ထုချင်းထိခတ်သံက ထွက်ပေါ်လာသည်။

ချွင် ချွင် ချွင်

စစ်သည်တစ်သိန်းပေါ်ရှိ ချီစက်ကွင်းများက ရုတ်တရက် စတင်ကာ အားနည်းလာသည်။ သူတို့၏ အရှိန်အဝါက ကြောက်မက်ဖွယ်ကောင်းသော အရှိန်နှုန်းအဖြစ် ထိုးကျလာပြီး သူတို့အား အံ့အားသင့်ကာ ကြောက်လန့်စေကုန်သည်။

“ဘာတွေဖြစ်နေတာလဲ ဘာဖြစ်သွားတာလဲ။ ဘာလို့ငါ့ရဲ့ ခွန်အားက အများကြီးထိုးကျသွားတာလဲ”

“သတိထား”

ရုတ်တရက် အင်အားထိုးကျသွားခြင်းက အာရပ်ဝင်္ကပါကို ဝူရှန်းမြင်းတပ်၏ ဖြတ်တောက်ခြင်းဝင်္ကပါထက်ပင် ပို၍ဝရုန်းသုန်းကား ဖြစ်စေသေးသည်။

ဖြတ်တောက်ခြင်းဝင်္ကပါကမူ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုသာ ရှိစေနိုင်သည်။ ပထမတစ်ခုကမူ စိတ်ပိုင်းဆိုင်ရာ ထိတ်လန့်မှုဖြစ်စေပြီး မည်သည့်နေရာက မည်သို့သက်ရောက်လိုက်သောကြောင့် မည်သို့ဖြစ်လာမှန်း မသိကြသည့်အတွက် ပို၍ပင် ခြောက်ခြားသွားကြစေသည်။

ဒါဟာအစသာ ဖြစ်သေးသည်။ ထို့နောက် တဖန် သတ္ထုချင်းထိခတ်သံက ပေါ်ထွက်လာသေးသည်။ ဒီတစ်ကြိမ်တွင်မူ အာရပ်ဗိုလ်ချုပ်များ၏ အင်အားထိုးကျရသည့်အလှည့်ဖြစ်သည်။

“အား”

အနောက်ဘက်မှ အလန့်တကြားအော်သံများက ထွက်လာသည်။ သူတို့အားလုံးက ခေါင်းလှည့်ကာ ကြည့်လိုက်သည့် အခိုက်အတန့်တွင် ချီဖန်းထံမှ ဝရုန်းသုန်းကားဖြစ်သံများ ထွက်လာကြောင်း သိလိုက်သည်။ ဟူလာနှင့် အစိုးရများကလည်း မျက်နှာများ တင်းမာသွားကြသည်။ သူတို့ထဲက မည်သူကမှလည်း သူတို့ရန်သူ၏ တိုက်ခိုက်နိုင်စွမ်းရည်က ပြင်းထန်လွန်းသဖြင့် တိုက်ပွဲအတွင်း ဝင်မပါရသေးသည့် နှစ်သိန်းထံသို့ပင် သက်ရောက်စေလိမ့်မည်ဟု မထင်ထားကြချေ။

တိုက်ပွဲနယ်မြေ ချီစက်ကွင်းအဆိပ်

ဗိုလ်ချုပ်များ၏ ချီစက်ကွင်းအဆိပ်

ဝမ်ချောင်သည် ခွာဖြူအရိပ်မြင်းပေါ်တွင်ထိုင်လျှက် သူ၏အင်အားအကြီးဆုံး ချီစက်ကွင်းနှစ်ခုကို လွှတ်ထုတ်ရင်း ဖျော့တော့စွာ ပြုံးနေသည်။ အာရပ်စစ်သားများသည် ချွီထေပါးနှင့် အော့စမန်းတို့၏ လက်အောက်တွင်ရှိသည့် စစ်တပ်ကဲ့သို့ လက်ရွေးစင်များ မဟုတ်ကြချေ။ ထို့ကြောင့် သူတို့က အထိအနာဆုံး ဖြစ်သွားသည်။

