← Chapters

အခန်း (၁၂၂၁-၁၂၂၅)

Vol. 71 Ch. 1221-1225

အခန်း (၁၂၂၁-၁၂၂၅)

Vol. 71 Ch. 1221-1225

1221 01

အပိုင်း (၁၂၂၁)

ဘာသာရေးရုံးတော်မှ အရာရှိက စိတ်အေးသွားသည့် အချိန်တွင် လူအုပ်က ပို၍ စိတ်လှုပ်ရှားသထက် စိတ်လှုပ်ရှားလာပြီး တိုးဝေ့လာကြသည်။ သိပ်သည်းနေသော လူအုပ်၏ အလယ်တွင် အမျိုးသားတစ်ယောက်က သူ၏ကလေးကို ပခုံးပေါ်သို့ မြောက်ချီလိုက်သည်။

“ကြည့်အုံးသား ဒါက သား အတုယူရမဲ့သူပဲ။ သား ကြီးလာတဲ့အခါ ဒီလို သူရဲကောင်းမျိုး ဖြစ်ဖို့ လိုအပ်တယ်”

အဖေက အဝေးရှိ မြင်ကွင်းကို ကြည့်ပြီး စိတ်လှုပ်ရှားစွာ ပြောသည်။

“အာ ပါပါပါး… ငါ မြင်တယ် ငါ မြင်တယ်”

သုံးလေးနှစ် အရွယ်ခန့် ရှိမည့် ကလေးငယ်လေးက ကလေးဆန်သော လေသံမျိုးနှင့် ပြောသည်။

မျက်လုံးမှိတ်လျက် တည်ငြိမ်နေသော ဝမ်ချောင်က ထိုကလေးဆန်သော အသံကို ကြားလိုက်ရသည်။ သူ၏နှလုံးသားက တစ်ချက် ခုန်လှုပ်သွားပြီး ခံစားချက်များက ပေါ်လာသည်။

“ဘေးကို ဖယ်လိုက်စမ်း အားလုံးပဲ နောက်ဆုတ်”

သူတို့သည် စိတ်လှုပ်ရှားလွန်းနေ၍ ဖြစ်လောက်သည်။ ထိုအဖေနှင့်သားနှစ်ယောက်က လူအုပ်နှင့်အတူ လိုက်လာကြသည်။ ထိုသို့ဖြင့် သူတို့သည် စစ်သားများ တားမြစ်ထားသော လိုင်းကို ကျော်မိသွားကြောင်း မသိလိုက်ကြချေ။

ချက်ချင်းဆိုသလိုပင် စစ်သည်တော် တစ်ယောက်က တင်းမာသော မျက်နှာထားဖြင့် အင်အားအပြည့် သုံးပြီး လူအုပ်ဘက်သို့ တွန်းထည့်သည်။ ထိုအခါ အဖေနှင့်သားက ပါသွားသည်။ အဖေက နောက်သို့ ယိုင်သွားသည်။ ထိုအခါ သားဖြစ်သူက စူးရှသော အော်သံနှင့်အတူ ပခုံးပေါ်မှ ပြုတ်ကျသွားသည်။

ထိုကလေးက မြေပြင်သို့ ပြုတ်ကျတော့မည့်အချိန်တွင် ရုတ်တရက် ဘုန်းခနဲ အသံနှင့်အတူ ခမ်းနားထည်ဝါလွန်းသော စွမ်းအင် အားလှိုင်းတစ်ရပ်က ရောက်ရှိလာလျက် ထိုကလေးကို ဖမ်းပေးလိုက်သည်။

ဝုန်း…

အဖြစ်အပျက်က လျင်မြန်လွန်းလှသည့်အတွက် လူတိုင်းက ထိုစွမ်းအင်က မည်သည့် နေရာမှ လာကြောင်း သိရရန် လှမ်းကြည့်လိုက်သောအခါ တိတ်ဆိတ်သွားကြသည်။ လူအုပ်ကို တွန်းထိုးလျက်သား ရှိနေသည့် ထိုအစွန်နားမှ စစ်သားများကပင် တုန်ယင်စွာဖြင့် ရပ်တန့်သွားကြသည်။

ဟက်…

ဘာသာရေးရုံးတော်မှ အရာရှိများက မျက်နှာဖြူဖျော့သွားကြသည်။ သူတို့အားလုံးက အလွန်အမင်း ဆိုးဝါးသော ခံစားချက်ကို ရလိုက်ကြသည်။

“မြန်မြန်…”

စောင့်ကြည့် အကဲခတ်နေသော အရာရှိတစ်ယောက်က သားရဲတစ်ကောင်လို ခပ်မြန်မြန် အမိန့်ကို ထုတ်ပြီး အသားကုန် ကုန်းအော်သည်။ သူ၏ ပတ်ပတ်လည်မှ မြို့အစောင့် ကျွမ်းကျင်ပညာရှင် ပေါင်းများစွာက ချက်ချင်းဆိုသလိုပင် ဝရုန်းသုန်းကား ဖြစ်ရာနေရာသို့ အပြေးအလွှား သွားကြသည်။ သို့သော် သူတို့သည် လျင်မြန်စွာ တုံ့ပြန်သော်လည်း ထိုကိစ္စ၏ တိုးတက်မှုက အဆိုးဝါးဆုံးသော အခြေအနေသို့ တိမ်းသွားပြန်သည်။

ဘန်း…

မရေမတွက်နိုင်သော လူပေါင်းများစွာ၏ စောင့်ကြည့်မှုအောက်တွင် အလွန်အမင်း ရိုးရှင်းပြီး အဆင်တန်ဆာများပင် မပါသည့် ရထားလုံးတစ်စီး၏ သစ်သားတံခါးက ရုတ်တရက် ပွင့်သွားသည်။ ထို့နောက် ငယ်ရွယ်ချောမော ပိန်ပါးသည့် ပုံရိပ်လေးက ပေါ်လာသည်။

မြို့ဂိတ်ဝန်းကျင်တစ်ခုလုံးက တုန်လှုပ်ချောက်ခြားဖွယ် တိတ်ဆိတ်သွားသည်။

“မျိုးနွယ်ခြားနယ်မြေတွေရဲ့ဘုရင် မျိုးနွယ်ခြား နယ်မြေတွေရဲ့ဘုရင်…”

လူအုပ်၏ အလယ်မှ အမျိုးသားတစ်ယောက်က စအော်သည်။ ထို့နောက် မြို့ဂိတ်တစ်ခုလုံး ကျယ်လောင်လွန်းသော အော်ဟစ်သံများဖြင့် ပြန့်နှံ့သွားသည်။ ထိုအော်သံများက ယခင်အကြိမ်တိုင်းထက် ကျယ်လောင် ပြင်းထန်လွန်းသည်။ မြို့တော်တွင် နေထိုင်ကြသော သာမန်လူပေါင်းများစွာအတွက် ဝမ်ချောင်ကို ပထမဆုံးအကြိမ် ကိုယ်တိုင်ကိုယ်ကျ မြင်ဖူးခြင်း ဖြစ်သည်။

ရိုးရှင်းသော ရထားလုံးလေး၏ တံခါးနားတွင် ရပ်နေသော ထိုပိန်ပါးသော ခန္ဓာကိုယ်ပိုင်ရှင်က သူတို့၏ မျက်လုံးထဲတွင်မူ နေမင်းထက်ပင် တောက်ပပြီး တောင်တန်းထက်ပင် မြင့်မားသေးသည်။ ထိုအခိုက်အတန့်တွင် ဝမ်ချောင်ဟာ တစ်လောကလုံးတွင် အတောက်ပဆုံး မှင်သက်ဖွယ် အကောင်းဆုံး တည်ရှိမှုကြီး ဖြစ်သည်။

“သွားပြီ…”

စောင့်ကြည့် စစ်ဆေးနေသော အရာရှိကပင် သူ၏နှလုံးသားက အေးစက်သွားသလို ခံစားလိုက်ရသည်။ ထို့နောက် ဝမ်ချောင်ကို မြင်ပြီးပြီးချင်း သူ့နှလုံးသားက ကျောက်တုံး ရေထဲမြှုပ်သွားသလို ဖြစ်သွားသည်။ သူသည်လည်း ဝမ်ချောင်ဟာ မြို့ဂိတ်ကို ဖြတ်ခါနီး အခြေအနေမှ သူတို့သတိမထားမိသည့် နောက်ဆုံးသော အခိုက်အတန့်မှ မြို့အစောင့်များနှင့် အဖေနှင့် သားဖြစ်သူတို့ကြောင့် အကြံအစည်ကို ပျက်ယွင်းအောင် ရုတ်တရက် ထွက်လာမည်ဟု မထင်ထားမိချေ။

1221 02

ဒုန်း ဒုန်း ဒုန်း…

မြို့အစောင့် ကျွမ်းကျင်သူပေါင်းများစွာက မြင်းကို အပြင်းစီးလျက် လာချိန်တွင် ဖုန်လုံးများက မြင့်တက်လာသည်။ ထိုသို့ဖြင့် ဝမ်ချောင်၏ လမ်းကြောင်းကို ပိတ်သည်။

“အရှင် အထဲဝင်ပါ”

သူတို့က စကားပြောပြီး ဝမ်ချောင်ကို တားမည့် အချိန်တွင် ဝမ်ချောင်က သူတို့ကို စိုက်ကြည့်လိုက်သည်။ ထိုအကြည့်ကလည်း သူတို့ကို တုန်ယင်ပြီး ပါးစပ်ပိတ်သွားစေသည်။

မြို့အစောင့်များ၏ တာဝန်က မြို့တော်ကို အစီအစဉ်တကျ ဖြစ်စေရန် လုံခြုံရေး ထိန်းသိမ်းရန်သာ ဖြစ်သည်။ ထို့ကြောင့် မြို့တော်အတွင်းတွင် ဖြစ်ပျက်သမျှ ကုန်သွယ်မှုများနှင့် အခြားသော စုဝေးမှုများ အားလုံးတွင် ရာထူးမြင့်လွန်းသော ပုဂ္ဂိုလ်များ၏ လုံခြုံရေးကို တာဝန်ယူရန် လိုအပ်သည်။ ထိုသူများ၏ ဂုဏ်အဆင့်အတန်း မညှိုးနွမ်းအောင် ဝရုန်းသုံးကား မဖြစ်အောင် ထိန်းသိမ်းပေးရန် လိုအပ်၏။ သို့ရာတွင် ဝမ်ချောင်၏ မျက်လုံးထဲတွင်မူ သူတို့ထဲမှ မည်သူကမျှ စကားတစ်ခွန်း မဆိုရဲကြတော့ချေ။ သူ၏အကြည့်နှင့်ပင် အားလုံးက ဆွံ့အသွားကြသည်။

“နောက်ဆုတ်…”

သူတို့၏ နားအတွင်းသို့ ထူးမခြားနားသည့် လေသံက ဝင်ရောက်လာသည်။ အသံက မတိုးလွန်းသလို မကျယ်ချေ။ သို့သော် သတိလက်လွှတ် နောက်ဆုတ်မိစေသည်။ သူတို့ မည်သည့်စကားမျှ ဆက်မပြောနိုင်သေးခင် မြို့အစောင့် ကျွမ်းကျင်ပညာရှင်များ အားလုံးဟာလည်း သူတို့ကိုယ်မှ ထိန်းချုပ်မှုများ အားလုံးက လွတ်ကင်းသွားသလိုမျိုး အလိုလို နောက်ဆုတ်မိကြောင်း သတိထားမိလိုက်ကြသည်။

“ဟုတ်ကဲ့ အရှင်…”

ရင်းနှီးကျွမ်းဝင်သော အသံများကို ကြားရပြီး မြို့အစောင့်များက အံ့အားသင့်မှုများ အောက်တွင် ၎င်းက သူတို့၏အသံများ ဖြစ်ကြောင်း သိလိုက်ကြပြန်သည်။ သူတို့အသံက လေးစားမှုများဖြင့် ပြည့်နှက်နေသေးပြီး သူတို့၏ ကိုယ်ပိုင်အကြီးအကဲများကိုပင် မပြောဖူးသော လေသံမျိုးဖြင့် ဖြစ်နေသည်။ ထိုအခိုက်အတန့်တွင် မြို့အစောင့် ကျွမ်းကျင်ပညာရှင်များအားလုံးက ဆွံ့အသွားကြသည်။

ဒါက ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ ဖိအားလဲ။

မြို့အစောင့် ကျွမ်းကျင်ပညာရှင်များ အားလုံး၏ ကိုယ်များတွင် ချွေးများ စိုရွဲသွားသည်။ သူတို့၏ ကျောများကပင် စိုရွဲနေပြီဖြစ်သည်။ သူတို့သည် မြို့အစောင့် တာဝန်ကို ယူထားသည်မှာ အချိန်အတန်ကြာပြီ ဖြစ်သည့်တိုင်အောင် ယခုလောက် နက်နဲလွန်းသော ခမ်းနားထည်ဝါမှုမျိုးနှင့် ပုဂ္ဂိုလ်မျိုးကို မကြုံဖူးကြသေးပေ။ သူတို့သည် ရုတ်တရက် ခြင်္သေ့ရှေ့ ပြေးဝင်မိသော ဆိတ်တစ်ကောင်ကဲ့သို့ ခံစားလိုက်ရသည်။ သူတို့၏ အတွေးက မဆုံးသေးခင် ခန္ဓာကိုယ်များက အလိုအလျောက် အသက်ကို ထိန်းသိမ်းရန် တုံ့ပြန်လိုက်ကြသည်။

ဝမ်ချောင်က သူတို့ကို လျစ်လျူရှုလိုက်ပြီး ရထားလုံးထဲမှ ဆင်းလျက် အဖေနှင့် သားဖြစ်သူထံ လျှောက်သွားသည်။

ဝုန်း…

အလင်းက တစ်ချက် လက်သွားသောအခါ ပြုတ်ကျလာသော ကောင်လေးက ဝမ်ချောင်၏ ထွေးပွေ့မှုအတွင်းသို့ ရောက်ရှိသွားသည်။ အဝေးမှသာ လှမ်းကြည့်မည် ဆိုလျှင်ပင်‌ မြေပြင်မှ ကုန်းထလာသည့် ဖခင်ဖြစ်သူကို မြင်နိုင်သည်။ သူသည် အဖြစ်အပျက်ကို မြင်လိုက်ပြီး စိုးရိမ်ရမည့်အစား ပျော်ရွှင်သွားရသည်။ သူသည် ယခုလို လဲကျသွားသည့် အဖြစ်အပျက်ကနေ သားဖြစ်သူအား အင်ပါယာကြီး၏ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ကြီးနှင့် တွေ့ဆုံခွင့် ပေးလိမ့်မည်ဟု မထင်ထားမိချေ။

လူအုပ်က ပွက်လောရိုက်သွားသည်။ မရေမတွက်နိုင်သော လူပေါင်းများစွာက သူတို့လည်ကို ဆန့်လျက် မျိုးနွယ်ခြားနယ်မြေများ၏ ဘုရင်နှင့် သူ့လက်ထဲမှ ကလေးကို ကြည့်သည်။

ဝမ်ချောင်ကမူ ထိုအခြေအနေများကို သတိမထားမိချေ။ သူက သူ၏ထွေးပွေ့မှု အတွင်းတွင် ရှိနေသော သုံးလေးနှစ်အရွယ် ကောင်ငယ်လေးကို သေချာကြည့်လိုက်သည်။ ထိုကောင်ငယ်လေးကလည်း မကြောက်ချေ။ သူသည်လည်း ဝမ်ချောင့်ကို သိချင်စိတ် ပြင်းပြသော မျက်လုံးပြူးလေးများဖြင့် ပြန်ကြည့်သည်။

“မင်းအတွက်…”

ဝမ်ချောင်က သေးငယ်သော ဓားမြောင်လေးကို ထုတ်ပြီး ကလေး၏ လက်ထဲသို့ ထည့်ပေးသည်။

“မင်း နားလည်လည် မလည်လည် မှတ်ထား… ဘယ်အချိန်မှာ ဖြစ်ဖြစ် မင်းရဲ့စိတ်ကူးတွေကို ဘယ်တော့မှ လက်မလျော့နဲ့ မျှော်လင့်ချက်ကို ဘယ်တော့မှ လက်မလျော့လိုက်နဲ့”

ဝမ်ချောင်က ကလေးကို ဖခင်ဖြစ်သူထံ ပြန်ပေးလိုက်ပြီး ချောမွေ့စွာ ပြန်လှည့်လျက် ရထားလုံးထဲသို့ ဝင်သည်။

ဝုန်း…

ရထားလုံးက ရှေ့သို့ ဆက်သွားသည်။ သိပ်မကြာမီ မြို့ဂိတ်ကို ကျော်ဖြတ်သွားသည်။ အနောက်ဖက်တွင်မူ လူပင်လယ်ကြီးက အိပ်မက်မှ နိုးထလာသိုမျိုး ကျယ်လောင်စွာ အော်ဟစ်အားပေးကြပြန်သည်။

1221 03

“မျိုးနွယ်ခြား နယ်မြေတွေရဲ့အရှင်…”

“မျိုးနွယ်ခြား နယ်မြေတွေရဲ့ဘုရင်…”

“မျိုးနွယ်ခြား နယ်မြေတွေရဲ့ဘုရင်…”

လူအုပ်က သူတို့၏ ခွန်အားကုန်သုံးလျက် အော်ကြသည်။ ထိုအော်သံများက ယခင်အခေါက်များထက် ပိုကျယ်ပြန်သည်။ အင်ပါယာမြို့တော်ကြီး၏ မြို့ရိုးများကပင် သူတို့၏ စိတ်အားထက်သန်စွာ အော်ဟစ်သံများအောက်တွင် တသိမ့်သိမ့် တုန်သွားပုံပေါ်သည်။ ထိုအခိုက်အတန့်တွင် ဝမ်ချောင်ကို ကြိုဆိုရန် ရောက်လာကြသော လူအုပ်က စိတ်ခံစားမှု အမြင့်ဆုံးသို့ ရောက်ရှိသွားကြ၏။

ယခုလေးတင် မြင်လိုက်ရသော မြင်ကွင်းအား မည်သည့်စိတ်ခံစားချက်ကမျှ မဖော်ပြနိုင်လောက်ချေ။

အင်ပါယာကြီးရဲ့ သူရဲကောင်းကြီး၊ အာရပ်စစ်သည် တစ်သန်းကျော်ကို အလဲထိုးပြီး အာရပ်မြို့ကိုပင် သိမ်းပိုက်နိုင်ခဲ့တဲ့… ဒဏ္ဍာရီလာ စစ်နတ်ဘုရားနဲ့ မဟာထန်ရဲ့ အားနည်းပြီး ပိန်ပါးလွန်းတဲ့ ကလေးကို အတူတကွ တွဲမြင်လိုက်ရသော မြင်ကွင်းက သူတို့၏စိတ်အတွင်း တံဆိပ်ခတ်နှိပ်လိုက်သလို စွဲထင်သွားသည်။ ထို့ကြောင့် နှစ်ပေါင်းများစွာ ကြာသည့်တိုင်အောင် မေ့နိုင်လိမ့်မည် မဟုတ်ချေ။

…..

