အခန်း (၁၂၀၁-၁၂၀၅)
Vol. 70 Ch. 1201-1205
အခန်း(၁၂၀၁)
“မင်းရဲ့အသက်ကို ပေးဆပ်ရမယ်ဆိုရင် တူညီတဲ့စကားကိုပဲ ပြောဦးမှာလား”
ဆင်းတူ အဆင့်မြင့်ဘုန်းတော်ကြီးက ပြောသည်။
“ဟား ဟား ငါသေတာရှင်တာနဲ့ ပတ်သတ်ပြီး မစိုးရိမ်ဖြစ်တော့တာ ကြာပြီ”
ဝမ်ချောင်က ထိုသို့ပြောသည်။ သူက ထိုသို့ပြောလိုက်ပြီး ခေါင်းကိုအပေါ်ဘက်သို့ မော့ကြည့်လိုက်ကာ ကျောချမ်းဖွယ် အရှိန်အဝါကို လွှတ်ထုတ်လိုက်သည်။
ထိုစကားလုံးများသည် ဝမ်ချောင်၏ နှလုံးသားအတွင်းမှလာသည်။ သူသည် သူ၏အသက်ကိုသာ တန်ဖိုးထားနေခဲ့လျှင် သူ၏ ကံကောင်းမှုကို ဖြန့်ကျက်ပြီး ရဲရင့်ပြတ်သားသော စစ်သည်ထောင်ပေါင်းများစွာကို ဦးဆောင်ခေါ်လျှက် နန်ကျောင်းသို့ ထွက်ခွာသွားလိမ့်မည် မဟုတ်ချေ။ သူကသာ သူ၏အသက်ကို တန်ဖိုးထားနေလျှင် ချီရှီကို စီမံခန့်ခွဲရန် ဘယ်သောအခါမှ ကြိုးစားလိမ့်မည် မဟုတ်သလို တာလာ့၏တိုက်ပွဲအတွင်းသို့ သူ၏စစ်တပ်တစ်ခုလုံးကို ပစ်သွင်းလျှက် အခြေအနေတိုင်းကို ရင်ဆိုင်ကျော်ဖြတ်ခဲ့လိမ့်မည် မဟုတ်ချေ။
နတ်ဘုရားများ၏ သင်္ကေတနှင့် အခြားသောလောကမှ ကျူးကျော်သူများနှင့် ပတ်သတ်သော ကိစ္စက သူအစိုးရိမ်ဆုံး ကိစ္စဖြစ်သည်။ မည်သည့်အရာပင် ဖြစ်နေစေကာမူ သူသည် အရာအားလုံး၏ နောက်ကွယ်မှ အမှန်တရားကို ရှာဖွေရပေမည်။
“ဒီတော့ အဆင့်မြင့်ဘုန်းတော်ကြီး ဒီသင်္ကေတက ဘာလဲဆိုတာကို ခင်ဗျားငါ့ကို ပြောပြနိုင်ပြီလား။ အားလန်လူမျိုးစုက ဘာကြောင့် ဖျက်ဆီးခံခဲ့ရတာလဲ။ နောက်ပြီး မြေအောက်က ဖျက်ဆီးခြင်းစွမ်းအင်တွေက ဘာတွေဖြစ်နေတာလဲ”
ဝမ်ချောင်က တည်ငြိမ်စွာ မေးလိုက်သည်။ သူက ပြောနေသည့်အချိန်တွင် အနက်ရောင်မျက်လုံး ပန်းချီကားကို ဆွဲထုတ်ယူလိုက်သည်။ သူ၏မျက်လုံးထဲတွင်မူ မျှော်လင့်စောင့်စားမှုက တောက်ပလင်းလက်လာသည်။
အဆင့်မြင့်ဘုန်းတော်ကြီး၏ စကားလုံးများက တစ်ဖက်သူ၏ လျို့ဝှက်ချက်ပေါင်းများစွာ သိထားကြောင်း ဖော်ပြရာရောက်နေသည်။ ပို၍ဆိုးသည်မှာ ဒီနေရာသည် အလွန်အမင်း လျို့ဝှက်ဆန်းကြယ်လွန်းနေသည်။ သတ္ထုဂိတ်တွင် တွေ့ခဲ့ရသည့် ရှေးဟောင်းဟာရာဖားစာသားများက သာမာန်လူများ ထိတွေ့ဆက်ဆံနိုင်စွမ်းရည် မရှိလောက်မည့် စာမျိုးဖြစ်နေသည်။
ဝမ်ချောင်၏ မသိစိတ်အရ လျို့ဝှက်ဆန်းကြယ်မှုများ အားလုံး၏ နောက်ကွယ်က အမှန်တရားကို ဖော်နိုင်သူ တစ်ယောက်သာရှိနေခဲ့မည်ဆိုလျှင် ထိုလူဟာ ဆင်းတူအဆင့်မြင့်ဘုန်းတော်ကြီးကဲ့သို့ နှစ်ရာကျော် ရှင်သန်ခဲ့ပြီး ဟိုက်ဒရာဘက်တောင်တန်း အနက်ရှိုင်းဆုံး အပိုင်းတွင် နေထိုင်သောသူကလွဲပြီး မည်သူကမှ မဖြစ်နိုင်ဟု ဆိုရပေမည်။
“အရာအားလုံးမှာ အစဆိုတာရှိတယ်။ အရာအားလုံးကလည်း အဆုံးသတ်ရတယ်။ အချို့အရာတွေကိုတော့ မင်းကိုယ်တိုင်ရှာဖို့ လိုအပ်တယ်။ မင်းငါ့ဆီက ရသွားမဲ့အဖြေက မင်းရှာဖွေနေတဲ့ အရာ ဟုတ်ချင်မှဟုတ်မယ်”
အဆင့်မြင့်ဘုန်းတော်ကြီးက ထိုသု့ိပြောသည်။ သူ၏အသံက ဂူအတွင်း တဖြည်းဖြည်းချင်း ရွေ့လျားလာသည်။
ပတ်ဝန်းကျင်အတွင်း တိတ်ဆိတ်မှုက ကြီးစိုးသွားပြီးနောက် ဝမ်ချောင်ဟာ ပို၍ပင် သေချာသလို ဖြစ်သွားသည်။ အဆင့်မြင့်ဘုန်းတော်ကြီးက မည်သူဖြစ်နေစေကာမူ တစ်ဖက်သူသည် ကိစ္စအများကြီးကို သိထားမည်မှာ သံသယဝင်ဖွယ်ရာ မရှိချေ။
“ဒါဆိုရင်ပြောပါဦး သူတို့က ဘယ်သူတွေလဲ။ ဘာကြောင့် အားလန်မင်းဆက်ကို ဖျက်ဆီးခဲ့တာလဲ။ ဘာလို့ ဒီလိုလုပ်ခဲ့တာလဲ။ အရေးကြီးဆုံးအချက်က... ဒီလူတွေ အခုအသက်ရှင်နေသေးလား”
နောက်ဆုံးမေးခွန်းက ဂူအတွင်း ဟိန်းထွက်သွားသည်။
အားလန်မင်းဆက်၏ အနက်ရောင်မျက်လုံး သင်္ကေတက ဝမ်ချောင် ကပ်ဘေးခေတ်တွင် တွေ့ခဲ့ရသော မျက်လုံးနှင့် တူလွန်းအားကြီးသည်။ ဝမ်ချောင်ကလည်း ဖိုင်မွန်စာအုပ်က ထိုလူတို့၏ လုပ်ရပ်ကို မှတ်တမ်းတင်ထားမည်ဟု ယုံကြည်သည်။ ထိုသို့ဖြစ်နေခဲ့လျှင် ခြေရာခံကောက်ရပေမည်။
သူကသာ ထိုလူများကို ရှာဖွေနိုင်လျှင် ကပ်ဘေးနောက်ကွယ်မှ အမှန်တရားကိုလည်း ရှာနိုင်ကောင်း ရှာနိုင်လောက်သည်။ ဒါဟာ ဝမ်ချောင်အတွက် အလွန်အမင်း အရေးကြီးသည်။
ဝုန်း
ဂူဟာ တိတ်ဆိတ်နေသည်။ အဆင့်မြင့်ဘုန်းတော်ကြီး၏ အရှိန်အဝါက ချက်ချင်းဆိုသလို ပျောက်ကွယ်သွား၏။ ဂူအတွင်းမှ ခံစားချက်လှိုင်းများကလည်း အလွန်အမင်း အထိမခံဖြစ်လာသည်။
“မင်းကဒီကိစ္စတွေအားလုံးကို သိနေလိမ့်မယ်လို့ ငါမထင်ထားဘူး”
အဆင့်မြင့်ဘုန်းတော်ကြီး၏ ပြန်ဖြေသံက ဝမ်ချောင်၏စိတ်အတွင်း အံ့အားသင့်မှုအပြည့်နှင့်အတူ ပေါ်ထွက်လာသည်။ သူ၏စိတ်ကို ကြီးမားသည့် အားလှိုင်းလုံးများက ဝင်ရောက်လွှမ်းမိုးလာသည်။ ဝမ်ချောင်သည် သူ၏ထင်မြင်ချက်များကို ထုတ်ပြောခဲ့သည်မှာ တူလွန်းသော သင်္ကေတနှစ်ခုက နှစ်ထောင်ပေါင်းများစွာခြားလျှက် ပေါ်ထွက်လာသောကြောင့်ဖြစ်သည်။ သို့သော် ဆင်းတူ အဆင့်မြင့် ဘုန်းတော်ကြီး၏ စကားလုံးများက သူခန့်မှန်းမှုများအားလုံးကို အမှန်တရားဖြစ်ကြောင်း ဖော်ပြလိုက်ရာရောက်သည်။
“မင်းအဖြေအားလုံးကို သိနေရင် ဘာလို့မေးနေခဲ့တာလဲ”
“ဘာလို့လဲ”
ဝမ်ချောင်က အပေါ်ယံတွင် တည်ငြိမ်နေသည်ဟု ထင်ရသည်။ သို့သော် သူ၏စိတ်ကမူ ဖိအားများနေပြီဖြစ်သည်။
“ငါမင်းကို မဖြေနိုင်ဘူး။ အရာအားလုံးမှာ အကြောင်းပြချက် ရှိတယ်လို့ပဲ ငါပြောနိုင်တယ်။ မင်းက သူတို့ကို ရှာနေတဲ့အချိန်မှာ သူတို့ကလည်း မင်းကိုရှာနေတယ်။ မင်းဆီမှာ သူတို့လိုချင်တဲ့တစ်ခုခု ရှိနေတယ်။ မင်းဒီအခြေအနေကနေ မလွတ်မြောက်နိုင်ဘူး။ ဒီလူတွေက မင်းကိုခပ်မြန်မြန် လာရှာကြလိမ့်မယ်။ အနာဂတ်မှာ မင်းလိုချင်တဲ့အဖြေကို ရှာတွေ့ပါလိမ့်မယ်။ ဒီလိုရှာတွေ့ဖို့အတွက်လည်း မင်းကိုယ့်ကိုယ်ကိုပဲ မှီခိုရလိမ့်မယ်။ ဒါပေမဲ့... သတိတော့ထားရမယ်”
ဆင်းတူအဆင့်မြင့် ဘုန်းတော်ကြီးကပြောသည်။
“ဘာ”
ဝမ်ချောင်၏မျက်နှာက တင်းမာသွားသည်။ သူသည်လည်း အဆင့်မြင့်ဘုန်းတော်ကြီးက ထိုကဲ့သို့သော စကားများကို ပြောလာလိမ့်မည်ဟု မထင်ထားမိချေ။
“ငါကသူတို့လိုချင်တဲ့အရာကို ပိုင်ဆိုင်ထားတယ်ဟုတ်လား။ အဆင့်မြင့်ဘုန်းတော်ကြီး ခင်ဗျား ဘာတွေပြောနေတာလဲ”
ဝမ်ချောင်က ခပ်မတ်မတ်ထိုင်လိုက်သည်။ သူ၏မျက်လုံးက ရှေ့ကိုသာ စိုက်ကြည့်နေသည်။ ဝမ်ချောင်သည်လည်း ယခုဖြစ်ပျက်ပြောင်းလဲလာသော ကိစ္စများက သူမျှော်လင့်ထားသလို ဖြစ်နေသည်ဟု ခံစားရသေးသည်။ သူသည် အခြားသောလောကမှ ကျူးကျော်သူများနှင့် ပတ်သတ်သည့်အဖြေနှင့် နတ်ဘုရားများ၏ မျက်လုံးနှင့်ပတ်သတ်သော အကြောင်းအရာများကို သိရရန် ဟိုက်ဒရာဘက် တောင်တန်းသို့ လာခဲ့ရသည်။ သို့သော် အဆင့်မြင့်ဘုန်းတော်ကြီးကမူ ခြားနားသော မေးခွန်းနှင့် ပြန်ဖြေလိုက်သည်။
ဝမ်ချောင်သည်လည်း နတ်ဘုရားမျက်လုံးများ၏ နောက်ကွယ်မှ လူအများ၏နောက်သို့ လိုက်နေသည်ဟု အမြဲတစေ ယုံကြည်ထားခဲ့သည်။ သို့သော် ယခုမူ ထိုမျက်လုံးကသာ သူ၏နောက်သို့ လိုက်နေခြင်းဖြစ်လောက်သည်။
နတ်ဘုရားမျက်လုံးရဲ့ လျို့ဝှက်ချက်ကို လိုက်နေရင်းနဲ့ သူ့အကြောင်းက ပေါ်သွားတာလား။ နတ်ဘုရားမျက်လုံးက သူ့ကို နှုတ်ပိတ်ချင်နေတာလား။
“အချိန်ကျလာတဲ့အခါ မင်းနားလည်သွားလိမ့်မယ်။ မင်းချောက်ထဲကို စိုက်ကြည့်နေတဲ့အခါ ချောက်ကလည်း မင်းကို ပြန်စိုက်ကြည့်နေမှာပဲ။ ကောင်လေး မင်းအခု နောက်ဆုတ်ချင်ရင် နောက်မကျသေးဘူး”
အဆင့်မြင့်ဘုန်းတော်ကြီးက တစ်စုံတစ်ရာကို အရိတ်အမွတ် ပြလိုနေပုံရသည်။
“ဘယ်လိုနည်းနဲ့မဆို ငါနောက်ဆုတ်လို့မရဘူး”
ဝမ်ချောင်က ခေါင်းခါသည်။
အရာအားလုံးက ရင်းနှီးရသည်။ ဝမ်ချောင်သည်လည်း အဆင့်မြင့်ဘုန်းတော်ကြီးက သူ့ကို သတိပေးနေကြောင်း သိသည်။ အားလန်မင်းဆက်ကိုပင် ထိုအဖွဲ့အစည်းကြီးက ဖျက်ဆီးနိုင်ခဲ့သည်။ ယခုအခါ သူ၏ကိုယ်ပိုင်အသက်ကိုပင် ခြိမ်းခြောက်လာပြန်၏။ သို့သော် ဝမ်ချောင်ကမူ နောက်ဆုတ်နိုင်ခြင်း မရှိချေ။ နောက်ဆုတ်၍လည်းမရနိုင်ချေ။ သူ့အနေဖြင့် အရာအားလုံး၏ နောက်ကွယ်မှ အမှန်တရားကို နားလည်အောင် ကြိုးစားရဦးပေမည်။
ဂူအတွင်း ဖျော့တော့သည့် ရယ်သံက ဟိန်းထွက်သွားသည်။ ထို့နောက် တဖန်ပြန်လည် တိတ်ဆိတ်သွားသည်။ ဝမ်ချောင်သည်လည်း အဆင့်မြင့်ဘုန်းတော်ကြီးက သူ၏လျို့ဝှက်ချက်များကို ကာကွယ်ပေးရန် ဆုံးဖြတ်လိုက်ကြောင်း နားလည်လိုက်သည်။ သူသည် ဝမ်ချောင်ကို ထုတ်ဖော်ပြောကြားလိမ့်မည်မဟုတ်ချေ။
“ဒါဆိုရင် မြေအောက်က စွမ်းအင်တွေက ဘာဖြစ်တာလဲဆိုတာကို ပြောပြပေးပါ”
ဝမ်ချောင်ကမေးလိုက်သည်။
“ဒါတွေက လူသားတွေရဲ့ သမိုင်းထက်တောင် ရှည်ကြာစွာ တည်ရှိနေခဲ့တဲ့အရာတွေပေါ့။ အဲ့ဒီစွမ်းအင်တွေက တည်ရှိနေခဲ့တာ နှစ်သောင်းကျော်ကြာသွားပြီ။ မင်းမြင်နေရတဲ့ ဟိုက်ဒရာဘက်တောင်က အဲ့ဒါတွေကြောင့် ကျောက်ရိုင်းတုံးတွေအဖြစ် တည်ရှိလာတာ။ နှစ်သောင်းကျော်လောက် လွှမ်းမိုးခံရပြီးတဲ့နောက်မှာ ထူးခြားတဲ့ရလဒ်တွေ ပြလာတယ်။ ဒီလိုနဲ့ မင်းကိုယ်တိုင်မြင်ရတဲ့ အရာမျိုးအဖြစ် ပြောင်းလဲသွားတာပဲ”
“မင်းဒီတောင်တန်းတွေမှာ ကြိုက်သလောက် ကျောက်ရိုင်းတုံးတွေ တူးထုတ်နေလို့ရတယ်။ ဒါပေမဲ့ မြေအောက်က စွမ်းအင်ကိုတော့ မင်းရဲ့စွမ်းရည်လောက်နဲ့... တောင်မှ ချဉ်းကပ်သွားလို့ မရနိုင်ဘူး။ ပိုဆိုးတာက ဒီစွမ်းအားက တော်တော်လေးကို မတည်မငြိမ်ဖြစ်နေလို့ ပေါက်ကွဲနိုင်တယ်။ ဒါကြောင့်ပဲ ငါဒီမှာနေပြီး မင်းကိုတားရတာပဲ”
အဆင့်မြင့်ဘုန်းတော်ကြီးကပြောသည်။
“ဘာ”
ဝမ်ချောင်ဟာ အံ့ဩလွန်းပြီး မတ်တပ်ပင် ထရပ်လုနီးပါး ဖြစ်သွားသည်။ ဟိုက်ဒရာဘက် ကျောက်ရိုင်းတုံး၊ ဝု့စ်သံမဏိဓား ထိုကျောက်ရိုင်းတုံးသည် လောကတွင် အကောင်းဆုံးသော လက်နက်ကို သွန်းလုပ်နိုင်သော စွမ်းရည်ရှိသည်။ ဥက္ကာပျံသတ္ထုကပင် မယှဉ်နိုင်ချေ။ ဝမ်ချောင်သည်လည်း ထိုအချက်အလက်ကို နားလည်ပြီးသားဖြစ်သည်။ သို့သော် အဆင့်မြင့်ဘုန်းတော်ကြီး၏ ပြောစကားအရ ဟိုက်ဒရာဘက်တောင်တန်းနှင့် ဝု့စ်သံမဏိသွေးကြောက အောက်ဘက်တွင် သူအာရုံခံမိခဲ့သည့် ဖျက်ဆီးခြင်းစွမ်းအားများကြောင့် ဖြစ်လာသည်ဟု မထင်ထားမိချေ။
“ဘယ်လိုဖြစ်နိုင်မှာလဲ”
ဝမ်ချောင်၏စိတ်က မုန်တိုင်းထန်သွားသည်။ အဆင့်မြင့်ဘုန်းတော်ကြီးပြောသော အမှန်တရားက မယုံနိုင်စရာကောင်းလွန်းသည်။
“ထွက်သွားတော့”
အချိန်အတန်ကြာအောင် တိတ်ဆိတ်ပြီးနောက် အဆင့်မြင့်ဘုန်းတော်ကြီးက ထပ်ပြောသည်။
“ငါမင်းကို ကိစ္စအများကြီး ချွင်းချက်ထားပေးပြီး ပြောပြီးသွားပြီ။ ငါပြောနိုင်သမျှ အရာအားလုံး ပြောခဲ့ပြီးပြီ။ ကျန်တဲ့ကိစ္စတွေကိုတော့ မင်းဘယ်လောက်မေးမေး ငါဖြေမှာမဟုတ်ဘူး။ မင်းကိုယ်တိုင်ပဲ ကိုယ့်ကိုယ်ကို မှီခိုပြီး ရှာဖွေတော့”
ဂူကတဖန်ပြန်ပြီး တိတ်ဆိတ်သွားသည်။ မည်သည့်ဆူညံသံကိုမှ မကြားရတော့ချေ။
“အဆင့်မြင့်ဘုန်းတော်ကြီး”
“အဆင့်မြင့်ဘုန်းတော်ကြီး”
ဝမ်ချောင်ဟာ နှစ်ကြိမ်ခန့်ခေါ်ကြည့်သည်။ သို့သော် တုန့်ပြန်မှုမရှိခဲ့ချေ။ ဝမ်ချောင်သည်လည်း အဆင့်မြင့်ဘုန်းတော်ကြီးဟာ နောက်ထပ်မေးခွန်းများကို ဖြေတော့မည်မဟုတ်ကြောင်း နားလည်လိုက်သည်။ ဂူထဲတွင် အနည်းငယ်ကြာအောင် ဆက်နေခဲ့ပြီးနောက် ဝမ်ချောင်ဟာ သက်ပြင်းချပြီး မတ်တပ်ထရပ်ကာ ထွက်သွားရန်ကြံစည်သည်။
“နေဦး”
ဝမ်ချောင်ဟာ ဂိတ်ထံလျှောက်သွားသည့် အခိုက်အတန့်တွင် လေထုက ရုတ်တရက် ဝရုန်းသုန်းကား ဖြစ်သွားပြီး အမှောင်ထုအတွင်းမှ စတုရန်းသတ္ထု သေတ္တာလေးတစ်ခုက ထွက်လာသည်။ ထိုအရာကို မမြင်ရသော စွမ်းအားများက လမ်းညွှန်ပေးပြီး ဝမ်ချောင်၏အရှေ့သို့ သယ်ဆောင်လာပေးခြင်းဖြစ်သည်။ တစ်ချက်ကြည့်လိုက်ရုံနှင့် ထိုသတ္ထုဘူးလေးက ရိုးရှင်းပြီး သိသာထင်ရှားခြင်း မရှိသော ပုံပန်းသွင်ပြင်သာ ဖြစ်ကြောင်း မြင်နိုင်သည်။ သို့သော် ဝမ်ချောင်ကမူ လက်လှမ်းယူလိုက်ပြီးပြီးချင်း ပြင်းထန်လွန်းသည့် အလေးချိန်ကို ခံစားလိုက်ရသည်။ ဒါဟာ သေးငယ်သည့် သေတ္တာလေးအပိုင် အင်အားမျိုးမဟုတ်သင့်ချေ။ ထိုအစား ကြီးမားလေးလံသော မီးဖိုကြီး၏ အလေးချိန်တမျှ ရှိနေခဲ့သည်။
ပွက်
ဝမ်ချောင်က ထိုသေတ္တာကိုယူလိုက်ရုံနှင့် သေတ္တာ၏အောက်ခြေမှ ဆူးချွန်ပေါင်းများစွာ ထွက်လာပြီး ဝမ်ချောင်၏လက်ချောင်းကို ထိုးစိုက်သွားသည်။ သွေးစက်အနည်းငယ်ကို စုပ်ယူပြီးမှသာ သေတ္တာ၏ထိပ်က ဖျော့တော့သော အလင်းတန်းကို လွှတ်ထုတ်လာသည်။ ထို့နောက် သေတ္တာက လျှင်မြန်စွာ လင်းလက်တောက်ပလာလေပြီး တဖြည်းဖြည်းချင်း အလေးချိန်လည်းပေါ့လာသည်။
“ဒါ...”
