← Chapters

အခန်း (၁၂၀၆-၁၂၁၀)

Vol. 70 Ch. 1206-1210

အခန်း (၁၂၀၆-၁၂၁၀)

Vol. 70 Ch. 1206-1210

အခန်း(၁၂၀၆)

မဟာထန်သည် မဟာမိတ်အနေဖြင့် ရွှေထည်ဆယ်သန်းအား ဆမ်ဆာနစ် အင်ပါယာ အိမ်ထောင်စုထံ လှူဒါန်းခဲ့သည်။ ဆမ်ဆာနစ်မင်းဆက်သည် ခိုရာစန်း၏ အရှေ့မြောက်ပိုင်းနှင့် အနောက်တောင်ပိုင်း ထောင့်နားတွင်ရှိသော နယ်မြေကြီးနှစ်ခုကို မဟာထန်စစ်တပ်၏ အခြေစိုက်စခန်းနေရာအဖြစ် ထာဝရ ပေးအပ်ကြောင်း အမှတ်အသားပြုပေးရင်း ပြန်လည်၍ ကျေးဇူးဆပ်လေသည်။ နယ်မြေအားဖြင့်ယှဉ်သော် ထိုနယ်မြေများတွင် မဟာထန်သည် အကြွင်းမဲ့အာဏာကို ပိုင်ဆိုင်ထားပြီးသားဖြစ်သည်။ ဆမ်ဆာနစ် အင်ပါယာ အိမ်ထောင်စုကပင် ဝင်ရောက်စွက်ဖက်ပိုင်ခွင့် မရှိချေ။

ထိုအချက်အပြင် မဟာထန်အား သူတို့၏လေးစားမှု ကျေးဇူးတင်စိတ်ကို ဖော်ပြသောအားဖြင့် ပါးရန်နှင့် အသစ်စက်စက် တည်ထောင်ပြီးကာစ ဆမ်ဆာနစ်မင်းဆက်က မဟာထန်အား အမြင့်ဆုံးသော အခွင့်အာဏာကို ပေးအပ်ထားသေးသည်။

မည်သည့်အချိန်တွင်မဆို မည်သို့သော အကြောင်းပြချက်ကြောင့်ပင်ဖြစ်စေ မဟာထန်က ဆန္ဒရှိသည်နှင့် သူတို့က ခိုရာစန်း၏ အင်အားစုတိုင်းကို လျှင်မြန်စွာ စုစည်းပေးမည်ဖြစ်သည်။ ထိုထဲတွင် အက်ပါရန်ကာတာဖရက်များပင်ပါ၏။

အက်ပါရန်ကာတာဖရက်များအပေါ် အကြွင်းမဲ့ ထိန်းချုပ်မှုအာဏာအား မည်သည့် အဖွဲ့အစည်းသို့မျှ ပေးအပ်ခြင်းမရှိချေ။ မဟာထန်နှင့် ခိုရာစန်းအကြားမှ ခိုင်မြဲလွန်းသော မဟာမိတ်ကြီးဟာ လူတိုင်းကိုပင် အံ့အားသင့်စေသေး၏။ ထိုမဟာမိတ်နှင့်သာဆိုလျှင် မဟာထန်သည် အင်အားကြီးမားသော နောက်ခံတစ်ခုအဖြစ် သူ၏အင်အားကို အပြည့်အဝ ထုတ်ပြနိုင်ပေလိမ့်မည်။

ဆမ်ဆာနစ်မင်းဆက်က တည်ထောင်ပြီးသလို နောက်ရက်တွင်လည်း စစ်သည်တော်များကို စတင်ခန့်အပ်နေပြီးနောက် မဟာထန်သည် ဆမ်ဆာနစ်မင်းဆက်အား အမျိုးမျိုးသော သံချပ်ကာဝတ်စုံများ လက်နက်များကို ချီးမြင့်ရန်အတွက် သွန်းလုပ်စေလေသည်။ ထိုအချက်များအပြင် ဝမ်ချောင်နှင့် ကောင်းရှန်းကျစ်တို့က လက်ရွေးစင် ဗိုလ်ချုပ်ကြီး အယောက်ခုနှစ်ဆယ်ကို ရွေးချယ်လျှက် ဆမ်ဆာနစ်အား ကူညီပြီး စစ်သည်တော်များကို လေ့ကျင့်ပေးခိုင်းလိုက်သည်။

ခိုရာစန်းသည် မူလတွင် စစ်သည်အင်အားစု နှစ်သိန်းကို ပိုင်ဆိုင်ထားသည်။ သို့သော် ဆမ်ဆာနစ် မင်းဆက်၏ ပြင်းထန်လွန်းသော လွှမ်းမိုးမှုကြီးကြောင့် နောက်ထပ်စစ်သည် နှစ်သိန်းကျော်ကို လျှင်မြန်စွာ စုစည်းခန့်အပ်နိုင်ခဲ့သည်။ ထိုလူများက လေ့ကျင့်ရေးကွင်း လေးခုအနှံ့ ဖြန့်ကျက်လျှက် တည်ရှိနေလေပြီး နေ့ရောညပါ လေ့ကျင့်နေကြလေသည်။

ဆမ်ဆာနစ်မင်းဆက်သည် ဖျက်ဆီးခံရကောင်း ခံရနိုင်သည်။ သို့သော် အနောက်ပိုင်းလောက၏ အင်အားအကြီးဆုံး အင်ပါယာများထဲမှ တစ်ခုဖြစ်ခဲ့သည့်အလျောက် ခိုရာစန်းနီများသည် ရဲရင့်ပြတ်သားပြီး အာရပ်များနည်းတူ စစ်သွေးကြွကြသည်။ အချို့သော နယ်ပယ်များတွင်ပင် အာရပ်များကို ဖိနှိပ်နိုင်သေးသည်။ အချိန်တစ်ခုကြာ လေ့ကျင့်ပြီးနောက် အသစ်စက်စက် ခန့်အပ်ပြီးကာစ စစ်သည်တော်များကပင် အစစ်အမှန် စစ်သည်တော်များအသွင် ပြောင်းလဲလာကြပြီဖြစ်သည်။ ခိုရာစန်းသည် ယခုအခါ အင်အားစု ငါးသိန်းနီးပါးရှိသည့် ကြီးမားသော စစ်တပ်ကြီးကို ပိုင်ဆိုင်နေပြီဖြစ်သည်။ အာရေးဗီးယားကဲ့သို့ အင်အားကြီးမားသော ရန်သူကို ရင်ဆိုင်ရသည့်တိုင်အောင် သူ့ကိုယ်သူ ကာကွယ်နိုင်သည့် အင်အားမျိုးကို ပိုင်ဆိုင်နေပြီဖြစ်သည်။

အရာအားလုံးက လမ်းကြောင်းမှန်တွင်ဖြစ်သည်။ ဆမ်ဆာနစ်မင်းဆက်ကို တည်ထောင်လိုက်သည်နှင့် ကမ်းရိုးတန်းနယ်မြေ တောက်လျှောက်ရှိ နယ်မြေများက ပိုပို၍ပင် စုစည်း စည်းလုံးလာခဲ့ကာ ပုံစံတူ စစ်တပ်များအကြားမှ အတွင်းပိုင်း အရှုပ်အထွေးများကလည်း လျော့နည်းလျှက် ပျောက်ကွယ်လာသည်။ ပါးရန်နှင့် ဆမ်ဆာနစ်မင်းဆက်၏ ဂုဏ်အဆင့်အတန်းကြောင့် ပုန်ကန်သူစစ်တပ်များကို လျှင်မြန်စွာ ဖိနှိပ်နိုင်လေပြီး မသက်မသာဖြစ်သည့် ခံစားချက်များအားလုံးက လျှင်မြန်စွာ လျော့ပါးပျောက်ကွယ်သွားလေသည်။

ဆမ်ဆာနစ်မင်းဆက်က တဖြည်းဖြည်းချင်းစီ လှမ်းတက်လာမှုနှင့်အတူ မဟာထန်သည် ပုန်ကန်သူ စစ်တပ်များထဲမှ ကိစ္စများကို ဝင်ရောက်စွက်ဖက်မှုအား ရှောင်တိမ်းလိုက်နိုင်သည်။ ထိုနည်းအားဖြင့် ပုန်ကန်သူစစ်တပ်က မဟာထန်အပေါ် ရန်လိုသည့် အခြေအနေမျိုး ဖြစ်လာနိုင်တော့မည်မဟုတ်ချေ။

ထိုအရာသာမကသေးချေ။ ဆမ်ဆာနစ်မင်းဆက်ကို တည်ထောင်လိုက်ခြင်းက အခြားသော ပုန်ကန်သူ စစ်တပ်များကိုလည်း မျှော်လင့်ချက်ကို မြင်ယောင်မိသွားစေသည်။ သူတို့ကသာ မဟာထန်၏ အသိအမှတ်ပြုမှုကို ရရှိမည်ဆိုလျှင် သူတို့သည်လည်း ကိုယ်ပိုင်အင်ပါယာကို သို့မဟုတ် အာရေးဗီးယား နယ်စပ်နားတွင် ကိုယ်ပိုင်မြို့တစ်မြို့ကို တည်ထောင်နိုင်လောက်သည်။ ဒါဟာ သူတို့အားလုံး လိုချင်သည့်အရာဖြစ်သည်။

ပုန်ကန်သူစစ်တပ်မှ ခေါင်းဆောင်များအားလုံးက မျှော်လင့်ချက်ကို မြင်လိုက်ကြသည်။ မဟာထန်၏ လူသားဆန်မှုနှင့် သည်းခံနိုင်စွမ်းရည်ကိုလည်း နားလည်လိုက်ကြ၏။ မဟာထန်၏ ဂုဏ်အဆင့်အတန်းနှင့် ကျော်ကြားမှုများအားလုံးက စစ်နတ်ဘုရားထံ ပျံ့နှံ့သွားကာ အာရေးဗီးယားနယ်စပ်တောက်လျှောက် ပို့သွားလေပြီး ပုန်ကန်သူစစ်တပ်များအကြား ရောက်ရှိသွားသည်။

တစ်လခန့်ကြာပြီးသည့်တိုင်အောင် အာရေးဗီးယားက ပြင်းထန်လွန်းသော နှင်းမုန်တိုင်းအောက်တွင် အထိနာသွားခဲ့သည့် ဒဏ်ရာကို ကုစားနေရသေးသည်။ ထိုအချိန်အတောအတွင်းတွင် ပြန်လည်တည်ထောင်ထားသော ဆမ်ဆာနစ်မင်းဆက်ကပင်ဖြစ်စေ၊ အမျိုးမျိုးသော ပုန်ကန်သူ စစ်တပ်များကပင်ဖြစ်စေ စိုးရိမ်ရန် မလိုအပ်သေးချေ။ ထိုအချိန်အတောအတွင်းတွင် ဝမ်ချောင်က ဆမ်ဆာနစ်မင်းဆက်ကို တည်ထောင်နိုင်အောင် ပြန်လည်ကူညီပေးလိုက်ကတည်းက အပြန်အလှန် အနေဖြင့် ပါးရန်နှင့် အခြားသော ခေါင်းဆောင်များအားလုံးက ယွမ်ရှု့စုန့်နှင့် တပည့်များကို ကူညီပြီး သူတို့ထောင်ထားသည့် ကျောင်းများကို ပို၍ပင် ပျံ့နှံ့လာအောင် လုပ်ဆောင်ပေးကြလေသည်။

ယွမ်ရှု့စုန့်၏ ထန်ဘာသာစကားသင် ကျောင်းတော်များကို ခိုရာစန်း၊ ဆမ်ဆာခမ်းနှင့် ပုကာရာတွင်သာ တည်ထောင်ထားခြင်းမဟုတ်လေဘဲ နယ်စပ်နယ်မြေအထိပင် သွားရောက်တည်ထောင်ထားသေးသည်။ ထိုကျောင်းများမှ ကျောင်းသား တစ်ယောက်ချင်းစီတိုင်းက တစ်နှစ်သုံးနှပ်စာ ဖူလုံရုံသာ မကသေးလေဘဲ အရန်စောင့်ရှောက်ခကိုပင် ရရှိဦးမည်ဖြစ်သည်။ ကျောင်းတော်တွင် တစ်လတာ ပညာသင်ကြားခြင်းက အနိမ့်ဆုံး လက်မှုပညာရှင်တစ်ယောက် ရရှိသောလစာကိုပင် ဖူလုံစေသေးသည်။

ထိုအချက်များအပြင် အကောင်းဆုံး အမှတ်များ ရရှိသော ကျောင်းသားများက အပိုဆုလဒ်များကို ရရှိဦးမည်ဖြစ်သည်။ ထိုဆုလဒ်များနှင့် ပတ်သတ်သည့် ကတိစကားများကမူ စာသင်ခန်းများအတွင်း ပျံ့နှံ့နေသည်။ အချိန်တစ်ခုကြာပြီးနောက် ကျောင်းသားများ၏ အရေအတွက်က သုံးထောင်ခန့်မှ ခုနှစ်ထောင်ခန့်အထိ မြင့်တက်သွားသည်။ ထိုအရေအတွက်ဟာ ဆက်လက်ပြီး မြင့်တက်လာသေးလေသည်။

အရာအားလုံးဟာ ဝမ်ချောင်၏ အစီအစဉ်အတိုင်း ဆက်လက်ဖြစ်ပွားနေခဲ့သည်။ ဈေးကွက်များ အတွင်းတွင်လည်း သာမာန်ခိုရာစန်းနီများက ထန်ဘာသာစကား တစ်လုံးနှစ်လုံးခန့်ကိုသုံးလျှက် မဟာကလန်ကြီးများမှ အဖွဲ့ဝင်များကို လှမ်းအော်ခေါ်ခြင်းတို့ကို တွေ့ရသည်။ သူတို့အားလုံးက နွေးထွေးကာ စိတ်အားထက်သန်နေကြပြီး တောက်ပသော မျက်နှာများနှင့် ဖြစ်ကြ၏။ ထို့ကြောင့် လအနည်းငယ်သာလျှင် ကြာသေးကြောင်း ယုံကြည်ရန် ခက်ခဲလေသည်။

ဝမ်ချောင်၏ မြို့ကို စီမံခန့်ခွဲနိုင်သော စွမ်းရည်ဟာ ပါးနားဟန်နှင့် ကုလီတို့ကဲ့သို့ ဟူများကိုပင် မှင်သက်ပြီး လေးစားမိစေသည်။

အချိန်ဟာ တဖြည်းဖြည်းချင်း ကုန်လွန်သွားသည်။ ဝမ်ချောင်က တစ်ဖက်တွင် စာရွက်စာတမ်းများကို ကိုင်တွယ်နေသလို အခြားတစ်ဖက်တွင်လည်း ပူးပေါင်းထားသော မဟာမိတ်စစ်တပ်၏ ဖွံ့ဖြိုးတိုးတက်မှုများကို စီမံကာ လမ်းညွှန်ပြသပေးနေခဲ့သည်။ ဝမ်ချောင်ကလည်း အရာအားလုံးဟာ လမ်းကြောင်းအတိုင်း ရှိနေပြီဟု ထင်ထားသည့်အချိန်တွင် ရုတ်တရက် မမျှော်လင့်ထားသော မတော်တဆမှု တစ်ခုက သူ၏အကြံအစည်များကို ဖျက်ဆီးလိုက်သည်။

ဝမ်ချောင်က မှတ်တမ်းလွှာအပုံထဲ မြုပ်နေချိန်တွင် အန်းရှီကာကွယ်စောင့်ရှောက်ရေး စစ်တပ်မှ စစ်သည်တော်တစ်ယောက်က ဝင်ရောက်လာပြီး ဂါရဝပြုလျှက်ပြောသည်။

“အရှင်အမတ် အရှင်ကောင်းက ဖိတ်ကြားလိုက်ပါတယ်။ အရေးကြီးတဲ့ ဧည့်သည်က မြို့တော်ကို ရောက်ရှိလာလို့ အရှင်အနေနဲ့ ကိုယ်တိုင်ကိုယ်ကျထွက်ပြီး ကြိုဆိုသင့်ပါတယ်တဲ့”

“အာ ဘယ်လိုအရေးပါတဲ့ ဧည့်သည်မို့လို့ ငါက ကိုယ်တိုင်ကိုယ်ကျ ထွက်ပြီး ကြိုဆိုရမှာလဲ။ နောက်ပြီး အရှင်ဖုန်းရှိသေးတယ်မဟုတ်လား”

ဝမ်ချောင်က ပြုံးလိုက်သည်။ သို့သော် သူဟာ စားပွဲမှ ခေါင်းမမော့လာချေ။

သူဟာမြို့ကို စီမံခန့်ခွဲသော ကိစ္စတိုင်းကို ဖုန်းချန်းချင်ကို လွှဲထားပြီးသားဖြစ်ပြီး ဆမ်ဆာနစ်မင်းဆက်ကို တည်ထောင်ပြီးသဖြင့် အရာအားလုံးဟာ အစီအစဉ်တကျ ဖြစ်နေလေရာ ပို၍ပင် စိတ်အေးမိလေသည်။

“အရှင်အမတ် ဒီလူက အင်ပါယာခုံရုံးက သံတမန်ပါ။ အရှင်ဖုန်းနဲ့ အခြားဗိုလ်ချုပ်တွေ အားလုံးက ကြိုဆိုရေးခန်းမကို ထွက်သွားကြပါပြီ”

အန်းရှီကာကွယ်စောင့်ရှောက်ရေး စစ်တပ်ကပြောသည်။

ထိုအခြေအနေက ဝမ်ချောင်ကို အံ့ဩသွားစေသည်။ ကောင်းရှန်းကျစ်နှင့် ဖုန်းချန်းချင်တို့၏ အဆင့်အတန်းကြောင့် ဝမ်ချောင်ဟာ အန်းရှီကာကွယ်စောင့်ရှောက်ရေး စစ်တပ်မှ အဖွဲ့ဝင်ကို ကိုယ်တိုင်ကိုယ်ကျထွက်ပြီး ကြိုဆိုရလောက်အောင် မည်မျှအဆင့်အတန်း မြင့်မားသနည်းဟု တွေးလိုက်မိသည်။

ခဲ့ရှု့ဟန်များ ဖြစ်နေမလား။

သို့သော် ခဲ့ရှု့ဟန်ဆိုလျှင်လည်း သူဟာ ကောင်းရှန်းကျစ်နှင့် အဆင့်တူသူဖြစ်သည်။ ထိုသူကပင် ထိုကဲ့သို့သော ဆက်ဆံမှုမျိုးကို လက်မခံရလောက်ချေ။

“ဒါဆိုရင် လာလည်သူက ဘယ်သူလဲ”

ဝမ်ချောင်က စုတ်တံကို ချထားလိုက်ပြီး သိချင်စိတ်က ပြင်းထန်လာသည်။

“အင်ပါယာခုံရုံးက မိန်းမဆိုးတစ်ယောက်ပါ။ သူ့ရဲ့မျိုးရိုးနာမည်က ပျန်း သူ့ရဲ့နာမည်ကတော့ လင်းချန်ပါ”

အန်းရှီကာကွယ်စောင့်ရှောက်ရေး စစ်သားက ဆက်လက်၍ တင်ပြသည်။

“သူက သူနဲ့အတူ အင်ပါယာအမိန့်တော်ကို သယ်ဆောင်လာပါတယ်”

“ဘာ”

ဝမ်ချောင်၏မျက်လုံးက ကျဉ်းမြောင်းသွားသည်။ အထူးသဖြင့် ပျန်းလင်းချန်ဆိုသော နာမည်ကို ကြားလိုက်ရချိန်တွင်ဖြစ်သည်။ သူဟာ စုတ်တံကို အလုံးစုံပစ်ချလိုက်ပြီး ခေါင်းကိုမော့လိုက်ပြီဖြစ်သည်။ သူ၏စိတ်ကလည်း ဝရုန်းသုန်းကား ဖြစ်သွားပြန်၏။ သူသည်လည်း ဒီလိုအခြေအနေမျိုးတွင် ထိုနာမည်မျိုးကို ကြားရလိမ့်မည်ဟု မထင်ထားမိချေ။

“ငါ့ကိုအဲ့ဒီကိုခေါ်သွား”

ဝမ်ချောင်က ထိုင်ခုံမှချက်ချင်းထပြီး လျှောက်သွားလိုက်သည်။

သူက ကြိုဆိုရေးခန်းမအနားသို့ မကပ်နိုင်သေးခင်ကတည်းက စူးရှသောအသံကို ကြားနေရပြီဖြစ်သည်။

