အခန်း (၁၁၈၁-၁၁၈၅)
Vol. 69 Ch. 1181-1185
အခန်း(၁၁၈၁)
ဒေါသ
လက်သင့်မခံလိုစိတ်
ရုန်းကန်လိုစိတ်
အရာအားလုံးဟာ လက်တစ်ကမ်းတွင် ရှိနေသည်။ အောင်မြင်ရန် လက်တစ်ကမ်းသာလိုသည်။ သို့တိုင်အောင် ယခုလို နောက်ဆုတ်ရမည့် အနေအထားမျိုးကို ကြုံတွေ့နေရသည်။
“နောက်ဆုတ်”
နှင်းမုန်တိုင်းက ပြင်းထန်လွန်းလာပြီး အပူချိန်က ဆက်လက်ပြီး ထိုးကျနေသည်။ ထိုသို့ဖြင့် ဖားတိ၏ ရုန်းကန်နေသောမျက်နှာတွင် နောက်ဆုတ်ဆိုသော အမိန့်သံက ထွက်လာသည်။
ခြိမ်း
အမှောင်အလင်းတန်း၏ တိုင်တန်သုံးယောက်ထံမှ အမိန့်ရလာသည့်အခါ စစ်တပ်ကြီးတစ်ခုလုံးက အနောက်ဘက်ခြမ်းသို့ စတင်ကာ ဆုတ်ခွာလေသည်။
...
သူတို့စပြီးဆုတ်နေပြီ။
ဝမ်ချောင်က နှင်းမုန်တိုင်းအကြားတွင်ရပ်လျှက် မျက်လုံးပိတ်နေပြီး ဖြစ်ပျက်သမျှ အရာအားလုံးကို အာရုံခံကြည့်နေသည်။ သူသည် အာရပ်များက ဆူညံသံများဆက်လုပ်လာသောကြောင့် ထွက်လာသည့် အသံများကို ဟိန်းဟောက်နေသော လေပြင်းထဲမှတစ်ဆင့် ထင်ထင်ရှားရှား ကြားလိုက်ရသေးသည်။ တခဏခန့်ကြာအောင် ရုန်းကန်နေပြီးနောက် အာရပ်များက သူတို့၏ ကြီးမားလွန်းသော ရည်မှန်းချက်ကိုချကာ အေးစက်လွန်းသော ဆောင်းတွင်းကိုအညံ့ခံပြီး နောက်ဆုတ်လိုက်ရသည်။
သဘာဝ၏ အရှိန်အဝါရှေ့တွင် လူသားတွေရဲ့ ခွန်အားက အားနည်းလွန်းပြီး သိသာထင်ရှားခြင်းမရှိချေ။
မြင်းများဟီသံများက အနောက်ဘက်ခြမ်းသို့ဝင်ရောက်ကာ ဖျော့တော့သွားသည်။ ဝမ်ချောင်က တိတ်တဆိတ် တွက်ချက်နေသည်။ သို့တိုင်အောင် သူဟာ တိုက်ခိုက်ရန် အမိန့်မထုတ်သေးချေ။
အပူချိန်က ဆက်တိုက်ထိုးကျနေသည်။ အမှောင်ထုအတွင်းသို့ ဆုတ်ခွာပြီး နှင်းမုန်တိုင်းကို ကျော်ဖြတ်ရခြင်းက အာရပ်များမျှော်လင့်ထားသည်ထက် အများကြီးပို၍ခက်ခဲသည်။
“စတော့မယ်”
နှင်းမုန်တိုင်းက အကြမ်းတမ်းဆုံးဖြစ်ပြီး အပူချိန်က အနိမ့်ဆုံး ရောက်ရှိသွားသောအခါ ဝမ်ချောင်သည် နောက်ဆုံးတွင် ခေါင်းကိုမော့လိုက်ပြီး နှင်းများပြည့်နှက်နေသော ကောင်းကင်ကိုကြည့်သည်။
“ငါတို့ထွက်ခွာလို့ရပြီ”
ဝမ်ချောင်၏ အမိန့်နှင့်အတူ လက်ရွေးစင်စစ်သည်တော် တစ်ဖွဲ့က နှင်းမုန်တိုင်းကိုကျော်ဖြတ်ပြီး ခိုရာစန်း၏ အနောက်ဘက်ဂိတ်မှ ထွက်ခွာသွားသည်။
ဗွက်
ပူပြင်းလွန်းသောရေများကို သိပ်သည်းစွာ တည်ရှိနေသည့် နှင်းတုံးများအတွင်းသို့ လောင်းထည့်လိုက်သည့်အခါ နှင်းများက အရည်ပျော်ကျသွားသည်။ ထိုသို့ဖြင့် ခိုရာစန်း၏ ခဲနေသောဂိတ်က တဖန်ပြန်လည်ပွင့်ထွက်သွားပြီး ကျယ်လောင်လွန်းသော အသံကြီးက ထွက်ပေါ်လာသည်။
ဟီ...
စစ်သားများအားလုံးက ချက်ချင်းလိုလို မြင်းစီးထွက်သည်။ မြင်းများက ဟီကြသည်။ ဝမ်ချောင်ကိုယ်တိုင်ကလည်း ထက်ရှသော မျှားတစ်စင်းအလား ခိုရာစန်းထဲမှ ခုန်ထွက်လာသည်။
ဝုန်း
သူက ခိုရာစန်း၏ အပြင်ဘက်လောကထဲသို့ ဝင်ရောက်လိုက်သည့် အခိုက်တွင် လောကသစ် တစ်ခုအတွင်းသို့ ဝင်ရောက်လိုက်သလို ခံစားလိုက်ရသည်။ ဝမ်ချောင်ကိုယ်တိုင်လည်း စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီးသည့်တိုင်အောင် အံ့အားသင့်မှုအပြည့်နှင့် တုန်ယင်သွားရသည်။
ခိုရာစန်းသည် အလွန်အမင်း အေးနေပြီးသားဖြစ်သည်။ သို့သော် ဝမ်ချောင်ကိုယ်တိုင်က ဂိတ်တံခါးကို ဖွင့်ပြီးမှသာ အမှန်တကယ် အေးခဲနေသောလောကဟာ မည်သည့်အရာဖြစ်ကြောင်း နားလည်လိုက်သည်။
တိုင်ဂရစ်မြစ်ကြီး၏ လက်တ္တံများက ပျောက်ကွယ်သွားသည်မှာ ကြာပြီဖြစ်သည်။ တလဟော စီးဆင်းနေသော ရေများက ရေခဲတုံးကြီးအဖြစ် ပြောင်းလဲသွားသည်။ ထိုသို့သော အခြေအနေမျိုးတွင် မြေပြင်တွင် ပုံနေသည့် ပေပေါင်းများစွာသော နှင်းများက လောကတစ်ခုလုံးကို ဖြူဖွေးကာ အေးခဲသွားစေသည်။ ခဲနေသော တိုင်ဂရစ်မြစ်၏ အခြားတစ်ဖက်ခြမ်းတွင် အာရပ်စခန်းအတွင်းမှ မြောက်များလှစွာသော ပုံရိပ်ပေါင်းများစွာကို မြင်နေရသည်။ သူတို့သည်လည်း ရေခဲရုပ်ထုအဖြစ်ပြောင်းကာ ခဲနေ၏။
“ရန်သူ”
ရုတ်တရက် အာရပ်စခန်းအတွင်းမှ အလန့်တကြားအော်သံက တိတ်ဆိတ်မှုကို ဖြိုခွင်းသည်။ ဝမ်ချောင်၏ မျက်လုံးက မှေးကျဉ်းသွားပြီး သူဟာ ဟန်အမူအရာကို ခပ်မြန်မြန်ပြန်ထိန်းလိုက်ကာ မျက်လုံးက စူးရှသွားသည်။ အချိန်အတန်ကြာအောင် စောင့်ဆိုင်းနေပြီးနောက် နောက်ဆုံးတွင် မဟာထန်က တိုက်ခိုက်မည့် အခိုက်အတန့်ကို ရောက်ရှိလာလေပြီ။
ချွင်
ဓား၏ချွင်ကနဲဆိုသော အသံက ဟိန်းဟောက်နေသော လေပြင်းကြားတွင်ပင် သိသာထင်ရှားနေသေးသည်။ ခွာဖြူအရိပ်မြင်းပေါ်တွင် စီးနင်းထားသော ဝမ်ချောင်က ပါးရန်၏ ရွှေရောင်ဓားကြီးကိုကိုင်ပြီး အမိန့်ကိုပေးလိုက်သည်။
“တိုက်ခိုက်”
ခြိမ်း
ခွာများက နှင်းမုန်တိုင်းကို ကျော်ဖြတ်သောအခါ ရေခဲနှင့်နှင်းများကို အရပ်မျက်နှာအနှံ့ လွင့်စင်စေသည်။ ဝမ်ချောင်၏ကိုယ်မှထွက်လာသော ကြယ်တာရာစွမ်းအင်များက နှင်းမုန်တိုင်းများကို ဖယ်ရှားထားသည်။ သူသည် ခန္ဓာကိုယ်ကို မြင်းနှင့်ကပ်လျှက် အခြားတစ်ဖက်ကမ်းစပ်သို့ စတင်ကာ ချီတက်သည်။
သူ၏အနောက်ဘက်မှ မြေသားက တဆတ်ဆတ် တုန်ခါသွားပြီးနောက် နှစ်သောင်းနီးပါးခန့်ရှိမည့် လက်ရွေးစင်၊ ထန်၊ ခိုရာစန်းနီနှင့် ပုန်ကန်သူ စစ်သည်တော်များ အားလုံးက မုန်တိုင်းကြီးတစ်ခုအလား ချီတက်လာလျှက် မရပ်တန့်နိုင်သော ရေလှိုင်းလုံးကြီးအသွင် ပြောင်းသွားသည်။
“ရန်သူ”
ထန်များဟာ နှင်းမုန်တိုင်းအလယ်တွင်ပင် တိုက်ခိုက်လာမည်ဟု မည်သူကမှ မမျှော်လင့်ထားကြချေ။ အာရပ်စခန်းက ဝရုန်းသုန်းကားဖြစ်သွားသည်။ သို့သော် စစ်သားအများစုကမူ ထိုစစ်တပ်ကိုတားရန် ထွက်လာကြသည်။ သို့သော် နောက်ကျသွားပြန်၏။
ဘန်း
ဝမ်ချောင်က ခဲနေသော တိုင်ဂရစ်မြစ်၏ ပေရာပေါင်းများစွာကို လျှင်မြန်စွာ ကျော်ဖြတ်လာပြီး အာရပ်စခန်းထဲသို့ ခုန်ဝင်လာသည်။
“သတ်”
တစ်ချိန်ထဲလိုလို အာရပ်များက စတင်ကာ တုန့်ပြန်ကြပြီး ထောင်ပေါင်းများစွာသော လူများက ခပ်မြန်မြန် စုစည်းလျှက် ဝမ်ချောင်ထံ ချီတက်လာသည်။ ထိုကဲ့သို့သော အခိုက်အတန့်တွင် ဝမ်ချောင်၏ နှစ်သောင်းခန့်သာရှိသည့် စစ်တပ်ကလည်း ပြင်းထန်လွန်းသော အရှိန်အဝါကို သယ်ဆောင်လျှက် ရောက်ရှိလာပြီဖြစ်သည်။
ဘုန်း
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ သံမဏိမုန်တိုင်းကြီးတစ်ခုက ထိပ်တိုက်ဆုံကြသည်။ တခဏခန့်ကြာပြီးနောက် မရေမတွက်နိုင်သော အာရပ်မြင်းတပ် အဖွဲ့ဝင်ပေါင်းများစွာက အရှိန်အဝါပြင်းထန်သည့် အားလှိုင်းလုံးကြီးတစ်လုံးက သူတို့ကို ရိုက်ခတ်လိုက်သလိုမျိုး ငယ်သံပါအောင် အော်ဟစ်လျှက် ကောင်းကင်သို့ မြောက်တက်သွားကြသည်။ ဒါဟာ ကြမ်းတမ်းသောတိုက်ပွဲ မဟုတ်ချေ။ တစ်ဖက်သတ် သတ်ဖြတ်ခြင်းဖြစ်သည်။
ဘန်း ဘန်း ဘန်း
လက်ရွေးစင် မဟာမိတ်စစ်တပ်ကြီးက အာရပ်မြင်းတပ်အဖွဲ့ဝင်များကို ခပ်မြန်မြန် ဖိနင်းလိုက်နိုင်သည်။
ထိုစစ်သည် ထောင်ကျော်သည် မဟာမိတ်အင်အားစုကို အရှိန်နှုန်းနှေးအောင်ပင် အောင်မြင်စွာ လုပ်နိုင်ခဲ့ခြင်းမရှိချေ။
ခြိမ်း
စစ်တပ်က မည်သည့်နေရာတွင် ဖြတ်သန်းသွားစေကာမူ အာရပ်မြင်းတပ်အဖွဲ့ဝင် ထောင်ပေါင်းများစွာက ပြိုလဲကျရသည်။
“မြန်မြန် ထန်တွေလာနေပြီ”
“မြန်မြန်လေးသွားပြီး တားကြစမ်း”
နှင်းမုန်တိုင်းအကြားတွင် စိတ်ပျက်အားငယ်စွာ အော်ဟစ်သံများကို ထင်ထင်ရှားရှား ကြားနေရသည်။ တိုင်ဂရစ်မြစ်ထံ လူပေါင်းများစွာ အပြေးလာနေကြသေး၏။ သို့သော် လူအများစုကမူ မည်သည့်နေရာဟာ မည်သည့်ဘက်ဖြစ်ကြောင်းပင် မပြောနိုင်ကြတော့ချေ။
ဘန်း
နှင်းများဖုံးလွှမ်းနေသော အာရပ်စစ်သည်တော် တစ်ယောက်က မြင်းပေါ်သို့တက်ရန် ပြင်ကာစသာရှိသေးသည်။ ရုတ်တရက် နှင်းမုန်တိုင်းအကြားမှ ဓားတစ်လက်ကထွက်လာပြီး ခေါင်းကိုဖြတ်လိုက်သည်။
သူကသေသွားသည့် အခိုက်အတန့်တွင် သူ၏မျက်လုံးက လုံးဝိုင်းနေပြီး မယုံကြည်နိုင်မှုအပြည့်နှင့် ယခုလို သေသွားရခြင်းကို လက်မခံနိုင်ဘဲရှိနေသည်။
သူ၏ပတ်ပတ်လည်တွင် မရေမတွက်နိုင်သော အာရပ်မြင်းတပ် အဖွဲ့ဝင်ပေါင်းများစွာက အစီအစဉ်တကျ သေဆုံးနေသည်။ အများစုကမူ ခေါင်းဖြတ်ခံရခြင်းမတိုင်ခင် ကာလအထိ ရန်သူက မည်သို့မည်ပုံ ရောက်လာကြောင်း မည်သည့်ဦးတည်ရာဘက်မှ ထွက်လာကြောင်း မသိကြသေးချေ။
“ဒီအာရပ်တွေက တော်တော်လေးကို အားနည်းတာပဲ”
ဝမ်ချောင်က လေပြင်း၏ဟိန်းသံ၊ အဆုံးအစမဲ့သော နှင်းများ၏ကျသံကို ကြားနေမြင်နေရသည်။ သို့သော် မည်သည့်အရာကမှ သူ၏အနားသို့ မရောက်နိုင်ချေ။ သူ၏ခန္ဓာကိုယ်ပတ်ဝန်းကျင်တွင် လွှတ်ထုတ်ထားသော ကြယ်တာရာစွမ်းအင်က အရာအားလုံးကို ဖယ်ရှားပစ်နေသည်။ ဒီတိုက်ပွဲတွင် အာရပ်များသည် ခုခံနိုင်စွမ်းရည် မရှိခဲ့ချေ။ ဝမ်ချောင်သည်လည်း အာရပ်များဟာ အလွန်အမင်း အားနည်းနေကြောင်း ရှင်းရှင်းလင်းလင်း အာရုံခံမိနေသည်။ သူတို့သည် မူရင်းခွန်အား၏ သုံးဆယ်ရာခိုင်နှုန်းမှ လေးဆယ်ရာခိုင်နှုန်းလောက်ကိုပင် မစစ်ထုတ်နိုင်ခဲ့ချေ။
ယခုလိုခွန်အားမျိုးနှင့် ထိုလူများသည် ကောင်းမွန်စွာပြင်ဆင်လာသော ထန်အင်အားစုကို မတိုက်ခိုက်နိုင်ချေ။
ဒီလိုကြမ်းတမ်းသော ဆောင်းတွင်းတွင် ရှင်သန်နိုင်ရန်အလို့ငှာ ပြင်းထန်လွန်းသော စွမ်းအင်များကို အသုံးပြုရန် လိုအပ်လာသည်။ ထိုအတွက်ကြောင့်လည်း ဝမ်ချောင်က မတိုက်ခိုက်ခင် တစ်နာရီခန့် စောင့်ဆိုင်းခဲ့ခြင်းဖြစ်သည်။
“သတ်”
သူကတွေးတောနေသည့် အချိန်တွင် နှင်းမုန်တိုင်းအတွင်းမှ အာရပ်စစ်သည် ဆယ်ယောက်ကျော်ခန့်က ချီတက်လာပြီး ကျယ်လောင်စွာအော်ဟစ်လျှက် ဝမ်ချောင်ကို တိုက်ခိုက်သည်။ သို့သော် ဝမ်ချောင်ကမူ ခေါင်းကိုသာလှည့်လျှက် တစ်ချက်ကြည့်လိုက်သည်။ ထိုအခါ အာရပ်မြင်းသမားများက ဝမ်ချောင်နှင့် ခြေဆယ်လှမ်းအကွာသို့ မရောက်သေးခင် မြင်းပေါ်မှ ပြုတ်ကျသွားကြသည်။ သူတို့၏သွေးနှင့် စွမ်းအင်များက ခန္ဓာကိုယ်အတွင်းမှ အလိုလိုထွက်လျှက် သွေးမြူတိုင်အဖြစ် ပြောင်းလဲကာ ကြမ်းတမ်းသော လေပြင်းကိုပင် ထိုးခွဲလျှက် ဝမ်ချောင်၏ကိုယ်အတွင်းသို့ ဝင်ရောက်သွားသည်။
“စစ်သားတွေ ငါ့ရဲ့အမိန့်ကို နာခံကြစမ်း အရှိန်နှုန်းမြှင့်ပြီး ချီတက်တော့”
ဝမ်ချောင်က အသိပြန်ဝင်သွားသည်။ သတ္ထုချင်းထိခတ်သံက ထွက်ပေါ်လာလျှက် သူဟာ တိုက်ပွဲနယ်မြေ၏အဆိပ် ဗိုလ်ချုပ်များ၏အဆိပ်နှင့် ဖုန်မှုန့်ချီစက်ကွင်းတို့ကို ထုတ်သုံးလိုက်ကြသည်။ ထိုစက်ကွင်းများက တိုင်ဂရစ်မြစ်အနောက်ဘက် ကမ်းစပ်ကြီးတစ်ခုလုံးကို လွှမ်းခြုံသွားပြီး လေထဲတွင် ငယ်သံပါအောင် အော်ဟစ်သံများက ထွက်ပေါ်လာသည်။ အသံက ယခင်ကထက် အခြေအနေ ပိုဆိုးသည်။
နှင်းမုန်တိုင်း၏ အလွန်အမင်း အေးစိမ့်မှုက အလွန်အမင်း ဆိုးရွားသော အနေအထားသို့ ရောက်ရှိနေစေခဲ့ပြီးသားဖြစ်သည်။ ဝမ်ချောင်၏ ချီစက်ကွင်းများက ကပ်ဘေးပေါ် ကပ်ဘေးဆင့်လာခြင်းဖြစ်သည်။ ထို့ကြောင့် အာရပ်များဟာ အလုံးစုံ စိတ်ပျက်အားငယ်သွားရသည်။