ဝမ်ချောင်က ရပ်တန့်လိုက်ပြီး အံ့အားတကြီး ကြည့်လိုက်မိသည်။
“ဒါကမင်းကို ကူညီနိုင်တယ် ယူထား မင်းဆင်းတူကို ကူညီခဲ့သမျှ အရာအားလုံးအတွက် လက်ဆောင်ပြန်ပေးတယ်လို့ သဘောထားလိုက်”
အဆင့်မြင့်ဘုန်းတော်ကြီး၏ အသံက တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။ ထို့နောက် အဆုံးအစမဲ့သော တိတ်ဆိတ်မှုက ကြီးစိုးသွားပြန်သည်။ ဝမ်ချောင်သည် အချိန်တခဏကြာအောင် တိတ်ဆိတ်နေခဲ့သည်။ ထို့နောက် သေတ္တာကိုယူပြီး ဂိတ်ကိုတွန်းဖွင့်ကာ ထွက်သွားသည်။ သို့သော် ရုတ်တရက် အလင်းများပြိုးပျက်စွာ လက်သွားပြီးနောက် အဆုံးအစမဲ့သည့် ကြယ်ကောင်းကင်ကြီးကို မြင်လိုက်ရသည်။ ဝမ်ချောင်က အံ့အားတကြီး နောက်လှည့်ကြည့်လိုက်သောအခါ သူသည် ဟိုက်ဒရာဘက် မိုင်းတွင်းအတွင်း ရပ်နေကြောင်း မြင်လိုက်ရသည်။
အရာအားလုံးက တိတ်ဆိတ်နေသည်။ ဝမ်ချောင်အပြင် အမှောင်ထုအတွင်း နစ်မြုပ်နေသည့် မညီညာသော ကျောက်တုံးကြီးများသာ ရှိနေသည်။ အရာအားလုံးက အိမ်မက်တစ်ခု၊ ထင်ယောင်ထင်မှား ဖြစ်ရပ်တစ်ခုဟု ထင်ရသည်။ သို့သော် ညင်သာသောလေပြေက ဆံပင်ကို ပွတ်တိုက်သွားသောအခါ လက်ထဲမှ သတ္ထုသေတ္တာက သူ့အား အရာအားလုံးက ပုံရိပ်ယောင်မဟုတ်ကြောင်း ဖော်ပြနေသည်။
ဝမ်ချောင်သည် ဟိုက်ဒရာဘက် တောင်ထိပ်တွင် မှင်သက်စွာရပ်နေပြီး အချိန်တစ်ခုကြာသည်အထိ မလှုပ်ရှားဖြစ်ခဲ့ချေ။ နောက်ဆုံးတွင် အင်္ကျီလက်ကို တစ်ချက်ခါယမ်းလိုက်ပြီး သူ၏အဆောင်ရှိရာသို့ ထွက်သွားလိုက်သည်။
အရာအားလုံးဟာ ပုံမှန်ပြန်ဖြစ်သွားသည်။ ဝမ်ချောင်သည်လည်း အချိန်အတန်ကြာမှသာ သူသည် လျို့ဝှက်ဆန်းကြယ်သော အဆင့်မြင့်ဘုန်းတော်ကြီးနှင့် ထပ်တွေ့နိုင်လောက်ကြောင်း နားလည်လိုက်သည်။
.....
ဝမ်ချောင်သည် သူ၏သတ္ထုအိမ်သို့ ပြန်သွားနေချိန်တွင် ယခုလေးတင် ဝမ်ချောင်က ရှိနေခဲ့သော ဂူနံရံကြီးများထံမှ ဖုန်များက စတင်ကာ လျော့ပါးပျောက်ကွယ်လာသည်။ ဖုန်များဖြင့် ပိတ်ဆို့ထားသော တစ်စုံတစ်ရာက ရှိနေခဲ့သလိုမျိုး ဖုန်များအားလုံး ပျောက်ကွယ်သွားချိန်တွင် တစ်စုံတစ်ရာဟာ ရုတ်တရက် ပွင့်သွားသည်။ မမျှော်လင့်ထားစွာပင် ဒါဟာ လူသားမျက်လုံးတစ်စုံဖြစ်နေသည်။
မည်သူကမှ ထိုမျက်ဝန်းမျိုးကို မမြင်ဖူးလောက်ချေ။ ထိုမျက်ဝန်းဟာ အိုမင်းပြီး နက်နဲသော သဘောတရားများကို သယ်ဆောင်ထားသည်။ ထို့အပြင် အချိန်၏ သယ်ဆောင်မှုဒဏ်ကို ခံထားရပုံပေါ်သည်။ ထိုမျက်လုံးကိုယ်တိုင်က လောက၏ လျို့ဝှက်ချက်တိုင်းကို ပိုင်ဆိုင်ထားပုံပေါ်၏။
“ဒါတွေအားလုံးက ကံကြမ္မာလား”
“တစ်ကြိမ်ပြီးတစ်ကြိမ် ဖြစ်နေတာကို ပြန်တွေးကြည့်ရရင် ကံကြမ္မာရဲ့ကလေးက ဆင်းတူကို အမှန်တကယ် ရောက်လာခဲ့တာပဲ”
“ဒါတွေက ငါကူညီနိုင်သမျှ အရာအားလုံးပဲ ကျန်တာတွေကတော့ မင်းရဲ့ကိုယ်ပိုင် ကံကြမ္မာပေါ် မူတည်သွားပြီ”
အဆင့်မြင့်ဘုန်းတော်ကြီးက ထိုသို့ရေရွတ်ပြီးနောက် မျက်လုံးကိုပြန်မှိတ်လိုက်သည်။ သူ၏အသံက ပျောက်ကွယ်သွားပြီး သိပ်မကြာခင် မည်သည့်အကြောင်းအရာ ဖြစ်ပျက်စေကာမူ ထွက်လာတော့မည် မဟုတ်ချေ။
.....
ဝမ်ချောင်ဟာ သူ၏အခန်းသို့ ပြန်ရောက်သွားသည်။ အခန်းထဲတွင်လည်း ဖယောင်းတိုင်တစ်တိုင်ကို ထွန်းထားသေးသည်။ ပမာဏက သိပ်မလျော့သေးကတည်းက သူထွက်သွားသည်မှာ သိပ်မကြာဟု ဖော်ပြနေသည်။
တံခါးကိုပိတ်ပြီးနောက် ဝမ်ချောင်က အချိန်တစ်ခုကြာအောင် တစ်စုံတစ်ရာကို ရေရွတ်နေခဲ့သည်။ ထို့နောက် သတ္ထုသေတ္တာလေးကို အရှေ့တွင်ချလိုက်သည်။
အဆင့်မြင့်ဘုန်းတော်ကြီးက ဝေခွဲ၍မရနိုင်သော စကားများကိုသာပြောသွားသည်။ အကြောင်းအရာပေါင်း များစွာကို ခပ်ရေးရေး ပြောသွားသော်လည်း အစစ်အမှန် အချက်အလက် အနည်းငယ်ကိုသာ ဖော်ပြသွားခဲ့၏။ ထို့ကြောင့် သူဆက်ပြီး လေ့လာရမည်မှာ ဒီသတ္ထုသေတ္တာလေးသာရှိလေသည်။
အခန်း(၁၂၀၂)
“ငါက နတ်ဘုရားတွေရဲ့ မျက်လုံးနောက်ကွယ်က လျို့ဝှက်ချက်ကိုပဲ မေးခဲ့တာ။ ဒါကိုသူက ဘာလို့ ဒီသေတ္တာဘူးကြီး ပေးလိုက်တာလဲ။ ဒါကဘာကို ဆိုလိုတာလဲ”
ဝမ်ချောင်သည် ဖယောင်းတိုင်၏ အလင်းရောင်အောက်တွင် ထိုသတ္ထုသေတ္တာဘူးကို စလေ့လာနေခဲ့သည်။ အရောင်ကလည်း ခပ်ထိုင်းထိုင်း မီးခိုးရောင်သာဖြစ်ပြီး အကြမ်းတမ်းဆုံး သံမဏိသားဖြင့် လုပ်ထားပုံပေါ်သည်။ စိတ်ဝင်စားစရာလည်း မရှိပါချေ။
သို့သော် ဝမ်ချောင်၏အာရုံက သေတ္တာ၏ထိပ်နားတွင် တွဲဆက်ထားသည့် သေးငယ်သော လက်ချောင်းအရွယ်အစားခန့်ရှိမည့် သလင်းတုံးလေးထံ ရောက်သွားသည်။ ထိုအရာလေးကသာ သူ၏ အာရုံကို ဆွဲဆောင်နိုင်သည်။ ထိုသလင်းလုံးလေးက ဖျော့တော့သည့် အလင်းကို လွှတ်ထုတ်နေသည်။
အဆင့်မြင့်ဘုန်းတော်ကြီးက ဒါနဲ့ပတ်သတ်ပြီး ဘာကိုပြောချင်တာလဲ။
ဝမ်ချောင်၏စိတ်က မုန်တိုင်းထန်သွားပြန်သည်။ သူသည် အမျိုးမျိုးသော နည်းလမ်းပေါင်းများစွာကိုသုံးပြီး ကြိုးစားကြည့်ခဲ့သည်။ ကြယ်တာရာစွမ်းအင်များကိုလည်း နေရာတိုင်းသို့ ပို့ကြည့်ခဲ့သည်။ သို့သော် သေတ္တာကမူ တုန့်ပြန်ခြင်းမရှိချေ။ ဝမ်ချောင်သည်လည်း စိတ်စွမ်းအားများကိုသုံးကာ အတွင်းသို့ နှိုးဆွကြည့်သေးသည်။ သို့သော် ထိုသို့ပို့လိုက်သည့် အခိုက်အတန့်တွင် သေတ္တာက ဒီတိုင်း ရှင်းလင်းသော လေထုတစ်ခုအလား အခြားတစ်ဖက်သို့သာ ဖောက်ထွင်းထွက်သွားလေသည်။
အမျိုးမျိုးသော အခြေအနေကို ကြိုးစားကြည့်ပြီးနောက် သေတ္တာကို ဘေးဖယ်ထားရုံသာ ဆုံးဖြတ်လိုက်သည်။
ဝုန်း
တခဏခန့်ကြာပြီးနောက် ဝမ်ချောင်က သေတ္တာကို ဘေးဖယ်ထားရန် ပြင်နေသည့်အခိုက်အတန့်တွင် ရုတ်တရက် ထူးဆန်းသော ကိစ္စက ဖြစ်လာသည်။ သေတ္တာပေါ်ရှိ သလင်းလုံးလေးက ရုတ်တရက် အလင်းများဖြင့် ပေါက်ကွဲသွားပြီး ကျောက်စိမ်းရောင် တောက်ပလာသည်။
“ဒါ...”