“အရှင်ကောင်း မတွေ့ရတာကြာပြီ။ အရှင်ကောင်းက ရှီတိုင်းပြည်ကို ယူဆောင်နိုင်ခဲ့ပြီး ချွီထေပါးကို အလဲထိုးနိုင်ခဲ့တယ်။ ခိုရာစန်းကိုတောင် သိမ်းပိုက်လိုက်သေးတယ်။ မင်းရဲ့ အနာဂတ် အလားအလာက တိုင်းတာလို့တောင် မရနိုင်တော့ဘူး။ ကြည့်ရတာ ငါကအရှင်ကို မော်ပဲကြည့်ပြီး အရှင့်ရဲ့ အမိန့်တွေကိုပဲ နာခံရတော့မယ်ထင်ပါတယ်”

ထိုအသံက ထောင်လွှားသော မောက်မာမှုနှင့် ပြည့်နှက်နေသေးသည်။ အသံထဲတွင်ပင် အရှင်ကောင်းဟု ထပ်ခါတလဲလဲပြောနေသော်လည်း ထိုအသံထဲတွင် လေးစားမှုကို ခံစားမိခြင်းမရှိချေ။

“ငါတို့မလုပ်ရဲပါဘူး”

“ငါတို့မလုပ်ရဲပါဘူး”

ဝမ်ချောင်နှင့် ရင်းနှီးသော အသံတစ်သံက တုန့်ပြန်သည့်အနေဖြင့် ထွက်လာသည်။

“ဒါက ကောင်းရှန်းကျစ်နဲ့ ဖုန်းချန်းချင်ပဲ”

ဝမ်ချောင်၏အမူအရာက လေးလံသွားသည်။ ကောင်းရှန်းကျစ်နှင့် ဖုန်းချန်းချင်တို့ကပင် လူတစ်ယောက်ကို ထိုမျှအထိ လေးစားလွန်းစွာ ဆက်ဆံမည်ဟု မထင်ထားမိချေ။ မဟုတ်သေးဘူး ဒါက လေးစားတာမဟုတ်ဘဲ ကြောက်တာ။ ခြောက်ခြားတာ။

မာနကြီးသော ကောင်းရှန်းကျစ်က ဝမ်ချောင်၏အရှေ့တွင်ပင် ခေါင်းမညွှတ်ခဲ့ဖူးချေ။ သို့သော် ယခုမူ စူးရှသော အသံပိုင်ရှင်ကိုမူ သူဟာခေါင်းညွှတ်နေသည်။ အသံထဲတွင် မသက်မသာဖြစ်မှုနှင့် ကြောက်လန့်မှုက ပါနေ၏။

“ဟား ဟား ဒါပေမဲ့ အဲ့ဒီလိုတော့ မဟုတ်လောက်ဘူးထင်တယ်။ ငါက အရှင့်ဆီ စာခုနှစ်စောင် ပို့ခဲ့တယ်။ ဒါပေမဲ့ အရှင်က တစ်စောင်မှ ပြန်မဖြေခဲ့ဘူး”

အသံပိုင်ရှင်ကပြောသည်။ သူ၏အသံက တဖြည်းဖြည်းချင်း ကျလာပြီး လှောင်သလိုဖြစ်လာသည်။

“အရှင်က နားလည်မှုလွဲနေတာပဲ။ ကောင်းရှန်းကျစ်က စစ်ဘက်ဆိုင်ရာ ကိစ္စတွေနဲ့ အလုပ်များလွန်းနေလို့ ပြန်ဖို့အချိန်မရှိတာပါ”

ခန်းမထဲမှ ကောင်းရှန်းကျစ်၏အသံက ထပ်ထွက်လာသည်။

ဝမ်ချောင်၏မျက်မှောင်က ကျုံ့သထက် ကျုံ့လာသည်။ သူဟာ နောက်ဆုံးတွင် သည်းမခံနိုင်တော့ဘဲ တံခါးကိုဆွဲဖွင့်ပြီး ဝင်သွားသည်။ ခန်းမအတွင်းတွင် အရာရှိဦးထုတ်ဆောင်းပြီး ခရမ်းရောင် တရားဝင် မိန်းမဆိုးဝတ်စုံကို ဝတ်ဆင်ထားသောသူက အနက်ရောင် လက်တင်ကုလားထိုင်တွင် ထိုင်နေသည်။ သူသည် အလွန်အမင်း မောက်မာထောင်လွှားပုံရ၏။

သူ၏မျက်နှာချင်းဆိုင်တွင် ကောင်းရှန်းကျစ်နှင့် ဖုန်းချန်းချင်အပြင် အန်းရှီကာကွယ်စောင့်ရှောက်ရေး စစ်တပ်မှ ဗိုလ်ချုပ်တိုင်းက ရပ်နေကြသည်။ သူတို့က ထိုမိန်းမဆိုးအား အလွန်အမင်း ကြောက်လန့်သော ပုံစံမျိုးနှင့် ကြည့်နေကြ၏။ ချန်းချန့်လီနှင့် ရှီယွမ်ချင်တို့အားလုံးက ထိုအရာရှိက သူတို့၏ အကြီးအကဲများကို အမိန့်လျှောက်ပေးနေကြောင်း မြင်နေရသောအခါ သူတို့၏ မျက်နှာက ပြာနှမ်းလာကြသည်။ သို့သော် သူတို့က ဒေါသကိုသာ မြိုသိပ်ထားရ၏။ စကားတစ်ခွန်းကိုမှပင် မဆိုရဲချေ။

ဝုန်း

ဝမ်ချောင်ဝင်ရောက်သွားခြင်းက အားလုံး၏ စိတ်အခြေအနေကို ရုတ်တရက် ပြောင်းလဲသွားစေသည်။ လက်တင်ကုလားထိုင်တွင် ထိုင်နေသော မိန်းမဆိုးက ရုတ်တရက် ထိုင်ခုံမှ ချက်ချင်းထလိုက်သည်မှာ သူ၏ဖင်ကို နွေဦးလေးက ဆောင့်တိုက်လိုက်သည့်အလားဖြစ်သည်။ အန်းရှီဗိုလ်ချုပ်တိုင်းကလည်း စိတ်အေးသွားသလို သက်ပြင်းချလိုက်ကြသည်။

ဝမ်ချောင်က အခန်းတစ်ခုလုံးကို တစ်ချက်ကြည့်လိုက်ပြီး အခြေအနေကို နားလည်သွား၏။ အလွန်အမင်း ကြွယ်ဝချမ်းသာသလို ချဲ့ကားစွာဝတ်ဆင်ထားသော ထိုတရားဝင် မိန်းမဆိုးက ပျန့်လင်းချန်ကလွဲပြီး မည်သူကမှ မဖြစ်နိုင်လောက်ချေ။

မဟာထန်တွင် နာမည်အကျော်ကြားဆုံး မိန်းမဆိုးသုံးယောက်ရှိသည်။ ပထမတစ်ယောက်ကမူ သူတော်စင်ဧကရာဇ်ကို တစ်ဘဝလုံးခစားခဲ့ပြီး သူတော်စင်ဧကရာဇ်အတွက်ပင် သေပေးသွားခဲ့သည့် ရဲရင့်ပြတ်သားသော မိန်းမဆိုး ကောင်းလီရှီဖြစ်သည်။ သို့သော် သူ၏အနောက်ဘက်မှ နှစ်ယောက်ကမူ အခြေအနေမတူချေ။ ထိုထဲမှတစ်ယောက်က မင်းသားငါးလီဟန်၏ဘက်မှ သူ့ကိုခစားသူ လီဖူကွေ့ဖြစ်ပြီး လက်ရှိအချိန်တွင်သူ့ကို လီကျင်းကျုံးဟုသာ ခေါ်သေးသည်။ ဒုတိယတစ်ယောက်ကမူ သူ၏အရှေ့မှ ပျန့်လင်းချန်ဖြစ်သည်။

သူဟာ ထင်သလောက် မကျော်ကြားလောက်သော်လည်း အမှောင်ထဲမှ ပြင်းထန်သည့်အာဏာကို ဆွဲကိုင်ထားသောသူမျိုး ဖြစ်နေသေးသည်။ ရှု့ထောင့်တစ်ခုမှကြည့်သော် နံပါတ်နှစ်နေရာတွင်ရှိသော လီကျင်းကျုံးကပင် သူ့ကိုမယှဉ်နိုင်လောက်ချေ။ အကြောင်းပြချက်ကမူ ရိုးရှင်းသည်။

ပျန့်လင်းချန်က ကောင်းရှန်းကျစ်ကို လက်ဗလာနှင့် ဖိနှိပ်ထားနိုင်သလို ဖုမာန်လင်းချာနှင့် ထျန်းရန်ဝမ်တို့၏ အရေးပါသော နေရာကိုလည်း ထိန်းသိမ်းပေးထားသည်။ ထို့ပြင် ကောင်းရှန်းကျစ်က အန်းရှီကာကွယ်စောင့်ရှောက်ရေး ဗိုလ်ချုပ်နေရာကို တက်လှမ်းနိုင်ရန်အတွက် ကူညီထောက်ပံ့ပေးခဲ့ဖူးသေး၏။ ထိုကောင်းရှန်းကျစ်က မဟာထန်၏ ထိပ်တန်းအဆင့် မဟာဗိုလ်ချုပ်ကြီးများထဲမှ တစ်ယောက်ဖြစ်လာခဲ့ပြီး အန်းရှီ၏စစ်နတ်ဘုရား အင်ပါယာ၏ မြို့ရိုးဟု ခေါ်တွင်ခံရပြီး နာမည်ကြီးလာခဲ့သည်မှာ ပျန့်လင်းချန်နှင့် သက်ဆိုင်သည်။

ထို့ကြောင့် ရှု့ထောင့်တစ်ခုမှကြည့်သော် ပျန့်လင်းချန်ဟာ မဆိုးလွန်းပါချေ။

သို့သော် သူဟာ ရှောင်းဟယ်၏ ခေါ်မွေးခြင်းကိုခံထားရသူတစ်ယောက်ဖြစ်သည်။ ပျန့်လင်းချန်သည် ကောင်းရှန်းကျစ်ကို လက်ရှိနေရာရောက်အောင် ယူပေးထားသော်လည်း သူ၏နှလုံးသားထဲမှ ကြင်နာမှုသပ်သပ်ကြောင့် မဟုတ်ချေ။ ထိုအချိန်တွင် ကောင်းရှန်းကျစ်က သူ့ကို မြောက်များလွန်းသော လက်ဆောင်ပဏ္ဍာများကို လျို့ဝှက်စွာ ပေးထားရသည်။ ထိုအရာက ငယ်ရွယ်သော ကောင်းရှန်းကျစ်၏ မှတ်တမ်းတွင် တစ်ခုတည်းသော အကြီးမားဆုံး ပြစ်ချက်ကြီးဖြစ်သည်။

ကောင်းရှန်းကျစ်၏ ပိုက်ဆံများကိုယူပြီးနောက် ပျန့်လင်းချန်ဟာ ဖုမာန်လင်းချာနှင့်ပေါင်းကာ စာနှစ်စောင်ရေးပြီး သူတော်စင်ဧကရာဇ်ထံ ဆက်သခြင်းဖြင့် သူတော်စင်ဧကရာဇ်က နောက်ဆုံးတွင် ကောင်းရှန်းကျစ်ကို သတိထားမိသွားပြီး ကောင်းရှန်းကျစ်ကို သူ၏ဒဏ္ဍာရီလာ အသက်မွေးဝမ်းကြောင်း လုပ်ငန်းနယ်ပယ်သို့ စတင်ရောက်ရှိစေခဲ့သည်။

သို့သော် ပျန့်လင်းချန်ကမူ အရိုးထဲစွဲသည်အထိ လောဘကြီးနေခဲ့သည်။ ဝမ်ချောင်က နောက်ပိုင်း သိထားရသည့် ကိစ္စများအတိုင်းဆိုလျှင် ပျန့်လင်းချန်သည် ကောင်းရှန်းကျစ်ထံမှ ပိုက်ဆံများကို ဆက်တိုက်ညစ်သုံးနေရင်း သူ၏ဆာလောင်စိတ်က ပြင်းထန်သထက် ပြင်းထန်လာခဲ့သည်။ ကောင်းရှန်းကျစ်သည် ဗျူဟာများကိုသုံးပြီး ရွှီတိုင်းပြည်ကို အရယူနိုင်ခဲ့သည်။ သို့သော် ပျန့်လင်းချန်ကိုမူ ပေးဆပ်ရမည့်ကိစ္စတွင် ပြန်လည်မငြင်းဆန်နိုင်ပြန်ချေ။

နှစ်ဖက်လုံးဟာ အကျိုးအမြတ်နောက်သို့လိုက်ပြီး တူညီသောလမ်းတွင် လမ်းခွဲသွားကြသည်။

အဆုံးသတ်တွင် ယခုလို ဝရုန်းသုန်းကားဖြစ်နေသော လောကအတွင်း သူ၏စိတ်ဆန္ဒများကို မကျေနပ်နိုင်သည့် ပျန့်လင်းချန်က လုပ်ဆောင်မှုမှားယွင်းလျှက် အင်ပါယာ အမိန့်တော်တစ်ခုကိုထုတ်ကာ ကောင်းရှန်းကျစ်အား ကွပ်မျက်ခိုင်းခဲ့၏။ ထိုသို့ဖြင့် မျိုးဆက်တစ်ခုမှ မဟာဗိုလ်ချုပ်ကြီးတစ်ယောက်က ယခုလို ဝရုန်းသုန်းကားဖြစ်နေသော ခေတ်တွင် မည်သည့်အင်အားမှ စိုက်ထုတ်နိုင်ခဲ့ခြင်း မရှိလေဘဲ ပျန့်လင်းချန်၏ လက်ထဲတွင် သေဆုံးသွားခဲ့ရလေသည်။

အခန်း(၁၂၀၇)

ယခင်ဘဝတွင် ဝမ်ချောင်က ကောင်းရှန်းကျစ်နှင့် ပတ်သတ်ပြီး ဖြစ်ပျက်သော ကိစ္စများကို ကြားခဲ့ရချိန်တွင် ခံစားချက်များစွာ ရှုပ်ထွေးခဲ့ရသေးသည်။ အင်ပါယာ၏သမိုင်းတွင် ကောင်းရှန်းကျစ်သည် အမှန်တကယ် အမှားလုပ်မိခဲ့သည်။ သို့သော် သူသည် မဟာထန်ကို သစ္စာရှိသော အစေခံတစ်ယောက်ဖြစ်သည်။ ထိုကဲ့သို့သော မဟာဗိုလ်ချုပ်ကြီးတစ်ယောက်က ဒီလိုရာထူးနိမ့်သော လူတစ်ယောက်၏ လက်ထဲတွင် မသေသင့်ပါချေ။

ထို့နောက် ဝမ်ချောင်က ခန်းမကို တစ်ချက် ဝေ့ဝဲကြည့်လိုက်ရုံနှင့် အခြေအနေ တစ်ခုလုံးကို နားလည်လိုက်သည်။ သိပ်မကြာခင်က ဝမ်ချောင်နှင့် ကောင်းရှန်းကျစ်က အာရေးဗီးယား၏ ကာလစ်ထံမှ ရွှေဘီလီယံ (၁.၂)သန်းကို ရရှိခဲ့သည်။ ခိုရာစန်းကို အနိုင်ရရှိခဲ့ပြီးနောက် လျော်ကြေးအနေဖြင့် နောက်ထပ် ရွှေထည် သန်း(၇၀၀)ကို တောင်းခံခဲ့သေး၏။ မဟာထန်စစ်တပ်ကြီး တစ်ခုလုံးက မြောက်များလွန်းသော ငွေကြေးပမာဏကို ပိုင်ဆိုင်ထားသည်ဟု ဆို၍ရသည်။

ပျန့်လင်းချန်ကဲ့သို့ အကျင့်စရိုက်ရှိသော လူအနေဖြင့် ရေထဲမှသွေးရနံ့ကိုရပြီး အချို့သော အမိန့်များကို လာရောက်ပို့ဆောင်ရန်ဆိုသော ရည်ရွယ်ချက်နှင့် ခိုရာစန်းသို့ အပြေးထွက်လာခဲ့ခြင်းဖြစ်လောက်သည်။

“လူငယ်အမတ်မင်း”

ဝမ်ချောင်က တွေးတောနေချိန်တွင် ပျန့်လင်းချန်ကမူ တောက်လျှောက်ပြုံးပြီး မတူသော မျက်နှာမျိုးနှင့် ဝမ်ချောင်ကို လာရောက်ကြိုဆိုသည်။ သူသည် ယခင်ကမျက်နှာမျိုးကဲ့သို့ မောက်မာထောင်လွှားပြီး အမိန့်ပေးလိုသော မျက်နှာမျိုး မရှိတော့ချေ။ သူကသာ ကိုယ်တိုင်ကိုယ်ကျ နားထောင်ခဲ့ရသောကြောင့်သာ မဟုတ်လျှင် ဝမ်ချောင်သည် လူနှစ်ယောက်ကို တွေ့နေရသည်ဟု ထင်လောက်သည်။

ဖြန်း

လက်ဝါးတစ်ဖက်က ရုတ်တရက်ထွက်လာပြီး ပျန့်လင်းချန်၏ တောက်ပစွာ ပြုံးနေသည့်မျက်နှာကို ခပ်ကြမ်းကြမ်း ဖြတ်ရိုက်လိုက်သည်။ ဝမ်ချောင်၏ရိုက်ချက်က ပျန့်လင်းချန်အား ကြောင်တောင်တောင် ဖြစ်သွားစေ၏။ ကောင်းရှန်းကျစ်၊ ဖုန်းချန်းချင်နှင့် အခြားသောလူများ အားလုံးက အလန့်တကြား ဖြစ်သွားကြသည်။ ပျန့်လင်းချန်သည် တရားဝင်အရာရှိတစ်ယောက်ဖြစ်သည်။ သို့သော် သူသည် သူတော်စင်ဧကရာဇ်၏ မျက်နှာသာပေးခံရသူဖြစ်ပြီး စောင့်ကြည့်စစ်ဆေးရသူဆိုသော လုပ်နိုင်စွမ်းရည်လည်း ရှိနေသေးသည်။

ဒါဟာ သူတော်စင်ဧကရာဇ်က လက်အောက်ငယ်သားများကို ချီးမြှင့်ထားသော အမိန့်အာဏာမျိုးဖြစ်ပြီး နယ်စပ်မှအခြေအနေများကို နားလည်ရန် စေလွှတ်ထားခဲ့ခြင်းဖြစ်သည်။ ကောင်းရှန်းကျစ်က ပျန့်လင်းချန်ကို လေးစားပေးနေခဲ့သည်မှာ အတိတ်ကကိစ္စများကြောင့်ဟု ဆိုနိုင်သော်လည်း လက်ရှိ သူ၏အဆင့်အတန်းနှင့် အာဏာကြောင့်လည်းဖြစ်သည်။

ပျန့်လင်းချန်ကမူ သာမာန်မိန်းမဆိုး မဟုတ်ပါချေ။

“မင်း မင်းငါ့ကိုရိုက်တယ်”

ပျန့်လင်းချန်က သူ၏ယောင်ကိုင်းသွားသော ပါးကိုအုပ်ပြီး ဝမ်ချောင်ကို အံ့အားတကြီးကြည့်သည်။ ကောင်းရှန်းကျစ်ကဲ့သို့သော လူမျိုးကပင် သူ့ကိုယဉ်ကျေးစွာဆက်ဆံရပြီး ယခုလိုမျိုး မဆက်ဆံရဲချေ။

“ဟား ဟား ငါအပြင်ဘက်ကို ရောက်နေကတည်းက ယင်ကောင်တစ်ကောင် အော်နေတာကို ကြားခဲ့ရတယ်။ ဒါကြောင့် ဒီအရှင်က ကိုယ်တိုင်ကိုယ်ကျ ယင်ကောင်လာသတ်ပေးတာ။ ပြဿနာရှိလား”

ဝမ်ချောင်ကပြုံးပြီး ပျန့်လင်းချန်၏ပါးကို လက်သီးဖြင့်အသာထိုးသည်။

ကောင်းရှန်းကျစ်သည် ဟူဖြစ်ပြီး မြို့တော်အတွင်း နောက်ခံမရှိပါချေ။ ထို့ကြောင့် သူသည် အမြဲတစေ အညံ့ခံနေရသည်။ ဝမ်ချောင်ကမူ ခြားနားလေသည်။ သူသည် အမတ်များ၊ ဗိုလ်ချုပ်များ ပြည့်နှက်နေသော ကလန်တစ်ခုမှ မွေးဖွားလာသလို ချီရှီကာကွယ်စောင့်ရှောက်ရေး ဗိုလ်ချုပ်ကြီးတစ်ယောက်ဖြစ်နေသေးပြီး ဘုရင်စုန့်နှင့် မြို့စားကျို့၏ ကာကွယ်မှုရှိနေသေးသည်။ ထို့ပြင် သူတော်စင်ဧကရာဇ် ကိုယ်တိုင်ကိုယ်ကျ သူ့ကို လူငယ်အမတ်မင်းဘွဲ့ ချီးမြှင့်ထားခြင်းဖြစ်သည်။ သူသည် ကောင်းကင်သားတော်၏ အစစ်အမှန် တပည့်ဖြစ်နေသည်။ လက်ရှိအချိန်တွင်ပင် သူဟာ နောက်ထပ် ကြီးမားလွန်းသော အကျိုးပြုမှုကြီးကို လုပ်ထားပြီးကာစဖြစ်နေသည်။