ဘန်း ဘန်း ဘန်း
အာရပ်များက ပေါင်းပင်များအလား ဆက်တိုက် ခုတ်ဖြတ်ခံနေရသည်။ သူတို့၏ သွေးများက နှင်းများအကြားသို့ ကျဆင်းသွားပြီးနောက် ခပ်မြန်မြန် ခဲသွားကြသည်။
ဝမ်ချောင်က နှင်းမုန်တိုင်းအတွင်းသို့ လျှင်မြန်စွာစီးနင်းသွားသည်။
သူက နှင်းမုန်တိုင်းကို ကျော်ဖြတ်စီးနင်းနေသည့်အခိုက် ခဲနေသော အဖြူရောင် ရွက်ဖျင်တဲထဲမှ တစ်ခုက မြေပြင်မှ ခပ်မြန်မြန်ထလာကြောင်း မြင်လိုက်ရသည်။ အနားသို့ မြင်းစီးသွားပြီး ကြည့်လိုက်သောအခါ လဲကျနေသော အာရပ်စစ်သည်တော်တစ်ယောက်ဖြစ်ကြောင်း မြင်ရ၏။ တစ်ဖက်သူ၏ ညာလက်က မြေပြင်ကိုဖိထားပြီး မျက်နှာက ကြောက်လန့်မှုနှင့် ပြည့်နှက်နေသည်။
တစ်ဖက်သူ၏ ပါးစပ်ကမူ ဟနေပြီး ခန္ဓာကိုယ်က နှင်းများဖုံးလွှမ်းနေသည်။ ဝမ်ချောင်ကလည်း တစ်ဖက်သူ၏ ခန္ဓာကိုယ်ထဲတွင် အတက်စွမ်းအင်မရှိတော့ကြောင်း သိနေသည်။ သူ၏ ခြေထောက်တွင် ရှိနေသော ပတ်တီးများအရ သူ၏အခြေအနေကို ဖော်ပြနေသည်။
ဒဏ်ရာရစစ်သား
မနေ့ကစစ်ပွဲတွင် အာရပ်ပေါင်းများစွာက ထွက်ပြေးသွားခဲ့သော်လည်း လူအများစုက ဒဏ်ရာရသွားခဲ့ကြသည်။ ထို့ကြောင့် ယခုလိုနှင်းမုန်တိုင်းတွင် ထိုလူများက ပထမဦးဆုံး ဒုက္ခရောက်ကြသည်။ ရာသီဥတုက အလွန်အမင်းအေးသည်။ သူတို့၏ခန္ဓာကိုယ်က အားနည်းနေလေရာ ပြင်းထန်သည့် ဒဏ်ရာများက သူတို့၏အသက်ကို ဆွဲနှုတ်သွားနိုင်သည်။
သတ္ထုချင်းထိခတ်သံများက ထွက်ပေါ်နေပြီး အော်ဟစ်သံ၊ စစ်မြင်းများ၏နှာမှုတ်သံ၊ ခွာများ၏ ချီတက်သံများက သူ၏အနီးအနားဝန်းကျင်တွင် ပဲ့တင်ထပ်ပြီး ကြီးမားသော တုန်ခါသံမျိုးကို လွှတ်ထုတ်နေသော်လည်း ဝမ်ချောင်ကိုယ်တိုင်ကမူ အာရပ်စခန်းအတွင်းရှိ ရေခဲရုပ်ထုများကိုသာ အာရုံစိုက်နေမိသည်။ တစ်၊ နှစ်၊ သုံး... ဝမ်ချောင်၏မြင်ကွင်းအတွင်းတွင် ခဲနေသော ရေခဲရုပ်ထုပေါင်း များစွာပေါ်လာသည်။ သူမျှော်လင့်ထားသည်ထက် များပြားလွန်းနေသည်။
အာရပ်များက နောက်ဆုတ်သွားသည်။ ထို့ကြောင့် နောက်ဆုတ်ရန် နောက်ကျလွန်းသော စစ်သည်တော်များကသာ ကျန်ရစ်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ဒီနေရာက ဒဏ်ရာရသူများ၏ ဂူသင်္ချိုင်းအလား ဖြစ်လာသည်။
ဘယ်လောက်တောင် ကြောက်ဖို့ကောင်းတဲ့ ဆောင်းတွင်းလဲ။ ငါမှတ်မိတာထက်တောင် ပိုအေးနေသေးတယ်။
ဝမ်ချောင်က တိတ်တဆိတ် ရေရွတ်လိုက်သည်။ သူ၏စိတ်က မုန်တိုင်းထန်သွားသည်။ သူက ဝင်ရောက်စွက်ဖက်လိုက်ခြင်းက သမိုင်းတွင် အပြောင်းအလဲကြီးတစ်ခု ဖြစ်သွားစေခဲ့သည်။ သို့သော် သူမှတ်မိနေသော ခက်ခဲကြမ်းတမ်းလွန်းသည့် ဆောင်းတွင်းကြီးက ပျောက်သွားရမည့်အစား ပို၍သာ ကြောက်မက်ဖွယ်ကောင်းသော ပုံစံမျိုးနှင့်ပေါ်လာသည်။
ဒါဟာ ရှောင်ရွှယ်ခေတ် အကြိုကာလသာဖြစ်သေးသည်။ သို့တိုင်အောင် အလွန်ခြောက်ခြားဖွယ် ကောင်းနေပြီဖြစ်သည်။ ဝမ်ချောင်ကိုယ်တိုင်ကပင် ထိုရှောင်ရွှယ်ခေတ်ကြီး အမှန်တကယ် ဆင်းသက်လာသောအခါ မည်မျှအထိ အေးစက်မည်ဖြစ်ကြောင်း မတွေးရဲချေ။
“အရှင်အမတ်”
ဝမ်ချောင်၏နားအတွင်း ကျယ်လောင်သည့်အော်သံက ထွက်လာသည်။ ဝမ်ချောင်က ခေါင်းလှည့်ကာ ကြည့်လိုက်သောအခါ ဖျော့တော့သော အလင်းတန်းနှစ်တန်းကို မြင်ရ၏။ ယခုကမူ မီးတုတ်မီးဖြစ်ပြီး သူ့ထံလျှင်မြန်စွာ ချဉ်းကပ်လာသည်။ တစ်ခုကမူ ပိုးစုန်းကြူး၏ မီးရောင်အလားထင်ရပြီး သူ့ထံ လျှင်မြန်စွာ ချဉ်းကပ်လာသည်။ သို့သော် တဖြည်းဖြည်းချင်း ကြီးလာသောအခါ သတ္ထုလှောင်အိမ်ကြီး နှစ်ခုမှ အလင်းရောင်များဖြစ်ကြောင်း မြင်လိုက်ရ၏။ ထိုလှောင်အိမ်လိုအရာမျိုးကို ကျောက်မီးသွေးအပြည့်ဖြင့် ထည့်ထားပြီး ပြင်းထန်ကြမ်းတမ်းသော လေပြင်းကပင် ထိုမီးသွေးမှ မီးများကို ပို၍ရဲသွားစေပြီး မီးညွန့်ကိုပိုတောက်စေသည်။ ထို့ကြောင့် နှင်းမုန်တိုင်းကပင် ထိုမီးတောက်ကို ငြိမ်းအောင် မလုပ်နိုင်ချေ။
အခန်း(၁၁၈၂)
မုန်တိုင်းမီးဖို
ဒါဟာ ကျန်းရှို့ကျစ်က ပုံစံဆွဲထားသော လေဒဏ်ခံမီးဖိုများဖြစ်ပြီး ဝမ်ချောင်က ပြောပြသည့် အကြံပြုချက်အတိုင်း ပြုလုပ်ထားခြင်းဖြစ်သည်။ ထိုမီးဖိုများကို ပြီးမြောက်အောင် နေ့တစ်ဝက်ခန့်သာ အချိန်ယူခဲ့ရသည်။ ဒီစီမံကိန်းတွင် ပါဝင်သော လက်ရွေးစင်စစ်သည် နှစ်သောင်းတိုင်းလိုလို မုန်တိုင်းမီးဖို နှစ်ခုစီ ပိုင်ဆိုင်ထားကြသည်။ သူတို့အတွက် ရည်ရွယ်ချက်တစ်ခုကမူ မိတ်ဆွေနှင့် ရန်သူကို ခွဲခြားရန်ဖြစ်ပြီး နောက်ထပ် ရည်ရွယ်ချက်တစ်ခုကမူ နွေးထွေးစေရန်ဖြစ်သည်။
မုန်တိုင်းမီးဖိုများက စစ်မြင်းများအတွက် ပို၍သင့်တော်သေးသည်။ အကြောင်းမူကား စစ်မြင်းများက လက်ရွေးစင်စစ်သည် နှစ်သောင်းထက် ပို၍အားနည်းသည်။ ထို့ကြောင့် မီးဖိုများကို ပို၍လိုအပ်သည်။
“အာရပ်တွေက စခန်းကိုစောင့်ကြပ်ဖို့ ချန်ထားရစ်ခဲ့တဲ့ စစ်သည်ရှစ်ထောင်လုံး သေသွားပါပြီအရှင်အမတ်။ ငါတို့တွေ အရှင်အမတ်ရဲ့ ဆက်လက်ပြီး ပေးအပ်မဲ့အမိန့်ကို စောင့်ဆိုင်းနေတာပါ”
မုန်တိုင်းမီးဖိုများက ပို၍သိသာထင်ရှားလာသည်နှင့်အမျှ လီစစ်ယဲ့၏ တောင့်တင်းသန်မာသော ခန္ဓာကိုယ်ကြီးက ပေါ်လာသည်။
“ကျန်တဲ့အာရပ်တွေ ထွက်သွားတဲ့ဘက်ကို ရှာတွေ့ပြီလား”
ဝမ်ချောင်၏မျက်မှောင်က ကျုံ့သွားပြီး စိတ်ကိုအာရုံစိုက်လိုက်သည်။
“အရှင်အမတ် ကျွန်တော်တို့ရဲ့ သတင်းထောက်တွေက အနောက်ဘက်စွန်းအပိုင်းမှာ သူတို့ရဲ့ ခြေရာတွေကို တွေ့လိုက်ရပါတယ်။ အရှင်အမတ် ခန့်မှန်းထားတဲ့အတိုင်းပဲ အာရပ်တွေက စတင်ပြီး နောက်ဆုတ်တဲ့အခါ သူတို့ရဲ့ဝင်္ကပါက ကစဉ့်ကလျား ဖြစ်နေခဲ့တာပါ။ ဒါပေမဲ့ နှင်းထဲကအနံ့နဲ့ ခဲနေတဲ့ ခြေရာတွေအရ သူတို့တွေ ဝေးဝေးကို မရောက်လောက်သေးပါဘူး”
လီစစ်ယဲ့က တည်ငြိမ်စွာပြန်ဖြေသည်။
“အရမ်းကောင်းတယ်”
ဝမ်ချောင်က ခေါင်းညိမ့်သည်။ သူ၏မျက်ဝန်းက တင်းမာသွားသည်။
“ငါ့ရဲ့အမိန့်ကိုထုတ်လိုက် အရှိန်နှုန်းကိုမြှင့်ပြီးလိုက်”
ဘန်း
ခွာဖြူအရိပ်မြင်းက ရှေ့ခြေထောက်နှစ်ဖက်မှ ခွာများကို လေထဲတွင်မြှောက်လိုက်ပြီး တဖန် ကဆုန်ပေါက်သည်။ ထိုသို့ဖြင့် နှင်းမှုန်များကို ဖြာကနဲထွက်သွားစေသည်။ ဝမ်ချောင်သည် ရှေ့သို့ခုန်ထွက်သွားပြီး အနောက်ဘက်မှ စစ်တပ်ကို ဦးဆောင်လျှက် အနောက်ဘက်ခြမ်းသို့ လိုက်ဖမ်းနေသည်။
လက်ရွေးစင်နှစ်သောင်းသည် နှင်းမုန်တိုင်းအတွင်းတွင် လျှင်မြန်စွာ ဝင်ရောက်သွားသည်။ အဝေးတွင်ဆိုလျှင် လူပုံရိပ်များကို မြင်နိုင်စွမ်းရည်မရှိချေ။ မုန်တိုင်း၏ တဖြတ်ဖြတ် လင်းလက်နေသော အလင်းတန်းကိုသာ မြင်နိုင်လောက်သည်။
မြေပြင်တွင် နှင်းများက စောင်သဖွယ် လွှမ်းခြုံထားလေရာ မည်သည့်အရာကိုမှ မှတ်မိရန် မဖြစ်နိုင်ချေ။ အဝေးကသာကြည့်မည်ဆိုလျှင် နှင်းများဖုံးလွှမ်းနေသည့် မြင်းသမား တစ်ဖွဲ့ကိုသာ မြင်နိုင်မည်ဖြစ်သည်။
ဒါဟာ အဓိကစစ်တပ်ကြီးနှင့် လူစုကွဲသွားသည့် အာရပ်မြင်းတပ် တစ်ဖွဲ့ဖြစ်သည်။ ရာသီဥတုက အလွန်အေးသည်။ အပူချိန်က အလွန်ထိုးကျနေပြီး အလွန်အမင်း အေးစက်မှုက သူတို့၏ကိုယ်ကို အလိုလို အားနည်းစေခဲ့ပြီးသားဖြစ်သည်။ သူတို့၏မြင်းကိုယ်ထည်များကလည်း သိပ်သည်းသောနှင်းများ ဖုံးနေခဲ့ပြီးသားဖြစ်သည်။ သူတို့၏လှုပ်ရှားမှုများက အလွန်အမင်း နှေးကွေးနေ၏။
“သေစမ်း ဘယ်လိုဖြစ်ပြီး ဒီလိုဖြစ်သွားရတာလဲ။ ငါတို့တွေ ထန်တွေဆီမှာ မသေချင်တာ မှန်ပေမဲ့လည်း ဒီနှင်းမုန်တိုင်းအောက်မှာတော့ မသေချင်သေးဘူးလေ”
အာရပ်ခေါင်းဆောင်က မနေနိုင်ဘဲ ရေရွတ်သည်။ သူ၏မျက်နှာက ဖြူဖျော့နေပြီး အလွန်အမင်း ပျက်ယွင်းကာ ရှုံ့မဲ့နေသည်။
အင်အားစုတစ်သိန်းလောက်ရှိမဲ့ စစ်တပ်ကြီးကို နှင်းမုန်တိုင်းက အလဲထိုးသွားမယ်လို့ ဘယ်သူက ထင်ထားမှာလဲ။ ဒါက လုံးဝကို မမျှော်လင့်ထားတဲ့ အရှက်ခွဲခံရတဲ့ ကိစ္စကြီးမျိုးပဲ။
“အား”
ရုတ်တရက် အနောက်ဘက်မှ အော်သံခပ်ဖျော့ဖျော့ကို ကြားလိုက်ရသည်။ ထိုအော်သံက လူတိုင်း၏ အာရုံကို ဆွဲဆောင်သွားသဖြင့် သူ့အား လှည့်ကြည့်မိစေသည်။
“အရှင် အရှင် ဘာဖြစ်တာလဲ”
မျက်နှာပြာနှမ်းနေသည့် အာရပ်မြင်းသည်တော် တစ်ယောက်က လှမ်းအော်သည်။ သူ၏မျက်လုံးထဲတွင် ကြောက်လန့်မှုများက ပြည့်နှက်နေသည်။
“ထန် ထန် ထန်တွေလိုက်လာတာများ ဖြစ်နေမလား”
အနောက်ဘက်မှ အာရပ်မြင်းသမား တစ်ယောက်က တံတွေးမြိုချလိုက်သည်။ မျက်လုံးက ထိတ်လန့်မှုနှင့် ပြူးကျယ်သွားသည်။
“တိတ်စမ်း ပေါက်ကရတွေ လာပြောမနေနဲ့”
အရှေ့မှခေါင်းဆောင်က သူ၏စကားကို ချက်ချင်းဖြတ်သည်။
“ဒီလောက်တအားအေးနေတဲ့ ရာသီဥတုမှာ ဦးတည်ရာဘက်က ဘယ်ဘက်လဲဆိုတာကိုတောင် မဝေခွဲနိုင်ဘူး။ ဒါကို ဒီထန်တွေက မြို့ထဲကထွက်လာမှာတဲ့လား။ သူတို့ ကိုယ်ကိုယ်ကိုတောင် ကိုင်တွယ်နိုင်စွမ်းရည် ရှိမှာမဟုတ်ဘူး။ ငါတို့ကိုလိုက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး”
“ဟိုက်ရား”
ထိုအခိုက်အတန့်တွင် နောက်တန်းမှအော်သံ ထွက်လာသည်။ ထို့နောက် မိုးခြိမ်းမတက် ကျယ်လောင်သည့် မြင်းခွာသံများက ပေါ်ထွက်လာ၏။ နှင်းမုန်တိုင်းကို ဓားတစ်ချောင်းက ထိုးခွဲလာပြီး လေထုကိုချောမွေ့စွာ ကျော်ဖြတ်လျှက် အဖွဲ့၏နောက်ပိုင်းတွင်ရှိသော မြင်းသမားတစ်ယောက်ကို ခေါင်းဖြတ်လိုက်သည်။
ပြတ်သွားသောခေါင်းတွင်ပင် မျက်လုံးကပြူးနေသေးပြီး လေထဲသို့မြောက်တက်ကာ ခြေခုနှစ်လှမ်း၊ ရှစ်လှမ်းခန့်အကွာသို့ ပြုတ်ကျသည်။ ထိုသို့ဖြင့် နှင်းမှုန်များကို မြောက်တက်သွားစေသေးသည်။
ထိုအခိုက်အတန့်တွင် အချိန်က ရပ်တန့်သွားသည်။ အရာအားလုံးက သေလုခြောက်ခြားဖွယ် တိတ်ဆိတ်သွားသည်။ အာရပ်များအားလုံးက ပြတ်သွားသောခေါင်းကို မျက်လုံးပြူးကျယ်စွာ ကြည့်နေကြပြီး သူတို့၏မျက်လုံးတွင်လည်း ကြောက်လန့်မှုများနှင့် ထိတ်လန့်မှုများက ပြည့်နှက်လာသည်။
“ပြေးတော့”
လူတစ်ယောက်ကအော်သည်။ ထိုအခိုက်အတန့်မှသာ အချိန်က ပုံမှန်အတိုင်း ပြန်လည်စီးဆင်းပုံရသည်။ အာရပ်မြင်းသမားများ အားလုံးက ချက်ချင်းဆိုသလို အလန့်တကြား လူစုခွဲပြေးကြသည်။ သူတို့၏အောက်ဘက်မှ စစ်မြင်းများအားလုံးက ပို၍သာလွန်သော ကြောက်လန့်မှုကို ခံစားနေရပုံရပြီး ရှေ့လက်များကို လေထဲသို့မြှောက်လျှက် အရှိန်နှုန်းယူကာ ပြေးသည်။ သူတို့၏ ခဲလုမတက်ဖြစ်နေသော ဂုတ်များကပင် အများကြီး လျှင်မြန်ဖြတ်လတ်သွားပုံပေါ်သည်။
သို့သော် သူတို့ဟာ မည်မျှဖြတ်လတ်နေစေကာမူ ထန်မြင်းတပ်ကို မယှဉ်နိုင်ချေ။
ဝုန်း
မမြင်ရသော အားလှိုင်းတစ်ရပ်က နှင်းမုန်တိုင်းကို ကျော်ဖြတ်ပြီး ဝင်ရောက်လာသလိုမျိုး လေထုက ပေါက်ကွဲသွားသည်။ အာရပ်မြင်းတပ်က အဝေးသို့မရောက်နိုင်သေးခင် ထိုချီစက်ကွင်းအောက်တွင် မိသွားသည်။ ထို့နောက် ဒုတိယ၊ တတိယ...
