← Chapters

အခန်း (၁၁၇၁-၁၁၇၅)

Vol. 68 Ch. 1171-1175

အခန်း (၁၁၇၁-၁၁၇၅)

Vol. 68 Ch. 1171-1175

အခန်း(၁၁၇၁)

“အရှင်အစိုးရ”

ထိုအခိုက်အတန့်တွင် တစ်လောကလုံးက အသံများ ခြောက်ကပ်တိတ်ဆိတ်သွားသလို ဖြစ်သွားသည်။

အင်ပါယာ မဟာဗိုလ်ချုပ်ကြီးများသည် သာမာန်စစ်သားများအတွက် အဆင့်မြင့် ပုဂ္ဂိုလ်ကြီးများဖြစ်ပြီး ထိတွေ့၍မရနိုင်သော တည်ရှိမှုမျိုး ဖြစ်နေလေသည်။ သို့သော် ပါလာဘီသည် ဝမ်ချောင်နှင့် ထိပ်တိုက်တွေ့ဆုံရုံနှင့် ချက်ချင်း အသတ်ခံရလိမ့်မည်ဟု မည်သူကမှ မမျှော်လင့်ထားကြချေ။ ပါလာဘီ၏ သေဆုံးမှုနှင့်အတူ သူ၏ကိုယ်မှ ထုတ်ထားသော ချီစက်ကွင်းစွမ်းအားကလည်း လျှင်မြန်စွာ ပျောက်ကွယ်သွားသည်။ ဝမ်ချောင်၏ တိုက်ပွဲနယ်မြေအဆိပ်နှင့် ဗိုလ်ချုပ်များ၏အဆိပ် ချီစက်ကွင်းတို့က ပို၍ပြင်းထန်သည့် သက်ရောက်မှုကို ပြသလာနိုင်သွားသည်။

“သတ်”

ထန်အယောက်နှစ်သောင်း၊ ခိုရာစန်းနီနှင့် ပုန်ကန်သူစစ်သားများ အားလုံးက လုပ်ကြံသတ်ဖြတ်မှုကို အင်အားနှစ်ဆခန့်ထုတ်ကာ စတင်လိုက်ကြသည်။ ပါးလာဘီ၏ သေဆုံးမှုနှင့် ဝမ်ချောင်၏ အင်အားကြီးမားသော ချီစက်ကွင်းနှစ်ခုက အာရပ်စစ်တပ် တစ်သိန်းကျော်ကို ချေမွလေသည်။

“ပြေးကြတော့ ပြေးကြတော့”

အလုံးအရင်း သုတ်သင်ခံရမှုက မြေပြိုလာသလိုမျိုး အာရပ်များကို ကစဉ့်ကလျားဖြစ်ကာ စတင်ကာ ထွက်ပြေးရစေသည်။

“အားလုံးပဲ ငါ့ရဲ့အမိန့်ကိုနာခံ အားလုံးကိုသတ်”

ပါးရန်သည် ဓားကိုဆွဲထုတ်လိုက်ပြီး အမိန့်ကိုထုတ်သည်။ သူ၏ အက်ပါရန်ကာတာဖရက် ရှစ်ထောင်က ချက်ချင်းဆိုသလို အာရပ်တစ်သိန်းနောက်သို့ လိုက်ဖမ်းလေသည်။

ချွင် ချွင် ချွင်

သူတို့က ချီတက်သည်နှင့်အမျှ သူတို့၏ခြေထောက်အောက်မှ ချီစက်ကွင်းပေါင်းများစွာ ထွက်ပေါ်လာသည်။ အက်ပါရန် ကာတာဖရက် တစ်ယောက်ချင်းစီတိုင်းက ရွေ့လျားနေသော ခံတပ်ကြီးတစ်ခုအလား လှုပ်ရှားလေသည်။

ဘန်း

ကာတာဖရက်များက မည်သည့်နေရာသို့ ဖြတ်သွားစေကာမူ အာရပ်မြင်းတပ် အဖွဲ့ဝင် ခုနှစ်ယောက်မှ ရှစ်ယောက်ခန့်ကို လေထဲသို့ လွင့်ပျံသွားစေလေသည်။ ပြင်းထန်လွန်းသော သက်ရောက်မှုက အရိုးများကို ကွဲကြေစေပြီး ပြင်းထန်သည့် ဒဏ်ရာများကို ဖြစ်ပေါ်လာစေသည်။

အက်ပါရန်ကာတာဖရက်များ၏ ဓားများသည် အလွန်အမင်း မြန်ဆန်သော အရှိန်နှုန်းနှင့်အတူ လေထုကိုထိုးခွဲကာ လင်းလက်သွားသည်။ အာရပ်မြင်းတပ်က မြေပြင်သို့ မကျနိုင်သေးခင် အဖွဲ့ဝင် လေးယောက်၊ ငါးယောက်က ခေါင်းများပျောက်ဆုံးသွားကြပြီဖြစ်သည်။

“တအားမြန်တယ်”

လေထဲတွင်ဝဲပျံနေသော ဝမ်ချောင်ကပင် ထိုမြင်ကွင်းကြောင့် မနေနိုင်ဘဲ မှတ်ချက်ချမိသည်။

အက်ပါရန်ကာတာဖရက်များသည် ဆမ်ဆာရစ်မင်းဆက်မှ လက်ရွေးစင် အဖွဲ့ကြီးဖြစ်ပြီး အလွန်ခိုင်မာကာ တည်ငြိမ်သည့် အရှိန်အဝါကို ပိုင်ဆိုင်ထားသည်။ သူတို့၏တိုက်ကွက်များက လျှင်မြန်ပြီး ရက်စက်ကြမ်းတမ်းသည်။ သူတို့သည် ပို၍မြန်၍ရသလို ပို၍လည်း နှေး၍ရလောက်သည်။ ခပ်ကြမ်းကြမ်းတိုက်ခိုက်၍ ရလောက်သလို ပေါ့ပေါ့ပါးပါး တိုက်ခိုက်၍လည်း ရလောက်သည်။ သူတို့က အနုပညာပုံသဏ္ဍန်တစ်ခုကို ထုတ်ဖော်နေသလိုမျိုး တိုက်ခိုက်သည့်လမ်းစဉ်ကို လျှောက်လှမ်းနေကြလေရာ အချို့သော နယ်ပယ်များတွင် မာမဲ့လုများကိုပင် ကျော်နေသေးသည်။ သူတို့သည် အချို့သော နယ်ပယ်များတွင် ဝူရှန်းမြင်းတပ်နှင့်ပင် ယှဉ်နိုင်လာသည်။

ဝူရှန်းမြင်းတပ်က ဝု့စ်သံမဏိဓားများကို ပိုင်ဆိုင်ထားပြီး ဥက္ကာပျံသတ္ထု သံချပ်ကာများကို ပိုင်ဆိုင်ထားသည့် အချက်ကြောင့်သာ အက်ပါရန်ကာတာဖရက်များက မနာလိုဖြစ်နေရခြင်းဖြစ်သည်။

“ငါ့ရဲ့အမိန့်ကိုထုတ် စစ်သားတိုင်း အလုံးအရင်းနဲ့ ချီတက်ကြစမ်း။ မှတ်ထား ဒီအယောက်တစ်သိန်းလုံးကို အသက်ရှုချိန်တောင် မပေးနဲ့”

ဝမ်ချောင်က မြေပြင်ပေါ်သို့ ပေါ့ပါးစွာ ဆင်းသက်လာသည်။

တိုက်ပွဲက စတင်ဖြစ်ပေါ်လာပြီဖြစ်ပြီး ဝမ်ချောင်အတွက် လုပ်ရန်ကျန်ရစ်သမျှက စစ်တပ်ကို ဦးဆောင်လျှက် အာရပ်စစ်သားများနောက်သို့ လိုက်သတ်ရန်ဖြစ်သည်။ ဝမ်ချောင်သည် ရှေ့သို့ ချီတက်ရန် အလျင်မလိုချေ။ ထိုအစားသူက အာရပ်စစ်သည် တစ်သိန်းကိုသာ မြို့ထဲသို့ဝင်ခွင့်ပြုလိုက်သည်။ ထိုနည်းအားဖြင့် ကျန်သောနှစ်သိန်းက ပို၍ပင် ဝရုန်းသုန်းကားဖြစ်သွားပေလိမ့်မည်။

ဟူလာပင်ဖြစ်စေ ကာရင်ပင်ဖြစ်စေ ဝမ်ချောင်ဟာ ဆုံးဖြတ်ချက် ပြတ်သားလွန်းနေမည်ဟု မမျှော်လင့်ထားလောက်ချေ။

အာရပ်များသည် ပုန်ကန်သူအင်အားစု နှစ်သိန်းကို တိုက်ခိုက်ရန် ကြံစည်နေခဲ့ချိန်တွင် သူတို့၏ လှုပ်ရှားမှုများကို အတက်နိုင်ဆုံး ဖုံးကွယ်ထားခဲ့သော်လည်း ဝမ်ချောင်ကမူ အားလုံးကိုသိနေသည်။ သူ၏ရန်သူများက ကျင့်သုံးနေသောဗျူဟာက ဟူလာကိုလည်း အလွန်အမင်း ကူကယ်ရာမဲ့လာစေသည်။

သူတို့သည် ရှင်းလင်းစွာဖြင့် လွှမ်းမိုးနိုင်စွမ်း ပြင်းထန်လောက်အောင် အရေအတွက် အပြတ်အသတ် သာနေသည်။ ရန်သူထက် ဆယ်ဆမက အရေအတွက် သာနေသည်။ သို့သော် ဟူလာက သူ၏တပ်ဖွဲ့ကို ဦးဆောင်ပြီး အခြေအနေကို ပြောင်းပြန်လှန်ကာ အားသာချက်ကို အရယူလိုသည့် အချိန်တိုင်းလိုလို နှစ်သောင်းဝန်းကျင်ခန့်သာရှိသော ရန်သူက အာရပ်နောက်တန်းအတွင်းရှိ အားနည်းချက်ကို အမြဲတစေ ရှာနိုင်လေ့ရှိသည်။ ထို့ကြောင့် တစ်ကွက်တည်းနှင့် ဟူလာ၏ ကြိုးစားအားထုတ်မှုများ အားလုံးက ပျက်စီးသွားရပြန်သည်။

တစ်ကြိမ် နှစ်ကြိမ် သုံးကြိမ်...

ပုန်ကန်သူစစ်သည် နှစ်သောင်းကျော်က အင်အားစုသုံးသိန်းခန့်ရှိမည့် အာရပ်မြင်းတပ်အတွင်းသို့ ခွဲစိတ်ဓားငယ်တစ်ချောင်းအလား လျှင်မြန်စွာ ဝင်ရောက်လျှက် အရာအားလုံးကို ထိုးဖောက်နေခဲ့သည်။ ထိုသို့ဖြင့် အာရပ်များအား တစ်ကြိမ်ပြီးတစ်ကြိမ် ကစဉ့်ကလျား ဖြစ်နေစေလေသည်။ ထို့ကြောင့် သူတို့၏ ကိုယ်ပိုင်စစ်သားများကပင် အချင်းချင်း တိုက်ခိုက်မိကြပြီး ပို၍ဆိုးရွားသော အကျိုးဆက်ကို ဖြစ်လာစေပြန်သည်။

လီတစ်ရာခန့်အထိ လိုက်ဖမ်းပြီး အလားတူသော ဖြစ်ရပ်မျိုးက ထပ်ခါတလဲလဲ ဖြစ်ပျက်ပြီးနောက် ဟူလာသည် အလွန်အမင်း စိတ်ပျက်အားငယ်သွားရသည်။

“နောက်ဆုတ်”

ဝမ်ချောင်၏အမိန့်နှင့်အတူ စစ်တပ်က ရူးသွပ်စွာစပြေးသည်။ သူတို့သည် မည်သည့်ခုခံမှုကိုမျှ မပြုကြတော့ချေ။ အဆုံးသတ်တွင် နှစ်သိန်းကျော်သော အင်အားစုသာရှိသည့် စစ်တပ်ကြီးက တစ်သိန်းကျော်သော အာရပ်မြင်းတပ် အဖွဲ့ဝင်ပေါင်းများစွာကို လီနှစ်ရာခန့်အထိ လိုက်သတ်ခဲ့သည်။ ထိုသို့ဖြင့် တစ်ဖက်သူများအား အရပ်မျက်နှာအနှံ့ ကစဉ့်ကလျား ထွက်ပြေးစေသည်။ ထိုအခါမှသာ ဝမ်ချောင်နှင့် ပါးရန်တို့က နောက်ဆုတ်ရန် ဆုံးဖြတ်ချက် ချလိုက်ကြသည်။

“ဗိုလ်ချုပ် နောက်ဆုတ်ရအောင် ငါတို့ရဲ့လူတွေကလည်း နောက်ထပ်ပိုများတဲ့ အာရပ်အစိုးရတွေနဲ့ စစ်သားတွေ ဒီညာဘက်ကိုလာနေပြီလို့ သတင်းပို့ထားတယ်။ ငါတို့သာ ဆက်လိုက်နေရင် အဝိုင်းခံရနိုင်တယ်”

ချီဖန်းနှင့် လီရာကျော်အကွာတွင် ပါးရန်က သူ၏ကြောက်မက်ဖွယ်ကောင်းလောက်အောင် ကြီးမားသည့် မြင်းကြီးကို ဝမ်ချောင်၏ဘေးနားသို့ရောက်အောင် စီးနင်းလာသည်။ သူက ငယ်ရွယ်သော မျက်နှာကို ကြည့်သောအခါ သူ၏မျက်ဝန်းအတွင်း လေးစားမှုက ဖြတ်ပြေးသွားသည်။ အရှေ့ပိုင်းမှ ထိုငယ်ရွယ်သော ဗိုလ်ချုပ်ကြီးသည် လုပ်ရဲကိုင်ရဲကာ သတ္တိကြီးသည်။ အမြင်စူးရှလွန်းပြီး သူ၏မသိစိတ်ကလည်း ထက်မြတ်သည်။ ထို့ကြောင့် ပါးရန်က ဒီဘဝတွင် ဘယ်သောအခါမှ မမြင်ဖူးသော လေးစားရသည့် ပုဂ္ဂိုလ်တစ်ယောက်ဟု သတ်မှတ်ထားလေသည်။

သူ၏အမိန့်အောက်တွင် အင်အားစုနှစ်သောင်းက ပါးရန်ပင် မလုပ်နိုင်သည့် အင်အားမျိုးကို ပြသနိုင်သည်။ သူသည် ရန်သူ၏စစ်တပ်မှ အားနည်းချက်ကို အမြဲတစေ ရှာနိုင်လေ့ရှိပြီး မည်သည့်နေရာတွင် တိုက်ခိုက်သင့်ကြောင်း သိနေတတ်သလို နည်းပါးသော စစ်သည်တော် အရေအတွက်ကို စေလွှတ်ပြီး အကြီးမားဆုံးသော သက်ရောက်မှုရောက်အောင် လုပ်နိုင်စွမ်းရည်ရှိလေရာ ရန်သူကို ပြန်လည်တိုက်ခိုက်နိုင်ခွင့်ပင် မပြုခဲ့ချေ။

အင်အားစုသုံးသိန်းက ထပ်ခါတလဲလဲ ကြိုးစားပြီး ပြန်လည်တိုက်ခိုက်လိုခဲ့သော်လည်း ဝမ်ချောင်ကမူ သူတို့၏ အကြံအစည်များကို အမြဲတစေ ဖျက်ဆီးပစ်နိုင်ခဲ့သည်။ သူသည် ပါးရန်သိထားသော စစ်အနုပညာနှင့် ခြားနားသည့် ကျင့်စဉ်တစ်ခုကို ကျင့်ထားသည်ဟုပင် ခံစားမိသေးသည်။

နောက်ဆုံးတစ်ခေါက်က အင်ပါယာ၏ အလောင်းဖြူဟူလာ ထွက်ပြေးသွားသည့် အခိုက်အတန့်တွင် ပါးရန်အနေဖြင့် တစ်ဖက်သူ၏ မျက်နှာပေါ်ရှိ ကူကယ်ရာမဲ့မှုကို ရှင်းရှင်းလင်းလင်း မြင်လိုက်သည်။ ဒါဟာ သိုင်းပညာရှင်များကပင် မပြုလုပ်နိုင်သည့် စိတ်ပျက်အားငယ်မှုမျိုးဖြစ်သည်။

‘ဗဟုသုတကို ရှာဖွေချင်ရင် တရုတ်ပြည်ကိုသွားသင့်တယ်’

ထန်တွေရဲ့ စစ်အနုပညာက ဆမ်ဆာနစ်နဲ့ အာရပ်တွေ ပိုင်ဆိုင်ထားတာတွေထက် အများကြီး အဆင့်အတန်း မြင့်မားပြီး နက်နဲနေတာ သေချာနေတာပဲ။ အရှေ့ပိုင်းရဲ့ ဒီမဟာထန်ကသာ ငါတို့အမြဲတမ်း စောင့်နေတဲ့ အစစ်အမှန် မဟာမိတ်ကြီး ဖြစ်လောက်တယ်။

ပါးရန်က ဝမ်ချောင်၏ ဘေးတိုက်မျက်နှာကို ကြည့်နေရင်း စိတ်ထဲတွင် ဆုံးဖြတ်ချက် ချလိုက်သည်။

သူ့အနေဖြင့် ပထမဦးဆုံးအကြိမ် မဟာထန်နှင့် ဘေးချင်းယှဉ်လျှက်နေပြီး အမှန်တကယ် တိုက်ခိုက်ဖူးခြင်းဖြစ်သည်။ ပါးရန်ကပင် အင်အားစုနှစ်သောင်းတည်းနှင့် နှစ်သိန်းကို အလဲထိုးရန် အလွန်ခက်ခဲကြောင်း လက်ခံရမည်ဖြစ်သည်။ သို့သော် ဝမ်ချောင်၏ တိုင်းတာရခက်ခဲပြီး နက်နဲလွန်းသော အမိန့်ပေးနိုင်သည့် အနုပညာစွမ်းရည်နှင့် လေးစားဖွယ်ကောင်းသော ဝူရှန်းမြင်းတပ်က သူ၏စိတ်အတွင်း သိသာထင်ရှားလွန်းသော အမှတ်အသားတစ်ခုကို ချန်ရစ်နိုင်ခဲ့သည်။