ထို့ကြောင့် ခပ်ပြတ်ပြတ်ဆိုရလျှင် ဝမ်ချောင်သည် ပျန့်လင်းချန်ကို ကြောက်စရာမရှိပါချေ။

ပျန့်လင်းချန်က ကိုင်ဆွဲထားသော အာဏာက ဝမ်ချောင်ကို ကိုင်တွယ်ရာတွင် အသုံးမဝင်ချေ။

ပျန့်လင်းချန်၏မျက်နှာက စိမ်းလိုက်ပြာလိုက် နီလိုက်ဖြစ်နေသည်။ သို့သော် သူဟာ မည်မျှနှေးကွေးသောသူ ဖြစ်နေစေကာမူ ဝမ်ချောင်ဟာ သူ့ကို သွယ်ဝိုက်၍ ဆူပူနေခြင်းဖြစ်ကြောင်း သိလိုက်သည်။ ရှင်းလင်းစွာပင် ဝမ်ချောင်က သူကကောင်းရှန်းကျစ်ကို ပြောသောစကားများကို ကြားသွားပုံရသည်။

ပျန့်လင်းချန်က ကောင်းရှန်းကျစ်ကဲ့သို့ အရေးပါသော ပုဂ္ဂိုလ်ကြီး၏အရှေ့တွင်ပင် အရှင်သခင်လို ပြုမူရဲနေချိန်တွင် လူငယ်အမတ်မင်း၏ အရှေ့တွင်မူ မည်သည့်အာဏာမှ မထုတ်ရဲပါချေ။

“ဟား ဟား ကောင်းတဲ့ရိုက်ချက်ပဲ ကောင်းတဲ့ရိုက်ချက်ပဲ”

လူတိုင်းကလည်း ပျန့်လင်းချန်ဟာ ဒေါသထွက်လိမ့်မည်ဟု ထင်နေကြသည့် အခိုက်အတန့်တွင် သူဟာ ရုတ်တရက် ထရယ်သည်။ ပျန့်လင်းချန်က ဒေါသမထွက်ရုံသာမကသေးလေဘဲ ဝမ်ချောင်ကို လေးနက်စွာ ဂါရဝပြုလိုက်သည်။

“ဒီလိုသာဆိုရင် ဒီလူက လူငယ်အမတ်မင်းကို ကျေးဇူးတင်ရမှာပါ”

ပျန့်လင်းချန်က သူ၏အင်္ကျီလက်ကို ပေါ့ပေ့ါပါးပါး တစ်ချက်ယမ်းလိုက်ပြီး အေးဆေးသော အမူအရာမျိုး ဖြစ်နေသည်။ ယခုလေးတင် ခပ်ကြမ်းကြမ်း ပါးရိုက်ခံရသောသူက သူမဟုတ်သည့်အတိုင်းပင်ဖြစ်သည်။

ဝမ်ချောင်ကလည်း ထိုလူဟာ ပြုံးနေရင်း ကျောဘက်တွင် ဓားကိုဝှက်ထားတတ်သည့် ရက်စက်သော လူမျိုးဖြစ်နေမှန်း သိသည့်တိုင်အောင် ညင်သာသောမျက်နှာနှင့် အခြားသူ၏ အကြံအစည်များကို ဖျက်ဆီးတတ်သည့် လူမျိုးဖြစ်နေသည့်တိုင်အောင် လေးစားမိသွားသေးသည်။ ထိုလူ၏ အကျင့်စရိုက်နှင့် စွမ်းရည်မျိုးနှင့်သာဆိုလျှင် ထိုလူဟာ ထိုမျှအထိ လုပ်ကိုင်စွမ်းရည်ရှိပြီး ဖုမာန်လင်းချာနှင့်ပင် ရန်သူဖွဲ့ရဲသည်မှာ အံ့ဩစရာမရှိချေ။ သူသည် အန်းရှီကာကွယ်စောင့်ရှောက်ရေးဗိုလ်ချုပ် ဖုမာန်လင်းချာကိုပင် ချီရှီသို့ပို့ပြီး ဆယ်နှစ်ကြာအောင် ထိုင်ခိုင်းခဲ့သည်။

“ဝမ်ချောင်”

ဘေးဘက်ခြမ်းမှ ကောင်းရှန်းကျစ်နှင့် ဖုမာန်လင်းချာတို့က ထိုကိစ္စကြောင့် ပို၍ပင် စိတ်မငြိမ်ဖြစ်သွားရသည်။

အခြားတစ်ဖက်ခြမ်းတွင် ကောင်းရှန်းကျစ်နှင့် ဖုန်းချန်းချင်တို့ကမူ ထိုမြင်ကွင်းကြောင့် ပို၍ပင် စိတ်မငြိမ်နိုင်အောင် ဖြစ်သွားကြသည်။ သူတို့သည် ပျန့်လင်းချန်နှင့်အတူ အလုပ်လုပ်နေခဲ့သည်မှာ ဆယ်နှစ်ကျော်ပြီဖြစ်ပြီး သူ့ကို ကောင်းကောင်းသိနေပြီဖြစ်သည်။ တစ်ဖက်သူဟာ ပို၍ လေးစားပြပြီး နာခံပြနေလေလေ ပို၍ပြဿနာ များလေလေဖြစ်သည်။

“အရှင်အမတ်မင်း ဒီလူကြီးမင်းက ပျန့်လင်းချန်ပါ။ မိန်းမဆိုးပျန့်ပါ။ သူက အရှင်ဧကရာဇ်က ပစားပေးထားသူဖြစ်ပြီး သူတော်စင်ဧကရာဇ်ရဲ့ တံဆိပ်ပြားကိုလည်း ကိုင်ဆောင်လာပါတယ်။ မြင့်မြတ်တဲ့ အရှင်ဧကရာဇ်က သူ့ကို နန်းတော်ဂိတ်ရဲ့ ဗိုလ်ချုပ်ဆိုတဲ့ ဘွဲ့ထူးနာမည်နဲ့ အင်ပါယာ အမှုဆောင် လူကြီးမင်းဆိုတဲ့ နာမည်ကိုတောင် ချီးမြှင့်ထားပါသေးတယ်။ မိန်းမဆိုးကောင်းတောင်မှ သူ့ကို အလေးထားရတာပါ”

ချန်းချန့်လီက မနေနိုင်ဘဲဝင်ပြောသည်။

ဗိုလ်ချုပ်များ၏သွေးဟာ အမြဲတစေ ပူပြင်းစွာသာ စီးဆင်းသည်။ ထိုလူများဟာ ကြမ်းတမ်းပြီး ခေါင်းမာသည်။ အချို့သော အခြေအနေများကိုလည်း မစဉ်းစားဘဲ ဖိနိပ်တတ်၏။ သို့သော် ပြိုင်ဘက်ဟာ မည်သူဖြစ်ကြောင်း သိရန်လိုအပ်သေးသည်။

ဝမ်ချောင်ဟာ မည်သည့်အတွက်ကြောင့် ပထမဦးဆုံး စတွေ့သည့်အချိန်တွင်ပင် ပျန့်လင်းချန်ကို ထိုမျှရန်လိုနေကြောင်း မည်သူကမှ နားမလည်ကြချေ။ ပျန့်လင်းချန်သည် သာမာန်မိန်းမဆိုး မဟုတ်ချေ။ သူတော်စင်ဧကရာဇ်က သူ့ကို နန်းတော်ဂိတ်များ၏ ဗိုလ်ချုပ်ဆိုသော ဘွဲ့နာမည်ကို ချီးမြှင့်ထားခြင်းကတင် မည်မျှမျက်နှာသာပေးကြောင်း သိနိုင်လေသည်။

မိန်းမဆိုးတစ်ယောက်အနေဖြင့် ဗိုလ်ချုပ်ဘွဲ့နာမည်ရခြင်းက အလွန်အမင်း ရှားပါးနေပြီဖြစ်သည်။ အန်းရှီကာကွယ်စောင့်ရှောက်ရေး စစ်တပ်မှ စစ်သားများကပင် ပျန့်လင်းချန်ကို အလွန်အမင်း လေးစားစွာ ဆက်ဆံနေပေးသည်မှာ အလဟသမဟုတ်ချေ။

ကောင်းရှန်းကျစ်ပင်ဖြစ်စေ၊ ဖန်းချန်းချင်ပင်ဖြစ်စေ၊ ချန်းချန့်လီပင်ဖြစ်စေ သူတို့အားလုံးသည် ဝမ်ချောင်ဟာ အခြေအနေကို အနည်းငယ်သာ နားလည်လိုက်ပြီး ထိုကဲ့သို့ အရေးကြီးသည့် အမတ်ကြီးတစ်ယောက်ကို ရန်စမိမည့် အခြေအနေအား စိုးရိမ်နေကြသည်။

သို့သော် ချန်းချန့်လီ၏စကား မဆုံးသေးခင် ဝမ်ချောင်က လက်ကာပြသည်။ ထိုသု့ိဖြင့် နှစ်သိမ့်သလို တစ်ချက်ကြည့်လိုက်လေသည်။

ပျန့်လင်းချန်က အန်းရှီကာကွယ်စောင့်ရှောက်ရေး စစ်တပ်အရှေ့တွင် ထိုမျှရမ်းကားစွာ ဆက်ဆံလျှင် အဆင်ပြေသည်။ သို့သော် သူသည် ဝမ်ချောင်၏အရှေ့တွင်မူ ထိုကဲ့သို့သော အတွေးများ ရှိနေဦးမည်ဆိုလျှင်မူ သေချင်နေ၍ ဖြစ်ရပေမည်။

“ဟား ဟား အမှုဆောင်လူကြီးမင်းက ပြင်းပြင်းထန်ထန်ကြိုးစားပြီး ပိုင်ဆိုင်မှုအများကြီး ရထားခဲ့တဲ့ပုံပဲ။ ဒီလိုနဲ့တင် အန်းရှီကာကွယ်စောင့်ရှောက်ရေး စစ်တပ်ကို ဂရုစိုက်ရာပြနေပြီ။ ငါမြို့တော်ကိုပြန်သွားလို့ အရှင်ကောင်းနဲ့တွေ့တဲ့အခါ အမှုဆောင်လူကြီးမင်းရဲ့ လုပ်ဆောင်မှုတွေကို ကိုယ်တိုင်ကိုယ်ကျ ကောင်းကောင်းပြောပေးပါ့မယ်”

ဝမ်ချောင်က ပျန့်လင်းချန်ကိုကြည့်ရင်း ပြုံးလျှက်ပြောလိုက်သည်။

ဝှစ်

ပျန့်လင်းချန်ဟာ ချက်ချင်းလိုလို ဖြူဖျော့သွားသည်။ မိန်းမဆိုးကောင်းဆိုသော နာမည်က သူ့အပေါ် မှော်စွမ်းအားတစ်ခုလို သက်ရောက်နိုင်ပုံရသည်။ တစ်ဖက်သူကို သိသော ဗိုလ်ချုပ်များ မများပြားသလို ကြားဖူးသောသူများပင် သိပ်မရှိသော်လည်း တော်ဝင်မြို့တော်အတွင်းတွင်မူ မိန်းမဆိုး အရာရှိများအတွင်းတွင် ထိုနာမည်ဟာ လွှမ်းမိုးနိုင်စွမ်း ပြင်းထန်လွန်းသည့် အားတစ်ရပ်ကို သယ်ဆောင်ထားသည်။ အကြောင်းမူကား ထိုလူသည် အတွင်းခုံရုံးမှ အစစ်အမှန် အမှုဆောင်လူကြီးမင်းဖြစ်သလို အရာရှိမိန်းမဆိုးများ၏ ခေါင်းဆောင်ဖြစ်နေသည်။

ပျန့်လင်းချန်ကပင် ထိုနာမည်ကိုကြားရုံနှင့် ဖော်ပြရန်ခက်ခဲလောက်အောင် တုန်လှုပ်မှုကို ခံစားရလေသည်။ ဝမ်ချောင်သည် လူငယ်အမတ်မင်းဖြစ်ပြီး သူတော်စင်ဧကရာဇ်က အလွန်ပစားပေးထားသူ ကောင်းကင်ဘုံသားတော်၏ တပည့်ဖြစ်နေသည်။ သို့သော် ပျန့်လင်းချန်ကမူ သူသည် ထိုမျှအထိ လုပ်နိုင်စွမ်းရည်ရှိနေမည်ဟု မထင်ထားမိချေ။ သူ၏လေသံအရ သူသည် အတွင်းခုံရုံးမှ အမှုဆောင်လူကြီးမင်းနှင့် စိတ်ထင်တိုင်း တွေ့နိုင်ပုံပေါ်သည်။

ပို၍အရေးကြီးသည်မှာ ကောင်းလီရှီသည် သူ၏အထက်လူကြီးမင်းဖြစ်လေသည်။

“အရှင် ဒီနိမ့်ကျတဲ့လူက ဒီလိုဆန္ဒမျိုး မရှိပါဘူး။ အရှင်နဲ့ အရှင်ကောင်းတို့ နှစ်ယောက်လုံးက တိုင်းပြည်အတွက် ကြီးမားတဲ့အကျိုးပြုမှုကြီး လုပ်ထားပေးခဲ့တာပါ။ ဘယ်လိုကြောင့်များ ဒီနိမ့်ကျတဲ့လူက မလေးမစား ပြရဲရမှာလဲ”

ပျန့်လင်းချန်၏ မျက်နှာက ပြာနှမ်းနေသည်။ သူသည် ခေါင်းကိုဆက်တိုက် ငုံ့ထားသည်။ သူသည် ရိုင်းပျမှု အနည်းငယ်ကိုပင် ထုတ်မပြရဲပါချေ။

“အရှင်ပျန့် မင်းက တော်ဝင်အမိန့်တော် ယူလာတာမဟုတ်လား။ ဘာလို့မြန်မြန်လေး မကြေညာတာလဲ”

ဝမ်ချောင်က ထိုသို့ပြောလိုက်ပြီး ပျန့်လင်းချန်၏ အနောက်ဘက်တွင် လိပ်ထားသည့် တော်ဝင်အမိန့်တော်ကို စိုက်ကြည့်လိုက်သည်။

ပျန့်လင်းချန်သည် အရာရှိမိန်းမဆိုးတစ်ယောက်ဖြစ်ပြီး ကောက်ကျစ်လွန်းသောလူ ဖြစ်သော်လည်း ဝမ်ချောင်ကသူ့ကို နံပါတ်ငါးမင်းသား၏ လီကျင်းကျုံးနည်းတူသာ သဘောထားသည်။ ဝမ်ချောင်သည် သူတို့ကို ဖိနှိပ်ပြီး ခြောက်လန့်ရုံသာ လုပ်လိုသည်။ အမှန်တကယ် မသတ်ချင်သေးပါချေ။ အနာဂတ်တွင် သစ္စာဖောက်မည့် အမတ်လီကျင်းကျုံးအတွက်ပင်ဖြစ်စေ နန်းတော်ဂိတ်များ၏ ဗိုလ်ချုပ် ပင်းလင်းချန်အတွက်ပင်ဖြစ်စေ သူတို့ကို ကောင်းကောင်း အသုံးချနိုင်သမျှ သူတို့သည် အလွန်အမင်း အကူအညီဖြစ်ပေလိမ့်မည်။ ထို့ကြောင့် လိုအပ်သမျှက သူတို့က ကပ်ဘေးများကို မမွှေနှောက်ခင် ဖယ်ရှားရုံသာဖြစ်သည်။

ပို၍ဆိုးသည်မှာ လူတိုင်းဟာ အမြဲတသမတ်တည်း မဖြစ်နေနိုင်ချေ။ ထို့ကြောင့် သူတို့ကို မည်သို့ အသုံးပြုမည်ဆိုသော အချက်ပေါ် မူတည်ကြည့်ရပေမည်။ ထိုအတွက်ကြောင့် ဖုန်းသဲ့ယွီဆိုသော စွေ့မင်းဆက်မှ သစ္စာဖောက်အမတ်ကြီးကဲ့သို့ အထက်လူကြီးများကိုလှည့်စားပြီး လက်အောက်ငယ်သားများကို လှည့်ဖျားခဲ့သောလူဟာ စွေ့မင်းဆက် ဖျက်ဆီးခံရပြီး ထန်ကိုဒူးထောက်ပြီးချိန်တွင် ဧကရာဇ်ထိုက်ကျုံး၏ လက်အောက်တွင် အလွန်အမင်း အင်အားကြီးလျှက် ပစားပေးခံရသော အရာရှိတစ်ယောက် ဖြစ်နိုင်ခဲ့လေသည်။

“လူငယ်အမတ်မင်းက မှန်ပါတယ်။ ဒီလူက ဘယ်လိုကြောင့်များ ဒီလောက်အရေးပါတဲ့ ကိစ္စကို မေ့သွားရပါလိမ့်”

ပျန့်လင်းချန်က ဖြူဖျော့သောမျက်နှာနှင့် ဝမ်ချောင်ကိုတစ်ချက်ကြည့်သည်။ ထိုတစ်ကြိမ်တွင် သူဟာ ကြောက်လန့်သည်ထက် ပိုနေပြီဖြစ်သည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသည့် ကောင်းရှန်းကျစ်၊ ဖန်းချန်းချင်၊ ချန်းချန့်လီနှင့် အခြားသော အန်းရှီဗိုလ်ချုပ်များ အားလုံးက စိတ်အေးသွားသလို သက်ပြင်းချလိုက်နိုင်သည်။ သူတို့သည်လည်း ပျန့်လင်းချန်က ကျောပေါ်တွင်သယ်လာသည့် အင်ပါယာ အမိန့်စာလေးကို မြင်ခဲ့ပြီးသားဖြစ်သည်။ သို့သော် ပျန့်လင်းချန်ကမူ ဒီနေရာသို့ ခြိမ်းခြောက်ရန် ရောက်ရှိလာခြင်း ဖြစ်နေလေရာ အမိန့်တော်ကိစ္စကို သူကိုယ်တိုင်က ထုတ်မပြောသမျှ ကောင်းရှန်းကျစ်တို့ကလည်း မပြောရဲပါချေ။

ထပ်ပေါင်းဆိုရသော် ပျန့်လင်းချန်သည် အလွန်အမင်း လောဘကြီးသော်လည်း သူသည် အန်းရှီကာကွယ်စောင့်ရှောက်ရေး စစ်တပ်ကိုမူ အမှန်တကယ် ကြင်နာပေးသည်။ ပို၍ဆိုးသည်မှာ ပျန့်လင်းချန်သည် ထူးခြားသော အဆင့်အတန်းရှိသည်။ ထို့ကြောင့် သမိုင်းမှ လူနည်းစုသာ ရောက်ရှိနိုင်သော ဗိုလ်ချုပ်ဆိုသော ရာထူးအဆင့်ကို ရရှိထားခဲ့ခြင်းဖြစ်သည်။ သူတု့ိသည်လည်း ဝမ်ချောင်ဟာ ပျန့်လင်းချန်နှင့် ပေါ်တင်အတိုက်အခံ လုပ်လိုက်သည့်အတွက် ခွင့်လွှတ်မခံရဘဲ ပြောင်းလဲမရသည့် ကိစ္စတစ်ခု ဖြစ်လာမည့် အခြေအနေကို စိုးရိမ်နေကြသည်။

“အရှင်ပျန့် ငါကူညီပေးပါရစေ”

ဖုန်းချန်းချင်က ထိုမြင်ကွင်းကို မြင်သောအခါ ချက်ချင်းလိုလို အခွင့်ကောင်းယူပြီး ရှေ့သို့ထွက်ကာ ပျန့်လင်းချန်ကို ကူညီလျှက် သူ၏ကျောတွင်သယ်လာသည့် အင်ပါယာအမိန့်တော်ကို ထုတ်ယူပေးသည်။ ထိုသေးငယ်သော လုပ်ဆောင်မှုကတင် ခန်းမထဲမှ အခြေအနေကို ပြေပျောက်သွားစေ၏။ ပျန့်လင်းချန်က သဘောတကျရယ်ပြီး ချက်ချင်းလိုလို သဘာဝကျလာသည်။