ချီစက်ကွင်းများက သံကြိုးကြီးများအလား သူတို့၏အရှိန်နှုန်းကို ချက်ချင်းလိုလို နှေးကျသွားစေပြီး အားနည်းအောင် လုပ်လိုက်သည်။
“သတ်”
“တစ်ကောင်မှ မရှင်စေနဲ့”
နောက်တန်းမှ စွမ်းအားလှိုင်းတစ်ရပ်က ထိုးထွက်လာပြီး တစ္ဆေအလင်းလို အလင်းတန်းတစ်တန်းက ပေါ်ထွက်လာသည်။ ထို့နောက် အရှိန်အဝါကြီးမြတ်သည့် စစ်မြင်းတစ်ကောင်က သံချပ်ကာအပြည့်နှင့် ထည်ဝါစွာဝန်းရံလျှက် ရောက်ရှိလာသည်။ မြင်း၏ခွာများက မြေပြင်ကို ခပ်ကြမ်းကြမ်း ဖိနင်းလာသည်။
ထို့နောက် ဒုတိယ၊ တတိယ၊ စတုတ္ထ၊ ပဉ္စမ...
အယောက်နှစ်သောင်းခန့်ရှိမည့် မြင်းတပ်ကြီးက နှင်းမုန်တိုင်းအတွင်းမှ ထွက်လာပြီး အာရပ်များကို ရိတ်သိမ်းရန်ကြိုးစားသည်။
“အား”
အာရပ်မြင်းသမား တစ်ယောက်ပြီးတစ်ယောက် အသတ်ခံနေရချိန်တွင် သွေးများကနှင်းကို နီရဲသွားစေသည်။ သူတို့၏မျက်နှာများက တောင့်တင်းလျှက် ကြောက်လန့်မှုအပြည့်နှင့် လဲကျသေဆုံးနေရသည်။
“နောက်ကလိုက်”
မဟာမိတ်လက်ရွေးစင်အဖွဲ့က နှင်းမြေပြင်ပေါ်တွင် ဒုန်းစိုင်းအပြေးနှင်လျှက် နောက်မှလိုက်ဖမ်းပြီး အလောင်းပုံကိုသာ ချန်ထားရစ်ခဲ့သည်။
ဝမ်ချောင်၏လူများက အနောက်ဘက်သို့သွားသော အာရပ်စစ်သည်တော်များ၏ အနောက်သို့ လိုက်နေပုံဟာ သေဆုံးခြင်းလေဝဲတစ်ခုအလား ထင်ရသည်။ အာရပ်များ၏ နောက်သို့ လိုက်သတ်မှသာ တစ်ဖက်သူများဟာ မည်မျှအထိ ကစဉ့်ကလျားဖြစ်နေကြောင်း သိလိုက်ရသည်။
အဓိကအဖွဲ့နှင့် လူစုကွဲထွက်သွားသည့် မရေမတွက်နိုင်သည့် အာရပ်ပေါင်းများစွာကိုလည်း လီတစ်ဆယ်ကျော်ခန့်တိုင်းလိုလို မြင်နေရသည်။ လူအများစုကမူ ခဲသေသူကသေ၊ နှင်းများအုပ်လျှက် တောင့်ခဲနေသူကခဲလျှက် ရှိနေကြပြီး မြောက်များလှစွာသော စစ်မြင်းများကလည်း ခဲ၍ သေနေကြသည်။
ဝမ်ချောင်က သူ၏လူအင်အားစု နှစ်သောင်းကိုခေါ်လျှက် နောက်တန်းမှစတင်ကာ လိုက်ဖမ်းနေသည့် အချိန်တွင် အာရပ်များအားလုံးက မှင်သက်သွားကြသည်။ သူတို့သည် သေသွားသည့်တိုင်အောင် ဝမ်ချောင်က ယခုလောက် ဆိုးရွားလွန်းသော ရာသီဥတုကိုပင် အခွင့်ကောင်းယူပြီး နှင်းမုန်တိုင်းကြားမှ အာရပ်များကို လိုက်သတ်မည်ဟု မမျှော်လင့်ထားကြချေ။
ဘုန်း ဘုန်း ဘုန်း
အချိန်တိုအတွင်း လီနှစ်ဆယ်ခန့်အတွင်း အာရပ်စစ်သည် ခြောက်သောင်းမှ ခုနှစ်သောင်းအထိ သေဆုံးသွားရသည်။ ဝမ်ချောင်၏လူများက ထိုအရေအတွက်ကို သတ်ဖြတ်ပြီးနောက် ဆက်လက်ပြီး ချီတက်လာလေလေ သေဆုံးသည့်အရေအတွက်က ပိုများလာလေလေဖြစ်သည်။ လီနှစ်ဆယ်ကျော်တိုင်းလိုလို အင်အားစု ခြောက်သောင်းမှ ခုနှစ်သောင်းခန့်ရှိမည့် အင်အားစုတစ်ခုကို တွေ့နေရသည်။ ထိုအဖွဲ့ကလည်း အမြဲတစေ ခုခံနိုင်စွမ်းရည် မရှိတတ်ချေ။ ထိုသို့ဖြင့် အသတ်ခံနေရသည်။
ဝမ်ချောင်၏ အမိန့်အောက်မှ အင်အားစုနှစ်သောင်းက ရပ်တန့်၍မရနိုင်တော့ချေ။ ထန်များက ထွက်ပြေးနေသည့် ကစဉ့်ကလျားဖြစ်နေသော အာရပ်များကို သုတ်သင်ရန် စက္ကန့်အနည်းငယ်သာ လိုသည်။
“အရှင်အမတ်”
လိုက်ဖမ်းနေသည့် အလယ်အတောအတွင်း ရုတ်တရက် နှင်းမုန်တိုင်းထဲမှ အသံတစ်သံ ထွက်လာသည်။ ထို့နောက် မှေးမှိန်သောအလင်းက တဖြည်းဖြည်းချင်း ချဉ်းကပ်လာသည်။ ထိုလူဟာ လီစစ်ယဲ့မဟုတ်ဘဲ အန်းရှီကာကွယ်ရေးစစ်တပ်မှ ဒုကာကွယ်ရေးဗိုလ်ချုပ်ကြီး ချန်းချန့်လီဖြစ်သည်။ သူ၏ခန္ဓာကိုယ် ပတ်ဝန်းကျင်တွင် ကြယ်တာရာစွမ်းအင်များက ရှိနေပြီး သူ၏ခန္ဓာကိုယ်ကို အပူပေးထားသည့်အတိုင်း မျက်ဝန်းက အင်အားကြီးမားသည့် တိုက်ခိုက်လိုစိတ်ကို ဖော်ထုတ်ပြသနေသေးသည်။
ချန်းချန့်လီက ဝမ်ချောင်နှင့် ခြေလှမ်းအနည်းငယ်အကွာတွင် ရပ်တန့်လိုက်ပြီး ခပ်တင်းတင်းဆိုသည်။
“ငါတို့တွေ အာရပ်တွေရဲ့ အဓိကအင်အားစုကို ရှာတွေ့ပြီ။ အဲ့ဒီမှာ အနည်းဆုံး အင်အားစု တစ်သိန်းရှိတယ်။ အရှင်က ငါတို့လိုက်သင့်လားလို့ လူလွှတ်ပြီးမေးခိုင်းလိုက်တယ်”
အာရပ်များတွင် အင်အားစု ခြောက်သိန်းမှ ခုနှစ်သိန်းခန့်ရှိသည်။ ယခုလိုလိုက်ဖမ်းသည့် အခိုက်အတန့်တွင် မဟာမိတ်ကြီးက ကစဉ့်ကလျားဖြစ်နေပြီး လမ်းပျောက်နေသည့် စစ်သားများကိုသာ သတ်ခဲ့သည်။ သို့သော် ယခုမူ သူတို့က အဓိကအဖွဲ့ကို တွေ့သွားသည်။
“ဟား ဟား ဒါကငါတို့ရှာနေတာ မဟုတ်ဘူးလား။ အရှင်ကောင်းကို ပြောလိုက်ပါ။ ချက်ချင်းတိုက်ခိုက်လို့”
ထိုစကားလုံးများနှင့်အတူ ဝမ်ချောင်က ချက်ချင်းချီတက်သည်။ ထိုသို့ဖြင့် နှင်းမုန်တိုင်းအတွင်းသို့ ဝင်ရောက်ကာ ပျောက်ဆုံးသွားသည်။
.....
“သတိထား”
“အားလုံးပဲ ဝင်္ကပါကိုထုတ်သုံးကြ”
“မဟာထန်တွေ လိုက်လာတယ်။ အားလုံးပဲ အသင့်ပြင်ကြ”
ဝမ်ချောင်၏အင်အားစုနှင့် သိပ်မဝေးသောနေရာတွင် စစ်တပ်ကြီးတစ်ခုက တဖြည်းဖြည်းချင်း ရှေ့သို့ချီတက်နေသည်။ အာရပ်ဗိုလ်ချုပ် ဆယ်ယောက်ကျော်ခန့်က အတူတကွ စုစည်းနေပြီး အနောက်ဘက်တွင်လည်း ကြီးမားသည့် မြင်းတပ်အင်အားစုကြီးက ရှိနေသည်။ ထန်များက ကိုယ့်ကိုယ်ကို ဖော်ထုတ်ပြသလာသောအခါ အာရပ်များက ထိတ်လန့်သွားကြသည်။ မည်သူကမှလည်း ဒီလောက်ဆိုးရွားသော ရာသီဥတုတွင် ထန်များက သူတို့၏နောက်သို့ လိုက်ဖမ်းလာမည်ဟု မထင်ထားကြပေ။
သို့သော် နှစ်ပေါင်းများစွာ လေ့ကျင့်ပေးထားခြင်း ခံရသည့် ထိုစစ်တပ်က လျှင်မြန်စွာ တုန့်ပြန်လိုက်နိုင်သည်။ ရှည်လျားသောလမ်းကြီးတွင် အာရပ်စစ်သည် တစ်သိန်းက ဝင်္ကပါအတွင်းသို့ ဝင်ရောက်လိုက်ပြီး နှင်းမုန်တိုင်းအတွင်းတွင်ပင် ရန်သူ၏တိုက်ကွက်ကို အသင့်စောင့်ဆိုင်းနေကြသည်။
ချွင်
နှင်းမုန်တိုင်းအတွင်းမှ ကျယ်ပြောရှည်လျားပြီး သာမာန်မျက်စိဖြင့် မမြင်နိုင်သည့် အားလှိုင်းများက ထိုးထွက်လာလျှက် သတ္ထုချင်းထိခတ်သံလို ကျယ်လောင်သည့် အသံကြီးကို လွှတ်ထုတ်လိုက်သည်။ ထိုအခိုက်အတန့်တွင် ရှေ့တန်းမှ မရေမတွက်နိုင်သော စစ်သည်တော်ပေါင်း များစွာက သူတို့၏ စွမ်းအားများဟာ မယုံနိုင်စရာကောင်းလောက်သော အရှိန်နှုန်းထိ ထိုးကျလျှက် အားနည်းသွားစေကြောင်း သိလိုက်သည်။
“ရန်သူ”
ခေါင်းဆောင် အာရပ်ဗိုလ်ချုပ်ကြီးက အလန့်တကြား အော်ဟစ်လိုက်သည်။ သူသည် ထိုချီစက်ကွင်းဟာ ငယ်ရွယ်သော ထန်ဗိုလ်ချုပ်ကြီးအပိုင်ဖြစ်ကြောင်း မှတ်မိနေသေးသည်။
ဘုန်း
မြင်းခွာသံများ ထွက်ပေါ်လာပြီးနောက် မရေမတွက်နိုင်သော မြင်းပေါင်းများစွာက နှင်းမုန်တိုင်းအတွင်းမှ ခုန်ထွက်လာကြသည်။ တစ်ယောက်ချင်းစီတိုင်းက ရွေ့လျားနေသော ခံတပ်ကြီးအလားထင်ရပြီး တစ်သိန်းခန့်ရှိမည့် အာရပ်စစ်သည်တော်များထံ လျှင်မြန်စွာချီတက်လျှက် နောက်တန်းသို့ ဖောက်ဝင်ရန် ကြိုးစားသည်။
“မကောင်းတော့ဘူး ဒါက အက်ပါရန်ကာတာဖရက်တွေပဲ”
ဦးဆောင်နေသော အာရပ်ဗိုလ်ချုပ်ကြီးက တောင့်တင်းသန်မာလွန်းသော မြင်းတပ်အင်အားစုကို မြင်လိုက်ပြီးပြီးချင်း အလွန်အမင်း ကြောက်လန့်သွားကြသည်။
“သူတို့ကိုသတ်”
ဆမ်ဆာနစ် မဟာဗိုလ်ချုပ်ကြီး ပါးရန်က ဦးဆောင်ချီတက်လာသူဖြစ်သည်။ သူသည် အာရပ်နောက်တန်း အတွင်းသို့ မုန်တိုင်းကြီးတစ်ခုအလား ဝင်ဆောင့်တိုးသည်။
ဘန်း ဘန်း ဘန်း
ပါးရန်သည် ထက်ရှသော ဓားသွားအလား ပြောင်းလဲသွားလေပြီး အာရပ်စစ်သားများအတွင်းသို့ ဝင်ရောက်ကာ လူရာကျော်ကို လွင့်ထွက်သွားစေလိုက်သည်။ အားလုံးက လေထဲသို့ မြောက်တက်သွားသည်။ ထိုသို့မြောက်တက်သွားသည့် အချိန်တွင် မြေပြင်သို့ ပြန်မကျသေးခင် အရိုးများက ကွဲထွက်ပြီး ကိုယ်တွင်းအင်္ဂါများက ပျက်စီးကာ သေဆုံးသွားရပြီဖြစ်သည်။
ဟီ....