ပါးရန်၏အတွေးကိုမူ မသိသည့်ဝမ်ချောင်က အဝေးမှအကြည့်ကိုပြန်ရုတ်ပြီး ခေါင်းညိမ့်လိုက်သည်။

“အချိန်ကျပြီ ငါတို့ကရှေ့မှာရှိတုန်း နောက်ဆုတ်မယ်”

ယခုတိုက်ပွဲက အာရပ်များအတွက် ပြောင်မြောက်သော သင်ခန်းစာဖြစ်ပြီး သူတို့ကိုလည်း အပြတ်အသတ် လွှမ်းမိုးလိုက်နိုင်သည်။ ပို၍ဆိုးသည်မှာ အာရပ်များကရှုံးသွားသည့် အင်အားစုတစ်သိန်းကြောင့် နောက်တစ်ခေါက် ထပ်ရောက်လာမည့် နောက်ဆုံးသော စစ်တပ်ကြီး၏ အရေအတွက်က ပိုနည်းသွားနိုင်သည်။ ထိုအခါ သူ၏လူများအပေါ် သက်ရောက်မည့်ဖိအားက အများကြီး လျော့သွားနိုင်သည်။

ခြိမ်း

တခဏခန့်ကြာပြီးနောက် ဝူရှန်းမြင်းတပ်အဖွဲ့ဝင်များ၊ အက်ပါရန်ကာတာဖရက်များနှင့် အခြားသော ပုန်ကန်သူစစ်သည်တော်များ အားလုံးက ခိုရာစန်းသို့ပြန်ဆုတ်ပြီး လူစုခွဲလိုက်ကြသည်။

“မျိုးမစစ် ငါမင်းရဲ့အလောင်းကို အစိတ်စိတ်အပိုင်းပိုင်းဖြစ်အောင် ခွဲမယ်”

အဝေးရှိပါးတမှ အာရေးဗီးယား၏ ကာလစ်သည် ချီဖန်းတွင်ဖြစ်သွားသည့် သတင်းကို ကြားပြီးပြီးချင်း ဒေါသတကြီးဖြစ်ကာ အော်ဟစ်ပြန်သည်။ ပါးတမှလူတိုင်းကလည်း ထိုအော်သံအောက်တွင် စုတ်ဖြဲခံရသလိုပင် ဖြစ်သွားသည်။

အလွန်အမင်း မာတင်းလွန်းသော လေသံနှင့်စာက ပါးတမှခိုရာစန်းသို့ ရောက်ရှိလာသည်။

သို့သော် လူတိုင်းကိုအံ့အားသင့်စေသည်မှာ အာရေးဗီးယား၏ ကာလစ် မူတာစီရန်သုံးသည် ပို၍တင်းမာသော စကားလုံးများကိုသုံးကာ ရေးသားထားသည့်စာကို သိပ်မကြာခင် ရရှိခြင်းဖြစ်သည်။

ထိုစာထဲတွင်ဝမ်ချောင်က အာရပ်များ၏ ကတိဖောက်ဖျက်မှုကို ခပ်ကြမ်းကြမ်း ဆွဲချက်တင်ထားသည်။ အပေါ်ယံတွင်မူ သူတို့က မဟာထန်နှင့် ငြိမ်းချမ်းရေးစကား ပြောချင်သလိုမျိုး ပြုမူပြသနေပြီး နောက်ပိုင်းတွင်မူ စစ်ပွဲအတွက် ပြင်ဆင်နေခဲ့၏။ ဟူလာ၏ ဒီတစ်ကြိမ် လုပ်ဆောင်မှုများက ပြင်းထန်စွာ ရန်စလိုက်ခြင်းဖြစ်သည်။ ဝမ်ချောင်သည် အာရပ်များကသာ လျော်ကြေးအဖြစ် နောက်ထပ် ရွှေထည် သန်းနှစ်ရာကို ထပ်ဆောင်းပေးပြီး တောင်းပန်မှုကို ဖော်ပြလာခဲ့ခြင်းမရှိလျှင် မဟာထန်ကလည်း အင်အားအပြည့်နှင့် အလုံးအရင်း တိုက်ခိုက်လာပြီး ပတ်ဝန်းကျင်ရှိ အာရပ်မြို့တိုင်းကို သိမ်းယူမည်ဟု စာထဲတွင်အပြည့်အဝ ဖော်ပြထားလေသည်။

“ရမ်းကားတယ်”

ဝမ်ချောင်၏စာကို ဖတ်ပြီးပြီးချင်း မူတာစီရန်သုံးကမူ သူ၏ဝမ်းဗိုက်ကြီး တစ်ခုလုံးက ဝမ်ချောင်၏ လွန်ကဲလွန်းသော တောင်းဆိုမှုကြောင့် ခံစားနေရသည့် ဒေါသများနှင့်အတူ ပေါက်ကွဲထွက်လိမ့်မည်ဟုပင် ခံစားလိုက်ရသည်။

“ဒီမျိုးမစစ်က ဘယ်သူ့ကိုစကားပြောတယ်လို့ ထင်နေတာလဲ။ သူ့ကိုယ်သူ အာရေးဗီးယားက အခြားအားနည်းတဲ့ တိုင်းပြည်တွေလိုများ သတ်မှတ်နေတာလား။ သူတို့စိတ်ထင်တိုင်း လုပ်လို့ရမယ်။ စိတ်ထင်တိုင်း ချေမွလို့ရမယ်လို့ ထင်နေတာလား။ ရွှေထည်သန်းနှစ်ရာဟုတ်လား လုံးဝမဖြစ်နိုင်ဘူး လုံးဝ အရှက်မဲ့တာပဲ”

သို့တိုင်အောင် သုံးရက်ခန့်ကြာပြီးနောက် အလွန်အမင်း မြန်ဆန်သော အရှိန်နှုန်းနှင့်အတူ ရွှေထည်သန်းနှစ်ရာက ခိုရာစန်းသို့ရောက်လာသည်။ ထို့အပြင် ပို၍နူးညံ့သော လေသံမျိုးနှင့် စာတစ်စောင်ပင် ပါလာသေးသည်။

“ဟား ဟား ဟား”

ခိုရာစန်းမှ ဝမ်ချောင်၊ ကောင်းရှန်းကျစ်၊ ပါးရန်၊ ခမ်းကယ်ဘုရင် ပါးနားဟန်၊ လီစစ်ယဲ့၊ စုဟန်ရှန်းနှင့် အခြားသောလူတိုင်းက အစည်းအဝေးခန်းထဲတွင် အတူတကွ စုစည်းကာ ထိုင်နေကြပြီး ကာလစ်၏စာကိုဖတ်ကာ ရယ်နေကြသည်။

“အာရေးဗီးယားရဲ့ကာလစ်က လူသတ်ချင်နေလောက်ပြီ”

ချန်းချန့်လီက စာကိုစားပွဲပေါ်သို့ ပြန်တင်ရင်း ရယ်သည်။

“သူတို့သည်းခံရမယ်လေ သူတို့က သူတို့ရဲ့မြို့တွေကို တိုက်ခိုက်လာနိုင်တဲ့ အခြေအနေမျိုးတွေကို စိုးရိမ်ရတော့မှာမဟုတ်ဘူး။ ငါတို့က သူတို့နောက်ကိုလိုက်ပြီး ဖမ်းမှာကိုစိုးရိမ်ရမှာ။ ချီဖန်းမှာဖြစ်သွားခဲ့သလိုမျိုးပေါ့။ လွန်ခဲ့တဲ့ ရက်တွေအတွင်းမှာ ချီဖန်းရဲ့ကောင်းကင်ပေါ်ကို အမဲလိုက်သိန်းငှက်တွေ အုံ့ဆိုင်းနေတာပဲ။ အာရေးဗီးယားအင်ပါယာက ငါတို့ရဲ့လုပ်ဆောင်မှုတိုင်းကို အမဲလိုက်သိန်းငှက်တွေကတစ်ဆင့် စောင့်ကြည့်နေတဲ့ပုံပဲ။ သူတို့ဒီတစ်ကြိမ် တော်တော်လေး ကြောက်နေလောက်ပြီ”

ကျန်းချွယ်ကလည်း မနေနိုင်ဘဲ ဝင်ပြောသည်။ သူ၏နှုတ်ခမ်းကပင် ကော့တက်နေ၏။ ဝမ်ချောင်နှင့်အတူ ရှိရခြင်းက သူ၏ဘဝတွင် အပျော်မွေ့ဆုံးနှင့် စိတ်အအေးဆုံး ကာလဖြစ်လောက်သည်။

ဝမ်ချောင်သည် အာရေးဗီးယား အင်ပါယာနှင့် ဆော့ကစားနေသည်။ အာရပ်များက ဒေါသထွက်နေသည့်တိုင်အောင် သူ့ကို ရွှေတစ်ပုံပြီးတစ်ပုံ ပို့ပေးနေရသည်။ ထိုကဲ့သို့သော ခံစားချက်မျိုးက ဖော်ပြရန်ခက်ခဲသည်။ အာရေးဗီးယားက ပေးခဲ့သော ဖိနှိပ်မှုပေးနိုင်ပြီး စိတ်အနှောက်အယှက် ပေးနိုင်သော ဖိအားမျိုးက ပျောက်ကွယ်သွားသည်မှာ ကြာလှချေပြီ။

“အရှင် ငါတို့တွေ ဒီကောင်းကင်က အမဲလိုက်သိန်းငှက်တွေကို ကိုင်တွယ်ဖို့ နည်းလမ်းစဉ်းစားသင့်လား”

ကျန်းချွယ်က ဝမ်ချောင်ကိုကြည့်ပြီး စမ်းသပ်ကြည့်ချင်နေသည်။

“ကျန်းချွယ် လျှောက်မရှုပ်နဲ့ အာရေးဗီးယား အမဲလိုက်သိန်းငှက်တွေက ငါတို့ထင်သလို ထိလို့ရတာမျိုးတွေ မဟုတ်ဘူး။ ဒါတွေအပြင် ငါတို့က ငါတို့လိုချင်တာကို ရသွားပြီ။ ဒါကြောင့် စစ်သားတွေထပ်လွှတ်ဖို့ မလိုတော့ဘူး”

ရွှီခဲ့ယွီကပြောသည်။

“ဗိုလ်ချုပ်”

ထိုအခိုက်အတန့်တွင် တိတ်ဆိတ်နေသော မဟာဗိုလ်ချုပ်ကြီး ပါးရန်က ရုတ်တရက် ထပြောသည်။ သူ၏စကားလုံးများက လူတိုင်း၏အာရုံစိုက်ရာဖြစ်သွားသည်။

“ဒီလူမှာ ကမ်းလှမ်းချင်တာရှိပါတယ်။ တစ်ချိန်ထဲမှာပဲ ဒါက အခြားခေါင်းဆောင်တွေ အားလုံးရဲ့ စိတ်ဆန္ဒပါ။ ငါတို့က မဟာထန်နဲ့ မဟာမိတ်ဖွဲ့ချင်တယ်။ ဒီလိုနဲ့ မဟာထန်က အာရေးဗီးယားကို ခုခံရင်ဆိုင်တဲ့ ခရီးစဉ်တောက်လျှောက် ပါဝင်မဲ့ ရေရှည်မဟာမိတ်အဖွဲ့မျိုးပါ”

ပါးရန်၏စကားလုံးများက တိတ်ဆိတ်မှုကို ကြီးစိုးသွားစေပြန်သည်။ အက်ပါရန်ကာတာဖရက် ရှစ်ထောင်နှင့် နှစ်သိန်းနီးပါးခန့်ရှိမည့် စစ်သားများအားလုံးက စုစည်းနေကြသည်။ သူတို့သည်လည်း ပြင်းထန်သည့် အင်အားစုကြီးအဖြစ် ယူဆနိုင်သည်။

အာရပ်များက တိဗက်များကိုသုံးပြီး မဟာထန်ကို ရင်ဆိုင်ခဲ့သလိုမျိုး မဟာထန်ကလည်း ခိုရာစန်းတွင် ခိုင်မာစွာ ခြေကုပ်ယူထားလိုလျှင် ထိုလူများ၏ အကူအညီကို လိုအပ်သည်။ အနည်းဆုံး ထိုအင်အားစုက သတင်းအချက်အလက် စုစည်းပေးရာတွင် ပြိုင်ဘက်ကင်းသော စွမ်းအင်မျိုးကို ပိုင်ဆိုင်ထားကြလေသည်။

ထိုကဲ့သို့သော မဟာမိတ်မျိုးကို ငြင်းဆန်ရန်ခက်ခဲသည်။ လူတိုင်းကလည်း ဒါဟာ ရယ်စရာကောင်းသော ကိစ္စမဟုတ်ကြောင်း သိနေကြသည်။ အားလုံးက ဝမ်ချောင်ကို လှည့်ကြည့်ကြ၏။ ဝမ်ချောင်က ဘာစကားမှမဆိုချေ။ သို့သော် သူ၏မျက်လုံးကမူ မတွေးတောထားမိသလိုမျိုး အံ့အားသင့်မှုကို ဖော်ထုတ်ပြသလေသည်။ သူသည် ကောင်းရှန်းကျစ်ကို ကြည့်လိုက်သည်။ တစ်ဖက်သူက ခေါင်းညိမ့်ပြ၏။ ထို့ကြောင့် ဆုံးဖြတ်ချက်ကို ဝမ်ချောင်သာချရန် သဘောတူလက်ခံပေးလာသည်။

ဝမ်ချောင်က ပါးရန်ကိုကြည့်ပြီး တည်ငြိမ်စွာပြောသည်။

“မဟာဗိုလ်ချုပ်ကြီးပါးရန် တကယ်ပြောနေတာလား”

အခန်း(၁၁၇၂)

မဟာထန်ကဦးဆောင်ထားသည့် မဟာမိတ်နှင့် စာချုပ်မျာနှင့် လက်မှတ်ရေးထိုးကာ ဖွဲ့စည်းထားသည့် မဟာမိတ် အဖွဲ့အစည်းကြီးက ခြားနားသော အခြေအနေမျိုးဖြစ်သည်။ မဟာထန်သည် အခြားသော အဖွဲ့အစည်းများထံ အညံ့မခံနိုင်ချေ။ ယခုလိုမျိုး မဟာမိတ်အဖွဲ့အစည်းကြီး ဖွဲ့လိုက်လျှင်ပင် မဟာထန်က ဦးဆောင်ရပေလိမ့်မည်။

သို့သော် ဒီကိစ္စကမူ ပါးရန်နှင့် အခြားသောပုန်ကန်သူ ခေါင်းဆောင်တိုင်းက စိတ်လိုလက်ရ အညံံ့ခံလိုစိတ်ရှိရန် လိုအပ်သေးသည်။ ဝမ်ချောင်သည်လည်း ထိုအခြေအနေကို မမျှော်လင့်ထားချေ။ ပါးရန်နှင့် အခြားသော ပုန်ကန်သူခေါင်းဆောင်များက သဘောတူလက်ခံလာနိုင်သည့်တိုင်အောင် ထိုအကြောင်းအရာက အရင်ဆုံး မဟာထန်က အာရေးဗီးယားကို အပြတ်အသတ် လွှမ်းမိုးပြီး ကပ်ဘေးကို ဖယ်ရှားရန် လိုအပ်သေးသည်ဟု ထင်ခဲ့သည်။ ယခုလိုမျိုး မဟာမိတ်အဖွဲ့အစည်းကြီးကို မဟာထန်အား ဦးဆောင်ရန် ပါးရန်ကိုယ်တိုင် ကမ်းလှမ်းလာခြင်းကမူ အမှန်တကယ် အံ့အားသင့်စရာဖြစ်နေသည်။

ပါးရန်က ဘာစကားမှမဆိုချေ။ သို့သော်သူ၏ စိတ်ကမူ မရေမတွက်နိုင်သော အတွေးများ၊ အကြံများနှင့်အတူ ဝရုန်းသုန်းကားဖြစ်သွားသည်။ မဟာထန်နှင့် ယခုလိုပူးပေါင်းရမည့် ကိစ္စက သူ၏စိတ်ထဲတွင် ပေါ်ပေါက်နေခဲ့သည့် အတွေးဖြစ်ပြီး အချိန်တစ်ခုပင် ကြာခဲ့ပြီဖြစ်သည်။ ပါးရန်ကိုယ်တိုင်ကလည်း အာရပ်များကို အလုံးအရင်းနှင့် သုတ်သင်ပြီးမှသာ ထိုခေါင်းစဉ်ကို ထုတ်ဖော်ပြောသင့်သည်ဟု ယူဆခဲ့သည်။ မည်သို့ပင်ဆိုစေ သူတို့သည် ခိုရာစန်းကို မထိန်းထားနိုင်ဘဲ အာရပ်များကို ပြန်မတွန်းထုတ်နိုင်ခဲ့လျှင် မည်သည့်မဟာမိတ် အဖွဲ့အစည်းကမူ အဓိပ္ပာယ် မဲ့သွားပေလိမ့်မည်။ သို့သော် ထိုကိစ္စကို ထပ်ခါတလဲလဲ စဉ်းစားဆင်ခြင်ပြီးနောက် ပါးရန်က စိတ်ဆုံးဖြတ်ချက် ချလိုက်သည်။

