သူတောင်းစားအဘိုးအို၏ အထောက်အထားအမှန်
Vol. 9 Ch. 89
"ဂိုဏ်းကိစ္စတွေကို မင်းတို့ဂိုဏ်းချုပ်ပဲ ကိုင်တွယ်တာလေ.... ဘာလို့ ငါ့ကို လာရှာနေတာလဲ"
သူတောင်းစားအဘိုးအို၏ အာရုံစိုက်မှုသည် သူတို့အပေါ်တွင် မရှိချေ။
ထို့အစား ကျုံးချင်အပေါ်၌သာ ရှိနေသည်။
သူ သဘောကျသော ညီငယ်လေးတစ်ယောက်နှင့် နောက်ဆုံးတွင် ကြုံတွေ့ ပြီဖြစ်ရာ ကျုံးချင် အန္တရာယ်ကြုံနေချိန်တွင် သူ လက်ပိုက်ကြည့်မနေနိုင်သည်မှာ သဘာဝကျသော ကိစ္စပင်။
သို့သော် အကယ်၍ သူကိုယ်တိုင် ကျုံးချင်ကို သွားကယ်လိုက်လျှင်....
သူ၏စွမ်းအားကို ဖုံးကွယ်ထားနိုင်တော့မည် မဟုတ်ပေ။
သူတို့နှစ်ယောက် မိတ်ဆွေဖွဲ့ခဲ့ကြစဉ်ကတည်းက တန်းတူညီမျှဆက်ဆံရေးမျိုးကိုသာ သူ အမြဲတစေ ထားရှိခဲ့သည်။
အကယ်၍ သူ့အကြောင်း အချက်အလက်တချို့ကို တစ်ဖက်လူက သိသွားခဲ့လျှင် ဤသန့်စင်သော မိတ်ဆွေသံယောဇဉ် ပျောက်ဆုံးသွားနိုင်သလော...
နောက်ထပ်အချိန်တခဏတွင် သူတောင်းစားအဘိုးအို၏အကြည့်သည် သူ၏နံဘေးရှိ မျက်နှာလိုမျက်နှာရ လုပ်နေသော လူနှစ်ယောက်အပေါ်သို့ ချက်ချင်းကျရောက်သွားသည်။
"လက်ဝဲအစောင့်အရှောက်ထျယ်ထာနဲ့ လက်ယာအစောင့်အရှောက်ဟူရှန်..."
"ဘိုးဘေး ဂိုဏ်းကို ကျွန်တော်တို့နဲ့အတူ ပြန်လိုက်ခဲ့ပေးမှာလား"
စိတ်လှုပ်ရှားနေသော မျက်လုံးများဖြင့် ထိုလူနှစ်ယောက်က သူတောင်းစားအဘိုးအိုကို နောက်တစ်ကြိမ် ဦးညွှတ်လိုက်ကြသည်။
"ဘယ်ဂိုဏ်းကို ပြန်ရမှာလဲ......ဒီဘိုးဘေးရဲ့ လုပ်ရပ်တွေကို မင်းတို့နှစ်ကောင်က လမ်းညွှန်ပေးစရာ လိုလို့လား"
"ကျွန်တော်တို့ မဝံ့ရဲပါဘူး"
သူတို့နှစ်ယောက်သား ကြောက်လန့်တကြား ပြန်ဖြေလိုက်ကြသည်။
"ဂိုဏ်းပြန်ဖို့ကိစ္စကို နောက်တစ်ခါ ထပ်မပြောနဲ့...အခု မင်းတို့ကို အရေးကြီးတဲ့ တာဝန်တစ်ခု ပေးစရာရှိတယ်"
"ခုဏက ငါ့ရှေ့ကနေ ထွက်သွားတဲ့ ညီငယ်လေးကို မင်းတို့ တွေ့တယ်မလား...အခု မင်းတို့က သူ့နောက်ကနေ တိတ်တဆိတ် လိုက်ပါစောင့်ရှောက်ပေးရမယ်"
"သူ့နောက်က အမြှီးနှစ်ချောင်းကို သပ်သပ်ရပ်ရပ် ရှင်းပစ်လိုက်....မင်းတို့ရဲ့ တည်နေရာနဲ့ အထောက်အထားကို လုံးဝမပေါ်စေနဲ့"
"ငါ့ညီငယ်လေးရဲ့ ဆံပင်တစ်ချောင်း ကျွတ်သွားတာနဲ့ မင်းတို့နှစ်ကောင်ကို အရေခွံခွာပစ်မယ်"
သူတို့ဘိုးဘေး၏ တည်ကြည်လေးနက်သော အမူအယာကို မြင်တွေ့ချိန်၌ သူတို့နှစ်ယောက်သား ပေါ့ဆရဲခြင်း မရှိတော့ချေ။
သူတို့၏စိတ်ထဲတွင် ပြောလိုသောစကားလုံး ထောင်နှင့်ချီ၍ရှိနေသော်လည်း နောက်ဆုံးတွင် စကားတစ်ခွန်းတည်းသာ ထွက်ပေါ်လာခဲ့သည်။
"ဟုတ်ကဲ့..."