သူ၏အနောက်ဘက်တွင် အက်ပါရန်ကာတာဖရက် အယောက်ရှစ်ထောင်ပါသည်။ အားလုံးက အဖွဲ့ရှစ်ဖွဲ့အဖြစ် ပြောင်းလဲလေပြီး တင်းကြပ်စွာ ကပ်လျှက်ရှိနေသည့် အာရပ်နောက်တန်းအတွင်းသို့ ဓားကြီးများအလား ထိုးခွင်းဝင်ရောက်သွားသည်။
“အား”
ဝရုန်းသုန်းကားဖြစ်နေသည့် အော်သံများအကြားတွင် အစီအစဉ်တကျရှိကာ စည်းကမ်းသေဝပ်သော အာရပ်နောက်တန်းကပင် ကစဉ့်ကလျားဖြစ်သွားရသည်။
“သတ်”
အက်ပါရန်ကာတာဖရက်များက ထိုးဖောက်ဝင်ရောက်ပြီး လမ်းကြောင်းဖောက်လိုက်သည့် အခိုက်အတန့်တွင် အာရပ်စစ်တပ် တစ်ခုလုံးက အလန့်တကြား အော်သံများနှင့် ပြည့်နှက်နေပြီဖြစ်သည်။ မြင်းများ၏ဟီသံ၊ အရိုးကွဲသံများက ကပ်ပါလာသည်။ ထိုသို့သော အခိုက်အတန့်မျိုးတွင် အက်ပါရန်ကာတာဖရက်များသည် ရပ်တန့်ခြင်းမရှိဘဲ အနောက်ဘက်ခြမ်းသို့ ရှေ့ဆက်ပြီး တိုးဝင်သွားသည်။
သူ၏အနောက်ဘက်တွင် ပို၍များပြားသော စစ်သားများက ထွက်လာကြသည်။ ဝူရှန်းမြင်းတပ်၊ ထုံလော့မြင်းတပ်၊ နဂါးတပ်ရင်းစစ်တပ်နှင့် အခြားသော ပုန်ကန်သူစစ်သားများလည်း ပါသည်။ အသုတ် အနည်းငယ်ခန့် ထွက်လာရုံနှင့် အာရပ်များအားလုံးက အလုံးစုံ နင်းချေခံလိုက်ရသည်။ နှစ်ဖက်ဟာ တူညီသော အင်အားမျိုးတွင် မရှိကြချေ။ သူတို့၏ အတော်ဆုံးသော စစ်သားများဆိုလျှင်ပင် ယခုလို အခြေအနေမျိုးတွင် မည်သည့်ဒဏ်ကိုမှ တောင့်ခံနိုင်ခြင်းမရှိကြတော့ပါချေ။
အခန်း(၁၁၈၃)
မဖြစ်နိုင်ဘူး လုံးဝမဖြစ်နိုင်ဘူး ဘာလို့ ထန်တွေဒီလောက်များနေတာလဲ။
ခေါင်းဆောင်အာရပ်ဗိုလ်ချုပ်ကြီး၏ မျက်လုံးက လုံးဝိုင်းသွားပြီး အံ့အားသင့်လွန်းသဖြင့် စကားပင် မပြောနိုင်တော့ချေ။ သူသည်လည်း ခိုရာစန်းမှ ထိုမျှများပြားသော ထန်များက သူတို့၏နောက်သို့ လိုက်လာလိမ့်မည်ဟု မထင်ထားမိချေ။ သူတို့အင်အားက နည်းပါးခြင်းလည်းမရှိချေ။
သွားပြီ ဘယ်အာရပ်ကမှ သူတို့ကို မတားနိုင်တော့ဘူး။
အာရပ်ဗိုလ်ချုပ်ကြီး၏ နှလုံးသားက လေးလံသွားသည်။ စစ်တပ်သည် နှင်းထဲတွင် ကြာရှည်စွာ ရုန်းကန်နေရသောကြောင့် အားနည်းနေပြီး အင်အားကုန်ခမ်းနေပြီဖြစ်သည်။ သို့သော် ခိုရာစန်းမှ ထိုသစ္စာဖောက်များကမူ သက်ရောက်ခံရပုံမရချေ။
အာရပ်ဗိုလ်ချုပ်ကြီး၏ နှလုံးသားက သွေးစိမ်းရှင်ရှင်ကျနေသည်။ သူသည်လည်း သူတို့ဟာ အဆုံးသတ်ပြီဖြစ်ကြောင်း သိလိုက်သည်။ သို့သော် ထန်များနှင့် ခိုရာစန်းနီများက ဒီနေရာတွင် ရပ်တန့်မည်မဟုတ်ကြောင်း သိနေသည်။
“မြန်မြန် မဟာဗိုလ်ချုပ်ကြီး ဖားတိကိုသွားပြီး အကြောင်းကြား ထန်တွေလာပြီဖြစ်ကြောင်း သူ့ကိုအကြောင်းကြားလိုက်စမ်း”
သို့သော် သူ၏စကားက မဆုံးသေးခင် ဓားကြီးတစ်လက်က ထွက်ပေါ်လာသည်။ ထိုဓားတွင် ရွှေရောင်အလင်းတန်းက ပေါက်ကွဲသွားပြီးနောက် လေထုကိုထိုးခွင်းကာ သူ၏ခုန်လှုပ်နေသည့် နှလုံးသားထဲ ထိုးစိုက်သွားသည်။
မြန် တအားမြန်လွန်းတယ်။
ထိုအာရပ်ဗိုလ်ချုပ်ကြီးက ခွက်ကနဲမြည်သံနှင့်အတူ မြေပြင်သို့ ပြုတ်ကျသွားသည်။ သူနောက်ဆုံးမြင်လိုက်ရသည့် အရာက နှင်းများ၏ သက်ရောက်မှုမရှိဘဲ ဖြူဖွေးနေလောက်မည့် ခွာပိုင်ရှင် စစ်မြင်းကြီးတစ်ကောင်နှင့် အပေါ်တွင်စီးနင်းထားသော လူငယ်လေးတစ်ယောက်ဖြစ်သည်။ ထိုထန်လူငယ်၏ ခြုံလွှာကြီးက လေတွင်လွင့်နေသည်။
ကလစ် ကလုတ်
ဝမ်ချောင်က ဓားကိုပြန်လည် ဆွဲထုတ်ယူသည်။ သူ၏မျက်နှာတွင် ခံစားချက် တစ်စွန်းတစ်စကိုမျှ မမြင်ရချေ။
“ငါ့ရဲ့အမိန့်ကိုထုတ် နောက်ကဆက်လိုက်”
ဝမ်ချောင်က သူ၏စစ်တပ်ကို ဦးဆောင်လျှက် ဆယ်လီကိုကျော်ဖြတ်သွားသည်။ ထိုသို့ဖြင့် နောက်ဆုတ်ထွက်ပြေးသည့် အာရပ်စစ်သည် တစ်ဖွဲ့ပြီးတစ်ဖွဲ့ကို တိုက်ခိုက်လေသည်။ တိုတောင်းသော ကာလအတောအတွင်း ဝမ်ချောင်၏လူများက အင်အားစုတစ်သိန်းကျော်ကို သတ်ပြီးလေပြီ။
အရေအတွက် အပြတ်အသတ် သာလွန်သော်လည်း အားနည်းလွန်းနေသော ထိုအင်အားစုက ဝမ်ချောင်၏ အင်အားစုကို တောင့်မခံနိုင်ခဲ့ကြချေ။
.....
“အရှေ့မှာ အမှောင်အလင်းတန်းရဲ့ တိုင်တန်သုံးယောက်နဲ့ ဟူလာတို့ဖြစ်လောက်တယ်”
မည်သည့်အချိန်ကမှန်းမသိ ဝမ်ချောင်က သူ၏အဖွဲ့ကို ခိုရာစန်းနှင့် လီလေးဆယ်ခန့်ဝေးသော နေရာသို့ ဦးဆောင်ခေါ်သွားပြီးလေပြီ။ သူ၏မျက်နှာအမူအရာက အေးစက်နေပြီး မျက်ဝန်းက တောက်ပသည်။ အမှောင်ထုကပင်ဖြစ်စေ နှင်းမုန်တိုင်းကပင်ဖြစ်စေ သူ၏အလင်းရောင်ကို လျော့ကျအောင် မလုပ်နိုင်ချေ။
“ကောင်းရှန်းကျစ်နဲ့ မဟာဗိုလ်ချုပ်ကြီး ပါးရန်ကိုပြောလိုက် စစ်သားတွေအားလုံးကို အတူစုစည်းပြီး တိုက်ပွဲအတွက် ပြင်ဆင်ခိုင်းလိုက်တော့”
ဝမ်ချောင်က ခပ်ကြမ်းကြမ်း အမိန့်ထုတ်သည်။
ဝမ်ချောင်သည်သာ လိုက်ဖမ်းမှုတွင် ဝင်ရောက်လာခဲ့ခြင်းမဟုတ်ချေ။ ကောင်းရှန်းကျစ်၊ ချန်းချန့်လီ၊ ပါးရန်၊ ကန်းခယ်ဘုရင်၊ ပါးနားဟန်နှင့် အခြားသော ပုန်ကန်သူခေါင်းဆောင်တိုင်းပါသည်။ ခိုရာစန်းမှ ဗိုလ်ချုပ်ကြီးတိုင်းနီးပါးက ထွက်လာခဲ့ကြသည်။
ဒီညသည် အာရေးဗီးယားကို အနိုင်ယူနိုင်မည့် ရှားပါးသော အခွင့်အရေးကြီးဖြစ်သည်။ ထို့ကြောင့် မည်သူကမှ ဒီအခွင့်အရေးကို လက်လွှတ်မခံလိုချေ။
ခီး
ဝမ်ချောင်က ပြောပြီးရုံသာရှိသေးသည်။ သူ၏ပတ်ပတ်လည်တွင် လေချွန်သံများက ထွက်ပေါ်လာသည်။ ဒါဟာ သူတို့အားလုံး ကြိုတင်ပြင်ဆင်ထားသည့် အချက်ပြမှုဖြစ်သည်။ ဒီတစ်ကြိမ်တွင် အသီးသီးသော စစ်တပ်များကို တာဝန်ယူထားသည့် ဗိုလ်ချုပ်ကြီးများအားလုံး ပါဝင်လာသည်။ သို့သော် အားလုံးက ဝမ်ချောင်၏အမိန့်ကိုသာ နာခံရန်လိုအပ်သည်။ ဒါဟာ ဒီမဟာမိတ်တွင် အရေးပါသော အဓိက အချက်လည်းဖြစ်သည်။
“ဟိုက်ရား”
အော်သံတစ်ချက်နှင့်အတူ အင်အားစု နှစ်သောင်းခန့်သာရှိမည့် လက်ရွေးစင်များက မရပ်တန့်နိုင်သော အရှိန်အပြည့်နှင့် ထွက်ပြေးသော အာရပ်အဖွဲ့၏ နောက်တန်းထဲသို့ ဖောက်ဝင်သည်။ တခဏခန့်ကြာပြီးနောက် တိုက်ပွဲက အဆုံးသတ်သွားသည်။ မြေပြင်တွင် အလောင်းများက ပြည့်နှက်နေပြီး ရှင်သန်ကျန်ရစ်သော စစ်သားများက အရပ်မျက်နှာအနှံ့ တကွဲတပြားစီပြေးကြသည်။ ထို့ကြောင့် သူတို့မည်သည့်ဘက်သို့ သွားကြောင်းပင် မပြောနိုင်ချေ။
“အမှောင်အလင်းတန်းရဲ့ တိုင်တန်သုံးယောက် မင်းတို့ပဲကျန်တယ်”
ဝမ်ချောင်၏မျက်ဝန်းက အေးစက်သောအလင်းဖြင့် လက်သွားသည်။ သူဟာ အရှေ့သို့ ဆက်လက်ချီတက်သည်။ ထိုအချိန်တွင် အပူက ဆက်လက်ထိုးကျနေသည်။
....
“ဘာ ထန်၊ ခိုရာစန်းနီနဲ့ ပုန်ကန်သူစစ်သားတွေက နှင်းမုန်တိုင်းကို အခွင့်ကောင်းယူပြီး ငါတို့နောက်ကို လိုက်လာတယ်ဟုတ်လား”
ခိုရာစန်းနှင့် လီငါးဆယ်၊ ခြောက်ဆယ်ခန့်အကွာတွင် ပိန်းပိတ်အောင် မည်းမှောင်သော စစ်မြင်းကြီးသုံးကောင်က အတန်းလိုက် ရပ်နေသည်။ သူတို့၏ကျောပေါ်တွင် အမှောင်အလင်းတန်း၏ တိုင်တန်သုံးယောက်ရှိသည်။
“အရှင် ငါတို့တွေ ဒီသတင်းကို ထပ်ခါတလဲလဲ အတည်ပြုပြီးပါပြီ။ သူတို့က ငါတို့နောက်ကို တစ်ချိန်လုံး လိုက်လာနေခဲ့ပြီး အင်အားတစ်သိန်းကျော်လောက်ကို သတ်ပြီးပါပြီ။ ပိုဆိုးတာက အရေအတွက်က ဆက်လက်ပြီး မြင့်တက်နေတာပါ”
ထိုသုံးယောက်၏ အရှေ့မှ သတင်းပို့တင်ပြနေသော သတင်းထောက်၏ မျက်နှာက အလွန်အမင်း ထိတ်လန့်နေသည်။
“သေစမ်း ဒီနိမ့်ကျတဲ့ထန်ကတော့”
ဖားတိက ဒေါသထွက်သွားပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ သူ၏ခန္ဓာကိုယ်မှ နှင်းများအားလုံးက လေနှင့်အတူ လွင့်ထွက်သွားသည်။
“ငါ့ရဲ့အမိန့်ကိုထုတ်လိုက် စစ်တပ်ကို ချက်ချင်းစုစည်းပြီး ထန်တွေကို ကိုင်တွယ်ဖို့ပြင်ဆင်တော့”
“ဟုတ်ကဲ့”
လက်ထောက်က ခပ်မြန်မြန် သတင်းသွားပို့သည်။
.....