သူသည် မဟာထန်၏အင်အားကို ကိုယ်တိုင် မျက်မြင် တွေ့ကြုံခဲ့ပြီးသားဖြစ်သည်။ ဒီလောကတွင် အာရေးဗီးယား အဖွဲ့အစည်းတစ်ခုကို တွန်းလှန်ပြီး သူ့အား ဆမ်ဆာရစ်မင်းဆက်ကြီး ပြန်လည်တည်ထောင်နိုင်အောင် ထောက်ပံ့ကူညီပေးနိုင်သည့် တိုင်းပြည်ကြီးတစ်ပြည် ရှိနေခဲ့လျှင် ထိုတိုင်းပြည်က မဟာထန်သာ ဖြစ်ပေလိမ့်မည်။ ယခုအခါ သို့မဟုတ် နောင်နှစ်ရာပေါင်းများစွာ ကြာပြီးသည်အထိ အာရပ်များ၏ တိုက်ကွက်များအောက်တွင် ရှင်သန်ရန် တစ်ခုတည်းသော အခွင့်အရေးဟာ မဟာထန်၏ အကူအညီပေါ် မှီခိုရမည့်ပုံဖြစ်သည်။

ပို၍ဆိုးသည်မှာ ဒီအချိန်ကာလအတောအတွင်း ဝမ်ချောင်က ပြသခဲ့သည့် သူ၏အကျင့်စရိုက်၊ ဉာဏ်ရည်ဉာဏ်သွေး၊ လုပ်ကိုင်ရဲသောသတ္တိတို့ဟာ ပါးရန်အပေါ် အလွန်ထင်မြင်ချက်ကောင်း ချန်ရစ်ထားနိုင်ခဲ့သည်။ တစ်ဖက်သူသည် အစစ်အမှန် ပါရမီရှင်ကြီးဖြစ်သည်။ စစ်အနုပညာ တစ်ခုလုံးကို ကျွမ်းကျင်လွန်းသော သူတော်စင်တစ်ပါးအလား ချွီထေပါးကဲ့သို့ တိုက်ပွဲသီးသန့်အတွက်သာ နတ်ဘုရားဖြစ်နေသောလူမျိုးနှင့် ခြားနားနေသည်။

(၁၇)နှစ်သာ ရှိသေးသော ငယ်ရွယ်သော လူငယ်လေးတစ်ယောက်က ပြသနေသည့် မှင်သက်ဖွယ်ကောင်းသော ပါရမီမျိုးဟာ ပါးရန်၏ နှလုံးသားတစ်ခုလုံးဖြင့် လေးစားမှုကို အနိုင်ယူနိုင်ခဲ့သည်။ ထိုအခြေအနေကြောင့်လည်း ပါးရန်က ယခုလိုအရေးကြီးသော ဆုံးဖြတ်ချက်ကို စောစောထုတ်ပြောမိခြင်းဖြစ်လောက်သည်။

ပါးရန်က မဟာထန်ကို ရွေးချယ်သည်ဟုဆိုခြင်းထက် သူက ဝမ်ချောင်ကို ယုံကြည်သောကြောင့် ရွေးချယ်လိုက်သည်ဟုဆို၍ရသည်။

ပါးရန်က ဝမ်ချောင်ကိုသာ စိုက်ကြည့်ပြီးပြောသည်။

“ငါတို့အားလုံး ဗိုလ်ချုပ်ကိုယုံတယ်”

ဘုန်း

ထိုစကားလုံးများက ပုံမှန်မဟုတ်သော အလေးချိန်စီးပုံရသည်။ ထိုသို့ဖြင့် ခန်းမတစ်ခုလုံးက တိတ်ဆိတ်သွားပြန်သည်။ ပါးရန်ကပင် ထိုစကားလုံးကို ပြောမိပြီးနောက် ဆမ်ဆာခမ်းမှ စတင်ပြီး ပါးတအထိ တောက်လျှောက်သွားသည့် လောကတစ်ခုလုံး၏ တည်ဆောက်ပုံကြီးက ပြောင်းလဲသွားကြောင်း မသိလောက်ချေ။

အကြောင်းမူကား ကုန်းမြေကြီးတစ်ခုလုံးတွင် အခိုင်မာဆုံးသော မဟာမိတ်အဖွဲ့အစည်းကြီးနှင့် ဆမ်ဆာနစ်တို့သည် ဝမ်ချောင်၏ သို့မဟုတ် မဟာထန်၏ အယုံကြည်ရဆုံးသော မဟာမိတ်ကြီး ဖြစ်လာစေခဲ့သည်။ ယခုမှစတင်ပြီး သူတို့သည် အမြဲတစေ ယုံကြည်လေးစားမှုအပြည့်နှင့် ရှေ့ဆက်ပြီး တိုက်ခိုက်နိုင်သွားကြမည်ဖြစ်သည်။

တစ်ရက်ခန့်ကြာပြီးနောက် ဝမ်ချောင်၊ ပါးရန်၊ ကောင်းရှန်းကျစ်နှင့် အခြားသော ပုန်ကန်သူခေါင်းဆောင်တိုင်းက မဟာမိတ်အဖွဲ့ကြီးဖွဲ့စည်းကြောင်း သွေးသစ္စာကျိန်ဆိုကြသည်။ ထိုသို့ဖြင့် မဟာထန်ကဦးဆောင်သော ခိုရာစန်းမှစတင်သည့် အင်အားကြီးမားသော မဟာမိတ်အဖွဲ့အစည်းကြီးက စတင်ပေါ်ပေါက်လာသည်။

.....

အချိန်ကတဖြည်းဖြည်းချင်း ကုန်လွန်သွားသည်။ တစ်ရက်ပြီးတစ်ရက် ကုန်လွန်လာသည်နှင့်အမျှ ရာသီဥတုက အေးလာသည်။ နေ့ပိုင်းတွင် ခိုရာစန်း၏ နေရာအများစုကို အဖြူရောင်နှင်းများက သိပ်သည်းစွာ လွှမ်းခြုံနေပြီဖြစ်သည်။ ဆက်တိုက် ဝရုန်းသုန်းကားဖြစ်ကာ စီးဆင်းနေသော တိုင်ဂရစ်မြစ်ကြီးကပင် မိုးသောက်ချိန်အစောပိုင်းတွင် ရေခဲလွှာပါးပါး ဖုံးအုပ်နေသေးသည်။

ဆောင်းတွင်းရောက်ရှိလာသည်နှင့်အမျှ လောကကြီးက ပို၍ပင် အေးစက်လာသည်။ ခုံးတောင်တန်းမှ ပါးတသို့သွားသော လမ်းတွင် ဖြတ်သွားဖြတ်လာများက နည်းပါးသထက် နည်းပါးလာသည်။ ထိုလူများအားလုံးက ယခင်က ခမ်းနားထည်ဝါသော ပိုးသားလမ်းကိုကျော်ဖြတ်ပြီး အာရေးဗီးယား အင်ပါယာ၏ ဈေးသို့သွားကာ ပစ္စည်းများကို ရောင်းချလေ့ရှိသည်။

ခိုရာစန်းနှင့် လီငါးရာ၊ ခြောက်ရာခန့်အဝေးတွင် လောက၏ တိတ်ဆိတ်ခြောက်ခြားပြီး ငြိမ်သက်အေးဆေးနေသော အနေအထားမျိုးနှင့် ခြားနားသည့် ဖြစ်ရပ်တစ်ခုက ဖြစ်ပျက်နေသည်။ အကြောင်းမူကား မည်းမှောင်နေသော ကောင်းကင်အောက်တွင် မြေပေါ်တွင် သိပ်သည်းစွာ တည်ရှိနေသလိုမျိုး လူပုံရိပ်ပေါင်းများစွာက တည်ရှိနေခြင်းဖြစ်သည်။ သူတို့က လီတစ်ရာခန့်အကွာမှ စတင်ပြီး ဝေးကွာလွန်းသော နေရာအထိ ကျယ်ပြန့်လျှက်တည်ရှိသည်။ ထို့ကြောင့် လူသားပင်လယ်ကြီးဟုပင် ဆို၍ရသည်။ ထိုလူပင်လယ်ကြီး၏ အလယ်တွင် မြင့်မားလွန်းသော အနက်ရောင်အလံများက ထောင့်တိုင်း နေရာတိုင်းမကျန် အနှံ့ထိုးစိုက်ကာ တည်ရှိနေသည့်အတွက် နေရောင်ကိုပင် ပိတ်ဆို့လုနီးပါးဖြစ်နေသည်။

“အားလုံးရောက်ပြီလား”

ကြီးမားလွန်းသော ရွက်ဖျင်တဲကြီး၏ အပြင်ဘက် အေးစက်လွန်းသောလေများ တိုက်ခတ်မှုအကြားတွင် အင်ပါယာ၏ အလောင်းဖြူဟူလာက မြင်းဖြူပေါ်တွင်ထိုင်လျှက် အေးစက်စွာ လှမ်းမေးလိုက်သည်။ သူ၏မျက်ဝန်းက လျှပ်စီးများလက်နေသည်။ သူဟာ မြေကမ္ဘာတစ်ခုလုံးကို ခြုံကြည့်သလို အောက်ဘက်သို့ လိုက်ကြည့်နေသည်။ သူကြည့်သောနေရာတိုင်းတွင် အင်အားကြီးမားသော အာရပ်နှင့် အရှိန်အဝါပြင်းထန်သည့် စစ်မြင်းများရှိနေသည်။ အချိန်အများကြီး အသုံးပြုပြီးနောက် အာရေးဗီးယားသည် စစ်တပ်ကို စုစည်းနိုင်သွားသည်။

စစ်တပ်အတွင်းမှ အင်အားကြီးမားသော အရှိန်အဝါပေါင်းများစွာက ထိုးထွက်နေသည်။ ဒီနယ်မြေကြီးတွင် အစိုးရပေါင်းများစွာ၊ ဗိုလ်ချုပ်ပေါင်းများစွာက စုစည်းနေကြပြီး လူတိုင်းကို ကြောက်လန့်မှုနှင့် တုန်ယင်သွားရန် လုံလောက်နေပြီဖြစ်သည်။

ဟူလာ၏ ကိုယ်ရေးအကူ လက်ထောက်များထဲမှ တစ်ယောက်က ရှေ့ထွက်ပြီး ရိုသေလေးစားစွာပြောသည်။

“အရှင် နောက်ဆုံးတစ်ယောက်ဖြစ်တဲ့ ကန်းအန်းအစိုးရကလည်း ရောက်လာပါပြီ။ စစ်တပ်တစ်ခုလုံးက စုစည်းပြီး အရှင့်ရဲ့အမိန့်ကိုပဲ စောင့်ဆိုင်းနေကြတာပါ”

ဝုန်း

ဟူလာ၏မျက်ဝန်းထဲမှ စူးရှသောအလင်းက ဖြတ်ပြေးသွားသည်။ ထိုအလင်းသည် ယခင်ထက် အဆပေါင်းများစွာ တောက်ပလာသည်။ သို့သော် ဟူလာကမူ တည်ငြိမ်အောင် ပြန်ထိန်းလိုက်သည်။

“ဟူလာ အဆင်သင့်ပဲလား”

ထိုအခိုက်တွင် အနောက်ဘက်မှ ခမ်းနားထည်ဝါသော အသံတစ်သံက ထွက်လာသည်။ ထိုအသံထဲတွင် မြင့်မားလွန်းသော အဆင့်တွင် ရှိနေဖူးသူတစ်ယောက်၏ အာဏာသံနှင့် ပြင်းထန်လွန်းသော အရှိန်အဝါက ပါဝင်သည်။ အသံက အမြင့်ပိုင်းမှလာသည်။ ဟူလာက တုန်ယင်သွားပြီး ခေါင်းမော့လိုက်မိသည်။

“အရှင် စစ်သည်ခုနှစ်သိန်းခွဲလုံး ရောက်နေကြပြီ။ အစိုးရတွေအားလုံးလည်း ရှိနေကြပါပြီ။ ငါတို့က ခိုရာစန်းက အဲ့ဒီပုန်ကန်သူ လူရမ်းကားကောင်တွေနဲ့ တိုက်ခိုက်ဖို့ အချိန်မရွေး ထွက်သွားလို့ရနေပါပြီ”

ဟူလာက ခေါင်းငုံ့ပြီးဖြေလိုက်သည်။

အရာအားလုံးက တိတ်ဆိတ်နေသည်။ ပုံရိပ်သုံးခုက အတန်းလိုက်ရပ်နေ၏။ သူတို့က လေထဲတွင်တက်လျှက် ရပ်နေသော်လည်း သူတို့က လွှတ်ထုတ်နေသော အရှိန်အဝါများက တောင်တန်းကြီး အတန်းလိုက်တည်ရှိနေသည့်အလား လွှမ်းမိုးနိုင်စွမ်း ပြင်းထန်လွန်းသည်။ ဟူလာနှင့်အတူ အာရေးဗီးယား၏ အရှိန်အဝါပြင်းထန်သော အစိုးရကပင် ထိုသုံးယောက်နှင့်ယှဉ်သော် အများကြီးနိမ့်ကျသလို ထင်ရသည်။ သူသည် လူကြီးများရှေ့ ရောက်နေသော ကလေးတစ်ယောက်အလား ထင်ရ၏။ ထိုသုံးယောက်က အမှောင်အလင်းနှင့် တိုင်တန်သုံးယောက်ဖြစ်သည်။

အာရေးဗီးယား၏ သမိုင်းတွင် လေးစားဖွယ်ကောင်းသော အစိုးရပေါင်းမြောက်များစွာရှိသည်။ အပုမူစလင်၏ အရှေ့တွင် အကျော်ကြားဆုံးသော ပုဂ္ဂိုလ်များက အမှောင်အလင်းတန်း၏ တိုင်တန်သုံးယောက်ဖြစ်သည်။ ဒီတစ်ကြိမ်တွင် ထိုသုံးယောက်သည် အင်ပါယာ၏ အရှေ့ပိုင်းမှ အင်အားအကြီးဆုံး အစိုးရများဖြစ်လာသည်။ အပုမူစလင် မတိုင်ခင်ခေတ်တွင် အမှောင်အလင်းတိုင်တန် သုံးယောက်ကသာ အင်အားအကြီးဆုံး ဖြစ်သည်။ ထိုအချိန်ကာလက သူတို့သည် အင်ပါယာကြီး၏ အရှေ့ပိုင်းတွင် အင်အားအကြီးဆုံး အစိုးရသုံးယောက်ဖြစ်ပြီး နောက်ဆုံးတွင် အနားယူသွားခဲ့၏။ ထိုနောက်ပိုင်းမှသာ အပုမူစလင်နှင့် ကျစ်ရတို့က အရှေ့ပိုင်းတွင် ဂုဏ်သတင်းကျော်ဇောအောင် သူတို့၏အဆင့်အတန်းကို ထွင်းထုနိုင်ခဲ့ကြသည်။ ထို့နောက် အပုမူစလင်က သံမဏိနှင့်သွေး အစိုးရဆိုသော ဘွဲ့ကို ရခဲ့သည်။

ထိုသုံးယောက်သည် စစ်တပ်မှ အနားယူသွားခဲ့သော်လည်း တိုင်တန်သုံးယောက်သည် စစ်တပ်ထဲတွင် အလွန်မြင့်မားလွန်းသော ပုံစံကို ကိုင်ဆွဲထားသေးသည်။ ဟူလာကပင် သူတို့ကိုမယှဉ်နိုင်ချေ။

ချွီထေပါး၊ အားပါးနှင့် အော့စမန်းတို့အားလုံးက အသတ်ခံရမှုနှင့်အတူ ဟူလာကိုယ်တိုင်ကလည်း ရှုံးသွားပြီးသည့်အခါ အာရေးဗီးယား အင်ပါယာကြီးတွင် မဟာထန်နှင့် ဝမ်ချောင်ကို တွန်းလှန်နိုင်သောလူက မရှိတော့ချေ။ ထို့ကြောင့် ရွေးချယ်စရာမရှိဘဲ အငြိမ်းစားယူပြီးသား ပုဂ္ဂိုလ်ကြီးသုံးယောက်ကို တောင်းဆိုခဲ့ရသည်။

“ဒါဆိုလည်း ထွက်ခွာမယ်”

အမှောင်အလင်းတန်းမှ ခေါင်းဆောင် ဖားတိက ကျုံးဝါးသည်။

“အဲ့ဒီထိပ်တန်းအဆင့် မဟာထန်က ဗိုလ်ချုပ်ကြီးတွေနဲ့ ပါးရန်ကို ငါတို့အတွက်ထားလိုက်”

အမှောင်အလင်းတန်းမှ သွေးဘွဲ့အမည်ရ ဖိုင်ရက ထပ်ဖြည့်ပြောသည်။

“မြို့ရိုးကိုဖြိုပြီးတာနဲ့ ခိုရာစန်းနီတွေအားလုံးကို သတ်လိုက်တော့။ တစ်ကောင်မှ အရှင်မထားနဲ့”

အမှောင်အလင်းတန်းမှ ဓားသွားဘွဲ့အမည်ရ အန်ရွန်ကလည်း အမိန့်ထုတ်သည်။

“အရှေ့ပိုင်းကျူးကျော်သူတွေနဲ့ ပူးပေါင်းတဲ့ကောင်တိုင်း သေဖို့ပြင်ထားသင့်တယ်။ ခိုရာစန်းတွေက တကယ် အရှင်းခံရတော့မယ်”

ထိုသုံးယောက်က တည်ငြိမ်စွာ ခံစားချက်မဲ့စွာပြောသည်။ စကားလုံးအနည်းငယ်တည်းနှင့် သူတို့ဟာ ခိုရာစန်းမှ လူသိန်းကျော်၏ ကံကြမ္မာကို ဆုံးဖြတ်ချက်ချလိုက်သည်။

ဘုန်း

ထိုအမိန့်နှင့်အတူ စစ်တပ်က စတင်ကာ ထွက်ခွာသည်။ အင်အားခုနှစ်သိန်းကျော်ပြီး မရေမတွက်နိုင်သော အစိုးရများ၊ ဗိုလ်ချုပ်များအပြင် အတွေ့အကြုံရှိ ပုဂ္ဂိုလ်ကြီးသုံးယောက်က ဦးဆောင်သည့် ထိုအင်အားစုကြီးက ခိုရာစန်းထံ အရှိန်အဝါအပြည့်နှင့် ချီတက်ကြသည်မှာ တောင်တန်းကြီးတစ်လုံး ရွေ့လျားနေသည်နှင့်ပင် တူသေးသည်။ ထိုသို့ဖြင့် လောကတစ်ခုလုံးက တဆတ်ဆတ် တုန်ခါနေသည်။

....