ဝမ်ချောင်က မျက်လုံးပြူးသွားသည်။ စိတ်ကလည်း ရှင်းလင်းသွား၏။ သူသည် သေတ္တာကို အကဲခတ်နေချိန်တွင် ဝှစ်ကနဲမြည်သံနှင့်အတူ လေပြင်းက ဖြတ်တိုက်လျှက် ဝင်ရောက်လာသည်။
ဝမ်ချောင်သည် အစပိုင်းတွင်မူ ဘာကိုမှ သတိမထားမိခဲ့ချေ။ တခဏခန့်ကြာပြီးနောက် လေထဲမှ သင်းပျံ့သော မွှေးရနံ့တစ်ခုကိုရလိုက်သည်။
နေဦး တစ်ခုခုတော့ မှားနေပြီ။
ဝမ်ချောင်က တုန်ယင်သွားပြီး နှာခေါင်းနှင့်ပါးစပ်ကို ခပ်မြန်မြန် အုပ်လိုက်သည်။ ဝမ်ချောင်က လေနှင့်အတူ ဝင်ရောက်လာသည့် ထူးဆန်းသောရနံ့ကို ရလိုက်သည်။ ဒါဟာ သာမာန်လေထဲတွင် ရှိသင့်သည့် ရနံ့မျိုးမဟုတ်ချေ။ နောက်ထပ် လေပြေက ဝင်ရောက်လာသည်။ ဒီတစ်ကြိမ်တွင်မူ ဝမ်ချောင်က အတွင်းမှ ဆန်စေ့အရွယ်အစားခန့်ရှိမည့် အစိမ်းရောင် အလင်းစက်များကို မြင်လိုက်ရသည်။
အဆိပ်ပဲ။
ဝမ်ချောင်သည် နောက်ဆုံးတွင် နားလည်သွားသည်။
ဝုန်း
သူ၏ကိုယ်အတွင်းမှ ကြယ်တာရာစွမ်းအင်များက ပေါက်ထွက်လာပြီး ခန္ဓာကိုယ်ကို လွှမ်းခြုံလိုက်သည်။ ဝမ်ချောင်၏ လက်ထဲတွင်ကိုင်ထားသည့် သတ္ထုသေတ္တာပေါ်မှ သလင်းလုံးလေးက ပို၍ပြင်းထန်သော အလင်းမျိုးကို လွှတ်ထုတ်လာသည်။ ပို၍များပြားသော အစိမ်းရောင်မြူထုများက အခန်းအတွင်းသို့ ဝင်ရောက်လာပြီး သံမဏိအိမ်၏ ကွဲအက်ရာနေရာတိုင်းကို ကျော်ဖြတ်လျှက် စိမ့်ဝင်လာသည်။ တခဏအတွင်း တစ်ခန်းလုံးက အစိမ်းရောင်ပင်လယ်ကြီး ဖြစ်သွားသည်။
“ရွေ့”
အပြင်ဘက်မှ ဩရှသောအသံက ထွက်လာသည်။ ထို့နောက် တံခါးက ဘန်းကနဲမြည်သံနှင့်အတူ ပွင့်သွား၏။ ဝင်ရောက်လာသူက အနက်ရောင်သတ္ထု မျက်နှာဖုံးကိုဝတ်ထားပြီး လျှပ်စီးကဲ့သို့ မြန်ဆန်သည့် အရှိန်နှုန်းဖြင့် ခုန်ဝင်လာခြင်းဖြစ်သည်။ သူသည် လေထဲတွင် ရောနှောပျောက်ကွယ်နေသူအလား ဝမ်ချောင်ထံ ခုန်ဝင်လာသည်။
“ဟွန်း”
ဝမ်ချောင်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
စားပွဲပေါ်ရှိ ဖယောင်းတိုင်များအားလုံးက သူ၏ လက်ဝါးတစ်ချက် ယမ်းလိုက်သည့် အခိုက်အတန့်တွင် ငြိမ်းသက်သွားသည်။ သူသည် အနက်ရောင်ဝတ်စုံနှင့်လူထံ လက်ဝါးတစ်ချက် ရိုက်သွင်းလိုက်သည်။
ဘန်း
လက်ဝါးနှစ်ဖက်က ထိပ်တိုက်တွေ့ဆုံသွားသည့် အခိုက်အတန့်တွင် ဝမ်ချောင်၏ ခန္ဓာကိုယ်အတွင်းမှ ပြင်းထန်လွန်းသည့် ဆွဲစုပ်အားတစ်ရပ်က ပေါက်ထွက်သွားသည်။ အနက်ရောင်မျက်နှာဖုံးနှင့် လူကလည်း သူ၏စွမ်းအားများဟာ မြစ်တစ်စင်းအလား ထိုးထွက်ပြီး ဝမ်ချောင်၏ကိုယ်ထဲ စိုက်ဝင်နေကြောင်း သိလိုက်သည်။
“မကောင်းတော့ဘူး သူအဆိပ်မမိထားဘူး”
မျက်နှာဖုံးအောက်မှ အနက်ရောင်ဝတ်စုံနှင့်လူ၏ မျက်လုံးက အံ့အားသင့်မှုနှင့် တောက်လောင်လာသည်။
“မြန်မြန်လေး ဒီကိုဝင်လာကြ”
လေထဲတွင် အဝတ်များ တဖြတ်ဖြတ် ခတ်သံနှင့် ပို၍များပြားသော လူများက ချဉ်းကပ်လာသည်။ ဝမ်ချောင်ဟာ အနက်ရောင်ဝတ်စုံနှင့် လူတစ်ယောက်ကိုကြည့်ပြီး အံ့အားသင့်နေချိန်တွင် နောက်ထပ် နှစ်ယောက်က ဓားများကိုင်လျှက် တစ္ဆေများအလား လေထုကိုကျော်ဖြတ်ကာ ဝမ်ချောင်ထံ ဘယ်နှင့်ညာမှတစ်ဆင့် ခုန်ဝင်လာကြသည်။ ဝမ်ချောင်ကရယ်သည်။
ကလက်
သူ၏လက်ဝါးကိုသာသုံးပြီး သူဟာ ပထမလူကို ဘေးဘက်သို့ လွင့်ပစ်လိုက်ကာ ကျည်ဆံတစ်ခုလိုမျိုး သံမဏိမြို့ရိုးအတွင်းသို့ ချိုင့်ဝင်သွားစေသည်။ တစ်ဖက်သူ၏ ခန္ဓာကိုယ်ကပင် အတွင်းသို့ မြုပ်ဝင်သွား၏။
တစ်ချိန်ထဲတွင်ပင် နောက်ထပ် အနက်ရောင်ဝတ်စုံနှင့် လူနှစ်ယောက်က ဝမ်ချောင်၏ ကြယ်တာရာစွမ်းအင်ကို ရိုက်ချလာသော်လည်း အကာအကွယ်လွှာကိုသာ ထိမှန်သွားသည်။ သူတို့သည် ရှေ့ဆက်မတိုးနိုင်ခဲ့ချေ။
ဘုန်း
ဝမ်ချောင်၏ ကြယ်တာရာစွမ်းအင်က ပေါက်ကွဲသွားပြီး မှင်သက်နေသော နှစ်ယောက်လုံးကို အရုပ်ကြိုးပျက် လွင့်ထွက်သွားစေသည်။
ထိုလူများသည် အားနည်းသော ကျင့်ကြံခြင်းအဆင့်ပိုင်ရှင်များ မဟုတ်ချေ။ သူတို့သည် လက်ရွေးစင် လုပ်ကြံသတ်ဖြတ်သူများ ဖြစ်နေသည်။ သို့သော် ဝမ်ချောင်၏အဆင့်တွင် မဟာဗိုလ်ချုပ်ကြီးများအဆင့် ကျွမ်းကျင်ပညာရှင်များလောက်ကသာ သူ့ကို ခြိမ်းခြောက်နိုင်တော့သည်။
သို့သော် ထိုအခြေအနေကပင် အလှမ်းကွာဝေးသေးသည်။ သူသည် လူနှစ်ယောက်ကို လွင့်ထွက်သွားအောင် လုပ်ပြီးနောက် သူ၏ခေါင်းထဲတွင် အချက်ပေးသံများ မြည်ဟီးလာသည်။
ခြိမ်း
သတိပေးချက် အလျဉ်းမရှိလေဘဲ ဝမ်ချောင်၏ သတ္ထုအိမ် မျက်နှာကြပ်နှင့် ခေါင်မိုးက မမြင်ရသော စွမ်းအားလှိုင်းတစ်ရပ်ကြောင့် ပေါက်ထွက်လျှက် လေထဲသို့ ခုန်တက်သွားသည်။ တခဏခန့်ကြာပြီးနောက် ပုံရိပ်တစ်ခုက ဆင်းသက်လာသည်။ ဒါဟာ ကြီးမားသော သမုဒ္ဒရာကြီးလို ပုံရိပ်ကြီးဖြစ်သည်။
ဘန်း
ဝမ်ချောင်၏မျက်လုံးက အေးစိမ့်သွားသည်။ သူသည် လက်ဝါးကို ခေါင်းပေါ်ကျော်အောင် မြှောက်လိုက်သည်။ ထိုသို့ဖြင့် အပေါ်မှ ဆင်းသက်လာသည့် လက်ဝါးနှင့် ထိပ်တိုက်ဆုံသွားသည်။ ထူထည်းလွန်းသော ခရမ်းရောင်နှင့် အနက်ရောင် ရောယှက်နေသည့် မီးတောက်ကြီးက ပေါက်ကွဲသွားချိန်တွင် လေထုကလည်း မြည်ဟီးသည်။ ထို့နောက် ဝမ်ချောင်ထံ ဆင်းသက်လာ၏။
ထိုမီးတောက်က ကြယ်တာရာစွမ်းအင်ကို လောင်မြိုက်နိုင်သဖြင့် သူ့ကို လေပြင်းများကို ရှိုက်ထုတ်မိစေသည်။ ထိုမီးတောက်၏ အညွှန့်များက ရှည်လျားလေပြီး သစ်ကိုင်းခြောက်များအလား ဝမ်ချောင်၏ ကြယ်တာရာစွမ်းအင်မှတစ်ဆင့် ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်ရန် ကြိုးစားသည်။ သူ၏ခန္ဓာကိုယ်အတွင်းမှ အနက်ရောင် မီးခိုးငွေ့များကပင် စတင်ကာ လောင်တက်လာသည်။
သို့သော် အနက်ရောင်မီးခိုးငွေ့များက ဝမ်ချောင်၏ တစ်ကိုယ်လုံးကို အပြည့်အဝ မလောင်မြိုက်နိုင်ခင် နောက်ထပ် ခေါင်းမာပြီးဖြောင့်မတ်သည့် ကြယ်တာရာစွမ်းအင်တစ်မျိုးက သူ၏ကိုယ်အတွင်းမှ တောက်ပလွန်းသော နေမင်းအလား မြောက်တက်လာလေရင်း အထက်မှဆင်းသက်လာသည့် အနက်ရောင်ဝတ်စုံနှင့် ပုံရိပ်ကို လွင့်ထွက်သွားစေလိုက်သည်။ ထိုလူသည် လေထုကိုကျော်ဖြတ်လျှက် နောက်ပြန်ဆင်းသက်လာခဲ့ခြင်းဖြစ်ပြီး အိမ်၏အရှေ့တောင်ပိုင်း ထောင့်တစ်နေရာနားသို့ လှံတစ်ချောင်း ထိုးစိုက်လိုက်သလိုမျိုး ဆင်းသက်သွားလေသည်။
“မင်းတို့တွေပဲ”
ဝမ်ချောင်၏မျက်ဝန်းက မှေးကျဉ်းသွားသည်။ သူ၏မျက်ဝန်းဟာ အလွန်အမင်း စူးရှသွား၏။ ရင်းနှီးကျွမ်းဝင်သော အနက်ရောင်ဝတ်စုံများနှင့် ရင်းနှီးကျွမ်းဝင်သော စွမ်းအားများဟာ ဝမ်ကလန်ကို တိုက်ခိုက်ခဲ့သည့် လုဝူကို မောင်းသွင်းခဲ့သော အဖွဲ့ဖြစ်သည်။ သို့သော် ပထမမတော်တဆမှုကမူ ဗဟိုပြင်ကျယ်တွင် ဖြစ်သွားခဲ့ပြီး ဒုတိယတစ်ခုကမူ ဆင်းတူတွင်ဖြစ်သည်။ ဝမ်ချောင်သည်လည်း သူသိသောလူများက ဒီနေရာထိ တောက်လျှောက် လိုက်လာလိမ့်မည်ဟု မထင်ထားမိချေ။
ဝုန်း
ဝမ်ချောင်က လိုက်ဖမ်းမည့်အချိန်တွင် ရုတ်တရက် အိမ်၏အခြား ထောင့်သုံးနေရာမှ ပေါက်ကွဲသံများက ထွက်ပေါ်လာသည်။ ထိုသုံးယောက်၏ လေးစားဖွယ်ကောင်းသော အရှိန်အဝါများက ပေါက်ထွက်လာသည်။ သို့သော် သူတို့ကို တစ်ယောက်နှင့်တစ်ယောက် ခွဲခြားရန်ခက်ခဲသွားသည်။ လေးယောက်လုံး၏ အရှိန်အဝါများက သမုဒ္ဒရာအလား ကျယ်ပြောသည်။
“ဝမ်ချောင် မင်းဒီနေရာကို မလာသင့်ဘူး”
အမှောင်ထုအတွင်းမှ လှောင်ရယ်သံလို အသံမျိုးက ထွက်လာပြီး တဖြည်းဖြည်းချင်း ဝေးကွာသွားသည်။ ထို့ကြောင့် လေးယောက်ထဲမှ မည်သူကပြောလိုက်ကြောင်း မသိနိုင်ချေ။
“မင်းအရင်တစ်ခေါက်က လွတ်သွားတယ်။ ဒါပေမဲ့ ဒီတစ်ခေါက်မှတော့ မဖြစ်စေရဘူး”
နောက်ထပ် အသံတစ်သံက ထွက်လာသည်။ လေးယောက်လုံးက တစ်ပြိုင်တည်း တိုက်ခိုက်လိုက်ကြသည်။ သူတို့သည် တူညီသော လှုပ်ရှားမှုများကိုလုပ်ပြီး တူညီသော သိုင်းကိုသုံးကာ အကန့်အသတ်မဲ့အောင် ကျယ်ပြောသည့် ကြယ်တာရာစွမ်းအင်များနှင့် တစ်လောကလုံးကို လွှမ်းမိုးပစ်ရန် ကြိုးစားသည်။ လက်ရွေးစင် လုပ်ကြံသတ်ဖြတ်သူ လေးယောက်က တူညီလွန်းသော တိုက်ကွက်များဖြင့် ထုတ်လိုက်သည့် စွမ်းအားများက အရာအားလုံးကို ဖျက်ဆီးနိုင်သည်။
သို့သော် သူတို့၏တိုက်ကွက်များက ချောမွေ့လျှင်မြန်ပါသော်လည်း ဝမ်ချောင်ဟာ ပို၍ပင် မြန်နေသေးသည်။
ဘုန်း
သူ၏ပုခုံး တစ်ဖက်တစ်ချက်စီတွင် နေမင်းနှင့်လမင်းတို့၏ ပုံရိပ်တို့က ပေါ်ထွက်လာသည်။ နေမင်းဟာ ရုတ်တရက် ကြီးမားသွားပြီး မျက်စိကျိမ်းမတက် တောက်ပသည့် အလင်းတန်းများနှင့် ဝမ်ချောင်ကို လွှမ်းခြုံပေးသည်။
လေးယောက်၏ ကြယ်တာရာစွမ်းအင်က ဝမ်ချောင်၏ ဆင့်ခေါ်ထားသောအလင်းနှင့် ထိပ်တိုက်ဆုံသွားသောအခါ သူတို့ထင်ထားသလို ဖောက်ထွက်လာနိုင်ခြင်း မရှိလေဘဲ သူတို့၏ တိုက်ကွက်များကသာ ရှုံ့တွသွားပြီး ခွဲခြားခြင်းခံရသည်။ ထို့ကြောင့် သူတို့သည်သာ အချင်းချင်း ထိပ်တိုက်ဆုံမိကြပြီး တစ်ယောက်တိုက်ကွက်ကို တစ်ယောက် လက်ခံလိုက်ရသည်။
သူ၏ဆရာဖြစ်သူ မိစ္ဆာဧကရာဇ် လူအိုကြီးမာန်နှင့် အတူပေါင်းပြီး မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်း၏ အဆင့်အမြင့်ဆုံး သဏ္ဍန်ကိုသုံးလျှက် ချွီထေပါးကို သတ်ဖြတ်ပြီးနောက် ဝမ်ချောင်ဟာ မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းကို ပို၍နက်နဲစွာ နားလည်သွားသည်။ ဝမ်ချောင်အတွက် ရင်ပင်ဖြစ်စေ၊ ယန်ပင်ဖြစ်စေ စိတ်ကျေနပ်သလို အသုံးပြုနိုင်နေသည်။ ထို့ကြောင့် အရာအားလုံးက သူ၏ကိုယ်ပိုင်ခြေလက်များအလား ဆွဲဆန့်၍ရနေသည်။
သို့သော် ထိုအားလှိုင်းတစ်သုတ်ကို အဆုံးသတ်သွားစေပြီးနောက် အရပ်မျက်နှာ လေးခုထံမှ ခရမ်းရောင်နှင့် အနက်ရောင် ရောယှက်နေသည့် မီးတောက်များက တောက်လောင်လာပြီး ဝမ်ချောင်ကိုပင် လောင်မြိုက်ရန် ကြိုးစားလာပြန်သည်။
ဝမ်ချောင်၏ ကြယ်တာရာစွမ်းအင်များက စတင်ကာ လောင်ကျွမ်းခံရသည်။ လေထဲတွင် ပွတ်တိုက်ပျက်စီးနေသော အသံများက ထွက်လာ၏။ ခရမ်းရောင်နှင့် အနက်ရောင် ရောယှက်နေသည့် မီးတောက်များဟာ ဝမ်ချောင်၏ ခန္ဓာကိုယ်ရှိရာဘက်သို့ မထိန်းချုပ်နိုင်သော ပုံစံမျိုးနှင့် ပျံ့နှံ့လာသည်။
ဝမ်ချောင်၏ ခေါင်းမာပြီး ဖြောင့်မတ်သလို ကြယ်တာရာစွမ်းအင်များဟာ ထိုမီးတောက်ကိုမူ မထိန်းနိုင်တော့ချေ။
ချက်ချင်းဆိုသလိုပင် ဝမ်ချောင်ဟာ သူ၏ ကြယ်တာရာစွမ်းအင် အပုံနှစ်ဆယ်ထဲမှ တစ်ပုံကို ဖြန့်ထုတ်လာသည်။
“မဟာကွဲအက်ခြင်းသိုင်း”
ခရမ်းရောင်နှင့် အနက်ရောင် စွမ်းအင်လေးတန်းက သူ၏ကြားခံနယ်အတွင်းတွင် ရောက်ရှိလုနီးပါး ဖြစ်လာသည်နှင့် ဝမ်ချောင်ဟာ ဖျက်ဆီးခြင်းစွမ်းအားကို လွှတ်ထုတ်လိုက်သည်။ ထိုစွမ်းအားသည် ညထက်ပင် မှောင်သေးသည်။ ထိုအမှောင်ထုစွမ်းအားက ဝမ်ချောင်၏ ကိုယ်အတွင်းရှိ အလင်းတိုင်းကို စုပ်သွားသည်။
တိုက်ခိုက်သူလေးယောက်က ဖျက်ဆီးခြင်းစွမ်းအားများကြောင့် ချက်ချင်းဆိုသလို ရပ်တန့်လိုက်ရသည်။ ခရမ်းရောင်နှင့် အနက်ရောင် မီးတောက်စွမ်းအားများ ဝမ်ချောင်၏ ခန္ဓာကိုယ်သို့ ကျူးကျော်နိုင်ခဲ့သော်လည်း နောက်ဆုံးတွင် ရပ်တန့်ခြင်းခံလိုက်ရသည်။
“ဒီမီးတောက်ပဲ ဖြစ်ပြန်ပြီ”
ဝမ်ချောင်က အေးစက်စွာပြောသည်။ ထိုစွမ်းအင်၏ သူ့ကိုပေးသော လှုံ့ဆော်မှုဟာ လုဝူကပေးသော ခွန်အားမျိုးနှင့် တူညီသည်။ သို့သော် အနည်းငယ်ပို၍ ကြောက်မက်ဖွယ် ကောင်းသေးသည်။