“အားလုံးပဲ အမိန့်တော်ကိုနာခံကြ”

ပျန့်လင်းချန်က ဝမ်ချောင်ကိုမကြည့်ဘဲ ရွှေသားဖြင့်ချုပ်ထားသော ရွှေရောင်အမိန့်တော်ကြီးကို ဖြည်လိုက်သည်။ အမိန့်တော်တွင် ရွှေနဂါး၏ လက်သည်းပါသော လက်ငါးချောင်းရာကို မြင်နိုင်သည်။ ထို့ပြင် နတ်အရှိန်အဝါကိုလည်း လွှတ်ထုတ်နေသေး၏။

အမိန့်တော်ကို မြင်လိုက်သည်နှင့် ကောင်းရှန်းကျစ်၊ ဖုန်းချန်းချင်၊ ချန်းချန့်လီနှင့် အခြားသော အန်းရှီဗိုလ်ချုပ်များ အားလုံးက ဂါရဝပြုကြသည်။

“ကောင်းကင်ဘုံရဲ့ စိတ်ဆန္ဒအရ အင်ပါယာအမိန့်တော်ကို ကြေညာစေ... အန်းရှီကာကွယ်စောင့်ရှောက်ရေး ဗိုလ်ချုပ် ကောင်းရှန်းကျစ်က တာလာ့မှာ လပေါင်းများစွာ ခိုင်ခိုင်မာမာ ခြေကုပ်အရယူနိုင်ခဲ့ပြီး အင်အားလေးသိန်းကျော်တဲ့ ရန်သူစစ်တပ်ကြီးကို နှိမ်နှင်းနိုင်ခဲ့တဲ့အပြင် အားပါး၊ ဟော်ရှု့ဟွေ့ခမ်း၊ သာ့လွန်ရော့ကျန်းနှင့် အခြားသော လူတွေကိုသတ်ဖြတ်လို့ ခိုရာစန်းအထိတောက်လျှောက် ချီတက်ဖို့စစ်တပ်ကို ခေါ်သွားနိုင်ခဲ့တယ်။ ဒီလောက်ကြီးမားတဲ့ ဝန်ဆောင်မှုကြီးကို လုပ်ပြီးတဲ့နောက်မှာ ကောင်းရှန်းကျစ်ကို ရွှေရောင်အစောင့်တွေရဲ့ ဝဲဘက် မဟာဗိုလ်ချုပ်ကြီးအဖြစ် ချီးမြင့်သလို၊ ချီမြို့စားဆိုတဲ့ ဘွဲ့ထူးနာမည်ကိုလည်း ချီးမြင့်စေမယ်။ ရိက္ခာတန် ခြောက်ထောင်လစာကိုလည်း မွေ့လျော်စေ။ ကောင်းရှန်းကျစ်ကို ခရမ်းရောင်ပြိုင်ဘက်ကင်း နဂါးသံချပ်ကာတစ်စုံ၊ ပုလဲတင်းငါးထောင်၊ မရေမတွက်နိုင်တဲ့ ဥဿဖုရားတွေ စီခြယ်ထားတဲ့ အဆင်တန်ဆာပေါင်းများစွာနဲ့ အဆင့်အတန်းနဲ့ ကိုက်ညီတဲ့ ပိုင်နက်နေရာတစ်ခု ရရှိစေ။ ဒီသတင်း အကြောင်းအရာကို လောကနဲ့ တစ်လောကလုံးက လူတွေက ကြားသိပြီး လေးစားနာခံအားကျစေ။ ကျန်းရဲ့ မဟာထန်က ပြည်သူတွေအားလုံး မွှေ့လျော်ခံစားနိုင်ကြစေ”

“ချန်းချန့်လီကို လက်ထောက်အင်ပါယာ ဆင်ဆာအကဲဖြတ် လူကြီးမင်းအဖြစ် ခန့်အပ်ပြီး ရိက္ခာလေးထောင် လစာကို ခံစားခွင့်ရစေမယ်။ သူ့ကို ရွှေရောင်ကြေးခွံသံချပ်ကာနဲ့၊ ရွှေထည်တစ်သောင်း ချီးမြင့်စေမယ်။ ဖုန်းချန်းချင်က ဝဲဘက်တောက်ပသော အမတ်ကြီးဘွဲ့ကို ချီးမြင့်ခံရပြီး ရိက္ခာတန် လေးထောင်ကို မွှေ့လျော်ခံစားစေ။ ပုလဲတင်း တစ်သောင်းကိုလည်း ချီးမြင့်စေမယ်။ ဒါက ဧကရာဇ်ရဲ့ အမိန့်တော်ပဲ”

ပျန့်လင်းချန်၏ တည်ကြည်သော မျက်နှာထားနှင့် စူးရှသောအသံက ခန်းမတစ်ခုလုံးအနှံ့ ပဲ့တင်ထပ်သွားသည်။ သူက ပြောနေသည့်အချိန်တွင် ရှိနေကြသော အန်းရှီဗိုလ်ချုပ်တိုင်းက စတင်ကာ အော်ဟစ်မိကြသည်။

“ချီမြို့စားတဲ့ အရှင်ကာကွယ်စောင့်ရှောက်ရေး အမတ်က နောက်ဆုံးတော့ ချီမြို့စားဖြစ်သွားပြီ”

“နောက်ပြီး ရွှေရောင်အစောင့်တွေရဲ့ ဝဲဘက်မဟာဗိုလ်ချုပ်ကြီးလည်း ဖြစ်သွားသေးတယ်။ ဒါက မယုံနိုင်စရာကောင်းတဲ့ ချီးမြင့်ခံရမှုပဲ”

ချက်ချင်းဆိုသလိုပင် ခန်းမထဲရှိလူတိုင်းက ပွက်လောရိုက်သွားသည်။ မြို့စားဆိုသော ဘွဲ့နာမည်သည် ကြီးမားလွန်းသော ဂုဏ်အဆင့်အတန်းကြီးဖြစ်သည်။ တာလာ့၏ တိုက်ပွဲမတိုင်ခင်ကဆိုလျှင် ကောင်းရှန်းကျစ်သည် မီယွန်စီရင်စု မြို့စားဘွဲ့ကို ရရှိခဲ့သည်။ ထိုအခြေအနေကတင် ဖော်ပြရန်ခက်ခဲလောက်အောင် တိုးတက်သည့် လုပ်ဆောင်မှုကြီးဟု ဆိုရမည်ဖြစ်သည်။

မဟာထန်၏ မဟာဗိုလ်ချုပ်များအတွက် စီရင်စုမြို့စားဘွဲ့နာမည်ကို ရနိုင်ခြင်းကပင် အကန့်အသတ် ဖြစ်နေလေပြီ။ ဒါဟာ မပြောထားသော စည်းမျဉ်းဖြစ်သည်။ သို့သော် သူတော်စင်ဧကရာဇ်ဟာ ချွင်းချက်တစ်ခုအဖြစ် ထားပေးပြီး ကောင်းရှန်းကျစ်ကို ချီမြို့စားဘွဲ့ ချီးမြင့်လိုက်မည်ဟု မည်သူကမှ မထင်ထားကြချေ။ ထိုအခြေအနေကို ကြည့်ရုံနှင့်တင် မြို့စားများသည် တိုင်းပြည်နှင့် အတူတကွ ရှိနေလေရာ ချီတိုင်းပြည်သည် အဓွန့်ရှည်ကာ တည်တံ့လျှက် အင်အားကြီးမားနေသမျှ ကောင်းရှန်းကျစ်၏ ဘွဲ့နာမည်ကိုလည်း မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် လက်ဆင့်ကမ်းပေး၍ရသည်။ ထိုအခြေအနေဟာ မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းပေး၍ရသည့် သူကောင်းဘွဲ့တစ်ခုကို အမှန်တကယ် ချီးမြင့်လိုက်သည်ဟုပင် ဆိုနိုင်လေသည်။

အခန်း(၁၂၀၈)

“အရှင်ကောင်း ဂုဏ်ယူပါတယ်။ အရှင်မင်းကြီးက ဒီတစ်ကြိမ် မင်းကို တကယ်ကျေနပ်သွားတဲ့ပုံပဲ။ လွန်ခဲ့တဲ့ ဆယ်စုနှစ်ပေါင်း များစွာအတွင်း မဟာထန်မှာ မဟာဗိုလ်ချုပ်တွေ အများကြီးပဲ။ ဒါပေမဲ့ မင်းတစ်ယောက်တည်းကသာ မြို့စားဖြစ်နိုင်တာ”

ပျန့်လင်းချန်က သူ၏အင်ပါယာ အမိန့်တော်ကို သိမ်းလိုက်ပြီး တောက်ပသော အပြုံးနှင့်အတူ ရှေ့သို့ချီတက်သွားသည်။

“ဒါတွေအပြင် အသီးသီးသော ဗိုလ်ချုပ်တွေက မဟာထန်မှာ ထပ်ခါတလဲလဲ အောင်မြင်မှုကို အရယူခဲ့ပြီး ဂုဏ်သိက္ခာအဆင့်အတန်း မြင့်မားအောင် လုပ်ပေးခဲ့တယ်။ စစ်ဘက်ဆိုင်ရာ အမှုထမ်းရေးရာ ဌာနရုံးတော်နဲ့ အမှုထမ်းရေးရာ ရုံးတော်တွေကလည်း မင်းတို့အားလုံးအတွက် အသီးသီးသော လက်ဆောင်တွေကို အသီးသီးသော ဆုလဒ်တွေကို ချီးမြှင့်ပြင်ဆင်ပြီးကြပါပြီ။ ဒါကြောင့် သိပ်မကြာခင် မင်းတို့လည်း စစ်ဘက်ဆိုင်ရာ အမှုထမ်းရေးရာ ရုံးတော်ဌာနက ချီးမြင့်ခံရတဲ့ စာလွှာတွေကို လက်ခံရရှိလာမှာပါ”

အင်ပါယာခုံရုံးတွင် စည်းမျဉ်းများရှိသည်။ ကောင်းရှန်းကျစ်၊ ချန်းချန့်လီနှင့် ဖုန်းချန်းချင်တို့ကဲ့သို့ အရေးပါသော အရာရှိများအတွက် ဆုလဒ်များကို သူတော်စင်ဧကရာဇ်က တိုက်ရိုက်ချီးမြင့်ပြီး တော်ဝင်အမိန့်တော်ကို ဦးစွာစေလွှတ်ပို့ဆောင်လေသည်။ ထိုသို့ဖြင့် တစ်လောကလုံးက ကြားသိရမည်ဖြစ်သည်။ အခြားသော ဗိုလ်ချုပ်များကမူ သူတို့ဆုလဒ်များကို စစ်ဘက်ဆိုင်ရာ အမှုထမ်းရေးရာဌာန ရုံးတော်ကသာ ချီးမြင့်ဆုံးဖြတ်ပေးမည်ဖြစ်သည်။

“ကျေးဇူူးအများကြီးတင်ပါတယ်အရှင်”

ကောင်းရှန်းကျစ်က ခေါင်းကိုငုံ့လျှက် လေးစားစွာ ဂါရဝပြုပြီး ပျန့်လင်းချန်ထံမှ အမိန့်တော်ကို လက်ခံရယူသည်။ အဓိကတိုက်ပွဲပေါင်းများစွာကို တိုက်ခိုက်ပြီးနောက် ကောင်းရှန်းကျစ်သည် မြို့စားမလုပ်နိုင်ဖူးချေ။ သို့ရာတွင် ဒီတစ်ကြိမ်တွင်မူ သူသည် မြို့စားဖြစ်သွားသည်။ သို့တိုင်အောင် သူသည် ခပ်မြန်မြန် တည်ငြိမ်သွားသည်။ ကောင်းရှန်းကျစ်က ခေါင်းကိုမော့ပြီး မေးမြန်းသည်။

“အရှင်ပျန့် ကျေးဇူးပြုပြီး ဒီရှန်းကျစ်ကို မဆင်မခြင် မေးမြန်းမိတဲ့အတွက် ခွင့်လွှတ်ပါ။ ဘာလို့ အရှင်ကာကွယ်စောင့်ရှောက်ရေးဝမ်ရဲ့ ဆုလာဒ်က မရောက်ရှိလာသေးတာပါလဲ”

ဝုန်း

ကောင်းရှန်းကျစ်၏ မေးခွန်းက ခန်းမတစ်ခုလုံးကို တိတ်ဆိတ်သွားစေသည်။ လူတိုင်းက ပျန့်လင်းချန်နှင့် ဝမ်ချောင်ကိုသာကြည့်ကြသည်။

အကျိုးပြုမှုချင်းယှဉ်သော် ဝမ်ချောင်ကသာ အများဆုံး လုပ်ဆောင်ခဲ့သော အမှုထမ်းဖြစ်သည်။ သူ့ကြောင့်သာမဟုတ်လျှင် ကောင်းရှန်းကျစ်နှင့် အန်းရှီကာကွယ်ရေးစစ်တပ်က တာလာ့တွင် သေပြီးလောက်လေပြီ။ တာလာ့ဖြစ်စေ၊ ခိုရာစန်းဖြစ်စေ ဝမ်ချောင်ကသာ အစစ်အမှန် စစ်သေနာပတိချုပ်ကြီးဖြစ်ပြီး ကောင်းရှန်းကျစ်ထက်ပင် အဆပေါင်းများစွာ လုပ်ဆောင်နိုင်ခဲ့သူဖြစ်သည်။

“ဟား ဟား ဟား မင်းတို့အားလုံး စိုးရိမ်စိတ်များနေတာ ငါမြင်နိုင်ပါတယ်။ လူငယ်အမတ်မင်းက မဟာထန်ရဲ့ ငယ်ရွယ်လွန်းတဲ့ စစ်နတ်ဘုရားတစ်ပါးလေ။ အရှင်ဧကရာဇ်က အရှင်အမတ်မင်းကို အရမ်းကို ယုံကြည်ပေးထားတာ။ ဘယ်လိုကြောင့်များ အရှင်အမတ်မင်းနဲ့ တော်ဝင်ခုံရုံးက သူ့ရဲ့လုပ်ဆောင်မှုတွေကို မသိရမှာလဲ။ ဒီတိုင်း လူငယ်အမတ်မင်းက အကျိုးပြုမှုတအားများလွန်းလို့ပါပဲ။ သူက အာရပ်စစ်နတ်ဘုရား ချွီထေပါးကိုတောင် သတ်လိုက်တယ်။ နောက်ပြီး အာရပ်လက်ရွေးစင် တစ်သန်းကျော်ကို သတ်ဖြတ်နိုင်ခဲ့တဲ့ အကျိုးပြုမှုက ကောင်းကင်ဘုံထိတောင် ထိုးတက်သွားပြီ။ ခုံရုံးကအမတ်တွေ စစ်ဘက်ဆိုင်ရာ အမှုထမ်းရေးရာဌာနရုံးတော်တွေ အမှုထမ်းရေးရာရုံးတော်နဲ့ အရှင်အတွင်းဝန် အမတ်ကြီးအပြင် အရှင်ဧကရာဇ်ကိုယ်တိုင်ကိုယ်ကျ အရှင်အမတ်မင်းကို ဆုလာဒ်ချီးမြင့်ဖို့ ခေါင်းကိုက်နေခဲ့ကြရတာပါ။ ခုံရုံးက ငြင်းခုံမှုတွေက တော်တော်လေး ပြင်းထန်တယ်။ ဒီတော့ အရှင်အမတ်မင်းရဲ့ ဆုလာဒ်ကို ဆုံးဖြတ်ဖို့ အချိန်အတန်ကြာဦးမယ်ထင်တယ်။ ဒါပေမဲ့ အများဆုံး တစ်လအတွင်း ပြီးဆုံးသွားလောက်မှာပါ”

ပျန့်လင်းချန်က ပြုံးရင်းပြောနေရင်းဖြစ်သည်။ ထိုတစ်ကြိမ်တွင် သူဟာ တမင်တကာ ချဲ့ကားပြောဆိုခြင်းမဟုတ်ဘဲ စိတ်ရင်းဖြင့်ပြောလိုက်ခြင်းဖြစ်သည်။ သူသည် ဝမ်ချောင်ကို အမှန်တကယ် ကြောက်သည်။ သူ၏မိသားစုနောက်ခံကြောင့် မဟုတ်ဘဲ သူ့ကို သူတော်စင်ဧကရာဇ်က အလွန်တန်ဖိုးထားလွန်းသောကြောင့် ထို့ပြင် သူ၏ တိုက်ရိုက် အထက်လူကြီးမင်းဖြစ်သည့် မိန်းမဆိုးကောင်းက တန်ဖိုးထားလွန်းသောကြောင့်ဖြစ်သည်။ သူသည် ကောင်းရှန်းကျစ်ကိုပင် ဖိနှိပ်ပြီး အားနည်းချက်ကို ဖိနှိပ်နိုင်သည့်တိုင်အောင် ဝမ်ချောင်၏ရှေ့တွင်မူ ထိုသို့မလုပ်ရဲပါချေ။

ပျန့်လင်းချန်၏ စကားလုံးများက လူတိုင်းကို စိတ်အေးစွာဖြင့် သက်ပြင်းချစေသည်။

“အရှင်အမတ်မင်း ဂုဏ်ယူပါတယ်”

ဖုန်းချန်းချင်က အရှင်ဆုံးရှေ့တက်လျှက် ဂါရဝပြုသည်။

“အရှင်အမတ်မင်းက အကျိုးပြုမှုအများကြီး လုပ်ဆောင်ထားခဲ့တာ။ ကျွန်တော်မျိုးရဲ့အရှင်တောင်မှ မြို့စားဖြစ်သွားတယ်ဆိုတော့ အရှင်အမတ်မင်းက ဒီစစ်ပွဲမှာ လုပ်ဆောင်ထားမှုတွေ အနေအထားအရဆိုရင် အရှင်ဧကရာဇ်နဲ့ အင်ပါယာ ခုံရုံးကလည်း အရှင်အမတ်မင်းကို ပိုပြီးချီးမြင့်လောက်မှာပါ”

အရှင်ကာကွယ်စောင့်ရှောက်ရေး ဗိုလ်ချုပ်တိုင်းက သဘောတူမှုအပြည့်နှင့် ခေါင်းညိမ့်ကြသည်။ ဖုန်းချန်းချင်၏ စကားက မှန်ကန်သည်။ ကောင်းရှန်းကျစ်၏ အောင်မြင်မှုကတင် သူ့အား ချီမြို့စားဘွဲ့ကို ရရှိစေခဲ့လျှင် တော်ဝင်ခုံရုံးနှင့် သူတော်စင်ဧကရာဇ်က ဝမ်ချောင်ကို ပို၍ကြွယ်ဝစွာ ချီးမြင့်ကြလောက်သည်။

“ဂုဏ်ယူပါတယ်အရှင် ဂုဏ်ယူပါတယ် အရှင်ဖုန်းပြောတာမှန်တယ်။ တော်ဝင်ခုံရုံးက အရှင့်အတွက်ဆိုရင် ပိုပြီးမြောက်များတဲ့ ဆုလာဒ်တွေကို ချီးမြင့်မှာပါပဲ”

လူအုပ်ထဲမှ လူတိုင်းက တစ်ယောက်ပြီးတစ်ယောက် ပြောလာကြသည်။ အားလုံးက ဝမ်ချောင်အတွက် စိတ်ရင်းဖြင့် ပျော်ရွှင်ကြခြင်းဖြစ်သည်။ ထိုမျှအများကြီး စတေးပြီးနောက် ဝမ်ချောင်သည် နောက်ဆုံးတွင် သင့်တော်သည့်ဆုလာဒ်ကို ရရှိလိမ့်မည်ဖြစ်သည်။

ဝမ်ချောင်က ပြုံးရုံသာပြုံးသည်။ သူက အပိုဘွဲ့ထူးများအပြင် ဆုလာဒ်များကိုလည်း ဂရုမစိုက်ပါချေ။ အာရေးဗီးယားကို အနိုင်ယူပြီး တာလာ့နှင့် ခိုရာစန်းကို သိမ်းပိုက်နိုင်ခြင်းကတင် သူဂရုအစိုက်ဆုံး အရာဖြစ်သည်။

“အရှင်ပျန့် မင်းလည်းခရီးပန်းလာမှာပေါ့။ ဘာလို့ ပြန်ပြီးအနားမယူတာလဲ။ ယွမ်ချင် အရှင်ပျန့်ကို သူ့ရဲ့ ဧည့်သည်ခန်းမဆောင်ကို လိုက်ပါပို့ဆောင်ပေးလိုက်ပါ။ အရှင့်ကိုလည်း ကောင်းကောင်း ဂရုစိုက်လိုက်ပါဦး”

ကောင်းရှန်းကျစ်က လက်တစ်ချက်ယမ်းလျှက် အမိန့်ပေးလိုက်သည်။

“ဟုတ်ကဲ့အရှင်”

ရွှီယွမ်ချင်က အလျင်စလို ရှေ့ထွက်လာသည်။

“ဒါဆိုရင် အရှင့်ကိုပဲ ဒုက္ခပေးရတော့မယ်”

ပျန့်လင်းချန်က အလျင်စလိုပြောသည်။

ဝမ်ချောင်က ဘာစကားမှမပြောချေ။ ထို့ကြောင့် ပျန့်လင်းချန်ကလည်း သူ၏အတွေးကို မသိနိုင်ချေ။ သို့သော် ဝမ်ချောင်၏ မထူးခြားနားသော အပြုံးကို မြင်သည့်အခါ သူသည် ကြောက်လန့်လာရသည်။ သူသည် ဒီနေရာတွင် ဆက်၍မနေချင်တော့ချေ။

ကောင်းရှန်းကျစ်က ချန်းချန့်လီနှင့် အခြားသော အန်းရှီကာကွယ်စောင့်ရှောက်ရေး ဗိုလ်ချုပ်များကိုကြည့်ပြီး ပြောလိုက်သည်။

“ချန့်လီ မင်းတို့လည်း သွားကြပါတော့”

အချိန်တစ်ခုခန့်ကြာပြီးနောက် ခန်းမထဲတွင် ကောင်းရှန်းကျစ်၊ ဖုန်းချန်းချင်နှင့် ဝမ်ချောင်တို့သာ ကျန်ရစ်ခဲ့သည်။ ထိုအခါမှသာ ကောင်းရှန်းကျစ်က ဝမ်ချောင်ကိုကြည့်သည်။

“ဝမ်ချောင် အခုငါတို့သုံးယောက်ပဲ ကျန်တော့တယ်။ မင်းပြောချင်တာ မရှိဘူးလား”

အစပိုင်းကတည်းက ကောင်းရှန်းကျစ်သည်လည်း ဝမ်ချောင်ဟာ ပြောချင်သည့်စကားများ ရှိနေကြောင်း နားလည်လိုက်သည်။ ထိုအတွက်ကြောင့်လည်း သူဟာ အားလုံးကို ထွက်သွားခိုင်းခဲ့ခြင်းဖြစ်သည်။ တခဏခန့်ရပ်တန့်ပြီးနောက် ကောင်းရှန်းကျစ်က ဆက်ပြောသည်။

“ဝမ်ချောင် မင်း မင်းမသိလောက်ဘူး ဒါပေမဲ့ မိန်းမဆိုးပျန့်က...”