“ဗိုလ်ချုပ် ကင်းထောက်တွေက အမှောင်အလင်းတန်းရဲ့ တိုင်တန်သုံးယောက်က စစ်တပ်ကို စုစည်းပြီး ကျွန်တော်တို့ကို ကိုင်တွယ်ဖို့ ပြင်ဆင်နေတယ်လို့ သတင်းပို့လာပါတယ်”
ပါးရန်၊ ကောင်းရှန်းကျစ်၊ ချန်းချန့်လီ၊ ပုန်ကန်သူဗိုလ်ချုပ်များနှင့် ဝူရှန်းရွာသူကြီး၊ မိစ္ဆာဧကရာဇ် လူအိုကြီးမန်၊ ဝမ်ရန်တို့အားလုံးက ဝမ်ချောင်ကိုဝိုင်းကာ သူ့ကိုစောင့်ကြည့်နေကြသည်။ ရှင်းလင်းစွာပင် သူက ဆင့်ခေါ်သောကြောင့် ပြန်ရောက်လာကြခြင်းဖြစ်သည်။ သူတို့အားလုံးသည် လီတစ်ဆယ်ကျော်ခန့်အထိ အာရပ်များ၏နောက်သို့ ဆက်တိုက်လိုက်ပြီး မရေမတွက်နိုင်သော စစ်သည်တော်များကို သတ်ခဲ့သည်။ ယခုအခါ အမှောင်အလင်းတန်း၏ တိုင်တန်သုံးယောက်နှင့် ဟူလာတို့ကို လိုက်မှီသွားပြီဖြစ်သည်။
ဝမ်ချောင်၏ ခန့်မှန်းမှုက မှန်သည်။ ခဲနေသော ရာသီဥတုသည် အာရပ်များက အလွန်လျှင်မြန်စွာ မချီတက်သွားနိုင်ခဲ့ချေ။ ခိုရာစန်းနှင့် ဆန်းသာအကြား လီတစ်ရာသာရှိသော်လည်း အာရပ်များအတွက်မူ အလွန်ဝေးကွာနေပုံရသည်။
“နှင်းမုန်တိုင်းက သာမာန်စစ်သားတွေအပေါ် တော်တော်လေးကို ဖိအားကြီးပေမဲ့ လက်ရွေးစင် စစ်သားတွေအပေါ်တော့ သက်ရောက်မှုတအားနည်းတယ်။ ပိုဆိုးတာက ငါတို့က စစ်သားတွေအများကြီးကို သတ်ပြီးတာတောင်မှ အာရပ်တွေဘက်မှာ အနည်းဆုံး အင်အားငါးသိန်းတော့ ရှိနေဦးမှာပဲ။ ငါတို့မှာရှိတဲ့ အရေအတွက်မျိုးနဲ့ဆိုရင် အနိုင်ရဖို့ခက်တယ်”
ပါးရန်က ခပ်တင်းတင်းပြောသည်။ သူ၏မျက်နှာတွင် တုန့်ဆိုင်းမှုကိုမြင်နိုင်သည်။
အမှောင်အလင်းတန်းနှင့် လက်ရွေးစင်တိုင်တန်များက သာမာန်ပုဂ္ဂိုလ်များ မဟုတ်ချေ။ နှင်းမုန်တိုင်းက သူတို့အတွက် ပြဿနာဖြစ်လောက်လျှင်ပင် အင်ပါဟာ မဟာဗိုလ်ချုပ်ကြီးများ၏ အင်အားမျိုးကြောင့် နှင်းမုန်တိုင်း၏ သူတို့အပေါ် သက်ရောက်မှုက အလွန်နည်းပါးသည်။
လူတိုင်းက တိတ်ဆိတ်နေကြပြီး ဝမ်ချောင်ကိုသာကြည့်နေကြသည်။ လက်ရွေးစင် အယောက်နှစ်သောင်းလုံးက စည်းကမ်းသေဝပ်စွာ ရပ်နေကြပြီး ဝမ်ချောင်၏အမိန့်ကိုသာ စောင့်နေကြသည်။
“ဟမ့်”
အားလုံး၏ တင်းမာနေသော မျက်နှာအမူအရာက ဝမ်ချောင်ကို ရယ်မိစေသည်။ သူ၏မျက်နှာအမူအရာက အဓိပ္ပာယ်ဖတ်ရခက်သည်။ သူဟာ လေးစားဖွယ်ကောင်းသော ရန်သူမျိုးနှင့် တွေ့ရမည့်ပုံစံမျိုးကဲ့သို့ တင်းမာနေခြင်းပင်မရှိချေ။
“အမှောင်အလင်းတန်းရဲ့ တိုင်တန်သုံးယောက်က လေးစားဖို့ကောင်းတယ်။ ဒါပေမဲ့ ပြိုင်ဘက်ကင်းတဲ့ အဆင့်တော့မဟုတ်ဘူး။ ပိုဆိုးတာက အာရပ်တွေမှာ အင်အားငါးသိန်းကျော် ရှိလောက်ဦးပေမဲ့ နှင်းမုန်တိုင်းနဲ့ အမှောင်ထုကြောင့် အများစုက လမ်းပျောက်နေလောက်တယ်။ အမှောင်အလင်းတန်းရဲ့ တိုင်တန်သုံးယောက်က သူတို့ရဲ့အမိန့်အောက်မှာ အများဆုံးမှ အင်အားသုံးသိန်းလောက်ပဲ ရှိလောက်တော့မယ်။ ပိုဆိုးတာက ဒီအင်အားသုံးသိန်းကလည်း လီတစ်ဆယ်ကျော် ဝန်းကျင်လောက်ထိ တစ်စဆီ ကွဲနေလောက်မှာ။ သူတို့အားလုံးကို ချက်ချင်းစုစည်းဖို့ကလည်း မဖြစ်နိုင်သေးပြန်ဘူး။ ဒါကြောင့် အမှောင်အလင်းတန်းရဲ့ တိုင်တန်သုံးယောက်ကတောင် ဒီလိုမလုပ်နိုင်ဘူး။ ဒီအခြေအနေက သူတို့ရဲ့ ဗိုလ်ချုပ်ကြီးတွေအဖြစ် အမိန့်ပေးနိုင်တဲ့ စွမ်းရည်ကြောင့်မဟုတ်ဘဲ စစ်သားတွေရဲ့ စွမ်းရည်နဲ့ပတ်သတ်တယ်။ ဒါတွေအပြင် အာရပ်တွေရဲ့ တိုက်ခိုက်လိုစိတ်က အရမ်းထိုးကျနေပြီ။ ဒီနှင်းမုန်တိုင်းကတင် သူတို့ကို အုပ်စိုးနိုင်နေပြီးသား။ သူတို့က နှင်းထဲမှာကြာကြာနေလေလေ သူတို့ရဲ့အရှုံးက ပို၍သိသာထင်ရှားလေလေပဲ။ အာရပ်စစ်သားတွေ အားလုံးက မြို့ထဲကိုရောက်အောင် ဘယ်လိုထွက်ပြေးရမလဲဆိုတာကိုပဲ တွေးနေမှာ။ ဘယ်သူကမှ တိုက်ခိုက်ဖို့ တွေးနေမှာမဟုတ်ဘူး။ ဒါကြောင့် တိုင်တန်သုံးယောက်က တွေးထားတဲ့ နည်းလမ်းတွေ အစီအစဉ်တကျ နေခိုင်းတဲ့ နည်းလမ်းတွေက ဘယ်လောက်ပဲရက်စက်ရက်စက် ဒါကို မပြောင်းနိုင်သေးဘူး”
ဝမ်ချောင်၏ မျက်ဝန်းက ဉာဏ်ပညာရှိမှု အလင်းများဖြင့် တောက်ပလာသည်။ လောကရှိ မည်သည့်အရာကမှ သူ့ကိုခက်ခဲအောင် မလုပ်နိုင်ပုံပေါ်သည်။ ထိုအရည်အသွေးများကြောင့်လည်း အနားရှိ လူများက သူ့ကိုလေးစားရခြင်းဖြစ်သည်။
“ဒါကြောင့် အမှောင်အလင်းတန်းရဲ့ တိုင်တန်သုံးယောက်တောင်မှ စစ်သားတွေအများကြီး မစုစည်းနိုင်ဘူးလို့ ငါယုံတယ်။ တစ်သိန်းတောင် မကျော်နိုင်ဘူး”
ဝမ်ချောင်က ပေါ့ပါးစွာပြောလိုက်သည်။
သဘာဝ၏အရှေ့တွင် လူသားများ၏ခွန်အားက သိသာထင်ရှားခြင်း မရှိတော့ချေ။ ထို့ပြင် ဒါဟာ သာမာန်နှင်းမုန်တိုင်းမဟုတ်ချေ။ စစ်သားတိုင်းက ထွက်ပြေးရန် တွေးတောနေသည့် အခိုက်အတန့်မျိုးတွင် အမှောင်အလင်းတန်း၏ တိုင်တန်သုံးယောက်ကပင် အင်အားမဲ့ရပေလိမ့်မည်။ အင်အားစုတစ်သိန်းကို စုစည်းနိုင်ခြင်းကတင် အလွန်အမင်း လေးစားဖွယ် ကောင်းနေပြီဖြစ်သည်။
ဟူး....
လူတိုင်းက စကားမဆိုကြသော်လည်း အားလုံးဟာ အများကြီးစိတ်အေးသွားပုံပေါ်သည်။ အင်အားစုတစ်သိန်းက များသေးသည်။ သို့သော် လက်ခံ၍ရသေးသည်။ ပိုဆိုးသည်မှာ မဟာထန်ဘက်တွင် အင်အားစု နှစ်သောင်းသာရှိသည့်တိုင်အောင် အားလုံးဟာ အက်ပါရန်ကာတာဖရက်ကဲ့သို့ လက်ရွေးစင်များဖြစ်နေသည်။ သူတို့၏ နှစ်သောင်းဆိုသော ပမာဏကတင် အနိုင်ရနိုင်ချေ အလွန်မြင့်နေသည်။
“ချောင်အာ ငါတို့အခုဘယ်လိုလုပ်ရမလဲ”
ဝမ်ချောင်၏အဖေ ဝမ်ရန်ကရုတ်တရက်ပြောသည်။
တိုက်ပွဲဟာ အလွန်အမင်း အရေးပါသည်။ ထို့ကြောင့် ဝမ်ရန်သည် သူ၏အရှိန်အဝါ ပြင်းထန်သည့် နတ်ဘုရား အဗာတာကို ဆုံးရှုံးလိုက်ရသည့်တိုင်အောင် လေးစားဖွယ်ကောင်းသော ခွန်အားများကို သယ်ဆောင်ထားနေသေးသည့်အတွက် ဒီတိုက်ပွဲတွင် မဟာထန်အတွက် အကျိုးပြုနိုင်သေးလေသည်။
“စောင့်ရမယ်”
ဝမ်ချောင်က ယုံကြည်မှုရှိစွာပြောလာသည်။
.....
နှင်းမုန်တိုင်း၏အလယ်တွင် အမှောင်အလင်းတန်း၏ တိုင်တန်သုံးယောက်က ရှေ့ဆုံးတွင်ရပ်နေသည်။ ဟူလာက ဘေးဘက်ခြမ်းတွင်ဖြစ်၏။ အခြားသော အစိုးရများ၊ ဗိုလ်ချုပ်များအားလုံးက ဘယ်ညာခွဲလျှက် ရပ်နေကြပြီး အနောက်ဘက်တွင် များပြားလွန်းသော စစ်တပ်ကြီးရှိနေသည်။ သူတို့အားလုံးက တိတ်တဆိတ် စောင့်နေကြသည်။ သို့တိုင်အောင် တစ်နာရီကျော်သွားပြီးသည့်တိုင်အောင် ဘာကမျှ ဖြစ်မလာချေ။
“ဘာဖြစ်တာလဲ ထန်တွေရောက်မလာသေးဘူးလား”
အာရပ်အစိုးရတစ်ယောက်က တိတ်ဆိတ်မှုကို စတင်ပြီး ဖြိုခွဲသည်။ သူ၏စကားနှင့်အတူ ဖားတိက မျက်မှောင်ကျုံ့နေမိသည်။ ဟူလာ၏မျက်လုံးကလည်း မကောင်းသော ခံစားချက်နှင့်အတူ လှုပ်ခတ်လာသည်။
“တစ်ခုခုတော့ မှားနေပြန်ပြီ။ ငါတို့ရဲ့ကင်းထောက်တွေ တင်ပြထားတဲ့အတိုင်းဆိုရင် ထန်တွေရဲ့ အရှိန်နှုန်းနဲ့ဆိုရင် အခုချက်ချင်း ရောက်လာပြီး တိုက်ခိုက်သင့်နေပြီ။ ဒီလောက်ထိ ကြာနေစရာ အကြောင်းမရှိဘူး။ အဲ့ဒီလိုမဟုတ်မှ...”
ရုတ်တရက်သူက အတွေးတစ်ခုရသွားသည်။ ဟူလာက ဆက်မပြောသော်လည်း သူ၏မျက်နှာက ဖြူဖျော့သွားသည်။
“သူတို့က တမင်အချိန်ဆွဲတာမျိုး မဟုတ်ရင်ပေါ့”
ဖားရကဝင်ပြောသည်။ သူ၏မျက်နှာက မည်းမှောင်နေသည်။ အရာအားလုံးဟာ တိတ်ဆိတ်နေပြီး အာရပ်ဗိုလ်ချုပ်တိုင်း၏ မျက်နှာက တင်းမာသွားသည်။
အရှေ့ပိုင်းလောကမှ ထန်များသည် အကြံအစည်ကြီးလွန်းသည်။ သူတို့က ထွက်မသွားသမျှ တိုင်တန်သုံးယောက်နှင့် ဟူလာကလည်း ထန်များကိုကျောပေးပြီး ရှန်းတသို့မသွားနိုင်ချေ။ ပို၍ဆိုးသည်မှာ နှင်းမုန်တိုင်းဟာ အချိန်ကြာလာသည်နှင့်အမျှ ပို၍သာ ကြောက်မက်ဖွယ်ကောင်းလာပြီး အပူချိန်က ဆက်တိုက်ထိုးကျလာသည်။ သူတို့၏စစ်တပ်က ယခုလိုခဲနေသည့် ကွင်းပြင်ကြီးတွင် ကြာကြာနေလေလေ ဆိုးရွားသော အခြေအနေက ဖြစ်လာလေလေဖြစ်သည်။ ထန်များကလည်း တမင်တကာ အချိန်ဆွဲပြီး ဒုက္ခရောက်အောင် ဖိအားပေးနေသည်မှာ ရှင်းလင်းနေသည်။
“သေစမ်း”
“ဒီမျိုးမစစ်တွေ”
အာရပ်အစိုးရတိုင်းက အံ့တကြိတ်ကြိတ်နှင့် လက်သီးတဆုပ်ဆုပ် ဖြစ်လာကြသည်။ ဒီတိုင်းသာ ဆက်ဖြစ်နေလျှင် သူတို့ဟာ ခုခံရသည့် အနေအထားတွင်သာ ရှိနေပေလိမ့်မည်။
“မဟုတ်ဘူး ငါတို့ဒီတိုင်း ခုခံတဲ့ပုံစံမျိုးနဲ့ စောင့်နေလို့မရဘူး။ သူတို့မလာရင် ငါတို့သွားမယ်။ ဟူလာ ငါ့ရဲ့အမိန့်ကိုထုတ် စစ်တပ်တစ်ခုလုံးကို လုပ်ကြံသတ်ဖြတ်ဖို့ စုစည်းခိုင်းလိုက်တော့”
ဖားတိ၏မျက်ဝန်းက အေးစက်သောအလင်းနှင့် လက်သွားပြီး ဆုံးဖြတ်ချက်ချလိုက်သည်။
တိုက်ခိုက်လာမည့် အချိန်ကို ဒီတိုင်းထိုင်စောင့်နေခြင်းက သွားရောက်တိုက်ခိုက်ခြင်းနှင့် မယှဉ်နိုင်ချေ။ ပို၍ဆိုးသည်မှာ နှင်းမုန်တိုင်းက အခြေအနေ ဆိုးသထက်သာ ဆိုးလာသည်။ ထို့ကြောင့် အာရပ်များအနေဖြင့် လက်ရှိအခြေအနေမျိုးမှ လွတ်မြောက်အောင် ထိုသို့သာ အရင်လက်ဦးမှုယူပြီး တိုက်ခိုက်ရတော့ပေမည်။
အခန်း(၁၁၈၄)
“အသင့်ပြင်”
အာရပ်များက စတင်ကာ စုစည်းလာသည့် အခိုက်အတန့်တွင် အဝေးမှဝမ်ချောင်က ရုတ်တရက် ပြုံးလိုက်သည်။
“အာရပ်တွေက သုံးဖွဲ့ခွဲပြီး စပြီးတိုက်ခိုက်လာကြလိမ့်မယ်။ အရှင်ကောင်း၊ ဗိုလ်ချုပ်ကြီးပါးရန် ငါတို့လည်း လှုပ်ရှားဖို့ပြင်ဆင်ရအောင်”
ဘန်း
အင်အားစုနှစ်သောင်းက စတင်ကာထွက်ခွာပြီး တစ္ဆေသရဲများအလား နှင်းမုန်တိုင်းအတွင်းသို့ ဝင်ရောက်ကာ ပျောက်ကွယ်သွားကြသည်။ ဒီတစ်ကြိမ်တွင် ဝမ်ချောင်၏လူများက အမှောင်အလင်းတန်း၏ တိုင်တန်သုံးယောက်က စုစည်းထားသော စစ်တပ်ကြီးရှိရာဘက်သို့ ဝင်ရောက်ခြင်းမရှိလေဘဲ အနောက်မြောက်ပိုင်းသို့ ဦးတည်သွားခြင်းဖြစ်သည်။ သူတို့၏ခွာမှ မိုးခြိမ်းသံလို ကျယ်လောင်မှုများက လေ၏ဟိန်းသံအတွင်း ရောနှောကာ ပျောက်ကွယ်သွားသဖြင့် အသံအနည်းငယ်သာ ထွက်စေသည်။
ခြိမ်း
သိပ်မကြာခင် ပိန်းပိတ်အောင် မည်းမှောင်သော စစ်မြင်းသုံးကောင်က နှင်းမုန်တိုင်းအတွင်းမှ ခုန်ထွက်လာသည်။ အနောက်ဘက်တွင်လည်း အင်အားစုသောင်းကျော်က ပါသည်။ သူတို့သည် ဝမ်ချောင်၏ အင်အားစုရှိခဲ့သော နေရာတွင် ပေါ်လာခြင်းဖြစ်သည်။
“ဘာဖြစ်တာလဲ ထန်တွေဘယ်မှာလဲ”
အမှောင်အလင်းတန်း၏ တိုင်တန်သုံးယောက်ကပင် ရှင်းလင်းနေသော နေရာကြောင့် ကြောင်သွားသည်။
မုတ်ဆိတ်မွှေးနှင့် အာရပ်အစိုးရကြီး တစ်ယောက်က အံ့ကိုကြိတ်ရင်း ပြောသည်။
“သောက်ကျိုးနည်းကောင်တွေ ထွက်ပြေးသွားကြပြီ”
ထန်များသည်လည်း သူတို့လာမည့် အခြေအနေကိုသိပြီး ကြွက်များလို ထွက်ပြေးသွားကြခြင်းဖြစ်သည်။ ရိုးရှင်းစွာဖြင့် သူတို့က အာရပ်များနှင့် ထိပ်တိုက်ရင်မဆိုင်ရဲချေ။
ထိုအခိုက်အတန့်တွင် မုန်တိုင်းကိုကျော်ဖြတ်၍ ဝင်ရောက်လာသည့် သတ္ထုချင်းထိခတ်သံနှင့် တိုက်ခိုက်သံများကို ကြားလိုက်ရသည်။ အသံမှတစ်ဆင့် တိုက်ပွဲက အလွန်ဝေးသော နေရာတွင်ဖြစ်သည်။ ထို့ကြောင့် လူတိုင်းက အာရုံစိုက်မိသွားသည်။
ဖားတိက ရုတ်တရက် အခြေအနေကို သိလိုက်ပြီးအော်သည်။
“မကောင်းတော့ဘူး ဒါက နောက်တန်းမှာ ကျန်ခဲ့တဲ့ စစ်သားတွေပဲ။ သွားကြည့်ကြစို့”
သူဟာ ဆက်လက်ပြီး တွေးတောခြင်းမရှိဘဲ မြင်းကိုချာကနဲပြန်လှည့်ကာ ဘယ်ဘက်ခြမ်းသို့ သွားသည်။ အခြားသောသူများ အားလုံးက အနောက်ဘက်မှ အလန့်တကြားလိုက်ကြသည်။ ဟူလာကပင် အလွန်ထိတ်လန့်သွားသည်။
ယခုလိုတိုက်ခိုက်ရန်အတွက် စစ်တပ်က သုံးဖွဲ့ခွဲထားသည်။ ဘယ်ညာအလယ်တွင်ဖြစ်သည်။ ဘယ်နှင့်ညာက အရင်ထွက်ခွာသွားပြီး ဝိုင်းထားရမည်ဖြစ်သည်။ ထိုသို့ဖြင့် အလယ်မှအဖွဲ့မှ နောက်ဆုံးမှ ထွက်ခွာလာခဲ့ခြင်းဖြစ်သည်။ အာရပ်များ၏ ဗျူဟာက အလွန်ရိုးရှင်းသည်။ အလယ်မှအဖွဲ့သည် မဟာထန်ကို မျှားထုတ်နေကြောင်းဖြစ်သည်။ ထန်များက တိုက်ခိုက်ရင်း ပိတ်မိသွားသည့် အခိုက်အတန့်တွင် ဘယ်နှင့်ညာမှ အဖွဲ့များက ဘေးဘက်မှဝိုင်းလျှက် ထွက်လာပြီး အထိနာအောင် လုပ်ရမည်ဖြစ်သည်။
ထိုကဲ့သို့သော အခိုက်အတန့်မျိုးတွင် ဘယ်နှင့်ညာမှ အဖွဲ့များကိုမတွေ့ရသောကြောင့် ဟူလာက ထိတ်လန့်သွားသည်။ တိုက်ခိုက်သံများကလည်း အနောက်ဘက်မှ လာခြင်းဖြစ်သည်။
ညာဘက်ခြမ်းက အဆင်ပြေဖို့မျှော်လင့်တာပဲ။
ဟူလာက စိုးရိမ်တကြီး တွေးလိုက်သည်။ သူ၏စိတ်အတွင်း အလွန်အမင်း မသက်မသာဖြစ်စေသည့် ခံစားချက်တစ်ရပ်က ထွက်ပေါ်လာနေသည်။
.....