ထိုစကားကိုပြောဆိုရင်း သူတို့၏ ပုံရိပ်များ လှုပ်ရှားသွားကာ အလင်းတန်းများအဖြစ် ပြောင်းလဲသွားပြီး ကျုံးချင်၏နောက်မှ လိုက်သွားကြသည်။
တောက်ပသော လမင်းကြီးသည် ကောင်းကင်ယံတွင် တွဲလွဲခိုနေပြီး စိန်ပွင့်များအလား မိုးကောင်းကင်တွင် မြှုပ်နှံထားသော ကြယ်တာရာများ တဖျပ်ဖျပ် လင်းလက်နေပေ၏။
တောင်ပေါ်သစ်တောထဲတွင်...
ကျုံးချင်သည် မြင့်မားသော တောင်တန်းများကို ဖြတ်ကျော်နေရင်း သူ၏မျက်လုံးအကြည့် အနည်းငယ် လှုပ်ရှားသွားသည်။
"တကယ့်ကို စိတ်ရှည်ကြတာပဲ"
လေလံအိမ်မှ ထွက်လာကတည်းက သူ့၏နောက်တွင် လူနှစ်ယောက် နောက်ယောင်ခံလိုက်နေကြောင်း သူ သိထားသည်။
မူလက သူသည် တစ်ဖက်လူများ အရင်ထွက်ပေါ်လာသည်ကို စောင့်ဆိုင်းပြီးမှ ပေါ့ပေါ့ပါးပါး ရိုက်သတ်ပစ်ရန် ရည်ရွယ်ထားသည်။
သို့သော် ဤလူနှစ်ယောက်သည် သူထင်ထားသည်ထက် ပို၍စိတ်ရှည်သည်ဟု တွေးထင်ရသည်။
ကျုံးချင်၏ အမြန်နှုန်း လျော့မသွားသည့်အပြင် သူ၏ပုံရိပ်သည်လည်း ရပ်တန့်မသွားပေ။
ဤလူနှစ်ယောက် မည်မျှထိ သည်းခံနိုင်မည်ကို သူ စောင့်ကြည့်လိုသည်။
တစ်ချိန်တည်းမှာပင်....
ကျုံးချင်၏နောက် မိုင်ဝက်မပြည့်သော နေရာ၌...