တိုက်ပွဲနယ်မြေ၏ အဆိပ်နှင့် ဗိုလ်ချုပ်များ၏ အဆိပ်သည် ပြိုင်ဘက်ကင်းသော ချီစက်ကွင်းများမဟုတ်ချေ။ မဟာဗိုလ်ချုပ်ကြီးများ အဆင့်ကဲ့သို့ ကျွမ်းကျင်ပညာရှင်မျိုးက ကိုယ်တိုင်ကိုယ်ကျ ဝင်ပါသည်နှင့် သူတို့၏ ချီစက်ကွင်းကို လွှတ်ထုတ်သည့် စွမ်းအင်ကုန်ဆုံးနှုန်းက ဒီချီစက်ကွင်း နှစ်ခုကိုပင် သက်ရောက်မှု လျော့နည်းသွားစေနိုင်သေးသည်။ သို့သော် ဝမ်ချောင်ကမူ ထိုကဲ့သို့သော အခွင့်အရေးမျိုးကို မပေးနိုင်ချေ။

“မြန်မြန် မဟာဗိုလ်ချုပ်ကြီးရဲ့ ချီစက်ကွင်းကိုသုံးပြီး ဒီစွမ်းအင်နှစ်ခုကို အားနည်းအောင်လုပ်တော့”

ပါးလာဘီက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူသည် အံ့အားသင့်နေသလို ဒေါသလည်း ထွက်နေ၏။ သူသည်လည်း ရန်သူက ထိုကဲ့သို့သော ချီစက်ကွင်းမျိုးကို မည်သို့မည်ပုံ အသုံးပြုလိုက်ကြောင်း မသိသည့်တိုင်အောင် အာရေးဗီးယား၏ အစိုးရတစ်ယောက်ဖြစ်သလို မဟာဗိုလ်ချုပ်ကြီးအဆင့် ကျွမ်းကျင်ပညာရှင်တစ်ယောက် ဖြစ်နေသေးသည်။ ထို့ကြောင့် အခြေအနေကို ခပ်မြန်မြန် တွက်ချက်လိုက်နိုင်သည်။

သို့သော် သူ၏စကား မဆုံးသေးခင် မြေကမာ္ဘက တသိမ့်သိမ့်တုန်သွားပြန်ပြီး မြေကြီးထဲမှ စွမ်းအင်တစ်ရပ်က မြောက်တက်လာလျှက် အစိုးရသုံးယောက်ထံ ဆူနာမီမုန်တိုင်းတစ်ခုလို ဝင်ရောက်လာသည်။

“မင်းတို့က နောက်မဆုတ်ချင်ဘူးဆိုကတည်းက ဒီမှာပဲ ထာဝရနေလိုက်တော့”

ဝမ်ချောင်၏အသံက အရိုးကွဲစေမတက် အေးစိမ့်နေသည်။ ထို့နောက် သေဆုံးခြင်း နတ်ဆိုးတစ်ပါးလိုမျိုး ထိုသုံးယောက်၏ ကံကြမ္မာကို ဆုံးဖြတ်တော့မလိုမျိုး လောကအနှံ့ ပဲ့တင်ထပ်သွားလေသည်။

“ရမ်းကားလိုက်တာ”

ထိုသုံးယောက်က တစ်ချိန်ထဲလိုလို မော့ကြည့်လိုက်ကြသည်။ သို့သော် ဟူလာက မတုန့်ပြန်နိုင်သေးခင် ညာဘက်ခြမ်းရှိ အစိုးရ ကာရင်က ရုတ်တရက် ဒေါသတကြီး လေထဲသို့ ခုန်တက်သွားသည်။

ချွင် ချွင် ချွင်

ချက်ချင်းဆိုသလိုပင် သူ၏ကိုယ်အတွင်းမှ အနက်အနီရောင် ချီစက်ကွင်းများက ထွက်ပေါ်လာသည်။

“ကာရင်သတိထား”

ဟူလာ၏မျက်နှာက ဖြူဖျော့သွားသည်။ ကာရင်သည် အာရပ်အစိုးရများထဲတွင် စိတ်အဆတ်ဆုံးဖြစ်သည်။ ယခုလို အခြေအနေမျိုးတွင် သူ၏ ထိုငြင်က သေစေနိုင်သော ပြစ်ချက်ဖြစ်သွားသည်။ အရှေ့ပိုင်းမှ ထိုလူငယ်က သူတို့သိမ်းပိုက်ခဲ့ဖူးသည့် မည်သည့်တိုင်းပြည်မှ မဟာဗိုလ်ချုပ်ကြီးထက်မဆို အင်အားကြီးမားလွန်းကြောင်း သူ့ထက်ပိုပြီး မည်သူကမှ နားမလည်လောက်ချေ။ ထိုလူဟာ ကာရင် ရင်ဆိုင်နိုင်သော အဆင့်မျိုးတွင် မရှိပါချေ။