အဝေးရှိ ခိုရာစန်းတွင် မရေမတွက်နိုင်သော လူပေါင်းများစွာက အနောက်ဘက်ခြမ်းရှိ မြို့ရိုးပေါ်တွင် စုစည်းရောက်ရှိနေကြပြီး ပါးတရှိရာဘက်သို့ ခပ်တင်းတင်း စိုက်ကြည့်နေကြသည်။ မည်သူကမှ မည်သည့်အရာကိုမှ မမြင်နိုင်သေးသော်လည်း ခိုရာစန်းဟာ လာမည့်တိုက်ပွဲကို မျှော်လင့်စောင့်စားမှုနှင့်အတူ သွေးကြောများ တောင့်တင်းနေကြပြီဖြစ်သည်။

ဝှစ်

ရုတ်တရက် တိုင်ဂရစ်မြစ်ကြီးက သတိပေးချက် အလျဉ်းမရှိဘဲ လှုပ်ခါသွားသည်။ အရှိန်အဟုန်ကပင် ကျိုးပေါက်သွားသလိုမျိုး အားလှိုင်းများနှင့် ရေလှိုင်းပေါင်းများစွာက စီးချက်မကျစွာ အကြောင်းပြချက်မဲ့စွာ ကြိုးပျက်လာသည်။

ခြိမ်း

မြေအောက်ထဲမှ အင်အားကြီးမားသော အားလှိုင်းတစ်ရပ်က လိမ့်တက်လာသည်။ မြို့ရိုးပေါ်ရှိ လူတိုင်းကလည်း ခိုရာစန်းတစ်ခုလုံး လှုပ်ခါနေကြောင်း သိလိုက်သည်။

“ဘာတွေဖြစ်နေတာလဲ”

မြို့ရိုးပေါ်ရှိ လူတိုင်းက လှည့်ကြည့်သည်။ အားလုံးက မသက်မသာဖြစ်သွားသည်။

သို့သော် တုန်ခါမှုက ပို၍သာ ပြင်းထန်လာသည်။ ပြိုင်ဘက်ကင်းလွန်းသော ကြီးမားသည့် လက်ကြီးတစ်ဖက်က အောက်ဘက်မှနေ၍ အပေါ်ဘက်မှ အရာအားလုံးကို လှုပ်ခါနေသလိုမျိုးပင် ထင်ရသည်။

“အဲ့ဒီကိုကြည့်လိုက်ဦး”

အရပ်ရှည်ရှည်နှင့် ကြွက်သားအပြည့် တောင့်တင်းသန်မာလွန်းသော ခိုရာစန်းနီတစ်ယောက်က အဝေးသို့ လက်ညိုးထိုးရင်း အလန့်တကြားအော်သည်။ ထိုလူကြည့်သောနေရာသို့ ကြည့်လိုက်ကြသောအခါ မိုးကုတ်စက်ဝိုင်းတည့်တည့်မှ ပေါ်ထွက်လာသည့် အနက်ရောင် အတန်းကြီးကို မြင်လိုက်ရသည်။ ထိုအတန်းကြီးက ခိုရာစန်းထံ ဦးတည်ပြေးလာသည်။

အစပိုင်းတွင်မူ ပင်အပ်အလား ပါးလျသေးသည်။ သို့သော် တဖြည်းဖြည်းချင်း ကြီးမားသော အားလှိုင်းလုံးကြီးအလား ပြောင်းလဲပြီး ခိုရာစန်းထံ ချီတက်လာသည်။

“သတိထား”

“အာရပ်တွေပဲ”

ကောင်းကင်ဘုံ အာဏာ တိုက်ပွဲဝင်သံချပ်ကာကို ဝတ်ဆင်ထားသည့် ဝမ်ချောင်က ဖျော့တော့သော အပြုံးကို ချိတ်ဆွဲလျှက် အဝေးမှချဉ်းကပ်လာသည့် စစ်တပ်ကို ငုံ့ကြည့်သည်။

ပထမဦးဆုံးသော တပ်ဖွဲ့အင်အားစုက မရောက်လာသေးခင် သူဟာ မြို့ရိုးပေါ်မှ ဆင်းသက်လိုက်ပြီဖြစ်သည်။ မြောက်များလှစွာသော အာရပ်စစ်သားပင်လယ်ကြီးက ထိုမျှခမ်းနားသော အရှိန်အဝါမျိုးဖြင့် လာရောက်သောအခါ မြင်ရသော မည်သူကမဆို ပြင်းထန်လွန်းသော စိတ်ပိုင်းဆိုင်ရာ ဖိအားကို ခံစားရပေလိမ့်မည်။ တစ်လောကလုံးက ဖိချခံရလိမ့်မည်ဟု ခံစားရပြီး ခြောက်ခြားဖွယ်ကောင်းသော ခံစားချက်က နှလုံးသားအတွင်း ကြီးစိုးစေလောက်သည်။

သု့ိသော် ဝမ်ချောင်အတွက်မူ ထိုမြင်ကွင်းကို မျှော်လင့်ထားပြီးသားဖြစ်သည်။

“ရွှီခဲ့ယွီ၊ ရွှယ်ချန်ကျွင်း အသင့်ပဲလား”

ဝမ်ချောင်က နောက်လှည့်မကြည့်ဘဲ လှမ်းမေးသည်။

“အရှင် အရာအားလုံးက အဆင်သင့်ပါပဲ။ လက်နက်တွေအားလုံးနဲ့ ပစ္စည်းတွေအားလုံးကို တပ်ဆင်ထားပြီးပါပြီ”

နှစ်ယောက်က တစ်ပြိုင်တည်းဖြေသည်။

“မှတ်ထား ငါတို့ နေ့တစ်ဝက်လောက် တောင့်ခံနိုင်သမျှ အာရပ်တွေကလည်း နေ့တစ်ဝက်အတွင်း မြို့ဂိတ်ကို ထိုးဖောက်နိုင်မှာမဟုတ်ဘူး။ အဲ့ဒီနောက် ငါတို့ဘာကိုမှ စိုးရိမ်စရာမလိုတော့ဘူး”

ဝမ်ချောင်က တည်ငြိမ်စွာပြောသည်။ သူ၏အမူအရာက တည်ငြိမ်ပြီး ယုံကြည်မှုအပြည့်ရှိသည်။ သူက လွှတ်ထုတ်နေသော အင်အားကြီးမားလွန်းသည့် အရှိန်အဝါက လူတိုင်းဟာ သူ့ကို အလိုလို ယုံကြည်မိစေသည်။

“နားလည်ပါတယ်”

နှစ်ယောက်လုံးက ဂါရဝပြုလျှက် ထွက်ခွာသွားကြသည်။

“ဗိုလ်ချုပ် ငါတို့တွေ နေ့တစ်ဝက်လောက် ထိန်းထားပေးနိုင်ရုံနဲ့ အာရပ်တွေကို ကိုင်တွယ်နိုင်မယ်ဆိုတာ သေချာပါရဲ့လား”

ပါးရန်ကပင်မေးလာသည်။

အာရပ်များသည် ဒီအခြေအနေအတွက် အချိန်အတန်ကြာ ပြင်ဆင်ထားခဲ့သည်။ သူတို့က သယ်ဆောင်လာသော မိုးခြိမ်းသံလို ပြင်းထန်လွန်းသည့် အရှိန်အဝါက ပါးရန်၏ အင်အားတွင်ရှိသော လူမျိုးကိုပင် အလန့်တကြား ဖြစ်စေလေသည်။

အခန်း(၁၁၇၃)

ပါးရန်က ဝမ်ချောင်ကို သံသယဝင်နေခြင်း မဟုတ်ချေ။ သို့သော် ဝမ်ချောင်က ယခုတစ်ခေါက် အာရပ်များ၏ အလုံးအရင်းနှင့် ဝင်ရောက်လာမှုက ခိုရာစန်းကို လုံးဝမခြိမ်းခြောက်နိုင်သလိုမျိုး စိတ်အေးလွန်းပုံပေါ်နေသောကြောင့်ဖြစ်သည်။ သို့ရာတွင် လူအများအား အာရပ်များကို နေ့တစ်ဝက်ခန့် အချိန်ဆွဲထားရန်သာ ပြောလာသည်။ ဝမ်ချောင်က အခြားသောအကြောင်းအရာများကို ထုတ်ဖော်ပြောကြားခြင်း မရှိချေ။ ပါးရန်ကိုယ်တိုင်ကလည်း ဝမ်ချောင်ဟာ မည်သည့်အတွက်ကြောင့် ထိုမျှအထိ ယုံကြည်မှုပြင်းထန်နေကြောင်း နားမလည်နိုင်တော့ချေ။

“ဟား ဟား အချိန်ကျလာတဲ့အခါ ခင်ဗျားနားလည်လိမ့်မယ်”

ဝမ်ချောင်ကရယ်သည်။ အချို့သော ကိစ္စများက ရှင်းပြလွန်းလျှင် သက်ရောက်မှု လျော့နည်းသွားတတ်သည်။ လူအများက များများသိလေလေ လျို့ဝှက်ချက် ပေါက်ကြားနိုင်ချေက ပိုမြင့်လေလေဖြစ်ပြီး ရှုံးနိမ့်ချေက ပိုမြင့်နိုင်သည်။

“စုဟန်ရှန်း အသင့်ပြင်”

“ဟုတ်ကဲ့”

စုဟန်ရှန်းက ဂါရဝပြုပြီး ချက်ချင်းထွက်ခွာသွားသည်။

ကလွက်

တခဏခန့်ကြာပြီးနောက် စုဟန်ရှန်း၏ အမိန့်အတိုင်း ခိုရာစန်း၏ မြို့ရိုးများက စက်ကြီးလည်ပတ်လိုက်သလို ကွဲအက်သံမျိုးနှင့်အတူ စတင်ကာ လည်ပတ်လာသည်။

နေ့ရက်ပေါင်းများစွာ ဆက်တိုက် ပြင်ဆင်မှုများ ပြုလုပ်ပြီးနောက် ကျန်းရှို့ကျစ်၏ လက်မှုပညာရှင်အသင်းက တာလာ့၏ တိုက်ပွဲနယ်မြေမှ လက်နက်ကြီး အလက်သုံးသောင်းကို ပြင်ဆင်နိုင်သွားသည်။ ထပ်ပေါင်းဆိုရသော် ပျက်စီးခဲ့သည့် လက်နက် နှစ်သောင်းကျော်ကိုပင် ပြင်ဆင်နိုင်ခဲ့သည်။ ဒါဟာ သာမာန် လက်နက်ကြီးများ၏ လုပ်နိုင်စွမ်းရည် မဟုတ်တော့ချေ။ တိုက်ပွဲနယ်မြေတွင် ငါးဆယ်ရာခိုင်နှုန်းမှ ခြောက်ဆယ်ရာခိုင်နှုန်းအထိ အင်အားကို ထုတ်ပြနိုင်လောက်အောင် ကြီးမားသည့်ကဏ္ဍမှ ပါဝင်နိုင်လာသည်။

မြို့ရိုးတစ်ခုလုံးက တိတ်ဆိတ်သွားသည်။ ဝမ်ချောင်၊ ကောင်းရှန်းကျစ်၊ ချန်းချန့်လီ၊ ဝမ်ရန်၊ ဝမ်ဖူ၊ မိစ္ဆာဧကရာဇ် လူအိုကြီးမန်၊ ဝူရှန်းရွာသူကြီးနှင့် ပုန်ကန်သော အင်အားစုမှ ခေါင်းဆောင်အားလုံးက တစ်တန်းတည်းရပ်လျှက် အခြေအနေကို စောင့်ကြည့်နေကြသည်။

လောကတစ်ခုလုံးက မည်းမှောင်ပြီး ကောင်းကင်ရှိ တိမ်စိုင်များအောက် ရောက်ရှိနေပုံပေါ်သည်။ ထိုသို့သော အခိုက်အတန့်မျိုးတွင် မြေကမ္ဘာ၏ တသိမ့်သိမ့်တုန်သံ၊ အေးစက်သော လေပြင်းတိုက်သံများကသာ ကျန်ရစ်သည်။

ဟီ....

အဝေးမှ စစ်မြင်းတစ်ကောင်၏ ဟီသံနှင့် ကိုယ်ပေါ်မှ သံချပ်ကာများ၏ သတ္ထုချင်းထိခတ်သံလို လှုပ်ခတ်သံလို အသံမျိုးက ထွက်လာသည်။ မျက်တောင်တစ်ခတ် အချိန်အတွင်း အနက်ရောင် စစ်မြင်းကြီးတစ်ကောင်က ချီတက်လာသည်။ အနောက်ဘက်တွင် အာရပ်မြင်းတပ်အဖွဲ့ဝင် သောင်းကျော်က ခိုရာစန်းသို့ လိုက်ပါချီတက်လာကြသည်။ ထိုသို့အံ့အားသင့်စရာကောင်းသော လုပ်ရပ်က လူတိုင်း၏အာရုံကို ချက်ချင်းလိုလို ဆွဲဆောင်သွားသည်။

“မြို့ရိုးပေါ်မှ ထန်တွေနဲ့ ဆမ်ဆာနစ် အကြွင်းအကျန်တွေ ကောင်းကောင်းနားထောင်ကြစမ်း။ ဒါက မင်းတို့ရဲ့ နောက်ဆုံးအခွင့်အရေးပဲ။ ဂိတ်ကိုဖွင့်ပြီး ချက်ချင်းအညံ့ခံ။ အဲ့ဒီလိုမှမဟုတ်ရင် မြို့ရိုးကျသွားတာနဲ့ မင်းတို့အားလုံး သေရလိမ့်မယ်”

ရှေ့ဆုံးမှထွက်လာသည့် အနက်ရောင်စစ်မြင်းကြီးပေါ်တွင် အညိုရောင်မုတ်ဆိတ်နှင့် အာရပ်ဗိုလ်ချုပ်ကြီးက ထိုင်နေသည်။ သူက အလွန်အမင်း တင်းမာလွန်းသော လေသံနှင့် ခပ်ကြမ်းကြမ်းပြောသည်။

ခွီး....

အာရပ်ဗိုလ်ချုပ်ကြီးက သူ၏ကျောဘက်မှ ရွှေရောင်လေးတစ်ချောင်းကို ရုတ်တရက် ဆွဲထုတ်လိုက်ပြီး မျှားတွင်တပ်ဆင်ကာ ခိုရာစန်း၏မြို့ရိုးကိုချိန်လျှက် ပစ်လိုက်သည်။

ဘုန်း

အလင်းကဖြတ်ကနဲလက်ပြီး လေပြင်းက တိုက်ခတ်သွားသည်။ ထိုမျှားက တိုင်ဂရစ်မြစ်ကို ကျော်ဖြတ်ပြီး မြို့ရိုးထဲသို့ တိုက်ရိုက်စိုက်ဝင်သည်။ ထိုနေရာက ထိပ်ပိုင်းနှင့် ပေအနည်းငယ်သာဝေးသည်။

ဝုန်း

မြို့ရိုးပေါ်ရှိ မျှားကျဆင်းသွားသော နေရာက အနည်းငယ်ပင် ချိုင့်ဝင်သွားသေးသည်။ ထိုမျှားက ပြင်းထန်သည့် သက်ရောက်မှုကို သယ်ဆောင်လာသောကြောင့် မြို့ရိုးကိုပင် အနည်းငယ် တုန်ခါသွားစေခဲ့သည်။ မျှား၏အဆုံးနားတွင် စာတစ်စောင်ပါသည်။

“စိတ်ဝင်စားစရာပဲ”

ဝမ်ချောင်က ပြုံးရယ်လျှက် လက်ကိုဆန့်ထုတ်လိုက်သည်။ ရွှေရောင်မျှားက မြို့ရိုးထဲမှ အလိုလို ကျွတ်ထွက်လျှက် ပျံသန်းတက်လာပြီး ဝမ်ချောင်၏လက်ထဲသို့ ရောက်ရှိသည်။

သူကလက်ညိုးကို အသာလေး လှုပ်လိုက်သောအခါ ရွှေရောင်မျှားကို ချက်ချင်း ကွဲအက်သွားစေလိုက်သည်။ ထို့နောက် စာကိုဖွင့်ဖတ်သည်။

စာပါ အကြောင်းအရာများက အလွန်အမင်း ရိုးရှင်းသည်။ သို့သော် စကားလုံး တစ်လုံးချင်းစီတိုင်းက သူတို့၏ ရုတ်ရင့်ကြမ်းတမ်းမှုနှင့် အာဏာပြလိုစိတ်ကို သယ်ဆောင်ထားသည်။

“ဗိုလ်ချုပ် အာရပ်တွေက ငါတို့ကိုချက်ချင်း လက်နက်ချပြီး မြို့ကိုလက်လျော့လို့ အညံ့ခံဖို့ တောင်းဆိုထားတယ်။ အဲ့ဒီလိုမှမဟုတ်ရင် မြို့ရိုးကျသွားတာနဲ့ ငါတို့တွေအားလုံး အသတ်ခံရမဲ့အပြင် မြို့ထဲက ခိုရာစန်းနီတွေပါ သေရလိမ့်မယ်။ အာရပ်တွေက မြို့ထဲက နေထိုင်သူတွေအားလုံးကို အလုံးအရင်းနဲ့ သတ်ပစ်ချင်နေတာ”

ဝမ်ချောင်၏အနောက်မှ ပါးရန်ကပြောလာသည်။ ဝမ်ချောင်သည်လည်း အာရပ်ဘာသာစကား အနည်းငယ် တတ်သော်လည်း သူသည် ပါးရန်ကို မှီခိုပြီး စာကိုဘာသာပြန်ရသေးသည်။

စာပါအကြောင်းအရာကို ဖတ်ပြီးနောက် ပါးရန်က ဝမ်ချောင်ကိုကြည့်ကာ ဆုံးဖြတ်ချက်ကိုစောင့်သည်။