“သူခင်ဗျားဆီက ပိုက်ဆံဘယ်လောက်တောင်းတာလဲ”

ဝမ်ချောင်က ဖြတ်မေးလိုက်သည်။

ကောင်းရှန်းကျစ်နှင့် ဖုန်းချန်းချင်တို့က ကြောင်သွားကြသည်။ သူတို့က ခေါင်းကိုမော့လိုက်သောအခါ ဝမ်ချောင်၏ နက်နဲသောအကြည့်များက အရာအားလုံးကို ဖောက်မြင်နိုင်သလိုပင် သူတို့ကို ကြည့်နေကြောင်း မြင်လိုက်ရသည်။

ခန်းမတစ်ခုလုံးက ခြောက်ခြားဖွယ် တိတ်ဆိတ်သွားသည်။ သူတို့ထဲမှ မည်သူကမှလည်း ဝမ်ချောင်ဟာ ထိုကဲ့သို့သောမေးခွန်းမျိုးကို စမေးလိမ့်မည်ဟု မထင်ထားကြချေ။ ကောင်းရှန်းကျစ်သည် ပျန့်လင်းချန်နှင့် ဆက်ဆံရေးကို အမြဲတစေ လျို့ဝှက်ထားခဲ့သည်။ ထို့ကြောင့် လူနည်းစုကသာ အမှန်တရားကိုသိသည်။

“မင်းဘယ်လိုသိတာလဲ”

ကောင်းရှန်းကျစ်က တင်းမာစွာမေးသည်။

“လောကမှာ လေတောင်ဖောက်မဝင်နိုင်တဲ့ တင်းကြပ်တဲ့နံရံဆိုတာ မရှိဘူး။ စုံစမ်းစစ်ဆေးဖို့ စိတ်နှစ်လိုက်ရုံနဲ့ သဲလွန်စတွေကို ချက်ချင်းသိနိုင်မှာပဲ။ အရှင့်ရဲ့ ရာထူးတိုးသွားတဲ့ ကိစ္စက ပျန့်လင်းချန်နဲ့ ပတ်သတ်တယ်မဟုတ်လား”

ဝမ်ချောင်က ခပ်ပြတ်ပြတ်ပြောသည်။

ခန်းမထဲမှ အခြားနှစ်ယောက်ကမူ အချိန်အတန်ကြာအောင် စွံ့အသွားကြသည်။

“ဟင်း”

နောက်ဆုံးတွင် ကောင်းရှန်းကျစ်က ခေါင်းကိုမော့ပြီး သက်ပြင်းချသည်။

“အရှင်ဝမ်က သိနေပြီဆိုမှတော့ ဘာကိုမှ ဖုံးကွယ်မနေတော့ဘူး။ ငါငယ်ငယ်တုန်းက ခံစားချက်တွေက ငါ့ရဲ့လုပ်ဆောင်မှုတွေကို စေခိုင်းသွားလို့ အမှားတစ်ခုလုပ်မိသွားတယ်။ ဒီကိစ္စက ဆယ်နှစ်ကျော်အောင် ငါ့နောက်ကို လိုက်နေခဲ့တုန်းပဲ။ ငါဘယ်တော့မှ ဖယ်ချနိုင်တော့မယ်မထင်ဘူး”

ကောင်းရှန်းကျစ်နှင့် ဖုန်းချန်းချင်တို့က အတိတ်မှကိစ္စကို ပြန်တွေးမိသွားကြသည်။

ငယ်ရွယ်စဉ်တွင် အမှားမလုပ်မိသည့် လူမရှိပါချေ။ ကောင်းရှန်းကျစ်သည်လည်း ငယ်ရွယ်ချိန်က မိုက်ရူးရဲဆန်ခဲ့သော လူငယ်တစ်ယောက်ဖြစ်ခဲ့သည်။ သူသည် ကောင်းကောင်း ဖုံးကွယ်ခဲ့သည်။ သူ၏သိုင်းပညာစွမ်းအားနှင့် ဗျူဟာကို ဖမ်းဆုပ်နိုင်မှုများက သက်တူရွယ်တူများထက် သာလွန်နေလေသည်။ သို့သော် သူသည် ထျန်းရမ်ဝမ်နှင့် ဖုမာန်လင်းချာတို့၏ လက်အောက်တွင် နှစ်ပေါင်းများစွာကြာအောင် ခစားခဲ့ပြီး အကျိုးပြုမှုအများကြီး လုပ်ခဲ့ပြီးသည့်တိုင်အောင် ဘယ်သောအခါမှ အရေးတယူ သတ်မှတ်ခံရခြင်းမရှိခဲ့ချေ။ ငယ်ရွယ်သော ကောင်းရှန်းကျစ်ကမူ စတင်ကာ လှုပ်ရှားရန် ဆုံးဖြတ်ခဲ့၏။ ဒီနည်းအားဖြင့် သူဟာ အန်းရှီကာကွယ်စောင့်ရှောက်ရေး ဗိုလ်ချုပ်ကြီး ဖြစ်လာခဲ့ပြီး အဆုံးအစမဲ့သည့် အကျိုးပြုမှုများက လိုက်ပါလာခဲ့သည်။

ဝမ်ချောင်က သူ၏လက်ကို နောက်ဘက်သို့ပို့ထားပြီး လိုရင်းကိုသာ တိုက်ရိုက်ပြောလိုက်သည်။

“ရွှီတိုင်းပြည်နဲ့ တိုက်ပွဲပြီးသွားတဲ့အချိန်မှာ ပျန့်လင်းချန်က ခင်ဗျားဆီကဘယ်လောက်တောင်းလဲ”

“ရွှေထည်ခြောက်သန်း”

ဖန်းချန်းချင်က ထပြောသည်။

ဝုန်း

ဝမ်ချောင်ကပင် ထိုပမာဏကြောင့် မျက်လုံးပြူးသွားသည်။ တာလာ့၏တိုက်ပွဲအတွက် ဘဏ္ဍာရေးရုံးတော်က သူ့ကို ရွှေသားဆယ်သန်းပေးခဲ့သည်။ သို့သော် ဒါဟာ တုန့်ဆိုင်းမှုပေါင်းများစွာ ကြာပြီးမှသာ တောင်းခံခဲ့ခြင်းဖြစ်သည်။

ရွှီတိုင်းပြည်နှင့် တိုက်ပွဲပြီးဆုံးပြီးနောက် ပျန့်လင်းချန်က ရွှေသားခြောက်သန်းကိုတောင်းသည်။ ဒါဟာ ဝမ်ချောင် တာလာ့တိုက်ပွဲအတွက် ပြင်ဆင်ထားသော ပမာဏ၏ တစ်ဝက်ပင်ကျော်သေးသည်။ ထို့ပြင် ဝမ်ချောင်ဟာ ထိုပိုက်ဆံကိုသုံးပြီး စစ်သည်တစ်သိန်းနီးပါးကို ငှားရမ်းခဲ့ခြင်းဖြစ်သည်။

“ဒီတစ်ကြိမ်မှာက ဘယ်လောက်လဲ”

ဝမ်ချောင်က ဆက်မေးသည်။

ကောင်းရှန်းကျစ်က ဆက်လက်၍ တိတ်ဆိတ်နေသည်။ ဖန်းချန်းချင်ကသာဖြေသည်။

“ရွှေသားသန်းရှစ်ဆယ်”

“မျိုးမစစ်”

ဝမ်ချောင်က စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီးသည့်တိုင်အောင် ထိုပမာဏကြောင့် မျက်နှာဖြူဖျော့သွားရသည်။ ရွှေသားထည်သန်းရှစ်ဆယ် ဒါဟာ ရွှေသားအတိဖြစ်သည်။ ပျန့်လင်းချန်သည် ဝမ်ချောင်နှင့် ကောင်းရှန်းကျစ်တို့ အာရေးဗီးယား အင်ပါယာထံမှ ရရှိခဲ့သည့် ရွှေသား (၁.၉)ဘီလီယံထဲမှ နည်းပါးလွန်းသော ပမာဏဖြစ်လောက်မည့် သန်းရှစ်ဆယ်ကို အရတောင်းခံနေခြင်းဖြစ်သည်။ သို့သော် ခြောက်သန်းမှ သန်းရှစ်ဆယ်သို့ တက်သွားခဲ့ခြင်းက အနည်းဆုံး ဆယ်ဆကျော်ခန့် တိုးတက်သွားခြင်းဖြစ်သည်။ သူ၏ဆာလောင်စိတ်က ကြီးမားလာ၏။ ကောင်းရှန်းကျစ်ပင် မဆိုထားဘိ ဝမ်ချောင်ကပင် ထိုမျှပမာဏကို တန်ဆိုးလက်ဆောင်အဖြစ် မဖုံးကွယ်ရဲချေ။

ပျန့်လင်းချန်၏ ဆာလောင်စိတ်က ထိုနည်းအတိုင်း ဆက်လက်ပြီး မြင့်တက်လာခဲ့လျှင် (၁.၉)ဘီလီယံလုံးကပင် သူ့ကိုမကျေနပ်စေလောက်ချေ။ ပျန့်လင်းချန်ကို ကျေနပ်အောင် မလုပ်ပေးနိုင်တော့သောအခါ ရန်လိုမှုများက ဖြစ်လာနိုင်သည်။

“ဒီမျိုးမစစ်က တော်တော်ခေါင်းမာတာပဲ။ သူက ငါတို့အာရေးဗီးယားဆီက ရထားတဲ့ ပိုက်ဆံတွေအားလုံးကို သူ့ရဲ့ကိုယ်ပိုင် ပိုင်ဆိုင်မှုအဖြစ် ပြောင်းချင်နေတာ”

ဝမ်ချောင်က ဒေါသထွက်ခဲသည်။ ပျန့်လင်းချန်၏ တောင်းဆိုမှုကို ကြားသောအခါ သူ၏ဒေါသကိုပင် မဖိနှိပ်နိုင်တော့ချေ။

“သူသာဒီလောက် လောဘကြီးမှန်းသိရင် ငါသူ့ကိုသတ်ခဲ့ပါတယ်”

“ဝမ်ချောင် မလုပ်နဲ့”

ကောင်းရှန်းကျစ်နှင့် ဖန်းချန်းချင်တို့က ထိုစကားလုံးများကြောင့် မျက်နှာဖြူဖျော့သွားသည်။

“ပျန့်လင်းချန်က နန်းတော်ဂိတ်ရဲ့ ဗိုလ်ချုပ်ဖြစ်နေတုန်းပဲ။ နောက်ပြီးသူက အရှင်ဧကရာဇ်ရဲ့ သံတမန်။ သူ့ကိုသတ်တာက အရှင်ဧကရာဇ်ကို ရန်စတာပဲ”

“ရွှေသားထည်သန်းရှစ်ဆယ်က ဒီတိုင်းတောင်းဆိုတာပါ။ ခိုင်မာတဲ့သက်သေလည်း မရှိဘူးလေ။ အင်ပါယာ အမှုဆောင် လူကြီးမင်းတစ်ယောက်ကို သက်သေအတိအကျမရှိဘဲ သတ်ဖြတ်လိုက်တာက ကာကွယ်စောင့်ရှောက်ရေး ဗိုလ်ချုပ်နဲ့ ဝမ်ကလန်တစ်ခုလုံးကို ဒုက္ခရောက်သွားစေနိုင်တယ်။ အင်အားကြီးတဲ့ရန်သူက အတောင်ခတ်ပြီး စောင့်နေတာမျိုးဆိုတော့ ငါတို့ ဒီလိုလူမျိုးကြောင့်နဲ့ ကိုယ့်ကိုယ်ကို နှိမ့်ချစေလို့မရဘူး”

နှစ်ယောက်လုံးက အလျင်စလို ဖြောင့်ဖြကြသည်။

ဝမ်ချောင်က ဘာစကားမှမပြောချေ။ သို့သော် မျက်လုံးထဲမှ မီးတောက်များက ပို၍ပင် တောက်ပလာသည်။ သူသည် နောက်ဆုံးတွင် ကောင်းရှန်းကျစ်နှင့် ဖုမာန်လင်းချာတို့က မည်သည့်အတွက်ကြောင့် သူ့ကို ဖိတ်ခေါ်ခဲ့ကြောင်း သိလိုက်သည်။ သို့သော် ဝမ်ချောင်က ပျန့်လင်းချန်နှင့် သူတို့၏ဆက်ဆံရေးကို သူတို့ထင်ထားသည်ထက် ပိုသိနေသည်။

“ဒီကိစ္စကို ငါ့တာဝန်ထားလိုက်။ အင်ပါယာအမိန့်တော်ကို မှားယွင်းစွာ အသုံးပြုတဲ့ မိန်းမဆိုးရဲ့လုပ်ရပ်က တကယ်ရမ်းကားတယ်”

ဝမ်ချောင်က ထိုသို့ပြောနေချိန်တွင် သူ၏မျက်ဝန်းက မီးတောက်နေသည်။

“ဝမ်ချောင် မင်းမလုပ်ရဘူးနော်”

ကောင်းရှန်းကျစ်နှင့် ဖုန်းချန်းချင်တို့က စိတ်မအေးနိုင်သေးချေ။

ဝမ်ချောင်က ထိုနှစ်ယောက်ကိုကြည့်ပြီး တည်ငြိမ်စွာပြောသည်။

“အရှင်တို့ စိတ်အေးအေးထားပါ။ ငါသူ့ကိုမသတ်ပါဘူး။ ဒါပေမဲ့ ဒီလိုအရာရှိ မိန်းမဆိုးမျိုးကိုတော့ ကိုင်တွယ်တဲ့နည်းလမ်းတွေ ရှိပါသေးတယ်”

သူ၏နှလုံးသားထဲတွင် ဒေါသများ ပြည့်နှက်နေသော်လည်း သူသည် အသိစိတ်မပျောက်ချေ။ ကြမ်းတမ်းသော ခွန်အားက ပျန့်လင်းချန်ကဲ့သို့သော လူမျိုးကို ကိုင်တွယ်ရာတွင် အသုံးမဝင်ချေ။ သူသည် ဂိတ်များ၏ ဗိုလ်ချုပ်ဖြစ်နေခဲ့သည်မှာ ကြာပြီဖြစ်ပြီး လောဘကြီးလွန်းသော လူမျိုးတစ်ယောက် ဖြစ်နေသည့်အလျောက် သူ၏ဆာလောင်စိတ်က ကောင်းရှန်းကျစ် တစ်ယောက်တည်းထံတွင် ရှိနေလိမ့်မည်မဟုတ်ချေ။

ကောင်းရှန်းကျစ်က ပထမဦးဆုံး မတရားခံရသူမဟုတ်လောက်ချေ။ နောက်ဆုံးလည်း မဟုတ်နိုင်ချေ။

လေဝင်ပေါက်မရှိဘဲ တင်းကြပ်သောနံရံက မရှိကတည်းက ဝမ်ချောင်ကသာ ပျန့်လင်းချန်၏ အားနည်းချက်ကို ဖိကိုင်နိုင်လျှင် ပျန့်လင်းချန်သည်လည်း ဘယ်သောအခါမှ လွတ်မြောက်လိမ့်မည် မဟုတ်ချေ။ သူဟာမည်မျှ လုပ်နိုင်စွမ်းရည် ရှိနေစေကာမူ မလွတ်နိုင်ရချေ။

ကောင်းရှန်းကျစ်နှင့် ဖုန်းချန်းချင်တို့က ဝမ်ချောင်ကို အကဲခတ်နေကြသည်။ သူဟာ မိုက်ရူးရဲဆန်စွာ ပြေးထွက်သွားပြီး ပျန့်လင်းချန်ကို မသတ်နိုင်ကြောင်း သေချာမှသာ စိတ်အေးသွားကြ၏။

ခန်းမထဲမှ ထွက်ခွာသွားပြီးချိန်တွင် ဝမ်ချောင်သည် ကျန်းချွယ်ကို ဆင့်ခေါ်လိုက်သည်။ ထို့ပြင် သူသည် အနောက်ပိုင်းနယ်မြေမှ ယန်ကလန်ရှိရာ ယန်ဟုန်ချန်းထံ စာရေးလိုက်၏။ ယန်ကလန်သည် အနောက်ပိုင်းနယ်မြေများကို နှစ်ပေါင်းများစွာ စီမံခန့်ခွဲနေခဲ့ပြီး အဆက်အသွယ်ပေါင်း များစွာရှိသည်။ ထို့ကြောင့် ပျန့်လင်းချန်၏ အနောက်ပိုင်းဒေသမှ လုပ်ဆောင်မှုများနှင့် ပတ်သတ်ပြီး သက်သေကသာ တည်ရှိနေမည်ဆိုလျှင် ယန်ကလန်က အကောင်းဆုံး ရှာဖွေနိုင်လောက်သည်။

ထိုစာကို အနောက်ပိုင်းဒေသသို့ ပို့ဆောင်ပြီးသည့်နောက်တွင် ဝမ်ချောင်သည် ဘုရင်စုန့်နှင့် ရန်ကျောင်းတို့ထံသို့လည်း စာရေးပို့လိုက်သေးသည်။

အခန်း(၁၂၀၉)

ဘုရင်စုန့်သည် အင်ပါယာမျိုးနွယ်ဝင်တစ်ယောက် ဖြစ်သည်။ မြို့တော်မှ သူ၏အဖွဲ့အစည်းက ကြီးမားသည်။ ရန်ကျောင်းကမူ ကြင်ယာတော်ထိုက်ကျန်း၏ နောက်ခံရှိနေသည့်အပြင် ကြင်ယာတော် ထိုက်ကျန်း၏ အဖွဲ့အကူအညီအပြင် သူမက ခုံရုံးတွင် မွေ့လျော်နိုင်သော မျက်နှာသာပေးခံရမှုများ အားလုံးကိုသုံးပြီး မိန်းမဆိုးတစ်ယောက်လောက်၏ အကြောင်းကို စုံစမ်းခြင်းက လွယ်ကူလေသည်။ ပျန့်လင်းချန်က နန်းတော်ဂိတ်များ၏ ဗိုလ်ချုပ်အဖြစ် ခန့်အပ်ခံထားရသည်ဆိုလျှင်ပင် ကြင်ယာတော် ထိုက်ကျန်း၏ အရှေ့တွင်မူ ပြောပလောက်ခြင်းမရှိသေးချေ။