“ဟွန်း မင်းအရင်က ကြုံတွေ့ခဲ့ဖူးတဲ့ လုဝူရဲ့ခွန်အားက ဒီလိုမျိုးမှမဟုတ်တာ။ ဒါကမင်းကို ရင်ဆိုင်ဖို့ အထူးတလည် ပြင်ဆင်ထားတဲ့ ကျွီးပီမီးတောက်ပဲ။ မင်းကဘယ်လောက်အင်အားကြီးကြီး မဟာဗိုလ်ချုပ်ကြီးအဆင့်ကို ချိုးဖျက်ပြီးပြီဆိုရင်တောင်မှ မတားနိုင်ဘူး”
အနက်ရောင်ဝတ်စုံများထဲမှ ခေါင်းဆောင်ဆိုသူက ထပ်ပြောလာသည်။ သို့သော် သူ၏အသံဟာ သဲလွန်စမရှိသလိုမျိုး တိုင်းတာရန် ခက်ခဲနေသေးသည်။
လုပ်ကြံသတ်ဖြတ်သူ လေးယောက်က လက်ချောင်းများကို ဆန့်ထုတ်လိုက်ပြန်သည်။ ထိုသို့ဖြင့် ခရမ်းရောင်နှင့် အနက်ရောင် ရောယှက်နေသော မီးတောက်များက ထွက်လာပြန်၏။
ထိုမီးတောက်များ၏ အလင်းက ခရမ်းရောင်အရိပ် အုပ်စိုင်းနေသော တောင်တန်းများအရောင်ဖြစ်သည်။ ထို့ကြောင့် လေထုအတွင်း အလွန်အမင်း ခွဲခြားရခက်သည်။
ကျွီးပီရဲ့ခွန်အား
ဒါဟာ လုဝူ၏အင်အားနှင့် ခြားနားသော စွမ်းအားတစ်ရပ်ဖြစ်ပြီး သူ၏ ပျက်စီးစေနိုင်သော စွမ်းအားက ပြိုင်ဘက်ကျင့်ကြံခြင်း အဆင့်ကိုပင် လျစ်လျူရှု့နိုင်သည်။ မဟာဗိုလ်ချုပ်ကြီးများကပင် မတားနိုင်ချေ။ ဒါဟာ သူတို့က ဝမ်ချောင်အတွက် အထူးတလည် ပြင်ဆင်ထားသော လက်ဆောင်ဖြစ်သည်။
“သွား”
ထိုလေးယောက်က အနည်းငယ်မျှ နှောင့်နှေးခြင်းမရှိဘဲ ချက်ချင်းဆိုသလို လှုပ်ရှားပြီး အခန်းအတွင်း ပုံရိပ်ယောင်များကို ချန်ထားရစ်ခဲ့လျှက် သူတို့၏လက်ချောင်းများကို ထပ်ခါတလဲလဲ ဆန့်ထုတ်လိုက်ကာ အလင်းပေါင်းများစွာကို လွှတ်ထုတ်လိုက်သည်။
ဘန်း
ခရမ်းရောင်နှင့် အနက်ရောင် ရောယှက်နေသည့် မီးတောက်က ဝမ်ချောင်ရှိရာဘက်သို့ အဘက်ဘက်မှ ဝင်ရောက်လာသည်။ လေးယောက်က ပြီးပြည့်စုံစွာ ပူးပေါင်းပြီး ဝမ်ချောင်အတွက် နောက်ဆုတ်နိုင်ခြင်း မရှိစေရန် ပိတ်ပင်လိုက်သည်။
ကျွီးပီမီးတောက်က သူတို့၏ အင်အားအကြီးဆုံး တိုက်ကွက်ဖြစ်သည်။ ကြောက်မက်ဖွယ် အကောင်းဆုံးသော မီးတောက်နှင့်သာဆိုလျှင် သူတို့သည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် ကြီးမားသည့် လူပေါင်းများစွာကို သတ်နိုင်ခဲ့သည်။ ထိုထဲတွင် မဟာဗိုလ်ချုပ်ကြီး တစ်ယောက်ပင် ပါသေးသည်။ ထို့ကြောင့် ဝမ်ချောင်ကပင် မတားနိုင်ချေ။
သို့သော် လေးယောက်လုံးက ကျွီးပီမီးတောက်ကိုသုံးနေသည့် အချိန်တွင် ရုတ်တရက် အေးစက်သော ရယ်သံကိုကြားလိုက်ရသည်။ ဝမ်ချောင်က မရှောင်ရုံသာ မကသေးလေဘဲ လေးယောက်ထဲမှ တစ်ယောက်ထံသို့ တိုက်ရိုက်ဝင်သွားသည်။
ဘုန်း
ထိုလူ၏အနားသို့ အနီးမကပ်နိုင်သေးခင် ကြီးမားလွန်းသော စွမ်းအင်အားလှိုင်းတစ်ရပ်က ခဲနေသည့် နဂါးတစ်ကောင်လိုမျိုး သူတို့၏ ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက်ဖောက်ဝင်သွားသည်။
အခန်း(၁၂၀၃)
ကြယ်တာရာစွမ်းအင် ထိုးဖောက်သူ
ဝမ်ချောင်သည် သူ၏အင်အားအကြီးဆုံး စွမ်းအင်များထဲမှ တစ်ခုကို ထုတ်သုံးလိုက်ခြင်းဖြစ်သည်။
“ကြယ်တာရာစွမ်းအင်ကို ထိုးဖောက်နိုင်တဲ့ စွမ်းရည်ကို မင်းတို့ပဲသိတာမဟုတ်ဘူး”
ဝမ်ချောင်က အေးစက်စွာရယ်ရင်း အနက်ရောင်ဝတ်စုံနှင့် လုပ်ကြံသတ်ဖြတ်သူ နှလုံးကို ကွဲကြေသွားစေလိုက်သည်။
ခရမ်းနှင့် အနက်ရောင် ရောယှက်နေသော မီးတောက်က ကြယ်တာရာစွမ်းအင် ခုခံမှုကို လျစ်လျူရှု့နိုင်သည်။ ဝမ်ချောင်၏ ကြယ်တာရာစွမ်းအင် ထိုးဖောက်သူကလည်း အလားတူဖြစ်သည်။ ထိုအနက်ရောင်ဝတ်စုံနှင့် လူများက ဒီမီးတောက်ကိုသုံးပြီး ဝမ်ချောင်၏ ကြားခံနယ်များကို ဖျက်ဆီးလိုသည်။ သို့သော် ဝမ်ချောင်က ထိုမျှအထိ ဒုက္ခများနေရန် မလိုအပ်လေဘဲ လုပ်ကြံသတ်ဖြတ်သူ တစ်ယောက်ကို တစ်ချက်တည်းနှင့် သတ်နိုင်သည်။
“မဖြစ်နိုင်ဘူး”
အခြားသော သုံးယောက်က ကြောင်တောင်တောင် ဖြစ်သွားကြသည်။
ဝမ်ချောင်က လျှင်မြန်စွာ ရွေ့လျားသွားသဖြင့် လုပ်ကြံသတ်ဖြတ်သူထက်ပင် မြန်နေသေးသည်။ ထိုအခြေအနေဟာ သူတို့ခန့်မှန်းထားသော အခြေအနေနှင့် ခြားနားသွားသည်။
“သူ့ကိုသတ်”
သူတို့၏မျက်လုံးအတွင်း အနီရောင်မီးတောက်များ ပေါ်ထွက်လာပြီးနောက် ဝမ်ချောင်ရှိရာဘက်သို့ ခုန်ဝင်လာကြသည်။
တစ်ချိန်ထဲတွင်ပင် ခပ်ကြမ်းကြမ်း အော်သံနှင့်အတူ အနက်ရောင်ဝတ်စုံနှင့် အခြားသော လူနှစ်ယောက်က လျှပ်စီးကဲ့သို့ မြန်ဆန်သည့် အရှိန်နှင့်အတူ ဝမ်ချောင်ထံ ခုန်ဝင်လိုက်သည်။
ဝှစ်
ထိုအချိန်တွင် အိတ်တစ်အိတ်ကို လှိုင်းတစ်ခုက ဖြတ်တိုက်သွားသလို အသံမျိုးနှင့်အတူ ပုံရိပ်တစ်ခုက လှုပ်ရှားလာသည်။ ထိုလူဟာ သိပ်သည်းလွန်းသော အစိမ်းရောင်မြူထုကြီးကို သယ်ဆောင်လျှက် ဝမ်ချောင်ရှိရာဘက်သို့ လာနေသည်။
“သေချင်နေတာပဲ”
ဝမ်ချောင်၏ မျက်ဝန်းထဲတွင် အေးစက်သောအလင်းက ဖြတ်ပြေးသွားသည်။
ချွင်
မည်သူကမှ မတုန့်ပြန်နိုင်သေးခင် ရွှေရောင်အလင်းတန်း တစ်စင်းက လေထုကို ထိုးခွဲသွားပြီး အဆိပ်ကိုဖြတ်နေသည့် အနက်ရောင်ဝတ်စုံနှင့် လုပ်ကြံသတ်ဖြတ်သူကို တိုးစိုက်သွားသည်။
ဇွက်
ထိုလူက မြေပြင်သို့ လဲမကျခင် အချိန်တစ်ခုခန့် ရပ်နေသေးသည်။
နောက်ထပ်အလင်းတစ်ချက် ဖြတ်ပြေးသွားပြီးနောက် ဝမ်ချောင်က သုံးကိုယ်ကွဲသွားပြီဖြစ်သည်။
လုပ်ကြံသတ်ဖြတ်သူ သုံးယောက်က ကြောင်သွားသည်။ သူတို့၏ ကျင့်ကြံခြင်းအဆင့်က မည်သို့ဖြစ်နေစေကာမူ မည်သည့်ဝမ်ချောင်ဟာ အစစ်အမှန်ဖြစ်ကြောင်း ပြောရန်ခက်သွားသည်။
“မေ့လိုက်တော့ အတူပေါင်းပြီး တိုက်ခိုက်ကြမယ်”
တခဏခန့် တောင့်ခဲနေပြီးနောက်တွင် သုံးယောက်လုံးက ချက်ချင်းလိုလို တိုက်ခိုက်ကြပြန်သည်။ သုံးယောက်လုံးက ကြီးမားလွန်းသော ခရမ်းရောင်နှင့် အနက်ရောင် ရောယှက်နေသည့် မီးတောက်ကြီးကို လွှတ်ထုတ်လိုက်သည့် အခိုက်အတန့်တွင် လေထုကပင် လောင်ကျွမ်းခံရသံ လွှတ်ထုတ်သည်။ မီးတောက်တစ်ခုချင်းစီတိုင်းက ဝမ်ချောင် သုံးယောက်လုံးကို လွှမ်းခြုံနိုင်တဲ့ အကွာအဝေးထိရောက်အောင် အသားကုန် ဖြန့်ကျက်လျှက်လာသည်။
ထိုသုံးယောက်သည်လည်း ပုံရိပ်သုံးခုလုံးကို လွှမ်းမိုးလိုက်နိုင်သည်နှင့် မည်သည့်ဝမ်ချောင်ဟာ အစစ်အမှန် ဖြစ်ကြောင်း သိရမည်ဟု ထင်ထားကြသည်။ သို့သော် အရာအားလုံးဟာ သူတို့မျှော်လင့်ထားသလို မဖြစ်လာပြန်ချေ။
“အား”
အော်သံတစ်ရပ်က လေထုကို ထိုးဖောက်လာသည်။ ဝမ်ချောင်၏ ပုံရိပ်ယောင်သုံးခုက ပျောက်သွားပြီး လုပ်ကြံသတ်ဖြတ်သူ သုံးယောက်ထဲမှ တစ်ယောက်၏အနောက်တွင် ပေါ်လာသည်။ ပိန်ပါးသော ခန္ဓာကိုယ်တစ်ခု ပေါ်ထွက်လာပြီးနောက် သူ၏လက်ငါးချောင်းက တစ်ဖက်သူ၏လည်ပင်းအား သံမဏိတူကြီးအလား ဆုပ်ကိုင်လာပြီး လေထဲသို့ ပင့်မြှောက်လိုက်ပြီဖြစ်သည်။
“ကျားဖြူ”
“အဲ့ဒီကောင်ပဲ”
လုပ်ကြံသတ်ဖြတ်သူများထဲမှ တစ်ယောက်က ထိုလူဟာ ဝမ်ချောင်ကလွဲပြီး အခြားသူမဖြစ်နိုင်ကြောင်း သိလိုက်သည်။ ကြယ်တာရာစွမ်းအင်များက သူ၏ကိုယ်ထဲမှ လွှတ်ထုတ်ခံနေရချိန်တွင် ဝမ်ချောင်ဟာ မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းကို အကန့်အသတ်ထိ တိုးမြှင့်လိုက်ပြီဖြစ်သည်။ လုပ်ကြံသတ်ဖြတ်သူ၏ ကိုယ်အတွင်းမှ ထွက်လာသော ခရမ်းရောင်စွမ်းအားများက ဝမ်ချောင်၏ ကိုယ်အတွင်းသို့ ဝင်သည်။
ထိုခရမ်းရောင် စွမ်းအားများ၏ မြှင့်တင်မှုကိုခံရသည့် ဝမ်ချောင်၏ကိုယ်က ဖောင်းကားတက်လာပြန်ပြီး အဆုံးအစမဲ့သော အတက်စွမ်းအားများက ခရမ်းရောင်အလင်းနှင့်အတူ ဖြာထွက်သည်။
“မကောင်းတော့ဘူး”
“ဒီမျိုးမစစ်က ကျွီးပီရဲ့ခွန်အားကို စုပ်နေတာ”
ကျန်သော အနက်ရောင်ဝတ်စုံဝတ် လူများအားလုံးက ကြောက်လန့်မှုနှင့်အတူ မျက်နှာများ ဖြူဖျော့သွားကြသည်။ ကျွီးပီရဲ့ခွန်အားဖြစ်သော ပြင်းထန်လွန်းသည့် အနက်ရောင်မီးတောက်ဟာ သာမာန် မဟာဗိုလ်ချုပ်ကြီးများလောက်ကပင် မခုခံနိုင်သည့် အင်အားမျိုးဖြစ်သည်။ ဝမ်ချောင်ကသာ ထိုကဲ့သို့သော အင်အားမျိုးကို ဖမ်းဆုပ်သွားနိုင်ခဲ့လျှင် သူ့ကို မည်သည့်နည်းနှင့်မျှ ကိုင်တွယ်နိုင်လိမ့်မည် မဟုတ်ချေ။
ဝမ်ချောင်ဟာ အင်အားကြီးမားသော်လည်း ထင်သလောက် ကြောက်စရာမကောင်းသေးချေ။ သူ၏ပုံရိပ်ယောင်များကလည်း ကြောက်စရာမရှိချေ။ သို့သော် သူတို့ကသာ ဝမ်ချောင်အား ကျွီးပီ၏စွမ်းအားကို စုပ်ယူခွင့်ပြုလိုက်ပြီး အလားတူ ခရမ်းအနက်ရောင်မီးတောက်ကို သုံးခွင့်ပြုလိုက်မည် ဆိုလျှင်မူ သူတို့သည် သေဆုံးရပေလိမ့်မည်။
ထိုကဲ့သို့သော စွမ်းအားမျိုးက မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းနှင့် အသုံးပြု၍ရသည်။
ဘုန်း
လေထုကပေါက်ကွဲသွားချိန်တွင် အနက်ရောင်ဝတ်စုံဝတ် လူများအားလုံးက ဝမ်ချောင်ထံ စိုးရိမ်တကြီး ခုန်ဝင်လာကြသည်။ သို့သော် နောက်ကျသွားသေးပြန်သည်။ တစ်ဖက်လုပ်ကြံသတ်ဖြတ်သူ၏ ကိုယ်အတွင်းရှိ ခရမ်းရောင်စွမ်းအင်တိုင်းက ဒေါသတကြီး လိမ့်တက်လာသည့် ရေစီးကြောင်းများအလား ဝမ်ချောင်၏ကိုယ်အတွင်းသို့ ဝင်ရောက်ပြီး သူ၏လုဝူအပိုင် ခွန်အားများနှင့် ပေါင်းစပ်သွားသည်။
“အား”
အသံကုန်ခြစ်အော်လိုက်သော အသံမျိုးနှင့်အတူ လုပ်ကြံသတ်ဖြတ်သူက လေရှုံ့သွားသော လည်သာအိတ် တစ်လုံးလိုမျိုး သွေးနှင့်စွမ်းအားများ အားလုံး စုပ်ယူခြင်းခံလိုက်ရသည်။ အခြားသော လုပ်ကြံသတ်ဖြတ်သူများက ခြေလှမ်းအနည်းငယ်သာ လှမ်းရသေးသည်။ သူတို့၏ အဖွဲ့ဝင်တစ်ယောက်က ကျွီးပီ၏ခွန်အား ခြောက်ကပ်အောင် အစုပ်ခံလိုက်ရပြီဖြစ်သည်။
ဒါကဘယ်လောက် အင်အားကြီးတဲ့ စွမ်းအားလဲ။ ဝမ်ချောင်ဟာ အလောင်းကို ဘေးဘက်သို့ လွင့်ပစ်လိုက်သည်။ သူဟာ မျက်လုံးကို မှေးကျဉ်းစွာသာ ဖွင့်ထားလေပြီး အသစ်စက်စက် ဝင်ရောက်လာသော စွမ်းအားများကို အာရုံခံကြည့်သည်။
မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းက စွမ်းအားအမျိုးအစားပေါင်း များစွာကို စုပ်ယူနိုင်သော်လည်း ယခုလောက်ထိ ကြောက်စရာကောင်းပြီး မင်းမူနိုင်သည့် အားမျိုးကို မခံစားဖူးသေးချေ။ ထိုစွမ်းအားသည် မည်သည့်အရာကိုမဆို လောင်ကျွမ်းနိုင်ပြီး မရပ်တန့်နိုင်သည့် စွမ်းအားတစ်ရပ်ဟု ထင်ရသည်။ ပြင်းထန်လွန်းသော အတက်စွမ်းအားနှင့် ဖောက်ထွက်မတက် ပြင်းထန်နေသေးသည်။ သူသည် ထိုကဲ့သို့သော စွမ်းအားမျိုးကို စုပ်ယူပြီးကာစသာ ရှိသေးသည့်တိုင်အောင် သူ၏ကိုယ်အတွင်းရှိ ဆဲလ်တိုင်းက အများကြီးမြှင့်တင်ပေးလိုက်သလို ခံစားလိုက်ရ၏။ ထိုကဲ့သို့ လွှမ်းမိုးနိုင်စွမ်း ပြင်းထန်သည့် စွမ်းအားဟာ ဝမ်ချောင်၏ စိတ်တစ်ခုလုံးအနှံ့ ကြီးစိုးထားလေပြီး သူဟာ အဆင့်အများကြီး ခုန်တက်လိုက်နိုင်သလို ခံစားရစေသည်။ ထို့ပြင် အရာအားလုံးကို ဖျက်ဆီးချင်လာပြန်သည်။
ထိုအခိုက်အတန့်တွင် ဖျက်ဆီးခြင်းစွမ်းအား ပြင်းထန်သည့် ခရမ်းအနက်မီးတောက်နှစ်ခုက ထက်ရှသော ဓားများနှင့်အတူ ရောနှောပြီး ဝမ်ချောင်၏ကိုယ်ကို ကာရံထားသည့် ကြယ်တာရာစွမ်းအင်များကို ကျော်ဖြတ်လျှက် ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်ကာ သတ်ဖြတ်ရန်ကြိုးစားသည်။
“သူသေသွားပြီလား”
အနက်ရောင်ဝတ်စုံနှင့် လူများက အံ့ဩပြီး စိုးရိမ်သွားကြသည်။ သူတို့သည်လည်း ခါးသီးသောတိုက်ပွဲကို ရင်ဆိုင်ရမည်ဟု မျှော်လင့်ထားသည်။ သို့သော် အံ့အားသင့်စရာကောင်းလောက်အောင် ခပ်အေးအေး အောင်မြင်သွားသည်။