ထိုမြင်ကွင်းနှင့် ကျယ်လောင်လွန်းသော အော်ဟစ်အားပေးသံများက ဘာသာရေးရုံးတော်မှ အရာရှိများ၏ မျက်နှာကို တင်းမာသွားစေသည်။

…

လူအုပ်က အော်ဟစ်အားပေးနေသည့် အချိန်တွင် ဝမ်ချောင်၊ ရွှီချီချင်၊ ချန်းမင်းနှင့် တခြားသော သူများက မြို့ဂိတ်ကို ကျော်ဖြတ်လျက် မြို့ထဲသို့ ဝင်ရောက်နေသည်။ သူတို့က အများကြီး တိတ်ဆိတ်သွားကြ၏။ အဝေးမှသာ ကြည့်မည် ဆိုလျှင် မီတာရာပေါင်းများစွာ အကွာတွင် ရထားလုံးပေါင်းများစွာ ပိတ်လျက် ရပ်ထားကြောင်း မြင်ရမည် ဖြစ်သည်။ ထိုရထားလုံးတစ်ခုချင်းစီတိုင်း၏ အရှေ့တွင်လည်း ပုံရိပ်ပေါင်းများစွာ ရပ်နေကြ၏။ သူတို့က စောင့်နေသည်မှာ ကြာလောက်ချေပြီ။

ထိုအထဲမှ ပုဂ္ဂိုလ်တိုင်း၏ ကျင့်ကြံသည့်အဆင့်က မမြင့်လောက်ချေ။ သို့သော် အားလုံး၏ အမူအရာကမူ ကြမ်းတမ်းလွန်းသော အာဏာအရှိန်အဝါကို ထုတ်လွှတ် ထားကြသည်။ တချို့ဆိုလျှင် ဝမ်ချောင်ထက်ပင် ရာထူးမြင့်မားလောက်သေးသည်။ လွှမ်းမိုးမှု ပြင်းထန်သော ပြည်တွင်းနှင့် ပြည်ထဲရေး အရာရှိပေါင်းများစွာ ရှိနေကြ၏။

အချိန်အတန်ကြာ ရထားလုံးက ထိုအရာရှိပေါင်းများစွာနှင့် ခြေဆယ်လှမ်းကျော်အကွာတွင် ရပ်သွားသည်။

“အရှင်အမတ် ငါတို့ ဆက်သွားလို့ မရတော့ဘူး”

ရုတ်တရက် အပြင်ဘက်မှ ကျန်းချွယ်ကျန်းက ထွက်လာသည်။ သူသည် တံထွေးကို ခက်ခက်ခဲခဲ မြိုချရပုံပေါ်၏။ ဝမ်ချောင်၏ နောက်သို့ လိုက်ပြီး သူ၏ စီမံကိန်းများစွာနှင့် ပါဝင်ခဲ့သည်။ အမျိုးမျိုးသော စမ်းသပ်မှုများ အခက်အခဲများကို ကျော်ဖြတ်ခဲ့ဖူး၏။ သို့သော် ထိုပုဂ္ဂိုလ်များကို မြင်လိုက်ချိန်တွင် သူသည်လည်း မျက်နှာဖြူဖျော့သွားသည်။ သူ့အသံကပင် တုန်ယင်နေသေးသည်။

ထိုအခိုက်အတန့်တွင် အပေါ်မှ အိုမင်းနေသော်လည်း လေးနက်ပြီး အင်အားအပြည့်ပါသည့် အသံတစ်သံက ထွက်လာသည်။

“လူငယ်အမတ်မင်း ဒီလူအိုကြီးက အကြာကြီး စောင့်နေရတာ”

ဝမ်ချောင်၏ မျက်မှောင်က ပြေသွားသည်။ သူသည် ခပ်မြန်မြန် စိတ်အေးသွား၏။ ထို့နောက် ရွှီချီချင်ကို ကြည့်ပြီး ညင်သာစွာ ပြောသည်။

“ချီချင် ငါ ဆင်းပြီး သူတို့နဲ့ တွေ့လိုက်အုံးမယ်။ ခဏလောက်နေရင် မင်း စံအိမ်ကို အရင် ပြန်သင့်တယ်”

ရွှီချီချင်က ခေါင်းညိတ်ပြီး‌ ရှေ့သို့ ကြည့်သည်။ သူမ၏ မျက်နှာတွင်လည်း နားလည်မှု အပြည့်ရှိသော မျက်နှာထားမျိုးက ပေါ်နေသည်။ ဝမ်ချောင်က ဒီလို မြို့တော်ကို ပြန်ရောက်လာခြင်းက အမျိုးမျိုးသော အဖွဲ့အစည်းများကို စုစည်းသွားစေသည်။ တစ်ရက်တာ အချိန်အတွင်း ရှေ့တန်းတွင် စတေးခဲ့သမျှ အရာအားလုံးအတွက် ဆိုးဝါးသောအတွေးရှိသော လူများလည်း ရှိနိုင်သည်။ ထို့ကြောင့် ဝမ်ချောင်က ရှင်းပြချက် ပေးရန် လိုအပ်ပြန်သည်။

သူတို့ ရထားလုံးက မြို့တော်သို့ ရောက်လာသည့် အခိုက်အတန့်တွင် မြင်ရသော မုန်တိုင်းက စမွှေနေပြီ ဖြစ်ပြီး အင်ပါယာကြီးတစ်ခုလုံးကို လှုပ်ခါစေမည်မှာ သေချာသည်။ ထို့ကြောင့် ဝမ်ချောင်ကလည်း သူမကို သည်နေရာတွင် မဆွဲထားလိုသဖြင့် စောစော ထွက်သွားခိုင်းခြင်း ဖြစ်ကြောင်း ရှင်းလင်းနေသည်။ ရွှီချီချင်အတွက် ဝမ်ချောင်ဟာ အာရုံစိုက်ရမည့် ကိစ္စပေါင်းများစွာ ရှိကြောင်း နားလည်သည်။ သူမသည်လည်း သူမအတွက်ကြောင့်နှင့် ဝမ်ချောင်ကို မဆွဲထားလိုပါချေ။

1221 04

“သွား… အချိန်ကျလာတဲ့အခါ ငါ လာရှာမယ်”

ကျွီး…

ရထားလုံး၏ တံခါးဖွင့်သံ တိုးတိုးက ထိုအခိုက်အတန့်တွင်ပင် အလွန်ကျယ်ပြီး စူးရှသွားသည်။ ဝမ်ချောင်က ရထားလုံးထဲမှ ထွက်လာပြီး ရင်ပြင်သို့ ခပ်မြန်မြန် ဆင်းသည်။ အပြင်ဘက်က တိတ်ဆိတ်နေသည်။ ဝမ်ချောင်က သူ့ခေါင်းကို လှည့်လိုက်သောအခါ ရထားလုံး၏ အရှေ့မှ မြင်ကွင်းကို ထင်ထင်ရှားရှား မြင်လိုက်ရသည်။ ထိုနေရာတွင် ရပ်ထားသော ရထားလုံးရာကျော်က လမ်းကို ပိတ်ထားသည်။ အားလုံးက မြို့တော်၏ နာမည်ကျော် ကလန်ကြီးများ၏ အမှတ်သင်္ကေတများကို ချိတ်ဆွဲထားကြသလို ခမ်းနားထည်ဝါစွာ အလှဆင်ထားသည်။

ရထားလုံးများ၏ အရှေ့တွင် မရေမတွက်နိုင်သော လူပေါင်းများစွာက ရပ်နေကြသည်။ အချို့က မုတ်ဆိတ်ဖြူ၊ ဆံပင်ဖြူများနှင့် ဖြစ်ပြီး အချို့ကမူ ငယ်ရွယ်ကာ သန်မာသည်။ အချို့က အရာရှိ ဝတ်စုံများကို ဝတ်ဆင်ထားကြပြီး တင်းမာခက်ထန်သော မျက်နှာ၊ ပြင်းထန်သည့် အရှိန်အဝါ အပြည့်နှင့် ဖြစ်သည်။ အခြားသော သူများကမူ သာမန် ထသွားထလာ ဝတ်စုံများကို ဝတ်ဆင်ထားကြပြီး လွတ်လပ်ပေါ့ပါးလျက် သဘာဝကျသော အပြုအမူများနှင့် ဖြစ်သည်။ တချို့ကဆိုလျှင် ဝမ်ချောင်ကို တောက်ပသော မျက်နှာဖြင့် ကြည့်နေကြပြီး နွေဦးလေပြည်အလား လန်းဆန်းစေလေသည်။ အခြားသူများကမူ လှောင်ပြောင်သလို ပုံစံမျိုးဖြင့် ကြည့်နေကြသည်။

မြို့ဂိတ်တွင် ယခုလိုမျိုး မရေမတွက်နိုင်သည့် အထက်တန်းလွှာများ ရာထူးမြင့် ပုဂ္ဂိုလ်ကြီးများ စုစည်းနေကြသည်။ သူတို့သည် ဝမ်ချောင်က မြို့တော်ကို ပြန်လာသောကြောင့်သာ လာရောက် စုစည်းနေကြခြင်း ဖြစ်ပြီး ကိုယ်ပိုင် အတွေး အသီးသီး ရှိနေကြသည်။

ဝမ်ချောင်က ထိုလူများကို တစ်ချက် ထပ်ကြည့်လိုက်ပြီးနောက် သူ့အတွေးက ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။

“ဟား ဟား… ဝမ်ချောင် ငါ့ရဲ့ကောင်လေး ဒီအဘိုးကြီးက မင်းကို စောင့်နေရတာ တော်တော် ကြာသွားပြီ”

ဝမ်ချောင်က တွေးတောနေစဉ်တွင် လူအုပ်၏ အရှေ့ဘက်မှ သဘောတကျ ရယ်သံက ထွက်လာသည်။ ထို့နောက် အကြီးအကဲတစ်ယောက်၏ ပုံရိပ်တစ်ခုက လူအုပ်ထဲမှ ခပ်မြန်မြန် ထွက်လာပြီး ဝမ်ချောင့်ထံ လျှောက်လာသည်။

အခန်း(၁၂၂၂)

“ဘိုးဘေးအိုကြီး ခဏနေပါဦး။ မင်းရဲ့ခန္ဓာကိုယ်က ကျင့်သားရတာလည်း မဟုတ်ဘူး။ ငါတို့ကမင်းကို တွဲထိန်းပေးပါ့မယ်”

ထိုအဘိုးကြီးက စတင်လှုပ်ရှားကာစသာ ရှိသေးသည်။ နောက်မှ လူငယ်နှစ်ယောက်က အပြေးထွက်လာသည်။ သူတို့၏မျက်နှာတွင် ချွေးစေးများ စိုရွှဲနေ၏။ သူတို့သည် ထိုလူအိုကြီးကို တွဲပေးချင်ကြသည်။ သို့သော် ခပ်မြန်မြန် အတွန်းခံရသည်။

“ဟား ဟား ဟား ငါ့ရဲ့ခန္ဓာကိုယ်က ကျင့်သားရရ မရရ ဘယ်သူကဂရုစိုက်မှာလဲ။ ဒီနေ့ ငါတို့မဟာထန်ရဲ့ သူရဲကောင်းကြီးက အောင်ပွဲနဲ့အတူ ပြန်လာတာ။ ဒီအဘိုးကြီးက ခြေထောက်နှစ်ချောင်းလုံး ကျိုးနေရင်တောင်မှ သူပြန်လာတာကို စောင့်ဖို့လိုတယ်”

ထိုလူအိုကြီး၏ သဘောတကျရယ်သံက ကလေးတစ်ယောက် ရယ်မောနေသည်နှင့် တူသည်။ မုတ်ဆိတ်မွှေးကြီးကပင် တုန်ခါနေသေးသည်။

ဝမ်ချောင်၏ နှလုံးသားကလည်း ပူနွေးသွားရသည်။ အထူးသဖြင့် ထိုပုံရိပ်ကို မြင်လိုက်ချိန်တွင်ဖြစ်သည်။ ထူထည်းလွန်းသော ရေခဲအလွှာက ချက်ချင်းလိုလို အရည်ပျော်ကျသွားပြီး အလျင်စလို ရှေ့တက်လျှက် ထိုလူအိုကြီးကို ကြိုဆိုလိုက်သည်။

“လေးစားရတဲ့စီနီယာသွမ့် ဒီဂျူနီယာက စီနီယာဆီက ဒီလိုစကားလုံးမျိုးတွေနဲ့ မထိုက်တန်ပါဘူး။ ဒီဂျူနီယာကပဲ စီနီယာ့ကို တွဲပေးပါရစေ”

ဝမ်ချောင်က အနားသို့အမြန်လျှောက်သွားပြီး လူအိုကြီးကို၏လက်ကို ခပ်မြန်မြန် ကိုင်လိုက်သည်။ ဝမ်ချောင်ထံမှ ထိုသို့သော လေးစားမှုကို လက်ခံရရှိထားသည့် အလွန်အမင်း အိုမင်းနေသော လူအနည်းငယ်သာလျှင် ရှိသည်။ ထိုထဲမှ တစ်ယောက်ဖြစ်သည့် သူ၏အရှေ့မှလူသည် အလွန် စိတ်အားထက်သန်မှု ပြင်းထန်ပြီး စည်းမျဉ်းစည်းကမ်းကို လိုက်နာသော ဘယ်သောအခါမှ လာဒ်စားမှုများမပြုသည့် အင်ပါယာ ဆင်ဆာအကဲဖြတ် လူကြီးမင်း သွမ့်ချောင်ဖြစ်သည်။

ဝမ်ချောင်က အနောက်တောင်ပိုင်းက စစ်ပွဲတွင် အနိုင်ရပြီး ပြန်လာခဲ့သောအခါ လူအများက ဝမ်ချောင်ဟာ စစ်တပ်ထဲတွင် မည်သည့်တရားဝင်ရာထူးမှ မရှိသော အချက်ကို ထည့်ပြောပြီး တိုက်ခိုက်ခဲ့ကြသည်။ ထိုအဖွဲ့အစည်းမှ ခေါင်းဆောင်က သွမ့်ကလန်မှ သွမ့်ချန်ပင်ဖြစ်သေးသည်။ ထိုအချိန်က သွမ့်ကလန်၏ အလွန်အသက်ကြီးရင့်နေပြီဖြစ်သော အင်ပါယာ ဆင်ဆာအကဲဖြတ် လူကြီးမင်းသွမ့်ချောင် ကိုယ်တိုင်ကိုယ်ကျ ပေါ်လာလျှက် မိသားစု၏အရှေ့တွင် ဖြောင့်မတ်မှန်ကန်စွာ ရပ်ပြီး သွမ့်ချန်ကို ခပ်ကြမ်းကြမ်း ဖြတ်ရိုက်လိမ့်မည်ဟု မထင်ထားမိချေ။ ထို့ကြောင့် သူသည် ဝမ်ချောင်၏ လူငယ်အမတ်မင်း ဘွဲ့ရမည့်လမ်းကို ချောမွေ့အောင် စတင်ဆောင်ရွက်ပေးခဲ့သူဖြစ်သည်။

လူတိုင်းသည် အမှန်အမှားအပေါ် ကိုယ်ပိုင်ထင်မြင်ချက်များ ရှိသည်။ အချို့သည်ဖြောင့်ပြီး အချို့ကမူ ကောက်နေ၏။ ယခုလိုလေးစားရသော အင်ပါယာ ဆင်ဆာအကဲဖြတ်လူကြီးမင်းကမူ အမှန်ကိုအမှန် အမှားကိုအမှား ပြောတတ်သောသူဖြစ်ပြီး သူ၏ကိုယ်ပိုင်ကလန်သား တစ်ယောက်က အမှားလုပ်လျှင်ပင် ညှာတာမှုမပြသောသူမျိုး ဖြစ်သည်။ ထို့ကြောင့် ဝမ်ချောင်သည်လည်း တစ်ဖက်သူကို စိတ်ရင်းဖြင့် နက်ရှိုင်းစွာ လေးစားလေသည်။

ဝမ်ချောင်က အင်ပါယာ ဆင်ဆာအကဲဖြတ်လူကြီးမင်း သွမ့်ချောင်က ကိုယ်တိုင်ကိုယ်ကျ မြို့ဂိတ်ထိ လာရောက်ကြိုဆိုလိမ့်မည်ဟု မမျှော်လင့်ထားမိချေ။

“ဟား ဟား ဝမ်ချောင် ကောင်လေး ဒါက ခွဲခြားဆက်ဆံတာပဲ။ ဒီအဘိုးကြီးက အဘိုးကြီးဝမ်သွမ့်နီးတူ အသက်ကြီးတာပဲလေ။ မြန်မြန်လာ ငါ့ကိုလည်းလာတွဲပေးပါဦး”

ကျောဘက်မှ နောက်ထပ် လူကြီးတစ်ယောက်၏ အသံက ထွက်လာသည်။ ဝမ်ချောင်က ခပ်မြန်မြန် လှည့်ကြည့်လိုက်သောအခါ ဖြူဖွေးနေသော ဆံပင်နှင့် လူကြီးတစ်ယောက်က သူ့ထံလျှောက်လာကြောင်း မြင်လိုက်ရပြန်သည်။

“လေးစားရတဲ့စီနီယာကျန်း”

ဝမ်ချောင်က ခါးသီးစွာပြုံးရင်း နောက်ထပ် ခြေတစ်လှမ်းလှမ်းလျှက် အင်ပါယာ ဆင်ဆာအကဲဖြတ် လူကြီးမင်း သွမ့်ချောင်နှင့် အင်ပါယာ ဆင်ဆာအကဲဖြတ် လူကြီးမင်း သွမ့်ချန်တို့ကို တစ်ပြိုင်တည်း တွဲထားပေးလိုက်သည်။

သွမ့်ချန်နှင့် သွမ့်ချောင်တို့သည် အလွန်အသက်ကြီးနေပြီဖြစ်သည်။ သူတို့သည် ယခင်ဧကရာဇ် လက်ထက်တွင် တာဝန်ထမ်းဆောင်ခဲ့သည့် အရာရှိဟောင်းကြီးများ ဖြစ်ကြသည်။ သူတို့၏ တစ်ဘဝလုံးနီးပါး ဖြောင့်မတ်မှန်ကန်မှု အပြည့်နှင့် ဘာမဆို ပြောရဲဆိုရဲသော အရာရှိကြီးများ ဖြစ်ကြသလို ခုံရုံးထဲတွင်လည်း ဖော်ပြရန်ခက်ခဲလောက်အောင် အဆင့်အတန်းမြင့်မားလေသည်။ သူတို့သည် ဝမ်ချောင်ကို အများကြီး ကူညီထောက်ပံ့ပေးခဲ့ကြသည်။

ဝမ်ချောင်သည် ထိုနှစ်ယောက်နှင့် ပတ်သတ်လျှင် နက်ရှိုင်းသော လေးစားမှုသာရှိသည်။

အင်ပါယာ ဆင်ဆာလူကြီးမင်းအိုကြီးများက ဝမ်ချောင်အား အရှက်ရဖွယ် အနေအထားအတွင်းသို့ ဆွဲသွင်းနေချိန်တွင် နောက်ဘက်မှ အသံတစ်သံ ထွက်လာပြန်သည်။

“မင်းတို့အဘိုးကြီးနှစ်ယောက် အသက်တွေ ဒီလောက်ကြီးနေပြီ။ ဒါတောင်မှ ဒီလိုငယ်ရွယ်တဲ့ ဂျူနီယာတစ်ယောက်ကို ပြဿနာရှာနေတုန်းလား။ ဒီအနောက်ဘက်ခြမ်းက စီမံကိန်းမှာ ဒီကလေးက သေလုနီးပါးတောင် ဖြစ်သွားခဲ့သေးတယ်။ မင်းတို့ဘယ်လိုကြောင့်များ သူ့အတွက် ဒုက္ခတွေ ထပ်ပေးနေရသေးတာလဲ”

အင်ပါယာ ဆင်ဆာအကဲဖြတ်လူကြီးမင်း လုကျီးက ထိုနှစ်ယောက်ကိုကြည့်ပြီး ခေါင်းကိုအသာခါသည်။

အချိန်တခဏ အတောအတွင်း မဟာထန် အင်ပါယာကြီး၏ လေးစားရသော အင်ပါယာ ဆင်ဆာအကဲဖြတ် လူကြီးမင်းအိုကြီး သုံးယောက်လုံးက ထိုနေရာတွင် စုစည်းလျှက်ရှိနေသည်။ အင်ပါယာ ဆင်ဆာအကဲဖြတ် လူကြီးမင်း လုကျီးကိုမြင်မှသာ သွမ့်ချောင်နှင့် သွမ့်ချန်တို့က အပြုံးများကိုသိမ်းလျှက် လေးနက်တည်ကြည်သွားကြသည်။