ဝမ်ချောင်က ကျောဘက်သို့ လက်ပို့လျှက်မေးသည်။

“ပါးရန် အာရပ်တွေက ငါတို့ကို အချိန်ဘယ်လောက် ပေးမှာလဲ”

“တစ်နာရီပါ သူတို့က တစ်နာရီအတွင်း ပြန်စာမရရင် မြို့ကိုအလုံးအရင်းနဲ့ သတ်ဖြတ်ဖို့ စတင်တော့မှာပါ။ ဒါတွေအပြင် ဒီတိုက်ပွဲမှာ အမှောင်အလင်းတိုင်တန် သုံးယောက်ကိုတောင် လွှတ်ပါလိမ့်မယ်”

ပါးရန်ကပြောသည်။ သူ၏အသံထဲတွင် စိုးရိမ်မှုက နက်ရှိုင်းစွာ ပါဝင်လာသည်။

ဝုန်း

ပါးရန်၏စကားကို ပြန်ဖြေသလိုမျိုး အဝေးရှိစစ်တပ်က ရုတ်တရက် ထွက်ခွာလာသည်။ စစ်သားပင်လယ်ကြီးထဲမှ ထင်းထွက်နေသော လေသံသော သံချပ်ကာဝတ် စစ်မြင်းများကို စီးနင်းထားသည့် ပုံရိပ်ကြီးသုံးခုကို မြင်ရသည်။

စီးနင်းသူသုံးယောက်က စကားတစ်ခွန်းမဆိုချေ။ သို့သော် သူတို့၏ကိုယ်က သိပ်သည်းလွန်းသော အသက်ရှုကြပ်စေမည့် ဖိအားမျိုးကို လွှတ်ထုတ်ထားသည်။ ချက်ချင်းဆိုသလိုပင် ခိုရာစန်း၏ မြို့ရိုးတောက်လျှောက် တိတ်ကျသွားသည်။ ထိုသုံးယောက်က စကားတစ်ခွန်းမဆိုချေ။ သို့သော် သာမာန်စစ်သား အများစုကပင် သူတို့၏ ပြင်းထန်ကျယ်ပြောပြီး ခြောက်ခြားဖွယ်ကောင်းလွန်းသော အရှိန်အဝါကို ခံစားမိနေကြပြီဖြစ်သည်။

အမှောင်အလင်းတန်းရဲ့ တိုင်တန်သုံးယောက်

ပါးရန်ကလည်း ထိုသုံးယောက်ကို တစ်ချက်ကြည့်လိုက်ရုံနှင့် သိလိုက်သည်။ ထိုသုံးယောက်သည် ကြောက်စရာကောင်းလွန်းလောက်အောင် ဂုဏ်သတင်း ကျော်ဇောသည်။ ဂုဏ်သတင်းချင်း၊ အင်အားချင်းယှဉ်သော် အာရေးဗီးယား၏ တိုင်တန်သုံးယောက်သည် ပါးရန်ကိုပင် ကျော်နေသည်။

“ဟ”

ပါးရန်က ကြောင့်ကြသော မျက်နှာထားမျိုး ဖြစ်နေသော်လည်း ဝမ်ချောင်ကမူ ခပ်အေးအေးနှင့်သာ ရှိနေသည်။

“အာရပ်တွေက ငါတို့ကို အညံ့ခံဖို့အတွက် စဉ်းစားဆင်ခြင်ဖို့ အချိန်တစ်နာရီ ပေးထားတယ်မဟုတ်လား။ ငါတို့ ဒီအခြေအနေကို အလေးအနက်ထားပြီး စဉ်းစားဆင်ခြင်မယ်လို့ ပြောထားလိုက်ပါ”

“???”

မြို့ရိုးပေါ်ရှိ လူတိုင်းက ကြောင်တောင်တောင် ဖြစ်သွားကြသည်။ ပါးရန်ပင်ပါ၏။

“အရှင်အမတ်”

ယခုလိုအခြေအနေမျိုးတွင် ချန်းပင်းကပင် ဘာပြောရမှန်းမသိတော့ချေ။

“ဒါတွေအပြင် တစ်နာရီက မလုံလောက်ဘူးလို့ပြောလိုက်။ ငါအခြားပုန်ကန်တဲ့ ခေါင်းဆောင်တွေနဲ့ ဆွေးနွေးရဦးမှာဆိုတာ အနည်းဆုံး ခြောက်နာရီလောက်တော့လိုတယ်”

ဝမ်ချောင်က ထပ်ဖြည့်ပြောသည်။

ဝုန်း

အစပိုင်းတွင်မူ အရာအားလုံးက တိတ်ဆိတ်နေသည်။ ထို့နောက် လူတိုင်းက စတင်နားလည်လာပုံပေါ်ပြီး သူတို့၏ မျက်နှာတွင် ဖျော့တော့သည့်အပြုံးက ပေါ်လာသည်။

“နားလည်ပြီ ဒီကိစ္စက ငါ့တာဝန်ထား”

ပါးရန်က အရင်ဦးဆုံး တုန့်ပြန်လိုက်သည်။ သူ၏မျက်နှာတွင် အပြုံးကရှိနေသည်။ သူက ပို၍ပို၍ နားလည်လာလေလေ သူတို့၏ကိုယ်ပိုင် မှတ်ချက်များကို စချလာလေလေဖြစ်သည်။

“ခြောက်နာရီက ဘယ်လောက်မှာလဲ။ အရှင်အမတ် ငါတို့ရှစ်နာရီလောက်တော့ လိုလိမ့်မယ်”

“ဒါလည်းမလောက်သေးဘူး (၁၂)နာရီလောက်တော့ လိုလိမ့်မယ်”

“ဘယ်လိုဖြစ်မှာလဲ ပုန်ကန်တဲ့ စစ်တပ်အဖွဲ့ဝင်တွေ ဘယ်လောက်များလိုက်သလဲ။ သူတို့ကို ထည့်တွက်ပါဦး”

မြို့ရိုးပေါ်ရှိလူတိုင်းက ပြုံးရယ်ပြီး အချင်းချင်း နောက်ပြောင်နေကြသည်။ ထိုအခိုက်အတန့်တွင် လူတိုင်းက ဝမ်ချောင်၏အကြံကို နားလည်သွားပုံပေါ်သည်။ တခဏခန့်ကြာပြီးနောက် ပါးရန်ကိုယ်တိုင်ရေးထားသော စာကို မျှားတွင်ကပ်ချည်လျှက် ခိုရာစန်း၏ ဆရာသခင်လေးသည်တော်ကို ပေးလိုက်သည်။

“ငါတို့တွေ တွေးလို့ပြီးသွားပြီ။ ငါတို့ရဲ့ပြန်ဖြေစာကို လက်ခံလိုက်တော့”

ပါးရန်က မြို့ရိုးပေါ်မှ လှမ်းအော်သည်။ ထို့နောက် သူက ဘေးဘက်ရှိ ဆရာသခင် လေးသည်တော်ကိုကြည့်သည်။

ဘုန်း

မျှားကလေထုကိုထိုးခွင်းပြီး ဖုန်များနှင့် အပျက်အစီးပေါင်းများစွာကို ပေါက်ကွဲစေလျှက် အာရပ်စစ်တပ်၏ အရှေ့သို့ကျသည်။

ဟီ...

အာရပ်မြင်းသမားက ခပ်မြန်မြန် မြင်းစီးထွက်လာပြီး မြေပြင်မှမျှားကို ကောက်ဆွဲနှုတ်သည်။ သူက အမှောင်အလင်းတန်း တိုင်တန်သုံးယောက်နှင့် ဟူလာရှိရာဘက်သို့ ပြန်စီးသွားသည်။

အမှောင်အလင်းတန်း အဖွဲ့မှခေါင်းဆောင် ဖာတိက သူ၏လက်ချောင်းလေးနှင့် စာကိုဖွင့်လိုက်သည်။ တစ်ချက်ကြည့်ပြီးနောက် သူကမျက်မှောင်ကျုံ့သည်။

“ဘာဖြစ်လို့လဲ”

ဟူလာက အနားသို့သွားပြီး စာကိုကြည့်သည်။ ထို့နောက် တိုင်တန်သုံးယောက်နည်းတူ သူသည်လည်း မျက်မှောင်ကျုံ့သည်။

အညံ့ခံရန် တောင်းဆိုလိုက်ခြင်းက ဟန်ပြသပ်သပ်သာဖြစ်သည်။ သူတို့ထဲက မည်သူကမှလည်း ဟန်များကို အမှန်တကယ် သဘောတူရန် မမျှော်လင့်ထားကြချေ။ ယခုလိုရှစ်နာရီပင် ဆွေးနွေးခွင့်အချိန် တောင်းခံမည်ဟု မမျှော်လင့်ထားမိချေ။

“ဘာကိုဆိုလိုတာလဲ”

ပါးတိက ဟူလာအား စာပေးလိုက်သည်။ အမှောင်အလင်းတန်းမှ တိုင်တန်သုံးယောက်က လွန်ခဲ့သော အချိန်ကာလ များစွာကတည်းက နာမည်ထင်ရှားကျော်ကြားခဲ့သည့် ပုဂ္ဂိုလ်ကြီးသုံးယောက်ဖြစ်ပြီး အတွေ့အကြုံရှိသည့်အပြင် စ်တပ်အတွင်းတွင် သူတို့၏ အဆင့်အတန်းက အလွန်အမင်း မြင့်မားသည်။ အခြားသော စစ်ပွဲများတွင်ဆိုလျှင် ထိုသုံးယောက်က မျက်မှောင်ပင် ကျုံ့လိုက်မည်မဟုတ်ချေ။ သို့ရာတွင် စာပါအကြောင်းအရာများက တိုင်တန်သုံးယောက်ကိုပင် မှင်သက်စေပြီး မည်သို့တုန့်ပြန်ရမှန်း မသိရလောက်အောင် ဖြစ်သွားစေသည်။

“ဟူလာ မင်းဘယ်လိုထင်လဲ”

အမှောင်အလင်းတန်း၏ ဓားသွား အမ်မရွန်က ရုတ်တရက်မေးလာသည်။

ဟူလာက မျက်မှောင်ကျုံ့ပြီးပြောသည်။

“ဒါက... ငါလည်းမသိဘူး။ ဒါပေမဲ့ ဒီဗိုလ်ချုပ်ကတော့ ထန်တွေတစ်ခုခုကို ကြံစည်နေတယ်လို့ ထင်နေတယ်”

“ဆိုတော့ မင်းကငါတို့တွေ အခုပဲ ခိုရာစန်းကို ဝင်ရောက်ပြီး တိုက်ခိုက်သင့်တယ်လို့ ထင်တာလား”

အမ်မရွန်ကမေးသည်။ သူ၏မျက်နှာကမူ ခေါင်းပေါ်တွင်စွပ်ထားသည့် အနက်ရောင်ဦးထုပ်ကြီးကြောင့် ထင်ထင်ရှားရှား မမြင်ရသည့်အတွက် လူတိုင်းက သူ၏အမူအရာကို သိရရန်ခက်ခဲသည်။

“ဒါက...”

ဟူလာ၏ ပါးစပ်က ပွင့်သွားသော်လည်း တုန့်ဆိုင်းသွားပြန်သည်။ သူ၏မသိစိတ်အရ လက်ခံသင့်ကြောင်း ပြောနေသည်။ သို့သော် ထိုစကားက ပါးစပ်မှ ထွက်ခါနီးအချိန်တွင် တုန့်ဆိုင်းမိသွားသည်။ အရာအားလုံးက တိတ်ဆိတ်သွားပြီး တိုင်တန်သုံးယောက်ဖြစ်စေ၊ ဟူလာပင်ဖြစ်စေ စကားတစ်ခွန်း မဆိုကြချေ။

အားလုံးက ဝမ်ချောင်၏စာကြောင့် ခက်ခက်ခဲခဲ ဆုံးဖြတ်ရသည့် အခြေအနေသို့ ရောက်သွားသည်။

“အရှင်အမတ် အဲ့ဒီကိုကြည့်ပါဦး။ အဲ့ဒီလေးယောက်က ခက်ခက်ခဲခဲ ဆုံးဖြတ်ချက် ချနေတဲ့ပုံပဲ။ ငါတို့က သူတို့ရဲ့ အညံ့ခံဖို့ပြောလာတဲ့စာကို အလေးအနက်ထားပြီး စဉ်းစားဆင်ခြင်မယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သတ်ပြီး မျှော်လင့်ထားတဲ့ပုံပဲ”

အဝေးရှိခိုရာစန်း၏ မြို့ရိုးပေါ်တွင် ရွှယ်ချန်ကျွင်း၊ ရွှီခဲ့ယွီ၊ ချန်းပင်းနှင့် စုဟန်ရှန်းတို့အားလုံးက အာရပ်များ၏ လှုပ်ရှားမှုကို အနီးကပ်စောင့်ကြည့်နေသည်။ အမှောင်အလင်းတန်း၏ တိုင်တန်သုံးယောက်၏ မြင်းများနှင့် ဟူလာတို့၏မြင်းများက အရှေ့တွင် နံရံတစ်ခု ခြားနေသလိုမျိုး ရပ်တန့်နေကြသည်။ သူတို့သည် ကြောင်အ အေးခဲနေသလိုမျိုး မလှုပ်ရှားကြချေ။

“မျှော်လင့်ထားတဲ့အတိုင်းပဲ အရှင်အမတ်ရဲ့ ပြန်ဖြေစာကတင် သူတို့တွေကို ကို့ယို့ကားယား ဖြစ်သွားစေပြီ”

ချန်းပင်းကရယ်သည်။

“ဝမ်ချောင် သူတို့ဘယ်လိုပြန်ဖြေမယ်လို့ မင်းထင်လဲ”

ကောင်းရှန်းကျစ်က အခြေအနေကို စောင့်ကြည့်နေသည်။ သူက မနေနိုင်ဘဲ ထုတ်မေးလိုက်မိသည်။

“သူတို့သဘောတူတူ မတူတူ အရေးမကြီးဘူး။ သူတို့ဘာကိုရွေးချယ်မလဲဆိုတာကိုပဲ ကြည့်ရမယ်”

ဝမ်ချောင်က ကျောဘက်သို့လက်ပို့ထားသည်။ သူက ပြုံးနေသည်။

ဝမ်ချောင်တို့အားလုံးက ကြာကြာမစောင့်လိုက်ရချေ။ တခဏခန့်ကြာပြီးနောက် ဝှစ်ကနဲမြည်သံနှင့်အတူ ရွှေရောင်မျှားတစ်ချောင်းက မြို့ရိုးကို စိုက်ဝင်လိုက်ပြန်သည်။ ဒီတစ်ကြိမ်တွင်လည်း မြို့ရိုးက အနည်းငယ် တုန်သွားသေးသည်။

အာရပ်များက မဟာထန်၏ တောင်းဆိုမှုကို သဘောတူလိုက်သည်။ သူတို့က ခြောက်နာရီသာပေးမည်ဖြစ်သည်။ မြို့ဂိတ်ကသာ ခြောက်နာရီအတွင်း မပွင့်လျှင် အာရပ်များက ချက်ချင်းတိုက်ခိုက်ပေလိမ့်မည်။

လူတိုင်းကလည်း အာရပ်များ၏ ပြန်ဖြေစာကို မြင်သောအခါ တည်ငြိမ်နေသည်ဟု ထင်ရသည်။ သို့သော် သူတို့၏ ဝမ်းဗိုက်အတွင်းတွင်မူ ရယ်ချင်စိတ်ကို မနည်းထိန်းထားရသည်။

“နောက်ထပ် စာတစ်စောင်ရေးလိုက် အာရပ်တွေကို ပြောလိုက်ပါ။ အချို့ပုန်ကန်သူတွေက တော်တော်လေးကို အတိုက်အခံလုပ်နေကြလို့ ပြန်ပြီးတိုက်ခိုက်မယ်လို့တောင် ပြောနေကြတယ်။ ဒါကြောင့် ခြောက်နာရီက မလုံလောက်ဘူး။ ငါတို့ အချိန်ထပ်လိုတယ်”

ဝမ်ချောင်က ထပ်ပြီးအမိန့်ပေးပြန်သည်။

ဘန်း

ထိုသို့ဖြင့် ထန်ဘက်မှ နောက်ထပ်မျှားတစ်စင်းက ထွက်သွားပြန်သည်။ ထိုသို့ဖြင့် အာရပ်စခန်းအတွင်းသို့ ပြန်ဖြေစာကို ပို့ဆောင်လိုက်ပြန်သည်။

တိုင်တန်သုံးယောက်နှင့် ဟူလာတို့ကလည်း ထိုပြန်ဖြေစာကြောင့် ပို၍ကြောင်အသွားကြပြန်သည်။ ဒီစီမံကိန်းတွင် သူတို့သည် အလွန်တောင့်တင်းပြီး ကြမ်းတမ်းသည့်တိုက်ပွဲကို လက်ခံရယူရန် ဆုံးဖြတ်ချက် ချထားပြီးသားဖြစ်သည်။ သို့သော် ယခုလို တိုးတက်ပြောင်းလဲမှုက အားလုံးကို အံ့အားသင့်စေသည်။

သာမာန်အခြေအနေမျိုးတွင်ဆိုလျှင် သို့မဟုတ် အတိတ်ကသာဆိုလျှင် အာရပ်များကလည်း ထိုတောင်းဆိုမှုများကို လက်ခံစဉ်းစားပေးပေလိမ့်မည် မဟုတ်ချေ။ သူတို့က ချက်ချင်းချီတက်သွားပြီး မြို့ရိုးကို ဖျက်ဆီးကာ ထန်များအားလုံးကို သတ်လောက်သည်။ သို့သော် ခိုရာစန်း၏မြို့ရိုးက မည်မျှမြင့်မားပြီး ခိုင်မာကြောင်း လူတိုင်းသိသည်။ အတွင်းတွင် ပုန်ကန်သူ အယောက်နှစ်သိန်း ရှိနေသေးသည်။ ဒါဟာ နည်းပါးသောပမာဏ ဖြစ်နေသော်လည်း သာမာန်အခြေအနေမျိုးတွင်ဆိုလျှင်ပင် အာရပ်များအနေဖြင့် ပြင်းထန်သည့်တန်ကြေးကို ပေးဆပ်ရပေလိမ့်မည်။ သို့မှသာ နိုင်လောက်၏။