သို့သော် တခဏခန့်ကြာပြီးနောက် ခရမ်းရောင်မီးတောက်က ကွဲအက်သွားသည်။ ထိုသို့ဖြင့် ဝမ်ချောင်က ပေါ်လာ၏။ သူ၏ခန္ဓာကိုယ်က ကြယ်တာရာစွမ်းအင်များဖြင့် ပေါက်ကွဲမတက် တောက်လောင်နေပြီး အရှေ့ဘက်တွင် သူ့ကိုထိနိုင်ခြင်းမရှိဘဲ လေထဲတွင်သာ ရှိနေသေးသော ဓားတစ်လက်ကို မြင်လိုက်ရသည်။ ထိုဓားသည် သူ၏လက်မအနည်းငယ်ခန့် အကွာတွင် ရပ်နေပြီး ရှေ့ဆက်တိုး၍မရနိုင်ချေ။
ဝမ်ချောင်၏မျက်နှာက ရေခဲတုံးအလား ဖြစ်နေသည်။ သူ၏ဆံပင်က လေတွင်လွင့်နေသောကြောင့် သူဟာ အမှောင်ထုအတွင်းမှ မိစ္ဆာနတ်ဆိုးကြီးအလား ထင်ရသည်။
“မကောင်းတော့ဘူး”
“ပြေးတော့”
လုပ်ကြံသတ်ဖြတ်သူတိုင်းက ကြောက်လန့်ပြီး တုန်ယင်သွားကြ၏။ ချဉ်းကပ်လာသော အန္တရာယ်က သူတို့၏ ဦးခေါင်းခွံတစ်ခုလုံးကို ပေါက်ကွဲမတက် ဖြစ်သွားစေလေပြီး ရင်ဘက်ကိုပင် လေးလံလာစေသည်။
ဝုန်း
တစ်ဖွဲ့လုံးက ချက်ချင်းလူစုခွဲကြသည်။ သူတို့သည် ကျွီးပီ၏ခွန်အားမျိုးကိုသုံးပြီး ဝမ်ချောင်ကို မကိုင်တွယ်နိုင်ခဲ့လျှင် ကျန်သောအင်အားများက အရေးမပါတော့ချေ။
ရုတ်တရက် သူတို့၏နားအတွင်း အေးစက်သော အသံကထွက်လာသည်။
“ဟွန်း မင်းတို့က ပြေးနိုင်မယ်လို့ ထင်တာလား”
ထိုအဖွဲ့က ခပ်မြန်မြန် တုန့်ပြန်လိုက်ကြသည်။ သူတို့က ထွက်ပြေးသောအခါ အရပ်မျက်နှာခွဲကာ ပြေးကြသည်။ သို့တိုင်အောင် နှေးလွန်းပြန်သည်။
ဘန်း ဘန်း ဘန်း
အေးစက်သောအလင်းက ဖြတ်ပြေးသွားပြီးနောက် အနက်ရောင်ဝတ်စုံနှင့် လူတိုင်း အလိုလျောက် မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ ထိုနှစ်ယောက်က ဓားများ၏ ထိုးဖောက်မှုကို ခံလိုက်ရပြီး နှစ်ယောက်ကမူ ခရမ်းနက်ရောင် မီးတောက်ကြောင့် ပြာဖြစ်သည်အထိ လောင်ကျွမ်းခံလိုက်ရသည်။ အခြားသောသူများကမူ မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းကြောင့် ခြောက်ကပ်သည်အထိ အစုပ်ခံလိုက်ရသည်။
ဝမ်ချောင်သည် သူ၏လက်ထဲမှ ကျုံ့သွားသော အလောင်းကြီးကို မြေပြင်ပေါ်သို့ ပစ်ထုတ်လိုက်ပြီး ခေါင်းကိုလှည့်ကာ နောက်ဆုံးသော အနက်ရောင်ဝတ်စုံနှင့် လူကိုကြည့်သည်။ ထိုလူက တုန်ယင်နေသည်။ သူ၏မျက်နှာတွင် ကြောက်လန့်မှုများ အပြည့်ပေါ်ထွက်နေသည်။ သို့သော် သူဟာ ခပ်မြန်မြန် အမူအရာထိန်းပြီး လှောင်လိုက်သည်။
“မင်းဒုက္ခခံနေစရာ မလိုဘူး။ မင်းငါ့ဆီက ဘာမှရမှာမဟုတ်ဘူး”
ထိုလူက သူ၏မေးရိုးကို ညှစ်လိုက်ပြီးနောက် သူ၏ခန္ဓာကိုယ်အတွင်းမှ အနက်ရောင်မီးတောက်များကို ချက်ချင်းလိုလို ထွက်ပေါ်လာစေလိုက်သည်။ မျက်တောင်တစ်ခတ် အချိန်အတွင်း ထိုလူဟာ ပြာဖြစ်သွားလေပြီ။
ထိုမြင်ကွင်းကို ကြည့်နေသည့် ဝမ်ချောင်က လက်ချောင်းများကို ဆုပ်လိုက်ပြီး သူ၏မျက်ဝန်းထဲမှ အေးစိမ့်မှုများက လျော့ပါးပျောက်ကွယ်လာသည်။
သူသည် ဒီအဖွဲ့နှင့် မကြာခဏဆိုသလို တွေ့ကြုံနေပြီးသည့်တိုင်အောင် သူတို့၏ ကိုယ့်ကိုယ်ကို သတ်သေခြင်းနည်းလမ်းကို ကိုင်တွယ်သည့်နည်းလမ်း မရှိသေးချေ။ အနက်ရောင်ဝတ်စုံနှင့် လူများက အဖမ်းခံရလျှင်ပင် ချက်ချင်းလိုလို ခန္ဓာကိုယ်ကို လောင်ကျွမ်းပြာကျသွားစေလျှက် ဝမ်ချောင်အတွက် ရှာဖွေစရာ မကျန်ရစ်တတ်ချေ။
ဝမ်ချောင်ဟာ ခပ်မြန်မြန် နောက်သို့လှည့်လိုက်သည်။ ထိုအခိုက်အတန့်တွင် သူ၏နားအတွင်း တိုက်ခိုက်သံများက ပြည့်နှက်လာသည်။
“သတ်”
တောင်ထိပ်မှတစ်ဆင့် ဟိုက်ဒရာဘက် တောင်တန်းတစ်ခုလုံးက ကြောက်မက်ဖွယ် အလင်းတန်းများနှင့် တောက်လောင်နေကြောင်း မြင်နိုင်သည်။ မီးခိုးငွေ့များက လေထဲသို့ မြောက်တက်နေ၏။ မရေမတွက်နိုင်သော လူပေါင်းများစွာက အမှောင်ထုကို အခွင့်ကောင်းယူပြီး ဟိုက်ဒရာဘက် ကျောက်ရိုင်းတုံး တောင်တန်းအတွင်းသို့ ဝင်ရောက်လာကြသည်။
“ဒီလူတွေက ဘာလုပ်ချင်နေတာလဲ”
ဝမ်ချောင်၏စိတ်အတွင်း မရေမတွက်နိုင်သော အတွေးပေါင်းများစွာက ဖြတ်ပြေးသွားသည်။ သူသည်လည်း အနက်ရောင်ဝတ်စုံနှင့် လူများက မည်သည့်အတွက်ကြောင့် ပေါ်လာကြောင်း နားမလည်နိုင်ချေ။ သူတို့သည် ဆင်းတူအထိ တောက်လျှောက်လိုက်လာပြီး လူပေါင်းများစွာကို သတ်သွားသည်။ အရာအားလုံးဟာ သူ့ကိုသတ်ရန်အတွက် ဖြစ်နိုင်သည်။
ခြိမ်း
သူကတွေးတောနေချိန်တွင် မြေကမ္ဘာက ရုတ်တရက် ယမ်းခါသွားပြီး မြေအောက်ပိုင်းမှ ပြင်းထန်လွန်းသော စွမ်းအားများက မီးတောင်ကြီးအလား ပေါက်ထွက်လာသည်။ ထိုသို့ဖြင့် ဟိုက်ဒရာဘက် တောင်တန်းတစ်ခုလုံးကို တုန်ခါလာစေသည်။
“ဒါ...”
ဝမ်ချောင်၏မျက်နှာက ဖြူဖျော့သွားပြီး စွမ်းအားများလာသည့် နေရာကိုသိလိုက်သည်။ ဒါဟာ အဆင့်မြင့်ဘုန်းတော်ကြီး နေထိုင်ရာနေရာမှ လာရောက်နေခြင်းဖြစ်သည်။
တခဏခန့်ကြာပြီးနောက် ဝမ်ချောင်ဟာ ဟန်အမူအရာထိန်းရန် ခက်သွားသည်။ အနက်ရောင်ဝတ်စုံနှင့် လူတစ်အုပ်က ရုတ်ချည်းတိုက်ခိုက်လာသည်။ သို့သော် ဝမ်ချောင်ကမူ ဆင်းတူအဆင့်မြင့် ဘုန်းတော်ကြီးက သူတို့၏တိုက်ခိုက်မှုများမှ ပစ်မှတ်တစ်ခု ဖြစ်နေမည်ဟု မထင်ထားမိချေ။
ပို၍အံ့အားသင့်စရာ ကောင်းသည်မှာ အဆင့်မြင့်ဘုန်းတော်ကြီး နေထိုင်သောနေရာက မြေအောက်ပိုင်းတွင် တည်ရှိနေခြင်းဖြစ်ပြီး အလွန်အမင်း ရှုပ်ထွေးသော အနေအထားမျိုးတွင် ဖြစ်နေသည်။ ဝမ်ချောင်ကပင် အဆင့်မြင့်ဘုန်းတော်ကြီးကိုယ်တိုင် လမ်းညွှန်သောကြောင့်သာ ရှာတွေ့ခဲ့ခြင်းဖြစ်သည်။ ထိုထဲသို့ ဝင်ရောက်ရန်အတွက်လည်း တစ်ဖက်သူ၏ ဖိတ်ခေါ်မှုကို လိုအပ်သေးသည်။ သို့သော် ထိုလူများကမူ အဆင့်မြင့်ဘုန်းတော်ကြီးကို ရှာနိုင်ခဲ့သည်။ ထို့ပြင် ထိုစွမ်းအားများအရ...
ဘာလို့ ဒီလောက်အင်အားကြီးတဲ့ လူမျိုးကရှိနေမှာလဲ။
“အား”
ဝမ်ချောင်က စိုးရိမ်နေချိန်တွင် ရုတ်တရက် မြေကြီးအတွင်းမှ အော်သံက ပေါက်ကွဲထွက်လာသည်။ ထို့နောက် ညကောင်းကင်ကို အသံကြီးက စုတ်ဖြဲလိုက်သည်။ အော်သံနှင့်အတူ မြေကမ္ဘာက ဝရုန်းသုန်းကားဖြစ်ကာ ကွဲထွက်သွားပြီး တိတ်ဆိတ်ခြောက်ကပ်မှုက ပြန်လည်ကြီးစိုးသွားသည်။
ဝမ်ချောင်ဟာ စိတ်အေးသွားသည်။
ဒီအော်သံက အဆင့်မြင့်ဘုန်းတော်ကြီးရဲ့ အသံတော့မဟုတ်ဘူး။ ဒီတော့ သူနဲ့တိုက်ခိုက်နေတဲ့လူပေါ့။
သို့သော် စိတ်အေးမှုအပြင် ဖော်ပြရန်ခက်ခဲသည့် ခံစားချက်တစ်ရပ်က မြင့်တက်လာပြန်သည်။
အဆင့်မြင့်ဘုန်းတော်ကြီးက ဒီလောက်ထိ ကျင့်ကြံခြင်းအဆင့် မြင့်မယ်လို့ မထင်ထားဘူး။
ယခုတိုက်ခိုက်မှုအရ အဆင့်မြင့်ဘုန်းတော်ကြီး၏ ကျင့်ကြံမှုအဆင့်က အထွတ်အထိပ် မဟာဗိုလ်ချုပ်ကြီးအဆင့်ထက် အဆပေါင်းများစွာ မြင့်မားနေကြောင်း သိလိုက်သည်။
ဝမ်ချောင်၏စိတ်အတွင်း အမျိုးမျိုးသော အတွေးများက ဖြတ်ပြေးသွားသည်။ ဝမ်ချောင်ဟာ ခံစားချက်များကို ခပ်မြန်မြန် ထိန်းလိုက်ပြီး တောင်အောက်သို့ဆင်းသည်။ အမှောင်ထဲတွင် အနက်ရောင်ဝတ်စုံနှင့် လူပေါင်းများစွာ ရှိနေသေးသည်။ ဝူရှန်းမြင်းတပ်က တိုက်ခိုက်မှုအောက်သို့ ရောက်နေသည်။
ချွင်
ဝမ်ချောင်၏အနောက်ဘက် မီတာနှစ်ဆယ်ကျော် အကွာတွင် လုပ်ကြံသတ်ဖြတ်သူနှစ်ယောက်က ဓားနှစ်လက်ကို ကိုင်ဆောင်လျှက် လေထုသို့ ခုန်တက်ဝင်ရောက်ပြီး ဝမ်ချောင်၏ နောက်မှလိုက်ကာ အောက်ဘက်သို့ဆင်းလာသည်။
အခန်း(၁၂၀၄)
စွစ် စွစ် စွစ်
ဓားနှစ်ချောင်းက မိုးကြိုးနှစ်စင်း ပစ်ထုတ်လိုက်သလိုမျိုး အနက်ရောင်ဝတ်စုံနှင့် လူနှစ်ယောက်ကို ထိုးဖောက်ပြီးနောက် ဆက်လက်ပြီး တိုးဝင်သွားသည်မှာ သုံးယောက်၊ လေးယောက်၊ ဆယ်ယောက်၊ အယောက်နှစ်ဆယ်... ထံသို့အထိ ဆက်လက်တိုးဝင်သွားသည်။ ဝမ်ချောင်သည် သိုးအုပ်အတွင်း ခုန်ဝင်လိုက်သည့် ကျားတစ်ကောင်အလား လူအုပ်ထဲသို့ ဝင်ရောက်လိုက်သည်။ သူသွားသော နေရာတိုင်းရှိ လုပ်ကြံသတ်ဖြတ်သူပေါင်း များစွာက သတ်ဖြတ်ခံနေရသည်။
တစ်နာရီပင်မကြာသေးခင် အနက်ရောင်ဝတ်စုံနှင့် လူအယောက်တစ်ရာကျော်ခန့်ကို ဝမ်ချောင်က သတ်ဖြတ်ပြီးလေပြီ။
နှစ်နာရီခန့်ကြာပြီးနောက် တိုက်ပွဲဟာ အဆုံးသတ်သွားသည်။ ဟိုက်ဒရာဘက်တောင်တန်းတွင် အနက်ရောင်ဝတ်စုံနှင့် လူများ၏ အလောင်းက ပုံလာသည်။ သို့သော် အကြီးမားဆုံး ဆုံးရှုံးမှုကို ခံရသည်မှာ သတ်ဖြတ်ခံလိုက်ရသည့် မိုင်းတူးသူများဖြစ်သည်။
“အရှင်အမတ် ကျွန်တော်တို့တွေ ဒီလူတွေကို ဘယ်လိုကိုင်တွယ်လိုက်ကြမလဲ”
တောင်ခြေတွင် လီစစ်ယဲ့က အနက်ရောင်ဝတ်စုံနှင့် လူတစ်ယောက်၏ ကျောပေါ်သို့ ခြေထောက်ဖြင့် ဖိနင်းထားရင်း တင်းမာသော မျက်နှာမျိုးနှင့်ပြောသည်။ ခြုံခိုတိုက်ခိုက်ခံရသည့် ဖြစ်စဉ်က ရုတ်တရက် ဆန်လွန်းသည်။ အနက်ရောင်ဝတ်စုံနှင့် လူများက ကျင့်ကြံထားပုံဟာ အခြားသောစစ်သားများနှင့် ကွာခြားသည်။ သူတို့သည် ရက်စက်ပြီး ကြမ်းတမ်းလွန်းကာ စည်းမဲ့ကမ်းမဲ့နိုင်လွန်းသည်။ သတိလက်လွတ် အငိုက်ဖမ်းပြီးသည့်အတွက် လူပေါင်းများစွာက ဒဏ်ရာရသူကရ သေသူကသေ ဖြစ်သွားကြသည်။
သု့ိသော် အနက်ရောင်ဝတ်စုံနှင့် လူများသည်လည်း တန်ကြေးတစ်ခုကို ပေးဆပ်လိုက်ရသည်။ သူတို့၏ လူပေါင်းများစွာက သေဆုံးသွားရုံသာ မကသေးလေဘဲ လီစစ်ယဲ့သည် အချို့ကို ဖမ်းမိခဲ့သေးသည်။
“အရှင်အမတ် သူတို့ဘယ်နေရာက လာသလဲဆိုတာကို သိရအောင် ငါ့ရဲ့လူတွေသုံးပြီး မေးမြန်းလိုက်မယ်”
ရွှယ်ချန်ကျွင်းက ဒေါသတကြီးပြောသည်။
“နေဦး”
ဝမ်ချောင်က လက်ဝါးတစ်ဖက်ဖြန့်လျှက် အလျင်စလိုတားသည်။
လီစစ်ယဲ့၏လူများက တိုက်တိုက်ဆိုင်ဆိုင် ထိုလူများကို သတိမေ့အောင် လုပ်နိုင်ခဲ့သောကြောင့်သာ ဖြစ်သည်။ သူတို့က နိုးလာသည်နှင့် သက်သေသွားကြပေလိမ့်မည်။
“ဒီကိစ္စကို ငါနဲ့ထားလိုက်”
ဝမ်ချောင်က အနက်ရောင်ဝတ်စုံနှင့် လူတစ်ယောက်၏ စိတ်အတွင်းသို့ စိတ်စွမ်းအားလှိုင်း တစ်လှိုင်းကို ချက်ချင်းလိုလို ပို့လွှတ်လိုက်သည်။ မျှော်လင့်ထားသည့်အတိုင်း ထိုလူ၏ စိတ်အတွင်းမှ ချိတ်စည်းတစ်ခုကို တွေ့လိုက်သည်။
မျှော်လင့်ထားတဲ့အတိုင်းပဲ
ဝမ်ချောင်က စိတ်ထဲတွင် ခေါင်းညိမ့်လိုက်သည်။ အနက်ရောင်ဝတ်စုံနှင့် လူများက တင်းတင်းကြပ်ကြပ် ထိန်းချုပ်ခံထားရသည်။ ထို့ကြောင့် မည်သည့်ပြစ်ချက်ကိုမှ ရှာမတွေ့နိုင်ရန် သေချာနေခြင်းဖြစ်လောက်သည်။
သူသည် အရန်အတား တစ်ခုကို တွေ့သော်လည်း ဒါဟာ အင်အားကြီးမားသောတစ်ခု မဟုတ်ချေ။ တခဏခန့်ကြာပြီးနောက် ဝမ်ချောင်ဟာ ချိတ်စည်းကို ဖြည်လိုက်နိုင်သည်။
ကန်းခယ်ဘုရင်က ရှေ့ထွက်လာပြီး ခပ်တိုးတိုးပြောသည်။
“အရှင်အမတ် ဘယ်လိုလဲ။ ဒီလူတွေရဲ့ဇစ်မြစ်ကို ရှာတွေ့ပြီလား”
ဝမ်ချောင်က ခေါင်းအသာခါပြီး သတိမေ့နေသော လုပ်ကြံသတ်ဖြတ်သူများကို တစ်ချက်ကြည့်သည်။
“သူတို့ရဲ့ မျက်နှာဖုံးတွေကို ချွတ်လိုက်”
သူ၏လူများကလည်း အံ့ဩသွားကြသည်။ ဝမ်ချောင်က ထိုကဲ့သို့သော အမိန့်မျိုးကို ပေးချိန်တွင် စိတ်ရှုပ်ထွေးသွားကြသည်။ သို့ရာတွင် ရွှယ်ချန်ကျွင်းက ခပ်မြန်မြန်ငုံ့ကိုင်းပြီး မျက်နှာဖုံးတစ်ခုကို ချွတ်သည်။
“ဒါက ခိုရာစန်းနီပဲ”
သူတို့က ဆံပင်ကောက်ကောက် သိန်းငှက်လိုမျက်လုံး၊ နှာတံမြင့်မြင့်နှင့် ရုပ်ရည်ကိုကြည့်ပြီး အံ့အားတကြီး ဖြစ်သွားကြသည်။