“ဝမ်ချောင် ငါတို့အဘိုးကြီးတွေက မင်းကို ဒီတိုင်းစနေတာပါ။ တာလာ့ရဲ့တိုက်ပွဲမှာ မင်းက မဟာထန်ရဲ့ ဂုဏ်အဆင့်အတန်းကို မကျစေခဲ့သလို လုပ်ရဲကိုင်ရဲစိတ်ဓာတ်ကို ဖော်ပြနိုင်ခဲ့တယ်။ အခြားသူတွေ မင်းကိုဘယ်လိုထင်ထင် ဒီအဘိုးကြီးသွမ့်ချောင်ကတော့ မင်းကိုမှတ်မိနေမှာ။ မဟာထန်မှာ မင်းလိုကလေးတစ်ယောက်ကို ပိုင်ဆိုင်ထားတာက ဒီအဘိုးကြီးတွေကို ဂုဏ်ယူစေတာပါပဲ။ မသိတတ်တဲ့ ကောင်စုတ်တစ်ကောင်ကောင် ဒါမှမဟုတ် ဂျူနီယာတစ်ယောက်ယောက်က မင်းကိုရန်စရဲရင် ဒါမှမဟုတ် မင်းကိုအတိုက်အခံ လုပ်ရဲရင့် ဒီသွမ့်ချောင်က အဲ့ဒီကောင်တွေကို မောင်းထုတ်ပစ်မယ်”

သွမ့်ချောင်က ခပ်တင်းတင်းပြောသည်။ သူသည် ဝမ်ချောင်အား ထိုစကားလုံးများကို ပြောလိုက်ခြင်း ဖြစ်သော်လည်း သူ၏အကြည့်ကမူ အနောက်ဘက်မှ လူအုပ်ထံ ရောက်ရှိသွားသည်။

“ဟုတ်တယ်”

သွမ့်ချန်ကလည်း ခပ်တင်းတင်းခေါင်းညိမ့်သည်။

“အကျိုးပြုမှုရှိတဲ့အခါ ဆုလဒ်ချီးမြင့်ရတယ်။ အမှားလုပ်တဲ့အခါ အပြစ်ဒဏ်ခံရတယ်။ မဟာထန်က တိုင်းပြည်နဲ့ ပြည်သူအတွက် ကြိုးစားတာဝန် ထမ်းဆောင်ခဲ့တဲ့ ဘယ်သူကိုမှ မေ့မှာမဟုတ်ဘူး။ အခြားသူတွေမင်းကို ဘယ်လိုထင်ထင် ငါသွမ့်ချန်ကတော့ အဘိုးကြီးဝမ်သွမ့်နည်းတူ မင်းကိုရှု့မြင်တယ်။ မင်းကိုထာဝရ ထောက်ခံပေးသွားမယ်။ လူငယ်လေး ဘယ်တော့မှ နောက်မဆုတ်နဲ့”

အင်ပါယာ ဆင်ဆာအကဲဖြတ် လူကြီးမင်းက ထိုသို့ပြောပြီးချိန်တွင် သူသည်လည်း ဝမ်ချောင်၏ကျောပြင်ကို ခပ်ကြမ်းကြမ်း လာပုတ်ပြန်သည်။

“ဟား ဟား ငါ့ကိုလည်း ထည့်တွက်လိုက်ဦး”

အင်ပါယာ ဆင်ဆာအကဲဖြတ်လူကြီးမင်း လုကျီးကလည်း မုတ်ဆိတ်မွှေးကိုသပ်ရင်း ပြုံးနေပြန်သည်။

ဝမ်ချောင်သည် တစ်ခေါင်းလုံးဖြူဖွေးနေသည့် အကြီးအကဲသုံးယောက်ကို အလွန်ခံစားသွားရသော အကြည့်မျိုးနှင့် ကြည့်လိုက်သည်။ ထိုသုံးယောက် မည်သည့်အတွက်ကြောင့် ပေါ်လာကြောင်း သူသည်လည်း နားလည်သည်။

“လေးစားရတဲ့ စီနီယာတို့ ကျေးဇူးအများကြီးတင်ပါတယ်”

ဝမ်ချောင်က ရင်ထဲမှလာသော စိတ်ရင်းအပြည့်ဖြင့် ပြောလိုက်သည်။

“ဒီဝမ်ချောင်က ကြီးမြတ်လွန်းတဲ့ ကိစ္စကြီးတွေ လုပ်ဆောင်ခဲ့တယ်ဆိုပြီး မခံယူဝံ့ပေမဲ့ လေးစားရတဲ့ စီနီယာတို့ ပြောတဲ့စကားကိုတော့ ဘယ်တော့မှ မမေ့ပါဘူး။ ဘယ်လိုနည်းနဲ့မဆို ဒီဝမ်ချောင်က ဘယ်တော့မှ နောက်မဆုတ်ပါဘူး။ ဘယ်တော့မှ မျှော်လင့်ချက် မပျောက်ဆုံးစေရပါဘူး”

“ဟား ဟား ကောင်းတယ် ဒီစကားတွေ မင်းဆီက ကြားရတာနဲ့တင် လုံလောက်ပြီ။ ငါတို့အဘိုးကြီး သုံးယောက် ကိုယ့်သိက္ခာကို အကျခံပြီး ဒီနေရာမှာ လာစောင့်ပေးရတာနဲ့တင် တန်နေပြီ”

ဆင်ဆာအကဲဖြတ် လူကြီးမင်းသုံးယောက်က မုတ်ဆိတ်မွှေးကြီးများကိုသပ်လျှက် စိတ်အေးသွားသော မျက်နှာထားမျိုး ဖြစ်သွားကြသည်။

ယခင်ဧကရာဇ် အုပ်ချုပ်နေသောခေတ်တွင် ထိုပုဂ္ဂိုလ်ကြီး သုံးယောက်သည် ဖြောင့်မတ်မှန်ကန်မှု၊ အကြောက်အလန့် ကင်းမဲ့မှု၊ သဘောထားတည်ကြည်မှုများကြောင့် ကျော်ကြားလေသည်။ ထိုခေတ်ကြီးတွင် ထိုသုံးယောက်က ဘယ်သောအခါမှ မဦးညွှတ်ခဲ့ဖူးဘဲ သူတို့၏ ကိုယ်ပိုင်ခန္ဓာကိုယ်ကို သုံးလျှက် ကောင်းကင်ကိုပင် ထောက်ထားခဲ့ပြီး မဟာထန်၏ အဆင့်အတန်းကို မြင့်စေခဲ့၏။ သူတို့၏ လွှမ်းမိုးမှုက ယခုအချိန်ထိပင် ရှိနေသေးသည်။

လောကရှိ မည်သူကမဆို ထိုသုံးယောက်၏ ကြမ်းတမ်းသော မျက်လုံးကို ကျေနပ်အောင် မလုပ်နိုင်လောက်ချေ။ ယခင်ခေတ်ကပင်ဖြစ်စေ ဒီခေတ်တွင်ပင်ဖြစ်စေ မရှိခဲ့ဖူးချေ။ သို့သော် လက်ရှိအချိန်တွင်မူ ဝမ်ချောင်တစ်ယောက်က ရှိနေသည်။

ထိုအချက်ကြောင့်လည်း ထိုသုံးယောက်က ဝမ်ချောင်နှင့်ပတ်သတ်ပြီး မည်သူကမှ သူ့ကို ဒုက္ခပေးခွင့် ပြုလိမ့်မည်မဟုတ်ချေ။

သူတို့သုံးယောက်က ဒီနေရာတွင် ပေါ်လာခဲ့ပြီး ယခုလိုမျိုး လူအများရှေ့တွင် လုပ်ပြနေခဲ့သည်မှာလည်း သူတို့ဟာ အလွန်အမင်း အသက်ကြီးရင့်နေသည့်ကစား ဘာကိုမှဂရုမစိုက်ဘဲ ဝမ်ချောင်ကို ကာကွယ်လိုသည့်အတွက်ကြောင့်ဖြစ်သည်။

ထိုသုံးယောက်၏ စကားလုံးများက လူအများစုကို မျက်နှာများဖြူဖျော့ပြီး တင်းမာသွားစေသည်။

ထိုအခိုက်အတန့်တွင် ကြည်လင်ပြတ်သားသော အသံတစ်သံက လူတိုင်း၏အာရုံကို ဆွဲဆောင်သွားသည်။

“လေးစားရတဲ့ အင်ပါယာ ဆင်ဆာအကဲဖြတ် လူကြီးမင်းတို့ ငါက မင်းတို့တွေ လူငယ်အမတ်မင်းရဲ့ အချိန်ကို ဒီလောက်အကြာကြီး ယူနေတာကို ငြင်းစရာမရှိပေမဲ့လည်း ကျေးဇူးပြုပြီး နောက်ကို တစ်ချက်ကြည့်ပါဦး။ လူငယ်အမတ်မင်းက နောက်ဆုံးတော့ အနိုင်နဲ့အတူ ပြန်လာခဲ့တာ။ ရာထူးမြင့် အရာရှိတွေနဲ့ အထက်တန်းလွှာပေါင်း များစွာက သူ့ကိုလာရောက် ကြိုဆိုကြတယ်။ ဒါကိုဒီလူတွေကို လေးစားမှုပြခွင့်တောင် မပြုတော့ဘူးလား”

ဝမ်ချောင်က တစ်ချက်ကြည့်လိုက်သောအခါ ပြောနေသောသူက မိုးပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် ပညာတတ်တစ်ယောက်လို ပုံစံမျိုးနှင့် လူအိုကြီးတစ်ယောက်ဖြစ်ကြောင်း မြင်လိုက်ရသည်။ တစ်ဖက်သူသည် လက်တစ်ဖက်တွင် စုတ်တံကိုကိုင်ထားပြီး အခြားတစ်ဖက်တွင် စာရွက်တစ်ရွက်ကို ကိုင်ထားသည်။ သူဟာ လူအုပ်ထဲမှ လျှောက်ထွက်လာရင်း သူ၏စုတ်တံကိုသုံးလျှက် စာရွက်ပေါ်တွင် ရေးထားသည်။

ထိုလူအိုကြီးက သွမ့်ချောင်၊ သွမ့်ချန်နှင့် လုကျီးလောက် အသက်မကြီးသေးသော်လည်း အနည်းဆုံး အသက်ခုနှစ်ဆယ်အရွယ်တွင် ဖြစ်သည်။ ဝမ်ချောင်ကမူ ထိုလူကို တွေ့ဖူးသည်ဟု မခံစားရချေ။ သို့သော် ထိုလူ၏ဝတ်စုံ၊ ထိုလူ၏ ပြောရဲဆိုရဲသောပုံစံနှင့် စုတ်တံနှင့် စာရွက်တို့ကတစ်ဆင့် လူတစ်ယောက်ကို တွေးမိလိုက်သည်။

မဟာကျမ်းစာပြုစုသူ ယန်ဝမ်ကျန်း

ယန်ကလန်သည် မျိုးဆက်အဆက်ဆက် သမိုင်းမှတ်တမ်းများကို ပြုစုရေးသားရန် တာဝန်ယူခဲ့သည်။ ထို့ကြောင့် မည်သည့်ခေတ်တွင်မဆို မပြောင်းလဲခဲ့ချေ။ သူတို့သည် တူညီသည့်နေရာကို ကိုင်ဆွဲထားကြသည်။ ယန်ကလန်က အဓိကအရာရှိနေရာများကို ရယူနိုင်သောလူများကို မွေးထုတ်ခဲသည်။ သို့သော် ရှားပါးစွာပင် ယန်ကလန်ထဲတွင် မဟာကျမ်းစာပြုစုသူဆိုသော နေရာထက် ပို၍ အရည်အသွေးပြည့်မှီသော လူတစ်ယောက်က ရှားရှားပါးပါး ပေါ်လာသည်။ ထိုအကြောင်းပြချက်ကြောင့်လည်း မင်းဆက်တစ်ခုကို တည်ထောင်သောအခါ ဧကရာဇ်အသစ်က ယန်ကလန်အတွက် လွတ်လမ်းထုတ်ပေးပြီး သူတို့အား မဟာကျမ်းစာပြုစုသူများ ဖြစ်စေခဲ့သည်။

“ရှောင်ယန် ငါတို့က သူ့ရဲ့တစ်နေ့တာလုံး အချိန်ကို ယူမယ်ဆိုရင်တောင်မှ မင်းက ဘာလုပ်နိုင်မှာလဲ”

အရှိန်အဝါကြီးမြတ်သည့် မဟာကျမ်းစာပြုစုသူ ယန်ဝမ်ကျန်းက သူ၏လက်နက်အဖြစ် စာရွက်နှင့် စုတ်တံကို သုံးကာ လွှဲယမ်းနေခဲ့ချိန်တွင် အခြားသောအရာရှိများကမူ သူ့ကို အသိအမှတ်ပြုမှု အချို့နှင့် ကြည့်ကြသည်။ မည်သို့ပင်ဆိုစေ ပညာသင်သား တစ်ယောက်က ဓားကိုသုံးပြီး လူမသတ်ချေ။ သို့သော် သွမ့်ချောင်၊ သွမ့်ချန်နှင့် လုကျီးတို့ကမူ သူ့ကိုရှောင်ယန်ဟုသာ ခေါ်လိုက်သည်။ သို့သော် ထိုသို့ ခေါ်လင့်ကစား ထိုသုံးယောက်လုံးက ဘေးသို့အနည်းငယ် ဆုတ်ပေးလိုက်ကြသည်။

သူတို့သည်လည်း သူတို့၏တာဝန် ပြီးမြောက်သွားလေပြီ။ ထို့ကြောင့် လူအုပ်ကို ဆက်လက်ပြီး ဆွဲထားရန် မလိုအပ်တော့ပါချေ။

“လူငယ်အမတ်မင်း”

ယန်ဝမ်ကျန်းက အရှေ့သို့ထွက်လာသည်။ သူ၏မျက်လုံးက ဝမ်ချောင်ကိုစိုက်ကြည့်လိုက်ချိန်တွင် တောက်ပသွားလေသည်။

“ဒီအဘိုးကြီးက စစ်ပွဲကို အမြဲတမ်း အတိုက်အခံ လုပ်နေခဲ့ပေမဲ့ မင်းက ဒီတစ်ကြိမ်မှာတော့ အကျိုးပြုမှုအကြီးကြီး လုပ်ပေးလိုက်တာပဲ။ ဒါပေမဲ့ စိတ်အေးအေးထား။ ငါမင်းရဲ့ လုပ်ဆောင်မှုတွေ အားလုံးကို မှတ်တမ်းထဲမှာ ထည့်သွင်းရေးသားထားလို့ အနာဂတ်မျိုးဆက်တွေက သေချာပေါက် သိစေရမယ်”

လူအုပ်ထဲမှ အံ့အားတကြီး အော်ဟစ်သံများက ထွက်ပေါ်လာသည်။ မဟာကျမ်းစာပြုစုသူ၏ ချီးကျူးမှုကို လက်ခံရရှိသလို ယခုလိုသမိုင်းမှတ်တမ်း စာအုပ်ထဲတွင် ထည့်သွင်းခံရသော ကိစ္စက မရေမတွက်နိုင်သည့် အမတ်များ၊ ဗိုလ်ချုပ်များ တစ်ဘဝလုံး အိမ်မက်မက်နေရသည့် ကိစ္စဖြစ်သည်။ ထိုအချက် တစ်ချက်တည်းကတင် ဝမ်ချောင် အနောက်ပိုင်းနယ်မြေတွင် စတေးခဲ့ရသမျှ အရာအားလုံးက အလဟသ မဖြစ်ဟု ဆိုနိုင်သည်။

“လူကြီးမင်းယန် ခင်ဗျားမေ့နေတာ တစ်ခုရှိတယ်”

ဝမ်ချောင်က ယန်ဝမ်ကျန်းကိုကြည့်လိုက်ပြီး မမျှော်လင့်ထားသော စကားကိုပြောလိုက်သည်။

“ဝမ်ချောင်က အဝေးကတာလာ့ဆီ သွားခဲ့ပြီး အာရပ်တွေနဲ့ တိုက်ခိုက်ခဲ့တယ်။ ခိုရာစန်းကို ချီတက်သွားခဲ့ပြီး အာရေးဗီးယားမြို့တော်ရဲ့ ပါးတကို တိုက်ရိုက်ခြိမ်းခြောက်ခဲ့တာက သမိုင်းစာအုပ်တွေထဲမှာ နာမည်ကောင်းတစ်ခု ကျန်ရစ်စေခဲ့ဖို့ မဟုတ်သလို သမိုင်းမှာ တောက်ပလွန်းတဲ့ အမှတ်အသားတစ်ခု ချန်ရစ်နိုင်ခဲ့ဖု့ိလည်း မဟုတ်ပါဘူး”

ဝုန်း

မဟာကျမ်းစာပြုစုသူကပင် ထိုစကားလုံးများကြောင့် ကြောင်အသွားသည်။ လူတိုင်းက တိတ်ဆိတ်သွား၏။ သွမ့်ချောင်၊ သွမ့်ချန်နှင့် လုကျီးတို့ကပင် အံ့ဩသွားလေသည်။ အခြားသော လူအုပ်ထဲမှ အရာရှိများ၊ အထက်တန်းလွှာများက စွံ့အသွားကြသည်။

အလေးစားရဆုံး ဗိုလ်ချုပ်ကပင် ပညာသင်သား၏ စုတ်တံနှင့် ပါးစပ်ကို အတိုက်အခံမလုပ်ရဲချေ။ ဂုဏ်အဆင့်အတန်းနှင့် တာဝန်အပြင် ထိုဗိုလ်ချုပ်တစ်ယောက်က ရှေ့တန်းတွင် အသက်ကိုရင်းပြီး တိုက်ခိုက်နေခဲ့သည်မှာ သမိုင်းစာအုပ်ထဲတွင် မျိုးဆက်အဆက်ဆက်က လေးစားခံရမည့် နာမည်ကောင်းတစ်ခု ကျန်ရစ်စေရန်အတွက်ဖြစ်သည်။ ဒါဟာ သူတို့ ရရှိနိုင်သမျှ အကျိုးအမြတ်တိုင်းထက်ပင် သာလွန်သေးသည်။

မဟာကျမ်းစာပြုစုသူ၏ ထူးခြားသော အဆင့်အတန်းကြောင့် အရာရှိများနှင့် ဗိုလ်ချုပ်များကပင် လေးစားကြသည်။ ထိုသို့လေးစားကြသည်မှာလည်း ထိုသု့ိ ထည့်ရေးနိုင်သောကြောင့် ဖြစ်သည်။ သို့သော် ယခုလောက် အရေးပါသော အရာရှိပေါင်းများစွာ၏ အရှေ့တွင် ဝမ်ချောင်သည် ထိုကိစ္စကို ဂရုမစိုက်ကြောင်း ကြေညာလိုက်ခြင်းဟာ လူတိုင်းကို မှင်သက်သွားစေသည်။

လူငယ်အမတ်မင်း ဒီအဘိုးကြီးက မေးခွန်းထုတ်မိတဲ့အတွက်တော့ ခွင့်လွှတ်ပါ။ လူငယ်အမတ်မင်းက တကယ်ပဲ ဘာကိုဆန္ဒရှိတာလဲ။

ယန်ဝမ်ကျန်းက ခပ်တင်းတင်းမေးသည်။ သူ၏မျက်လုံးထဲတွင် သိချင်စိတ်ပြင်းပြမှုများက ရှိနေသည်။

“အားထုတ်လိုက်တဲ့ ကြိုးစားအားထုတ်မှုတိုင်းရဲ့ နောက်မှာ နောင်တတွေ မကျန်ခဲ့ဖို့ပဲ”

ဝမ်ချောင်က မည်သည့် အလေးချိန်မှ မရှိဟု ယူဆရလောက်မည့် စကားလုံး ရှစ်လုံးကိုသာပြောလာသည်။ ယန်ဝမ်ကျန်းကမူ ကြောင်တောင်တောင် ဖြစ်သွားသည်။ သူ၏မျက်မှောင်က တဖြည်းဖြည်းစီ ကျုံ့သွား၏။ ထို့နောက် အတွေးနက်သော အမူအရာမျိုး ဖြစ်သွားလေသည်။ ဝမ်ချောင်၏ စကားလုံးများက လူအုပ်ကိုလည်း အတွေးနက်သွားစေသည်။ တန်ထျန်းနှင့် အခြားသော ဆင်ဆာအကဲဖြတ် လူကြီးမင်းများကပင် အတွေးနက်သွားသည်။