ညီအစ်ကိုများ ဖြစ်ကြသော ဟေးဖုန်းနှင့်ယွင်ရှားတို့သည် တိတ်တဆိတ် စကားပြောနေကြ၏။
ဟေးဖုန်းသည် အစ်ကိုကြီး ဖြစ်ပြီး ယွင်ရှားက ညီငယ် ဖြစ်သည်။
သူတို့နှစ်ယောက်သည် နာမည်ကြီး လေလွင့်ကျင့်ကြံသူများ ဖြစ်ကြသည်။
သူတို့သည် ငယ်စဉ်ကတည်းက အခွင့်အလမ်းတစ်ခုနှင့် ကြုံတွေ့ခဲ့ရပြီး နတ်ဆိုးကျင့်ကြံနည်းစနစ်တစ်ခုကို ကျင့်ကြံခဲ့သည်။
သူတို့သည် လမင်းနက်နဲသိမ်မွေ့နယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်ကို ပိုင်ဆိုင်ထားကြပြီး အရှေ့ပိုင်းနယ်မြေတခွင်လုံးတွင် နာမည်ကျော်ကြားသူများ ဖြစ်ကြသည်။
ယွင်ရှား၏မျက်လုံးများ တောက်ပလာသည်။ "အစ်ကိုကြီး.... ဒီနားမှာ ဘယ်သူမှ မရှိတော့ဘူး လှုပ်ရှားရမယ့်အချိန် ရောက်ပြီ"
ဟေးဖုန်းက အလျင်စလိုမလုပ်ရန် ပြောဆိုလိုက်သည်။
"ခဏလောက် စောင့်ကြည့်အုံး....ဒီလူက ဘယ်နေရာမှာ နေတာလဲဆိုတာ အရင်ကြည့်ရအောင်"
"မျက်တောင်တစ်ချက်မခတ်ဘဲနဲ့ ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ဆေးပင်တွေ အများကြီးကို တစ်ခါတည်းနဲ့ ဝယ်နိုင်တဲ့လူက ဒီလောက်ပဲ ချမ်းသာကြွယ်ဝမယ်လို့ ငါ မယုံဘူး"
"သူ့ရဲ့နောက်ခံနဲ့ ပိုင်ဆိုင်မှုတွေကို သိရပြီးမှ ငါတို့လှုပ်ရှားလည်း နောက်မကျပါဘူး"
"အစ်ကိုကြီးရဲ့စဉ်းစားတွေးခေါ်မှုက အမြဲတမ်း ပြည့်စုံတာပဲ"
ဟေးဖုန်းက ယုံကြည်ချက်ရှိစွာ ပြုံးလိုက်သည်။
"ကျင့်ကြံခြင်းလမ်းစဉ်က အခက်အခဲတွေနဲ့ ပြည့်နှက်နေတာ ..ဉာဏ်ကောင်းဖို့ ရဲရင့်ဖို့နဲ့ လှုပ်ရှားမှုမှာ တည်ငြိမ်နေဖို့ လိုအပ်တယ်"
"ဒီအချက်သုံးချက်သာ ပြည့်စုံရင် အနာဂတ်မှာ အရှေ့ပိုင်းနယ်မြေတစ်ခုလုံးရဲ့ ထိပ်သီးအစွမ်း
ဖွားကျိ ( blocker ငမူး ), [1/22/2026 3:02 PM]
ထက်ပုဂ္ဂိုလ်တွေကြားမှာ ငါတို့အတွက် နေရာမရှိစရာ အကြောင်းမရှိဘူး"
သို့ရာတွင် သူ၏အသံ အဆုံးသတ်သွားသည်နှင့်....
သူတို့၏နောက်မှ အသံတစ်သံ ထွက်ပေါ်လာသည်။
"မင်းတို့မှာ အဲဒီအခွင့်အရေး မရှိတော့ဘူး"
"ဘယ်သူလဲ"
ရုတ်တရက် ထွက်ပေါ်လာသော အသံကြောင့် ဟေးဖုန်းနှင့်ယွင်ရှားတို့ ထိတ်လန့်သွားသည်။
နောက်ထပ်အချိန်တခဏတွင် ထျယ်ထာနှင့်ဟူရှန်တို့၏ ပုံရိပ်နှစ်ခုသည် သူတို့၏ရှေ့တွင် ထွက်ပေါ်လာပေ၏။
ရုတ်တရက် ထွက်ပေါ်လာသော လူနှစ်ယောက်ကို ကြည့်ပြီး....