ထို့ပြင် ယခုက မဟာထန်ဘက်က မြို့ဂိတ်ကိုဖွင့်ပြီး အညံ့ခံရမည့် အခွင့်အရေးတစ်ခု ရှိနေသည့်အတွက် အာရပ်များက ဆွဲဆောင်ခံရသလို ဖြစ်နေခြင်းဖြစ်သည်။ ဗိုလ်ချုပ်ကြီး လေးယောက်လုံးကလည်း ထန်များက ဆော့ကစားနေခြင်းဖြစ်လောက်ကြောင်း ခံစားမိနေသည့်တိုင်အောင် ဝမ်ချောင်၏ ပြန်ဖြေစာများက အကျိုးအကြောင်း သင့်လျော်ပြီး လေးနက်မှုအပြည့် ရှိနေသောကြောင့် မည်သည့်အရာကို ရွေးချယ်မှန်း မသိရလောက်အောင် ဖြစ်နေရလေသည်။

အခန်း(၁၁၇၄)

“ငါတို့ဘယ်လိုလုပ်ကြမလဲ”

ယခုတစ်ကြိမ်ကမူ ဟူလာ၏ မေးခွန်းထုတ်ရမည့် အလှည့်ဖြစ်သွားသည်။ သူ၏မျက်နှာပေါ်တွင် ခက်ခဲသော မျက်နှာထားမျိုးက ပေါ်နေသည်။

“သူတို့ကိုပဲ လုပ်ခိုင်းရအောင်”

အမှောင်အလင်းတန်း၏ သွေးဘွဲ့အမည်ရ ဖာရာကပြောသည်။

“ဒီတိုင်း ရှစ်နာရီပဲမဟုတ်လား။ သူတို့ဘယ်လိုလှည့်ကွက်တွေ ထုတ်မလဲ ငါကြည့်မယ်”

အမှောင်အလင်းတန်း၏ တိုင်တန်သုံးယောက်က ခပ်မြန်မြန် သဘောတူညီမှု ရရှိသွားပုံပေါ်သည်။ အမိန့်ကိုထုတ်ပြီးနောက် သုံးယောက်လုံးက မြင်းအသီးသီးကိုထုတ်ကာ စစ်တပ်၏ အနက်ရှိုင်းဆုံး အပိုင်းအတွင်းသို့ ဝင်ရောက်သွားလေသည်။

ထိုအချိန်တွင် မဟာထန်ဘက်ကမူ အာရပ်များ၏ ပြန်ဖြေစာကို လက်ခံရရှိပြီးပြီးချင်း အောင်ပွဲခံကြသည်။ ရှစ်နာရီက နေ့တစ်ဝက်ဖြစ်သည်။ ရိုးရှင်းသောစကားလုံး အနည်းငယ်နှင့် အာရပ်များက သူတို့၏ လက်ဖဝါးပေါ်တွင် ကခုန်ပေးကြသည်။

“အရင်ဆုံးပြန်ပြီး အနားယူရအောင်။ မဟာဗိုလ်ချုပ်ကြီးပါးရန် ငါမြို့ရိုးကို မင်းနဲ့ပဲလွှဲထားခဲ့တော့မယ်။ အာရပ်တွေက ရှစ်နာရီမကျော်ခင် မတိုက်ခိုက်ဘူးဆိုပေမဲ့လည်း သူတို့က ကတိစားတည်ပါမယ်လို့ အာမခံချက်မရှိဘူး။ ဒါကြောင့် ကာကွယ်စောင့်ရှောက်ရေးဗိုလ်ချုပ်ကြီး ငါက အချိန်မရွေး ထောက်ပံ့ကူညီပေးနိုင်အောင် အသင့်ပြင်ထားမှာပါ”

ပါးရန်နှင့် အချိန်အတန်ကြာ တိုက်ခိုက်ခဲ့ပြီးနောက် ဝမ်ချောင်သည်လည်း ဆမ်ဆာနစ်မင်းဆက်၏ ထိုမဟာဗိုလ်ချုပ်ကြီးအပေါ် တဖြည်းဖြည်းချင်း နားလည်လာပြီဖြစ်သည်။ ထိုလူ၏ တိုက်ခိုက်ပုံနည်းလမ်းက တည့်တိုးဆန်ပြီး သင့်တော်သည်။ ခိုင်မာပြီး တည်ငြိမ်မှုလည်းရှိသည်။ တိုက်ခိုက်မှုတိုင်းက တင်းကြပ်လွန်းသဖြင့် ရေတစ်စက်ကပင် ဖောက်မစီးနိုင်ချေ။ သူကသာ မြို့ရိုးကို ထိန်းထားလျှင် ပြဿနာတစ်စုံတစ်ရာ ဖြစ်လာခဲ့သည့်တိုင်အောင် ပါးရန်က အချိန်လုံလောက်အောင် ဆွဲပေးနိုင်ပေလိမ့်မည်။

“စိတ်အေးအေးထား ငါနဲ့လွှဲထားလိုက်”

ပါးရန်၏မျက်ဝန်းက တောက်ပနေပြီး ရင်ဘက်ကိုပုတ်သည်။

“အွန်း”

ဝမ်ချောင်က ခေါင်းညိမ့်လိုက်ပြီး လီစစ်ယဲ့ကို လှည့်ကြည့်သည်။

“လီစစ်ယဲ့ မင်းလည်းနေခဲ့။ ပါးရန်နဲ့ပေါင်းပြီး မြို့ရိုးကိုခုခံထားလိုက်ပါ”

“ဟုတ်ကဲ့အရှင်”

.....

ဝမ်ချောင်က ခိုရာစန်း၏ မြို့ရိုးပေါ်မှ ခပ်မြန်မြန်ဆင်းပြီး အစိုးရ၏ စံအိမ်အတွင်းသို့ ဝင်ရောက်သည်။ သူ့ကို ကျန်းရှို့ကျစ်၊ ကမ်းခယ်ဘုရင်နှင့် ပါးနားဟန်တို့ကလည်း အဖော်ပြုပေးသည်။

ဝမ်ချောင်က ခန်းမအတွင်းတွင် ထိုင်လိုက်ပြီးပြီးချင်း တည်ငြိမ်စွာမေးသည်။

“စီနီယာကျန်း ငါခင်ဗျားကို လုပ်ခိုင်းထားတာကို ပြင်ဆင်လို့ပြီးသွားပြီလား”

ကျန်းရှို့ကျစ်က ခေါင်းကိုငုံ့ပြီး လေးစားစွာပြောသည်။

“အရှင်အမတ် အရှင့်ရဲ့အမိန့်အတိုင်း ငါတို့လွန်ခဲ့တဲ့ ရှစ်ရက်လောက်ကတည်းက စပြီးပြင်ဆင်ခဲ့တာပါ။ ဒါကြောင့် အမှားအယွင်း မရှိပါဘူး”

“အရှင် ငါတို့က ဒီဘက်မှာအသင့်ပဲ။ ဒါပေမဲ့... ငါဘောင်ကျော်ပြီး ပြောတဲ့အတွက်တော့ ခွင့်လွှတ်ပါ... အရှင်ဆန္ဒရှိသလိုမျိုး တကယ်ပဲ အခြေအနေ ပြောင်းသွားမှာလား”

ပါးနားဟန်က သံသယအပြည့်နှင့်မေးသည်။ သူသည် ဝမ်ချောင်၏အမိန့်ကို စတင်ခက်ခံ ရရှိခဲ့ချိန်ကလည်း တစ်ယောက်တည်း ထိုမေးခွန်းကို ထုတ်နေခဲ့မိသည်။ သို့သော် ထိုကိစ္စက ထင်သလောက် လွယ်ကူစွာ ဖြစ်လာမည်ဟု မခံစားရသေးချေ။

“အဲ့ဒီအဆင့်ထိ မရောက်သွားရင်တော့ ကောင်းတာပေါ့။ ဒါပေမဲ့ ငါမျှော်လင့်ထားတဲ့အတိုင်းသာ အမှန်တကယ် ဖြစ်လာခဲ့ရင် အချိန်ကျလာတဲ့အခါ အာရပ်တွေတင်မဟုတ်ဘူး ငါတို့တောင်မှ တိုက်ပွဲမရှိရင်တောင် အလောင်းဖြစ်သွားရလိမ့်မယ်”

ဝမ်ချောင်က အရှေ့မှလူအုပ်ကို တဖြည်းဖြည်းချင်း အကဲခတ်သည်။ သူ၏မျက်နှာက တင်းမာသွားသည်။

လူတိုင်း၏အရှေ့တွင် သူကအမြဲတစေ တည်ငြိမ်ပြီး အနိုင်ဟာ သူ၏လက်ခုံထဲတွင် ရှိနေသလိုမျိုး ပြုမူပြနေခဲ့သည်။ သို့သော် ဝမ်ချောင်ကသာ ထိုကိစ္စဟာ ထင်သလောက် မရိုးရှင်းကြောင်း နားလည်နေသည်။ ကိစ္စများကို ကောင်းမွန်စွာသာ မကိုင်တွယ်နိုင်လျှင် စစ်တပ်ကြီးတစ်ခုလုံးက ရှင်းလင်းပစ်ခံရနိုင်သည်။

“နားလည်ပါတယ်”

ဝမ်ချောင်၏မျက်နှာက လေးနက်တည်ကြည်နေကြောင်း မြင်သောအခါ အားလုံးကလည်း ချက်ချင်းဆိုသလို လက်ခံကြောင်း ပြောကြသည်။

“အားလုံးကိုထပ်ပြီး စစ်လိုက်ဦး”

ဝမ်ချောင်ကထပ်ပြောသည်။

“ဟုတ်ကဲ့အရှင်”

.....

အချိန်က တဖြည်းဖြည်းချင်း ကုန်သွားသည်။ အာရပ်စစ်သည်များက ပို၍အာရုံစူးစိုက်ကာ အချင်းချင်း ကပ်နေကြသည်။ ယခုအခါ သူတို့သည် စီးဆင်းနေသော တိုင်ဂရစ်မြစ်နှင့် ခြေဆယ်လှမ်း အကွာခန့်တွင်သာရှိသည်။ စစ်သည်ခုနှစ်သိန်းကျော်က ထိုနေရာတွင် စုစည်းလျှက် တည်ရှိနေသည်မှာ လေးစားဖွယ်ကောင်းသော ဖိအားမျိုးကို လွှတ်ထုတ်နေသည်။ သို့ရာတွင် သဘောတူညီချက်အတိုင်း အာရပ်များက မတိုက်ခိုက်ကြဘဲ ထန်ဘက်က ဂိတ်တံခါးဖွင့်ပြီး အညံ့ခံမည့်အချိန်ကို စောင့်နေကြသည်။

မျက်တောင်တစ်ခတ် အချိန်အတွင်း နေ့လည်ဘက်ရောက်သွားသည်။ လူတိုင်းက ဝမ်ချောင်၏အဖြေကို စောင့်နေကြသည်။

ဘန်း

ခိုရာစန်း၏မြို့ရိုးမှ မျှားတစ်ချောင်းက ပျံသန်းထွက်သွားပြီး အာရပ်အရှေ့သို့ ကျဆင်းသွားသည်။

သတင်းပို့တစ်ယောက်က မျှားကိုကိုင်ပြီး နောက်တန်းရှိ ရွက်ဖျင်တဲသို့ အပြေးသွားသည်။

“အရှင် ထန်တွေက နောက်ထပ်စာပို့လိုက်ပါပြီ။ မြို့ထဲက ပုန်ကန်သူတွေရဲ့ ခုခံမှုက တော်တော်လေး ပြင်းထန်နေတယ်လို့ပြောတယ်။ ပုန်ကန်သူတွေအများကြီး သဘောတူထားပေမဲ့လည်း အားလုံး အညံ့ခံဖို့အတွက် နောက်ထပ် နှစ်နာရီတော့လိုအပ်ပါမယ်တဲ့”

“ဘာ”

ဟူလာကချက်ချင်း ထရပ်သည်။ သူ၏မျက်နှာက ပျက်ယွင်းသွား၏။ အမှောင်အလင်းတန်းမှ တိုင်တန်သုံးယောက်က ခုံတွင်ငြိမ်ငြိမ်ထိုင်နေကြသေးသော်လည်း မျက်မှောင်က ကျုံ့နေလေပြီဖြစ်သည်။

“ဘာဖြစ်တာလဲ ရှစ်နာရီကျော်သွားပြီ။ ဒါတောင်မှ သူကငါတို့ကို ဆက်ပြီးအရူးလုပ်နေတုန်းလား”

ဟူလာက ဒေါသတကြီးပြောသည်။

“အရှင် ငါတို့သူတို့ကို ရှစ်နာရီအချိန်ပေးပြီးသွားပြီ။ ခိုရာစန်းက သူတို့ဖော်ပြသလို အခြေအနေမျိုးသာဆိုရင် ငါတို့အခုတိုက်ခိုက်မယ်ဆိုရင် အဲ့ဒီပေးထားတဲ့ အချိန်တွေက အလဟသ ဖြစ်မသွားဘူးလား”

ဗိုလ်ချုပ်ကပြောသည်။

ဟူလာက တောင့်ခဲသွားသည်။ သူသည်လည်း စွံ့အသွားသည်။

“ဒီတစ်ကြိမ် ပုန်ကန်သူတွေအများကြီးရှိတာတော့ အမှန်ပဲ။ အားလုံးမှာလည်း ကိုယ့်အတွေးနဲ့ကို ရှိလောက်တယ်”

အခြားဗိုလ်ချုပ်တစ်ယောက်ကလည်း မှတ်ချက်ချသည်။

“ထန်တွေကအသစ်တွေ သူတို့က အညံ့ခံချင်ရင်တောင်မှ ပုန်ကန်သူတွေအားလုံးရဲ့ လက်ခံသလောတူမှုကို ရအောင်လုပ်ဖို့ကတော့ တော်တော်လေး ခက်လောက်တယ်”

ဟူလာက မျက်လုံးပြူးသွားသည်။ သူသည် ဒီထက်ပို၍ စွံ့အလာရသည်။ သူသည် ထိုငယ်ရွယ်သော ထန်ဗိုလ်ချုပ်၏ ဆော့ကစားမှုကို ခံနေရကြောင်း ကောင်းကောင်း အာရုံခံမိနေသည်။ သို့သော် ဒါဟာ ကောင်းမွန်သောခံစားချက် မဟုတ်ချေ။

“ငါ့ရဲ့အမိန့်ကိုထုတ် သူတို့ကို နောက်ထပ် နှစ်နာရီပေးလိုက်”

တိုင်တန်သုံးယောက်က စိတ်ဆုံးဖြတ်ချက် ချလိုက်ပြန်သည်။ သို့သော် ဒါဟာ အလွန်အမင်း မသက်မသာဖြစ်သော ခံစားချက်မျိုးဖြစ်နေပြန်၏။ ထိုသုံးယောက်သည်လည်း ယခင်ကန့်သတ်ချက်ကို လက်ခံပြီးသည့်အတွက် နောင်တရလာသည်။

ဖလပ် ဖလပ်

သတင်းပို့ငှက်က လေထဲသို့ထိုးတက်ပြီး ခိုရာစန်းထံသွားသည်။ သို့သော် နှစ်နာရီခန့်ကြာပြီးနောက် မဟာထန်ဘက်မှ နောက်ထပ်သတင်းတစ်ခု ရလာပြန်သည်။ ပုန်ကန်သူများက သဘောမတူကြသေးချေ။ အချိန်ကို ပို၍လိုအပ်လာပြန်သည်။ သူတို့အားလုံးက သဘောတူညီမှု မရမချင်း မဟာထန်က အချိန်ဆွဲမည့်ပုံပေါ်သည်။ မဟာထန်ဘက်ကလည်း အာရပ်များက စိတ်ရှည်သည်းခံစွာ သတင်းကိုစောင့်ရန် မျှော်လင့်နေသည်။

“ရမ်းကားတယ်”

သံမဏိလက်သီးကြီး တစ်လုံးက အရှေ့ရှိ ခိုင်မာလွန်းသော စားပွဲကို ဖြောင်းကနဲရိုက်လိုက်ပြီး လက်ချောင်းရာကြီးကို ထင်ကျန်ရစ်လေသည်။ ဟူလာသည် အလွန်ဒေါသထွက်သွားသည်။ အမှောင်အလင်းတန်း၏ တိုင်တန်သုံးယောက်ကပင် အလွန်အမင်း ဒေါသထွက်လာပုံပေါ်သည်။

ယခုလိုညှိနှိုင်းမှုက (၁၂)နာရီအတိ ကြာသွားပြီဖြစ်သည်။ ဂရုတစိုက်သာ တွေးတောကြည့်မည်ဆိုလျှင် အလွန်ဆိုးရွားနေပြီဖြစ်သည်။ ပို၍ဆိုးသည်မှာ အချိန်ကြာလာသည်နှင့်အမျှ တိုင်တန်သုံးယောက်ကလည်း ထန်များဟာ အချိန်ဆွဲနေသည်ဆိုသော ခံစားချက်မျိုးကို ရလာသည်။ သို့သော် ထိုသို့ဖြစ်နေသည့်တိုင်အောင် ထိုလေးယောက်ကလည်း တစ်ဖက်သူများ လုပ်ချင်သည့်ကိစ္စကို နားမလည်နိုင်သေးချေ။

“နှစ်နာရီထပ်ပြီး လိုပြန်တယ်။ နောက်ထပ် နှစ်နာရီထပ်ပေးလိုက်။ သူတို့ အဲ့ဒီအချိန်ရောက်လို့မှ အညံ့မခံသေးရင်တော့ သူတို့ ဘယ်လိုအကြောင်းပြချက်ကို ပေးလာပေးလာ ချက်ချင်း သတ်ဖြတ်ကြတော့”