ဘန်း

တွေးတောရန် အချိန်မရှိတော့သည့်တိုင်အောင် ဟူလာကိုယ်တိုင်က လေထဲသို့ ကျည်ဆံတစ်ခုလို ခုန်တက်လိုက်ရသည်။

ဝေါင်း

သူကလေထဲသို့ ခုန်တက်လိုက်ပြီးနောက် ပတ်ပတ်လည်ရှိ လေထုဟာ နတ်ဆိုးတစ်ကောင်၏ အော်သံအောက်သို့ ရောက်သွားသလိုမျိုး ဝရုန်းသုန်းကားဖြစ်သွားသည်။ ဟူလာသည် လေထဲတွင် အံ့အားသင့်ဖွယ် အားလှိုင်းများကို ချန်ထားရစ်ခဲ့လျှက် ခုန်တက်လိုက်သည်။ ရုတ်တရက် လေဟာနယ်အတွင်းမှ တစ္ဆေတစ်ကောင်လို ဖျော့တော့နေသည့် ခြေထောက်ဖြူဖြူတစ်ဖက်က ထွက်ပေါ်လာလေပြီး ဖြူဖျော့သော ပုံရိပ်တစ်ခုက ကပ်ပါလာသည်။

လူတိုင်းက စိုက်ကြည့်နေသော အကြည့်အောက်တွင် ကြီးမားလွန်းလှပြီး မီတာသုံးဆယ်ကျော်ခန့် မြင့်သည်။ အဖြူရောင်မြင်းကြီးတစ်ကောင်က ဟူလာ၏ အနောက်ဘက်တွင် ပေါ်လာသည်။ ထိုမြင်ကွင်းက လူတိုင်းအား သူ့ကိုမည်သည့်အတွက်ကြောင့် အင်ပါယာ၏ အလောင်းဖြူဟုခေါ်ကြောင်း နားလည်သွားစေသည်။

အာဝူး....

အလောင်းပေါ်လာသည့် အခိုက်အတန့်တွင် သူ၏မျက်လုံးက နေရောင်ထက်ပင် တောက်ပလွန်းသော အလင်းများဖြင့် တောက်ပလာသည်။ တစ်ချိန်ထဲတွင်ပင် သွေးဆာသော အော်သံအတွင်းတွင် အင်အားကြီးမားသော စိတ်စွမ်းအား အားလှိုင်းများက ကပ်ပါလာသည်။ ထိုနယ်မြေရှိ လူတိုင်းကလည်း အလိုလို ကြောက်လန့်သလို ခံစားလိုက်ရသည်။ သူတို့သည် ခြောက်ခြားဖွယ်ကောင်းလွန်းသော သတ္တဝါကြီးကို ရင်ဆိုင်နေရသည့် ပုရွက်ဆိတ်များအလား ခံစားလိုက်ရသည်။ သူတို့သည် ကြောက်လန့်ပြီး စတင်ကာ ထွက်ပြေးချင်ကြသည်။ အာရပ်များကပင် ထိုသက်ရောက်မှုကိုခံရသည်။

သူသည် အာရပ်အစိုးရဖြစ်သော်လည်း အင်ပါယာ၏ အလောင်းဖြူ၏ တိုက်ခိုက်သောပုံစံက အခြားသော သူများနှင့် ခြားနားသည်။ ဟူလာက ဆင့်ခေါ်လိုက်သည့် ကြီးမားသော အလောင်းကြီးက စွမ်းအားကြီးမားသည့် စိတ်စွမ်းအားကို သယ်ဆောင်ထားပြီး ကြောက်မက်ဖွယ်ကောင်းသော ဟိန်းသံက သူတော်စင်သိုင်းနယ်မြေအဆင့် ကျွမ်းကျင်ပညာရှင်များကိုပင် နှလုံးသားအတွင်း ခြောက်ခြားသည့် ခံစားချက်မျိုးကို ရစေလေသည်။

သို့သော် ထိုအော်သံက တိုက်ပွဲနယ်မြေတစ်ခုလုံးအနှံ့ မပျံ့နိုင်သေးခင် ပို၍ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားလှိုင်းက ရှေ့သို့လိမ့်တက်သွားပြီး ဖြူဖျော့သည့် အလောင်းဖြူကြီးကို ရင်ဆိုင်လိုက်သည်။

ဝူး....