ဝမ်ချောင်က စကားဆက်မပြောတော့ချေ။ သူသည်လည်း သူလုပ်ဆောင်ခဲ့သမျှ အရာအားလုံးက သမိုင်းမှတ်တမ်း စာအုပ်ထဲမှ တောက်ပလွန်းသော မှတ်တမ်းအတွက်ပင်ဖြစ်စေ၊ မြင့်မားလွန်းသော အရာရှိနေရာအတွက်ပင် မဟုတ်ကြောင်း နားလည်သည်။ အကြောင်းမူကား ဒီလောကက ရင်ဆိုင်ရမည့် အန္တရာယ်က မည်သို့သော အခြေအနေမျိုးဖြစ်ကြောင်း သူကကောင်းကောင်း နားလည်နေသည်။ ပြန်လည်မွေးဖွားလာသော လူတစ်ယောက်အနေနှင့် ဝမ်ချောင်လိုအပ်သမျှက အတက်နိုင်ဆုံး ကြိုးစားပြီး ဘယ်သောအခါမှ လက်မလျော့ရန်ဖြစ်သည်။

ကိစ္စက အမြဲတစေ ထိုသို့သာဖြစ်သည်။ ထို့ကြောင့် နမ်ကျောင်းမှ စစ်ပွဲအတွက်ပင်ဖြစ်စေ တာလာ့မှ တိုက်ပွဲအတွက်ပင်ဖြစ်စေ ထိုသို့ဖြစ်ခဲ့၏။

ဝမ်ချောင်သည်လည်း နောက်ဆုံးရလဒ်ဟာ မည်သို့ဖြစ်နိုင်ကြောင်း မသိချေ။ သို့သော် နောက်ဆုံးအခိုက်အတန့် မရောက်ခင်အထိ သူသည် ဘယ်သောအခါမှ လက်လျော့လိမ့်မည် မဟုတ်သလို နောက်တွင်လည်း နောင်တများကို ချန်ထားရစ်ခဲ့လိမ့်မည် မဟုတ်ချေ။

အခန်း(၁၂၂၃)

“ကောင်းလိုက်တဲ့စကား ဝမ်ကလန်ရဲ့ကလေး ဒီအဘိုးကြီးက မင်းကိုအထင်သေးမိသွားတာပဲ”

ယန်ဝမ်ကျန်းက ဝမ်ချောင်ကိုစိုက်ကြည့်ပြီး သူ၏မျက်ဝန်းက တောက်ပသွားသည်။

“မင်းသာတကယ် အဲ့ဒီလိုလုပ်ပြီး လူသားရေးရာ ကိစ္စအားလုံးရဲ့ အထက်မှာရပ်လို့ ဂုဏ်သိက္ခာ အဆင့်အတန်း ကျော်ကြားမှုတွေအားလုံးကိုသာ ဘေးဖယ်ထားနိုင်ရင် ဒီအဘိုးကြီးက မင်းကိုတကယ် လေးစားမိမှာပဲ”

ဝမ်ချောင်က ပြုံးရုံသာပြုံးသည်။ အချို့သော ကိစ္စများကိုမူ သူဟာ ရှင်းပြရန်ပင် အထင်သေးသည်။ သို့မဟုတ်လျှင်လည်း ရှင်းပြရန်မလိုအပ်ဟု ဆို၍ရသည်။

“ဟား ဟား မင်းတို့အားလုံး ဒီမှာဘာရပ်လုပ်နေကြတာလဲ။ လူငယ်အမတ်မင်းက နောက်ဆုံးတော့ ပြန်ရောက်လာပြီလေ။ မဟာထန်ရဲ့ မျိုးရိုးနာမည်မတူတဲ့ ပထမဦးဆုံး ဘုရင်တစ်ပါးက ပြန်ရောက်လာခဲ့တာ။ အင်ပါယာဆင်ဆာအကဲဖြတ်လူကြီးမင်းတွေနဲ့ မဟာကျမ်းစာပြုစုသူတွေက အခြားသူတွေကိုတောင် ချီးကျူးခွင့်မပြုတော့ဘူးလား။ လာ လာ လာ ငါ့ရဲ့အလှည့်ပဲ”

အင်ပါယာ ကျမ်းစာပြုစုသူက ဝမ်ချောင်နှင့် စကားပြောပြီးသည့် အချိန်တွင် အနောက်ဘက်မှ လူအုပ်ထဲမှ လူတစ်ယောက်က လှမ်းအော်လိုက်သည်။ လူများကလည်း စတင်ကာ ထွက်လာကြလေပြီ။

ပထမဦးဆုံး ထွက်လာသောလူက ရေကြောင်းဗိုလ်ချုပ်ကြီး ကျန်းယွန်ရမ်ဖြစ်သည်။

“လူငယ်အမတ်မင်း ငါပစ္စည်းလေး နည်းနည်းတော့ ပြင်ထားတယ်။ ခိုရာစန်းရဲ့ တိုက်ပွဲမှာ အရှင်အမတ်မင်းက ငါတို့မဟာထန်ရဲ့ ဂုဏ်အဆင့်အတန်းကို အများကြီး မြှင့်တင်ပေးနိုင်ခဲ့တာ။ ငါမင်းကို ဘယ်လိုကျေးဇူးဆပ်ရမလဲတောင် မသိဘူး။ ဒီတော့ ငါ့ရဲ့ကလန်ကလူတွေကို ဒေသထွက် ပစ္စည်းနည်းနည်းလောက် ယူလာခိုင်းလိုက်တယ်။ အရှင်အမတ်တော့ သဘောကျဖို့ မျှော်လင့်တယ်”

တာလာ့၏ တိုက်ပွဲအတောအတွင်း တပ်ကူစေလွှတ်မည် မစေလွှတ်မည်ဆိုသော ကိစ္စက အင်ပါယာခုံရုံးတွင် ကြီးမားသော ငြင်းခုံမှုကြီး ဖြစ်သွားခဲ့သည်။ ကျန်းယွန်ရမ်ကမူ စစ်တပ်ဘက်မှ အကြိပ်အနှယ် ထောက်ခံပေးခဲ့သူတစ်ယောက် ဖြစ်ခဲ့လေသည်။ ထို့ကြောင့် ဝမ်ချောင်ပြန်လာကြောင်း မြင်သောအခါ သူ့ထက်ပိုပြီး မည်သူကမှ ပိုမပျော်လောက်ချေ။

“ဟား ဟား လူငယ်အမတ်မင်း ဒီလူက စစ်လက်ထောက်အမတ်မင်း ချောင်ချန်းကျုံးပါ။ ဒီလူရဲ့ လက်ဆောင်ကတော့ တန်ကြေးမရှိပေမဲ့ အရှင်အမတ်မင်းကတော့ ယူဖို့မျှော်လင့်ပါတယ်”

ချောင်ချန်ကျုံးကလည်း ရှေ့ထွက်လာသည်။ သူ၏မျက်နှာတွင် ပျော်ရွှင်သော အကြည့်မျိုးဖြင့်ဖြစ်သည်။ ထိုလူနှစ်ယောက်က ဦးဆောင်လာသောအခါ အခြားသောလူများကလည်း ဝမ်ချောင်ကိုဝိုင်းပြီး လက်ဆောင်များ ပေးကြသည်။

“လူငယ်အမတ်မင်း ဒီလူက မြို့တော်ရဲ့ ဝေ့ကလန်ကပါ။ ငါတို့က နမ်ကျောင်းစီမံကိန်းမှာလည်း အရှင့်ကို ထောက်ပံ့ဖို့အတွက် စစ်သည်တော်တွေကို စေလွှတ်ခဲ့ဖူးပါတယ်။ ဒီအချိန်မှာလည်း အရှင့်အတွက် အထူးတလည် လက်ဆောင်တွေ ပြင်ဆင်ထားပါတယ်”

“မြို့တော်ရဲ့ ကျန်းကလန်က သူတို့ရဲ့ ဖိတ်ကြားကမ်းလှမ်းတဲ့ လက်ဆောင်ကြီးကိုသယ်ပြီး အရှင်အမတ် ပြန်လာတဲ့ပွဲကို ကြိုဆိုတဲ့အနေနဲ့ အောင်ပွဲခံဖို့ ကမ်းလှမ်းပါတယ်”

“ချောင်မြို့စားစံအိမ်ကလည်း ဒီလက်ဆောင်ကြီးနဲ့အတူ အရှင်အမတ်ရဲ့ ရာထူးတိုးမှုအတွက် အောင်ပွဲခံဖို့ ပို့ဆောင်ခိုင်းလိုက်ပါတယ်”

“ကွန့်မြို့စားစံအိမ်ကလည်း ဒီလက်ဆောင်ကို ပို့ဆောင်လိုက်ပါတယ်”

“ထန်းမြို့စားစံအိမ်ကလည်း ဒီလက်ဆောင်ကို ပို့ဆောင်လိုက်ပါတယ်”

“ဘုရင်သဲ့က ဒီလက်ဆောင်နဲ့ အရှင်အမတ်မင်း အနိုင်ပွဲနဲ့အတူ ပြန်လာနိုင်ခဲ့တဲ့အတွက် ဂုဏ်ပြုကြောင်း ပြောလိုက်ပါတယ်”

“ဘုရင်ရှို့စံအိမ်ကလည်း ဒီလက်ဆောင်နဲ့ အရှင်အမတ်မင်း အနိုင်ပွဲနဲ့အတူ ပြန်လာနိုင်ခဲ့တဲ့အတွက် ဂုဏ်ပြုကြောင်း ပြောလိုက်ပါတယ်”

“လက်ထောက်အမှုထမ်းအမတ် ဖန်းမင်က လူငယ်အမတ်မင်းကို ဂါရဝပြုပါတယ်။ ဒီလက်ဆောင်ကိုလည်း ဆက်သပါတယ်”

“အမတ်မင်း ဝေ့ဝူကျင်းကလည်း လူငယ်အမတ်မင်း အနိုင်ပွဲနဲ့အတူ ပြန်လာတဲ့အတွက် ဂုဏ်ပြုပါတယ်။ ဒီလက်ဆောင်ကိုလည်း ဆက်သပါတယ်”

“အိမ်ရှေ့စံရဲ့ အစေခံခေါင်းဆောင် ဟွမ်ပိုင်ဝေ့ကလည်း ဂုဏ်ပြုလက်ဆောင်ကို ဆက်သပါတယ်”

မရေမတွက်နိုင်သော သန်းပေါင်းများစွာက ဆက်တိုက်ထွက်လာသည်။ သူက ပြန်ရောက်လာခြင်းဟာ မြို့တော်ရှိ မရေမတွက်နိုင်သည့် လူပေါင်းများစွာကို အလန့်တကြားဖြစ်သွားခဲ့ပုံရပြီး ဂုဏ်သတင်း မြင့်မားလွန်းသော လူများကဆိုလျှင် ကိုယ်စားပြုများ အသီးသီးနှင့် စေလွှတ်ကြသည်။ အိမ်ရှေ့စံ၏ အမှုထမ်းခေါင်းဆောင်ကပင် ရောက်ရှိလာသည်။ ထိုနေရာဟာ အော်ဟစ်သံများနှင့် ပြည့်နှက်နေလေသည်။

“အိမ်ရှေ့စံရဲ့ အငယ်တန်း အစောင့်အရှောက် ဝမ်ကျုံးစစ်က ဒီဂုဏ်ပြုလက်ဆောင်ကို ဆက်သလိုက်ပါတယ်”

ရုတ်တရက် လူအုပ်ထဲမှ အားအပြည့်ပါသော အသံက ပဲ့တင်ထပ်လာပြီး လူတိုင်း၏နားအတွင်း မြည်ဟီးသွားလေသည်။ ထိုစကားလုံးများက လူအုပ်ကို ပို၍တိတ်ဆိတ်သွားစေသည်။ ဝမ်ချောင်ကပင် မှင်သက်သွားပြီး အသံလာရာဘက်သို့ ကြည့်လိုက်မိသည်။

အိမ်ရှေ့စံ၏ အငယ်တန်း အစောင့်အရှောက် ဝမ်ကျုံးစစ်တွင် နောက်ထပ် နာမည်ကျော် ဂုဏ်ပုဒ်တစ်ခုရှိသည်။ ထိုနာမည်ကမူ မဟာထန်၏ စစ်နတ်ဘုရားဖြစ်သည်။ လွန်ခဲ့သော ဆယ်နှစ်ခန့်က မဟာထန်ရှိ မည်သူကမှ သူ့ထက်ပိုမကျော်ကြားလောက်သလို ပတ်ဝန်းကျင်ရှိ တိုင်းပြည်များကို ကြောက်လန့်အောင် မည်သူကမှ သူ့ထက်ပိုပြီး မလုပ်နိုင်ခဲ့လောက်ချေ။ ဝမ်ချောင်သည်လည်း သူနှင့်တစ်ကြိမ်သော်မှ မတွေ့ဖူးသော ဝမ်ကျုံးစစ်က လူလွှတ်ပြီး လက်ဆောင်ပေးခိုင်းလိုက်မည်ဟု မထင်ထားမိချေ။

တိတ်ဆိတ်နေသော လူအုပ်က အသံလာရာကိုကြည့်သည်။ ထိုလူဟာ မိုးပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး လူအုပ်ထဲသို့ ပစ်ထည့်ထားလိုက်လျှင် မည်သူကမှ သတိမထားမိသည့်ရုပ်ရည်မျိုးနှင့် ဖြစ်သည်။ သို့သော် တစ်ဖက်သူ၏ ဖြောင့်မတ်သော ပုံစံ၊ ဆုံးဖြတ်ချက် ပြတ်သားသောအကြည့်နှင့် အကြောက်အလန့်မဲ့သော ပြုမူပုံများက ဆရာဖြစ်သူ၏ လွှမ်းမိုးမှုကို ဖော်ပြနေသည်။

“ကျေးဇူးအများကြီးတင်ပါတယ်”

လူအုပ်ထဲမှထွက်ပြီး အနားသို့လျှောက်ရင်း လက်ဆောင်ကို ယူလိုက်သည်။

“ကျေးဇူးပြုပြီး အရှင်ကိုပြောပေးပါ။ ငါကလက်ဆောင်ကို အရယူလိုက်ပါတယ်လို့။ ဝမ်ချောင်က အနာဂတ်မှာ ကိုယ်တိုင်ကိုယ်ကျလာပြီး ကျေးဇူးတင်ပါ့မယ်”

“အရှင်အမတ်မင်းအနေနဲ့ ဒီလောက်ထိယဉ်ကျေးနေဖို့ မလိုအပ်ပါဘူး။ ငါ့ရဲ့အရှင်က အရှင်အမတ်မင်းက သူဘယ်တော့မှ မလုပ်နိုင်ခဲ့တာကို လုပ်ခဲ့တယ်လို့ပြောတယ်။ ဒါကြောင့် အရှင်အမတ်မင်းကို အရမ်းကို လေးစားမိပါတယ်တဲ့။ အနာဂတ်မှာ အရှင်အမတ်မင်းက မဟာထန်ရဲ့ အစစ်အမှန် စစ်နတ်ဘုရား ဖြစ်လာလိမ့်မယ်။ လူတိုင်းက အင်ပါယာခုံရုံးကို ခစားနေကြတဲ့လူတွေပဲ။ ဒါကြောင့် ငါတို့ကသာ ဗဟိုပြင်ကျယ်ကို အင်အားကြီးအောင် အတူတကွ လုပ်ဆောင်နိုင်မယ်ဆိုရင် ကိုယ်တိုင်တွေ့တွေ့ မတွေ့မတွေ့ ကျေးဇူးတင်တင် မတင်တင် အရေးမကြီးပါဘူးတဲ့”

အစေခံဟာ ထိုသို့ကျယ်လောင်စွာ ပြောလိုက်သည်။ ဝမ်ချောင်ကပင် ထိုစကားလုံးများကို အများကြီး လေးစားမိသွားသည်။ သူသည် မဟာထန်၏ ထိုဒဏ္ဍာရီလာ ပုဂ္ဂိုလ်ကြီးကို မတွေ့ဖူးသေးသော်လည်း ထိုစကားလုံးများမှတစ်ဆင့် ထိုအစေခံဟာ မဟာထန်၏ စစ်နတ်ဘုရားကို မည်သူဖြစ်ကြောင်း ဖော်ပြလိုက်နိုင်သည်။

“အရှင်မင်းသားချီကလည်း ဒီလက်ဆောင်နဲ့အတူ အရှင်အမတ်မင်း အနိုင်နဲ့အတူ ပြန်လာတာကို ဂုဏ်ပြုပါတယ်”

နောက်ထပ် ကျယ်လောင်သောအသံက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်ပြန်သည်။ လူတိုင်းက လှည့်ကြည့်လိုက်ကြသည်။ ဒီတစ်ကြိမ်တွင်မူ မင်းသားချီဆိုသော နာမည်က လူအုပ်ကိုပို၍ တိတ်ဆိတ်သွားစေသည်။

မင်းသားချီသည် ဘုရင်စုန့်နှင့် ဘုရင်ချီ၏ တစ်ဘဝရန်သူဖြစ်ပြီး နှစ်ဖက်လုံးက ခုံရုံးထဲတွင် အသီးသီး ထိုးနှက်ကြဖူးသည်။ ရုန်းကန်မှုတွင် လက်နက်များ မပါသော်လည်း လက်နက်များ ဆေဘာများထက်ပင် အန္တရာယ်များသေး၏။ သို့သော် မမျှော်လင့်ထားစွာ ဘုရင်ချီကပင် ဝမ်ချောင်ကို ကြိုဆိုကြောင်း လူလွှတ် လိုက်သေးသည်။

ထိုအချိန်တွင် တစ်ဦးတည်းသော တည်ငြိမ်နေသောလူက ဝမ်ချောင်ဖြစ်သည်။

ဝမ်ချောင်က ခိုရာစန်းတွင် အင်ပါယာအမိန့်တော်နှင့်အတူ ရာထူးအချခံရပြီး မဟာထန်က သူ၏ချီရှီတွင် ကြိုးစားအားထုတ်မှုများ အရာအားလုံးကို အလဟသဖြစ်အောင် အမိန့်များ စေလွှတ်ကြောင်း ကြားသိရပြီးချိန်ကတည်းက သူ့ကိုတန်လှုပ်အောင် လုပ်နိုင်သည့်သတင်းမျိုး မရှိတော့ဟု ယူဆခဲ့သည်။ ထို့ကြောင့် သူသည် အခြေအနေတိုင်းအတွက် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီးသားဖြစ်သည်။ ဝမ်ချောင်သည် တည်ငြိမ်စွာဖြင့်သာ အသံလာရာဘက်သို့ ကြည့်လိုက်သည်။

ဝှစ်

ညင်သာတည်ကြည်သော လူတစ်ယောက်က လူအုပ်ထဲမှထွက်လာသည်။

“လူငယ်အမတ်မင်း ဂုဏ်ယူပါတယ် တစ်လောကလုံးက လူငယ်အမတ်မင်းရဲ့ အနောက်ပိုင်းချဲ့ထွင်မှုမှာ လုပ်ဆောင်ခဲ့တဲ့ လုပ်ရပ်တွေအားလုံးကို သိနေကြပါပြီ။ လူငယ်အမတ်မင်းက မြို့တော်ကိုရောက်လာတယ်။ အမတ်တွေ ဗိုလ်ချုပ်တွေအားလုံးကလည်း ဒီအကြောင်းအရာကိုသိပြီး လူတွေစေလွှတ်လို့ ဂုဏ်ပြုကြောင်း ပြောကြတယ်။ လူငယ်အမတ်မင်းက ဘုရင်ဆိုတဲ့ ဘွဲ့နာမည်နဲ့တောင် ချီးမြောက်ခံရတဲ့အထိ ရဲရင့်ပြတ်သားမှုအပြည့်နဲ့ ဂုဏ်အဆင့်အတန်း မြင့်မားလာခဲ့ပြီ။ ဒီကိစ္စက ဂုဏ်ပြုဖို့ ထိုက်တန်ပါတယ်”