ဝမ်ချောင်သည် ခုံရုံးတွင်ပင်ဖြစ်စေ၊ နယ်စပ်တွင်ပင်ဖြစ်စေ ပျန့်လင်းချန်၏ လောဘကြီးမှုများက သဲလွန်စပေါင်းများစွာ ကျန်ရစ်လောက်မည်ဟု ယုံကြည်မှု အပြည့်ရှိလေသည်။

ယန်ဟုန်ချန်းထံမှ သတင်းက မျှော်လင့်ထားသည်ထက် အလွန်မြန်ဆန်စွာ ရောက်ရှိလာသည်။ သုံးရက်ခန့်သာ ကြာသေးသည်။ ဝမ်ချောင်ဟာ သူလိုချင်သည့် သတင်းအချက်အလက်များကို ရလိုက်သည်။ ဆယ်ရက်ခန့်ကြာပြီးနောက် ဘုရင်စုန့်နှင့် ရန်ကျောင်းတို့ထံမှ စာများကို ထပ်မံရရှိသည်။ ဘုရင်စုန့်ကမူ ဝမ်ချောင်ဟာ မည်သည့်အတွက်ကြောင်း မေးမြန်းကြောင်း မေးခွန်းမထုတ်လေဘဲ ဝမ်ချောင်တောင်းဆိုထားသည့်အတိုင်း အသေးစိတ်ကျသည့် တင်ပြချက်ကိုသာ ပို့ပေးလာသည်။ အခြားတစ်ဖက်တွင် ရန်ကျောင်းကမူ သိချင်စိတ် ပြင်းပြလွန်းကြောင်းကို ဖော်ပြရင်း မှတ်တမ်းလွှာရှည်ကြီးကို ပို့လိုက်သည်။ သူသည်လည်း ဝမ်ချောင်ဟာ မည်သည့်အတွက်ကြောင့် မိန်းမဆိုးတစ်ယောက်ကို စုံစမ်းစစ်ဆေးလိုကြောင်း သိလိုသည်။ သို့သော် သူ၏ တင်ပြချက်ကလည်း အသေးစိတ်ကျသေးသည်။

“အရှင် ချမ်းသာပေးပါ ချမ်းသာပေးပါ”

ဝမ်ချောင်က ပျန့်လင်းချန်၏အရှေ့သို့ သက်သေအပုံလိုက် ပစ်ပေးလိုက်သောအချိန်တွင် မဟာထန်၏ နာမည်ကျော်အရာရှိ သုံးယောက်ထဲမှ တစ်ယောက်က ချက်ချင်းလိုလို ဒူးထောက်ချပြီး ပြာနှမ်းသောမျက်နှာနှင့် တောင်းပန်လေသည်။

အင်ပါယာခုံရုံး၏ စည်းမျဉ်းများအရ အင်ပါယာအမိန့်တော်ကို ကြင်နာပြီးနောက် သူသည် ခိုရာစန်းမှ ထွက်သွားသေးသည်။ သို့သော် သူ၏လောဘကြီးမှုနှင့် ရွှေသားသန်းရှစ်ဆယ်ကို လိုချင်တပ်မက်မှုများက သူ့အား ဆယ်ရက်ခန့်ပင် နှောင့်နှေးသွားစေခဲ့သည်။ သူသည် မူလကမူ ဖိတ်ကြားလွှာကို လက်ခံရရှိခဲ့သောအခါ ကောင်းရှန်းကျစ်က တစ်စုံတစ်ရာကို နားလည်သွားပြီဟု ထင်ခဲ့ပြီး ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ မမျှော်လင့်ထားစွာပင် ယခုလို အခြေအနေမျိုးကို ကြုံရသည်။

သူ၏အရှေ့တွင် ပုံနေသော သက်သေများကြောင့် ပျန့်လင်းချန်၏ နှလုံးသားက ပြုတ်ထွက်မတက် ဖြစ်နေသည်။ သူ၏တစ်ကိုယ်လုံးက ချိုးချေခံထားရသလိုမျိုး ကျေနေ၏။ သူ၏ချွေများက နဖူးမှ ဆက်တိုက်စီးကျလာသည်။ ထိုစာရွက်များထဲတွင် သူ၏အမျိုးမျိုးသော ခြစားမှုများ၊ လာဒ်လာဘ လက်ခံထားမှုများအပြင် သူဟာ မည်သည့်အချိန်က မည်သည့်အရာရှိကို မည်သည့်နေရာသို့ရအောင် ရောင်းချခဲ့ကြောင်းကို ဖော်ပြထားသည်။ အချို့သောအရာများဆိုလျှင် ပျန့်လင်းချန်ကပင် မသေချာချေ။ သို့သော် သူက ဖတ်ရှု့ပြီးမှသာ ရုတ်တရက် မှတ်မိသွားခြင်းဖြစ်သည်။

“ပျန့်လင်းချန် မင်းလိုရာထူးကြီးတဲ့ တရားဝင်အမှုထမ်း မိန်းမဆိုးတစ်ယောက်က မင်းကို အရှင်ဧကရာဇ်က ပေးထားတဲ့ တံဆိပ်တုံးကိုသုံးပြီး စစ်တပ်ထဲမှာ ပြစ်မှုတွေအများကြီး ကျူးလွန်ခဲ့တယ်။ မင်းကိုယ်မင်း ကြွယ်ဝချမ်းသာအောင်လုပ်ပြီး အန်းရှီကာကွယ်စောင့်ရှောက်ရေး ဗိုလ်ချုပ်လို အင်ပါယာက အရေးပါတဲ့ နေရာတစ်ခုကိုတောင် ရောင်းချခဲ့တယ်။ ဒီသက်သေတစ်ခုတည်းနဲ့တင် မင်းကို အချက်တစ်ထောင်လောက် ခုတ်ဖြတ်ပြီး ကွပ်မျက်နိုင်နေပြီဆိုတာကို နားလည်လား။ နောက်ပြီး သေဒဏ်ကတောင်မှ မင်းရဲ့အပြစ်တွေကို မကျေစေလောက်သေးဘူး”

ဝမ်ချောင်က အလွန်အမင်း စိတ်ပျက်အားငယ်နေသည့် ပျန့်လင်းချန်ကို စူးစိုက်ကြည့်နေသည်။ သူဟာ လက်ကို ကျောနောက်ပစ်ထားပြီး မျက်နှာကမူ အေးစက်တင်းမာနေသည်။

“အရှင်ချမ်းသာပေးပါ။ ချမ်းသာပေးပါ”

ပျန့်လင်းချန်က ချွေးစေးများ စိုရွှဲနေသည်။ သူသည် သူ၏ခေါင်းကို ကြမ်းပြင်ဖြင့် တဒိုင်းဒိုင်းတိုက်သည်။ သူ၏နဖူးက သွေးထွက်နေကြောင်းကိုပင် သတိမထားမိချေ။ ပြင်းထန်လွန်းသော ကြောက်လန့်မှုကသာ သူ၏စိတ်ကိုလွှမ်းမိုးနေသည်။ ဝမ်ချောင်၏ လုပ်ရပ်က ရိုးရှင်းစွာပင် လေးနက်လွန်းအားကြီးသည်။ ပျန့်လင်းချန်ကပင် မည်သည့်နေရာကနေ ပြန်ငြင်းပြီး ပြန်လည်ချေပသင့်ကြောင်းကို မရှာဖွေနိုင်တော့ချေ။

ဝမ်ချောင်၏ အဆင့်အတန်းနှင့်သာဆိုလျှင် ထိုသက်သေကို အပ်လိုက်ပါက သူ့ကိုစောင့်ကြိုနေမည်မှာ သေခြင်းတရားဖြစ်သည်။

“ဟွန်း မင်းက အရှင်ကောင်းကို တစ်ကြိမ်ခိုးပြီး ကူညီခဲ့ဖူးတာကို ကြည့်ခြင်းအားဖြင့် ငါမင်းရဲ့ အခု ခွေးလိုအသက်ကို ချမ်းသာပေးလိုက်မယ်။ မင်းကအရှင်ကောင်းကို ဒီကိစ္စနဲ့ပတ်သတ်ပြီး ထပ်ပြီး ခြိမ်းခြောက်တာမျိုးကိုသာ ငါကြားရင် နောက်ထပ်ခြိမ်းခြောက်ပြီး ပိုက်ဆံထပ်တောင်းနေတာမျိုး၊ ဒါမှမဟုတ် နောက်ထပ် အရာရှိတစ်ယောက်ယောက်ရဲ့ နေရာကို ရောင်းချတာမျိုးသာ ငါကြားရင် ခင်ဗျားအဆုံးသတ်ပြီပဲ။ ငါ့ရဲ့လုပ်နိုင်စွမ်းရည်နဲ့ဆိုရင် ခင်ဗျားဘယ်နေရာကို ရောက်နေလဲဆိုတာကိုတောင် ငါနားလည်နိုင်တယ်။ ဒါကြောင့် ခင်ဗျားဘယ်နေရာကိုပြေးပြေး မလွတ်ဘူး”

ဝမ်ချောင်က အေးစက်စွာပြောသည်။

“ဒီနိမ့်ကျတဲ့လူက နားလည်ပါတယ်။ တကယ်ပါအရှင် စိတ်အေးအေးထားပါ။ ဒီလူက ဘယ်လောက်ပဲ ခေါင်းမာခေါင်းမာ အရှင်ကောင်းကို မခြိမ်းခြောက်ရဲတော့ပါဘူး”

ပျန့်လင်းချန်က အလွန်ကြောက်လန့်နေသည်။ သူ၏မျက်နှာတွင် ချွေးစေးများက ရွှဲနေပြီဖြစ်သည်။

“အရမ်းကောင်းတယ်။ ဒါတွေမင်းနဲ့အတူ ယူသွားလိုက်”

ဝမ်ချောင်က ဘေးဘက်ခြမ်းမှ သစ်သားသေတ္တာကိုပြသည်။ ပျန့်လင်းချန်က အံ့အားတကြီး ခေါင်းမော့လိုက်သည်။

“ဒီနိမ့်ကျတဲ့လူက မယူရဲပါဘူး မယူရဲပါဘူး”

ထိုကဲ့သို့သော အခြေအနေမျိုးတွင် ပျန့်လင်းချန်သည် ဝမ်ချောင်ထံမှ မည်သည့်အရာကိုမှ မယူရဲချေ။

“ငါကယူလို့ပြောရင်ယူလိုက်”

ဝမ်ချောင်က အေးစက်စွာ အမိန့်ပေးသည်။ သူ၏မျက်လုံးက ရေခဲတုံးအလား စူးရှလာသည်။

ပျန့်လင်းချန်၏ နှလုံးသားက တုန်ယင်သွားသည်။ သူဟာ စကားထပ်ပြီး မပြောရဲတော့ဘဲ ခေါင်းငုံ့ကာ လေးဘက်ထောက်လျှက် တွားသွားပြီး စားပွဲပေါ်မှ သေတ္တာကိုသွားယူသည်။

ဝမ်ချောင်က ပျန့်လင်းချန်ကိုကြည့်ပြီးပြောသည်။

“ခင်ဗျားဖွင့်မကြည့်ဘူးလား”

“ဟုတ်ကဲ့ ဟုတ်ကဲ့ ဟုတ်ကဲ့”

ပျန့်လင်းချန်က သေတ္တာကိုဖွင့်လိုက်သည်။ ထို့နောက် မြင်လိုက်ရသောအရာကြောင့် တောင့်ခဲသွားသည်။

“ဒါ...”

သေတ္တာအတွင်းတွင် ရွှေလက်နက်များ အပြည့်ရှိနေသည်။ ပမာဏကလည်း မြောက်များ၏။ အကြမ်းဖျင်း ရွှေသားငါးသန်းမှ ခြောက်သန်းအထိ ရှိနိုင်သည်။

ပျန့်လင်းချန်က ခေါင်းကိုမော့ပြီး ဝမ်ချောင်ကို အံ့အားတကြီးစိုက်ကြည့်သည်။

“ဒါက ရွှေသားဆယ်သန်းပဲ ယူလိုက်။ ဒါက ခင်ဗျားအရှင်ကောင်းကို ကူညီပေးပြီး တိုင်းပြည်ကို အကျိုးပြုခဲ့တဲ့အတွက် ချီးမြင့်တာ။ ဒီပိုက်ဆံက ခင်ဗျားရဲ့ဆာလောင်မှုကိုတော့ အချိန်အတန်ကြာ ဖြည့်ဆည်းပေးနိုင်လောက်ပါတယ်။ ဒါပေမဲ့ ခင်ဗျားထပ်ပြီး လက်ဆန့်ထုတ်လို့ ပိုက်ဆံထပ်တောင်းရဲရင်တော့ မေးခွန်းထုတ်စရာမလိုဘဲ ကွပ်မျက်ခံရမှာပဲ”

ဝမ်ချောင်ကအေးစက်စွာ ပြောသည်။

ပျန့်လင်းချန်က သူ၏တစ်ကိုယ်လုံး ချွေးများစိုရွှဲနေပြီး နွမ်းနယ်နေသလို ခံစားလိုက်ရသည်။ သူသည် ပြန်မပြောရဲတော့ချေ။

“ကျေးဇူးအများကြီးတင်ပါတယ် အရှင်”

“သွားတော့”

ဝမ်ချောင်က လက်ကိုယမ်းလိုက်သည်။ ပျန့်လင်းချန်က မူလကမူ သူသေမည်မှာ သေချာသည်ဟု ထင်ထားသည်။ သို့သော် ယခုမူ သူသည် မသေရုံသာမကသေးလေဘဲ လက်ဆောင်အကြီးကြီး ရလိုက်သည်။ သူ၏အသစ်စက်စက် လွတ်ငြိမ်းခွင့်ရထားသော ဘဝနှင့်ဆိုလျှင် သူသည် ဒီနေရာတွင် ဆက်မနေရဲတော့ပါချေ။ သို့ရာတွင် သူသည် ခြေလှမ်းအနည်းငယ် ဆုတ်ရသေးသည်။ အနည်းငယ် တုန့်ဆိုင်းသွားပြီး ရပ်တန့်လိုက်သည်။

“ဘာလဲ ပြောစရာရှိသေးလို့လား”

ဝမ်ချောင်က အေးစက်စွာပြောသည်။

“ဒီ ဒီနိမ့်ကျတဲ့လူက မမှု့ရဲပါဘူး”

ပျန့်လင်းချန်က တုန်ယင်သွားသည်။ သူ၏မျက်ဝန်းထဲတွင် ကြောက်လန့်မှုများက ပေါ်ထွက်လာ၏။

“ဒီတိုင်း ဒီနိမ့်ကျတဲ့လူက အကြောင်းအရာတစ်ခုကို တွေးမိလို့ မပြောရင်မကောင်းဘူးလို့ ထင်လို့ပါ။ ဒါက အရှင်အမတ်နဲ့ သက်ဆိုင်ပါတယ်”

ပျန့်လင်းချန်က နောက်ဆုံးစကားကို ဖိပြောသည်။

“ပြော”

ဝမ်ချောင်က လက်ကိုယမ်းသည်။

“ဒီနိမ့်ကျတဲ့လူက မြို့တော်က သတင်းလေးလည်း ကြားထားပါတယ်။ အရှင်အမတ်က အနောက်ပိုင်းနယ်မြေမှာ အကျိုးပြုမှုအများကြီး လုပ်ထားပြီး အင်ပါယာခုံရုံးတစ်ခုလုံးက အရှင်အမတ်ကို ဘယ်လိုချီးမြင့်မယ်ဆိုပြီး ဆွေးနွေးနေကြပေမဲ့လည်း ကွန်ဖြူးရှပ်ကျောင်းတော်ကတော့ အရှင့်အပေါ် မကောင်းတဲ့စကားတွေ ပြောနေပါတယ်။ အရှင့်ကို ဝေဖန်အကဲဖြတ်ပြီး စွပ်စွဲနေပါတယ်”

ပျန့်လင်းချန်ကပြောသည်။

“အိုး”

ဝမ်ချောင်က မျက်ခုံးပင့်လိုက်သည်။ သို့သော် ခပ်မြန်မြန် စိတ်အေးသွားသည်။ ပြည်တွင်းတွင် စစ်ဘက်ဆိုင်ရာ အရာရှိများအကြားမှ တာလာ့၏တိုက်ပွဲနှင့်ပတ်သတ်ပြီး ငြင်းခုံခဲ့သည့်ကိစ္စက အလွန်အမင်း ကြမ်းတမ်းခက်ထန်ခဲ့သည်။ ထို့ကြောင့် မဟာဆရာကိုယ်တိုင်က ဦးဆောင်သည့် ကွန်ဖြူးရှပ်ဝါဒကို ကိုင်ဆွဲသော အရာရှိများအားလုံးက နောက်ထပ်တိုက်ပွဲများ မတိုက်ခိုက်အောင် ငြင်းခုံနေကြသည်။ ပို၍ဆိုးသည်မှာ သူ့အတွက်ကြောင့် သူ၏အဘိုးဖြစ်သူကပင် ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက်စွက်ဖက်ပြီး တစ်ဖက်သူကို ခုံရုံး၏အရှေ့တွင် ရင်ဆိုင်ခဲ့သည်။ ယခုအခါ တော်ဝင်ခုံရုံးက ဝမ်ကလန်ကို မြင့်မားသည့် ဆုလာဒ်များစွာ ချီးမြင့်လိုက်လေရာ သဘာဝအလျောက်ပင် ကွန်ဖြူးရှပ်ကျောင်းတော်များက ငြင်းခုံချင်ပေလိမ့်မည်။

“ငါနားလည်တယ် မင်းကဒီကိစ္စကို ငါ့ကိုပြန်လည်ပြောပြတဲ့ တာဝန်သိစိတ်ကို ငါမှတ်ထားမယ်။ မင်းသွားနိုင်ပြီ”

ဝမ်ချောင်က လက်ကိုယမ်းလိုက်သည်။

ပျန့်လင်းချန်ကဲ့သို့ အကြံအစည်ကြီးမားပြီး ကောက်ကျစ်တဲ့ မိန်းမဆိုးတစ်ယောက်က သတင်းအချက် ပေးသည်ဖြစ်စေ၊ မပေးသည်ဖြစ်စေ ထိုအချက်အလက်က အသုံးဝင်သည်ဖြစ်စေ၊ မဝင်သည်ဖြစ်စေ အနည်းဆုံး သူဟာ ထုတ်ပြောလာသေးသည်။ ထိုအတွက်ကြောင့် သူသည် ခြောက်သန်းကို အလဟသ ပေးလိုက်ရခြင်းမဟုတ်ကြောင်း သိသာသွားသည်။

“ဟုတ်ကဲ့”

ပျန့်လင်းချန်က ဂါရဝပြုပြီး ခပ်မြန်မြန်ထွက်သွားသည်။ ထိုသို့ဖြင့် ဝမ်ချောင်တစ်ယောက်တည်းကသာ ကျန်ရစ်သည်။

“အရှင်ကောင်း၊ ကာကွယ်စောင့်ရှောက်ရေးဗိုလ်ချုပ် သူကဒီလောက်ပြစ်မှုတွေ ကျူးလွန်ထားတာတောင် ဘာလို့သူ့ကို ဒီရွှေသားခြောက်သန်း ပေးလိုက်ရသေးတာလဲ”

ရုတ်တရက် အနောက်ဘက်မှ အသံတစ်သံထွက်လာသည်။ ထို့နောက် ကောင်းရှန်းကျစ်နှင့် ဖုန်းချန်းချင်တို့က ခန်းမ၏ အနောက်ဘက် လိုက်ကာထဲမှ ထွက်လာလေသည်။ သူတို့၏မျက်ဝန်းက တောက်ပနေလေပြီး ပျန့်လင်းချန်ထွက်သွားသောဘက်သို့ ကြည့်သည်။

သူတို့နှစ်ယောက်လုံးကလည်း ဝမ်ချောင်နှင့် ပျန့်လင်းချန်တို့၏ စကားကိုကြားလိုက်သည်။ မူလကမူ ဝမ်ချောင်၏ အကျင့်စရိုက်အရ ပျန့်လင်းချန်က အဆုံးသတ်မည်ဟု ထင်ထားကြသည်။ သို့သော် သူတို့ကို အံ့အားသင့်စေသည်မှာ ဝမ်ချောင်ဟာ သူ့ကို ချမ်းသာပေးရုံသာ မကသေးလေဘဲ ပိုက်ဆံအများကြီး ပေးလိုက်သေးသည်။ ဒါဟာ သူတို့သိထားသော ဝမ်ချောင်၏ လုပ်ကိုင်တတ်သော ပုံစံမျိုးမဟုတ်ချေ။