ဟေးဖုန်းနှင့်ယွင်ရှားတို့၏ မျက်နှာအမူအယာများ သိသိသာသာ ပြောင်းလဲသွားသည်။
ရုတ်ချည်းဆိုသလိုပင် သူတို့နှစ်ယောက်လုံး ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။
"ဖူယွင်မြင့်မြတ်နယ်မြေရဲ့ လက်ဝဲလက်ယာအစောင့်အရှောက်တွေပဲ"
သူတို့ လက်ရှိအဆင့်အတန်းသို့ ရောက်ရှိလာရန်အတွက် မည်သူ့ကို ရန်စနိုင်သည် မည်သူ့ကို ရန်စ၍မရသည်ကို သဘာဝကျကျ သိထားကြသည်။
အစွမ်းထက်သော နတ်ဆိုးကျင့်ကြံသူများအနေဖြင့် ဟေးဖုန်းနှင့်ယွင်ရှားတို့တွင် ကိုယ်ပိုင် ကျင့်ဝတ်စည်းကမ်းများ ရှိသည်။
တတိယတန်းစားဂိုဏ်းများမှ လူများကို သူတို့ စိတ်ကြိုက်သတ်ဖြတ်နိုင်သည်။
ဒုတိယတန်းစားဂိုဏ်းမှ လူများကို ရွေးချယ်ပြီး သတ်ဖြတ်နိုင်သည်။
ပထမတန်းစားဂိုဏ်းမှ လူများကို သိုသိုသိပ်သိပ် သတ်ဖြတ်သင့်သည်။
မြင့်မြတ်နယ်မြေမှ လူများကိုမူ တတ်နိုင်သမျှ ဝေးဝေးရှောင်သင့်ပေ၏။
ရိုးရှင်းသော အကြောင်းပြချက်မှာ မြင့်မြတ်နယ်မြေတစ်ခုမှ အကြီးအကဲ သို့မဟုတ် တောင်သခင်စသည့် မည်သူမဆို သူတို့ ရန်စနိုင်သူများ မဟုတ်သောကြောင့်ပင်။
"သခင်ကြီးတို့.... ကျွန်တော်တို့ညီအစ်ကိုတွေက သခင်ကြီးတို့ကို ပြစ်မှားမိတာ မရှိသလို သခင်ကြီးတို့ရဲ့ မြင့်မြတ်နယ်မြေကိုလည်း ဘယ်တုန်းကမှ ကျူးကျော်ခဲ့ဖူးတာမျိုး မရှိပါဘူး"
"ကျွန်တော်တို့ကို တားဆီးရတဲ့ ရည်ရွယ်ချက်က ဘာလို့လဲ...နားလည်မှုလွဲတာများ ရှိနေလို့လား"
ဟေးဖုန်း၏မျက်ခွံများ တုန်ရီနေပြီး ဦးညွှတ်အရိုအသေပြု၍ ရိုသေလေးစားစွာ ပြောဆိုလိုက်သည်။
"နားလည်မှုလွဲတာ မရှိဘူး....ငါ့တို့ဘိုးဘေးရဲ့ မိတ်ဆွေကို မင်းတို့က ဘယ်လိုသတ္တိမျိုးနဲ့ လုပ်ကြံဖို့ ကြိုးစားရဲတာလဲ.... မင်းတို့ သေသင့်တယ်"
နောက်ထပ်အချိန်တခဏတွင် ထျယ်ထာနှင့်ဟူရှန်တို့ တပြိုင်နက်တည်း လှုပ်ရှားလိုက်ကြသည်။
"မလုပ်နဲ့.... မလုပ်ပါနဲ့"
နှစ်ဖက်အကြားရှိ တိုက်ခိုက်ရေးစွမ်းရည်သည် အဆင့်တူ၍ လုံးဝရှိမနေချေ။
ဟေးဖုန်းနှင့်ယွင်ရှားတို့ အလွန်အမင်း ကြောက်ရွံ့သွားကြသည်။
ယခုအချိန်တွင် သူတို့သည် ပြင်းပြင်းထန်ထန် နောင်တရနေကြ၏။
ယနေ့ည သိုးကောင်ကြီးတစ်ကောင် ဖမ်းမိပြီဟု မူလက သူတို့ ထင်မှတ်ထားခဲ့သည်။
တစ်ဖက်လူတွင် ထိုကဲ့သို့ ကြောက်မက်ဖွယ်ရာ နောက်ခံမျိုး ရှိနေလိမ့်မည်ဟု မည်သူက တွေးထင်ထားမိမည်နည်း။
သူတို့နှစ်ယောက်သား အသည်းအသန် ရုန်းကန်ကြသော်လည်း ဤအရာအားလုံး အချည်းနှီး ဖြစ်သွားရန်သာ ကံပါလာသည်။
"ဝုန်း...ဝုန်း...."