ဒီနေရာရှိ လူအများစုက ထိုအငယ်တန်း အရာရှိကို မမြင်ဖူးကြချေ။ မြောက်များလှစွာသော အရေးပါသည့် အရာရှိများကို ရင်ဆိုင်နေရချိန်တွင် ထိုအငယ်တန်းအရာရှိက မကြောက်လန့်ရုံသာ မကသေးလေဘဲ သူ၏ပြုမူပုံက လူတိုင်းကိုမဆို ယှဉ်နိုင်နေသည်။ ထိုထဲတွင် ရူးသွပ်မှုကိုပင် မြင်နိုင်နေသည်။

သို့သော် သူ၏စကားလုံးများကမူ အံ့အားသင့်ဖွယ်ရာဖြစ်သည်။ မည်သူကမှလည်း ဘုရင်ချီဟာ ထိုမျှနွေးထွေး ညင်သာလိမ့်မည်ဟု မထင်ထားမိချေ။

“မင်းပြောစရာရှိရင် အခုပဲပြောထား”

ဝမ်ချောင်က တည်ငြိမ်စွာဖြင့်သာ မလှုပ်ရှားဘဲပြောလိုက်သည်။

“ဟား ဟား”

ထိုအရာရှိက ရုတ်တရက် ထူးဆန်းသော ရယ်သံမျိုးနှင့် ရယ်သည်။ သူ၏ခန္ဓာကိုယ်က အသာငုံ့သွားပြီး ထူးဆန်းသောလေသံဖြင့် ပြန်ပြောင်းပြောသည်။

“မျှော်လင့်ထားတဲ့အတိုင်းပဲ ငါအရှင့်ဆီက ဖုံးကွယ်လို့မရဘူး။ အရှင်ဘုရင်ချီက ဒီနိမ့်ကျတဲ့လူကို နောက်ထပ် သတင်းစကားတစ်ခု စေလွှတ်ခိုင်းလိုက်ပါသေးတယ်။ အရှင်ကတော့ ဘယ်အမျိုးသားက ရက်ထောင်ကျော် ကောင်းချီးပေးမှု မခံနိုင်ဘူးလို့ပြောတယ်။ ရက်တစ်ရာလုံးလုံး နီဆွေးနေတတ်တဲ့ ပန်းလည်းမရှိပါဘူးတဲ့။ အမြင့်ကိုရောက်လေလေ ပြုတ်ကျတဲ့အခါ ပိုပြင်းလေလေပါပဲ”

ထိုအငယ်တန်းအရာရှိက ခေါင်းကိုအသာမော့ပြီး ဝမ်ချောင်ကို တောက်ပသော အပြုံးမျိုးဖြင့် စိုက်ကြည့်လိုက်သည်။

“ခေါင်းမာလိုက်တာ”

လူတိုင်း၏မျက်နှာက တင်းမာသွားကြသည်။

ဝမ်ချောင်သည် အနောက်ပိုင်းစီမံကိန်းတွင် အကျိုးပြုမှုအများကြီး လုပ်ဆောင်ပေးခဲ့သည်။ သူသည် မြို့တော်သို့ ပြန်လာချိန်တွင် လူတိုင်း၏ အာရုံစိုက်ရာဖြစ်ခဲ့သည်။ ယခင်က ယန်ဝမ်ကျန်းကဲ့သို့ ဝမ်ချောင်ကို အတိုက်အခံလုပ်ခဲ့သော လူကပင် ဝမ်ချောင်ကို ချုပ်ထိန်းလာ၏။ သို့သော် ထိုအငယ်တန်း အရာရှိလောက်က ဘုရင်ချီ၏နောက်ခံကို မှီခိုပြီး ဝမ်ချောင်ကို ခြိမ်းခြောက်ရဲသည်။

“ဟေ့”

ထိုအငယ်တန်း အရာရှိက ပတ်ဝန်းကျင်မှ လှောင်သံများကို ကြားသောအခါ ကိုယ့်ကိုယ်ကို မချုပ်တည်းရုံသာ မကသေးလေဘဲ စပြီးရယ်သေးသည်။

ဘုရင်ချီက သူ့အား လူပေါင်းများစွာ၊ အရာရှိပေါင်းများစွာ၊ ဗိုလ်ချုပ်ပေါင်းများစွာ၏ အရှေ့တွင် ထိုစကားကို တမင်တကာ ပြောခိုင်းခဲ့ခြင်းဖြစ်သည်။ ဝမ်ချောင်ဟာ ယခုမည်မျှ နာမည်ကြီးနေစေကာမူ သူသည် သေချာပေါက် ပြုတ်ကျပေလိမ့်မည်။ အတိုချုံ့ဆိုရသော် ဘုရင်ချီသည် ဝမ်ချောင်နှင့် ဝမ်ကလန်ကို ကောင်းမွန်သောအချိန် ပေးလိမ့်မည်မဟုတ်ချေ။ လူအုပ်၏ ပြန်ပြောသံများက တိုးလျသွားသောအခါ အားလုံးက မသက်မသာဖြစ်သွားကြသည်။

တစ်ယောက်သည် မဟာထန်၏ တော်ဝင်မင်းသားဖြစ်ပြီး အခြားတစ်ဖက်ကမူ လတ်လတ်ဆတ်ဆတ် မျိုးနွယ်ခြားနယ်မြေများ၏ ဘုရင်အဖြစ် ချီးမြှင့်ခံထားရသူဖြစ်သည်။ ဝမ်ချောင်က စစ်အာဏာကို ရုတ်သိမ်းခံထားရပြီး နိမ့်ကျသောနေရာသို့ ပြန်လည်အပို့ခံထားရသေး၏။ ထို့ကြောင့် သူသည် ဒေါသထွက်နေပေလိမ့်မည်။ သူတို့အားလုံးက ဝမ်ချောင်က ကိုယ့်ကိုယ်ကို မထိန်းနိုင်ဘဲ ဘုရင်ချီကို ရန်လိုမိမည့် အခြေအနေအား စိုးရိမ်သွားကြသည်။

“ဒါဆိုရင်လည်း ကျေးဇူးပြုပြီး ဘုရင်ချီကို ကျေးဇူးတင်ပေးပါ”

တောင့်တင်းနေသော လေထုထဲတွင် ဝမ်ချောင်၏ ဘာကိုမှ ဂရုမစိုက်သော လေသံက လူတိုင်း၏နားအတွင်း ဝင်ရောက်သွားသည်။ အသံဟာ မတိုးလွန်းသလို မကျယ်ချေ။ ယခင်အတိုင်း တည်ငြိမ်နေသေးပြန်သည်။ လူအုပ်ကမူ ထိုစကားလုံးများကြောင့် ကြောင်တောင်တောင် ဖြစ်သွားကြပြန်သည်။ အမြဲတစေ တည်ငြိမ်ကာ ညင်သာသောပုံစံကို ထိန်းသိမ်းထားသည့် အငယ်တန်း အရာရှိကပင် ဝမ်ချောင်ဟာ ထိုမျှတည်ငြိမ်နေမည်ဟု မမျှော်လင့်ထားလောက်ချေ။ သို့သော် တခဏခန့် ကြာပြီးနောက် သူဟာ အတွေးမှားသွားကြောင်း သိလိုက်သည်။

“ဒါ့အပြင် အရှင့်သား ဘုရင်ချီကိုလည်း တူညီတဲ့သတင်း ပြန်ပေးပေးပါ”

ဝုန်း

ထိုအငယ်တန်း အရာရှိ၏မျက်နှာက ချက်ချင်းလိုလို တင်းမာသွားသည်။ သူသည်လည်း ဝမ်ချောင်ဟာ သူ၏စကားလုံးများကိုပင် သူ့ကိုပြန်ပြောခိုင်းလိမ့်မည်ဟု မထင်ထားမိချေ။ ဒါဟာ သူမတွေးထားသော ကိစ္စဖြစ်သည်။

“ဟွန်း”

ဝမ်ချောင်၏ အကွက်ချမှုကို ခံလိုက်ရသည့် ထိုအငယ်တန်း အရာရှိက နှာခေါင်းရှုံ့ပြီး ထွက်သွားသည်။

“ဒီကလေးက... သင်ကြားလွယ်သားပဲ”

သွမ့်ချောင်၊ သွမ့်ချန်နှင့် လုကျီးတို့က စောင့်ကြည့်နေကြခြင်းဖြစ်သည်။ သူတို့က ဝမ်ချောင်၏ကိုယ်စား ဝင်ပြောပေးကြသလို အငယ်တန်းအရာရှိကိုလည်း တားရန်မကြိုးစားကြချေ။ သူတို့သည် ဝမ်ချောင်ဟာ ထိုကိစ္စကို မည်သို့ကိုင်တွယ်ကြောင်း စောင့်ကြည့်နေကြပြီး အသာခေါင်းညိမ့်လိုက်ကြသည်။

ဝမ်ချောင်၏ ပြန်လာမှုက ခမ်းနားကြီးကျယ်ပြီး မမြင်ရသော မုန်တိုင်းကြီးတစ်ခုကို စုစည်းလာစေခဲ့သည်။ မရေမတွက်နိုင်သော အဖွဲ့အစည်းပေါင်းများစွာကလည်း တုန့်ပြန်သည့်အနေဖြင့် လှုပ်ရှားလာကြသည်။ ထိုထဲတွင် အဆင့်မြင့်အရာရှိများ၊ အထက်တန်းလွှာများက မြို့ဂိတ်တွင် လာရောက်စုစည်းသည့် ကိစ္စကလည်း ပါဝင်သေး၏။ အချို့သောသူများက စိတ်ရင်းဖြင့် ဂုဏ်ပြုကြခြင်းဖြစ်ပြီး အများစုကမူ ဘုရင်ချီကဲ့သို့ သိုဝှက်ထားသည့် အကြံအစည်များနှင့် ပြဿနာလာရှာချင်ကြခြင်းဖြစ်သည်။

မည်သို့ပင်ဆိုစေ ဒါဟာ မုန်တိုင်း၏ တစ်ထောင့်တစ်နေရာသာ ဖြစ်နေသေးသည်။

ဝမ်ချောင်ကသာ ဒီလိုအခြေအနေလောက်ကို မကိုင်တွယ်နိုင်လျှင် သူသည် ကျန်သောကိစ္စများကို ကိုင်တွယ်နိုင်လိမ့်မည် မဟုတ်ဘဲ နောက်ပိုင်းတွင် ကြုံရမည့် အန္တရာယ်များက ပတ်ပတ်လည် ဝိုင်းနေပေလိမ့်မည်။

သူတို့သုံးယောက်က အမြဲတစေ စောင့်ကြည့်နေခဲ့သည်။ ဝမ်ချောင်ကသာ ခေါင်းထဲသို့ သွေးစောင့်တက်ပြီး ခပ်ကြမ်းကြမ်း အပြေးဝင်လျှက် ရန်လိုစွာ တုန့်ပြန်ခဲ့မည်ဆိုလျှင် သို့မဟုတ် သူသည် ပိုကောင်းသော နည်းလမ်းမျိုးကို အသုံးပြုခဲ့မည်ဆိုလျှင် သူတို့၏ ရပ်တည်မှုက ပို၍ရှင်းလင်းသွားနိုင်သည်။ ထိုသုံးယောက်က ထိုမေးခွန်းနှင့်ပတ်သတ်ပြီး အချိန်အတန်ကြာ စိုးရိမ်နေခဲ့ရသည်။ သို့သော် ယခုမူ နောက်ဆုံးတွင် စိတ်အေးသွားနိုင်ပြီဖြစ်သည်။

“သူ့မှာသတ္တိရှိတယ်။ ဆုံးဖြတ်ချက်လည်း ပြတ်သားတယ်။ ဉာဏ်လည်းကောင်းတယ်။ ဒီကလေးက ငါတို့ထင်ထားတာထက် အများကြီးစိတ်ရှည်တယ်”

“မဟာထန်က နောက်ဆုံးတော့ မီးဖွားတစ်စ ထတောက်နိုင်ခဲ့ပြီ။ ဘယ်လိုနည်းနဲ့မဆို အခြားသူတွေကို ဖျက်ဆီးခွင့်ပြုလို့မရဘူး”

“လူတစ်ယောက်ရဲ့ ခွန်အားမှာ အကန့်အသတ်ရှိတယ်။ ဒီကလေးက သူ့ရဲ့လုပ်ဆောင်မှုတွေ အားလုံးနဲ့တင် ငါတို့က အရာအားလုံးသုံးပြီး သူ့ကိုကာကွယ်သင့်တယ်ဆိုတာကို ဖော်ပြနေတာပဲ”

သိပ်သည်းနေသော လူအုပ်ထဲမှ အသက်အရွယ် ကြီးရင့်နေပြီဖြစ်သည့် အင်ပါယာဆင်ဆာ အကဲဖြတ်လူကြီးမင်း သုံးယောက်က ဝမ်ချောင်၏ ကျောပြင်ကိုကြည့်ပြီး စိတ်အေးသွားသလို ခေါင်းညိမ့်နေကြသည်။ ထိုအခိုက်အတန့်တွင် သူတု့ိဟာ နောက်ဆုံးတွင် စိတ်အေးသွားနိုင်ပြီဖြစ်သည်။ ထိုအချိန်တွင် ဘုရင်ချီက စေလွှတ်ထားသော သံတမန်က နောက်ဆုံးတွင် အတိုးခံလိုက်ရသည်။ ထိုသို့ဖြင့် သူက ဘေးဘက်သို့ တွန်းထုတ်ခံလိုက်ရပြီး ကျန်သောလူများက ဝမ်ချောင်ကို ဝိုင်းသွားကြသည်။

အခန်း(၁၂၂၄)

ဘုရင်ချီ၏ နောက်လိုက်အရာရှိငယ်လေး ထွက်သွားပြီး သိပ်မကြာခင် လူအုပ်ထဲမှ အသံတစ်သံ ထွက်လာပြန်သည်။

“အခမ်းအနားပွဲတွေရဲ့ အမတ်မင်း ကျိုးထိုက်ချင်က အရှင်အမတ်မင်းကို ဂါရဝပြုပါတယ်”

ဝမ်ချောင်က ရုတ်တရက် ရပ်တန့်လိုက်ပြီး အသံလာရာဘက်သို့ လှည့်ကြည့်မိသွားသည်။ လူအုပ်က ခြားသွားချိန်တွင် တည်ငြိမ်သောမျက်နှာနှင့် လူတစ်ယောက်က ထွက်လာသည်။ သူ၏ဝတ်ရုံက လေတွင် တဖြတ်ဖြတ် လွင့်နေသည်။ သူသည် ခြေလှမ်းကျဲကြီးများဖြင့် ရှေ့တိုးလာသည်။

တစ်ချိန်ထဲလိုလို နောက်ထပ် ပုံရိပ်တစ်ခုက ကပ်လိုက်လာသေးသည်။

“ဘဏ္ဍာရေးရုံးတော်ရဲ့ လက်ထောက်အမတ်မင်း ကျန်းချန့်လီက အရှင်အမတ်မင်းကို ဂါရဝပြုပါတယ်”

ထိုနှစ်ယောက်က လူအုပ်၏အနောက်တွင် စောင့်နေခဲ့သည်မှာ အချိန်တစ်ခု ကြာပြီဖြစ်သည်။ ယခုမှသာ ယုံကြည်မှုအပြည့်နှင့် ထွက်လာခဲ့ခြင်းဖြစ်သည်။ ထိုနှစ်ယောက်၏နာမည်က လူတိုင်းကို အံ့ဩသွားစေသည်။

“အရှင်တို့ ဒီလောက်ထိ ယဉ်ကျေးပြနေစရာ မလိုပါဘူး”

ဝမ်ချောင်က ထိုနှစ်ယောက်ကို မထူးခြားနားသလိုသာ ပြောလိုက်သည်။

အရာအားလုံးဟာ တိတ်ဆိတ်သွားသည်။ ကျိုးထိုက်ချင်နှင့် ကျန်းချန့်လီတို့က ဝမ်ချောင်ကို အကဲခတ်နေချိန်တွင် ဝမ်ချောင်ကလည်း ထိုနှစ်ယောက်ကို အလားတူ အကဲခတ်နေခြင်းဖြစ်သည်။

တာလာ့၏တိုက်ပွဲတွင် အပုမူစလင်နှင့် ချွီထေပါးတို့က စစ်သည်အင်အား သိန်းကျော်သော စစ်တပ်ကြီးကို အမိန့်ပေးနေပြီး အရှေ့ပိုင်းသို့ ချီတက်လာခဲ့ကြသည်။ ထိုသို့အရေးကြီးဆုံးသော အခိုက်အတန့်မျိုးတွင် ဝမ်ချောင်နှင့် ကောင်းရှန်းကျစ်တို့က စစ်သည်အင်အား ပြတ်လပ်မှုကြောင့် သေလုနီးပါး ဖြစ်ခဲ့သည်။ တပ်ကူစေလွှတ်ရမည့် ကိစ္စနှင့်ပတ်သတ်ပြီး လွန်ဆွဲနေခဲ့ရသည့် အချိန်တွင် အတိုက်အခံ အလုပ်ဆုံး အကျယ်လောင်ဆုံးသော နှစ်ယောက်က ကျိုးထိုက်ချင်နှင့် ကျန်းချန့်လီတို့ဖြစ်သည်။

ကျန်းယွန်ရမ်နှင့် ချောင်ချန်းကျုံးတို့က တစ်ဖက်မှ အကြိတ်အနှယ် ငြင်းခဲ့သောကြောင့်သာ မဟုတ်လျှင် ဝမ်ချောင်၏ အဘိုးမြို့စားကျို့က ပေါ်ထွက်လာခဲ့သောကြောင့်သာ မဟုတ်လျှင် မဟာထန်၏ အနောက်ပိုင်း နယ်မြေမှ စတင်ပြီး လုံရှီအထိ အရာအားလုံးကို အာရပ်များက သိမ်းပိုက်ပြီးသွားလောက်လေပြီ။

“အရှင်အမတ်မင်းက အနောက်ပိုင်းမှာ ပြိုင်ဘက်ကင်းတဲ့ လုပ်ဆောင်မှုတွေကို လုပ်ဆောင်နိုင်ခဲ့ပြီး အရှင်မင်းကြီးက အရှင်အမတ်မင်းကို မျိုးနွယ်ခြားနယ်မြေတွေရဲ့ ဘုရင်ဘွဲ့တောင် ချီးမြင့်ခဲ့တယ်။ ဒါက အတိုင်းထက်အလွန် မျက်နှာသာပေးကြောင်း ဖော်ပြလိုက်တာပဲ။ နောက်ပြီး အရှင်အမတ်မင်းက မြို့တော်ကို ပြန်လာတဲ့အချိန်မှာ အင်ပါယာခုံရုံးက အရာရှိတစ်ဝက်ကျော်ကျော်နဲ့ အထက်တန်းလွှာ ကလန်တွေတိုင်းက လာရောက်ကြိုဆိုကြတယ်။ ဒါပေမဲ့ ငါမနေနိုင်ဘဲ ဒီမေးခွန်းကို မေးပါရစေဦး။ တာလာ့နဲ့ ခိုရာစန်းက တိုက်ပွဲတွေကို ခါးသီးစွာ ကျော်ဖြတ်ခဲ့ပြီးတဲ့နောက်မှာ မဟာထန်က စစ်သည် အင်အား တစ်သိန်းကျော် ဆုံးရှုံးလိုက်ရတယ်။ တိုက်ပွဲနှစ်ပွဲအတွက်ကြောင့်နဲ့ ကျေးရွာတွေ နေထိုင်သူတွေ၊ အလုပ်သမား သိန်းပေါင်းများစွာက တာဝန်ထမ်းဆောင်ဖို့ ခေါ်ဆောင်ခြင်းခံခဲ့ရတယ်။ အရှင်အမတ် မရှက်မိဘူးလား။ အရှင်အမတ်က မျိုးနွယ်ခြားဘုရင်ဆိုတဲ့ဘွဲ့ နောက်ပြီး အောင်မြင်မှုအားလုံးကို ပိုင်ဆိုင်ထားတဲ့ ဗိုလ်ချုပ်တစ်ယောက်ဆိုတဲ့ဘွဲ့ကို ဆွေးမြေ့နေတဲ့ အရိုးသောင်းကျော်ပေါ် တက်နင်းပြီးမှ ရခဲ့တာမဟုတ်လား”