အမှောင်အလင်းတန်းမှ ခေါင်းဆောင် ဖားတိက နောက်ဆုံး ဆုံးဖြတ်ချက် ချလိုက်သည်။ ကစားပွဲတိုင်းက အဆုံးသတ်ရသည်။ (၁၄)နာရီဆိုသည်မှာ အမှောင်အလင်းတန်းမှ တိုင်တန်သုံးယောက်၏ အကန့်အသတ်ဖြစ်သွားသည်။

ထိုအချိန်ကို ကျော်လွန်ပြီးနောက် ညအချိန် ရောက်လာပေလိမ့်မည်။ ထို့နောက် အာရပ်များက တိုက်ခိုက်ချင်လျှင်ပင် မလုပ်နိုင်တော့ချေ။

ဖလပ် ဖလပ်

ဒုတိယမြောက် အာရေးဗီးယား အမဲလိုက်သိန်းငှက်ကြီးက ကောင်းကင်သို့ ပျံတက်သွားပြီး တိုင်တန်သုံးယောက်၏ နောက်ဆုံးသော ဆုံးဖြတ်ချက်အား ခိုရာစန်းထံ ပို့ဆောင်သည်။

လေပြင်းက ရောက်ရှိလာမည့် မုန်တိုင်းကို သယ်ဆောင်လာနေသည်။ မဟာထန်များပင်ဖြစ်စေ၊ အာရေးဗီးယားပင်ဖြစ်စေ ထိပ်တိုက် မတိုက်ခိုက်ကြသေးချေ။ သို့သော် လေထုကမူ ယခင်က အခြေအနေများထက်ပင် တောင့်တင်းနေခဲ့သည်။ နှစ်ဖက်လုံးက သူတို့၏ စစ်တပ်အင်အားစုများကို အသင့်ပြင်ထားကြသည်။ လူတိုင်းကလည်း တိုက်ပွဲစတင်လိုက်သည့် အခိုက်အတန့်တွင် တစ်လောကလုံးက လှုပ်ခတ်သွားပြီး မြေပြင်တွင် အလောင်းများပုံမည်ဖြစ်ကြောင်း သိနေကြသည်။

အချိန်က ကျော်လွန်သွားပြီး ကောင်းကင်က မှောင်သွားသည်။ ဖုန်လုံးများက ချဉ်းကပ်လာသည်။

ဖလပ် ဖလပ်

နောက်ဆုံးတွင် သတင်းပို့ငှက်တစ်ကောင်က ခိုရာစန်းမှထွက်ခွာကာ အာရပ်စခန်းထံကျသည်။ ဒီတစ်ကြိမ်တွင် အာရပ်များက မဟာထန်၏ နောက်ဆုံးသော ပြန်ဖြေစာကို လက်ခံရရှိလိုက်ပြီဖြစ်သည်။ အမျိုးမျိုးသော ညှိနှိုင်းမှုများပြီးနောက် မဟာထန်၊ ခိုရာစန်းနီနှင့် အမျိုးမျိုးသော ပုန်ကန်သူများက အဖက်ဖက်က အကျိုးအမြတ် ရရှိစေမည့် အဖြေကို အနှစ်ချုပ်လိုက်နိုင်သည်။ သူတို့ဟာ ဘယ်သောအခါမှ အညံ့ခံလိမ့်မည်မဟုတ်ချေ။

“မျိုးမစစ်”

ဒေါသတကြီးအော်သံက ကောင်းကင်ကိုပင် လှုပ်ခါနိုင်လောက်သည်။ တိုင်တန်သုံးယောက်၊ ဟူလာနှင့် အာရပ်ဗိုလ်ချုပ်တိုင်းက ထိုစာကြောင့် အလွန်ဒေါသထွက်သွားကြသည်။

“ငါ့ရဲ့အမိန့်ကိုထုတ်လိုက် အခုချက်ချင်း တိုက်ခိုက်ဖို့ပြင်ဆင်တော့။ မြို့ကိုထိုးဖောက်ပြီးတာနဲ့ အဲ့ဒီထန်နဲ့ ခိုရာစန်းတွေ အားလုံးကိုသတ်။ အသက်ရှုနေတဲ့ တစ်ကောင်မှ မမြင်ချင်ဘူး။ အားလုံးကိုသတ်”

အမှောင်အလင်းတန်း၏ တိုင်တန်သုံးယောက်၏ အမိန့်က စစ်တပ်တစ်ခုလုံးအနှံ့ ပျံ့နှံ့သွားသည်။

ခြိမ်း

စစ်သည်ခုနှစ်သိန်းက ခိုရာစန်းထံ စတင်ချီတက်သည်နှင့် မြေကမ္ဘာကြီးတစ်ခုလုံးက လှုပ်ခါသွားသည်။ ပြင်းထန်ကြီးမားလွန်းသော အရှိန်အဝါက တိုင်ဂရစ်မြစ်ကိုပင် လှုပ်ခါစေသေးသည်။

“သတ်”

ကောင်းကင်ကိုပင် လှုပ်ခါစေလောက်သည့် ဟိန်းသံမျိုးနှင့်အတူ အာရပ်များက ရုတ်တရက် မရေမတွက်နိုင်သော လှေငယ်လေးများကို တိုင်ဂရစ်မြစ်ထဲသို့ တွန်းချကြသည်။ စစ်မြင်းပေါင်းများစွာက ထိုလှေပေါ်သို့ ချောမွေ့စွာတက်လိုက်ပြီး တစ်ဖက်ကမ်းစပ်သို့ စတင်ကာထွက်လာသည်။

“သတိထား”

ရုတ်တရက် စူးရှသောအော်သံက ကောင်းကင်သို့တိုင် ပဲ့တင်ထပ်သွားသည်။ ခိုရာစန်းအတွင်း မြို့ရိုးပေါ်တွင်ရှိနေသော စစ်သည်တော်တိုင်းက ဗုံများကို စတင်ကာ တီးခတ်ကြသည်။

ခလွက်

ခိုရာစန်း၏ မြို့ရိုးများတွင် အတန်းလိုက်တပ်ဆင်ထားသည့် လက်နက်ကြီး ထောင်ပေါင်းများစွာ၏ ထိပ်က သေးငယ်သည့် လှေငယ်လေးများနှင့် အာရပ်မြင်းတပ် အဖွဲ့ဝင်ခုနှစ်သိန်းကို လှမ်းကာချိန်ထားသည်။

အာရပ်များသည် ဒီတိုက်ပွဲအတွက် ကြိုတင်ပြင်ဆင်လာသည်မှာ ရှင်းလင်းသည်။ လှေလှော်ရာတွင် အလွန်ကျွမ်းကျင်သော စစ်သည်တော် တစ်ယောက်ချင်းစီတိုင်းက လှော်ခတ်လျှက် တစ်ဖက်ကမ်းစပ်သို့ လာနေသည်။ ပေနှစ်ရာ၊ ပေတစ်ရာ၊ ပေငါးဆယ်... အာရပ်များက တစ်ဖက်ကမ်းစပ်နှင့် နီးသထက် နီးလာသည်။ နောက်ဆုံးတွင်...

“ပစ်”

ချန်းပင်းက ဓားကိုအောက်သို့ ယမ်းချသည်။ ပထမဦးဆုံးတိုက်ခိုက်လိုက်သည်မှာ ထန်လက်နက်ကြီး ထောင်ကျော်မဟုတ်ဘဲ သံမဏိမြို့ရိုးအတွင်းမှ ဖယ်ရှားလာခဲ့သည့် ပျားပုံးလက်နက်များဖြစ်သည်။

ဘုန်း ဘုန်း ဘုန်း

မြို့ရိုးထံမှ ပေါက်ကွဲသံများက စတင်ထွက်ပေါ်လာသည်။ တခဏခန့်ကြာပြီးနောက် သိပ်သည်းလွန်းသော မျှားမိုးများက တိုင်ဂရစ်မြစ်ကိုကျော်လွန်ကာ လွှမ်းခြုံလာသည့် အနက်ရောင်တိမ်စိုင်များအလား စီးဆင်းလာလေသည်။

စွစ် စွစ် စွစ်

ထိုအခိုက်အတန့်တွင် ဖျက်ဆီးခြင်းပြင်းထန်သော ထိုးနှက်ချက်က အားလုံးကို လွှမ်းမိုးသွားသည်။ မရေမတွက်နိုင်သော အာရပ်မြင်းတပ်အဖွဲ့ဝင်များက မျှားပေါင်းများစွာကို သတိမမူမိကြဘဲ ထိုးဖောက်ခံရကာ တစ်ကြိမ်နှစ်ကြိမ်ခန့် တုန်ယင်ပြီးနောက် လှေပေါ်မှ ပြုတ်ကျကြသည်။

ခွက် ခွက်

ယခုလို လုပ်ကြံသတ်ဖြတ်မှုတွင် အာရပ်မြင်းတပ်အဖွဲ့ဝင် သောင်းပေါင်းများစွာက တိုင်ဂရစ်မြစ်၏ အေးစိမ့်သော ရေအတွင်းသို့ စီးဆင်းသွားကြသည်။ ထိုသို့ဖြင့် ရေကပင် နီရဲသွားသည်။

ထိုနေရာရှိ အာရပ်စစ်သားများက အခြားတစ်နေရာမှ ရွှေ့ပြောင်းလာခဲ့ခြင်းဖြစ်သည်။ သူတို့သည် မဟာထန်နှင့် ယခင်က တိုက်ခိုက်ခဲ့ဖူးခြင်းမရှိချေ။ ထို့ကြောင့် မဟာထန်၏ တိုက်ခိုက်သည့်နည်းလမ်း ပုံများကို မကျွမ်းကျင်သလို ကြိုတင်ပြင်ဆင်ထားခြင်းလည်း မရှိလေရာ အလွန်ဝမ်းနည်းစေလောက်မည့် ဆုံးရှုံးမှုမျိုးကို ခံစားလိုက်ရသည်။

“အသင့်ပြင်”

အစောပိုင်းထိတ်လန့်မှုပြီးနောက် သေးငယ်သော လှေများပေါ်တွင်ရှိသည့် အာရပ်မြင်းတပ်အဖွဲ့ဝင် သောင်းပေါင်းများစွာက သူတို့၏ကိုယ်ပိုင်ဒိုင်းများကိုထုတ်ပြီး ခေါင်းတည့်တည့် ကာထားလိုက်ကြသည်။ ထပ်ပေါင်းဆိုရသော် သူတို့က လှေများပေါ်တွင်ကပ်ကာ လှဲလိုက်ရုံတင် မကသေးလေဘဲ သူတို့၏ မြင်းများကိုပင် ရအောင်ကာထားကြသည်။ ထိုသို့ဖြင့် ထိုဒိုင်းများနှင့် တစ်ကိုယ်လုံးလွှတ်အောင်ကာပြီး မျှားများကို ပိတ်ဆို့ကာဆီးလိုက်လေသည်။

အခန်း(၁၁၇၅)

“ပစ်”

နောက်ထပ် အမိန့်တစ်ခု ထွက်လာပြီးနောက် မျှားသောင်းကျော်က ထွက်လာပြီး တိုင်ဂရစ်မြစ်ပေါ်တွင် ရှိသည့် အာရပ်များကို လွှမ်းမိုးသွားပြန်သည်။

ခွက် ခွက် ခွက်

ဒီတစ်ကြိမ်တွင် ပျားပုံးလက်နက်များ၏ ပစ်မှတ်က အာရပ်များ မဟုတ်တော့ဘဲ မြစ်ကိုဖြတ်ကူးရန် သုံးလာသည့် လှေများဖြစ်သွားသည်။

“သတိထား”

“လှေတွေကိုကာကွယ်”

အာရပ်များကလည်း အလွန်လျှင်မြန်စွာ တုန့်ပြန်လိုက်သည်။ သို့သော် သစ်သားလှေများက အခြားသော စစ်သားများနှင့် ခြားနားသည်။ သူတို့သည် အလွန်သိပ်သည်းစွာ ရှိနေလေရာ ကာကွယ်ရန် မဖြစ်နိုင်ချေ။

ခလွက်

ထိုသို့ဖြင့် အပေါက်များ ပြည့်နှက်သွားသော လှေတစ်စင်းက တိုင်ဂရစ်မြစ်အတွင်းသို့ လျှင်မြန်စွာ မြုပ်သွားသည်။ ထိုသို့ဖြင့် တစ်စီးပြီးတစ်စီး စမြုပ်သည်။ အာရပ်များက ကြိုတင်ပြင်ဆင်မှု အများကြီး လုပ်လာသောကြောင့် စတီးပြားများနှင့် လှေများကို ကာလိုက်နိုင်သည်။ သို့သော် အင်အားကြီးမားသော ပျားပုံးလက်နက်များကို ပြင်ဆင်ရာတွင်မူ အကူအညီ အနည်းငယ်သာရသည်။

“တန်ကြေးဘယ်လောက် ပေးရပေးရ စစ်သားတွေအားလုံး ချီတက်ရမယ်”

ပျားပုံးလက်နက်များ အကြားတွင် ပြင်းထန်လွန်းသော စွမ်းအင်မုန်တိုင်းတစ်ခုက ချဉ်းကပ်လာသည်။ အမှောင်အလင်းတန်း၏ တိုင်တန်သုံးယောက်ကလည်း တိုင်ဂရစ်မြစ်၏ ကမ်းစပ်ပေါ်သို့ ခုန်တက်လာပြီး ဝမ်ချောင်၊ ကောင်းရှန်းကျစ်နှင့် ပါးရန်တို့ကို လှမ်းကြည့်သည်။

စာချင်းဖလှယ်ရာတွင် ဝမ်ချောင်တို့၏ အဖွဲ့က တိုင်တန်သုံးယောက်ကို အလုံးစုံ ဆော့ကစားခဲ့သည်။ ထိုအခြေအနေက ထိုသုံးယောက်ကို ဒေါသထွက်သွားစေပြီး ဝမ်ချောင်ကို ချက်ချင်းသတ်ချင်နေသည်။

အာရေးဗီးယားအင်ပါယာ တစ်ခုလုံးတွင် မည်သူကမှ သူတို့ကို ဒီလိုအရှက်မခွဲရဲခဲ့ချေ။

ခြိမ်း

ချက်ချင်းဆိုသလိုပင် ထန်များ၊ ခိုရာစန်းနီများ၏ ပုန်ကန်သူစစ်သားများ အားလုံး၏ စောင့်ကြည့်နေမှုအောက်တွင် နောက်ထပ် လှေသောင်းပေါင်းများစွာက နောက်တန်းမှ သယ်ထုတ်လာကြပြီး မြစ်ပေါ်သို့ ဆင်းသက်လာကြ၏။ အချိန်တိုအတွင်း တိုင်ဂရစ်မြစ်က သစ်သားလှေများနှင့် ပြည့်နှက်သွားပြန်သည်။

“ချီတက်”

ထိုအမိန့်နှင့်အတူ လှေများအားလုံးက အချင်းချင်း ကာကွယ်လျှက် ခိုရာစန်း၏ မြို့ရိုးများထံ ထက်ရှသော မျှားများကို လှမ်းပစ်ကြသည်။

“ချွေ့ဖြောင်းချီ၊ လီစစ်ယဲ့၊ ပါးနားဟန်၊ ကမ်းခယ်ဘုရင် အဆင့်သင့်ပြင်”

ဝမ်ချောင်က အမိန့်ပေးသည်။ သူက ချီတက်လာသည့် အာရပ်များကိုသာ ကြည့်နေသည်။

“ဟုတ်ကဲ့ ဒီဗိုလ်ချုပ်က သွားလိုက်ပါ့မယ်”

အားလုံးက တညီတညာတည်းဖြေပြီး မြို့ရိုးပေါ်မှ စဆင်းသည်။

ကောင်းရှန်းကျစ်က တစ်ဖက်မှစစ်တပ်ကိုကြည့်ပြီး အမိန့်ထုတ်သည်။

“ချန့်လီ၊ ယွမ်ချင်၊ ရှီယွီ မင်းတို့သုံးယောက်လည်း သွားပါ”

တစ်ချိန်ထဲလိုလို ပါးရန်ကပြောသည်။

“အိုက်ပန်း မင်းလည်းသွား”

“ဒီဗိုလ်ချုပ်က သွားပါပြီ”

ပါးရန်၏ အနောက်ဘက်ရှိ အခြေခံအဆင့် မဟာဗိုလ်ချုပ်ကြီးက ဂါရဝပြုလိုက်ပြီး ခပ်မြန်မြန်ထွက်သွားသည်။

လှေများက နီးသထက် နီးလာသည်နှင့်အမျှ လှေများက ထိုးဖောက်ခံရပြီး လူပေါင်းများစွာက ဆက်တိုက်ဆိုသလို နစ်မြုပ်လာကြသည်။ မြောက်များလှစွာသော အားလှိုင်းများက လူများ၊ မြင်းများကို သယ်ဆောင်လျှက် ရေစီးနှင့်အတူ မျောသွားစေသည်။ အာရပ်များသည် မြောက်များလှစွာသော ဆုံးရှုံးမှုကို ခံရသည်။ လုပ်ကြံသတ်ဖြတ်မှု အလှည့်အနည်းငယ် စတင်ပြီးနောက် မြစ်ဖြတ်ကူးသည့် ကာလတွင်ပင် လူသောင်းပေါင်းများစွာကို ဆုံးရှုံးလိုက်ရသည်။ သို့သော် သောင်းပေါင်းများစွာက ခုနှစ်သိန်းဆိုသော အင်အားစုအတွက် အလွန်အမင်း နည်းပါးနေသေးပြန်သည်။

အဖြူရောင် အလင်းတစ်ချက် ဖြတ်ပြေးပြီးနောက် တိုင်ဂရစ်မြစ်ကို လှေတစ်စင်းက ကျော်ဖြတ်သွားပြီး တစ်ဖက်ကမ်းစပ်သို့ ရောက်လာသည်။