“အကြံအစည်ကြီးတဲ့ မိန်းမဆိုးတွေမှာလည်း သူတို့ဘာသာ အသုံးဝင်တာတွေရှိတယ်။ ပျန့်လင်းချန်ရဲ့ လောဘက သည်းမခံနိုင်စရာပဲ။ ဒါပေမဲ့ သူ့ရဲ့စွမ်းရည်ကိုတော့ မေးခွန်းထုတ်စရာမလိုဘူး။ ဒီလူကသာ သူ့ရဲ့ရည်မှန်းချက်တွေကို ထိန်းထားနိုင်ရင် ငါတို့ကို ခစားဖို့ သုံးလို့ရသေးတယ်။ သူက အသုံးဝင်ကောင်း ဝင်မှာပဲ။ ပိုဆိုးတာက ငါ့ရဲ့အကြံအစည်တွေထဲမှာ သူ့ကိုထည့်ဖို့ စဉ်းစားပြီးပြီ”

ဝမ်ချောင်ကပြောသည်။

ပျန့်လင်းချန်က မည်မျှလောဘကြီးနေစေကာမူ သူသည် ကောင်းရှန်းကျစ်ကို အင်အားကြီးအောင် လုပ်ပေးခဲ့သူဖြစ်သည်။ သူသာမရှိလေဘဲ အင်ပါယာတွင် အန်းရှီ၏ စစ်နတ်ဘုရားက ပေါ်ပေါက်လာလိမ့်မည် မဟုတ်ချေ။ ထိုရှု့ထောင့်ဘက်မှကြည့်သော် ပျန့်လင်းချန်သည် အနည်းငယ် အသုံးဝင်သေးသည်။ အနည်းဆုံး သူသည် လူအုပ်ထဲမှ ကောင်းရှန်းကျစ်ကို ရွေးထုတ်ပြီး ဖုမာန်လင်းချာ၏ ခြိမ်းခြောက်မှုကို ခုခံလျှက် သူတော်စင်ဧကရာဇ်ထံ ထောက်ခံပေးခဲ့သည်။

ထိုအတွက်ကြောင့်လည်း ဝမ်ချောင်ဟာ သူ၏အသက်ကို ချမ်းသာပေးခဲ့ခြင်းဖြစ်သည်။ ကောင်းရှန်းကျစ်နှင့် ဖုန်းချန်းချင်တို့က တိတ်ဆိတ်နေကြသည်။ ဝမ်ချောင်က အကြံကိုထုတ်မပြောသော်လည်း သူတို့ဟာ မမေးရန် တိတ်တဆိတ် သဘောတူလိုက်ကြသည်။

အချိန်က တဖြည်းဖြည်းချင်း ကုန်သွားသည်။ ပျန့်လင်းချန်က သူ၏ရွှေထည်ခြောက်သန်းနှင့်အတူ ထွက်ခွာသွားပြီဖြစ်သည်။ ခိုရာစန်းက ပုံမှန်အတိုင်းပင် ဖြစ်သွား၏။ အရာအားလုံးက အစီအစဉ်တကျ ဖြစ်နေခဲ့သည်။ ဝမ်ချောင်နှင့် ဖုန်းချန်းချင်တို့၏ အကြံအစည်အတိုင်း အားလုံးက ပုံမှန်အတိုင်းဖြစ်လာသည်။ ထိုသို့ဖြင့် တစ်လက ကုန်လွန်သွားပြီဖြစ်သည်။

“သတင်းပို့”

အာရုဏ်ဦးတွင် ခိုရာစန်း၏ အပြင်ဘက်မှ ကျယ်လောင်သည့် ဆူဆူပူပူအသံများကို ကြားရသည်။ မြင်းသမားတစ်ယောက်က ဖုန်တိမ်စိုင်လုံးအတွင်းမှ အပြေးထွက်လာပြီး အသစ်စက်စက် တည်ဆောက်ထားသော တိုင်ဂရစ်မြစ်ကို ကျော်လွန်ထားသည့်တံတားကို ကျော်ဖြတ်လျှက် ခိုရာစန်းထံ စီးနင်းဝင်ရောက်လာသည်။

“အရှင့်ကိုသတင်းပို့ပါတယ်”

သတင်းပို့က ခန်းမထဲသို့ဝင်ရောက်လာပြီး ဒူးထောက်ချလိုက်သည်။ ထို့နောက် လေအေးကို အပြေးအလွှားရှုရင်း အမောတကောပြောသည်။

“မြို့နဲ့ လီသုံးဆယ်အကွာမှာ အာရပ်စစ်သားတွေကို တွေ့ရပါတယ်။ အင်အားငါးသိန်းကျော်တဲ့ အဖွဲ့အစည်းကြီးက ခိုရာစန်းဘက်ကို ချီတက်လာပါတယ်”

“ဘာ အာရပ်တွေက ထပ်လာပြန်ပြီလား”

ပုန်ကန်သူခေါင်းဆောင် အသီးသီးက နေရာမှထလိုက်ကြသည်။

အာရပ်အင်ပါယာကြီးသည် တာလာ့မှ ခိုရာစန်းထိတောက်လျှောက် တိုက်ပွဲတွင် အင်အားတစ်သန်းကျော် ဆုံးရှုံးသွားသည်။ သို့သော် သူတို့သည် ထိုမျှမြန်ဆန်စွာ ရောက်ရှိလာဦးမည်ဟု မထင်ထားမိချေ။ နှင်းကပင် ကောင်းကောင်း အရည်မပျော်သေးချေ။

“အရှင် ငါတို့ဒီလူတွေကို နောက်ထပ် ကြမ်းတမ်းတဲ့သင်ခန်းစာ ဘယ်လိုပေးမလဲဆိုတာကိုပြဖို့ အခုပဲသွားပြီး လူတွေစုစည်းလိုက်မယ်”

“အရှင် ငါတို့တွေ အာရပ်တွေကိုကိုင်တွယ်ဖို့ အခုချက်ချင်းပဲ လူစုထွက်ခွာဖို့ တောင်းဆိုပါတယ်”

ပုန်ကန်သူခေါင်းဆောင်များက တစ်ယောက်ပြီးတစ်ယောက် ထပြောလာကြသည်။ သူတို့က ဝမ်ချောင်ကိုသာ ဦးတည်လျှက် ပြောဆိုနေကြခြင်းဖြစ်သည်။

“မလိုဘူး”

ဝမ်ချောင်က ဖျော့တော့စွာပြုံးပြီး လက်ကိုအသာယမ်းလျှက် မှင်သက်နေသော ဗိုလ်ချုပ်များကို စိတ်အေးအောင် ပြောလိုက်သည်။

“ဒါက ဒီတိုင်း အာရပ်စစ်သည် သိန်းဂဏန်းလောက်ပဲ။ ငါက ကြိုတင်ပြင်ဆင်ထားပြီးသား။ ပါးရန် အသင့်ပဲလား”

“အရှင် အရာအားလုံးက ပြင်ဆင်ထားပြီးသားပါ။ စစ်တပ်က အချိန်မရွေး တိုက်ပွဲထဲကိုဝင်ရောက်ပြီး ရန်သူကို ရှင်းလင်းနိုင်ပါတယ်”

ခန်းမအတွင်း တည်ငြိမ်ပြတ်သားသော အသံကထွက်လာသည်။ ပါးရန်က အနားတွင် ရုပ်ထုလိုရပ်နေရာမှ အင်အားကြီးမားလွန်းသော အရှိန်အဝါကို လွှတ်ထုတ်လိုက်သည်။

“အရမ်းကောင်းတယ် ဒါဆိုရင်စလို့ရပြီ”

ဝမ်ချောင်၏မျက်လုံးက တောက်ပလွန်းသော အလင်းကို လွှတ်ထုတ်ရင်း ပုလ္လင်ပေါ်မှ တဖြည်းဖြည်းချင်းစီ ထလိုက်သည်။ သူ၏ခန္ဓာကိုယ်မှ အကန့်အသတ်မဲ့သော စွမ်းအင်များဟာ တစ်လောကလုံးကိုပင် လှုပ်ခါနိုင်ပုံပေါ်သည်။

တိုက်ပွဲက သိသာထင်ရှားနေပြီးသားဖြစ်သည်။

...

ခိုရာစန်း၏ အပြင်ဘက်ရှိ အရာအားလုံးက တိတ်ဆိတ်နေပြီး တိုင်ဂရစ်၏ မြစ်ရေစီးသံ၊ လေပြင်း၏ တိုက်ခတ်သံကသာ ထွက်ပေါ်နေသည်။ အချိန်တစ်ခုကြာပြီးနောက် အဝေးမှ တဝုန်းဝုန်း တဒိုင်းဒိုင်းသံများနှင့်အတူ နဂိုက ကြားရုံသာကြားနေရသော လှုပ်ရှားမှုများမှ မြေကမ္ဘာကို တုန်ခါစေနိုင်သည့် လုပ်ဆောင်မှုများအဖြစ် ပြောင်းလဲပြီး ကျယ်လောင်စွာ ထွက်ပေါ်လာလေသည်။

“အဲ့ဒီကိုကြည့်ဦး”

ခိုရာစန်း၏ မြို့ရိုးပေါ်မှ အသံတစ်သံထွက်လာသည်။ ထိုသို့ဖြင့် တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်၏။

တခဏခန့်ကြာပြီးနောက် မရေမတွက်နိုင်သော မျက်လုံးပေါင်းများစွာက မိုးကုတ်စက်ဝိုင်းတည့်တည့်မှ ကျော်လွန်ကာ ဖျက်ဆီးလာသလိုမျိုး အနက်ရောင် ဒီရေလှိုင်းလုံးကြီးကို တွေ့လိုက်ကြရလေသည်။

အာရေးဗီးယား၏ အနက်ရောင်အလံများက လေထဲတွင်လွင့်လျှက် စစ်တပ်တစ်ခုလုံးကြားမှ ထိုးထွက်နေသည်မှာ တောက်ပထင်ရှားလွန်းသည်။ အာရေးဗီးယားအင်ပါယာနှင့် အချိန်ကြာရှည်စွာ တိုက်ခိုက်ခဲ့ပြီးနောက် လူတိုင်းဟာ ထိုစစ်အလံများနှင့် ရင်းနှီးလွန်းအားကြီးနေပြီဖြစ်သည်။

အခန်း(၁၂၁၀)

ခြိမ်း

စစ်တပ်သည် လိမ့်တက်လာသော ဒီရေလုံးကြီးအလား နီးကပ်သထက် နီးကပ်လာသည်။ တိုတောင်းသော ကာလအတွင်း လူတိုင်းက ထင်ရှားစွာ မြင်နိုင်သွားသည်။

ဒါဟာ အင်အားသိန်းပေါင်းများစွာ ပါဝင်သော စစ်တပ်ကြီးဖြစ်ပြီး လမ်းကြောင်းရှိ အရာအားလုံးကို ဝါးမြိုသလိုမျိုး လိမ့်တက်လာသည်။ မဟာမိတ်အဖွဲ့အစည်းများကဲ့သို့ အာရပ်စစ်တပ်နှင့် ထပ်ခါတလဲလဲ ရင်ဆိုင်ခဲ့ဖူးသော အင်အားစုကပင် ထိုမြင်ကွင်းကြောင့် ထိတ်လန့်သွားရသေးသည်။

ပို၍ဆိုးသည်မှာ စစ်တပ်ထဲမှထွက်လာသော အင်အားကြီးမားသည့် အရှိန်အဝါများအရ ထိုနေရာတွင် ယခင်တစ်ခေါက်ကထက် ပို၍ကြီးမားသော အစိုးရပေါင်းများစွာ စုစည်းနေနိုင်သည်။

“တိုက်ခိုက်”

သမုဒ္ဒရာတမျှ ကျယ်ပြောလောက်အောင် ပြင်းထန်သည့် အရှိန်အဝါကို သယ်ဆောင်ထားသော အင်အားကြီးမားသည့် အာရပ်အစိုးရတစ်ယောက်က သူ၏ဓားကိုဆွဲထုတ်လိုက်ပြီး မြင့်မားလွန်းသော ခိုရာစန်း၏မြို့ရိုးကို လှမ်းချိန်နေသည်။

“သတ်”

ထိုအမိန့်နှင့်အတူ အာရပ်မြင်းတပ်များက သံမဏိလှိုင်းလုံးများအသွင် ပြောင်းလဲသွားလေပြီး အာရပ်အစိုးရကို ကျော်လွန်လျှက် အဝေးသို့ လျှင်မြန်စွာ ချဉ်းကပ်လာသည်။ ထိုအခိုက်အတန့်တွင် အခြားသော အသံများအားလုံးက ခြောက်ကပ်တိတ်ဆိတ်သွားပြီး တစ်လောကလုံးက ဖျော့တော့သွားသည်။

အချိန်အတန်ကြာအောင် ကြိုတင်ပြင်ဆင်ခဲ့ပြီးနောက် အာရပ်များသည် နောက်ဆုံးတွင် နောက်ထပ် စစ်တပ်တစ်တပ်ကို စုစည်းပြီး ခိုရာစန်းမှ မဟာမိတ်စစ်တပ်ကြီးကို တိုက်ခိုက်နိုင်ပြီဖြစ်သည်။

ဘုန်း ဘုန်း ဘုန်း

ပေသုံးသောင်း၊ ပေနှစ်သောင်း၊ ပေတစ်သောင်း...

စစ်တပ်က တိုင်ဂရစ်မြစ်၏ ကမ်းစပ်သို့ ရောက်သောအချိန်တွင် အာရပ်စစ်တပ်အတွင်းမှ ကြီးမားလွန်းသော အနက်ရောင် သတ္ထုတံတားကြီးက စက်ခလုတ်တစ်ခုကို ဖွင့်လိုက်သလိုမျိုး လည်ပတ်သံ၊ တဂျီးဂျီးအသံမျိုးကို ထုတ်လွှတ်လာသည်။ ထိုတံတားကြီးက ပေတစ်ဆယ်ကျော်ကို တိုက်ရိုက်ဖြတ်သန်းလျှက် မြစ်၏တစ်ဖက်ကမ်းစပ်သို့ ကွက်တိရောက်သွားသည်။ ထို့နောက် စစ်မြင်းပေါင်းများစွာက သတ္ထုတံတားကြီးပေါ် ဖိနင်းလျှက် ထွက်လာသော တဒုန်းဒုန်း တဒိုင်းဒိုင်း အသံများနှင့်အတူ မြစ်တစ်ဖက်ကမ်းသို့ ကူးဖြတ်ချီတက်လာလေသည်။

မြင်းဟီသံများ၊ သံချပ်ကာများ၏ တချွင်ချွင်အသံများအပြင် စစ်သားများ၏ အော်သံများက ရောနှောသွားသည်။

ထိုသို့ဖြင့် တိုက်ပွဲနယ်မြေတစ်ခုလုံးအား တင်းကြပ်သော လေထုက လွှမ်းခြုံလာပြန်သည်။

တံတားတစ်စင်း၊ တံတားနှစ်စင်း၊ တံတားသုံးစင်း၊ တံတားလေးစင်း... ပို၍များပြားသော တောင့်တင်းသန်မာသည့် သတ္ထုတံတားပေါင်းများစွာက တစ်ဖက်ကမ်းသို့ ကူးဖြတ်ရန် အခိုင်အမာ နေရာယူလာပြီး ကျယ်ပြောသော တိုင်ဂရစ်မြစ်တောက်လျှောက် ပေါ်လာသည်။

ထို့နောက်ကြီးမားသော စစ်မြင်းပေါင်းများစွာကလည်း ဖြတ်ကူးနေသည်။

ခြေလှမ်းငါးရာ၊ ခြေလှမ်းလေးရာ၊ ခြေလှမ်းသုံးရာ... စစ်မြင်းများ၏ မြေကမ္ဘာကို ဖိနင်းလိုက်သောအခါ တုန်ခါလာသည့် အရှိန်က ပို၍ပြင်းထန်လာသည်။ သို့တိုင်အောင် ခိုရာစန်း၏ မြို့ရိုးများမှ လှုပ်ရှားမှုလက္ခဏာကို မမြင်ရသေးချေ။

ခြေလှမ်းတစ်ရာ့ငါးဆယ်၊ ခြေလှမ်းတစ်ရာ့သုံးဆယ်၊ ခြေလှမ်းတစ်ရာ...

အကွာအဝေးဟာ ကျုံ့သထက်ကျုံ့လာပြီး အာရပ်များသည်လည်း သတ္ထုကြိုးများကို ပစ်ရန် ကြံစည်လိုက်ကြသည့် အခိုက်အတန့်တွင် ...

“အသင့်ပြင်”

ရုတ်တရက် ကျယ်လောင်သည့်အသံက ထွက်လာသည်။ ထို့နောက် ထက်ရှသော ဓားတစ်လက်လိုမျိုး ကောင်းကင်တစ်ခုလုံးကို ခုတ်ဖြတ်လိုက်ဟန်နှင့်အတူ ခိုရာစန်း၏ မြို့ရိုးပေါ်မှ တိတ်ဆိတ်မှုက ကွဲအက်သွားသည်။ ထိုအသံက စတင်နေပြီး ခိုရာစန်း၏မြို့ရိုးပေါ်တွင် သတ္ထုချင်းထိခတ်သံ တချွင်ချွင် အသံများက မြည်ဟီးလာသည်။ ထိုအသံက အာရပ်ဗိုလ်ချုပ်တိုင်းအား အလွန်အမင်း မသက်မသာဖြစ်စေသည်။

တခဏခန့်ကြာပြီးနောက် အာရပ်များ၏ ထိတ်လန့်စွာ စောင့်ကြပ်နေမှုအောက်တွင် ခိုရာစန်း၏ မြို့ရိုးပေါ်တွင် အဟကြားနေရာများပေါ်လာသည်။ သို့သော် ထိုအဟကြားနေရာများတွင်လည်း ကြီးမားလွန်းသော သတ္ထုစက်ထောင်ပေါင်းများစွာက တဖန်ထွက်ပေါ်လာပြန်သည်။ စက်တစ်လက်ချင်းစီတိုင်းက ထက်ရှလွန်းသော သတ္ထုလက်နက်ကြီးများကို တပ်ဆင်ထားလေပြီး မနက်ခင်း နေရောင်အောက်တွင်ပင် တောက်ပလင်းလက်နေသေးသည်။

“လက်နက်ကြီး”

အလန့်တကြား အော်ဟစ်သံက ကောင်းကင်ထိတိုင် ပဲ့တင်ထပ်သွားသေးသည်။ တာလာ့၏တိုက်ပွဲတွင် ဝင်ပါခဲ့သော အချို့စစ်သားများဆိုလျှင် ထိုလက်နက်များကို ချက်ချင်းမှတ်မိလိုက်ကြ၏။ သူတို့သည် မဟာထန်၏ လက်နက်ကြီးများဖြစ်ပြီး တာလာ့၏ တိုက်ပွဲနယ်မြေတွင် အာရပ်စစ်တပ်တိုင်းကို ဖြူဖျော့ကြောက်လန့်ကာ တုန်ယင်စေခဲ့သည်။

တာလာ့၏တိုက်ပွဲတွင် လက်နက်ကြီးငါးထောင်သာ ရှိခဲ့သည်။ ထိုအခြေအနေကတင် အာရပ်စစ်သည် သိန်းပေါင်းများစွာကို အိမ်မက်ဆိုး မှတ်ဉာဏ်များ ပေးနိုင်ခဲ့သည်။ သို့သော် ယခု ခိုရာစန်းမြို့ရိုး အနောက်ဘက် အဟကြားများတွင် နေရာယူထားသော လက်နက်ကြီးများ၏ အရေအတွက်က တစ်သောင်းကျော်နေသည်။

မြို့ရိုးတစ်ခုလုံးအနှံ့ သိပ်သည်းစွာရှိနေသော ထိုစက်ကြီးများက မရပ်တန့်နိုင်အောင် ကြောက်စရာကောင်းလွန်းသော ဝိညာဉ်ရိတ်သိမ်းသူများအလား ထင်ရသည်။

မြို့ရိုးများတွင် ရှိနေသော လက်နက်ကြီးများက သောင်းကျော်သည်။ ထိုပမာဏဟာ ခိုရာစန်းတစ်ခုလုံးကို ခံတပ်ကြီးတစ်ခုအဖြစ် ပြောင်းလဲစေလေပြီး အောက်ဘက်ရှိ အရာအားလုံးကို ကြိတ်ချေနိုင်ပုံပေါ်နေသည်။ ထို့ကြောင့် စိတ်အတည်ငြိမ်ဆုံး အာရပ်မြင်းသည်တော်များကပင် ထိုမြင်ကွင်းကြောင့် တုန်ယင်သွားနိုင်သည်။