ဘုန်း

ကျိုးထိုက်ချင်နှင့် ကျန်းချန့်လီတို့၏ အသံက မြို့ဂိတ်ရှိ လူတိုင်း၏မျက်နှာကို ဖြူဖျော့သွားသည်။

ဝမ်ချောင်ဟာ အနိုင်အပြည့်နှင့်ပြန်လာသည်။ ထိုသို့တက်ကြွနေသည့် အခိုက်အတန့်မျိုးတွင် အခြားသော အမတ်များ ဗိုလ်ချုပ်များအားလုံးကပင် ကိုယ်တိုင်ကိုယ်ကျ ထွက်ပြီး ကြိုဆိုခဲ့ကြသည်။ ဘုရင်ချီကပင် ဒီလိုအခိုက်အတန့်မျိုးကို တမင်ရှောင်ပြီး အငယ်တန်းအရာရှိလောက်ကိုသာ လွှတ်လျှက် ဝမ်ချောင်ကို လှောင်ပြောင်သော စကားကိုပို့ခဲ့သည်။ သို့သော် ကျိုးထိုက်ချင်နှင့် ကျန်းချန့်လီတို့ကဲ့သို့ မည်သူကမှ ကိုယ်တိုင်ကိုယ်ကျထုတ်ပြီး ဝမ်ချောင်ကို မဝေဖန်ရဲလောက်ချေ။

‘ဆွေးမြေ့နေတဲ့ အရိုးသောင်းကျော်ပေါ်တက်ပြီး အနိုင်ယူခဲ့တဲ့ဗိုလ်ချုပ်’သည် ဗိုလ်ချုပ်များ၏ အရှေ့တွင်မူ မပြောသင့်သည့် စကားရပ်ဖြစ်သည်။ အကြောင်းမူကား ဒါဟာ ဝမ်ချောင်ဟာ ရာထူးတစ်ခု တိုးရန်အတွက် အခြားသော သေလွန်ပြီးသူပေါင်းများစွာကို မှီခိုရကြောင်း ကိုယ်စားပြုသလို ဖြစ်သွားသည်။

လေထုက တင်းကြပ်သွားသည်။ ဘုရင်ချီ၏ လူများကပင် ပြန်ပေါ်လာသည်။

“ရမ်းကားလိုက်တာ”

ဝမ်ချောင်က စကားမပြောနိုင်သေးခင် ကျန်းယွန်ရမ်နှင့် ချောင်ချန်းကျုံးတို့က ဒေါသများနှင့် ပေါက်ကွဲသွားသည်။ အတိတ်က အင်ပါယာခုံရုံးက လွန်ဆွဲပွဲတွင်လည်း ထိုနှစ်ယောက်က ကျိုးထိုက်ချင်နှင့် ကျန်းချန့်လီတို့၏ အကြမ်းတမ်းဆုံး ပြိုင်ဘက်များဖြစ်ခဲ့သည်။

“ကျိုးထိုက်ချင်၊ ကျန်းချန့်လီ မင်းတို့နှစ်ကောင်က ဘာကိုဆိုလိုတာလဲ။ အရှင်အမတ်မင်းက တိုင်းတစ်ပါး နယ်မြေပေါ်မှာ အကြောက်အလန့် ကင်းမဲ့စွာနဲ့ သူ့ရဲ့စစ်တပ်ကို ဦးဆောင်ပြီး တိုက်ခိုက်ခဲ့တာ။ သူ့ရဲ့ အသက်ကိုတောင် ရင်းထားရတာ။ ဒါကိုမင်းတို့နှစ်ယောက်က ဒီကိုလာပြီး သူ့ကိုဝေဖန်ရဲတယ်။ အင်ပါယာခုံရုံး ကျရှုံးသွားမှ မင်းတို့ကပျော်မှာလား”

ထိုနှစ်ယောက်ကလည်း ကျိုးထိုက်ချင်နှင့် ကျန်းချန့်လီတို့၏ စကားကြောင့် အလွန်ဒေါသထွက်သွားကြသည်။ အင်ပါယာခုံရုံးမှ ဆွေးနွေးမှုများက ကိစ္စတစ်ရပ်ဖြစ်ပြီး ယခုလိုမျိုး ခုံရုံးကညီလာခံ ပြီးဆုံးသွားသည့် အခိုက်အတန့်မျိုးတွင်ပင် လာရောက်ပြောဆိုသော ကိစ္စကမူ လွန်ကဲသွားလေရာ ထိုနှစ်ယောက်ကလည်း သည်းမခံနိုင်တော့ချေ။ လူပေါင်းများစွာ၏ အရှေ့တွင် ထိုနှစ်ယောက်က ကိုယ်တိုင်ကိုယ်ကျထွက်ပြီး ဝမ်ချောင်ကိုပင် ဒုက္ခပေးကြသေးသည်။

ကျိုးထိုက်ချင်နှင့် ကျန်းချန့်လီတို့က ရှေ့သို့တက်လိုက်ပြီး အကြောက်အလန့်မဲ့စွာ ပြန်ပြောသည်။

“ဟွန်း မှန်တယ်မှားတယ် ဖြောင့်တယ်ကောက်တယ် ဘယ်ဟာကမှန်တယ်။ ဘယ်ဟာကမှားတယ်။ ဒါကိုငါတို့ကိုယ်တိုင် နားလည်ရမှာမဟုတ်ဘူးလား။ လူငယ်အမတ်မင်းက ပြန်လာတာနဲ့ပဲ ငါတို့က အမည်းအဖြူအဖြစ်ပြောင်း မျဉ်းကြောင်းတွေကို စတုရန်းပုံစံအဖြစ် ပြောင်းတာကို လက်ခံလိုက်ရမှာလား။ ငါတို့ကအရှုံးကို မျှော်လင့်တာမဟုတ်ပေမဲ့လည်း မဟာထန်ကြီးရဲ့ ကြီးပွားစည်ပင်မှုတွေက လူပေါင်းများစွာ၏ ကြိုးစားအားထုတ်မှုကြောင့်ပဲ လက်ရှိအချိန်မှာ အင်ပါယာခုံရုံးက ဒီဇစ်မြစ်ကို လျစ်လျူရှု့ပြီး ဘာကိုမှချုပ်ထိန်းခြင်းမရှိဘဲ အားလုံးကို လက်ခံပေးထားတာ။ စစ်ဘက်ဆိုင်ရာ အကြီးမားဆုံးသော အကျိုးဆောင်မှုတွေ ရှိနေမယ်ဆိုရင်တောင်မှ အောင်ပွဲခံစရာ ဘာကိစ္စရှိလဲ”

ဝမ်ချောင်သည့် ကြမ်းတမ်းရက်စက်လွန်းသည့် ခုံရုံးက ငြင်းခုံပွဲတွင် ဝင်မပါခဲ့ချေ။ မြို့စားကျို့၏ ဂုဏ်အဆင့်အတန်းက သူတို့အားလုံး၏ အထက်တွင်ဖြစ်သည်။ ထို့ကြောင့် ထိုနှစ်ယောက်သည် ဝမ်ချောင်နှင့် တိုက်ရိုက်ငြင်းခုံရန် အခွင့်အရေးမျိုး မရခဲ့ကြချေ။ ယခုအခါတွင် သူဟာ မြို့တော်သို့ ပြန်ရောက်လာသည့် အရာရှိပေါင်းများစွာ ဗိုလ်ချုပ်ပေါင်းများစွာက သူ့ကိုဝိုင်းနေကြ၏။ ဒါဟာ ပြောင်မြောက်လွန်းသော အခွင့်အရေးဖြစ်လေသည်။

“အရှင်တို့ပြောလို့ပြီးပြီလား”

ထိုအချိန်တွင် ဝမ်ချောင်ဟာ ကျန်းယွန်ရမ်နှင့် ချောင်းချန်းကျုံးတို့ကို သူ့ကိုယ်စား ဆက်လက်မငြင်းအောင် ဦးစွာဝင်ပြောလိုက်သည်။

ဝမ်ချောင်က ရှေ့သို့ နှစ်လှမ်းခန့်တိုးလိုက်သည်။ သူ၏အကြည့်ဟာ ဓားများကဲ့သို့ စူးရှသွားသလို ခန္ဓာကိုယ်တွင်လည်း အင်အားကြီးမားလွန်းသော အရှိန်အဝါများဖြင့် ပေါက်ကွဲထွက်လာပြန်သည်။

ရှေးခေတ်အချိန်ကတည်းက အရာရှိများသည် သူတို့၏စုတ်တံကိုသုံးပြီး ကြီးမြတ်လွန်းသော အကျိုးပြုမှုများကိုပင် ဘာမှမဟုတ်အောင် ပြောင်းနိုင်သည်။ ထို့ကြောင့် သူတို့ဟာ ဝေဖန်သုံးသပ်ခံရသည့်တိုင်အောင် ဗိုလ်ချုပ်များက ပြန်ငြင်းခဲ့သည်။ သို့သော် ဒီတစ်ကြိမ်တွင်မူ ကျိုးထိုက်ချင်နှင့် ကျန်းချန့်လီတို့က ဝမ်ချောင်နှင့်တိုးသွားသည်။

“ကျိုးထိုက်ချင်က အရှင့်ရဲ့ ဉာဏ်ပညာကြီးမြတ်လွန်းတဲ့ စကားလုံးတွေကို ကြားချင်ပါသေးတယ်”

ကျိုးထိုက်ချင်နှင့် ကျန်းချန့်လီတို့ကမူ နောက်ဆုတ်မည့်လက္ခဏာ မပြချေ။ အနှစ်ချုပ်ဆိုရသော် သူတို့က ဝတ်ရုံကိုပင်တစ်ချက်ခါပြီး ရှေ့သို့နှစ်လှမ်း တိုးလာကြသေး၏။ လူတိုင်းကပင် အသက်ရှုအောင့်ထားမိကြသည်။ ရှင်းလင်းစွာဖြင့် သူတို့၏ အပြုအမူက ကိစ္စများကို ချောမွေ့စွာ ကျော်ဖြတ်သွားရန် ခက်ခဲလောက်သည်။

“ငါ့မှာတော့ စကားနှစ်လုံးပဲ ပြောစရာရှိတယ်။ အသေးအဖွဲကိစ္စကို ဒီလောက်ထိဇာချဲ့နေတာ ငြီးငွေ့စရာကောင်းလွန်းတယ်”

ဝမ်ချောင်က ထိုအရာရှိနှစ်ယောက်ကို ကြည့်လိုက်သည်။ တစ်ခါတစ်ရံတွင် စာပေပညာများကလည်း ကျင့်ကြံခြင်းအဆင့် နယ်မြေများကိုပင် လာရောက်ဒုက္ခပေးနိုင်သည်။ ကျိုးထိုက်ချင်နှင့် ကျန်းချန့်လီတို့တွင် မကောင်းသည့်စိတ်ဆန္ဒ မရှိချေ။ သို့သော် ကောင်းသောစိတ်ဆန္ဒ များလွန်းလာသောအခါ အင်ပါယာကိုပင် ပျက်စီးစေတတ်လျှက် မရေမတွက်နိုင်သော အသက်ပေါင်းများစွာကို ကပ်ဘေး ချောက်ထဲသို့ ဆွဲချသွားနိုင်သည်။

“လူငယ်အမတ်မင်း”

ကျိုးထိုက်ချင်နှင့် ကျန်းချန့်လီတို့၏မျက်လုံးက ဒေါသဖြင့်ပြူးလာသည်။ ကျန်းယွန်ရမ်နှင့် ချောင်ချန်းကျုံးတို့ကပင် ထိုစကားလုံးများကြောင့် အံ့ဩသွားသည်။

အသေးအဖွဲကိစ္စကို ဇာချဲ့ခြင်းဆိုသော စကားသည် ခုံရုံးမှ လက်ရှိရာထူးနှင့် မလိုက်မဖက် မပြောသင့်သော စကားများကို ပြောတတ်သူများအပေါ် ရည်ညွှန်းခြင်းဖြစ်သည်။ သို့သော် ထိုစကားလုံးကမူ ဝမ်ကျုံးစစ် မဟာထန်စစ်နတ်ဘုရားကဲ့သို့သော ပုဂ္ဂိုလ်မျိုးကပင် ကျိုးထိုက်ချင်နှင့် ကျန်းချန့်လီတို့၏အရှေ့တွင် မပြောလောက်သော စကားလုံးမျိုး ဖြစ်နေသေးပြန်သည်။

ဒါဟာရာထူးနှင့် မဆိုင်ချေ။ ပြည်တွင်းအရာရှိပေါင်း များစွာကို ရန်စမိသလိုဖြစ်သွားနိုင်သည့် တားမြစ်စကား ဖြစ်နေသည်။ မည်သူကမှလည်း ဝမ်ချောင်ဟာ ထိုသို့ပြောလိုက်မည်ဟု မထင်ထားကြချေ။

“လူငယ်အမတ်မင်း မင်းကရှင်းပြချက် မပေးဘူးဆိုရင်တော့ မင်းကအနိုင်နဲ့ ပြန်လာတယ်ဆိုရင်တောင်မှ အစ်ကိုကျန်းနဲ့ငါက မင်းကိုမာနကြီးလွန်းပြီး ဘဝင်မြင့် မောက်မာနေတယ်ဆိုပြီး မှတ်တမ်းလွှာတင်ပြလို့ အရှင်မင်းကြီးဆီကနေ မင်းကိုဆွဲချပြီး အဆုံးဖြတ်ခံခိုင်းလို့ရတယ်”

ကျိုးထိုက်ချင်က ဝမ်ချောင်ကို အေးစိမ့်ဖွယ်ကောင်းသော မျက်နှာထားမျိုးဖြင့် စိုက်ကြည့်သည်။ သူ၏မျက်လုံးထဲတွင် ဒေါသများက တောက်လောင်နေပြီး ဝမ်ချောင်ကို ဝါးမြိုချင်သည့်ပုံရသည်။

ဝှစ်

လူအုပ်က ပွက်လောက်ရိုက်သွားပြန်သည်။ သူတို့ကို အံ့အားသင့်စေသည်မှာ ယခုလို ခမ်းနားကြီးကျယ်လွန်းသော ကြိုဆိုပွဲကြီးက အရှုပ်အထွေး ဖြစ်သွားရသည်။ အနည်းငယ်သော အမှားကတင် နောက်ထပ် ခုံရုံးငြင်းခုံမှုတစ်ခု ဖြစ်သွားစေနိုင်သည်။

“အရှင်တို့က နားထောင်ချင်နေမှတော့ ငါကပြောပြမှာပေါ့။ အချစ်နဲ့ပဲ အရင်စပြောရအောင် ကြီးမြတ်တဲ့ချစ်ခြင်းရှိသလို သေးငယ်တဲ့ချစ်ခြင်းလည်းရှိတယ်။ သစ္စာရှိတဲ့ ကိစ္စနဲ့ပတ်သတ်ရင် ကြီးမြတ်တဲ့ သစ္စာရှိမှုရှိသလို သေးငယ်တဲ့ သစ္စာရှိမှုလည်း ရှိတယ်။ ဒီတော့ သေးငယ်တဲ့ အချစ်လေးက ဖခင်တစ်ယောက်ရဲ့ ချစ်ခြင်၊ ညီအစ်ကိုတွေရဲ့ချစ်ခြင်း၊ ဆွေမျိုးတွေကို ချစ်ခြင်းဆိုရင် အဲ့ဒီအချစ်တွေရဲ့ အထက်မှာ နာခံသိတတ်မှု၊ သားသမီးဆိုလည်းသားသမီး၊ ဆွေမျိုးဆိုလည်းဆွေမျိုး တာဝန်ဝတ္တရားကို ထမ်းဆောင်မှုတွေရှိပြီး အဲ့ဒီအောက်ဘက်မှာတော့ ညီအစ်ကိုတွေလို ချစ်ခင်တဲ့ မိတ်ဆွေချစ်ခြင်းဆိုတာ ရှိတယ်။ ကြီးမြတ်တဲ့ချစ်ခြင်းကတော့ တိုင်းပြည်နဲ့ပြည်သူကို ချစ်တာပဲ။ ပြည်သူတွေအားလုံးကို ဖခင်တစ်ယောက်တည်းကနေ သားသမီးအားလုံးကို ချစ်ခင်သလိုမျိုး တစ်သွေးတစ်သားတည်း ချစ်မြတ်နိုးတာ။ ညီအစ်ကိုတွေအားလုံးကို ချစ်မြတ်နိုးသလိုမျိုး ဆွေမျိုးတွေအားလုံးကို တန်းတူချစ်သလိုမျိုး ချစ်မြတ်နိုးတာပဲ”

“ကြီးမြတ်တဲ့ သစ္စာရှိမှုနဲ့ သေးငယ်တဲ့ သစ္စာရှိမှုအတွက်ဆိုရင်တော့ သေးငယ်တဲ့ သစ္စာရှိမှုကို ချုပ်ထိန်းမှုအပြည့်နဲ့ ကျင့်ကြံတဲ့လူတစ်ယောက် ဖြောင့်မတ်မှန်ကန်မှုတွေကို ဆွဲကိုင်ထားမယ်။ တာဝန်ပြီးမြောက်ဖို့အတွက် ဘာမဆို လုပ်ကိုင်ရဲတဲ့လူ။ အထက်က အရှင်သခင်ကိုလည်း ထောက်ပံ့ကူညီပေးပြီး အောက်ဘက်က သာမာန်လူတွေကိုလည်း တည်ငြိမ်အောင်လုပ်နိုင်တဲ့ အရာမျိုးပေါ့။ ကြီးမြတ်တဲ့ သစ္စာရှိမှုကတော့ တစ်လောကလုံးကို ကိုယ်စားပြုသွားပြီ။ ဒါက မျက်လုံးတစ်လုံးတည်းနဲ့ အားလုံးကို တစ်ပြေးတည်း ကြည့်ရှု့နေတာပဲ။ ဆယ်နှစ်ကျော် ကြာသွားမယ်။ နှစ်တစ်ရာကျော် ကြာသွားမယ်။ နောက်ထပ် နှစ်တစ်ထောင်ကျော်သွားတဲ့အထိ တိုင်းပြည်နဲ့ ပြည်သူတွေအတွက် စိုးရိမ်ပေးရုံတင်မဟုတ်ဘဲ နောက်မျိုးဆက်တွေအထိပါ စိုးရိမ်ပေးပြီး ပူပန်ပေးတာမျိုးပေါ့။ ဒါက ကြီးမြတ်တဲ့ သစ္စာရှိမှုပဲ”

ဝမ်ချောင်၏ စကားလုံးများက လူအုပ်ကို ကြောင်တောင်တောင် ဖြစ်သွားစေသည်။ သူတို့သည်လည်း ကြီးမြတ်သောချစ်ခြင်း၊ သေးငယ်သောချစ်ခြင်း၊ ကြီးမြတ်သော သစ္စာရှိမှု၊ သေးငယ်သော သစ္စာရှိမှုတို့ဆိုသော အကြောင်းအရာကို မကြားဖူးပါချေ။

“တာလာ့ရဲ့တိုက်ပွဲကအရှုံးက တစ်သိန်းရှိတာမှန်တယ်။ နောက်ပြီး ဒီကြိုးစားအားထုတ်မှုထဲမှာ ကျေးရွာမှာ နေထိုင်သူတွေနဲ့ အလုပ်သမားတွေ သိန်းကျော်ပါသွားတာလည်း မှန်တယ်။ ဒါပေမဲ့ မဟာထန်ကသာ ဒီတိုက်ပွဲမှာ ရှုံးသွားရင် ဘယ်လိုအကျိုးဆက် ဆက်ဖြစ်မလဲဆိုတာကို ခင်ဗျားတို့တွေးဖူးလား”