သူတို့သည် မျက်နှာဖုံးပေါင်းများစွာကို လိုက်လံဖယ်ရှားလိုက်သောအခါ ထိုအနက်ရောင်ဝတ်စုံနှင့် လူများအားလုံးက ခိုရာစန်းနီများ၏ မျက်နှာများ ပါဝင်သလို တိဗက်များ၏ မျက်နှာ၊ တူရကီများ၏ မျက်နှာများပါဝင်နေသည်။ ထု့ိအပြင် ကျွီးရှီတိုင်းပြည်မှ မျက်နှာများအပြင် ဆင်းတူတိုင်းပြည်မှ မျက်နှာများလည်း ပါဝင်နေသည်။ သူတို့အားလုံးက အမျိုးမျိုးသော ရုပ်ရည်များ ရှိနေသောကြောင့် အားလုံးက မှင်သက်သွားကြသည်။
“ဒီလူတွေက အနိမ့်စားအဆင့် လုပ်ကြံသတ်ဖြတ်သူတွေပဲ။ ဒါကြောင့် လျို့ဝှက်ချက်တွေ အများကြီးသိမှာ မဟုတ်ဘူး”
ဝမ်ချောင်ကပြောသည်။
သူစိတ်စွမ်းအားစွမ်းအင်မှတစ်ဆင့် ရရှိခဲ့သည့် သဲလွန်စက အကန့်အသတ်နှင့်ဖြစ်သည်။ သူသိထားသည့် အချက်အလက်များအရ ထိုလူများက ဘာကိုမှ မသိကြချေ။ လီစစ်ယဲ့နှင့် ကန်းခယ်ဘုရင်တို့ ဖမ်းထားသော လူများက အသုံးမဝင်ပါချေ။
“လီစစ်ယဲ့ သူတို့ကိုငါတို့နဲ့အတူခေါ်ခဲ့”
ထိုသို့ပြောပြီးနောက် ဝမ်ချောင်က အခြားသော ဦးတည်ရာဘက်တစ်ခုသို့ ခပ်မြန်မြန် ထွက်သွားသည်။
ဟိုက်ဒရာဘက်တောင်တန်း၏ အလယ်တွင် ပြိုကျနေပြီး ပေါ်ထွက်နေသည့် မိုင်းကြီးတစ်ခုရှိသည်။ ဝမ်ချောင်က ထိုနေရာတွင်ရှိသည့် အကြမ်းထည် တည်ဆောက်ထားသော သတ္ထုဂူဘုရားကျောင်း အတွင်းတွင် ရှိနေသော အာပလိုနိုတန်နှင့် အာလိုဂျာတို့နှင့် သွားရောက်တွေ့ဆုံသည်။ အနောက်ဘက်တွင်လည်း အဆင့်မြင့်ဘုန်းတော်ကြီးက ရှိနေသည်။ သူ၏အရှိန်အဝါက အများကြီး နွမ်းလျနေသည်။ သူသည် ပြင်းထန်သည့်တိုက်ပွဲကို ဆင်နွဲထားရပုံပေါ်သည်။
“လူကြီးမင်းဘယ်လိုလဲ”
ဝမ်ချောင်က စိုးရိမ်တကြီးမေးသည်။
“ငါကအဆင်ပြေပါတယ်။ ငါတို့တွေ သူတို့ကို တွန်းထုတ်လိုက်နိုင်တယ်။ ဒါပေမဲ့ ငါတော့ ဒဏ်ရာနည်းနည်း ရသွားတယ်။ နှမြောစရာပဲ”
အစားထိုးအဆင့်မြင့် ဘုန်းတော်ကြီးက အလောင်းပုံများကိုကြည့်သည်။ သူသည် လေထဲတွင် ဝေ့ဝဲနေသော သွေးမြူများကိုကြည့်ပြီး သက်ပြင်းချပြန်သည်။
ဝမ်ချောင်သည်လည်း တိတ်ဆိတ်သွားသည်။ သူသည်လည်း ထိုကိစ္စနှင့်ပတ်သတ်ပြီး မည်သို့မျှ မတက်နိုင်ချေ။ ဟိုက်ဒရာဘက်တောင်တန်းမှ မိုင်းတူးသူများအားလုံးက သာမာန်သူများ ဖြစ်ကြသည်။ သူတို့အားလုံးက အားနည်းသော တည်ဆောက်မှုများကို ပိုင်ဆိုင်ထားကြသည်။ သူတို့၏အဆင့်တွင် ကျွမ်းကျင်ပညာရှင်က အနည်းငယ်သာ ရှိနိုင်သည်။ ဝမ်ချောင်က အတက်နိုင်ဆုံး ကြိုးစားပေးသော်လည်း သူသည်လည်း မတက်နိုင်ပါချေ။
“စကားမစပ် အဆင့်မြင့်ဘုန်းတော်ကြီး အဆင်ပြေရဲ့လား”
ဝမ်ချောင်ကမေးသည်။ မြေအောက် အနက်ရှိုင်းဆုံးအပိုင်းမှ ထွက်လာသည့် အခြေအနေက သူ့ကို မတည်ငြိမ်အောင်ဖြစ်စေသည်။
“အဆင့်မြင့်ဘုန်းတော်ကြီးက အဆင်ပြေတယ်။ အရှင်အမတ် ဒီမေးခွန်းကို မေးမယ်ဆိုတာ သူသိထားပြီးသား။ ဒါကြောင့် ဒီနေရာမှာ ငါတို့ကို စောင့်ခိုင်းထားတာပေါ့”
အစားထိုးအဆင့်မြင့်ဘုန်းတော်ကြီးက ဝမ်ချောင်ကို ဂါရဝပြုသည်။
“ဒါတွေအပြင် အဆင့်မြင့်ဘုန်းတော်ကြီးက မင်းကိုသတင်းစကားတစ်ခု ပို့ပေးဖို့ ပြောထားသေးတယ်။ ကံကြမ္မာက မြင့်လိုက်နိမ့်လိုက် ဖြစ်တတ်သလို စုစည်းလာပြီး လွင့်ပျယ်သွားတတ်တယ်တဲ့။ ဒါကြောင့် အရာအားလုံးမှာ ကံကြမ္မာဆိုတာ ရှိနေပြီးသားပဲ။ သူပြောသင့်တာတွေ မင်းကိုပြောပြီးပြီလို့ပြောတယ်။ ဒါကြောင့် ငါတို့ရဲ့ ကျေးဇူးရှင်အနေနဲ့ ဒီကိစ္စနဲ့ပတ်သတ်ပြီး ခေါင်းမမာသင့်တော့ဘူးလို့ပြောတယ်”
အစားထိုးဘုန်းတော်ကြီးက ဝမ်ချောင်မမေးခင်ကတည်းက ကြိုတင်ဖြေလိုက်သည်။
“အရှင်အမတ် အဆင့်မြင့်ဘုန်းတော်ကြီးက စိတ်ဆုံးဖြတ်ချက် ချပြီးတဲ့အခါ ဘယ်သူကမှ သူ့ရဲ့စိတ်ကို မပြောင်းနိုင်ဘူး။ သူကမင်းကို မတွေ့ချင်ဘူးဆိုရင် သူဘယ်တော့မှ တွေ့မှာမဟုတ်ဘူး။ ငါတို့လည်း မတက်နိုင်ဘူး”
အာပလိုနိုတန်နှင့် အာလိုဂျာတို့ကပြောသည်။ ဝမ်ချောင်က ထိုနေရာတွင် စွံ့အစွာနှင့် အချိန်အတန်ကြာ ရပ်နေမိသွားသည်။ သူသည် အလွန်အမင်း တွန့်ဆုတ်နေသော်လည်း လက်လျော့လိုက်ရသည်။
“နားလည်ပါပြီ လေးလေးနက်နက် ကျေးဇူးတင်ပါတယ်”
ထိုသို့ပြောပြီးနောက် ဝမ်ချောင်က ပတ်ဝန်းကျင်တစ်ခုလုံးကို နက်နဲစွာ တစ်ချက်ကြည့်လိုက်သည်။ အဆင့်မြင့်ဘုန်းတော်ကြီးက သူ၏စကားများကိုကြားကြောင်း နားလည်သည်။
ဝှစ်
ဝမ်ချောင်ဟာ အလင်းတစ်ချက် လက်လေပြီး ချက်ချင်းလိုလို ထွက်ခွာသွားလေသည်။
.....
ညပိုင်းဝင်စီးမှုက ခပ်မြန်မြန် အဆုံးသတ်သွားသည်။ သို့သော် အနက်ရောင်ဝတ်စုံနှင့် လုပ်ကြံသတ်ဖြတ်သူများက မည်သည့်နေရာကလာပြီး မည်သည့်အတွက်ကြောင့် တိုက်ခိုက်ခဲ့ကြောင်း မည်သူကမှ မသိကြချေ။ ထို့ကြောင့် အားလုံးဟာ ဦးတည်ရာမဲ့နေသလို ဖြစ်နေသည်။
ရက်အနည်းငယ်ခန့် ကြာပြီးနောက် အစားထိုးအဆင့်မြင့် ဘုန်းတော်ကြီးကို နှုတ်ဆက်ပြီးနောက် ဝူရှန်းမြင်းတပ်မှ အဖွဲ့ဝင် တစ်ဝက်ခန့်ကို မိုင်းအားစောင့်ကြပ်ပေးရန် ချန်ထားရစ်ခဲ့လျှက် ဝမ်ချောင်က ကျန်သောလူများကိုခေါ်ပြီး ခိုရာစန်းသို့ပြန်သည်။
ခုနှစ်ရက်၊ ရှစ်ရက်ခန့် ကြာပြီးနောက်တွင် ဝမ်ချောင်ဟာ ခိုရာစန်းသို့ ပြန်ရောက်သွားသည်။
“ဘယ်လိုလဲ ကိစ္စတွေအားလုံး ကိုင်တွယ်ပြီးပြီလား”
“အရှင်အမတ် အရှင်အမတ်ရဲ့ ညွှန်ကြားချက်အတိုင်း ငါတို့က ခြုံခိုတိုက်ခိုက်ခဲ့တဲ့ အချိန်မှာ ပုန်းအောင်းနေတဲ့ အနက်ရောင်ဝတ်စုံနဲ့ လူတွေအားလုံးကို ဖယ်ရှားသုတ်သင်နိုင်ခဲ့ပါတယ်။ ဒါတွေအပြင် သူတို့ထဲက ဘယ်သူကမှ အသုံးဝင်တဲ့ သတင်းအချက်အလက်တွေကို မပေးနိုင်ခဲ့ပါဘူး”
လီစစ်ယဲ့က တင်ပြသည်။
ဟိုက်ဒရာဘက် တောင်တန်းမှ အပြန်လမ်းတွင် ဝမ်ချောင်ဟာ လူပေါင်းများစွာက အရိပ်ထဲမှ လိုက်လာခဲ့ကြောင်း သိခဲ့သည်။ အမျိုးမျိုးသော ရုပ်ဖျက်ပြီး ဝမ်ချောင်၏နောက်သို့ ခြေရာခံ လိုက်နေခဲ့ကြ၏။ သူတို့ထဲမှ မည်သူကမှ ဝမ်ချောင်၏မျက်လုံးကို အရူးမလုပ်နိုင်ခဲ့ကြချေ။
ဝမ်ချောင်သည်လည်း အဆင့်မြင့်ဘုန်းတော်ကြီးက သူ့ကိုပေးခဲ့သည့် မသိသာ မထင်ရှားသော သတ္ထုသေတ္တာလေးက အနက်ရောင်ဝတ်စုံနှင့် လူများ၏ စွမ်းအားကို အာရုံခံနိုင်ကြောင်း သိလိုက်သည်။ ထို့ကြောင့် သူတို့ဟာ မည်သို့သော ပုံစံမျိုးနှင့် ရှိနေစေကာမူ သူတို့က ချဉ်းကပ်လာသည်နှင့် ဝမ်ချောင်က ချက်ချင်း သတိထားမိလေသည်။
သူတို့က ပိုနီးလာလေလေ အရောင်က ပို၍တောက်ပလာလေလေဖြစ်ပြီး မကြာခဏဆိုသလို လင်းလက်တောက်ပနေလေ့ရှိသည်။
ကံကြမ္မာကျောက်တုံး၏ ပတ်ဝန်းကျင် မြေမျက်နှာသွင်ပြင်ကို သူ့ကိုဖော်ပြထားသော အချက်နှင့် ပေါင်းစပ်လိုက်သော် ဝမ်ချောင်ဟာ အနက်ရောင်ဝတ်စုံနှင့်လူများ ပုန်းနေသည့်နေရာကို ထင်ထင်ရှားရှား မြင်နိုင်သည်။
“အွန်း”
ဝမ်ချောင်က ခေါင်းညိမ့်သည်။ သူသည်လည်း အဆင့်မြင့်ဘုန်းတော်ကြီးက ယခုလိုအရာမျိုးကို မည်သည့်နေရာက ရှာလာကြောင်း မသိသော်လည်း သံသယဝင်ရန် မလိုလောက်အောင် အနက်ရောင်ဝတ်စုံနှင့် လူများကို ကိုင်တွယ်ရန်အတွက် သူ့ကို ပေးလိုက်ခြင်းဖြစ်လောက်သည်။
ဝမ်ချောင်က အနက်ရောင်ဝတ်စုံနှင့် လူများကို ဘေးဖယ်ထားလိုက်ပြီး သူ၏လူများကို ဦးဆောင်ကာ မြို့အရှင်၏စံအိမ်သို့ ထွက်ခွာလာခဲ့သည်။ လဝက်ကျော်ခန့် ကုန်လွန်သွားပြီးနောက် ခိုရာစန်းက ပြောင်းလဲမှုကြီး ဖြစ်ပျက်သွားသည်။ ဝမ်ချောင်သည်လည်း စစ်ပွဲအတွင်း လျှောက်လှမ်းနေရသော စိတ်အခြေအနေဖြစ်စေလောက်မည့် လေထုအခြေအနေမျိုးက ပျက်ပျယ်သွားကြောင်း တွေ့လိုက်သည်။ တစ်မြို့လုံးက တည်ငြိမ်နေသည်။
လူတိုင်း၏မျက်နှာကလည်း ပျော်ရွှင်မှုနှင့်အတူ တောက်ပနေသေးသည်။
အကြီးမားဆုံး ပြောင်းလဲမှုကမူ လမ်းပေါ်ရှိလူအုပ်များဖြစ်သည်။ ဗဟိုပြင်ကျယ်မှ ထန်ပေါင်းများစွာသည်လည်း ဒီမျိုးနွယ်ခြား မြို့တစ်မြို့တွင် ပေါ်ထွက်လာပြီဖြစ်သည်။ သူတို့၏ ဝတ်စုံများက သူတို့၏ အသီးသီးသော ကလန်များကို ကိုယ်စားပြုထားကြသည်။ မြို့၏ဈေးများတွင် စတင်ပြီး ပိုးသား၊ လက်ဖက်ခြောက်များ ၊ ရွှေထည်၊ မြေထည်များနှင့် လက်လုပ်ပစ္စည်းများကို ရောင်းချနေကြပြီဖြစ်သည်။
“အရှင်အမတ် အရှင်ဖုန်းက တကယ်လေးစားဖို့ ကောင်းတာပဲ။ ခိုရာစန်းနီတွေက ထန်တွေကို ကိုင်တွယ်တဲ့အခါမှာ ရိုသေပြရုံတင် မကသေးဘူး။ သူတို့ရဲ့မျက်နှာမှာ တောက်လျှောက် ပြုံးနေကြတယ်။ ခိုရာစန်းနီတွေက ငါတို့ကို တကယ်လက်ခံတာထင်တယ်”
နောက်တန်းမှ ရွယ်ချန်ကျွင်းက ရှေ့သို့လျှောက်လာပြီး စိတ်လှုပ်ရှားစွာပြောသည်။ ခိုရာစန်းသည် သူတို့နှင့် အဆက်အဆံ မလုပ်ဖူးသော တိုင်းတစ်ပါး နယ်မြေကြီးသာဖြစ်သည်။ ဖုန်းချန်းချင်အနေနှင့် တိုတောင်းသော ကာလအတွင်း ဒီအဆင့်ထိရောက်အောင် လုပ်ဆောင်နိုင်ခြင်းက လေးစားဖွယ် ကောင်းနေပြီဖြစ်သည်။
ဝမ်ချောင်က သဘောတကျ ခေါင်းညိမ့်လိုက်သည်။ သို့သော် သူ့တွင် စိုးရိမ်စရာကိစ္စများ ရှိနေသေးသည်။
ခွာဖြူအရိပ်မြင်းပေါ်တွင် စီးနေသည့် ဝမ်ချောင်က ထန်ပုံစံဆောက်လုပ်ထားသည့် ကျောင်းတစ်ကျောင်းထံ လှည့်လိုက်သည်။ အတွင်းမှ ရွတ်ဖတ်သံများကို ကြားနေရသည်။ ထိုဘာသာစကားဟာ ဒီနေရာမှ လူအများ ရင်းနှီးသော ခိုရာစန်းနီဘာသာစကားဆိုသည်ထက် မဟာထန်၏ ဘာသာစကားဖြစ်သည်။ ထိုအသံများဟာ အလွန်အမင်း ကြောင်တောင်တောင် နိုင်နေသည်။ သို့သော် စိတ်အားထက်သန်မှုပေါင်း များစွာက တောက်လောင်နေသေးသည်။
မျိုးစေ့ကိုစိုက်ပေးသဖြင့် ပန်းကဖူးနေပြီဖြစ်သည်။ သိပ်မကြာခင် အမျှင်များ တွဲဆက်လာနိုင်သည်။ အနာဂတ်တွင် ထိုမျိုးစေ့များက ခိုရာစန်းအနှံ့ ပျံ့နှံ့သွားပေလိမ့်မည်။ ထိုသို့ဖြင့် ဒီနေရာနှင့် ဗဟိုပြင်ကျယ် တစ်ခုလုံး၏ ကံကြမ္မာကို ဆုံးဖြတ်သွားပေလိမ့်မည်။
ဘုန်း
မြေကမ္ဘာက ရုတ်တရက် တုန်ခါသွားပြီးနောက် ဝမ်ချောင်ထံ မြင်းများက ချဉ်းကပ်လာကြသည်။ ဝမ်ချောင်က ခေါင်းကိုမော့ကာ ကြည့်လိုက်သောအခါ ကောင်းရှန်းကျစ်၊ ဖုန်းချန်းချင်နှင့် ပါးနားဟန်တို့က မြင်းများနှင့်အတူ ထွက်ခွာလာလျှက် သူ့ကိုလာရောက်ကြိုဆိုကြောင်း တွေ့လိုက်ရသည်။
“ဟား ဟား ဝမ်ချောင် ဘယ်လိုလဲ ဆင်းတူရဲ့ခရီးက ချောမွေ့ခဲ့လား”
ကောင်းရှန်းကျစ်က ဝမ်ချောင်ထံ အရင်ဆုံး ရောက်ရှိလာသည်။ သူ၏ဝန်းကျင်တွင် ပေ့ါပါးပြီး လန်းဆန်းသော လေထုကို သယ်ဆောင်ထားသည်။ သူသည် အလွန်အမင်း စိတ်ကောင်းဝင်နေပုံရသည်။
“အရှင်ကာကွယ်စောင့်ရှောက်ရေးဗိုလ်ချုပ်”
ဝမ်ချောင်က ဖျော့တော့စွာပြုံးပြီး အနားသို့ ကပ်သွားလိုက်သည်။
“ဝမ်ချောင် မင်းရဲ့အကြံအစည်တွေက မျှော်လင့်ထားတဲ့အတိုင်းပဲ တော်တော်လေး သက်ရောက်မှုရှိတယ်။ ခိုရာစန်းက အရာအားလုံးက မှန်ကန်တဲ့လမ်းကြောင်းပေါ် ရောက်နေပြီ။ ဒါတွေအပြင် အင်ပါယာခုံရုံးက စေလွှတ်လိုက်တဲ့ စစ်သည်တော် ပထမတစ်သုတ်ကလည်း ခိုရာစန်းကိုရောက်နေပြီ။ နောက်ပြီး ဒီအဖွဲ့ရဲ့ နောက်တစ်ဖွဲ့ကလည်း ဆမ်ဆာခမ်းကို ရောက်နေပြီ။ ဒါကြောင့် သူတို့လည်း သိပ်မကြာခင် ရောက်လာလိမ့်မယ်”