ခြိမ်း
တခဏခန့်ကြာပြီးနောက် တိုင်တန်သုံးယောက်နှင့် ဟူလာတို့က ဘယ်ဘက်ခြမ်းသို့ ရောက်သွားသည်။ ထိုနေရာက လီအနည်းငယ်သာဝေးသည်။ ထိုနေရာရှိနှင်းများက နင်းချေခံထားရပုံရပြီး တိုက်ပွဲ၏ အမှတ်အသားများက ဖုံးလွှမ်းနေ၏။ နှင်းမုန်တိုင်းကပင် အချိန်တိုအတွင်း မဖုံးအုပ်နိုင်လောက်အောင် သိသာနေသည်။ ဘယ်ဘက်ခြမ်းတွင် မည်သူကမှ မရှိတော့ချေ။ မြေပြင်က အာရပ်အလောင်းများဖြင့် ပုံနေပြီဖြစ်ပြီး တကွဲတပြားစီ လွင့်ထွက်နေသည့် စစ်မြင်းအလောင်းများကိုလည်း မြင်ရသည်။ အချို့သော စစ်မြင်းများက အသက်ရှုနေကြသေး၏။ သို့သော် သူတို့အသက်ရှုထုတ်လိုက်ချိန်တိုင်း အဖြူရောင် အငွေ့များက ထွက်သွားသည်။ သို့သော် သိပ်မကြာခင် တဖြည်းဖြည်းချင်း ခဲလာပြီး လှုပ်ရှားမှုကင်းမဲ့သွားကြသည်။
အလောင်းပေါင်းများစွာ၏ အလယ်တွင် မီးတောက်အစိုးရ အပုစာ၏အလောင်းကို ဖားတိတို့က ရှာတွေ့လိုက်သည်။ သူ၏ခန္ဓာကိုယ်က ဓားခုတ်ရာများနှင့် ပြည့်နှက်နေပြီး သွေးနှင့်စွမ်းအင်များက ခြောက်ကပ်သည်အထိ အစုပ်ခံလိုက်ရသည်။ သူ၏ခန္ဓာကိုယ်က လှုပ်ရှားမှုကင်းမဲ့သွားပြီး မျက်နှာက မြေပြင်ကိုအပ်လျှက် ကျနေသည်။ အနီးအနားတွင်လည်း အနက်ရောင် အာရေးဗီးယား စစ်အလံကြီးက မြေပြင်သို့လွင့်ပစ်ခံထားရသေးသည်။ ထို့ပြင် အလံကိုပင် စုတ်ဖြဲကာ ခုတ်ပိုင်းထားကြသေး၏။ ကြောက်မက်ဖွယ်ကောင်းသည့် လေပြင်းအောက်တွင် အလံကတဖြည်းဖြည်းချင်း ခဲလာသည်။
ဒီစစ်အလံကပင် သွေးများနှင့်အတူခဲသွားသည်။
“ငါတို့ထောင်ချောက်မိသွားပြီ”
ဖားတိ၏မျက်ဝန်းက ဒေါသများနှင့် တောက်လောင်လာသည်။ သူ၏လက်သီးက ကျစ်ကျစ်ပါအောင် ဆုပ်ထားရသဖြင့် ကျိုးလုနီးပါးဖြစ်လာသည်။
“ဒါပေမဲ့ ငါတို့က သုံးဖွဲ့ခွဲပြီးသွားတာကို သူတို့က ဘယ်လိုသိတာလဲ”
အစိုးရတစ်ယောက်ကမေးသည်။
ထိုမေးခွန်းကို မည်သူကမှ မဖြေနိုင်ချေ။ အာရပ်အင်အားစုကို သုံးဖွဲ့ခွဲပြီး သွားရန်ဆုံးဖြတ်ခဲ့ခြင်းက နေရာတွင် ချမှတ် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ သို့သော် ထန်များကမူ သိနေ၏။ သူတို့သည် အောင်မြင်စွာနှင့် ဖားတိက ဦးဆောင်နေသည့် အဓိကအင်အားစုကို ရှာဖွေနိုင်ခဲ့ရုံသာ မကသေးလေဘဲ ခွဲကာလွှတ်ထားသည့် အဖွဲ့များကိုပင် သွားရောက်တိုက်ခိုက်နိုင်ခဲ့သေးသည်။
တိုက်ပွဲက လျှင်မြန်စွာ အဆုံးသတ်သွားသည်။ ရန်သူက အခွင့်အရေး အပြည့်အဝ ယူလိုက်နိုင်သည်။ မီးတောက်အစိုးရ အပုစာသည် တိုက်ပွဲ၏ အစပိုင်းကတည်းက သေခဲ့ခြင်းဖြစ်လောက်သည်။ ကျန်သောအင်အားစုများဆိုလျှင်မူ မည်သည့်နည်းနှင့်မျှ မယှဉ်နိုင်ခဲ့ချေ။
“ဒီမျိုးမစစ်တွေ”
ဖားတိက ဒေါသများဖြင့် တောက်လောင်နေသည်။ သူက စကားပြောပြီးနောက် ရုတ်တရက် သူ့ကိုဖြတ်ကာ မြင်းစီးသွားသည့် ပုံရိပ်တစ်ခုကို တွေ့လိုက်သည်။
“ဟူလာ မင်းဘယ်သွားမလို့လဲ”
“ညာဘက်ခြမ်း”
ဟူလာ၏အဖြေက တိုသည်။ သူက နှင်းမုန်တိုင်းအတွင်းသို့ ခပ်မြန်မြန် ဝင်ရောက်သွားသည်။ သူ၏အနောက်မှ ဖားတိနှင့် ဖိုင်ရတို့က ရုတ်တရက် တစ်စုံတစ်ရာကို နားလည်လိုက်ပြီး တုန်ယင်သွားကြကာ ဟူလာ၏နောက်သို့ စလိုက်သည်။ ငါးမိနစ်ဝန်းကျင်ခန့် ကြာပြီးနောက် သူတို့အဖွဲ့က ဒုတိယမြောက် တိုက်ပွဲနယ်မြေသို့ ရောက်သွားသည်။
သူတို့က အန္တရာယ်ကို အာရုံခံမိသည့် အခိုက်အတန့်တွင် အရှိန်နှုန်းမြှင့်ပြီး ပြေးထွက်ခဲ့သည်။ သို့သော် နောက်ကျသွားပြန်သည်။ တိုက်ပွဲကပြီးသွားသည်။ နှင်းနှင့်အလောင်းများသာ ကျန်ရစ်သည်။
“နောက်ကျသွားပြီ သူတို့ထွက်သွားပြန်ပြီ”
ဟူလာက နှင်းထဲသို့ ဒူးထောက်ကျသွားပြီး သွေးများစွန်းထင်နေသည့် ရေခဲတုံးတစ်တုံးကို ကောက်ယူလိုက်သည်။
ရေခဲတုံးပေါ်ရှိသွေးများက အပြည့်အဝ မခဲသေးချေ။ ထို့ကြောင့် ရန်သူထွက်သွားသည်မှာ သိပ်မကြာလောက်သေးချေ။
“အရှင် ဒီစွမ်းအင်တွေကို ခွဲခြားနိုင်လား”
အာရပ်အစိုးရတစ်ယောက်က လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်လျှက် အနားသို့ရောက်လာသည်။ သူ၏မျက်နှာတွင် ဒေါသများကိုမြင်နိုင်သည်။
“တအားခက်တယ်။ သူတို့က ငါတို့စစ်သားတွေနဲ့အတူ ရောနေတာ။ လီနှစ်ဆယ်ကနေ သုံးဆယ်လီတိုင်းမှာ စစ်သည်သိန်းပေါင်းများစွာ ရှိနေတာ။ အဲ့ဒီထဲက အယောက်နှစ်သောင်းလောက်ကို ခွဲထုတ်ဖို့က မဖြစ်နိုင်ဘူး”
ဖားတိကပြောသည်။
ဖားတိထည့်မပြောသည့် အခြားသော အချက်တစ်ချက် ရှိနေသေးသည်။ နှင်းမုန်တိုင်းက ရိုးရှင်းသော ရာသီဥတု ဆင့်ကဲပြောင်းလဲခြင်းဖြစ်စဉ်တစ်ခု မဟုတ်ချေ။ ပြင်းထန်လွန်းသော စွမ်းအင်များကိုလည်း သယ်ဆောင်လာသေးသည်။ ထို့အတူ ဆက်တိုက်ထိုးကျနေသော အပူချိန်က အမှောင်အလင်းတန်း၏ တိုင်တန်သုံးယောက်တို့ကဲ့သို့ အင်အားကြီးမားသော မဟာဗိုလ်ချုပ်ကြီးများ၏ အာရုံခံနိုင်စွမ်းအားကိုပင် နှောက်ယှက်ထားသေးသည်။ လူသားများ၏ အင်အားက သဘာဝ အရှိန်အဝါ၏ အရှေ့တွင် လျစ်လျူရှု့ရသည်အထိ ဖြစ်သွားသည်။ ထို့ကြောင့် မဟာဗိုလ်ချုပ်ကြီးများကပင် ချွင်းချက်မရှိပေ။
“ငါတို့သူတို့ရဲ့ ဗိုလ်ချုပ်ကို မရှာနိုင်ဘူးလား”
နောက်ထပ်ဗိုလ်ချုပ်တစ်ယောက်က ပြောသည်။
“မဟာဗိုလ်ချုပ်ကြီးတွေကပဲ မဟာဗိုလ်ချုပ်ကြီးတွေကို သတ်နိုင်တယ်။ ငါတို့ကသာ သာမာန်စစ်သားတွေကို မရှာနိုင်ရင် ဘာလို့ သူတို့ရဲ့ ဗိုလ်ချုပ်မှူးကြီးတွေကို ပစ်မှတ်မထားရမှာလဲ”
နှစ်ကြိမ်ဆက်တိုက် ခံခဲ့ရသည့် အလုံးအရင်းနှင့် သတ်ဖြတ်မှုက လူတိုင်း၏ဒေါသကို ဆွထားသည်။ သို့တိုင်အောင် ဒါဟာ တစ်ဖက်သတ် လုပ်ကြံသတ်ဖြတ်ခြင်းဖြစ်နေသည်။
ဘယ်ဘက်နှင့်ညာဘက်ခြမ်းမှ မြင်းတပ်အဖွဲ့ဝင်များက တပ်ကူများ မရောက်လာခင်အထိပင် မထိန်းထားနိုင်ခဲ့ပေ။
“မဖြစ်နိုင်ဘူး”
ဖားတိက မပြောနိုင်သေးခင် ဟူလာက ငြင်းပယ်သည်။ သူ၏မျက်လုံးများကလည်း နာကျင်မှုနှင့် တောက်လောင်နေပြီး သတ်ဖြတ်လိုစိတ်များက ပြင်းထန်နေသည်။
“ဒီသောက်ကျိုးနည်း မျိုးမစစ်ကောင်တွေက စွမ်းအားတွေအားလုံးကို ချုပ်ထိန်းထားတာ။ ငါတို့ သူတို့ကို ဘယ်လိုနည်းနဲ့မှ အာရုံမခံနိုင်ဘူး။ မဟာဗိုလ်ချုပ်ကြီးတွေရဲ့ စွမ်းရည်နဲ့ အချင်းချင်း အာရုံခံနိုင်တယ်ဆိုတာတွေက ဒီနေရာမှာ အသုံးမဝင်တော့ဘူး”
“ဘာ”
လူတိုင်းက ကြောင်သွားသည်။
“ဒါပေမဲ့အရှင် ထိပ်တန်းအဆင့် သိုင်းတွေကပဲ မဟာဗိုလ်ချုပ်ကြီးတွေရဲ့ စွမ်းအင်ကို ပိတ်လှောင်ပေးထားနိုင်တာ မဟုတ်လား။ ရန်သူက ငါတို့ရဲ့မဟာဗိုလ်ချုပ်ကြီးတွေကို ခပ်မြန်မြန် လာသတ်သွားနိုင်ဖို့အတွက်ဆိုရင် သူတို့က တစ်ယောက်ထက်ပိုပြီး စေလွှတ်ထားရမှာပေါ့။ ဆိုလိုတာက သူတို့ရဲ့ မဟာဗိုလ်ချုပ်ကြီးတွေတိုင်းက ဒီလောက်ထိ လေးစားဖို့ကောင်းတဲ့ စွမ်းအားဖုံးကွယ်ထားနိုင်တာလား”
နောက်ထပ် ဗိုလ်ချုပ်တစ်ယောက်ကပြောသည်။
ထိုလူက အဆင့်မြင့် ဗိုလ်ချုပ်တစ်ယောက်၏ သံချပ်ကာမျိုးကို ဝတ်ဆင်ထားပြီး အစိုးရတစ်ယောက်၏ အနောက်တွင် ရပ်နေသည်။ ရှင်းလင်းသည်မှာ သူသည်လည်း အဆင့်မြင့်အဆင့် လက်ထောက်အစိုးရဖြစ်သည်။
လက်ထောက်အစိုးရတိုင်းက သတင်းအချက်အလက် အများကြီး ပိုင်ဆိုင်ထားသူများ ဖြစ်ကြသည်။ မဟာဗိုလ်ချုပ်ကြီးအဆင့် ကျွမ်းကျင်ပညာရှင်များ တစ်ယောက်နှင့်တစ်ယောက် ဆက်စပ်မှုရှိကြောင်း သိကြသည်။ ထိုအချက်ကို မဟာဗိုလ်ချုပ်ကြီးများက ဖုံးကွယ်ထားသည့်တိုင်အောင် လက်ထောက်များကမူ သိကြ၏။
အနည်းဆုံး သူသိထားသည့် အချက်အလက်အရ ခိုရာစန်းကို သိမ်းပိုက်သည့် စီမံကိန်းသို့ လာရောက်ခဲ့သော အစိုးရများထဲမှ လူနည်းစုလောက်ကသာ ထိုသို့လုပ်နိုင်သည်။
“ငါရှင်းပြပေးနိုင်တယ်”
အမှောင်အလင်းတန်း၏ ဓားသွား အမ်ရွန်က ကြွက်သားအပြည့်နှင့် တောင့်တင်းသန်မာသော အနက်ရောင် စစ်မြင်းကြီးကိုစီးလျှက် နှင်းမုန်တိုင်းထဲမှ ထွက်လာသည်။ သူ၏အကြည့်က အရှေ့တွင်သာဖြစ်သည်။ သူ၏အမူအရာကလည်း တင်းမာနေသည်။
“ရန်သူရဲ့ ထိပ်တန်းအဆင့် ကျွမ်းကျင်ပညာရှင်တွေထဲမှာ သဘာဝဖြစ်စဉ်ထဲက စွမ်းအင်ကို ထိန်းချုပ်နိုင်ပြီး မူလစွမ်းအင် စီးဆင်းမှုကို ငါတို့တွေ အာရုံမခံနိုင်အောင် တားဖြစ်ထားနိုင်တဲ့ အရမ်းကို လေးစားဖို့ကောင်းတဲ့ တစ်စုံတစ်ယောက်ရှိနေတယ်။ ရန်သူက ဒီတိုက်ပွဲအတွက် ပြင်ဆင်ပြီးလာတာ။ ဒါကြောင့် အခြေအနေက ငါတို့အတွက် ဘယ်လိုနည်းနဲ့မှ အကျိုးမသာနိုင်ဘူး။ မဟာဗိုလ်ချုပ်တွေကြားက ဆက်နွယ်မှုဆိုတာတွေထက် ငါတို့ရဲ့ မျက်စိတွေ နားတွေကမှ ပိုပြီးအသုံးဝင်လိမ့်မယ်။ အနည်းဆုံး ငါတို့က တိုက်ခိုက်သံကို ကြားနိုင်ရင် အပြေးသွားလို့ရသေးတယ်”
အမ်မာ၏စကားက တိုင်တန်များနှင့် ဟူလာတို့အားလုံးကိုပင် တိတ်ကျသွားစေသည်။ သူတို့၏နှလုံးသားကလည်း ကျောက်တုံးများအလား နစ်မြုပ်လာသည်။ ဒီတိုက်ပွဲဟာ သူတို့မျှော်လင့်ထားသမျှ အခြေအနေတိုင်းထက် ခက်ခဲလွန်းအားကြီးသည်။ သူတို့ဘက်တွင် အင်အားစု ငါးသိန်းကျော် အလေးသာနေသည့်တိုင်အောင် နှင်းမုန်တိုင်းကြောင့် တကွဲတပြားစီဖြစ်ရင်းနှင့် အရေအတွက် အပြတ်အသတ်သာသည်ဆိုသော အားသာချက်ကိုပင် မထုတ်သုံးနိုင်တော့ချေ။ အနှစ်ချုပ်ဆိုရသော် ထန်များက သူတို့ကို အမြဲတစေ နည်းလမ်းအမျိုးမျိုးနှင့် ရှာနိုင်နေခဲ့သည်။ ထို့ကြောင့် ရှု့ထောင့်တစ်ခုမှကြည့်သော် သူတို့ ဒီတိုက်ပွဲတွင် ရှုံးပြီးလေပြီ....