ကြီးမားသော အလောင်းကြီးက လက်နှစ်ဖက်လုံးဖြင့် ခေါင်းကိုအုပ်ကာ တုန်ယင်သွားပြီး စတင်ကာအော်သည်။ သူ၏ခန္ဓာကိုယ်ဝန်းကျင်ရှိ အရှိန်အဝါက စတင်ကာ ဝရုန်းသုန်းကားဖြစ်လာသည်။

ပို၍ဆိုးသည်မှာ မျက်စိကြိမ်းမတက် တောက်ပသည့် အလင်းကို လွှတ်ထုတ်ထားသည့် မျက်လုံးက စတင်ကာ မှေးမှိန်လာသည်။ တစ်ချိန်ထဲတွင်ပင် ဟူလာက ညဉ်းလိုက်ရပြီး သူ၏နား၊ နှာခေါင်းနှင့် မျက်လုံးများမှ သွေးများစီးကျလာသည်။ ထိုအလောင်းသည် သူ၏အာဗာတာဖြစ်သည်။ တစ်ဖက်၏အသက်က သူနှင့်ဆက်စပ်နေသည်။ ထိုအာဗာတာက ဒဏ်ရာရသွားခြင်းက သူဒဏ်ရာရသည်နှင့် မခြားတော့ချေ။

စိတ်စွမ်းအား

ဟူလာ၏မျက်ဝန်းအတွင်း ကြောက်လန့်မှုက စပေါ်လာပြီဖြစ်သည်။ သူ၏ ငရဲအလောင်းဖြူသည် သူတော်စင်သိုင်းနယ်မြေ အဆင့်ကပင် မတားနိုင်သည့် အဆင့်လွန် စိတ်စွမ်းအားသိုင်းကို ပိုင်ဆိုင်ထားလေရာ အခြားသောအဆိပ်များဆိုလျှင် ပို၍ဆိုးသည်။ သို့သော် ဟူလာကပင် အခြားတစ်ဖက်ခြမ်းတွင် ပို၍အဆင့်မြင့်မားသည့် စိတ်စွမ်းအားတစ်ရပ်ကို ဖမ်းဆုပ်ထားနိုင်သော လူရှိနေမည်ဟု မထင်ထားမိချေ။

“အား”

ဝမ်ချောင်၏ စိတ်စွမ်းအားတိုက်ကွက်ကို ဟူလာတစ်ယောက်တည်းကသာ တောင့်ခံရခြင်းမဟုတ်ချေ။ သူ၏ ဘယ်နှင့်ညာမှ ပါးလာဘီနှင့် ကာရင်တို့ကလည်း ထိမှန်ခံရသည်။ သူတို့၏ တိုက်ကွက်များကပင် နှေးကွေးသွားကြသည်။

စိတ်စွမ်းအားမုန်တိုင်း

ဝမ်ချောင်သည် မာစီ၏အရိပ်ထိုးဖောက်မှုထက် ပို၍ကျွမ်းကျင်စွာ အသုံးပြုနိုင်နေပြီဖြစ်သည်။ အရိပ်ထိုးဖောက်မှုက လူတစ်ယောက်တည်းကိုသာ ပစ်မှတ်ထားရသည်။ သို့သော် ဝမ်ချောင်ကမူ ပို၍ဆင့်ကဲတိုးတက်အောင် ချဲ့ထွင်လိုက်နိုင်ပြီး လူအများကြီးကို ပစ်မှတ်ထားနိုင်နေပြီဖြစ်သည်။ သူသည် သူတော်စင်သိုင်းနယ်မြေအဆင့်မှ ကျွမ်းကျင်ပညာရှင်ပေါင်း များစွာကို ရင်ဆိုင်နေရသည့်တိုင်အောင် သူတို့၏စိတ်ထဲသို့ ဝင်ရောက်ပြီး ဝိညာဉ်ကိုပင် နှောက်ယှက်နိုင်သေးသည်။

“မဟာဖျက်ဆီးခြင်းသိုင်း”

အာရပ်တိုင်း၏နားအတွင်း အေးစက်ကာ ခံစားချက်မဲ့သည့် အသံကထွက်လာသည်။ တခဏခန့် ကြာပြီးနောက် ဝမ်ချောင်က မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းမှ အင်အားအပြင်းဆုံးသိုင်းကို ထုတ်သုံးလိုက်သည်။

“မကောင်းတော့ဘူး”