ဝမ်ချောင်က တိတ်ဆိတ်နေသော လူအုပ်ကိုကြည့်ပြီး မျက်လုံးက စူးရှလာသည်။

“အဲ့ဒီအခါ သေတဲ့လူတွေရဲ့ အရေအတွက်က တစ်သိန်းမဟုတ်နိုင်ဘူး။ နောက်ပြီး သိန်းကျော် ဒါမှမဟုတ် သန်းကျော်သွားနိုင်တယ်။ အဲ့ဒီအခါ အာရပ်တွေက တာလာ့ကိုကျော်ဖြတ်ပြီး အနောက်ပိုင်းနယ်မြေတောက်လျှောက် ချီတက်ပြီး လုံချီအထိ ရောက်ရှိလာမယ်။ အဲ့ဒီနောက် မြို့တော်ကိုပါ ခြိမ်းခြောက်လာရင် ခင်ဗျားတို့ ဘာလုပ်ကြမှာလဲ”

ဝမ်ချောင်၏အသံက အကန်းကိုပင် နိုးစေနိုင်သည်။ ကျိုးထိုက်ချင်နှင့် ကျန်းချန့်လီတို့ကပင် မေးရိုးအဟောင်းသား ဖြစ်လျှက် စွံ့အသွားရသည်။

“ကိစ္စကို အဲ့ဒီအခြေအနေအထိ စဉ်းစားကြည့်မယ်ဆိုရင် မြေပြင်က သွေးမြစ်အဖြစ် ပြောင်းတော့မှာ။ မြေဆီလွှာတွေအားလုံးကလည်း သွေးနီရောင် ဆေးခြယ်ထားသလို ဖြစ်လိမ့်မယ်။ ဗဟိုပြင်ကျယ်ကြီးကတောင် သတ်ဖြတ်ခြင်း တိုက်ပွဲနယ်မြေကွင်းဖြစ်သွားမှာ။ အဲ့ဒီအခြေအနေတွေကို အရှင်တို့လိုလူတွေ ပြောဆိုငြင်းခုံရုံနဲ့ ဖြေရှင်းလို့ရတော့မှာမဟုတ်ဘူး။ ဆိုးယုတ်မှုနှစ်ခုထဲက တစ်ခုကို ရွေးချယ်ရမယ်ဆိုရင်တော့ ဆုံးရှုံးမှုပိုနည်းတာကို ရွေးချယ်ရမှာပေါ့။ ပိုပြီးများပြားတဲ့ ဆုံးရှုံးမှုထက် ပမာဏ အနည်းငယ်ကို ဆုံးရှုံးတာက လိုအပ်တဲ့ကိစ္စပဲ။ ငါ့ရဲ့စီမံကိန်းကြောင့် တာလာ့ကတိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ ငါ့ရဲ့စစ်သည်တစ်သိန်းကျော်ကို ဆုံးရှုံးလိုက်ရတာက ဆိုးရွားပေမဲ့ ခင်ဗျားလို အရာရှိအိုကြီးတွေကြောင့် တိုင်းပြည်က ပိုပြီးကြီးမားတဲ့ ဆုံးရှုံးမှုကြီးတွေ ဖြစ်လာရင် ဘယ်သူက ပြည်သူတွေရဲ့ အစစ်အမှန် ရန်သူဖြစ်မှာလဲ။ တကယ်လို့ အဲ့ဒီကိစ္စမျိုး တကယ်ဖြစ်လာရင် ဘယ်သူက ဒီဝန်ကိုခံမှာလဲ”

ဝမ်ချောင်၏အသံဟာ ကျယ်သည်။ သူ၏စကားများက မြေပြင်ကိုပင် သိမ့်ကနဲ တုန်သွားစေသည်။

“???”

ကျိုးထိုက်ချင်နှင့် ကျန်းချန့်လီတို့က ကြောင်အစွာနှင့် စွံ့အစွာ ရပ်နေမိကြသည်။

ထိုနှစ်ယောက်သည် ပြည်တွင်းနှင့် ဗိုလ်ချုပ်များကြားမှ ခြားနားမှုကိုသုံးကာ ငြင်းခုံနေခဲ့ချိန်တွင် ဝမ်ချောင်ကမူ ထိုစစ်ပွဲတွင် ရှုံးသွားခဲ့ပြီးနောက် ဖြစ်လာနိုင်သည့် ဆိုးရွားလွန်းသော ကပ်ဘေးကြီးအကြောင်း ပြောသွားသည်။ မည်သူကမှ မဖီဆန်ရဲချေ။

ကျိုးထိုက်ချင်နှင့် ကျန်းချန့်လီတို့သည်လည်း သူတို့သည် ဒီစစ်ပွဲမတိုင်ခင်က အာရေးဗီးယား၏ အင်အားကို လျော့တွက်မိကြောင်း အမှန်တကယ် ဝန်ခံရပေမည်။ တစ်သန်းကျော်သော စစ်တပ်ကသာ အတွင်းပိုင်းသို့ အမှန်တကယ် ချီတက်လာခဲ့သော် အကျိုးဆက်ကို သူတို့ပင် မတွေးတောရဲချေ။

“ကျိုးထိုက်ချင် ချန်းချန့်လီ မင်းတို့နောက်မဆုတ်သေးဘူးလား”

ကျန်းယွန်ရမ်နှင့် ချောင်ချန်းကျုံးတို့က ထိုအခိုက်အတန့်ကို အမိအရ ဝင်ရောက်လျှက် ပြောလာကြပြန်သည်။

“မင်းတို့လို ကွန်ဖြူးရှပ်စာပေဝါဒကို လေ့လာလိုက်စားသူတွေက စစ်ပွဲနဲ့ပတ်သတ်ရင် ငြိမ်းချမ်းမှုအကြောင်းပဲ သိကြတယ်။ သာမာန်လူတွေကို ဘယ်လောက်ထိ ရင်းထားရတယ်ဆိုတာကိုပဲ ပြောနေကြပေမဲ့ တကယ်လို့ ဒီတန်ကြေးကိုသာ မပေးဆပ်ဘူးဆိုရင် ဘယ်လိုအကျိုးဆက်တွေ ဖြစ်လာနိုင်လဲဆိုတာကို မစဉ်းစားမိဘူးလား။ အနည်းဆုံးတော့ လုံရှီနဲ့ အန်းရှီအကြားက ပြည်သူတွေက ပုံမှန်အတိုင်း အလုပ်ဆက်လုပ်ပြီး ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်နိုင်သေးတယ်။ ညဘက်မှာ ကောင်းကောင်း အိပ်ပျော်နိုင်ကြသေးတယ်”

“ငွေကြေးအရ ဆုံးရှုံးမှုကတော့ လူငယ်အမတ်မင်းက အင်ပါယာခုံရုံးကို ရွှေသားတစ်ဘီလီယံ ပေးပြီးသွားပြီမဟုတ်လား။ ဒါက ငါတို့ရဲ့ဆုံးရှုံးမှုထက် အများကြီးသာနေသေးတယ်။ နောက်ပြီး ထပ်တွေးကြည့်ဦးမယ်ဆိုရင် ဒီတစ်ကြိမ်ပြိုင်ဘက် နောက်ပြီး ကြီးမားလွန်းတဲ့ စစ်ပွဲအခြေအနေမှာတောင် လူငယ်အမတ်မင်းက ပုံမှန်ထက်ပိုနည်းတဲ့ လူအင်အားကိုပဲ သုံးသွားခဲ့တာနော်”

“မြို့တော်နဲ့ ဆွေးရဲ့လမ်းအကြားက ရှည်လျားလွန်းသောလမ်းကို သုံးပြီး ပစ္စည်းတွေကို ပို့ဆောင်ပေးတဲ့ ပြည်သူတွေရဲ့ အရေအတွက်က များပြားတာမှန်ပေမဲ့လည်း ဒီတန်ကြေးအားလုံးကို လူငယ်အမတ်မင်းနဲ့ မဟာကလန်ကြီးတွေက စိုက်ထုတ်ပေးသွားတာ။ မင်းတို့ပြောသွားတဲ့ ပြည်သူတွေအများကြီးကို စုစည်းတယ်ဆိုတဲ့ အချက်နဲ့ပတ်သတ်ပြီး မင်းတို့ကသာ မင်းတို့ရဲ့စည်းတံဆိပ်ကို ပြန်ရုတ်သိမ်းလို့ နှုတ်ထွက်ပြီး လောကကို တောင်းပန်သင့်တယ်ထင်တယ်”

ကျန်းယွန်ရမ်နှင့် ချောင်ချန်းကျုံးတို့က နောက်ဆုံးတွင် သူတို့၏ခံစားချက်များကို ဖောက်ထုတ်ပြလာကြသည်။

အခန်း(၁၂၂၅)

ယခုတလော အင်ပါယာခုံရုံးတွင် အပြောင်းအလဲပေါင်းများစွာ ဖြစ်သွားသည်။ စစ်ဘက်မှ အဖွဲ့ဝင်ပေါင်း များစွာက ပြင်းထန်သည့် ဖိအားအောက်သို့ ရောက်ရှိနေကြသည်။ ပို၍ဆိုးသည်မှာ ဝမ်ချောင်က အသစ်စက်စက် ရာထူးတိုးခံထားရသော လူငယ်အမတ်မင်းဖြစ်သလို ခုံးတောင်တန်း အနောက်ဘက်တောက်လျှောက်တွင် ကြီးမားသော အနိုင်ပွဲကြီးပေါင်းများစွာနှင့် ပြန်လာခဲ့သူဖြစ်ပြီး ဖိနှိပ်အခံရဆုံးဖြစ်သည်။ စစ်ဘက်မှ အဖွဲ့အစည်းများက အလွန်အမင်း နောက်ဆုတ်နေခဲ့ရသည်။ အကြောင်းမူကား အလွန်အမင်း မျက်နှာသာပေးခံရသော ကောင်းကင်ဘုံ၏ သားတော်၏ တပည့်ကပင် စစ်အာဏာ ရုတ်သိမ်းခံရသောကြောင့်ဖြစ်သည်။

ယခုအခါ ကွန်ဖြူးရှပ် ကျောင်းတော်များက နှင်းမုန်တိုင်း၏ထိပ်မှ ကျော်ဖြတ်လာပြီး ဝမ်ချောင်ကိုပင် ဂုဏ်သရေညိုးနွမ်းအောင် ဖိချလိုနေသည်။ ထို့ကြောင့် စစ်ဘက်ဆိုင်ရာ အဖွဲ့အစည်းထဲမှ မည်သူကမှ ဒီအခြေအနေကို လက်ခံလိမ့်မည်မဟုတ်ချေ။

လူတိုင်း၏ စောင့်ကြည့်နေမှုအောက်တွင် ကျိုးထိုက်ချင်နှင့် ကျန်းချန့်လီတို့က နီရဲသောမျက်နှာများနှင့် ဖြစ်သွားကြသည်။ သို့သော် သူတို့သည်လည်း ပြန်လည်မတုန့်ပြန်နိုင်ကြချေ။

ယခုလို ကို့ယို့ကားယား အနေအထားမျိုးတွင် မဟာကျမ်းစာပြုစုသူ ယန်ဝမ်ကျန်း၏ အိုမင်းနေသော အသံကြီးကထွက်လာသည်။

“အရှင်ကျို့ အရှင်ကျန်း လူငယ်အမတ်မင်းက အောင်ပွဲကနေ ပြန်လာကာစပါ။ သူ့ကိုအနားယူခိုင်းလိုက်ပါဦး”

မည်သို့ပင်ဆိုစေ သူတို့သည် ပြည်တွင်းအရာရှိဘက်မှ အဖွဲ့ဝင်အချင်းချင်း ဖြစ်နေသေးလေသည်။ ထို့ကြောင့် ယန်ဝမ်ကျန်းသည်လည်း ထိုနှစ်ယောက်ကို ဒီတိုင်းစွံ့အပြီး ကြောင်အရပ်နေခြင်းအား စိုက်ကြည့်နေ၍ မသင့်သေးချေ။ ထို့ကြောင့် ထွက်သွားရန် အကြောင်းပြချက်တစ်ခု ပေးလိုက်ရသည်။

“လူငယ်အမတ်မင်း ဒီအဘိုးကြီးက မင်းလိုလူငယ်လေးနဲ့ ယှဉ်နိုင်ဖို့ နှစ်ပေါင်းများစွာ ကြိုးစားရဦးမယ်ထင်တယ်။ ငါတို့က လူငယ်အမတ်မင်းကို ဂါရဝပြုပြီးပြီဆိုမှတော့ ဒီအဘိုးကြီးလည်း ပြန်ပြီးအနားယူပါဦးမယ်။ လူငယ်အမတ်မင်းရဲ့ စိတ်ကူးတွေက တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းပါတယ်။ အနာဂတ်မှာ ဒီအဘိုးကြီးက ကိုယ်တိုင်ကိုယ်ကျ လာလည်ပါဦးမယ်”

“အရှင်ယန်ကို လိုက်ပါပို့ဆောင်ပါတယ်”

ဝမ်ချောင်က ပြန်လည်ပြီး ဂါရဝပြုလိုက်သည်။ အခြားတစ်ဖက်ခြမ်းတွင် ကျိုးထိုက်ချင်နှင့် ကျန်းချန့်လီတို့ကမူ လွတ်ငြိမ်းခွင့်အပေးခံလိုက်ရသလိုမျိုး စိတ်အေးစွာဖြင့် သက်ပြင်းချလိုက်ကြသည်။ မြို့တော်က ခိုရာစန်းမှပြန်လာသော ဝမ်ချောင်ကြောင့် မုန်တိုင်းတစ်ခုဖြစ်ပြီး မွှေနှောက်ခံလိုက်ရသည်။ ကျိုးထိုက်ချင်နှင့် ကျန်းချန်းလီတို့က ဒီအခြေအနေကိုသုံးပြီး ဝမ်ချောင်အား ဂုဏ်သိက္ခာညိုးနွမ်းအောင် လုပ်ချင်ခဲ့သည်။ သူ၏ထက်ရှမှုများကို တားချင်ခဲ့သည်။ သို့ရာတွင် ...

မဟာကျမ်းစာပြုစုသူ ယန်ဝမ်ကျန်းက လျှင်မြန်စွာ ထွက်ခွာသွားသည်။ ကျိုးထိုက်ချင်နှင့် ကျန်းချန်းလီတို့ကလည်း နောက်မှလိုက်သွားကြသည်။

ထိုသုံးယောက် ထွက်ခွာသွားပြီးနောက် မြို့ဂိတ်မှ လေထုအခြေအနေက ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။ ထိုနေရာသို့ လာရောက်ခဲ့သော လူအများစုက ကောင်းသောရည်ရွယ်ချက်များနှင့်ဖြစ်ပြီး ဝမ်ချောင်ကလည်း သူတို့ကို မငြင်းပယ်ချေ။ သူသည် ကျန်းချွယ်အား သူတို့၏နာမည်များကို ရေးမှတ်စေလျှက် လက်ဆောင်များကိုလည်း သင့်တော်စွာ မှတ်သားထားခိုင်းလိုက်သည်။ အနာဂတ်တွင် သူက လက်ဆောင်များ ပြန်လည်ပေးအပ်ရမည်ဖြစ်သည်။

“အရှင်ဝမ်”

ကျန်းချွယ်က နာမည်များကို မှတ်သားနေခဲ့ချိန်တွင် တစ်ခါမှ မမြင်ဖူးသည့် အရာရှိတစ်ယောက်က ဝမ်ချောင်၏အရှေ့သို့ ရောက်လာပြီး ဂါရဝပြုသည်။ သူသည် လူငယ်တစ်ယောက်ဖြစ်သည်။ သူက အလွန်ရိုကျိုးနေသလို လေးစားမှုအပြည်ကိုလည်း ဖော်ပြသည်။

“မင်းက ဘယ်ကလန်ကလဲလို့ မေးပါရစေ။ ဒါမှငါက နာမည်ရေးနိုင်မှာလေ”

ကျန်းချွယ်ကပြောသည်။ သို့ရာတွင် ထိုငယ်ရွယ်သော အဆင့်နိမ့်အရာရှိကမူ မကြားချင်ယောင်သာ ဆောင်နေသည်။ သူ၏အကြည့်က ဝမ်ချောင်ကိုသာ ကြည့်နေပြီး ခေါင်းကိုတဖြည်းဖြည်းချင်း မော့လျှက် တောက်ပစွာပြုံးသည်။ ထိုအပြုံးဟာ ကျောချမ်းဖွယ်ဖြစ်သည်။

“ဒီနိမ့်ကျတဲ့လူက အခြားလူတစ်ယောက်ရဲ့ ယုံကြည်စွာအပ်နှံခံရင်း အရှင့်ဆီကို မေးခွန်းတစ်ခုမေးဖို့ ရောက်လာခဲ့တာပါ။ အရှင် လူသောင်းကျော်ကို သတ်ရတာ ဘယ်လိုခံစားရလဲ”

ဝမ်ချောင်၏မျက်လုံးက ကျဉ်းမြောင်းသွားသည်။ သူသည် ထိုလူငယ်ကြောင့် ကြောင်သွားသည်။

သူ၏ပတ်ဝန်းကျင်ရှိ လူအုပ်၏ ပွက်လောရိုက်နေသော စည်ကားမှုများက ပြန်လည်ငြိမ်သက်သွားပြန်သည်။

“ဟေ့”

သူတို့က ပင့်သက်ရှိုက်လိုက်ကြရင်း ထိုမျက်လုံးတစ်စုံကို ကြည့်လိုက်သည်။ ကျန်းချွယ်ကမူ မူလက ထိုလူငယ်၏ နာမည်ကို ရေးချင်ခဲ့သည်။ ထိုစကားလုံးများကို ကြားလိုက်ပြီး သူ၏မျက်လုံးက အေးစက်သွားသည်။

“မင်းက သေချင်နေတာလား”

ကျန်းချွယ်၏ဒေါသက အပြည့်အဝ ထုတ်ပြသည်။ သူက လက်တစ်ဖက်ကိုမြှောက်ရင်း တစ်ဖက်သူကို ခပ်ကြမ်းကြမ်း ဖြတ်ရိုက်ရန် ကြံစည်သည်။

ဝမ်ချောင်က ကျန်းချွယ်နှင့် ချီရှီ၊ အန်းရှီတို့ရှိ စစ်သားတိုင်း၏ နှလုံးသားထဲမှ အစစ်အမှန် နတ်ဘုရားဖြစ်သည်။ သူဟာ အောင်ပွဲတစ်ပွဲပြီးတစ်ပွဲ အနိုင်ရအောင် လုပ်ဆောင်ပေးခဲ့သည်။ ကျန်းချွယ်သည် ဝမ်ချောင်အား ထိုသို့ မည်သူ့ကမှ ထိုသို့အရှက်ခွဲခွင့် ပြုလိမ့်မည်မဟုတ်ချေ။

သူက သူ၏အသက်ကို စတေးရမည်ဆိုလျှင်ပင် ကျန်းချွယ်က ထိုလူကို သေချာပေါက် တုန့်ပြန်ဦးမည်ဖြစ်သည်။

ဖြန်း

ပါးကိုဖြတ်ရိုက်လိုက်သော လက်ဝါးရိုက်သံက ကြည်လင်ပြတ်သားသည်။ ငယ်ရွယ်သော အရာရှိ၏ပါးက ချက်ချင်းလိုလို ယောင်ကိုင်းတက်လာသည်။

“လေးစားရတဲ့ အင်ပါယာ ဆင်ဆာအကဲဖြတ် လူကြီးမင်း”

ငယ်ရွယ်သော အရာရှိက ယောင်ကိုင်းသွားသော ပါးကိုအုပ်လျှက် သူ့ကိုရိုက်လိုက်သောလူကို အံ့အားတကြီးကြည့်သည်။