လီတစ်ဆယ်ကျော်အကွာတွင် အာရပ်စစ်သည် သောင်းကျော်က အဖြူရောင် လယ်ကွင်းကြီးအလား တကွဲတပြားဖြစ်လျှက်ရှိသည်။ သူတို့သည် နှင်းများကိုကျော်ဖြတ်လျှက် အနောက်ပိုင်းသို့ ခရီးဆက်နေသည်။ ထိုတစ်လောကလုံးက တိတ်ဆိတ်နေသည်။
“သတ်”
ရုတ်တရက် တည်ငြိမ်မှုကို အော်ဟစ်သံက ဖြိုခွဲလိုက်သည်။ မည်သူကမှ မတုန့်ပြန်နိုင်သေးခင် မြင်းတပ်တစ်ဖွဲ့က ထွက်လာသည်။ သူတို့၏သံချပ်ကာများက နှင်းများဖုံးလွှမ်းနေပြီး မြောက်ပိုင်းမှ ခုန်လျှက် ထွက်ပေါ်လာသည်မှာ မျှားတစ်ချောင်း ထိုးဝင်လာသည့်အလား ထွက်ပြေးသော စစ်တပ်တစ်ခုလုံးကို ကစဉ့်ကလျားဖြစ်သွားစေသည်။
ချွင်
အလင်းကအေးစက်စွာ တောက်ပလာပြီးနောက်တွင် တုန့်ပြန်သည့်အနေဖြင့် လေထဲသို့ တစ်ခေါင်းပြီးတစ်ခေါင်း မြောက်တက်သွားသည်။ သိပ်မကြာခင် ဒုတိယ၊ တတိယ၊... မြင်းတပ် တပ်ဖွဲ့ပေါင်းများစွာက ချီတက်လာကြပြီး အာရပ်များကိုသတ်ကြသည်။
“ခိုရာစန်းနီပဲ”
“ရန်သူတွေ တိုက်ခိုက်လာပြီ ပြေးတော့”
အာရပ်မြင်းသမားတစ်ယောက်က ရန်သူ၏နောက်ခံကို ချက်ချင်းအတည်ပြုလိုက်နိုင်သည်။ အာရပ်များသည် ခိုရာစန်းကို အချိန်အကြာကြီး သိမ်းပိုက်ထားခဲ့ပြီး တစ်ဖက်သူ၏ ရုပ်ရည်သွင်ပြင်နှင့် ရင်းနှီးကျွမ်းဝင်နေခဲ့ပြီးသားဖြစ်သည်။ ထို့ကြောင့် တစ်ချက်ကြည့်လိုက်ရုံနှင့် တစ်ဖက်သူ၏ ခန္ဓာကိုယ် ပြုမူပုံများအရ ထိုသူဟာ မည်သူဖြစ်ကြောင်း သိလိုက်သည်။ ထိုလူက အော်ဟစ်ပြီးပြီးချင်း စစ်တပ်တစ်ခုလုံးက ကစဉ့်ကလျားဖြစ်ကာ အရပ်မျက်နှာအနှံ့ ထွက်ပြေးကြသည်။
သို့ရာတွင် နှင်းမုန်တိုင်းထဲတွင် နာရီပေါင်းများစွာ နေထိုင်ခဲ့ပြီးနောက် ထိုစစ်သားများအားလုံးက ရုပ်ပိုင်းဆိုင်ရာ အရပင်ဖြစ်စေ၊ အင်အားအရပင်ဖြစ်စေ၊ ကြယ်တာရာစွမ်းအင်အရပင်ဖြစ်စေ မောပန်းနွမ်းနယ်နေကြပြီဖြစ်သည်။ ထို့ကြောင့် စတင်ပြေးသည်နှင့် သူတို့၏ အရှိန်နှုန်းက အများကြီးနှေးကွေးသွားပြီး ဝရုန်းသုန်းကားဖြစ်သွားသည်။
ခွက် ခွက် ခွက်
ထိုသို့ဖြင့် အာရပ်မြင်းသမား တစ်ယောက်ပြီးတစ်ယောက်က လဲကျသည်။ အချို့ကမူ မျက်လုံးထဲတွင် စိတ်ပျက်အားငယ်မှုအပြည့်နှင့် ထန်နှင့်ခိုရာစန်းနီများကိုပင် သူတို့နှင့်အတူ ခေါ်သွားလိုသေးသည်။ ထို့ကြောင့် ဓားမောက်ရှည်များကိုမြှောက်ကာ သတ်ရန် ကြိုးစားကြသေးသည်။ သို့သော် သူတို့၏ ရန်သူကမူ အလွယ်တကူ ရှောင်နိုင်နေသည်။
ထို့နောက် အေးစက်သောအလင်းက ဖြတ်ပြေးသွားသည်။ အာရပ်များက မြင်းများပေါ်မှ ခုတ်ဖြတ်ခံရရင်း ပြုတ်ကျသွားသည်။
သူတို့သည် နှင်းမုန်တိုင်းထဲတွင် အချိန်အတန်ကြာ အော်နေခဲ့ပြီး သူတို့၏ ခြေလှမ်းများကပင် တောင့်ခဲလာပြီဖြစ်သည်။ ထို့ကြောင့် ယခင်ကကဲ့သို့ ဖြတ်လတ်သန်မာခြင်းမရှိတော့ချေ။
အခန်း(၁၁၈၅)
တိုက်ပွဲက လျှင်မြန်စွာ အဆုံးသတ်လိုက်နိုင်သည်။ တစ်ချက်ကြည့်လိုက်ရုံနှင့် အာရပ်၊ ထန်၊ ခိုရာစန်းနီနှင့် ပုန်ကန်သူစစ်သားများက နှင်းများအကြားတွင် တိုက်ခိုက်နေကြောင်း မြင်ရမည်ဖြစ်သည်။ နောက်တန်းတွင် ငယ်ရွယ်သည် ပိန်ပါးသော ခန္ဓာကိုယ်ပိုင်ရှင် လူငယ်လေးတစ်ယောက်က မြင်းကို ခပ်ဖြည်းဖြည်း စီးနင်းလာသည်။ သူ၏ကိုယ်ပေါ်ရှိ ဝတ်ရုံများက လေတွင်လွင့်နေသည်။
ဝမ်ချောင်က ပတ်ဝန်းကျင်ကို ဂရုတစိုက် အကဲခတ်ကြည့်သည်။ သူ၏နားထဲတွင် အော်သံများက ပဲ့တင်ထပ်နေသေးသည်။ သူ၏မျက်လုံးကမူ ခံစားချက်များကို ထုတ်ပြခြင်းမရှိချေ။ ဒီတိုက်ပွဲဟာ သူမျှော်လင့်ထားသည့်အတိုင် အတိအကျ ဖြစ်လာသည်။ အချိန်ကြာလာသည်နှင့်အမျှ အာရပ်များ၏ အခြေအနေက ဆိုးသထက် ဆိုးလာသည်။ ဒီလိုတိုက်ပွဲမျိုးတွင် သူကိုယ်တိုင်ဝင်ရောက်ရန်ပင် မလိုအပ်ချေ။
“အသင့်ပြင် အမှောင်အလင်းတန်းရဲ့ တိုင်တန်သုံးယောက်နဲ့ ဟူလာတွေက ငါတို့ရဲ့ ညာဘက်ခြမ်းမှာပဲ။ သူတို့ဒီနေရာကိုရောက်ဖို့ ငါးမိနစ်ပဲကြာမှာ။ ဒီတော့ တိုက်ပွဲကို မြန်မြန်အဆုံးသတ်လိုက်တော့”
ဝမ်ချောင်က ယုံကြည်မှုအပြည့်နှင့်ပြောသည်။ သူ၏အသံက အထူးတလည် ကျယ်လောင်ခြင်း မရှိသော်လည်း လူတိုင်းက ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။
“အရှင် အာရပ်တွေရောက်တာ ဒီလောက်ထိမြန်တာလား”
ရှီယွမ်ချင်က ဝမ်ချောင်၏အနောက်ဘက်မှ လှမ်းမေးသည်။ သူ၏မျက်လုံးထဲတွင် လေးစားမှုများက ပြည့်နှက်နေသည်။
အချို့သော အကြောင်းပြချက်များကြောင့် ဝမ်ချောင်ဟာ အာရပ်များ ရောက်လာမည့် အချိန်ကို တိကျစွာ ပြောနိုင်နေသည်။ သူ၏ခန့်မှန်းနိုင်စွမ်းအားအပြင် တစ်ဖက်သူများ မမှီနိုင်အောင် အမြဲတစေ အကွာအဝေး ခြားနိုင်နေခဲ့သည်။ ယခုလို ကျယ်ပြောလွန်းသော နှင်းမုန်တိုင်းကြီးကပင် ဝမ်ချောင်အပေါ် သက်ရောက်မှု ရှိပုံမရချေ။
ရှီယွမ်ချင်က ကိုယ့်ကိုယ်ကို စမ်းသပ်ကြည့်ရင်း ကြိုးစားကြည့်ခဲ့သည်။ သို့သော် ပြင်းထန်သည့် မုန်တိုင်း၏ အကြားတွင် သူ၏အာရုံခံနိုင်စွမ်းအားများကို ပေတစ်ထောင်အကွာသို့ပင် မချဲ့ထားနိုင်ချေ။
“မလုပ်နိုင်ဘူးဆိုတာ မရှိဘူး။ ငါတို့ရဲ့တိုက်ပွဲက အကြိမ်တိုင်းလိုလို ဝရုန်းသုန်းကား ဖြစ်စေတာ။ လက်နက်ချင်းထိခတ်သံ၊ စွမ်းအင်ချင်း ပေါက်ကွဲသံတွေက မုန်တိုင်းကို ထိုးဖောက်နိုင်တယ်။ ဒီတော့ အမှောင်အလင်းတန်းရဲ့ တိုင်တန်သုံးယောက်လို လူတွေက ဒီလိုအသံမျိုးကို ကြားနိုင်တာပေါ့။ ဒါကြောင့် သူတို့က အပြေးလာကြတာ”
ဝမ်ချောင်က တည်ငြိမ်စွာပြောသည်။
နောက်ဆုတ်သည့် ကိစ္စနှင့်ပတ်သတ်ပြီး နှောင့်နှေးနေစရာ အကြောင်းမရှိပေ။ ဝမ်ချောင်က အသေးစိတ် အချက်အလက်တိုင်းကို ထည့်တွက်ခဲ့ခြင်း မရှိလျှင်ပင် အခြေအနေက ဒီတိုင်းဖြစ်လာပေလိမ့်မည်။ သို့ရာတွင် အမှောင်အလင်းတန်း၏ တိုင်တန်သုံးယောက်နှင့် ဟူလာတို့က အသံကြားပြီးပြီးချင်း အပြေးလာကြသည့်တိုင်အောင် နောက်ကျသွားပြန်သည်။ ဝမ်ချောင်က သူတို့၏ လှုပ်ရှားမှုတိုင်းကို အာရုံခံနိုင်နေသည်။
“ကန်းခယ်ဘုရင်၊ လီစစ်ယဲ့၊ ချွေ့ဖြောင်းချီ၊ ခုံးကျစ်အန်း မင်းတို့အားလုံးလည်း သွားသင့်တယ်။ ဒီတိုက်ပွဲကို အမြန်ဆုံး အဆုံးသတ်လိုက်တော့”
“ဟုတ်ကဲ့”
ကန်းခယ်ဘုရင်၊ လီစစ်ယဲ့နှင့် အခြားသောသူများအားလုံးက ချက်ချင်း မြင်းစီးထွက်သွားသည်။ သူတို့သည် ဝမ်ချောင်ကို ကျော်ဖြတ်ကာ ချီတက်လျှက် တကွဲတပြားစီဖြစ်နေသည့် အာရပ်မြင်းတပ်အတွင်းသို့ ဝင်ရောက်သွားသည်။
တိုက်ပွဲက လျှင်မြန်စွာ အဆုံးသတ်လာလေလေ အော်သံများက ကျယ်လောင်လာလေလေဖြစ်သည်။ ဝမ်ချောင်က ခွာဖြူအရိပ်မြင်းပေါ်တွင်ထိုင်လျှက် တိတ်ဆိတ်နေသည်။ သူက မျက်လုံးကို တစ်ဝက်ခန့်သာ ဖွင့်ထားသည်။
ဝုန်း
ဝမ်ချောင်က ကံကြမ္မာကျောက်တုံးနှင့် ချက်ချင်းလိုလို အဆက်အသွယ် ယူလိုက်သည်။
မည်သူမှမသိသည်မှာ ဝမ်ချောင်၏ မျက်လုံးအရှေ့တွင် ကုန်းမြေကြီး၏ အသေးစား ပုံစံလေးရှိနေသည်။ ဂရုတစိုက်သာ ကြည့်မည်ဆိုလျှင် ထိုပုံစံလေးက ခိုရာစန်းနှင့် ရှန်းတအကြားရှိ တိုက်ပွဲတိုင်းကို အချိန်နှင့်တပြေးညီ ဖော်ပြနေသည်။ အသေးစိတ်တိုင်းလိုလို ဖော်ပြထားလေသည်။
ကုန်းမြေကြီး၏ ပုံစံငယ်အထက်တွင်ပင် တိုက်ခတ်နေသည့် နှင်းမုန်တိုင်းကိုပင် မြင်နိုင်သည်။ ဝမ်ချောင်ဟာ လေဝဲတစ်ခုချင်းစီတိုင်းကို ရေတွက်၍ရသည်ဟုဆို၍ရသည်။ သို့သော် ဝမ်ချောင်၏ အကြည့်ကမူ မကြာခဏဆိုသလို ကောင်းကင်ထံတွင် ရပ်ရပ်နေလေ့ရှိသည်။
ဝုန်း
အလင်းက ဖြတ်ကနဲလက်သွားသည်။ ပုံရိပ်ကြီးက ကြီးသွား၏။ ထို့နောက် သေးငယ်သော အစက်လေးများကလည်း မျက်နှာပြင်ပေါ်တွင် သိသာထင်ရှားလာသည်။ ဝမ်ချောင်က အနောက်ဘက်မှ လျှင်မြန်စွာ ရွေ့လျားလာသည့် အနက်ရောင် အစက်ကြီးများကို မြင်လိုက်သည်။
စိတ်၊ ခန္ဓာကိုယ်၊ စွမ်းအင်၊ သိုင်း၊ အာဏာ... ထိုအချက်ငါးခုသည် ကံကြမ္မာကျောက်တုံး အတွင်းတွင်ရှိသည့် ဆုလာဒ်ခေါင်းစဉ် ငါးခုဖြစ်သည်။ အာဏာသည် နောက်ဆုံးသော ဆုလာဒ်ခေါင်းစဉ်ဖြစ်ပြီး ယခုမှသာ သူ၏စွမ်းအားကို အပြည့်အဝ ထုတ်ပြနိုင်သွားသည်။
ထိုနှင်းမုန်တိုင်းနှင့် ပြင်းထန်သော စွမ်းအင်ဖိအားများက မဟာဗိုလ်ချုပ်ကြီးတစ်ယောက်၏ အာရုံခံနိုင်စွမ်းအားများကိုပင် ရှုပ်ထွေးစေနိုင်သည်။ သို့သော် ဝမ်ချောင်ကမူ အာဏာဆိုသော ဆုလာဒ်ကြီး၏ ထောက်ပံ့မှုကို အပြည့်အဝ ပိုင်ဆိုင်ထားသူ ဖြစ်နေလေရာ ကုန်းမြေကြီး၏ ပုံရိပ်ယောင်မှတစ်ဆင့် အာရပ်၏ လှုပ်ရှားမှုတိုင်းကို အပြည့်အဝ ဖမ်းဆုပ်နိုင်နေသည်။ စစ်သားများ၏ အရေအတွက် သူတို့ဟာ မည်သို့ လူစုခွဲလိုက်ကြောင်း မည်သည့်ဦးတည်ရာဘက်သို့ ထွက်လာကြောင်း မည်သည့်အချိန်တွင် ရောက်မည်ဖြစ်ကြောင်း အားလုံးကို ဝမ်ချောင်က သိနေပြီး ဂရုတစိုက် တွက်ချက်နိုင်နေသည်။
သူ၏အင်အားစု နှစ်သောင်းသာရှိသော လက်ရွေးစင်များက ဝမ်ချောင်အထူးတလည် ပြင်ဆင်ထားသည့် ကုန်းမြေကြီး၏ ပုံရိပ်ယောင်နှင့် ပေါင်းစပ်ပြီး နှင်းမုန်တိုင်းကို ကျော်ဖြတ်သွားလာနေလေရာ ရပ်တန့်၍ မရနိုင်သော အရှိန်နှုန်းကို ထုတ်ပြနိုင်နေသည်။