အသံနှစ်သံ ထွက်ပေါ်လာပြီးနောက် ဟေးဖုန်းနှင့် ယွင်ရှားတို့သည် ကြိုးပြတ်သွားသော စွန်များအလား မိုးကောင်းကင်ယံမှ ပြုတ်ကျလာကြသည်။
သူတို့သည် မျက်ဖြူလန်သွားပြီး အသက်ရှူသံ ပျောက်ကွယ်သွားကာ သူတို့ သေဆုံးသွားပြီ ဖြစ်ကြောင်း သိသာထင်ရှားသည်။
အကယ်၍ သူတို့သာ သာမန်နေမင်းနက်နဲသိမ်မွေ့နယ်ပယ် အစွမ်းထက်ပုဂ္ဂိုလ်နှင့် တွေ့ဆုံခဲ့လျှင်....
သူတို့နှစ်ယောက် ယှဉ်နိုင်မည် မဟုတ်သည့်တိုင် ဤမျှထိ မြန်မြန်ဆန်ဆန် သေဆုံးသွားမည် မဟုတ်ပေ။
သို့သော် ဖူယွင်မြင့်မြတ်နယ်မြေ၏ လက်ဝဲလက်ယာအစောင့်အရှောက်များသည် မြင့်မြတ်နယ်မြေတစ်ခုလုံးတွင်ပင် ထိပ်တန်းအစွမ်းအထက်ဆုံး တည်ရှိမှုဆယ်ဦး စာရင်းဝင်များဖြစ်ကြသည်။
ထိုအစောင့်အရှောက်နှစ်ဦး၏ ပစ်မှတ်ထားခြင်းကို ခံလိုက်ရသည့်အချိန်ကတည်းက သူတို့၏ သေဆုံးတရားမှာ သေချာသွားခဲ့လေပြီ။
ဤနေရာမှ ဆူညံသံများသည် ရှေ့တွင်ရှိနေသော ကျုံးချင်၏အာရုံစိုက်မှုကို သဘာဝကျကျဆွဲဆောင်နိုင်ခဲ့သည်။
သူသည် နောက်လှည့်မကြည့်သည့်တိုငိ သူ၏ နတ်ဘုရားအာရုံခံစားမှုမှတဆင့် ဟေးဖုန်းနှင့် ယွင်ရှားတို့ သေဆုံးသွားခြင်းကို သူ သိရှိလိုက်၏။
လှုပ်ရှားလိုက်သူများမှာ သူတောင်းစားအဘိုးအိုထံမှ သတင်းအချက်အလက်ကို ယူလာသူများ ဖြစ်ကြသည်။
ကျုံးချင်က ချက်ချင်းဆိုသလိုပင် ဇာတ်လမ်းတစ်ခုလုံးကို နားလည်သွားသည်။
သူတောင်းစားအဘိုးအိုသည် သူ၏နောက်တွင် နောက်ယောင်ခံလိုက်နေသူများရှိသည်ကို သတိပြုမိပြီး သူ့ကို ကာကွယ်ရန် လူများ စေလွှတ်လိုက်ခြင်း ဖြစ်ကြောင်း သိသာထင်ရှားသည်။
ကျုံးချင်အတွက်မူ ဤလုပ်ရပ်သည် မလိုအပ်လှသော်လည်း...
တစ်ဖက်လူ၏ စေတနာကို သူ လက်ခံလိုက်သည်။
"ဒီအကြွေးကို ပြန်ဆပ်ဖို့ တစ်ရက်လောက် အချိန်ရှာရအုံးမယ် ထင်တယ်..."