ကောင်းရှန်းကျစ်က မုတ်ဆိတ်မွှေးကိုသပ်လျှက် ပြုံးသည်။ သူဟာ ဝမ်ချောင်အကြောင်း နားလည်လာလေလေ သူ့ကို ပို၍သဘောကျလာလေလေဖြစ်သည်။ ဒီလိုရှားပါးသော ပါရမီ၊ မူဝါဒရေးရာတွင် ကျွမ်းကျင်မှု၊ စစ်မတ်ရေးရာတွင် ကျွမ်းကျင်မှု၊ စီမံရေးရာတွင် ကျွမ်းကျင်မှု၊ ခန့်ခွဲနိုင်စွမ်းရည်၊ ဆက်သွယ်နိုင်စွမ်းရည်နှင့် အမျိုးမျိုးသော နယ်ပယ်များတွင် သူဟာ ထူးထူးခြားခြားကို ပါရမီပါလွန်းနေခဲ့သည်။ သူကိုယ်တိုင်သာ မမြင်ဖူးခဲ့လျှင် ထိုကဲ့သို့သော လူငယ်မျိုးက (၁၇)နှစ်သာ ရှိသေးကြောင်း လက်ခံရန်ခက်ခဲလောက်သည်။ ဝမ်ချောင်က သူ၏အသက်ကို ကယ်ခဲ့ရုံသာမကသေးလေဘဲ အန်းရှီကာကွယ်ရေး စစ်တပ်တစ်ခုလုံး၏ အသက်ကို ကယ်ခဲ့ခြင်းဖြစ်သည်။
ဝမ်ချောင်ဟာ သူ့အတွက် အစားသေပေးချင်စိတ် ရှိစေသော လူမျိုးဖြစ်သည်။ သူသည် အရေးအကြီးဆုံးသော မိတ်ဆွေတစ်ယောက် ဖြစ်လာပြီဖြစ်သည်။ တစ်စုံတစ်ယောက်ကသာ ဝမ်ချောင်ကို တိုက်ခိုက်ရဲလျှင် ကောင်းရှန်းကျစ်က အရင်ဆုံး ရှေ့ထွက်ရပေလိမ့်မည်။
“မင်းရဲ့လုပ်ဆောင်မှုတွေနဲ့ အရာအားလုံးကို စာရင်းပြု ရေးသားပြီး အင်ပါယာခုံရုံးကို မှတ်တမ်းလွှာ ပို့လိုက်ပြီးပြီ။ အင်ပါယာခုံရုံးကလည်း သိပ်မကြာခင်မှာ မင်းကိုဆုချီးမြှင့်ဖို့ ထုတ်ပြန်ကြေညာမယ်ဆိုတာ ငါယုံကြည်မှုရှိတယ်။ မင်းသာမရှိရင် ငါတို့တွေ ခိုရာစန်းအထိ ရောက်နိုင်မှာမဟုတ်ဘူး။ ဒါကြောင့် အင်ပါယာခုံရုံးကလည်း မင်းကို ဆုလဒ်တွေအများကြီး ချီးမြှင့်မယ်လို့ ယုံကြည်တယ်။ ပိုဆိုးတာက စစ်ဘက်ဆိုင်ရာ အမှုထမ်းရေးရာရုံးတော်နဲ့ အမှုထမ်းရေးရာရုံးတော်က မင်းကို ဘွဲ့ထူးနာမည်တစ်ခု ချီးမြှင့်ဖို့တောင် ဆွေးနွေးနေကြပြီလို့ငါကြားတယ်”
ကောင်းရှန်းကျစ်ကပြောသည်။ သူ၏မျက်နှာက တောက်ပနေသည်။ ထိုမျက်နှာတွင် မနာလိုမှုများ မရှိဘဲ ဝမ်ချောင်အတွက် ရိုးသားစွာ ပျော်ရွှင်မှုသာရှိနေသည်။
အခန်း(၁၂၀၅)
“အရှင်ကာကွယ်စောင့်ရှောက်ရေး ဗိုလ်ချုပ်က ငါ့ကိုမြှောက်နေပြန်ပါပြီ။ ဗိုလ်ချုပ်တစ်ယောက်ရဲ့ တာဝန်က စစ်တပ်ကို ဦးဆောင်ဖို့ ရှေ့တန်းမှာစခန်းချပြီး အရာအားလုံး ကာကွယ်ထားဖို့ပဲ။ ဒါကြောင့် ဘွဲ့ထူးနာမည်တွေဆိုတာမျိုးက မတန်ပါဘူး”
ဝမ်ချောင်က တည်ငြိမ်စွာသာပြောသည်။ သူ၏အမူအရာဟာ အလွန်အမင်း တည်ငြိမ်သည်။
နမ်ချောင်းစစ်ပွဲအတွက်ပင်ဖြစ်စေ၊ တာလာ့၏ တိုက်ပွဲအတွက်ပင်ဖြစ်စေ ဝမ်ချောင်ဟာ ဂရုမစိုက်ဖူးချေ။ သူဂရုစိုက်သမျှက တာလာ့၏တိုက်ပွဲတွင် အနိုင်ရပြီး အလားအလာရှိသော ကပ်ဘေးတိုင်းကို ဖြေရှင်းရန်သာဖြစ်သည်။
“သွားရအောင်”
ဝမ်ချောင်ကပြောသည်။ သူဟာ စတင်ပြီးထွက်ခွာပြန်သည်။ သူသည် ဆင်းတူမှ ပြန်လာခဲ့သည်မှာ ဟိုက်ဒရာဘက် ကျောက်ရိုင်းတုံးနှင့် ပတ်သတ်သည့်ကိစ္စကို ဖြေရှင်းပြီး၍ဖြစ်သလို ဖုန်းချန်းချင်ထံမှ စာရသောကြောင့်လည်းဖြစ်သည်။
......
“ဆိုတော့ ခိုရာစန်းမှာ တကယ်ပဲ ဘာတွေဖြစ်နေတာလဲ”
ခိုရာစန်း၏ မြို့အရှင်စံအိမ်အတွင်းတွင် ဝမ်ချောင်က လိုရင်းကိုသာပြောသည်။ ဒီနေရာတွင် အပြင်လူများလည်း မရှိချေ။ မဟာထန်၏ အဆင့်မြင့် အရာရှိများကသာ ရှိနေသည်။ ဖုန်းချန်းချင်၏ အပြုံးက ခပ်မြန်မြန် ပျောက်ကွယ်သွားပြီး မျက်မှောင်ကလည်း ကျုံ့လာသည်။ သူသည် စတင်ပြီး ရှင်းပြ၏။
“အရာအားလုံးက အရှင်ကာကွယ်စောင့်ရှောက်ရေး ဗိုလ်ချုပ်ကြီး မျှော်လင့်ထားသလိုပါပဲ။ အာရေးဗီးယားရဲ့ ခြိမ်းခြောက်မှု မရှိတဲ့အခါ ခိုရာစန်းက မှန်ကန်တဲ့လမ်းကြောင်းကို ရောက်လာတယ်။ ဒါပေမဲ့ အချို့ပြဿနာတွေက အလိုလိုပေါ်လာတယ်။ ဒီမှာရှိနေတဲ့ အမျိုးမျိုးသော ပုန်ကန်သူစစ်တပ်တွေက မဟာထန်ကို အလွန်အမင်းကို လေးစားနေပေမဲ့လည်း သူတို့ရဲ့ အချင်းချင်း ဆက်ဆံရေးကတော့ ထင်သလောက် ကောင်းမွန်နေတာမဟုတ်ဘူး။ ဒီအချိန်ကာလတစ်ခုအတွင်းမှာ ပုန်ကန်သူစစ်တပ်တွေ အကြားက အချင်းချင်း မသင့်မြတ်တဲ့ စကားတွေ ပေါ်ထွက်လာတယ်။ ငါတို့ရဲ့ စစ်သားတွေက ဝေမျှတဲ့ဘာသာစကားချင်း မတူပေမဲ့လည်း တော်တော်လေး ထူးခြားတဲ့ အဆင့်အတန်းမျိုးမှာ ရှိနေတယ်။ ဒါကြောင့် ငါတို့က သတိလက်လွတ် ဝင်ပါမိတဲ့အခါ ဘက်လိုက်သလို ဖြစ်သွားနိုင်ပြီး အခြေအနေ မကောင်းနိုင်ဘူး”
“အဲ့ဒါတင်မဟုတ်သေးဘူး။ ပုန်ကန်သူခေါင်းဆောင်တွေကလည်း တစ်ယောက်နဲ့တစ်ယောက် မတူတဲ့အမြင်တွေကို ထုတ်ပြလာသေးတယ်။ သူတို့က အပေါ်ယံမှာတော့ ငြိမ်းချမ်းနေတယ်လို့ ထင်ရပေမဲ့ အောက်ဘက်မှာတော့ လောင်မြိုက်ပြီး ပြဿနာတက်နေကြတာ။ ဒါကြောင့် သူတို့က အရင်ကလောက် မစည်းလုံးကြတော့ဘူး”
ဖုန်းချန်းချင်က သူ၏စိုးရိမ်မှုကို ဖုံးကွယ်ထားခြင်းမရှိချေ။ သူသည် စီမံခန့်ခွဲသည့် ကိစ္စများကို တာဝန်ယူထားရသည်။ သို့သော် ပုန်ကန်သူစစ်တပ်များနှင့် ကိစ္စများကမူ အမှန်အမှား ဝေခွဲရန် လိုအပ်နေသည့်အတွက် သူတစ်ယောက်တည်း ဆုံးဖြတ်၍မရနိုင်ချေ။
“ဝမ်ချောင် ဒါကမကောင်းဘူးနော်။ ငါတို့ဒီကိစ္စကို သေချာမကိုင်တွယ်ရင် မဟာမိတ်စစ်တပ်ကြီးက မြန်မြန် ပြိုကွဲသွားလိမ့်မယ်”
ကောင်းရှန်းကျစ်က အလွန်အမင်း စိုးရိမ်သော မျက်နှာမျိုးနှင့်ဖြစ်သည်။
မဟာထန်သည် ခိုရာစန်းတွင် စစ်သားအများကြီး မခေါ်ဆောင်ထားချေ။ ဒီနေရာတွင် မဟာမိတ်စစ်တပ်တွင် ရှိနေသော အင်အားနှစ်သိန်းကျော်သည် အနည်းဆုံး ရှစ်ဆယ်ရာခိုင်နှုန်းခန့်က အမျိုးမျိုးသော ပုန်ကန်သူစစ်တပ်များထံမှဖြစ်သည်။ ထို့ကြောင့် မဟာမိတ်ကြီးကသာ ပြိုကွဲသွားခဲ့လျှင် မဟာထန်က ခက်ခက်ခဲခဲ ကြိုးစားထားရသည့်ဆုကို ဆုံးရှုံးသွားရနိုင်သည်။
ပုန်ကန်သူစစ်တပ်များ၏ ထောက်ခံမှုမရှိတော့လျှင် မဟာထန်သည်လည်း ပါးတနှင့် အလွန်နီးနေသော မြို့တွင် အာရေးဗီးယား အင်ပါယာကြီးကို ရင်ဆိုင်နိုင်လိမ့်မည်မဟုတ်ချေ။
“ငါဒီကိစ္စကို ဖြေရှင်းဖို့အတွက် အရှင်ဖုန်းကို ကူညီနိုင်သမျှ အရာအားလုံး လုပ်ခဲ့ပြီးပြီ။ ဒါပေမဲ့ ဒါက တော်တော်လေးခက်တယ်”
စုဟန်ရှန်းကလည်း ဝင်ပြောသည်။
“ဆိုတော့ ဖြစ်လာလိမ့်မယ်လို့ ငါပြောခဲ့တဲ့ အရာအားလုံး ဖြစ်လာတာပေါ့ဟုတ်လား”
ဝမ်ချောင်က တည်ငြိမ်စွာသာပြောသည်။ သူသည် ခိုရာစန်းက မထွက်ခင်ကတည်းက ဖုန်းချန်းချင်အတွက် စာတစ်စောင်ထားခဲ့ပြီး ဖြစ်လာနိုင်သည့် ကိစ္စများကို ထုတ်ပြခဲ့သည်။ ထိုအရာများ ဖြစ်လာခဲ့လျှင် သူ့ကိုချက်ချင်း အကြောင်းကြားရန်ပြောသည်။ ထိုအခါမှသာသူက ပြန်လာနိုင်မည်ဖြစ်သည်။ ဒီတစ်ကြိမ်တွင် အရာအားလုံးက ဝမ်ချောင်မျှော်လင့်ထားသည့်အတိုင်း အမှန်တကယ် ဖြစ်လာပြန်သည်။
ဒီထက်ပိုပြီး စိုးရိမ်ရမည့်ကိစ္စများ မရှိတော့သောအခါ အနီးအနားရှိ ပြဿနာများကို ဖြေရှင်းရန် လိုအပ်လာသည်။ အာရေးဗီးယား၏ ထိန်းချုပ်မှုကို ယာယီအားဖြင့် ဖယ်ရှားထားနိုင်သည်။ သို့သော် အတွင်းပိုင်း အရှုပ်အထွေးများကမူ ကိုင်တွယ်ရမလွယ်ကူချေ။
“ဟုတ်တယ် ပြဿနာတွေက မသိသာသေးပေမဲ့လည်း စပြီးလမ်းကြောင်း ပေါက်လာပြီလို့ထင်တယ်။ ဒါကြောင့် ငါတို့ကသာ ဒီကိစ္စတွေကို သေချာမကိုင်တွယ်ဘူးဆိုရင် ဒီပြဿနာတွေက ပိုဆိုးလာပြီး ဖြေရှင်းဖို့နောက်ကျသွားလိမ့်မယ်”
ဖုန်းချန်းချင်က သက်ပြင်းချသည်။
သူတို့သည် စီမံခန့်ခွဲမှုရေးရာတွင် ကျွမ်းကျင်သော အတွေ့အကြုံရှိသူဖြစ်သည်။ တစ်ဖက်သူများကလည်း စိတ်ပိုင်းဆိုင်ရာတွင် ကျွမ်းကျင်သည်။ ဒီနေရာရှိ လူတိုင်းက အရာအားလုံးကို တည်ငြိမ်စွာ ကိုင်တွယ်နိုင်စွမ်းရှိသော လူများဖြစ်နေသည်။ သို့သော် ခိုရာစန်း၏မျိုးနွယ်ခြား နယ်မြေတစ်ခုတွင်မူ တူညီသော ဘာသာစကားကို သုံးစွဲနေခြင်းမရှိသည့်အတွက် အချို့သော ကိစ္စများကို ကိုင်တွယ်ရအလွန်ခက်သည်။
“ငါက ဒီကိစ္စကို ဘယ်လိုကိုင်တွယ်မလဲဆိုတာကို တွေးတောပြီးပါပြီ”
ဝမ်ချောင်က တည်ငြိမ်စွာပြောသည်။
“အရှင်ကာကွယ်စောင့်ရှောက်ရေးဗိုလ်ချုပ်၊ အရှင်ဖုန်း ပါးရန်ကို အကြောင်းကြားပြီး မဟာထန်က ဆမ်ဆာနစ်မင်းဆက်ကို တည်ထောင်ဖို့ ကူညီပေးမယ်လို့ပြောလိုက်”
ခြိမ်း
ဝမ်ချောင်၏ စကားများက ခန်းမရှိလူတိုင်း၏ စိတ်ထဲသို့ အားလှိုင်းတစ်လုံး ရိုက်သွင်းလိုက်သလို ဖြစ်သွားသည်။ ဆမ်ဆာနစ်မင်းဆက်သည် အာရေးဗီးယား၏ ဖယ်ရှားသုတ်သင်ခြင်းကို ခံခဲ့ရပြီး လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ပျောက်ကွယ်သွားသည့် ရှေးဟောင်းအင်ပါယာကြီးဖြစ်သည်။ သို့သော် ဝမ်ချောင်က ယခုအခါ ထိုရှေးဟောင်းအင်ပါယာကို ပြန်လည်တည်ထောင်မည်ဟုဆိုသည်။
“ဝမ်ချောင် အရှင်မင်းကြီးက သဘောတူမယ်ဆိုတာကို မင်းသေချာလို့လား”
ကောင်းရှန်းကျစ်က အံ့အားတကြီးမေးသည်။
“မင်းလည်း မဟာမိတ်စစ်တပ်က ပြဿနာတွေကို မြင်ခဲ့ပြီးပြီပဲ။ ငါတို့ဒီလိုမှမလုပ်ရင် မဟာမိတ်စစ်တပ်ကြီးက မြန်မြန် ပြိုလဲကျသွားလိမ့်မယ်။ ပိုဆိုးတာက ဆမ်ဆာနစ်မင်းဆက်ကို တည်ထောင်ပေးတာက မဟာထန်အနေနဲ့ ခိုင်မာတဲ့ ခံတပ်ကြီးတစ်ခုကို တည်ဆောက်ပေးလိုက်ရုံသာ မကသေးဘဲ ဒီနေရာက လူတွေရဲ့ နှလုံးသားကိုလည်း အနိုင်ရမဲ့အပြင် အဆင့်အတန်းလည်း မြင့်သွားလိမ့်မယ်။ ငါတို့က ဒီစီမံကိန်းကနေ အကျိုးအမြတ်ပဲရမှာ။ ဒါတွေအပြင် ငါတို့က တူညီတဲ့နည်းလမ်းကို ထပ်သုံးပြီး အာရေးဗီးယားအင်ပါယာ အနီးအနားက သေးငယ်တဲ့ တိုင်းပြည်တွေရဲ့ အထောက်အပံ့ကို ရရှိနိုင်တယ်။ ဒီလိုနည်းလမ်းနဲ့ ငါတို့က စစ်သားနည်းနည်းပဲသုံးပြီး အာရေးဗီးယားရဲ့အင်အားကို အများကြီး လျော့ကျသွားစေနိုင်တယ်။ ဒါက အာရေးဗီးယားကို အစစ်အမှန် ခုခံတဲ့နည်းလမ်းပဲ။ ဒီလိုနဲ့ ခြိမ်းခြောက်မှုတွေအားလုံးကို တစ်ခါတည်း ပျောက်ကွယ်သွားစေလိမ့်မယ်။ ဒီလိုနည်းလမ်းနဲ့ပဲ မဟာမိတ်စစ်တပ်အတွင်းက ပြဿနာတိုင်းကို ဖယ်ရှားနိုင်တယ်”
“ပိုဆိုးတာက ငါတို့ကသာ ဆမ်ဆာနစ်မင်းဆက်ကို ထောက်ခံပေးလိုက်ရင် ဒီနေရာမှာ ငါတို့ရဲ့ အခြေစိုက်စခန်းကို ဆက်ထားလို့ရသေးတယ်။ ဒီခိုရာစန်းမှာပဲ ငါတို့တွေက အခြေစိုက်စခန်းကြီးတစ်ခုအဖြစ် သိသာထင်းထွက်လာအောင် လုပ်လို့ရနိုင်တယ်”
ဝမ်ချောင်က ပေါ့ပါးစွာပြောသည်။
မျိုးနွယ်ခြားနယ်မြေတစ်ခုတွင် မြို့စောင့်တပ်တစ်ခုကို တည်ထောင်ခြင်းက အခြားသောလောကတွင်သာ အသုံးပြုသော နည်းလမ်းတစ်မျိုးဖြစ်သည်။ ထိုသို့ဖြင့် ဆုံးရှုံးမှုက သေးငယ်နိုင်ပြီး ကြီးမားသည့် လွှမ်းမိုးမှုကိုလည်း ထိန်းသိမ်းထားနိုင်မည်ဖြစ်သည်။ ထိုနည်းလမ်းကိုသုံးပြီး မဟာထန်က ခိုရာစန်းတွင် အင်အားတစ်ခုကို တည်ငြိမ်အောင် စုစည်းထားနိုင်သလို အခြားသော ပုန်ကန်သူ စစ်တပ်များ၏ အင်အားကိုလည်း အချိန်မရွေး ထုတ်သုံးနိုင်သည်။ ဖြစ်နိုင်သည်မှာ လက်ရှိအခြေအနေထက် အများကြီး ပိုမြင့်သွားနိုင်သည်။ ထိုသို့ဖြစ်နေသည်မှာ မဟာထန်သည် ခိုရာစန်းကို ကမ်းလှမ်းကူညီပေးနိုင်မည့် အင်အားမျိုးလည်း တည်ရှိနေသလို အခြားသော ပုန်ကန်သူ စစ်တပ်တိုင်းကိုလည်း အင်အားမြှင့်တင်ပေး၍ အာရေးဗီးယားကို ခုခံတွန်းလှန်ပေးနိုင်သော အင်အားမျိုး ရှိနေသောကြောင့်ဖြစ်သည်။ ထိုအတွက်ကြောင့် ဒီလိုအခြေအနေမျိုးကို လက်သင့်ခံ၍ရသည်။
ဝမ်ချောင်၏ ရှင်းပြချက်က ကောင်းရှန်းကျစ်တို့အားလုံး၏ မျက်နှာအမူအရာကို ကောင်းမွန်သွားစေသည်။
“ဝမ်ချောင် ဒါကမှန်လား မှားလားတော့ ငါမသိပေမဲ့ ပိုကောင်းတဲ့နည်းလမ်းကိုတော့ မတွေးမိတာ အမှန်ပဲ။ ငါတို့တွေ မင်းပြောသလို လုပ်တာပေါ့။ ဒီနှုန်းတိုင်းဆိုရင်တော့ ခိုရာစန်းကို မဆုံးရှုံးရရင် အကောင်းဆုံးပါပဲ”
ကောင်းရှန်းကျစ်ကပြောသည်။ ခန်းမထဲရှိ လူတိုင်းက အသေးစိတ်ကျကျ ဆွေးနွေးကြပြီးနောက် ပါးရန်ထံ သတင်းပို့ိလိုက်သည်။
......