“သတိထား”

လူတိုင်းကလည်း သူတို့၏နှလုံးသားထဲမှ ခြောက်ခြားလွန်းသည့် ခံစားချက်တစ်ရပ်ကို ခံစားလိုက်ရသည်။ သို့သော် နောက်ကျသွားပြန်သည်။

ဘုန်း ဘုန်း ဘုန်း

ကောင်းကင်ထံမှ ပြင်းထန်လွန်းသော လေပြင်းကြီးက ဟိန်းဟောက်လျှက် ဆင်းသက်လာပြီး မြေပြင်ကို ထိုးတိုက်လိုက်သည့် အခိုက်အတန့်တွင် ကြီးမားသော ပေါက်ကွဲမှုက ဖြစ်လာသည်။ ထို့နောက် ပုံရိပ်ပေါင်းများစွာက အရုပ်ကြိုးပျက် လေထဲသို့ မြောက်တက်သွားကြသည်။

“ပြေးတော့”

ဟူလာက စပြေးသည်။ သူ၏မျက်နှာကလည်း ကြောက်လန့်မှုနှင့်အတူ ပျက်ယွင်းနေသည်။ ဂရုတစိုက်သာ ကြည့်မည်ဆိုလျှင် သူ၏လက်များထဲမှ တစ်ဖက်က အရိုးမရှိသလိုမျိုး ဘေးဘက်တွင် တွဲလောင်းကျလျှက် သွေးများဆက်တိုက်စီးကျနေကြောင်း မြင်နိုင်မည်ဖြစ်သည်။

ထိုရိုးရှင်းသော ရိုက်ချက် တစ်ချက်တည်းကတင် ဟူလာကို အထိနာသွားစေသည်။ ဖျက်ဆီးခြင်းစွမ်းအားများက သူ၏ခန္ဓာကိုယ်ကို အားနည်းလာစေသည်။ ထို့ပြင် အလွန်အမင်း စူးရှကာ ကြမ်းတမ်းစွာ မွှေနှောက်နေသေး၏။ ဟူလာက ထိုစွမ်းအားကိုဖယ်ရှားရန် အကြိမ်ရေမနည်း ကြိုးစားခဲ့ပြီးလေပြီ။ သို့သော် မတက်နိုင်သေးဘဲ ကျရှုံးသွားသည်။

မဖြစ်နိုင်ဘူး။ ဘယ်လိုစွမ်းအားမျိုးက ဒီလောက်ထိ ကြောက်စရာကောင်းနေတာလဲ။

ဟူလာ၏နှလုံးသားက ဝရုန်းသုန်းကားဖြစ်လာသည်။ မူလကမူ ထိုလူသည် အင်အားအကြီးဆုံးမှ အပုမူစလင်၏ အဆင့်တွင်သာ ရှိမည်ဟု ထင်ထားသည်။ သို့သော် အပုမူစလင်ကပင် ထိုသို့မလုပ်နိုင်ချေ။

ဟူလာက ပို၍မပြင်းထန်လာသေးခင် စူးရှသည့်အော်သံကို ကြားလိုက်ရသည်။

“အား”

ဟူလာက ဆက်ပြေးနေသည်။ သို့သော် သူ၏ခံစားနိုင်စွမ်းအတွင်းမှ ပြင်းထန်လွန်းသော စွမ်းအားတစ်ရပ် ပိုင်ရှင်က လျှင်မြန်စွာ ပျောက်သွားသည်။

ပါလာဘီ

ဟူလာ၏စိတ်က လေးလံသွားသည်။ သူသည် အသံကို မှတ်မိလိုက်၏။

“ငါအရင်က ပြောထားပါတယ်။ မင်းတို့အားလုံး သေရလိမ့်မယ်”

ဝမ်ချောင်က ထိုသို့ အေးစိမ့်သော လေသံနှင့် အာရပ်များကိုပင် လေထဲသို့ ခုန်တက်လိုက်သည်။ သူ၏လက်တစ်ဖက်က ပါလာဘီ၏ လည်ပင်းကို ဖြစ်ညှစ်ထားလျှက်ဖြစ်သည်။ ထို့နောက် သူက ပါလာဘီ၏အလောင်းကို လေလျော့သွားသော လည်သာအိတ်တစ်လုံးလိုမျိုး မြေပြင်ပေါ်သို့ ခပ်ကြမ်းကြမ်း ပစ်ထုတ်လိုက်လေသည်။

All Chapters