သူသည် တီးတိုးရေရွတ်လိုက်ပြီး အရှိန်မလျော့ဘဲ မူဖူတောင်ဆီသို့သာ ဆက်သွားလိုက်သည်။
သူ၏အနောက်တွင် ထျယ်ထာနှင့်ဟူရှန်တို့ ထပ်ချပ်မကွာ လိုက်ပါလာကြပြီး ကျုံးချင် ရှန်ကျန်းဂိုဏ်းထဲသို့ ဝင်ရောက်ကာ မူဖူတောင်ပေါ်တက်ပြီး ခြံဝင်းငယ်ထဲသို့ ဝင်သွားသည်ကို မြင်တွေ့ပြီးမှသာ ဖြည်းညှင်းစွာ ပြန်လည်ဆုတ်ခွာသွားကြသည်။
လမ်းခရီးတွင်...
ထျယ်ထာက စိတ်ရှုပ်ထွေးစွာ မေးမြန်းလိုက်သည်။
"လက်ယာအစောင့်အရှောက်ဟူရှန်... မင်းပြောကြည့်စမ်း... ဒုတိယတန်းစားဂိုဏ်းက လူတစ်ယောက်က ဘိုးဘေးရဲ့ အလေးထားမှုကို ဒီလောက်အထိ ခံရဖို့ ဘာအရည်အချင်းတွေ ရှိနေလို့လဲ.... ငါတို့နှစ်ယောက်ကိုတောင် လွှတ်ပြီး ကာကွယ်ပေးခိုင်းခဲ့တယ်..."
"ဘိုးဘေးက သူ့ရဲ့စိတ်အခြေအနေပေါ် မူတည်ပြီး လုပ်ချင်ရာ လုပ်တာပဲ....သူ ဘာတွေးနေလဲဆိုတာ ငါသာ သိနိုင်ရင် ဂိုဏ်းကိုပြန်လာဖို့ ဖျောင်းဖျနိုင်ခဲ့တာ ကြာလောက်ပြီ"
စကားစမြည်ပြောဆိုရင်း သူတို့နှစ်ယောက်သား ပြန်လာခဲ့ကြပြီး လင်မြို့၏ မြောက်ဘက်သို့ ရောက်ရှိလာကြသည်။
သူတို့သည် ဘိုးဘေးကို သတင်းပို့လိုက်၏။
"ဘိုးဘေး ကျွန်တော်တို့က သူ့ကို ရှန်ကျန်းဂိုဏ်းဆီ ဘေးကင်းလုံခြုံစွာနဲ့ ပို့ဆောင်ပေးခဲ့ပါပြီ"
"ရှန်ကျန်းဂိုဏ်း ဟုတ်လား...."
သူတောင်းစားအဘိုးအို၏စိတ်ထဲတွင် အတွေးများ လှုပ်ရှားသွားသည်။
ထို့နောက် သူက မည်သည့်ကိစ္စမျှ မဖြစ်ခဲ့သကဲ့သို့ ပြောဆိုလိုက်သည်။
"ဒီတစ်ခေါက် မင်းတို့ ကောင်းကောင်း လုပ်ခဲ့တယ်.... ဂိုဏ်းပြန်ရောက်ရင် ဒီဘိုးဘေးက မင်းတို့ကို ဆုလာဘ်အကြီးကြီး ချီးမြှင့်မယ်"
"အခု မင်းတို့နှစ်ယောက် အရင်ပြန်ကြတော့...ငါက အနားယူဖို့ လိုတယ်"
"ဘိုးဘေး ကျွန်တော်တို့နဲ့အတူ ပြန်မလိုက်တော့ဘူးလား"
ထျယ်ထာက စိုးရိမ်ပူပန်တကြီး မေးမြန်းသည်။
သို့သော် သူ မော့ကြည့်လိုက်ချိန်တွင် သူတောင်းစားအဘိုးအို၏အရိပ်အယောင်ပင် မတွေ့ရတော့ချေ။
...