“ဘာ”
ပါးရန်က ထိုသတင်းကြောင့် အလွန်အမင်း အံဩသွားသည်။ သူသည် ထိုင်ခုံတွင်ပင် ခပ်မတ်မတ် ထိုင်လိုက်မိသည်။ အက်ပါရန်ကာတာဖရက်၏ အဆင့်အမြင့်ဆုံး ဗိုလ်ချုပ်ကြီးတစ်ယောက်လည်းဖြစ်သလို ဆမ်ဆာနစ်မင်းဆက်ထံမှ ကျန်ရစ်ခဲ့သည့် အဆင့်အမြင့်ဆုံးသော အဆင့်အတန်းကို ပိုင်ဆိုင်ထားသည့် မဟာဗိုလ်ချုပ်ကြီးတစ်ယောက်လည်း ဖြစ်သည့်အလျောက် ပါးရန်သည် အလွန်အမင်း တည်ငြိမ်ခိုင်မာသော စိတ်ဓာတ်ကို ပိုင်ဆိုင်ထားခြင်းဖြစ်သည်။ သို့ရာတွင် ထိုကဲ့သို့သော အံ့အားသင့်ဖွယ်ကောင်းသည့် သတင်းကို ရသည့်အခါ သူသည်ပင် မတည်ငြိမ်နိုင်တော့ချေ။
ဆမ်ဆာနစ်မင်းဆက်ကို ပြန်လည်တည်ထောင်မယ်။
ပါးရန်သည်လည်း ထိုကဲ့သို့သော အကြောင်းအရာမျိုးကို စိတ်ကူးမယဉ်ရဲပါချေ။ အာရေးဗီးယား အင်ပါယာကြီး တည်ရှိနေသမျှ ဆမ်ဆာနစ်များအနေဖြင့် သူတို့၏တိုင်းပြည်ကို ပြန်လည်တည်ထောင်နိုင်စွမ်းရည် ရှိလိမ့်မည်မဟုတ်ချေ။ သို့သော် သူတို့၏နှလုံးသား အနက်ရှိုင်းဆုံး အပိုင်းတွင်မူ ပါးရန်နှင့် မရေမတွက်နိုင်သော ခိုရာစန်းနီအများစုက ထိုကဲ့သို့သော ဆန္ဒမျိုးကို တောင့်တကြသည်။ သူတို့၏ တိုင်းပြည်ကြီးကို ဖယ်ရှားသုတ်သင်ခံရပြီးချိန်ကတည်းက မရေမတွက်နိုင်သော ခိုရာစန်းနီများက အိမ်မက်ထဲမှ မကြာခဏဆိုသလို လန့်နိုးလာကြရသလို အိပ်ပျော်သွားလျှင်လည်း မျက်ရည်များ ပြည့်နှက်နေကြလေ့ရှိသည်။
“အရှင် ပါးရန်က ဘာပြောရမှန်းတောင် မသိတော့ပါဘူး။ ပါးရန်နဲ့ ခိုရာစန်းနီတွေ အားလုံးက မဟာထန်နဲ့ အရှင်ရဲ့ သဘောထားကြီးမှုကို တစ်ဘဝလုံး မှတ်မိနေမှာပါ”
ပါးရန်၏မျက်လုံးက နီရဲသွားသည်။ အခြားသော ခိုရာစန်းနီများကလည်း ပျော်ရွှင်နေကြသည်။
“ကျာမာ ဒီသတင်းကို အရှင်မင်းသမီးဆီ အမြန်ဆုံးအကြောင်းကြားလိုက်”
ဝမ်ချောင်နှင့် ကောင်းရှန်းကျစ်တို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ အထူးသဖြင့် မင်းသမီးဆိုသော စကားစုတွင် အံ့ဩသွားခြင်းဖြစ်သည်။ သူတို့သည် ဆမ်ဆာနစ် တော်ဝင်မျိုးဆက်များ တည်ရှိနေသော်လည်း မင်းသမီးတစ်ပါး ဖြစ်နေမည်ဟု မထင်ထားမိချေ။
တခဏခန့်ကြာပြီးနောက် ခိုရာစန်းနီများ၏ ရုပ်ရည်သွင်ပြင် ရှည်လျားပြီး ကွေးကောက်နေသော ဆံပင်ကို ပိုင်ဆိုင်ထားသည့် ကျော့ရှင်းကြည့်ကောင်းသည့် မိန်းမပျိုလေးတစ်ယောက်က ပေါ်ထွက်လာသည်။ သူမသည် ဝမ်ချောင်နှင့် ကောင်းရှန်းကျစ်ကို လေးနက်စွာဂါရဝပြုသည်။
“အရှင်တို့ ကျေးဇူးအများကြီးတင်ပါတယ်”
ဝမ်ချောင်နှင့် ကောင်းရှန်းကျစ်တို့သည်လည်း ဆမ်ဆာနစ်မင်းသမီးကြောင့် မှင်သက်သွားရသည်။ သူမ၏ လှုပ်ရှားမှုများက အဆင့်အတန်းမြင့်မားသလို ကျော့ရှင်းရည်မွန်သည်။ သူမသည် မှင်သက်ဖွယ်ကောင်းသော အလှကို ပိုင်ဆိုင်ထားသည်။ ထပ်ပေါင်းဆိုရသော် အခြားသော လူများက သူမကို အကြမ်းမတမ်း ကာကွယ်ချင်မိသည်အထိ နုနယ်ကာ သိမ်မွေ့သော အရှိန်အဝါမျိုးကို ပိုင်ဆိုင်ထားခြင်းဖြစ်သည်။ ထိုမိန်းမပျိုကို မြင်ရသောအခါ သူတို့နှစ်ယောက်သည်လည်း ပါးရန်နှင့် ခိုရာစန်းနီများဟာ မည်သည့်အတွက်ကြောင့် သူမကို တင်းတင်းကြပ်ကြပ် စောင့်ကြပ်ကာကွယ်ထားကြောင်း သိလိုက်သည်။
“မင်းသမီး ယဉ်ကျေးနေဖို့ မလိုပါဘူး။ ခိုရာစန်းနဲ့ မဟာထန်က ခိုင်မာတဲ့ မဟာမိတ်တွေဖြစ်တယ်။ ငါတို့အတွက် ဒီလိုလုပ်ဖို့ပဲလိုပါတယ်”
ကောင်းရှန်းကျစ်ကပြောသည်။
ကျော့ရှင်းကြည့်ကောင်းသော ဆမ်ဆာနစ်မင်းသမီးက ခေါင်းညိမ့်ပြီး ဝမ်ချောင်ကိုကြည့်သည်။
“ဗိုလ်ချုပ်ဝမ် အားတိရာက ဗိုလ်ချုပ်ရဲ့ကျော်ကြားမှုတွေကို ကြားဖူးနေတာကြာပါပြီ။ ဒါပေမဲ့ ဗိုလ်ချုပ်က ဒီလောက်ထိ ငယ်ရွယ်ဦးမယ်လို့ မထင်ထားဘူး”
အားတိရာက သူမ၏ ကြီးမားလုံးဝိုင်းပြီး လှပသည့်မျက်ဝန်းများဖြင့် ဝမ်ချောင်ထံ လှည့်ကြည့်လျှက် ပြောသည်။ ထိုအခိုက် သူမ၏မျက်ဝန်းအတွင်း ထူးဆန်းသည့် ခံစားချက်များက ဖြတ်ပြေးသွားလေသည်။ ထိုအခိုက်အတန့်တွင် အားတိရာသည် ကောင်းရှန်းကျစ်နှင့် ပါးရန်တို့ကိုပင် ချက်ချင်းလိုလို ထုံထိုင်းသွားစေလောက်သည့် မှင်သက်ဖွယ်ကောင်းသော အလှတရားကို ပိုင်ဆိုင်ထားသည်။
ဝမ်ချောင်ကလည်း သူ၏နှလုံးက တစ်ချက်ခုန်လှုပ်သွားကြောင်း ခံစားလိုက်ရချိန်တွင် ခပ်မြန်မြန် ခေါင်းညိမ့်လိုက်သည်။ သူဟာ ပြန်လည်ဂါရဝပြုလာရင်း ပြောသည်။
“မင်းသမီးကငါ့ကို မြှောက်နေပြန်ပါပြီ”
ကောင်းရှန်းကျစ်နှင့် ဝမ်ချောင်တို့က အခန်းထဲမှ ခပ်မြန်မြန်ထွက်သွားကြသည်။ ထို့နောက် ကောင်းရှန်းကျစ်က ဝမ်ချောင်ကို တစ်ချက်ကြည့်ပြီးပြုံးသည်။
“အရှင်ကာကွယ်ရေးဗိုလ်ချုပ် ဂုဏ်ယူပါတယ်။ ကြည့်ရတာ မင်းက သိပ်မကြာခင်မှာ ဆမ်ဆာနစ်မင်းဆက်ရဲ့ သမက်တော် ဖြစ်လာတော့မယ်ထင်တယ်။ မင်းက ဆမ်ဆာနစ်မင်းဆက်ရဲ့ အင်ပါယာမင်းသား၊ ဒါမှမဟုတ် ဧကရာဇ်တောင် ဖြစ်လာနိုင်တယ်”
“အရှင်ကောင်း”
ဝမ်ချောင်ဟာ တအံ့တဩအော်လိုက်သည်။ ကောင်းရှန်းကျစ်၏ လေသံထဲတွင်လည်း စနောက်လိုသံက အထင်းသား ပေါ်ထွက်နေသည်။
ကောင်းရှန်းကျစ်က သဘောတကျရယ်ပြီး နောက်ဆုတ်သွားသည်။ သူသည် လမ်းတောက်လျှောက် ရယ်သွားသေးသည်။
.....
ထိုအချိန် အခန်းအတွင်းတွင် ပါးရန်က ဆမ်ဆာနစ်မင်းသမီး အားတိရာကိုကြည့်ရင်း လွန်ဆွဲသော အကြည့်မျိုးက ပေါ်ထွက်လာသည်။
“မင်းသမီးက အရွယ်ရောက်နေပြီ။ မင်းသမီးကို လေးစားသဘောကျသူတွေကလည်း ရှိတယ်။ မဟာထန်ရဲ့ လူငယ်အမတ်မင်းက အရမ်းကို ချောမောပြီး သူရဲကောင်းဆန်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ဖြစ်သလို အရမ်းကို ဆုံးဖြတ်ချက် ခိုင်မာတယ်။ အရေးအကြီးဆုံးအချက်က သူက မစေ့စပ်ရသေးဘူး။ ဆမ်ဆာနစ်မင်းဆက်ကသာ ပြန်လည်တည်ထောင်မယ်ဆိုရင် မင်းသမီးကို သူနဲ့ လက်ထပ်ပေးရတာကလည်း ပြဿနာတော့မရှိဘူး”
....
ဆမ်ဆာနစ်မင်းဆက်ကို ပြန်လည်တည်ထောင်မည်ဆိုသော သတင်းက အနောက်ပိုင်း လောကတစ်ခုလုံးကို အံ့အားသင့်စေသလို ခုံးတောင်တန်း အနောက်ပိုင်းတောက်လျှောက် ရှိသမျှ တိုင်းပြည်နယ်မြေတိုင်းကို လှုပ်ခါနိုင်သည့် ကြီးမားသည့် ငလျင်ကြီးတစ်ခုဖြစ် တိုက်ခတ်သွားသည်။ အာရေးဗီးယားအင်ပါယာပင် ပါသည်။
အာရေးဗီးယားနယ်စပ်တွင် အင်အားအကြီးဆုံး အင်ပါယာကြီးဖြစ်သည့် ဆမ်ဆာနစ်မင်းဆက်သည် အာရေးဗီးယားအင်ပါယာ၏ ကြောက်မက်ဖွယ် အကောင်းဆုံး ရန်သူများဖြစ်သည်။
“ရမ်းကားတယ်”
သတင်းကိုရသော အာရေးဗီးယားမှ ကာလစ်၊ မူတာစီရန်သုံးက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ သူ၏လက်ချောင်းများက ကွဲကြေလုနီးပါး အသံများထွက်လာသည်။
မဟာထန်၏ လှုပ်ရှားမှုများက အကောက်ကျစ်ဆုံးဖြစ်သည်။ သူသည်လည်း သဘာဝအလျောက်ပင် ဆမ်ဆာနစ် အင်ပါယာကိုသုံးပြီး အာရေးဗီးယားကို ရေရှည်ခုခံလိုခြင်းဖြစ်ကြောင်း နားလည်လိုက်သည်။
“သေစမ်း သေစမ်း တစ်ယောက်ယောက် လာစမ်း။ ငါဘာတန်ကြေးပေးရပေးရ ဂရုမစိုက်ဘူး။ ဒါပေမဲ့ ငါတို့ ဒီမဟာထန်က ဝမ်ချောင်ဆိုတဲ့ကောင်ကို စုတ်ဖြဲရမယ်”
မူတာစီရန်သုံး၏ အမိန့်နှင့်အတူ အာရေးဗီးယား အင်ပါယာကြီး တစ်ခုလုံးက ကြီးမားသော စက်ကြီးတစ်လုံးလို အသက်ဝင်လာပြန်သည်။ သို့ရာတွင် ဝမ်ချောင်၏ လက်ရှိခွန်အားမျိုးနှင့်ဆိုလျှင် အာရေးဗီးယား အင်ပါယာမှ ကျွမ်းကျင်ပညာရှင်ပေါင်း များစွာကပင် သူ့ကို ကိုင်တွယ်နိုင်မည့်လူကို ရှာရန်ခက်ခဲလောက်သည်။
အာရေးဗီးယားက စတင်လှုပ်ရှားသည်နှင့် ခိုရာစန်းက အောင်ပွဲခံသံ၊ ဂုဏ်ပြုပွဲ ကျင်းပသံများက ပြည့်နှက်သွားပြန်သည်။ မရေမတွက်နိုင်သော လူပေါင်းများစွာက အတူတကွ စုစည်းနေကြပြီး ဆမ်ဆာနစ်မင်းဆက်သည် ပြန်လည်တည်ထောင်မှုတွင်မူ ကူညီပေးနိုင်ရန် မျှော်လင့်ချက်နှင့် ပိုက်ဆံများ လှူဒါန်းကြသည်။ ပစ္စည်းများ လှူဒါန်းကြသည်။ ဝမ်ချောင်နှင့် ဖုန်းချန်းချင်တို့က ပို၍ပင် တိုက်ရိုက်ကျသေးသည်။ သူတို့သည် အသက်အရွယ် ကြီးရင့်နေသော ခိုရာစန်းနီများကို ရှာဖွေပြီး သူတို့၏ ဖော်ပြမှုမှတစ်ဆင့် ဆမ်ဆာနစ်မင်းဆက်၏ တော်ဝင်နန်းတွင်းပုံစံကို ရေးဆွဲခိုင်းကြသည်။ ထို့နောက် ခိုရာစန်းနီပေါင်း များစွာနှင့် ထန်လက်မှုပညာရှင်ပေါင်း များစွာကို စုစည်းစေပြီး နန်းတွင်းကို တည်ဆောက်ခိုင်းလိုက်သည်။