သူ့ကိုပါးရိုက်ခဲ့သောလူက ဝမ်ချောင်၏ လက်အောက်ငယ်သား ကျန်းချွယ်မဟုတ်ဘဲ အိုမင်းနေသော အင်ပါယာ ဆင်ဆာအကဲဖြတ် လူကြီးမင်း သွမ့်ချန်ဖြစ်သည်။

အင်ပါယာ ဆင်ဆာအကဲဖြတ် လူကြီးမင်းသည် အစပိုင်းကတည်းက ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားပြီးသားဖြစ်သည်။ သို့သော် ထိုအရာရှိငယ်က ထိုမေးခွန်းကို မေးကြောင်းကြားပြီးပြီးချင်း ချက်ချင်းလိုလို အပြေးလာကာ ဒေါသတကြီး အရှိန်နှုန်းကိုမြှင့်လျှက် ဖြတ်ရိုက်လိုက်ခြင်းဖြစ်သည်။

“မျိုးမစစ်ကောင် မင်းလိုဘာမဟုတ်တဲ့ အရာရှိလိုမျိုး ခုံရုံးထဲမှာ ဘာမှပြောရေးဆိုခွင့် မရှိတဲ့ကောင်က မဟာထန်ရဲ့ ကျေးဇူးရှင်ကို သိက္ခာလာချနေတာလား။ ဘယ်လောက်တောင် ရမ်းကားလိုက်တဲ့ ကိစ္စလဲ။ မင်းကိုဘယ်သူက ဒီလိုခေါင်းမာခိုင်းတာလဲ။ ဒီအဘိုးကြီးက ဒီနေ့ပဲ မင်းရဲ့ပါးစပ်ကို ဆွဲဖြဲပစ်မယ်”

တန်းထျန်း၏မုတ်ဆိတ်က ဒေါသများဖြင့် တုန်ခါနေသည်။ ခန္ဓာကိုယ်တစ်ခုလုံးက ဒေါသများ စိမ့်ထွက်နေသည်။

အရာအားလုံးတွင် အကန့်အသတ်ရှိသည်။ သူနှင့်အခြားသော ဆင်ဆာအကဲဖြတ် လူကြီးမင်းများက နောက်တွင် စောင့်ကြည့်နေခဲ့ချိန်တွင် ထိုအငယ်တန်းအရာရှိ ပေါ်လာသည့်ကိစ္စနှင့် ပတ်သတ်ပြီး ထူးခြားမှုကို ခံစားလိုက်ရသည်။ သူတို့သည် ခုံရုံးတွင် နေခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာလှပြီဖြစ်ပြီး တစ်ဘဝလုံးနီးပါး လူများကို အကဲခတ်စောင့်ကြည့်နေခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ပြဿနာရှာသူများကို ချက်ချင်း တန်းမြင်နိုင်သည်။

ကျိုးထိုက်ချင်နှင့် ကျန်းချန်းလီတို့က ဝမ်ချောင်ကိုလာငြင်းသည်မှာ ဝမ်ချောင်နှင့် ခပ်တန်းတန်းနိုင်လွန်းသည်မှာ မှန်ကန်သော်လည်း သူတို့က မှန်မှန်မှားမှား အကျိုးအကြောင်း သင့်သေးသည်။ သို့သော် ထိုငယ်ရွယ်သော အရာရှိကမူ ရိုးရှင်းစွာပင် စိန်လာခေါ်နေခြင်းဖြစ်သည်။ ဒါဟာ အရှက်ခွဲခြင်းဖြစ်သွားသည်။

ဝမ်ချောင်က မြို့တော်သို့ ပြန်လာသောကိစ္စက လူတိုင်း၏အာရုံကို ဆွဲဆောင်နေသည်။ ထို့ကြောင့် လူအုပ်ထဲတွင်လည်း မကောင်းသောရည်ရွယ်ချက်နှင့် လူများ ရောနှောနေနိုင်သေးသည်။ ထိုသုံးယောက်ကမူ ဒီအခွင့်အရေးကို အရယူပြီး ပြဿနာလာရှာမည့် မည်သူ့ကိုမှ ခွင့်လွှတ်လိမ့်မည် မဟုတ်ချေ။

ထိုငယ်ရွယ်သော အရာရှိက ယောင်ကိုင်းနေသောပါးကို ဆုပ်ကိုင်ထားပြီး ခပ်မြန်မြန် အသိပြန်ဝင်သွားသည်။ သူဟာ အနည်းငယ်ငုံ့ကိုင်းကာ ဂါရဝပြုလိုက်ပြီးနောက် မြေပြင်ကို ထိုးစိုက်ထားသော လှံတစ်ချောင်းလို ပြန်လည်ဖြောင့်မတ်လိုက်ပြန်သည်။ လေးစားရသော ရာထူးကြီး ဆင်ဆာအကဲဖြတ် လူကြီးမင်း၏အရှေ့တွင်ပင် သူဟာ အကြောက်အလန့်မဲ့သည်။

“ဟာ လူငယ်အမတ်မင်း မင်းမှာ ဆင်ဆာအကဲဖြတ် လူကြီးမင်းသုံးယောက်က ကူညီထောက်ပံ့ ပေးထားတာဆိုတော့ မင်းကငါ့ကိုသတ်မယ်ဆိုရင်တောင်မှ ငါကတူညီတဲ့အရာကို ပြောရဦးမှာပဲ။ သတ်တဲ့လူတွေကလည်း သူတို့ဘာသာ ပြန်သတ်မိတတ်တယ်။ အရှင်အမတ်မင်း လူငယ်အမတ်မင်းရဲ့ခေတ်က ကုန်သွားပြီ”

ဝုန်း

ဝမ်ချောင်၏မျက်လုံးက မှေးကျဉ်းသွားသည်။ သူ၏အကြည့်ဟာ အေးခဲလာသည်။ ထိုငယ်ရွယ်သော အရာရှိက စကားလုံးများကို ပြောပြီးနောက် နောက်သို့ထွက်သွားသည်။

“ဒီမျိုးမစစ်ကောင်”

ကျန်းချွယ်က ဒေါသတကြီး လက်သီးကိုမြှောက်သည်။ သို့သော် သူဟာ ထိုသူ၏နောက်သို့ လိုက်ရန် ကြံရွယ်ရုံသာရှိသေးသည်။ ဝမ်ချောင်ကသူ့ကို လှမ်းဆွဲသည်။

“လွှတ်ထားလိုက်ပါ”

ဝမ်ချောင်က ထိုအရာရှိ၏ကျောကိုကြည့်ပြီး သူ၏စိတ်အတွင်း မရေမတွက်နိုင်သော အတွေးပေါင်းများစွာက ဖြတ်ပြေးသွားသည်။ ထိုအခိုက်အတန့်တွင် သူ၏အတွေးကို မည်သူကမှ မပြောနိုင်ချေ။

ဝမ်ချောင်သည် ထိုငယ်ရွယ်သော အရာရှိက သူ၏လုပ်ဆောင်မှုကြောင့် သေရန်ပင် ဆုံးဖြတ်ထားကြောင်း သိနိုင်သည်။ ထိုလူသည် လူအုပ်ထဲသို့ တဖြည်းဖြည်းချင်း ဝင်ရောက်ကာ ပျောက်ကွယ်သွားသည်။ နောက်ဆုံးတွင် သူသည် အသက်အရွယ် ကြီးရင့်နေပြီဖြစ်သည့် ဆင်ဆာအကဲဖြတ် လူကြီးမင်းသုံးယောက်ကို ပြန်ကြည့်လိုက်သည်။

“စီနီယာတို့ ကျေးဇူးအများကြီးတင်ပါတယ်”

“မလိုပါဘူး”

ထိုသုံးယောက်က လက်ယမ်းပြကြသည်။ သူတို့၏မျက်နှာတွင်လည်း နွမ်းနယ်မှုများကို မြင်နိုင်သည်။ သူတို့သည် အသက်ရှစ်ဆယ်ကျော်လေပြီ။ ထို့ပြင် ယခုလိုမျိုး လူအုပ်၏အရှေ့တွင် အရှိန်အဝါကို လွှတ်ထုတ်ထားပြီး ဒေါသထွက်နေရခြင်းဟာ ပို၍နွမ်းနယ်စေသည်။

“လူငယ်အမတ်မင်း ငါမင်းကိုပြောတာကိုမှတ်ထား။ ငါတို့အဘိုးကြီးသုံးယောက်က မင်းကိုအမြဲတမ်း စောင့်ကြည့်နေမှာ။ ငါတို့ကို စိတ်မပျက်စေနဲ့”

ဆင်ဆာအကဲဖြတ် လူကြီးမင်းများက ခပ်မြန်မြန် ထွက်သွားကြသည်။ သူတို့က ထွက်သွားသောအခါ ထောင်ထောင်မောင်းမောင်း သန်သန်မာမာ ပုံရိပ်တစ်ခုက လျှောက်လာသည်။

“အရှင်ကျန်းချုံ”

ဝမ်ချောင်က တစ်ဖက်သူကိုမြင်သောအခါ မျက်လုံးပြူးသွားသည်။ သူ၏အရှေ့တွင် ပေါ်လာသောလူက စစ်အမတ်မင်း ကျန်းချုံကျန့်ချုံးဖြစ်သည်။

သူသည် လူအုပ်ထဲတွင် စောင့်နေခဲ့သည်မှာ ကြာလှချေပြီ။ နောက်ဆုံးတွင် လူအုပ်ကြီးထဲမှထွက်ပြီး ရှေ့သို့တက်လှမ်းလာသည်။

“အရှင်ဝမ် မင်းပြန်လာတဲ့အတွက် ဂုဏ်ယူပါတယ်”

ကျန်းချုံကျန့်ချုံးက ရှေ့သို့နှစ်လှမ်းတိုးပြီး ဝမ်ချောင်ကို ကျေးဇူးတင်သော အကြည့်မျိုးနှင့်ကြည့်သည်။

“စစ်ဘက်ဆိုင်ရာ အမှုထမ်းရေးရာ ရုံးတော်နှင့်ပတ်သတ်ပြီး ကိုင်တွယ်စရာကိစ္စတွေ အများကြီးရှိတယ်။ ဒါကြောင့် ငါဒီမှာ အကြာကြီးနေလို့မရဘူး။ အရှင်ဝမ် မင်းအချိန်ရှိရင် အဲ့ဒီစားသောက်ဆိုင်ကို လာပါဦး။ ငါမင်းအတွက် ကြိုဆိုပွဲ ကိုယ်တိုင်ကိုယ်ကျ ကျင်းပပေးမယ်”

“အရှင်ကျန်းချုံက ယဉ်ကျေးလွန်းနေပြန်ပါပြီ”

ဝမ်ချောင်က ပြန်လည်နှုတ်ဆက်လိုက်သည်။

သူတို့နှစ်ယောက်က စကားလုံးအနည်းငယ်သာ ပြောပြီးနောက် ကျန်းချုံကျန့်ချုံးက ပြန်ထွက်သွားသည်။ သူဟာ နောက်သို့ လှည့်ထွက်လိုက်ချိန်တွင် ဝမ်ချောင်၏လက်ထဲတွင် စာတစ်စောင် လျောကျသွားကြောင်းကို မည်သူကမှ မသိလောက်ချေ။ ဝမ်ချောင်က မျက်ခုံးအသာပင့်လိုက်သည်။ သူသည် ဖြတ်သွားသော ကျန်းချုံကျန့်ချုံးကို အသာကြည့်ပြီး စာရွက်ကိုသိမ်းလိုက်သည်။

ထို့နောက် လူတစ်ဖွဲ့ပြီးတစ်ဖွဲ့က ကျန်းချုံကျန့်ချုံး၏ နေရာကို ဝင်ယူကြရင်း အနည်းငယ်ကြာပြီးနောက် ရင်းနှီးကျွမ်းဝင်သော ရထားလုံးတစ်စီးက ရောက်ရှိလာပြီဖြစ်သည်။

ခလွက်

တံခါးက တွန်းဖွင့်ခံရသည်။ ထို့နောက် မိုးပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ပုံရိပ်တစ်ခုက ထွက်လာသည်။

“ဦးလေးကြီး”

ရင်းနှီးကျွမ်းဝင်သော ပုံရိပ်ကိုမြင်လိုက်သောအခါ ဝမ်ချောင်၏ နှလုံးသားက နွေးထွေးသွားသည်။ သူသည် ကျန်းချွယ်တို့ကို ခပ်မြန်မြန် ဦးဆောင်လျှက် တစ်ဖက်သူကို သွားရောက်ကြိုဆိုစေသည်။

ထိုအခိုက်အတန့်တွင် ပတ်ဝန်းကျင်ရှိ အထက်တန်းလွှာများ ဗိုလ်ချုပ်များ အားလုံးကလည်း ဘေးဘက်သို့ နောက်ဆုတ်ပေးကြပြီး ထွက်လာသောလူကို ဂါရဝပြုကြသည်။

“အရှင်ဝမ်”

“အရှင်ဝမ်”

ထိုလူများအားလုံးကို ထိုလူကို ဂါရဝပြုကာ နှုတ်ဆက်ကြသည်။ ဝမ်ကလန်၏ အဆင့်အတန်းက နေ့လည်ခင်း နေမင်းအလား ဖြစ်နေခဲ့ပြီဖြစ်ပြီး လွှမ်းမိုးမှုကြီးမားလာသည်။ ဝမ်ချောင်၏ ဦးလေးကြီး ဝမ်ကန်းကမူ ဝမ်ကလန်ကို ကိုယ်စားပြုဖြစ်နေလေရာ သူ၏ကိုယ်ပိုင် အခွင့်အာဏာအရ အဆင့်နိမ့် အရာရှိတစ်ယောက်ဆိုလျှင်ပင် ဖော်ပြရန်ခက်ခဲလွန်းသည့် မြင့်မားလွန်းသော အဆင့်အတန်းကို ပိုင်ဆိုင်နေနှင့်ပြီးလေပြီ။

“ချောင်အာ မင်းခရီးရှည်ကြီးကနေ ပြန်လာခဲ့တော့ ပင်ပန်းနေမှာပဲ။ လာ ငါမင်းကို အိမ်ပြန်ခေါ်သွားမယ်”

ဝမ်ကန်းက ဝမ်ချောင်၏အရှေ့တွင် ရပ်တန့်လျှက်ကြည့်သည်။ ဝမ်ချောင်သည် ယခင်တစ်ခေါက် တွေ့ဆုံပြီးချိန်ကနှင့်ယှဉ်သော် အများကြီး ရင့်ကျက်လာသည်။ မျက်နှာကလည်း အနည်းငယ် ညိုးနွမ်းနေသော်လည်း သူ၏အရှိန်အဝါ မြင့်တက်လာမှုနှင့် ဆုံးဖြတ်ချက် ပြတ်သားလာမှုက သိသာထင်ရှားလာသည်။

ဝမ်ကန်းက အရာအားလုံးကိုကြည့်ပြီး စိတ်ထဲတွင် ခေါင်းညိမ့်လိုက်သည်။ သုံးရက်ခန့် ခွဲခွာပြီးနောက် တစ်ဖက်သူက အလင်းရောင်သစ်အောက်မှ အမျိုးကောင်းသားဖြစ်သည်။ တိုက်ပွဲပေါင်းများစွာ၏ မွန်းမံပေးမှုကို ခံရပြီးနောက် ဝမ်ချောင်သည် ပိုပို၍ ထူးချွန်လာသည်။ သူသည် မဟာဗိုလ်ချုပ်ကြီး တစ်ယောက်၏ အရှိန်အဝါမျိုးကို စတင်ပိုင်ဆိုင်နေပြီဖြစ်သည်။

ဝမ်ကလန်မှာ ဆက်ခံသူရှိတယ်။

ဝမ်ကန်း၏စိတ်အတွင်း ထိုအကြောင်းအရာက ပြည့်နှက်လာချိန်တွင် ကျေးဇူးတင်စိတ် စိတ်အေးမှုများကလည်း ပေါ်ပေါက်လာသည်။

ကျန်းချွယ်နှင့် အခြားသောသူများကို ကိုင်တွယ်ပြီးနောက် ဝမ်ချောင်က ဝမ်ကန်း၏ ရထားလုံးပေါ်သို့တက်ကာ အခြားသော အရာရှိများ အထက်တန်းလွှာများ၏ စောင့်ကြည့်နေမှုအောက်တွင် ထွက်ခွာသွားလေသည်။

“ဟိုက်ရား”

ဦးလေးနှင့် တူဖြစ်သူတို့က မြို့၏အရှေ့ဘက်ပိုင်းသို့ ထွက်ခွာသွားကြသည်။ လူအုပ်ကလည်း တဖြည်းဖြည်းချင်း ပျက်ပျယ်သွားသည်။

လူအုပ်က တဖြည်းဖြည်းချင်း လူစုကွဲသွားပြီးနောက် ပတ်ဝန်းကျင်က တိတ်ဆိတ်သွားသည်။ ရထားလုံးထဲကမူ ပို၍တိတ်ဆိတ်နေသေး၏။ ထိုနေရာက ခြားနားလွန်းသော လောကတစ်ခုအလား ဖြစ်နေသည်။

ဝမ်ကန်းနှင့် ဝမ်ချောင်တို့က ဘေးချင်းယှဉ်လျှက် ထိုင်နေကြသည်။ ရထားလုံးထဲမှ စိတ်အခြေအနေက တဖြည်းဖြည်းချင်း ပြောင်းလာသည်။

“ကလန်ထဲမှာ အရာအားလုံး အဆင်ပြေလား”

ဝမ်ချောင်က တည်ငြိမ်စွာမေးသည်။ သူသည် တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်၏။

“အရာအားလုံး အဆင်ပြေတယ်။ သခင်အိုကြီးက အဲ့ဒီမှာရှိနေတုန်းပဲ။ ဒီလူတွေက ခေါင်းမာပြီး ငါတို့ကို မကိုင်တွယ်ရဲပါဘူး”

ဝမ်ကန်းက ခပ်တင်းတင်းပြောသည်။

ဒီနေရာတွင် အပြင်လူမရှိချေ။ ထို့ကြောင့် ဦးလေးနှင့်တူဖြစ်သူတို့က တိုက်ရိုက်ပြောနိုင်သည်။

ကျဆင်းလာသော ရွက်ကြွေတစ်ရွက်က ဆောင်းတွင်းကို ကိုယ်စားပြုသည်။ ခိုရာစန်း၊ လုံရှီ၊ ပေ့ထင်၊ ရို့ကျိုး... မဟာထန်၏ စစ်တပ်တိုင်းက မြေငလျှင်လှုပ်ခါမှုဒဏ်ကို ခံနေရချိန်တွင် သတင်းပေါင်း များစွာကလည်း တားမြစ်ခံထားရသေးသည်။

ခိုရာစန်းမှ စွန့်ခွာလာခဲ့သောစစ်တပ် နယ်စပ်မှ စစ်တပ်တိုင်း၏ စစ်အင်အား လျော့ချခံရမှု၊ မဟာထယ်ကြီး၏ မဟာဗိုလ်ချုပ်ကြီး ခဲ့ရှု့ဟန်ထံမှ ကြားခဲ့ရသောသတင်းနှင့် သူခုံရုံးထံမှ သိထားရသော အခြားသော အချက်အလက်များ အားလုံးဟာ အလွန်အမင်း သူ့အား စိတ်မငြိမ်မသက်ဖြစ်စေသည်။

ဝမ်ချောင်သည် ဒီတစ်ကြိမ် အစိုးရိမ်ဆုံးက သူ၏အဘိုး၊ ဦးလေးကြီး၊ ဒေါ်လေးကြီး၊ တတိယဦးလေးနှင့် ဝမ်ကလန်မှ အခြားသောအဖွဲ့ဝင်များဖြစ်သည်။ ဝမ်ကန်း၏စကားများက ဝမ်ချောင်ကို အများကြီး စိတ်အေးသွားစေသည်။

“ဘုရင်စုန့်ဆီက ဘာသတင်းမှမရသေးဘူးလား”

ဝမ်ချောင်က မေးလိုက်သည်။

All Chapters