“ဝမ်ချောင် ငါတို့အားလုံး အာရပ်မြင်းတပ် အဖွဲ့ဝင်တွေနောက်ကို ဆက်လိုက်မှာလား”
နှင်းမုန်တိုင်းအတွင်းမှ လေးလံသော မြင်းခွာသံများက ထွက်ပေါ်လာပြီးနောက် ဝမ်ချောင်က အသိပြန်ဝင်သွားသည်။ သူက ခေါင်းမော့ကာ နှင်းဖြူရောင်စစ်မြင်းကို စီးနင်းအပြေးလာသော ကောင်းရှန်းကျစ်ကို ကြည့်လိုက်သည်။ ဘေးဘက်တွင် ပါးရန်ကရှိ၏။
တိုက်ပွဲက ဝမ်ချောင်မျှော်လင့်ထားသည်ထက် မြန်ဆန်စွာ အဆုံးသတ်သွားသည်။ တခဏခန့်ကြာပြီးနောက် အာရပ်မြင်းသမား တစ်ယောက်မှ မကျန်ရစ်တော့ချေ။ ထို့ပြင် ဒဏ်ရာပြင်းပြင်းထန်ထန်ရပြီး ထွက်ပြေးသွားသော အဖွဲ့ဝင်များက ရှိနေသော်လည်း သူတို့၏ ခန္ဓာကိုယ်များအရ သိပ်ကြာကြာ မခံနိုင်ပုံပေါ်နေသည်။
“မလိုဘူး”
ဝမ်ချောင်က ဖျော့တော့စွာ ပြောလိုက်ပြီး ကောင်းရှန်းကျစ်၏ ကမ်းလှမ်းချက်ကို ပယ်ချလိုက်သည်။ သူတို့သည် အာရပ်မြင်းတပ် အဖွဲ့ဝင်နှစ်ဆယ်မှ သုံးဆယ်ခန့်အထိ တိုက်ခိုက်ပြီးလေပြီး ပမာဏ အနည်းငယ်သာကျန်သည်။ ကျန်သောအင်အားစုကလည်း အလွန်အမင်း ဝေးကွာသောနေရာတွင် တကွဲတပြားစီ ထွက်ပြေးနေကြသော အဖွဲ့များသာဖြစ်လောက်သည်။ ထိုထဲမှ အနည်းငယ်ကဆိုလျှင် လမ်းပျောက်သွားပြီး ဆန့်ကျင်ဘက်အရပ်သို့ သွားနေကြသည်။
သူ၏လူနှစ်သောင်းကိုသုံးပြီး တကွဲတပြားစီဖြစ်နေသော စစ်သားများကို လိုက်သတ်ခြင်းက အချိန်ကုန်သည်။ ဒါဟာ ဉာဏ်ပညာရှိသော လုပ်ရပ်မျိုးမဟုတ်ချေ။ ထိုကဲ့သို့သော အခိုက်အတန့်မျိုးတွင် ဒီနယ်မြေရှိ အကြီးမားဆုံးရန်သူက အမှောင်အလင်းတန်း၏ တိုင်တန်သုံးယောက် ဦးဆောင်သော အဖွဲ့ကြီးဖြစ်သည်။
“သွားရအောင် ငါတို့အခု နောက်ဆုတ်ပြီး သူတို့လာမဲ့အချိန်ကို စောင့်ရမယ်”
ဝမ်ချောင်၏လူများက အမိန့်ကို ချောမွေ့စွာသယ်ဆောင်သည်။ လှုပ်ရှားမှုအနည်းငယ်အတွင်း တိုက်ပွဲနယ်မြေက ရှင်းလင်းပြီးသားဖြစ်သွားပြီး သူတို့ဟာ မြောက်ဘက်ခြမ်းသို့သွားပြီး နှင်းမုန်တိုင်းအတွင်းသို့ ဝင်ရောက်ကာ ပျောက်ကွယ်သွားကြသည်။
ဝမ်ချောင်၏လူများ ပျောက်ကွယ်သွားပြီး သိပ်မကြာခင် ထိုနေရာတွင် မြင်းခွာသံများက သိပ်သည်းစွာ ပေါ်ထွက်လာသည်။ ထို့နောက် အသံက ခိုရာစန်းဘက်မှလာသည်။
ဘုန်း
စစ်မြင်းသောင်းကျော်က တိုက်ပွဲနယ်မြေအတွင်းသို့ လျှင်မြန်စွာ ဝင်ရောက်လာသည်။
အမှောင်အလင်းတန်း၏ တိုင်တန်သုံးယောက်က သူ၏စစ်တပ်ကို ဦးဆောင်ကာ အသံကြားပြီးပြီးချင်း အပြေးရောက်လာခဲ့ခြင်းဖြစ်သည်။ လမ်းတွင်လည်း သူတို့က တွေ့သမျှ အာရပ်မြင်းတပ် အဖွဲ့ဝင်တိုင်းကို ခေါ်ဆောင်ခဲ့သဖြင့် သူတို့၏အင်အားစုက အများကြီးမြင့်မားသွားခဲ့သည်။ ယခုအခါ နှစ်သိန်းကျော်သွားပြီဖြစ်သည်။
ထိုနည်းလမ်းမှတစ်ဆင့် တိုင်တန်သုံးယောက်က အင်အားပိုများလာပြီး ဝမ်ချောင်၏ တိုက်ခိုက်မှုကို ခံရလိမ့်မည်မဟုတ်ချေ။
“အား”
ရုတ်တရက် အလောင်းပုံကို မြင်လိုက်သောအခါ ဖားတိ၏မျက်လုံးက မျက်လုံးအိမ်မှ ကျွတ်ထွက်မတက် ပြူးသွားသည်။ သူဟာ ဒေါသတကြီး အော်ဟစ်လိုက်သည်။
“သောက်ကျိုးနည်း ငကြောက်ကောင်တွေ ငါတစ်ရက်မှာတော့ မင်းရဲ့အလောင်းကို ဆွဲဖြဲပြမယ်”
သူတို့က အတက်နိုင်ဆုံး အမြန်ဆုံးလာခဲ့သော်လည်း ဒီရလဒ်ကိုသာ ရလိုက်ပြန်သည်။ ဖားတိက စိတ်ပျက်အားငယ်သွားရသည်။
အာရပ်ဗိုလ်ချုပ်ကြီးတစ်ယောက်က သွေးများကို သွားရောက်စစ်ဆေးကြည့်ပြီးနောက် ခေါင်းကို ခပ်မြန်မြန် မော့လိုက်သည်။
“အရှင် ဒေါသကိုထိန်းပါဦး။ မြေပေါ်ကသွေးတွေက လတ်ဆတ်နေတုန်းပဲ။ သူတို့ သိပ်ဝေးဝေး မရောက်လောက်သေးဘူး”
“ခြေရာတွေအရ အနောက်ဘက်ကို သွားတာထင်တယ်”
နောက်ထပ် ဗိုလ်ချုပ်တစ်ယောက်ကပြောသည်။
“သူတို့တွေ အခြားစစ်သားတွေနောက်ကို လိုက်သွားတာဖြစ်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ကို အောင်မြင်ခွင့် ပြုလို့မရဘူး”
တိုက်ပွဲပြီးသွားသည်မှာ သိပ်မကြာသေးခင် ခြေရာများကလည်း သိသာထင်ရှားနေသေးပြီး ထန်နှင့် ခိုရာစန်းနီတို့ ထွက်သွားသည့်ဘက်ကို ပြနေသည်။
သူတို့က ရန်သူများ၏ လိုက်ဖမ်းမှုဒဏ်ကို ခံခဲ့ရပြီး ရှည်ကြာလာသည့် နာကျင်မှုများ အားလုံးက ပေါက်ကွဲလုနီးပါး ဖြစ်လာသည်။
“သွားရအောင်”
အမှောင်အလင်းတန်း၏ ခေါင်းဆောင် ဖားတိက ချက်ချင်းအော်သည်။ သူ၏မျက်ဝန်းက သားရဲကြီးတစ်ကောင်လို တောက်ပလာပြီး အနောက်ဘက်ခြမ်းသို့ကြည့်သည်။
ဝုန်း
သူ၏စစ်မြင်းကြီးက တစ်ချက်အော်ဟစ်လိုက်ပြီးနောက် ရှေ့သို့ချီတက်သည်။ အနောက်ဘက်တွင် စစ်သားတိုင်းက ပြင်းထန်သော အရှိန်အဝါအပြည့်နှင့် လိုက်ပါကြသည်။
စစ်တပ်၏ တစ်ဝက်ခန့်ကသာ တိုင်တန်များ၏ နောက်မှလိုက်ပြီး တိုက်ပွဲနယ်မြေကို ကျော်ဖြတ်သွားကြသည်။ ရုတ်တရက် စူးရှသော မြင်းဟီသံက ထွက်လာသည်။
ထိုဟီသံက မြောက်ဘက်မှဖြစ်သည်။ အာရပ်များက မတုန့်ပြန်နိုင်ခင် နှင်းမုန်တိုင်းအတွင်းမှ စွမ်းအင်မုန်တိုင်းကြီးက ပေါက်ထွက်လာပြီး တိုက်ပွဲနယ်မြေထံ ချီတက်လာသည်။
တစ်ချိန်ထဲလိုလို နှင်းမုန်တိုင်းကပင် မဖုံးနိုင်လောက်အောင် ကျယ်လောင်သည့် အသံများက မြောက်ဘက်ခြမ်းမှ ထွက်ပေါ်လာသည်။ မျက်တောင်တစ်ခတ် အချိန်အတွင်း မြောက်ဘက်ခြမ်းမှ မြင်းသမား ထောင်ကျော် ခုန်ထွက်လာသည်။
“မကောင်းတော့ဘူး”
အမှောင်အလင်းတန်း၏ တိုင်တန်သုံးယောက်က အလွန်ဝေးကွာသော နေရာအထိ ချီတက်သွားပြီးလေပြီ။ သို့သော် ထိုအော်သံများကြောင့် ရုတ်တရက် တုန်ယင်သွားကြပြီး မျက်နှာများက တင်းမာသွားကြသည်။
“မကောင်းတော့ဘူး ဒါက ခြုံခိုတိုက်ခိုက်တာပဲ”
အားလုံး၏ မျက်နှာကဖြူဖျော့သွားပြီး မြင်းများကို ချက်ချင်းလှည့်ကာ အသံကြားရာဘက်သို့ အပြေးလာခဲ့သည်။
ဖားတိ၏ လူများက အလွန်မြန်သည်။ သို့သော် နှေးသွားပြန်သည်။ ဝမ်ချောင်က ထိုအင်အားစုနှစ်သိန်း လှုပ်ရှားမှုတိုင်းကို အသေးစား ပုံရိပ်ယောင်လေးမှတစ်ဆင့် တောက်လျှောက် ကြည့်နေခဲ့ခြင်း ဖြစ်သည့်အလျောက် ထိုလူများ အလွန်ဝေးကွာသောနေရာသို့ ရောက်ရှိသွားပြီး နှင်းမုန်တိုင်းအတွင်းသို့ မြုပ်သွားသည်အထိ စောင့်ပြီးမှသာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ဘုန်း ဘုန်း ဘုန်း
ဖားတိက တိုက်ပွဲနယ်မြေအတွင်း ရောက်ရှိလာပြီး သိပ်မကြာခင် လက်နက်ချင်း ထိခတ်သံများ၊ စစ်မြင်းများ၏ အော်သံများက ထွက်ပေါ်လာသည်။ တခဏခန့်ကြာအောင် တိုက်ခိုက်ပြီးနောက် ဝမ်ချောင်၏လူများက အာရပ်စစ်တပ်ကို အောင်မြင်စွာ လူစုခွဲလိုက်နိုင်သည်။
“ဖြတ်တောက်ခြင်းဝင်္ကပါ”
“နေအလင်းရောင် သက်ရောက်မှု”
ဝူရှန်းမြင်းတပ်နှင့် အက်ပါရန် ကာတာဖရက်တို့က သူတို့၏ အဆင့်မြင့်သိုင်းများကို ထုတ်သုံးပြီး အလန့်တကြားဖြစ်နေသည့် အာရပ်စစ်တပ်ကြီးကို ကိုင်တွယ်လေသည်။
ဘုန်း ဘုန်း ဘုန်း
ဝူရှန်းမြင်းတပ်နှင့် အက်ပါရန်ကာတာဖရက်တို့က သူတို့၏ ကိုယ်ပိုင်စွမ်းရည် အသီးသီးကိုထုတ်သုံးလျှက် အာရပ်နောက်တန်းများသို့ ထပ်ခါတလဲလဲ ဖောက်ဝင်ကာ နှစ်ဖက်နှစ်ချက်ညှပ်လျှက် အာရပ်စစ်တပ်ကို နင်းချေကြသည်။ ထိုသို့ဖြင့် ကစဉ့်ကလျားဖြစ်နေပြီးသား စစ်တပ်ကြီးက အမှောင်အလင်းတန်း၏ တိုင်တန်သုံးယောက်နှင့် လူစုကွဲသွားသောကြောင့် စိတ်ပျက်အားငယ်မှုများနှင့် ထပ်ပေါင်းထားရသည့်အပြင် မမြင်ရသော အကာအကွယ်လွှာမျိုးကြောင့် ချေမွခံရတော့သည်။
“မျိုးမစစ်တွေ”
အမှောင်အလင်းတန်းနှင့် တိုင်တန်သုံးယောက် အပါအဝင် အာရပ်ဗိုလ်ချုပ်များ အားလုံးက ထိုမြင်ကွင်းကြောင့် ဒေါသထွက်သွားကြသည်။ ဝမ်ချောင်သည် အချိန်တစ်ခုအတွင်း တိုက်ပွဲနယ်မြေ တစ်ခုလုံးကို ဝရုန်းသုန်းကားဖြစ်အောင် လုပ်လိုက်နိုင်သည်။ အာရပ်များ၏ ရှု့ထောင့်ဘက်မှ ကြည့်သော် သူတို့မြင်ရသမျှက နှင်းများနှင့် အထိတ်တလန့်ဖြစ်နေသော အာရပ်စစ်သားများသာဖြစ်သည်။ ထို့နောက် ပတ်ပတ်လည်တွင်လည်း တိုက်ပွဲအသံများက ဟိန်းထွက်နေသည်။ သို့သော် ထန်များဟာ မည်သည့်ဘက်တွင်ရှိကြောင်း မသိနိုင်ချေ။
“အင်အားသုံးပြီး လမ်းဖွင့်စမ်း။ စစ်တပ်ရဲ့အလယ်ထဲကိုဝင်”
ဖားတိက နီရဲသော မျက်လုံးများနှင့် အမိန့်ကိုထုတ်လိုက်သည်။ သူ၏ရန်သူက သေချာပြင်ဆင်ပြီး သေစေနိုင်သော ထိုးနှက်ချက်ကို ပေးရန် ရောက်လာခဲ့ခြင်းဖြစ်သည်။ သူတို့က နှလုံးသားကို မာကြောအောင်လုပ်ပြီး ဒီအခြေအနေမျိုးကို ရပ်တန့်အောင် မကြိုးစားလျှင် ရန်သူစစ်တပ်ကြီး တစ်ခုလုံးက သူတို့ကို ရှင်းလင်းပစ်ပေလိမ့်မည်။
ဟီ...
ဖားတိ၏ အမိန့်နောက်တွင် တိုင်တန်သုံးယောက်၏ အနားဝန်းကျင်ရှိ စစ်သည်တော်တိုင်းက သူတို့၏ လက်နက်များကိုထုတ်လျှက် ကိုယ်ပိုင်အဖွဲ့ကိုပင် သတ်ဖြတ်ကာ ဝင်ရောက်ရင်း အကြမ်းတမ်းဆုံးသော တိုက်ပွဲများ ဖြစ်ပျက်နေသော နေရာသို့ ဝင်ရောက်သွားကြသည်။