လေးလံသော သံချပ်ကာဝတ် အာရပ်မြင်းသည်တော် တစ်ယောက်က လှေပေါ်မှ ခုန်ချလာပြီး ကမ်းစပ်ပေါ်သို့တက်သည်။ အနောက်တွင် ဒုတိယတစ်ယောက်၊ တတိယတစ်ယောက်... ပို၍များပြားသော လူများက ကမ်းစပ်ပေါ်သို့ ခုန်တက်လာကြပြီး ခိုရာစန်း၏ မြို့ရိုးများထံ ခုန်တက်လာကြသည်။

“အားလုံးကိုသတ်”

“ကြိုးတွေကိုပြင်”

“မြို့ဂိတ်ကိုဖွင့်တဲ့ လက်နက်ကြီးတွေနဲ့ လှေကားကြီးတွေကို ပြင်ကြတော့”

အာရပ်များက သူတို့၏ လေးစားဖွယ်ကောင်းသည့် လျှင်မြန်စွာ လုပ်နိုင်စွမ်းရည်နှင့် အဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်နိုင်မှုကို ဖော်ထုတ်ပြသရင်း အော်ဟစ်သံများက ပြည့်နှက်လာသည်။ သိမ်းပိုက်အုပ်စိုးသော နယ်ပယ်တွင် အာရပ်များကို လူမျိုးစု အနည်းငယ်လောက်သာ ယှဉ်နိုင်လောက်သည်။ အာရပ်များက ပျားပုံးလက်နက်များ၏ လုပ်ကြံသတ်ဖြတ်မှုအောက်တွင် ထိတ်လန့်သွားကြခြင်း မရှိချေ။ သို့သော် သူတို့က တစ်ဖက်ကမ်းစပ်သို့ လက်နက်ကြီး အဖွဲ့ကိုသာ ခပ်မြန်မြန်ပို့လိုက်ကြသည်။

ကျယ်ပြောသော မြို့ရိုးပေါ်မှ ငုံ့ကြည့်လိုက်မည်ဆိုလျှင် လေးလံသော သံချပ်ကာဝတ် အာရပ်များက သတ္ထုတုံးများကို လျှင်မြန်စွာယူလျှက် လှေကားတည်ဆောက်နေကြောင်း မြင်ရမည်ဖြစ်သည်။ ထို့ပြင် အာရပ်မြင်းသမားတစ်ယောက်ဆိုလျှင် ကြီးမားလွန်းလှသော အနက်ရောင် လည်သာအိတ်ကြီးများကို ထုတ်ကာ ကြိုးများကို ဆွဲထုတ်နေသည်။

“မြို့ကိုလုပ်ကြံသတ်ဖြတ်မှု အသစ်တွေ အဆင်သင့်ပြင်”

အာရပ်ဗိုလ်ချုပ်ကြီးတစ်ယောက်က ကျယ်လောင်စွာ လှမ်းအော်သည်။

ရှည်လျားသော ကြိုးကြီးက တောင့်တင်းသန်မာသော စစ်သားများထံ ရောက်ရှိပြီးနောက် သူတို့၏ ကြွက်သားများက ဖောက်ခွဲမှုစွမ်းအားအပြည့်နှင့် တောက်ပလာသည်။ သူတို့သည် သာမာန်စစ်သားများထက် ခေါင်းတစ်လုံးစာမျှ အရပ်မြင့်သည်။

စွစ်

သူတို့၏လက်မောင်းမှ ခွန်အားသီးသန့်ချင်းယှဉ်သော် ထိုအင်အားကြီးမားသည့် စစ်သားကြီးများသည် ကြိုးအဆုံးနားတွင် လည်ပတ်ခုန်ပျံနိုင်စွမ်းရည် ရှိသည်။ သူတို့က လက်မောင်းအားကိုယူပြီး ထူတုတ်ကာ လေးလံလွန်းသော ကြိုးကြီးများအား မြို့ရိုးပေါ်သို့ ပစ်လိုက်ကြသည်။

စွစ် စွစ် စွစ်

သူတို့က မြို့ရိုးနှင့် ပေအနည်းငယ်သာ ဝေးသောအခါ မှင်သက်ဖွယ်ကောင်းသော မြင်ကွင်းက ဖြစ်လာသည်။ ကြိုး၏အဆုံးနားမှတစ်ဆင့် လက်ချောင်းတမျှ တုတ်ခိုင်လွန်းသော ထိုသတ္ထုကြိုးကြီးများက စတင်ကာ ရှည်ထွက်လာသည်။ ထိုသို့ရှည်ထွက်လာသော သတ္ထုကြိုးများကို ချိတ်ကောက်များက ချိတ်ဆက်ပေးထားသည်။

ချွင် ချွင် ချွင်

ထိုသို့ဖြင့် ချိတ်ကောက် ခုနှစ်ခု၊ ရှစ်ခုခန့်က ပေါ်ထွက်လာလေသည်။ ထိုချိတ်ကောက်တိုင်းက မြို့ရိုးအတွင်းသို့ ခိုင်မာစွာ ကုပ်တွယ်ထားသည်။

“သွား”

ထိုကြိုးများက ကုပ်တွယ်ပြီးပြီးချင်း လျှင်မြန်ဖြတ်လတ်သော အာရပ်စစ်သည်တော် တစ်ယောက်က မှင်သက်ဖွယ်ကောင်းသော အရှိန်နှုန်းနှင့် ခိုရာစန်း၏မြို့ရိုးပေါ်သို့ တွယ်တက်သည်။

မြို့ရိုးများ၏ အောက်ဘက်တွင်လည်း စစ်သားအမြောက်အများ စုစည်းနေကြပြီဖြစ်သည်။ တခဏတည်းနှင့် တိုင်ဂရစ်မြစ်၏ အရှေ့ဘက်ကမ်းစပ်တွင် အာရပ်များက သိပ်သည်းနေသည်။ တိုင်ဂရစ်မြစ်၏ လျှင်မြန်စွာ စီးဆင်းနေသည့်တိုင်အောင် ရေတစ်စကိုပင် မမြင်နိုင်လောက်အောင် အာရပ်များ၏ လှေများက ပြည့်နှက်နေလေသည်။

လေထုက အလွန်အမင်း တောင့်တင်းလာသည်။

ဝမ်ချောင်က မြို့ရိုးကြီးပေါ်မှ ငုံ့ကြည့်နေသည်။ သူ၏လက်က ကျောဘက်တွင်ရှိသည်။ မျက်နှာက တည်ငြိမ်နေသည်။ မျက်လုံးကလည်း ခံစားချက်မဲ့သည်။ သူ၏အနောက်ဘက်တွင် လူတိုင်းက ဝမ်ချောင်၏ အမိန့်ကိုသာ စောင့်နေကြသည်။

ဝမ်ချောင်က ဘာစကားမှမဆိုချေ။ အာရပ်များက တိုင်ဂရစ်မြစ်ကို ကျော်ဖြတ်လာသည်နှင့်အမျှ တိတ်ဆိတ်မှုက ကြီးစိုးလာသည်။ ငါးသောင်း၊ တစ်သိန်း၊ တစ်သိန်းခွဲ... အရှေ့ပိုင်းကမ်းစပ်သို့ ရောက်ရှိလာသည့် အရေအတွက်က နှစ်သိန်းထိ ရောက်ရှိသွားပြီးမှသာ ဝမ်ချောင်၏ မျက်ဝန်းက လင်းလက်သွားပြီး လက်ကိုပြန်ချလိုက်သည်။

“တိုက်ခိုက်တော့”

ဝမ်ချောင်၏ အမိန့်နှင့်အတူ မြို့ပေါ်ရှိ ပျားပုံးလက်နက်များက တညီတညာတည်း ပစ်ခတ်ကြပြီး ကောင်းကင်ကို မျှားများက လွှမ်းခြုံသွားသည်။ တစ်ချိန်ထဲတွင်ပင် ပစ်ခတ်ရသေးခြင်း မရှိသည့် ထန်လက်နက်ကြီး ခုနှစ်ထောင်ကလည်း ပစ်မှတ်ကို ခပ်မြန်မြန် ပြောင်းလိုက်ကြသည်။ သူတို့သည် မြစ်ပေါ်ရှိ အာရပ်စစ်သားများကို ပစ်ခတ်ရမည့်အစား အောက်ဘက်ရှိ မြို့ရိုးပေါ်သို့ ကုန်းတက်နေသော မရေမတွက်နိုင်သည့် အာရပ်စစ်သားပေါင်း များစွာကို ဦးတည်ချိန်ရွယ်လိုက်သည်။

ဝုန်း

အမြန်ဆုံးတက်လာနိုင်သည့် အာရပ်စစ်သည်တော် တစ်ယောက်က ရုတ်တရက် သူ့ကို ချိန်ရွယ်ထားသည့် တောက်ပလွန်းသော လက်နက်ကြီးကို မြင်လိုက်ရသည်။ ထို့ပြင် အနောက်ဘက်တွင်လည်း နောက်ထပ် လက်နက်ကြီးများက ရှိနေသေးသည်။ သူ၏မျက်လုံးက ပြူးကျယ်သွားပြီး မျက်ခွံကလှုပ်လာသည်။ သူသည် အလွန်ပြင်းထန်လွန်းသည့် ကပ်ဘေးကြီးတစ်ခုကို အာရုံခံမိလိုက်သည်။

“မကောင်းတော့ဘူး ပြေးတော့”

ထိုအာရပ်စစ်သားက ကြောက်လန့်မှုအပြည့်နှင့် တောင့်တင်းသွားသည်။ သူဟာ ဆက်မတွေးနိုင်တော့လေဘဲ လက်ကိုလွှတ်ပြီး ခုန်ချရန်ကြံစည်သည်။ သို့သော် ထိုသို့မလုပ်နိုင်သေးခင် လေထုအတွင်း ပေါက်ကွဲသံက ထွက်ပေါ်လာသည်။ ကြီးမားသော ကျည်ဆံကြီးတစ်ခုက ပင်လယ်ထဲမှ ခုန်ထွက်လာသော နဂါးကြီးတစ်ကောင်အလား သူ၏ပုခုံးမှ စတင်ကာ ဖောက်ထွက်လျှက် ပြင်းထန်လွန်းသော အားနှင့်အတူ အောက်သို့ သယ်ဆောင်သွားသည်။

ဇွက် ဇွက် ဇွက်

လက်နက်ကြီးက နေရာအနှံ့ ရောက်ရှိလာသလို အာရပ်စစ်သည်တော်ပေါင်း များစွာကလည်း ဓားခုတ်ကောင်များအလား လွင့်စင်ကုန်သည်။ လက်နက်ကြီးများ၏ အသားကို ထိုးဖောက်သံ၊ အရိုးကို ထိုးခွဲသံများက လေထဲတွင်ပဲ့တင်ထပ်သွားသည်။

ခွက် ခွက် ခွက်

တခဏခန့်သာကြာသည့် အချိန်ကာလ အတောအတွင်း အာရပ်စစ်သည် အယောက်နှစ်ဆယ်ကျော်က လက်နက်ကြီး တစ်လက်တည်း၏ ထိုးဖောက်မှုနှင့်အတူ အောက်သို့ထိုးကျသွားသည်။ ထို့နောက် ပို၍များပြားသော ပမာဏက ရောက်ရှိလာနေသေးပြီး မိုးစက်များအလား ရွာသွန်းလာလေသည်။ တုတ်ခိုင်လွန်းသော ကြိုးများကပင် ခပ်ကြမ်းကြမ်း တုန်ခါသွားပြီး အာရပ်စစ်သည် ထောင်ပေါင်းများစွာ၏ စူးရှသောအော်သံက ထွက်ပေါ်လာသည်။

အားလုံးက အောက်သို့ပြုတ်ကျကြသည်။

စုဟန်ရှန်း၏ လက်နက်ကြီးစစ်တပ်က တိုက်ပွဲနယ်မြေသို့ ဖောက်ခွဲမှု ပြင်းထန်သော အရှိန်နှုန်းနှင့်အတူ ဝင်ရောက်လာကာ တစ်သုတ်တည်းနှင့် အာရပ်စစ်သည် တစ်သောင်းခွဲမှ တစ်သောင်းခြောက်ထောင်အထိ သတ်လိုက်နိုင်သည်။ တာလာ့၏ တိုက်ပွဲပြီးချိန်ကတည်းက ထိုလက်နက်ကြီးများ၏ ကျည်ဆံများအားလုံးကို အသုံးပြု၍ကုန်သွားသည်။ ထို့ကြောင့် စုဟန်ရှန်းကလည်း ကျည်ဆံများကို အသုံးပြုရာတွင် တင်းတင်းကြပ်ကြပ် ထိန်းချုပ်လာသည်။

ကျည်ဆံနောက်ထပ်တစ်သုတ် ထပ်မရောက်ခင်အထိ ကျန်းရှို့ကျစ်က ပြင်ဆင်ပေးထားသော ကျည်ဆံသောင်းကျော်ကိုသာ အသုံးပြုရပေလိမ့်မည်။

မဟာထန်အတွက် ကျည်ဆံကြီးများနှင့် ပျားပုံးလက်နက်များက အစပိုင်းတွင်သာ အသုံးပြုဖြစ်ပေလိမ့်မည်။

ခြိမ်း

အာရပ်များက အံ့အားတကြီး ကြည့်နေကြသည့် အခိုက်အတန့်တွင် ကြီးမားကာ ခိုင်မာလွန်းသည့် ခိုရာစန်း၏ ဂိတ်တံခါးက ဘန်းကနဲမြည်သံနှင့်အတူ ပွင့်သွားသည်။ အာရပ်များကလည်း ထိုအခြေအနေက အခက်ခဲဆုံး အပိုင်းတွင်သာ ပေါ်ထွက်လာမည်ဟု မျှော်လင့်ကြသည်။ သို့သော်ယခုမူ အလွယ်တကူ ပွင့်သွားသည်။ ထို့နောက် ပို၍အံ့အားသင့်စရာကောင်းသော ကိစ္စက ဖြစ်လာသည်။

“သတ်”

ကျယ်လောင်သော အော်ဟစ်သံက ကောင်းကင်ကိုပင် လှုပ်ခါနိုင်လောက်သည်။ ထန်သောင်းကျော်၊ ခိုရာစန်းနီနှင့် ပုန်ကန်သူစစ်သားများ အားလုံးက ဂိတ်ထဲမှ ချီတက်လာကြပြီး ဒေါသတကြီးဖြစ်ကာ သတ်ဖြတ်လိုစိတ် ပြင်းထန်သော မျက်လုံးမျိုးနှင့်အတူ ချီတက်လာကြသည်။

“သတိထား ဝင်္ကပါကိုယူ”

အရှေ့ပိုင်းကမ်းစပ်မှ အာရပ်စစ်သည်တော်များက အထိတ်တလန့် ဖြစ်သွားကြသည်။ အင်အားချင်းယှဉ်သော် အာရပ်များက အင်အားအပြတ်အသတ်သာသည်။ ခြောက်သိန်းမှ ခုနှစ်သိန်းခန့်ရှိမည့် အင်အားက မြို့ထဲမှအင်အားစုကို အသာအယာ အလဲထိုးရန် လုံလောက်နေပြီးသားဖြစ်သည်။ သို့သော် အရေအတွက် အပြတ်အသတ်နည်းနေသော မဟာထန်က ထိုသို့ဖြင့် ခပ်ကြမ်းကြမ်း တိုက်ခိုက်ရဲမည်ဟု မထင်ထားကြချေ။

“သေစမ်း”

အခြားတစ်ဖက်ကမ်းမှ အမှောင်အလင်းတန်း တိုင်တန်သုံးယောက်၏ မျက်နှာက တင်းမာသွားသည်။

“ငါ့ရဲ့အမိန့်ကိုထုတ် စစ်သားတိုင်း မြစ်ကိုအမြန်ဆုံးဖြတ်ကြစမ်း။ ငါတို့တွေ သူတို့ကို အခွင့်အရေး တစ်ခုမှ ပေးလို့မရဘူး”

“ဟုတ်ကဲ့”

သတင်းပို့ဆယ်ယောက်က ဗိုလ်ချုပ်တိုင်းအား အမိန့်သစ်လိုက်ပေးသည်။ သို့သော် နောက်ကျသွားပြန်သည်။ တိုင်ဂရစ်မြစ်၏ တရကြမ်းစီးဆင်းမှုက အာရပ်စစ်တပ်ကို ချိန်းကြိုးများနှင့် ထိန်းချုပ်ထားသလို ဖြစ်သွားသည်။

အာရပ်တွေ စစ်သည် သိန်းပေါင်းများစွာရှိသည်။ သို့သော် အနောက်ဘက်ကမ်းစပ်တွင် ရှိနေသော စစ်သည်တော်များနှင့် လေပေါ်တွင်ရှိနေသော စစ်သည်တော်များကို တိုက်ပွဲအတွက် အသုံးပြု၍ မရနိုင်ချေ။ ထို့ကြောင့် မဟာထန်ဘက်သို့ ရောက်နေပြီးသား စစ်သည်နှစ်သိန်းကိုသာ အသုံးပြုရပေလိမ့်မည်။ အရေအတွက်ချင်းယှဉ်သော် အရှေ့ပိုင်းကမ်းစပ်တွင် ရှိနေသည့် အာရပ်စစ်သည်တော်များက မည်သည့်နည်းနှင့်မျှ အကျိုးအမြတ် မရနိုင်ချေ။

အလယ်ကနေ ဖြတ်ပြီးတိုက်ခိုက်တာပဲ။

ဝမ်ချောင်က ခိုရာစန်း၏ မြို့ရိုးပေါ်မှ ငုံ့ကြည့်လိုက်သည့် အခိုက်အတန့်တွင် သူ၏အနားဝန်းကျင်ရှိ လေများက ဟိန်းဟောက်သံမျိုးနှင့်အတူ တိုက်ခတ်လာသည်။ သူ၏နှုတ်ခမ်းတွင် အပြုံးအလင်းတန်းက ပေါ်ထွက်လာသည်။

All Chapters