“နောက်ဆုတ်”

တာလာ့၏တိုက်ပွဲတွင် ဝင်ပါခဲ့ဖူးသော အာရပ်မြင်းတပ်က ချက်ချင်းလိုလို အော်ဟစ်လိုက်လျှက် တုန့်ဆိုင်းမနေဘဲ ထွက်ပြေးသည်။

သူတို့က လျှင်မြန်စွာ လုပ်ဆောင်နိုင်သည်။ သို့သော် လုံလောက်အောင် မလျှင်မြန်သွားချေ။ စစ်သည်တော်များက ထွက်ပြေးရုံသာရှိသေးသည် လေထုက စတင်ကာပေါက်ကွဲသွားပြီး လက်နက်ကြီး တစ်လက်ပြီးတစ်လက်က လေထုကိုထိုးခွဲလျှက် ခိုရာစန်း၏ မြို့ရိုးများအတွင်းမှ နဂါးများအလား ထိုးဆင်းလာကြသည်။

“အား”

ထိုသို့ဖြင့် အာရပ်စစ်သည် သောင်းပေါင်းများစွာ၏ အော်သံများက လေထဲတွင် ပြည့်နှက်သွားသလို တခွက်ခွက် အသံများကလည်း ထွက်ပေါ်လာသည်။ ထို့နောက် အံ့အားသင့်သံများနှင့်အတူ မြင်းနှင့်ကိုယ် တစ်ပါတည်း မြေပြင်တွင် ထိုးစိုက်ခံလိုက်ရသည်။

“ပစ်”

“ပစ်”

“ပစ်”

စုဟန်ရှန်းသည် မြို့ရိုးပေါ်တွင် နတ်ဘုရားတစ်ပါးအလား ရပ်နေပြီး သူ၏ဓားကိုအောက်သို့ ထပ်ခါတလဲလဲ ချနေသည်။ သူ၏မျက်လုံးဟာ အေးစက်ပြီး အမူအရာက တင်းမာသည်။ ထို့ကြောင့် သူသည် မြေအောက်လောကမှ ထွက်ပေါ်လာပြီး အာရပ်များ၏ ကံကြမ္မာကို ဆုံးဖြတ်ရန် ကြင်နာနေသော သေမင်းအလား ထင်ရစေသည်။

ဘုန်း ဘုန်း ဘုန်း

ထိုသို့ဖြင့် လက်နက် တစ်လက်ပြီးတစ်လက်က ဆင်းသက်သွားသည်။ ထိုသို့ဖြင့် တိုင်ဂရစ်မြစ်၏ အရှေ့ဘက် ကမ်းစပ်ပေါ်တွင် ရှိနေပြီးသား အာရပ်စစ်တပ်များ အားလုံး အပေါ်သို့ မိုးများအလား ဆင်းသက်သွားပြီး ထိုးစိုက်ကုန်လေသည်။ ငါးသုတ်သာ ပစ်ရသေးသည်။ တိုင်ဂရစ်မြစ်နှင့် ခိုရာစန်းမြို့ရိုးအနားရှိ ကျယ်ပြောသော နေရာတောက်လျှောက် အလောင်းများပုံနေပြီး သွေးများက စီးနေပြီဖြစ်သည်။

တိုတောင်းသော အချိန်ကာလအတောအတွင်း အင်အားစုငါးသောင်းမှ ခြောက်သန်းခန့်က ဖျက်ဆီးခြင်း ထိုးနှက်ချက်ကို ခံလိုက်ရလေပြီး အလုံးစုံ သုတ်သင်ခံလိုက်ရသည်။

လူတိုင်းက ကျောစိမ့်သွားသော ခံစားချက်မျိုးကို ရလိုက်သလို ကြောက်လန့်သွားကြသည်။ ထို့နောက် တဆတ်ဆတ် တုန်ယင်သွားကြ၏။

စက္ကန့်အနည်းငယ်သာ ကြာသေးသည်။ တိုင်ဂရစ်မြစ်၏ အနောက်ဘက်ခြမ်းတွင် ရှိနေသေးသော စစ်သည်တော်များ၏ မျက်လုံးရှေ့တွင်ပင် ငရဲကဲ့သို့သော မြင်ကွင်းတစ်ခုက ပေါ်လာနေပြီဖြစ်သည်။ သူတို့၏ နှလုံးသားက ရေခဲတုံးအဖြစ် ပြောင်းလဲသွားသလိုမျိုး ပြင်းထန်သည့် ခံစားချက်ကို ရလိုက်ကြသည်။ မြို့ရိုးထဲတွင် ပြည့်နှက်နေသော ထန်လက်နက်ကြီး သောင်းကျော်က သူတို့ကို အသက်ရှုရပ်လုနီးပါး ဖြစ်စေသည်အထိ ကြောက်မက်ဖွယ်ကောင်းလွန်းသော အိမ်မက်ဆိုးကို ပေးစွမ်းလိုက်လေသည်။

ထို့နောက် ပို၍ပင် ကြောက်စရာကောင်းသော ကိစ္စတစ်ခုက ဖြစ်ပျက်လာသေးသည်။

ဝှစ်

ရုတ်တရက် လေပြင်းက ဖြတ်တိုက်သွားသလိုမျိုး မရေမတွက်နိုင်သည့် စစ်အလံပေါင်းများစွာက ခိုရာစန်း၏ မြို့ရိုးအနောက်မှ အသစ်စက်စက် ထွက်လာကာစ ဝါးညွန့်များအလား မြောက်တက်လာလေသည်။

ထိုအလံများ၏အောက်တွင် မရေမတွက်နိုင်သော စစ်သားပေါင်းများစွာ ရှိနေသေးသလို တင်းတင်းကြပ်ကြပ် ပိတ်ထားသော ခိုရာစန်း၏ တံခါးကပင်ပွင့်သွားပြီး မဟာမိတ်စစ်တပ်၏ စစ်သည်တော်ပေါင်း များစွာက ထွက်လာကြသည်။

စစ်သည်တော် သိန်းပေါင်းများစွာက ထွက်ပေါ်လာခြင်းဖြစ်ပြီး တစ်ချက်ကြည့်လိုက်ရုံနှင့်တင် မဟာမိတ်စစ်တပ်ကြီးသည် အာရပ်များနည်းတူ တူညီသော အင်အားမျိုးကို ပိုင်ဆိုင်ထားသလို ထင်ရသည်။

ထိုအရာသာ မကသေးချေ။ မဟာမိတ်စစ်တပ်မှ စစ်သည်တော်များက ထွက်လာသည်နှင့်အမျှ မဟာထန် လက်နက်ကြီးပေါင်းများစွာက တဖန်ထပ်ပြီး ပေါ်ထွက်လာသေးပြန်သည်။ ပမာဏဟာ အလွန်များသည်။

“သွား သွား သွား”

အာရပ်များသည် ထိုမြင်ကွင်းကြောင့် မှင်သက်ကြောင်အကုန်သည်။ သူတို့သည်လည်း အနည်းဆုံး အရေအတွက်အားဖြင့် အပြတ်အသတ် သာသေးသည်ဟု ယုံကြည်ချင်ခဲ့သည်။ သို့သော် သူတို့ကို ကြိုဆိုနေသည်မှာ သူတို့ထင်ထားသည်နှင့် ခြားနားသောဖြစ်ရပ်ဖြစ်နေသည်။ ထိုအခိုက်အတန့်တွင် သူတို့နဂိုက သယ်ဆောင်လာသော သတ္တိများဟာ မီးခိုးငွေ့လိုမျိုး လေထဲသို့ လိမ့်တက်လျှက် ပျောက်ကွယ်သွားကြသည်။ တိုက်ပွဲဟာ တရားဝင် မစတင်သေးခင် အာရပ်စစ်တပ် တစ်ခုလုံး၏ တိုက်ခိုက်လိုစိတ်များအားလုံးက ပျောက်ကွယ်ကုန်ပြီဖြစ်သည်။

ခြိမ်း

ပထမဦးဆုံး တိုက်ခိုက်လိုစိတ်ပျောက်ဆုံးကာ ထွက်ပြေးသွားသောလူက နောက်တန်းမှ မြင်းတပ်အဖွဲ့ဝင်များဖြစ်သည်။ ထို့နောက် အခြားသော မြင်းတပ်အဖွဲ့ဝင်များ အားလုံးက လိုက်ပါကုန်ကာ ပြေးကြသည်။ သူတို့အားလုံး၏ မျက်နှာတွင် ကြောက်လန့်မှုနှင့် ထိတ်လန့်မှုများကို မြင်နိုင်၏။ သူတို့သည် ချီတက်လာချိန်ကထက် မြန်ဆန်သော အရှိန်နှုန်းကိုသုံးပြီး ပြေးကြခြင်းဖြစ်သည်။

ချွင် ချွင် ချွင်

အာရပ်ဗိုလ်ချုပ်များသည်လည်း ခိုရာစန်းနီများက လိုက်လာမည့် အခြေအနေကို စိုးရိမ်သဖြင့် ဓားများကိုပင် ဆွဲထုတ်ပြီး သစ်သားတံခါးများကိုပင်ဖြတ်ကာ ပြေးကြသည်။

ဘန်း

ထိုမြင်ကွင်းကြောင့် တိုင်ဂရစ်မြစ်၏ အရှေ့ဘက်ခြမ်းမှ စစ်သားများအားလုံးက ရယ်ကြသည်။ သိပ်မကြာခင်ကတင် အာရေးဗီးယား အင်ပါယာကြီးက မြို့ပေါင်းများစွာကို အလုံးအရင်းဖြင့် သတ်ဖြတ်ရာတွင် အတော်ဆုံးသော အဖွဲ့အစည်းကြီး ဖြစ်ခဲ့သည်။ သို့သော် ယခုလိုနေ့မျိုးကတင် ရှိလာ၏။ စစ်တပ်က မနီးကပ်သေးခင် သူတို့က ပြိုလဲကျကြပြီး ထွက်ပြေးသွားကြသည်။

“ထွက်ပြေးတဲ့လူနောက်ကို မလိုက်နဲ့။ သွားခွင့်ပေးလိုက်ပါ။ ဒီသင်ခန်းစာနဲ့သာဆိုရင် သိပ်မကြာခင် ထပ်ပြီး ရောက်လာရဲမှာမဟုတ်ဘူး”

ဝမ်ချောင်က မြို့ရိုးပေါ်မှတစ်ဆင့် အရာအားလုံးကို ကြည့်ရင်း ခပ်တိုးတိုးရယ်သည်။ သူ၏အမူအရာဟာ တည်ငြိမ်ပြီး မြင်နိုင်စွမ်းအား ပြင်းထန်လွန်းသော ဗျူဟာပညာရှင်တစ်ယောက်၏ အရှိန်အဝါမျိုးကို လွှတ်ထုတ်ထားသည်။ သူသည် လောကရှိ အရာအားလုံးကို ခန့်မှန်းနိုင်ပုံပေါ်သည်။

“ကြိုတင်ပြင်ဆင်ထားတာက အောင်မြင်ဖို့သေချာပြီး မပြင်ဆင်ထားတာက ရှုံးနိမ့်ဖို့ သေချာတယ်။ ငါအရှင့်ရဲ့ ဒီစကားကို တအားသဘောကျတာပဲ။ အာရပ်တွေကလည်း သူတို့က ပြန်လည်ထိုးနှက်နိုင်ပြီး သူတို့ရဲ့အရှက်တရားကို ဆေးကြောနိုင်မယ်လို့ မျှော်လင့်ထားခဲ့တဲ့ပုံပဲ။ အား သူတို့ရဲ့ လုပ်ဆောင်မှုတွေ အားလုံးက အရှင်မျှော်လင့်ထားတဲ့အတိုင်း ဖြစ်နေမယ်ဆိုတာကို မသိလောက်ဘူး။ ဒီတိုင်း တိုင်ဂရစ်မြစ်က မြို့အပြင်မှာရှိနေတာ နှမြောစရာပဲ။ အဲ့ဒီလိုသာမဟုတ်ရင် သူတို့က ဒီအခွင့်အရေးကို အရယူပြီး သူတို့ကို အမဲလိုက်မှာပဲ”

ဝမ်ချောင်၏ဘေးနားမှ ပါးရန်ကမူ အာရပ်များ၏ ဆုတ်ခွာမှုကိုကြည့်ပြီး ရယ်ချင်စိတ်ကို မထိန်းနိုင်ချေ။

ဘုန်း

ဝမ်ချောင်နှင့် ပါးရန်တို့၏ အမိန့်နှင့်အတူ မြို့ရိုးပေါ်မှ ခရာမှုတ်သံများက ထွက်ပေါ်လာသည်။ ထိုသို့ဖြင့် နောက်မှလိုက်ဖမ်းသော စစ်သားများအားလုံးက တိုက်ပွဲနယ်မြေကို ရှင်းလင်းကြသည်။ သူတို့၏ တစ်ခုတည်းသော တာဝန်က အဖိုးတန်လက်နက်များကို ပြန်ကောက်ရန်ဖြစ်သည်။

ခိုရာစန်းတွင် လပေါင်းများစွာကြာအောင် အခြေစိုက်ယူထားပြီးနောက် ဝမ်ချောင်သည်လည်း လက်နက်ကြီး သောင်းကျော်ကို အရယူနိုင်ခဲ့သလို နောက်ထပ် ကျည်ဆံတစ်သန်းကျော်နီးပါးကို ပိုင်ဆိုင်ခဲ့သည်။ ဒါဟာ ဝမ်ချောင် ခိုရာစန်းနီကို စီမံခန့်ခွဲနေရာတွင် အရေးပါဆုံးသော ချိတ်ဆက်မှုတစ်ခု ဖြစ်ခဲ့ပြီး ယခုအခါတွင်လည်း သက်ရောက်မှုကိုပြသလာခဲ့သည်။

ဘန်း

စစ်တပ်တစ်ခုလုံးကို ရှင်းလင်းပြီးသောအခါ ခိုရာစန်းအတွင်းမှ ကောင်းကင်ကိုပင် လှုပ်ခါနိုင်သည့် အောင်ပွဲခံသံများကို ကြားရမည်ဖြစ်သည်။ ပြည်သူများအားလုံးကလည်း တိုက်ပွဲရလဒ်ကို သိနေကြသည့်အလား ပျော်ရွှင်နေကြသည်။

.....

“အသုံးမကျတဲ့အရာတွေ”

အဝေးရှိပါးတတွင် ရှိနေသော အာရေးဗီးယားမှ ကာလစ်သည် ရှေ့တန်းမှသတင်းကို ရလိုက်သည်။

ဘုန်း

အာရေးဗီးယား၏ အဆင့်အမြင့်ဆုံးသော အုပ်ချုပ်သူ၏ ကိုယ်အတွင်းမှ စွမ်းအင်များက မုန်တိုင်းတစ်ခုလိုမျိုး ပေါက်ထွက်သွားပြီး အင်ပါယာနန်းတော်တစ်ခုလုံးကို လှုပ်ခါသွားစေသည်။

အစေခံများ၊ အစောင့်များ၊ အမတ်များ၊ ဗိုလ်ချုပ်များနှင့် အထက်တန်းလွှာများအားလုံးက မရပ်တန့်နိုင်သော စွမ်းအင်များအောက်တွင် လွင့်ထွက်သွားကြပြီး နံရံများနှင့် တိုက်မိသူကတိုက်မိ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသူကပြုတ်ကျ ဖြစ်သွားကြသည်။ အချို့သော အားနည်းသော အစေခံများနှင့် အစောင့်များဆိုလျှင် သတိလစ်သွားကြသည်။

“အရှင်မင်းကြီး”

အားလုံးက ထိတ်လန့်သွားကြပြီး ဒေါသထွက်နေသော ကာလစ်ကို ကြောက်လန့်တကြား စိုက်ကြည့်ကြသည်။ သူတို့အားလုံးသည် မြေပြင်တွင် ဝပ်တွားလျှက် သူတို့၏ သွေးကြောများတွင် စီးနေသည့် သွေးများကပင် ခဲနေသလို ခံစားလိုက်ကြရသည်။

“ကျန်းတို့မှာ လောကက အင်အားအကြီးဆုံး အင်ပါယာကြီးကို ပိုင်ဆိုင်ထားတယ်။ အင်အားအကြီးဆုံး လက်ရွေးစင်စစ်တပ်လည်းရှိတယ်။ အတော်ဆုံးအစိုးရတွေ ဗိုလ်ချုပ်တွေလည်း ရှိနေတယ်။ နောက်ပြီး မရေမတွက်နိုင်တဲ့ ဗိုလ်ချုပ်ကြီးတွေ အရာရှိတွေမှ အများကြီးပဲ။ ဒါတောင်မှ အရှေ့ပိုင်းလောကက ဒီလောက် ငယ်ရွယ်သေးတဲ့ အမတ်တစ်ယောက်ကို မထိန်းနိုင်ဘူးလား”

မူတာစီရန်သုံးကမူ ဒေါသထွက်လွန်းသဖြင့် ပေါက်ကွဲလိမ့်မည်ဟု ခံစားနေရသည်။

အာရေးဗီးယားသည် သူ၏အောင်မြင်စွာ ထီးနန်းဆက်ခံမှု ပြီးချိန်ကတည်းက ရပ်တန့်၍မရနိုင်သော အရှိန်မျိုးကို သယ်ဆောင်လာခဲ့သည်။ မူတာစီရန်သုံးသည်လည်း မြင်သမျှအရာအားလုံး သိမ်းပိုက်နိုင်သည်ဆိုသော ဆိုရိုးစကားကို ကိုင်ဆွဲနိုင်ခဲ့၏။ အာရေးဗီးယားက ပိုင်ဆိုင်ထားသော ကြီးမားလွန်းသော စစ်တပ်ကြီးအောက်တွင် မရေမတွက်နိုင်သော အင်အားကြီး အင်ပါယာပေါင်း များစွာကို ဖုန်ဖြစ်အောင် ချေမွနိုင်ခဲ့သလို အညံ့ခံအောင် ဖိနှိပ်နိုင်ခဲ့သည်။ သို့သော် သူတို့သည် မဟာထန်၏စစ်တပ်ကို ရင်ဆိုင်ရချိန်တွင်မူ အရာအားလုံးက သူတို့ကိုဖျက်ဆီးပြီး ရပ်တန့်စေခဲ့၏။

နေ့တစ်ဝက်သာ ကြာသေးသည်။ အလုံးအရင်းနှင့် တိုက်ခိုက်ခဲ့သော စီမံကိန်းကြီး သုံးခုလုံးက အဆုံးသတ်တွင် ကျရှုံးခဲ့သည်ချည်းသာဖြစ်သည်။ အရှေ့ပိုင်းတွင် မဟာထန်ဘက်မှ စစ်တပ်တစ်ခုတည်းသာ ရှိ၏။ ဗဟိုပြင်ကျယ်မှ မဟာထန်ကသာ အင်အားစုအားလုံးကို စုစည်းနိုင်ခဲ့လျှင် သူသည် ပါးတကပင် ထွက်ပြေးရလောက်သည်။

“အရှင်မင်းကြီး ငါတို့က အရမ်းအားနည်းတာ မဟုတ်ဘဲနဲ့ ငါတို့ရဲ့ ပြိုင်ဘက်က အရမ်းအင်အားကြီးလွန်းနေတာပါ။ မဟာထန်ရဲ့ လက်နက်ကြီး သောင်းကျော်က ခိုရာစန်းအတွင်းမှာ ခိုင်ခိုင်မြဲမြဲ နေရာယူပြီး အသင့်ပြင်ထားတဲ့အခါမှာ ငါတို့ရဲ့ စစ်သည် သိန်းပေါင်းများစွာကလည်း သုတ်သင်ခံရတာပဲ။ ငါတို့တွေ...”

အောက်ဘက်မှ ရာထူးအမြင့်ဆုံး အထက်တန်းလွှာတစ်ယောက်က သူ၏သတ္တိကိုစုစည်းပြီး စကားအနည်းငယ် ပြောသည်။ သို့သော် စကားကမဆုံးသေးခင် ဘန်းကနဲမြည်သံနှင့်အတူ ကာလစ်က သူ့ကို လက်ဝါးတစ်ချက်တည်းနှင့် ရိုက်ထုတ်လိုက်သည်။ ထိုသို့ဖြင့်သူဟာ ခန်းမအပြင်ဘက်သို့ လွင့်ထွက်သွားရသည်။

All Chapters